← Chapters

အခန်း ၁၀၅၁

Vol. 71 Ch. 1051

အခန်း ၁၀၅၁

Vol. 71 Ch. 1051

အခန်း ( ၁၀၅၁ ) အနီရောင်လီလီပန်းလေးများ၏မိခင်ကို ရှာဖွေခြင်း။

"ဘာလဲ၊ အဆင်မပြေလို့လား"

မုန့်နုအာ၏ အမူအရာကိုမြင်တော့ ကျွင်းရှောင်ယောက်က မေးလိုက်သည်။

မုန့်နုအာက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ပြီး ပြောလိုက်၏။

"အဲဒီလိုမဟုတ်ပါဘူး၊ ငါတို့မျိုးနွယ်ရဲ့ ဘိုးဘွားမြေမှာ အဓိပဓိက မရှိနေလို့ပါ"

"ငါတို့မျိုးနွယ်ထဲက တစ်ယောက်ယောက်က သူ့ကို တွေ့ချင်နေရင်တောင် အရမ်းခက်တယ်"

မုန့်နုအာ၏ စကားက ရှင်းသည်။

အပြင်လူများကို မဆိုထားဘိ၊ သူတို့ မိသားစုဝင်များပင်လျှင် တွေ့ခွင့်ရရန် ခက်ပေသည်။

"အဲဒါဆိုရင် အဓိပဓိက ဘယ်မှာလဲဆိုတာ သိလို့ရမလား"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

မည်မျှပင် ခက်ခဲနေပါစေ၊ ကျွင်းရှောင်ယောက်ကတော့ ကျော်ဖြတ်သွားရလိမ့်မည်။

"အောက်ခြေမရှိတဲ့ ချောက်ထဲသို့ဆင်းပါ၊ ဟွမ်ချွမ်လမ်းပေါ်မှာ လျှောက်လှမ်းပြီး အကူအညီမဲ့ခြင်းတံတားကို ဖြတ်သန်းပါ။ နောက်ဆုံးကိုရောက်ရရင် ငါတို့မျိုးနွယ်ရဲ့ အဓိပဓိကို တွေ့ရပါလိမ့်မယ်"

မုန့်နုအာက ပြောလိုက်သည်။

တိုင်းတပါးတွင် အောက်ခြေမရှိသော ချောက်ဟုခေါ်သော နေရာတစ်ခုရှိကြောင်း ကျွင်းရှောင်ယောက် သိသည်။

ထိုနေရာက ဝိညာဉ်အားလုံး၏ တားမြစ်နယ်မြေဟု လူသိများသော ပိအန်းပြည်နယ်၏ အနက်ရှိုင်းဆုံး နေရာတွင် တည်ရှိ၏။

ပုံမှန်အားဖြင့် ထိုနေရာမှာ လူသူအရောက်ပေါက်နည်းလွန်းသည်။

သို့ဖြစ်ပေရာ၊ မုန့်နုအာပြောသည့် ဟွမ်ချွမ်လမ်းနှင့် အကူအညီမဲ့ခြင်းတံတားကလည်း သာမန်မဟုတ်ကြောင်း သိနိုင်ပေသည်။

"အခုလို ပြောပြပေးတာ ကျေးဇူးတင်ပါတယ်" ကျွင်းရှောင်ယောက်လည်း အနည်းငယ် လက်ယှက်ပြီး ပြောလိုက်သည်။

"နင်တကယ်သွားချင်နေတာလား၊ အဓိပဓိရဲ့ နင့်အပေါ်သဘောထားက ဘယ်လိုရှိမယ်ဆိုတာကို မပြောသေးရင်တောင် အဲဒီနေရာတွေက ဖြတ်ကျော်ဖို့မလွယ်ဘူးနော်"

မုန့်နုအာက သတိပေးလိုက်သည်။

ပုံမှန်အားဖြင့်၊ သူတို့မျိုးနွယ်၏ အဓိကဖြစ်ရပ်များနှင့် မသက်ဆိုင်ပါက...

ပိအန်းမျိုးနွယ်၏ အကျော်အမော်များသည်ပင် အနီရောင်လီလီပန်းလေးများ၏မိခင်ကို မနှောင့်ယှက်ဝံ့ပေ။

ကျွင်းရှောင်ယောက်ကတော့ အပြင်လူတစ်ဦး ဖြစ်သည်။

ထို့ပြင်၊ ပန်းကလေးများ၏ မိခင်ရှေ့တွင် ကျွင်းရှောင်ယောက်က ပုရွက်ဆိတ်တစ်ကောင်နှင့် မခြားပေ။

ကျွင်းရှောင်ယောက်က အနီရောင်လီလီပန်းလေးများ၏မိခင်ကို သွားတွေ့ရန် အဘယ်ကြောင့် အတင်းအကြပ်တောင်းဆိုနေမှန်း သူမ နားမလည်နိုင်ပါ။

"ငါ့စိတ်ထဲက သံသယတွေကို အဖြေရှာပြီးဖြေဖျောက်ချင်လို့ပါ"

ကျွင်းရှောင်ယောက်က အများကြီးမပြောဘဲ ပြုံးလိုက်သည်။

မုန့်နုအာကလည်း ပါးနပ်သူဖြစ်သည့်အလျောက် ထိုအကြောင်းကို ဆက်မပြောတော့ပေ။

"ကောင်းပါပြီ၊ နင်ဆန္ဒရှိသလို လွတ်လွတ်လပ်လပ်လုပ်နိုင်ပါတယ်"

မုန့်နုအာ ပြောလိုက်သည်။

ကျွင်းရှောင်ယောက်က ချောက်နက်သို့သွားရန် အဆင်သင့်ဖြစ်နေပြီ။

ရွယ်ယွဲ့ကလည်း ကျွင်းရှောင်ယောက်၏နောက်သို့ ဆက်လိုက်လိုသည်။

ကျွင်းရှောင်ယောက် မငြင်းတော့ပေ။

ရွယ်ယွဲ့က သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးနှင့် အတိုင်းအတာတစ်ခုအထိ ပတ်သက်မှုရှိသည်ဟု သူခံစားမိသည်။

ထို့နောက်‌မှာတော့ ကျွင်းရှောင်ယောက်လည်း မုန့်နုအာကိုနှုတ်ဆက်ပြီး ရွယ်ယွဲ့နှင့်အတူ ချောက်နက်ဆီသို့ ဦးတည်ခဲ့တော့သည်။

ဤသတင်းက ပိအန်းပြည်နယ်တွင် အတော်လေးကို လှုပ်ခတ်သွားစေခဲ့သည်။

နောက်ဆုံးတွင် အဆုံးမဲ့ချောက်နက်က ကောင်းမွန်သောနေရာ မဟုတ်ပါ။ ထိုနေရာသို့ သွားရောက်ပြီးနောက် ပြန်လာနိုင်သူမှာ ရှားသည်။

ခုနစ်ရက်ကြာသွားပြီ။

ကျွင်းရှောင်ယောက်နှင့် ရွယ်ယွဲ့တို့လည်း လွန်စွာ တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုသို့ ရောက်လာခဲ့ကြသည်။

ဤနေရာတစ်ခုလုံးတွင် မီးခိုးရောင် ရေလှိုင်းကဲ့သို့ အငွေ့များက လွှမ်းခြုံထား၍ အရာအားလုံးကို အုံ့ဆိုင်းစေသည်။

မိုးနှင့်မြေက မှောင်မိုက်နေပြီး နွယ်ပင်နှင့် သစ်ပင်အိုကြီးများသာရှိ၏။ ကျီးကန်းများ အော်မြည်သံကိုလည်း ကြားကြရသည်။

ရံဖန်ရံခါ လဲကျနေသော အလောင်းများကိုပင် တွေ့ရသေးသည်။ တချို့အလောင်းများက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင် ကြောက်စရာကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေဆဲ ဖြစ်သည်။

တောင်များကဲ့သို့ ကြီးမားသော သားရဲကြီးများ၏ အရိုးများလည်း ရှိသေးသည်။။

ဤနေရာက တစ်ချက်ကြည့်ရုံမျှဖြင့် လူများကို အမှန်တကယ် ကြက်သီးတဖြန်းဖြန်းထစေနိုင်သော နေရာတစ်ခုဖြစ်သည်။

"မင်းကြောက်နေတာလား"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

ရွယ်ယွဲ့၏ မျက်နှာလေးက အနည်းငယ်ဖြူဖျော့နေလေသည်။ သို့ရာတွင်၊ ယင်းက ကြောက်ရွံ့မှုကြောင့်တော့ မဟုတ်‌ပေ။

ထိုအစား၊ ဤနေရာမှ ပြင်းထန်သော အငွေ့အသက်များက သူ့ကို ဖိအားတစ်မျိုး ခံစားရစေခဲ့သည်။

"မကြောက်ပါဘူး"

ရွယ်ယွဲ့လည်း နှုတ်ခမ်းကိုကိုက်ပြီး ခေါင်းယမ်းလိုက်သည်။

မည်မျှပင် အန္တရာယ်များနေပါစေ၊ ကျွင်းရှောင်ယောက်၏အနားတွင် ရှိနေသရွေ့ နွေးထွေးမှုကို ခံစားရလိမ့်မည်။

"အင်း"

ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ဆက်လက်၍ နက်ရှိုင်းစွာ ဝင်သွားပြီးနောက်၊ အောက်ခြေမရှိသော ချောက်နက်က ရှေ့တွင် ပေါ်လာခဲ့သည်။

"အဲဒီချောက်ပဲ"

ကျွင်းရှောင်ယောက်လည်း တုံ့ဆိုင်းမနေတော့ဘဲ ရွယ်ယွဲ့နှင့်အတူ တိုက်ရိုက် ခုန်ဆင်းသွားတော့သည်။

ယခင်က ကျွင်းရှောင်ယောက်ဟာ အောက်ခြေမရှိသောချောက်နက်ကို နာမည်သက်သက်ဟုသာ ထင်ခဲ့သည်။

ယခုမှ ယင်းက အမှန်ဖြစ်ကြောင်း သိလိုက်ရပေသည်။

တစ်နာရီ...

နှစ်နာရီ...

တစ်ရက်...

နှစ်ရက်...

ကျွင်းရှောင်ယောက်နှင့် ရွယ်ယွဲ့က အရှိန်ပြင်းပြင်းဖြင့် ဆင်းသက်နေကြသော်လည်း အဆုံးထိ မရောက်သေးပေ။

ခုနစ်ရက်ကြာပြီးမှ နောက်ဆုံးတွင် သူတို့၏ခြေထောက်များက မြေပြင်ပေါ် ခြေချမိခဲ့သည်။

ကျွင်းရှောင်ယောက်နှင့် ရွယ်ယွဲ့လည်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

သူတို့နှစ်ဦးစလုံး အနည်းငယ် အံ့ဩသွားရ၏။

အကြောင်းမူကား၊ ရှေ့တွင် မီးရောင်မှိန်ဖျော့ဖျော့လေး ထွက်ပေါ်လာခြင်းကြောင့်ပင်။

ယင်းက သွေးရောင်အလင်း ဖြစ်သည်။

ထို့အပြင် အဝေးကို သွားရောက်ရမည့် လမ်းကြောင်းတစ်ခု ရှိ၏။

လမ်းနှစ်ဘက်လုံးကိုလည်း အနီရောင်ပန်းများက ဖုံးလွှမ်းထားကာ လှပပြီး ထူးဆန်းသော ပန်းပင်လယ်ကြီးတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။

"လှလိုက်တာ..."

ရွယ်ယွဲ့လည်း မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။

ချောက်နက်ကြီး၏ အောက်ခြေတွင် ဤမြင်ကွင်းမျိုး ရှိနေမည်ဟု မည်သူထင်ထားခဲ့မည်နည်း။

အလင်းရောင်က သွေးရောင်ကဲ့သို့ဖြစ်ပြီး ဘေးတစ်ဖက်စီမှာတော့ ပန်းပင်လယ်ကြီး ဖြစ်သည်။ မသိနိုင်သော အကွာအဝေးထိ ဦးတည်နေသည့် လမ်းတစ်ခုလည်း ရှိသေးသည်။

"သွားကြရအောင်"

ကျွင်းရှောင်ယောက်က သက်ပြင်းချကာ ပြောလိုက်သည်။

မည်မျှပင် ထူးဆန်းနေစေကာမူ အဖြေတစ်ခုရှာရန် ၎င်းကို သူ ကျော်ဖြတ်ရမည်။

နှစ်ယောက်သား ရှေ့ကိုလျှောက်သွားခဲ့ကြသည်။

လမ်းထိပ်သို့ ရောက်သောအခါ စာများ ရေးထွင်းထားသော ကျောက်ပြားတစ်ချပ်ကို တွေ့လိုက်ရ၏။

"ဟွမ်ချွမ်လမ်းမှာ နောက်ပြန်လှည့်မကြည့်နဲ့"

ကျွင်းရှောင်ယောက် အနည်းငယ် အသက်ပြင်းပြင်းရှူလိုက်သည်။ ဤသည်ကား မုန့်နုအာပြောသည့် ဟွမ်ချွမ်လမ်းပင် ဖြစ်ရမည်။

ဟွမ်ချွမ်လမ်းကိုဖြတ်ပြီး အကူအညီမဲ့ခြင်းတံတားကို ဖြတ်ကျော်နိုင်မှ အနီရောင်လီလီပန်းလေးများ၏မိခင်ကို တွေ့ရမည် ဖြစ်သည်။

"ဟွမ်ချွမ်လမ်းကို ခြေချပြီးပြီဆိုရင် နောက်ပြန်လှည့်မကြည့်နဲ့၊ နောက်ပြန်မဆုတ်နဲ့"

ကျွင်းရှောင်ယောက်က သတိပေးလိုက်သည်။

"ဟုတ်၊ နားလည်ပါတယ်"

ရွယ်ယွဲ့ ခေါင်းညိတ်လိုက်၏။

ကျွင်းရှောင်ယောက်နှင့် ရွယ်ယွဲ့လည်း လမ်းပေါ်ကို တက်လိုက်ကြတော့သည်။

သို့ရာတွင်၊ မထင်မှတ်ပဲ သတ်ဖြတ်ချင်စိတ်များကို မခံစားရပါ။

သူတို့က သာမန်လမ်းပေါ်တွင် ရှိနေပုံရသည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကတော့ ထိုမျှမရိုးရှင်းကြောင်း ခန့်မှန်းမိပေသည်။

မည်မျှကြာကြာ လျှောက်ခဲ့ပြီမှန်း မသိ...

ရွယ်ယွဲ့က ရုတ်တရက် ရပ်တန့်သွားသည်။

သူ့လှုပ်ရှားမှုကို သတိထားမိသည့် ကျွင်းရှောင်ယောက်က နောက်ပြန်လှည့်မကြည့်ဘဲ မေးလိုက်၏။

"ဘာဖြစ်တာလဲ"

"အသံ...အသံတစ်ခု ကြားရတယ်..."

ရွယ်ယွဲ့၏ လေသံက အနည်းငယ်တုန်ခါနေသည်။

"အသံလား"

ကျွင်းရှောင်ယောက် မျက်မှောင်ကြုတ်လိုက်၏။ သူကတော့ ဘာသံမှ မကြားရပေ။

"အစ်ကို...အစ်ကိုလား"

ရွယ်ယွဲ့၏အသံက ထပ်မံထွက်လာသည်။

သူမ၏ နားထဲတွင် နူးညံ့သိမ်မွေ့ပြီး ရင်းနှီးသော အသံကို ကြားနေရပေသည်။

"ရွယ်ယွဲ့၊ မင်း ငါ့ကို သံသရာထဲကနေ ပြန်ဆွဲခေါ်ဖို့ ရောက်လာတာလား"

"အစ်ကိုလား"

သူ့နောက်ဘက်မှ စကားသံကြောင့် ရွယ်ယွဲ့မှာ နောက်ပြန်လှည့်ကြည့်ချင်စိတ်တို့ ပေါ်လာခဲ့ရသည်။

သို့သော်လည်း လမ်းပေါ်မတက်ခင်က ကျွင်းရှောင်ယောက်ဟာ သူ့ကို မည်သည့်အကြောင်းကြောင့်နှင့်မျှ နောက်ပြန်မလှည့်မိရန် သတိပေးထားခဲ့သည်။

"ရွယ်ယွဲ့၊ မင်းငါ့ကို မတွေ့ချင်ဘူးလား။ ငါကတော့ အရွယ်ရောက်နေပြီဖြစ်တဲ့ မင်းရဲ့ပုံစံလေးက ဘယ်လိုဆိုတာကို တွေ့ချင်သေးတယ်လေ"

နောက်ဘက်မှ အသံထွက်လာပြန်သည်။

ရွယ်ယွဲ့ သူ့နှုတ်ခမ်းကို ကိုက်လိုက်၏။

ကျွင်းရှောင်ယောက်နှင့် မတွေ့ဆုံခင်က သူမ၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ သူ့အစ်ကို ရှင်ပြန်ထမြောက်စေရန်ပင်။

ဤအခွင့်အရေးက အလွန်နည်းပြီး မဖြစ်နိုင်သလောက်ဖြစ်မှန်း သိထားလျှင်ပင် မျှော်လင့်နေခဲ့သေးသည်။

"ရွယ်ယွဲ့၊ အစ်ကို အရမ်းဝမ်းနည်းတာပဲ၊ မင်း ငါ့ကို မကြည့်ချင်ဘူးလား"

အသံ ထပ်မံထွက်လာသည်။

ရွယ်ယွဲ့၏ နူးညံ့သော ခန္ဓာကိုယ်လည်း တုန်ယင်လာပြီး အနည်းငယ် မျက်နှာလှည့်ကြည့်လိုက်တော့သည်။

ထိုအချိန်တွင် အနည်းငယ် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"နောက်လှည့်မကြည့်နဲ့"

ကျွင်းရှောင်ယောက်၏ အသံ ဖြစ်၏။ ထိုစကားသံက ရွယ်ယွဲ့၏ ဦးခေါင်းပေါ်သို့ ရေခဲရေဖြင့် လောင်းချလိုက်သကဲ့သို့ပင်။

ထို့နောက် ရွယ်ယွဲ့ဟာ သူမ၏လက်ကိုကိုင်ပြီး ဆွဲခေါ်လိုက်သည်ဟု ခံစားလိုက်ရသည်။

ကျွင်းရှောင်ယောက်က ရွယ်ယွဲ့၏လက်ကိုဆွဲပြီး ခေါ်ထုတ်သွားခြင်း ဖြစ်ချေသည်။

သူမ၏လက်မှ နွေးထွေးမှုကို ခံစားလိုက်ရပြီးနောက် ရွယ်ယွဲ့လည်း အသက်ပြင်းပြင်းရှူကာ လုံးဝ ငြိမ်သက်သွားခဲ့သည်။

"ရွယ်ယွဲ့၊ မင်းရဲ့အစ်ကိုကို သစ္စာဖောက်ပြီး အဲဒီလူကို တကယ် ရွေးခဲ့တာလား"

အနောက်ဘက်မှ ဒေါသတကြီး အော်ဟစ်လိုက်သံ ထွက်လာသည်။

"မဟုတ်ဘူး၊ နင်က ငါ့အစ်ကို မဟုတ်ဘူး၊ ငါ့အစ်ကိုက ဒီလိုလူမျိုးမဟုတ်ဘူး"

ရွယ်ယွဲ့ တည်ငြိမ်သွားခဲ့သည်။

သူမက ကျွင်းရှောင်ယောက်၏နောက်ကိုလိုက်ကာ ရှေ့ဆက်သွားတော့သည်။

ဤတွင်၊ ကျွင်းရှောင်ယောက်သည်လည်း သဘာဝအတိုင်း နှောင့်ယှက်ခံရသည်။

သူ့ဆွေမျိုးများ၊ သူ့သူငယ်ချင်းများအပြင် ကျန်းစန်းယီ၏ ငိုကြွေးပြောဆိုနေသော စကားသံများပင် ရှိသေးသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က ဤအရာအားလုံးကို လျစ်လျူရှုခဲ့သည်။

နောက်ဆုံးတွင်၊ လမ်းအဆုံးကို မြင်လာခဲ့ရသည်။

သူတို့နှစ်ယောက်က ဟွမ်ချွမ်လမ်းကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ကြပြီ။

ဤအဆင့်က လွယ်သယောင်နှင့် ခက်ခဲသည်။

စိတ်ဓာတ်ပျော့ညံ့သူများ ကျော်ဖြတ်ရန် မဖြစ်နိုင်ပေ။

"ကျေးဇူးတင်ပါတယ် သခင်လေး"

ရွယ်ယွဲ့က ခေါင်းကို အနည်းငယ်ငုံ့ကာ ပြောလိုက်သည်။

သူမ၏ ကျောက်စိမ်းလက်ကို ကျွင်းရှောင်ယောက်က ဆုပ်ကိုင်ထားဆဲ မဟုတ်ပါလား။

ထိုအခါမှ၊ ကျွင်းရှောင်ယောက်က သူ့လက်ကိုလွှတ်ကာ ပြောလိုက်သည်။

"မင်း ငါ့နောက်ကို လိုက်နိုင်တယ်၊ ဒါပေမဲ့ ငါ့ကို အနှောင့်အယှက်ဖြစ်စေလို့ မရဘူး"

"နားလည်ပါပြီ"

ရွယ်ယွဲ့က မသိမသာ လက်သီးဆုပ်ရင်း ခေါင်းညိတ်လိုက်သည်။

ကျွင်းရှောင်ယောက်က သူမကို ဘဝ၏ အဓိပ္ပါယ်အသစ်တစ်ခု ပေးခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ပေရာ၊ သူမက သဘာဝအတိုင်း လက်လျှော့လိမ့်မည် မဟုတ်ပေ။

ထို့နောက်တွင်၊ နှစ်ယောက်သား ဆက်လျှောက်ခဲ့ကြသည်။

မကြာမီ သူတို့ရှေ့မှမြင်ကွင်းက ပြောင်းသွားသည်။

မြစ်တစ်စင်း ပေါ်လာခဲ့၏။

မြစ်ကိုဖြတ်ပြီး မြူခိုးများထဲသို့ တိုးဝင်သွားသော တံတားတစ်စင်းလည်း ရှိသေးသည်။

အကူအညီမဲ့ခြင်းတံတားသို့ ရောက်‌လာပြီ ဖြစ်သည်။

All Chapters