← Chapters

အခန်း ၁၀၅၂

Vol. 71 Ch. 1052

အခန်း ၁၀၅၂

Vol. 71 Ch. 1052

အခန်း ( ၁၀၅၂ ) အနီရောင်လီလီပန်းလေးများ၏မိခင်။

"အကူအညီမဲ့ခြင်း တံတား"

ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။

ထို့နောက် ရွယ်ယွဲ့နှင့်အတူ တံတားပေါ်သို့ တက်ခဲ့၏။

ဤနေရာတွင်လည်း စာရေးထိုးထားသည့် ကျောက်ပြားတစ်ချပ် ရှိနေသေးသည်။

ထိုစာများမှာ အောက်ပါအတိုင်း ဖြစ်လေသည်။

"ခုနစ်ရောင် ပြန်လည်ရှင်သန်ခြင်း လီလီပန်းကလေးတောင် ကြွေကျပြီး အနှစ်တစ်ထောင်မှာ အင်မော်တယ်ဖြစ်သွားပြီ"

ထိုစာကြောင်းကို မြင်လိုက်ရတော့ ကျွင်းရှောင်ယောက်၏ မျက်ခုံးများ အနည်းငယ် လှုပ်သွားသည်။

အကြောင်းမူ... ယခင်က သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးများထံမှ ဤစကားကို အကြိမ်ကြိမ် ကြားဖူးခဲ့သောကြောင့်ပင်။

အောက်ကမ္ဘာရှိ လူစွမ်းကောင်းတို့၏ ယဇ်ပလ္လင်ပေါ်တွင် သရဲမျက်နှာဖုံးဖြင့် မိန်းကလေးပေါ်လာစဉ်ကလည်း ထိုစကားကို ပြောခဲ့သည်။

ကျွင်းရှောင်ယောက်သည်ပင် ထိုစကားကို လေးလေးနက်နက် စွဲမှတ်မိခဲ့ပေသည်။

ဤစကားကို ဤနေရာတွင် ပြန်တွေ့ရဦးမည်ဟု မမျှော်လင့်ထားပေ။

ကောင်းကင်ကိုးခုအင်မော်တယ်နယ်မြေကြီးအပြင် တိုင်းတပါးတစ်ခုလုံးမှာပင် သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး၏ ခြေရာများ ကျန်ရှိနေခဲ့ပုံရသည်။

သို့သော်လည်း သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး၏ တည်ရှိမှုက ရှေးသမိုင်းတွင် မရှိခဲ့သလို အလွန်လျှို့ဝှက်ဆန်းကျယ်လွန်းလှသည်။

သူကိုယ်တိုင်က အံ့ဖွယ်တစ်ပါး ဖြစ်နေသကဲ့သို့ပင်။

ကျွင်းရှောင်ယောက်နှင့် ရွယ်ယွဲ့လည်း အကူအညီမဲ့ခြင်း တံတားပေါ်သို့ တက်ခဲ့ကြသည်။

ဟွမ်ချွမ်လမ်းနှင့် မတူသည်က...

ကျွင်းရှောင်ယောက်ဟာ သူခြေလှမ်းစစချင်းမှာပဲ ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

ယင်းက စိတ်ဝိဥာဉ်မှ ဖြစ်ပေါ်လာသော ဖိအားမျိုး ဖြစ်၏။

"အဲဒီ မြူခိုးတွေ..."

ကျွင်းရှောင်ယောက်က မြူခိုးများကို စူးစိုက်ကြည့်လိုက်သည်။

ထိုမြူခိုးများက ရှေးဦး‌ဝိညာဉ်ကို ပြင်းပြင်းထန်ထန် ဖိအားပေးပေသည်။

သာမာန်ပါရမီရှင်များဆိုပါက ခြေလှမ်းအနည်းငယ်ဖြင့်ပင် ရှေးဦးဝိညာဉ် ကြေမွပျက်သုဉ်းသွားရမည် ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်ဖြစ်သောကြောင့် စိတ်ပူစရာမရှိပေ။

ရွယ်ယွဲ့၏ မျက်နှာလေးမူကား ဖြူဖျော့နေခဲ့သည်။ ယခုမှ အစသာရှိသေးသော်လည်း သူမ သည်းမခံနိုင်တော့ပေ။

"မင်း မလုပ်နိုင်ရင် ငါ့ကို ဒီနေရာမှာ စောင့်နေလို့ရတယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ဟင့်အင်း၊ ငါ အတူတူသွားချင်တယ်"

ရွယ်ယွဲ့က အလွန်ခေါင်းမာသည်။

သူမက ကျွင်းရှောင်ယောက်၏ ခြေရာအတိုင်း လိုက်ပါချင်၏။

ပိအန်းမျိုးနွယ်၏ အဓိပဓိကို မြင်လိုသည်။

ထို့အပြင် ပိအန်းမျိုးနွယ်က သူ့ကို အဘယ်ကြောင့် ရွေးချယ်ခဲ့သနည်း။

နှစ်ယောက်သား အကူအညီမဲ့ခြင်းတံတားပေါ်တွင် ဆက်လက် လျှောက်လှမ်းခဲ့ကြသည်။

ဖိအားများကလည်း ပိုတိုးလာ၏။

မြူခိုးတိုင်းက ရှေးဦးဝိညာဉ်ကို ချေမှုန်းပစ်နိုင်ပုံရသည်။

တချိန်တည်းမှာပင် ပုံရိပ်ယောင်အမျိုးမျိုး ပေါ်လာခဲ့၏။

ယင်းက ပြန်လည်ဝင်စားခြင်းပင်လယ်ရှိ အဆုံးမဲ့ ပြန်လည်ဝင်စားခြင်းနှင့် ဆင်တူသည်။

ကျွင်းရှောင်ယောက်က ဘာမျှမထူးခြားသော်လည်း ရွယ်ယွဲ့၏မျက်နှာက ဖြူဖျော့နေပြီ။

နောက်ဆုံးတွင်၊ သူမ၏အတိတ်မှ ဘဝအတွေ့အကြုံများက အလွန်ကြမ်းတမ်းသည်။

သူဟာ ငယ်စဉ်ကတည်းက မကောင်းဆိုးရွားဟု သတ်မှတ်ခံရပြီး စော်ကားခြင်း နှင့် မထီမဲ့မြင်ပြုခြင်း ခံခဲ့ရသည်။

သူ့ကို ဂရုစိုက်သည့် တစ်ဦးတည်းသောလူဖြစ်သည့် သူ့အစ်ကိုကိုလည်း နောက်ဆုံးတွင် သူကိုယ်တိုင် သတ်ပစ်ခဲ့မိ၏။

သူမ၏စိတ်ထဲတွင် အတွင်းနတ်ဆိုး ရှိနေသည်မှာ သဘာဝ ဖြစ်သည်။

ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

သူက မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်ကို တိုက်ရိုက်လှုံ့ဆော်လိုက်၏။

အားကောင်းသော ရှေးဦးဝိညာဉ်စွမ်းအားက လေထဲတွင် တာအိုပန်းသုံးပွင့်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

တာအိုပန်းပွင့်တိုင်းတွင်လည်း တင်ပျဉ်ခွေထိုင်နေသော ဝိညာဉ်တစ်ခုစီ ရှိသည်။

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်။

မျိုးဆက်သုံးခု ရှေးဦးဝိညာဉ် ထွက်လာသည်နှင့် တပြိုင်နက်၊ ကြီးမားသော ဝိညာဉ်စွမ်းအားက ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားခဲ့သည်။

ထူးဆန်းသော မြူခိုးများပင် လုံးလုံးလျားလျား ပျံ့လွင့်သွား၏။

မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်က ဤနေရာရှိ မြူခိုးများနှင့် အမှောင်များကို ဖယ်ထုတ်ကာ ကမ္ဘာကြီးကို လင်းလက်တောက်ပစေသော မီးပုံးသုံးခုကဲ့သို့ပင်။

မကြာမီ၊ သူတို့နှစ်ယောက်က အကူအညီမဲ့ခြင်းတံတားကို ဖြတ်ကူးသွားကြသည်။

တံတားအဆုံးတွင် ကြီးမားပြီး မှောင်မိုက်သော နန်းတော်တစ်ခု ရှိ၏။

ပတ်ဝန်းကျင်တစ်ခွင်လုံး ပြည့်နှက်နေသည့် အနီရောင်ပန်းပွင့်များကြားမှ နန်းတော်ကြီးမှာ လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းသော ခံစားချက်ကို ပေးစွမ်းနေပေသည်။

ယင်းက မြစ်ဝါမြစ်၏ တစ်ဖက်ကမ်းမှ ယမမင်း၏ ခန်းမကဲ့သို့ပင် ဖြစ်သည်။

မြစ်ဝါမြစ်တစ်စင်းက အမှောင်နန်းတော်အား ဝန်းရံထားသည်။

အနီရောင် ပန်းပွင့်များက မြစ်ရေပေါ်တွင် မျောပါနေခြင်းခြင်းဖြစ်ချေသည်။ ထိုမြင်ကွင်းမှာ တစ်မျိုးတစ်မည်တော့ လှပသည်။

ကျွင်းရှောင်ယောက်က ရှေ့သို့တိုးလာပြီး အမှောင်နန်းတော်တံခါးကို တွန်းဖွင့်လိုက်သည်။

ရွယ်ယွဲ့လည်း နောက်မှ အနီးကပ်လိုက်ခဲ့၏။

တံခါးပွင့်သွားသည်နှင့်တပြိုင်နက်...

အလွန်ကြောက်စရာကောင်းသော ဖိအားတစ်ခုက လွှမ်းမိုးသွား‌တော့သည်။

ဤဖိအားက တမင်တကာ ထုတ်ဖော်ခြင်းမဟုတ်ဘဲ သဘာဝအတိုင်း ထွက်ပေါ်နေသည့် ဖိအားမျိုး ဖြစ်သည်။

ယင်းက စိတ်ကူးမယဉ်နိုင်သော တည်ရှိမှုတစ်ခု ရှိနေသကဲ့သို့ပင်။

အရှိန်အဝါတစ်ခုတည်းက အဓိပဓိများကို ချေမှုန်းပစ်ရန် လုံလောက်သည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က သာမန်အဓိပဓိတစ်ယောက် မဟုတ်ပေ။

သူ့ခန္ဓာကိုယ်မှ ကစဉ့်ကလျားစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ဖိအားများကို တွန်းလှန်လိုက်သည်။

ရွယ်ယွဲ့ကလည်း ကျွင်းရှောင်ယောက်နှင့်အတူ ထိခိုက်မှုမရှိခဲ့ပေ။

'သဘာဝ ဖိအားတွေတောင် ဒီလောက်ပြင်းထန်တယ်လား'

ကျွင်းရှောင်ယောက် သူ့စိတ်ထဲမှ တွေးလိုက်မိသည်။

ယင်းက ဧကရာဇ်အဆင့်ကို ကျော်လွန်နေသော တည်ရှိမှုတစ်ခု ဖြစ်လိမ့်မည်။

ကျွင်းရှောင်ယောက်ကိုယ်တိုင်လည်း ဧကရာဇ်များ၏ ဖိအားကို ခံစားဖူးသည်။

သို့ရာတွင်၊ လက်ရှိဖိအားကို မမီပေ။

ယင်းက သာမာန်ဧကရာဇ်များ ပိုင်ဆိုင်နိုင်သော ဖိအားမဟုတ်သည်မှာ သေချာသည်။

'အနီရောင်လီလီပန်းလေးများ၏မိခင်က ဘယ်အဆင့်ကို ရောက်နေပြီလဲ'

ကျွင်းရှောင်ယောက် တိတ်တဆိတ် အံ့သြသွားမိသည်။

ယင်းက မုန့်နုအာနှင့် ပိအန်းဧကရာဇ်မျိုးနွယ်မှ လူများပင်လျှင် မသိနိုင်မှာကို ကြောက်ရသည်။

အနီရောင်လီလီပန်းလေးများ၏မိခင်က အနည်းဆုံးတော့ ါင်မော်တယ်ဘုရင် ဖြစ်လိမ့်မည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ဟာ သူမသည် ဤအဆင့်တွင် ရပ်မနေသင့်ဘဲ ပိုနက်ရှိုင်းသော အဆင့်တစ်ခုသို့ ရောက်နေသင့်သည်ဟု ခံစားမိသည်။

နန်းတော်အတွင်းမှာလည်း ပန်းများပွင့်နေဆဲဖြစ်ပြီး အလယ်တွင် လမ်းကြောင်းတစ်ခု ရှိလေသည်။

နန်းတော်၏အထက်မှာတော့ အဆုံးမဲ့ စကြာဝဠာအတွင်း၌ ရှိနေသကဲ့သို့ ကြယ်များ လင်းလက်နေသည်။

အနီရောင်လီလီပန်းလေးများ၏မိခင် နေထိုင်ရာနေရာက တကယ်ကို အံ့ဩစရာပင်။

ကျွင်းရှောင်ယောက်နှင့် ရွယ်ယွဲ့လည်း ဖိအားကို တွန်းလှန်ရင်း လမ်းအတိုင်း လျှောက်လှမ်းသွားကြသည်။

နောက်ဆုံးတွင်၊ လမ်းဆုံးသို့ ရောက်လာပြီးနောက်...

ထာဝရတည်မြဲနေပုံရသော ပလ္လင်တစ်ခုကို မြင်လိုက်ရသည်။

ပလ္လင်ပေါ်တွင် လီလီပန်းသဏ္ဍာန် ရှေးဟောင်း အမှတ်အသားတစ်ခု ထွင်းထုထား၏။

အနက်ရောင်ဝတ်စုံဖြင့် ရင်သပ်ရှုမောဖွယ် လှပသောရုပ်သွင်တစ်ခုက ပလ္လင်ပေါ်တွင် ထိုင်နေသည်။

သို့ရာတွင်၊ အနှိုင်းမဲ့ ကြောက်မက်ဖွယ် အငွေ့အသက်များက သူမ၏ သိမ်မွေ့သော ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသောကြောင့် အခြားသူများ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ရန် ခက်စေသည်။

ယင်းက ဤအချိန်နှင့်နေရာထဲတွင် မတည်ရှိသော လျှို့ဝှက်ဆန်းကြယ်သည့် တည်ရှိမှုတစ်ခုကဲ့သို့ပင်။

အလွန်အစွမ်းထက်သော အကျော်အမော်သာလျှင် ဤသို့သော ဖြစ်စဉ်မျိုးကို ဖြစ်စေနိုင်လိမ့်မည်။

စွမ်းအား အလွန်ကြီးမားသူများက အကြောင်းအကျိုးနှင့် ဖြစ်တည်မှုကိုပင် ဝေဝါးအောင် လုပ်နိုင်ကြသည်။

နတ်ကြိုးများနှင့် တာအိုနိယာမများကလည်း သူမကို ဝန်းရံထားသေးသည်။

ကျွင်းရှောင်ယောက်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ကစဉ့်ကလျား စွမ်းအင်များက သူ့မျက်လုံးတွင် စီးဆင်းလာ၏။

ကစဉ့်ကလျားခန္ဓာ၏ အထူးစွမ်းရည်၊ ကစဉ့်ကလျားမျက်လုံးကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။

ယင်းက ပုံရိပ်ယောင် အားလုံးကို‌ ဖောက်ထွင်းမြင်နိုင်ပေသည်။

ကစဉ့်ကလျားမျက်လုံးကို အသက်သွင်းပြီးနောက် ကျွင်းရှောင်ယောက်ဟာ နောက်ဆုံးတွင် ပလ္လင်ပေါ်မှလူကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။

သူမ၏ ရှည်လျားသော ဆံနွယ်များက ရေတံခွန်ကဲ့သို့ ပလ္လင်ပေါ်ကို ပုံကျနေသည်။

တင်ပျဉ်ခွေထိုင်သောကြောင့် ဖြောင့်စင်းကာ သွယ်လျလှပသော ခြေတံရှည်ရှည်တစ်စုံက စကတ်အောက်မှ ပေါ်‌လွင်နေ၏။

သူမ၏ ခြေဖဝါးမှာတော့ ဖိနပ် သို့မဟုတ် ခြေအိတ်များမရှိဘဲ ဗလာဖြစ်သည်။ သူမ၏ ခြေချောင်းလေးများက ဖြူနုပြီး သွေးခြေဥနေသကဲ့သို့ အနည်းငယ်ပင် ရဲနေသေးသည်။

နှင်းသားပမာ နုနယ်လွန်းသော ထိုခြေအစုံက မြေပြင်ကို ဘယ်တုန်းကမှ မနင်းခဲ့ဖူးဘဲ ဖုန်မှုန့်နှင့်အညစ်အကြေးများ မစွန်းထင်းသကဲ့သို့ပင် ဖြစ်သည်။

နောက်ဆုံးတွင်၊ သူ့အကြည့်က အမျိုးသမီး၏ မျက်နှာဆီသို့ ကျရောက်သွားမှ ကျွင်းရှောင်ယောက် အံ့ဩသွားမိသည်။

သူမ၏ မျက်နှာတွင် သရဲမျက်နှာဖုံးကို ဝတ်ဆင်ထားပေသည်။

"မင်းက ငါ့ကိုဒီလို တိုက်ရိုက်ကြည့်ရဲတဲ့ ပထမဆုံးလူပဲ"

ဘုန်းအာနုဘော်တို့နှင့် ပြည့်စုံသော်လည်း သဘာဝတရား၏ အသံကဲ့သို့ ချိုသာသောအသံက အနီရောင်လီလီပန်းလေးများ၏မိခင်ထံမှ ထွက်ပေါ်လာခဲ့သည်။

သို့သော်... ကျွင်းရှောင်ယောက်ဟာ ဤစကားသံတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရှိနေသည်ဟု ခံစားရသည်။

"အကြီးအကဲက အနီရောင်လီလီပန်းလေးများရဲ့မိခင်ထင်ပါတယ်။ ကျွန်တော်က အဖြေတစ်ခုကိုရှာဖို့ ဒီကိုရောက်လာခဲ့တာပါ"

ပိအန်းဧကရာဇ်မျိုးနွယ်၏ ဒဏ္ဍာရီဆန်ဆန် ဤတည်ရှိမှုနှင့် ရင်ဆိုင်ရပါက မည်သူမဆို တည်ငြိမ်မှုရှိစေရန် ခက်ခဲသည်ဟု ဆိုနိုင်သည်။

ကျွင်းရှောင်ယောက်ကတော့ ပြုံးရွှင်ပြီး တည်ငြိမ်သောလေသံဖြင့် ပြောလေသည်။

"အိုး... ငါက မင်းနဲ့ ပတ်သက်မှု ရှိခဲ့ဖူးလို့လား"

အနီရောင်လီလီပန်းလေးများ၏ မိခင်၏လေသံက ထူးခြားမှုရှိပုံမရပေ။

ကျွင်းရှောင်ယောက်က သရဲမျက်နှာဖုံးတစ်ခုကို ထုတ်ယူလိုက်သည်။

ဤမျက်နှာဖုံးကို ကြေးအင်မော်တယ်နန်းတော်မှ ကျွင်းရှောင်ယောက် ရရှိခဲ့ခြင်း ဖြစ်၏။

ကြေးအင်မော်တယ်နန်းတော်မှာ သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး ချန်ရစ်ခဲ့သည့် နောက်ခံများထဲမှ တစ်ခုလည်း ဖြစ်သည်။

မဲ့နေသော်လည်း မဲ့ပုံမရဘဲ ပြုံးနေသည့်တိုင် ပြုံးပုံမရသော မျက်နှာဖုံးကို မြင်လိုက်ရတော့...

ပလ္လင်ပေါ်ရှိ အနီရောင်လီလီပန်းလေးများ၏ မိခင်၏အရှိန်အဝါများ အနည်းငယ်လှုပ်ရှားသွားသည်။

သူမ တုံ့ပြန်ခဲ့ကြောင်း ထင်ရှားလှပေသည်။

"ခုနစ်ရောင် ပြန်လည်ရှင်သန်ခြင်း လီလီပန်းကလေးတောင် ကြွေကျပြီး အနှစ်တစ်ထောင်မှာ အင်မော်တယ်ဖြစ်သွားပြီ"

"ဒီသရဲမျက်နှာဖုံးပိုင်ရှင်က အကြီးအကဲနဲ့ ဘယ်လို ပတ်သက်မှုရှိလဲ၊ ဒါမှမဟုတ်..."

"အကြီးအကဲက ဒီသရဲမျက်နှာဖုံးရဲ့ ပိုင်ရှင်ပဲလား"

ကျွင်းရှောင်ယောက်က အနီရောင်လီလီပန်းလေးများ၏မိခင်ကို တိုက်ရိုက်ကြည့်လိုက်သည်။

All Chapters