အခန်း ၁၀၅၅
Vol. 71 Ch. 1055
အခန်း ( ၁၀၅၅ ) ပြန်လည်ဝင်စားခြင်းအင်မော်တယ်ကျမ်း။
"သေခြင်းရှင်ခြင်း ကပ်ဘေးကြီးလား"
ထိုစကားကိုကြားသော်လည်း ကျွင်းရှောင်ယောက်၏ အမူအရာကတော့ မပြောင်းလဲပါ။
အကယ်၍ သာမန်လူများသာ အနာဂတ်တွင် သေခြင်းရှင်ခြင်းဆိုင်ရာ ဘေးအန္တရာယ်ကို ကြုံတွေ့ရနိုင်သည်ဟု သိရှိရပါက...
တစ်ရာတွင် ရှစ်ဆယ်မှာ စိတ်မသက်မသာခံစားရပြီး အနည်းငယ်ထိတ်လန့်သွားမည် ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်မှာတော့ ထိုကဲ့သို့ ခံစားချက်မျိုး လုံးဝမရှိပေ။
ယင်းက အကြွင်းမဲ့ ခွန်အားမှ ယူဆောင်လာသည့် ယုံကြည်မှု ဖြစ်သည်။
သို့သော်လည်း ယင်းက သူ၏အနာဂတ်ဝိညာဉ်ကို ဖွဲ့စည်းချိန်မှာ သူမြင်ခဲ့ရသော အနာဂတ်၏အရိပ်အယောင်ကို ပြန်လည်သတိရစေခဲ့သည်။
ကမ္ဘာကြီးတစ်ခုလုံး ကမောက်ကမဖြစ်ပြီး ဧကရာဇ်များပင် ကျဆုံးရ၏။
ထို့အပြင် ကျန်းစန်းယီက...
သေခြင်းရှင်ခြင်းကပ်ဘေးကြီးက ထိုအရာများ ဖြစ်နေမလား။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက သူ့အား ဝိညာဉ်လေးခု၏ပန်းကို အမှန်တကယ် ကြိုပေးခဲ့တယ်။
သူမက သေခြင်းရှင်ခြင်းဘေးဆိုးနှင့် သူရင်ဆိုင်ရမည်ကို အမှန်တကယ် ကြိုသိခဲ့သလော။
"အကြီးအကဲကို မေးပါရစေ၊ ဒီဝိညာဉ်လေးခုပန်းပွင့်ရဲ့ လုပ်ဆောင်ချက်က ဘယ်လိုလဲ..."
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
သူ၏ နောက်ခံ၊ အကြားအမြင် ဗဟုသုတနှင့်ပင်လျှင် ဝိညာဉ်လေးပါးပန်းပွင့်ကို တစ်ခါမျှ မကြားဖူးပါ။
"အရေးကြီးတဲ့အခိုက်အတန့်မှာ ဝိညာဉ်လေးပါးရဲ့ပန်းက မင်းကိုကူညီလိမ့်မယ်၊ ဒါပေမဲ့ အဲဒါက နောက်ဆုံးနည်းလမ်းပဲ"
အနီရောင်လီလီပန်းလေးများ၏မိခင်က ပြောလိုက်သည်။
အကြောင်းတစ်ခုခုကြောင့်၊ ကျွင်းရှောင်ယောက်၏ အနာဂတ်တွင် သေခြင်းရှင်ခြင်းဆိုင်ရာ ဘေးအန္တရာယ်ကို ကြုံတွေ့ရနိုင်သည်ဟု သူလည်း ခံစားခဲ့ရပေသည်။
ထိုသို့ခံစားမိသောအခါ အနီရောင်လီလီပန်းလေးများမိခင်၏ နှလုံးသားထဲတွင် နားမလည်နိုင်စွာ တုန်လှုပ်သွားမိသည်။
ဤအရာက သူ့အပေါ် သက်ရောက်နေသော သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး၏ ကျန်ရှိနေသော စိတ်ဆန္ဒပင် ဖြစ်လိမ့်မည်။
"ဒါနဲ့ စကားမစပ်၊ ပိအန်းမျိုးနွယ်ရဲ့ ပြန်လည်ဝင်စားခြင်းအင်မော်တယ်ကျမ်းကို သင်ယူဖို့ ဆန္ဒရှိရဲ့လား"
အနီရောင်လီလီပန်းလေးများ၏မိခင်က ရုတ်တရက် ပြောလိုက်သည်။
ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက် ခဏတာ အံ့အားသင့်သွား၏။
ပြန်လည်ဝင်စားခြင်းအင်မော်တယ်ကျမ်း...
ယင်းက ပိအန်းဧကရာဇ်မျိုးနွယ်၏ ထွတ်မြတ်ကျင့်စဉ် ဖြစ်သင့်သည်။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက ပြန်လည်ရှင်သန်ခြင်းလီလီပန်းမျိုးနွယ်၏ သဘာဝစွမ်းရည်များကို နားလည်ပြီးနောက် ဖန်တီးခဲ့သော အင်မော်တယ်ကျမ်းဟုဆိုလျှင်လည်း မှားမည် မဟုတ်ပေ။
ထိုပြန်လည်ဝင်စားခြင်းအင်မော်တယ်ကျမ်းက မည်မျှအဖိုးတန်မည်ကို စိတ်ကူးကြည့်နိုင်သည်။
ပိအန်းဧကရာဇ်မျိုးနွယ်မှာပင် လူတိုင်း ဤကျင့်စဉ်ကိုလေ့ကျင့်ရန် အရည်အချင်း မပြည့်မီပေ။
သို့သော်လည်း အနီရောင်လီလီပန်းလေးများ၏မိခင်က သူကဲ့သို့ အပြင်လူကို သင်ပေးချင်စိတ်ရှိခဲ့သည်။
ကျွင်းရှောင်ယောက်က တစ်ချက်ကြည့်လိုက်ရာ အနီရောင်လီလီပန်းလေးများမိခင်၏ မျက်လုံးများက အနည်းငယ် မှေးမှိန်နေကြောင်း တွေ့လိုက်ရသည်။
ကျွင်းရှောင်ယောက်လည်း ဤအရာက သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး၏ ကျန်ရှိနေသော စိတ်ဆန္ဒမှ သက်ရောက်မှု ဖြစ်နိုင်သည်ဟု မှန်းဆမိခဲ့လေသည်။
သူက မယဉ်ကျေးတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင် ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲ"
အနီရောင်လီလီပန်းလေးများ၏မိခင်က လက်ညှိုးတစ်ချက်ညွှန်ပြလိုက်သည်။
တောက်ပသော နတ်အလင်းတစ်ခု ထွက်ပေါ်လာပြီး ကျွင်းရှောင်ယောက်၏စိတ်ထဲသို့ ဝင်ရောက်သွား၏။
ပြန်လည်ဝင်စားခြင်းအင်မော်တယ်ကျမ်းက အဖိုးတန်လွန်းသောကြောင့်၊ မည်သည့်ကျမ်းစာမျှ မထုတ်ပြန်ခဲ့ပေ။
ကိုယ်တိုင်လွှဲပြောင်းပေးမှရသည်။
အလွန်မြင့်မားပြီး လျှို့ဝှက်ဆန်းကြယ်သော ကျမ်းပိုဒ်များ သူ့အသိစိတ်ထဲသို့ စိမ့်ဝင်လာသည်ဟု ကျွင်းရှောင်ယောက် ခံစားလိုက်ရလေသည်။
"နောက်ပြီးတော့ မင်းရောပဲ၊ မင်းရဲ့ တာအိုခန္ဓာက ထူးခြားပြီး အရာအားလုံးကို ဝါးမျိုနိုင်တယ်။ အဲဒါက သူနဲ့တောင် ခပ်ဆင်ဆင်တူတယ်"
"ဒီကောင်းကင်ကိုဝါးမျိုပြီး နတ်ဖန်ဆင်းခြင်းကျင့်စဉ်က သူလေ့ကျင့်ခဲ့တဲ့ နည်းလမ်းတစ်ခုပဲ။ မင်း အဲဒါကိုလေ့ကျင့်ဖို့ ဆန္ဒရှိရဲ့လား"
အနီရောင်လီလီပန်းလေးများ၏မိခင်က ရွယ်ယွဲ့ကို တစ်ဖန်ကြည့်လိုက်သည်။
"ကျွန်မ လိုလိုလားလား ဆန္ဒရှိပါတယ် အကြီးအကဲ၊ ကျေးဇူးတင်ပါတယ်"
ရွယ်ယွဲ့လည်း ဟန်ဆောင်မနေတော့ပေ။
ယင်းက တောင်းဆိုလျှင်ပင် မရနိုင်သော အခွင့်အလမ်းကြီးတစ်ခု ဖြစ်သည်။
ထို့အပြင် ရွယ်ယွဲ့၏ နှလုံးသားထဲမှာလည်း တွန်းအားတစ်ခု ရှိနေသေးသည်။
သူ့တွင် ကျွင်းရှောင်ယောက်ကို အမှီလိုက်ရန် လုံလောက်သော ခွန်အားရှိရမည်ဖြစ်ပြီး ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ပါ။
အနီရောင်လီလီပန်းလေးများ၏မိခင်လည်း ရွယ်ယွဲ့ကို ကောင်းကင်ကိုဝါးမျိုပြီး နတ်ဖန်ဆင်းခြင်းကျင့်စဉ် သင်ကြားပေးလိုက်သည်။
ပြန်လည်ဝင်စားခြင်းအင်မော်တယ်ကျမ်းနှင့် ကောင်းကင်ကိုဝါးမျိုပြီး နတ်ဖန်ဆင်းခြင်းကျင့်စဉ် နှစ်ခုစလုံးက သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။
ဤနည်းလမ်း နှစ်မျိုးစလုံးက အင်မော်တယ်ကျမ်းအဆင့်တွင် ရှိပေသည်။
ဤအရာမှ သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးမှာ မည်မျှ ထက်မြက်သူဖြစ်ကြောင်း မြင်နိုင်သည်။
ကျွင်းရှောင်ယောက်လည်း သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက သူကဲ့သို့ မကောင်းဆိုးရွားဆန်သူတစ်ဦးဟု ခံစားလိုက်မိသည်။
ထာဝရကွဲလွဲမှုဟုခေါ်သည့် ကောင်းကင်ကပင် လက်မခံနိုင်သော တည်ရှိမှုမျိုး ဖြစ်လိမ့်မည်။
ထို့နောက်တွင် ကျွင်းရှောင်ယောက်နှင့် ရွယ်ယွဲ့က ဤနေရာတွင် ခေတ္တနေထိုင်ကာ အင်မော်တယ်ကျမ်းများကို တိတ်တဆိတ် လေ့ကျင့်ခဲ့ကြသည်။
အနီရောင်လီလီပန်းလေးများ၏မိခင်ကတော့ ပျင်းရိစွာဖြင့် ပလ္လင်ပေါ်သို့ ပြန်လည်ကြွသွားလေသည်။
သူမက မျက်စိစုံမှိတ်ကာ လေ့ကျင့်နေသော ကျွင်းရှောင်ယောက်ကို ကြည့်နေလိုက်သည်။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက ဆင်တူသောပန်းတစ်ပွင့်ကို ရှာဖွေရန် အဘယ်ကြောင့် အလွန်စွဲလန်းနေမှန်း သူမ နားမလည်နိုင်ပေ။
ကျွင်းရှောင်ယောက်က ကျင့်ကြံခြင်းသို့ နစ်မြုပ်နေချိန်တွင်...
အပြင်လောကမှာ တစ်ခုခု ဖြစ်ခဲ့သည်။
ကစဉ့်ကလျားနတ်ဆိုးပင်လယ်၏ ကောင်းကင်ယံတွင် အမှောင်ခြောက်ထောင့်ကြယ် အမှတ်အသားတစ်ခု ပေါ်လာခဲ့သည်။
ဆိုရသော်၊ ယင်းက နောက်ထပ် ကမ္ဘာဖျက်ဆီးခြင်းဘုရင်တစ်ပါး မွေးဖွားလာခြင်းပင်။
ကစဉ့်ကလျားနတ်ဆိုးပင်လယ်၏ တည်နေရာမှာ အလွန်ထူးခြားသည်။
၎င်းက တိုင်းတပါးပြည်နယ် ဆယ်ခုနှင့် အမည်မဲ့နယ်မြေ၏ လမ်းဆုံတွင်တည်ရှိချေသည်။
ယင်းမှာ နေရာနှစ်ခုကို ပိုင်းခြားထားသော နယ်နိမိတ်မျဉ်းကဲ့သို့ ဖြစ်သည်။
သို့သော်လည်း ကစဉ့်ကလျားနတ်ဆိုးပင်လယ်က ပင်လယ်ချည်းသက်သက်တော့ မဟုတ်ပါ။
ကျွန်းများ မြောက်များစွာရှိသည်။
ထိုကျွန်းများတွင် နေထိုင်ကြသော မျိုးနွယ်များလည်း အများကြီး ရှိ၏။
ကာကူရာ၏ ယီရှဲ့မျိုးနွယ်က ကစဉ့်ကလျားနတ်ဆိုးပင်လယ်တွင် နေထိုင်သော အင်မော်တယ်ဧကရာဇ်မျိုးနွယ် ဖြစ်ချေသည်။
သူမ၏ ဘိုးဘွားမြေက ကစဉ့်ကလျားနတ်ဆိုးပင်လယ်ရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ရှိသည်။
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း
ယီရှဲ့မျိုးနွယ်စုက အမည်မဲ့နယ်မြေမှ မျိုးနွယ်များနှင့်လည်း ပတ်သက်ပေသည်။
သူတို့က အလွန်ရင်းနှီးခြင်းကြောင့် အမည်မဲ့နယ်မြေ၏ လျှို့ဝှက်ချက်တချို့ကို သိနေခဲ့ကြသည်။
ယခုတော့ ကမ္ဘာဖျက်ဆီးခြင်း ဘုရင်တစ်ပါးက ကစဉ့်ကလျားနတ်ဆိုးပင်လယ်တွင် ထပ်မံမွေးဖွားလာသောကြောင့် လူအများ၏အာရုံကို ဆွဲဆောင်ခဲ့သည်။
"နောက်ထပ် ဘုရင်တစ်ပါး ပေါ်လာခဲ့ပြီပဲ။ ပထမဘုရင်သခင်ကို ရှာဖွေဖို့ အချိန်ကျပြီ"
သတင်းရပြီးနောက် ကာကူရာက ကျွင်းရှောင်ယောက်ကို တစ်ဖန် လာရောက်ရှာဖွေခဲ့ပေသည်။
ဘုရင်ခြောက်ပါး ပေါ်လာတော့မှာမို့ အမည်မဲ့နယ်မြေကိုသွားရန် ပြင်ဆင်ရတော့မည် ဖြစ်သည်။
ထို့အပြင်၊ ကာကူရာတွင် နတ်ဆိုးပင်လယ်သို့ ပြန်ရမည့် နောက်ထပ် အကြောင်းတစ်ခုလည်း ရှိသေးသည်။
ကျွင်းရှောင်ယောက်က ပိအန်းပြည်နယ်သို့ သွားရောက်ကြောင်း သိရသောကြောင့် ကာကူရာက ပိအန်းဧကရာဇ်မျိုးနွယ်ကို လိုက်ခဲ့သည်။
မကြာခင်မီ၊ ကာကူရာက မုန့်နုအာနှင့် တွေ့ခဲ့သည်။
မိန်းကလေးနှစ်ယောက်က မျက်နှာချင်းဆိုင်ကာ ရပ်နေကြ၏။
"မန့်နုအာ၊ ကူရာရဲ့ သခင်လေး ဘယ်မှာလဲ"
ကာကူရာက လှပစွာပြုံးရင်း မေးလိုက်သည်။
မိန်းမလှနှစ်ယောက် ဆုံတွေ့ပါက ဆက်ဆံရေးနှစ်မျိုးသာ ဖြစ်နိုင်သည်။
ညီအစ်မရင်းပမာ ရင်းနှီးမည်။
သို့တည်းမဟုတ်...
သူတို့၏ အလှအပများကို ယှဉ်ပြိုင်ကြလိမ့်မည်။
"သခင်လေးရှောင်ယောက်က ငါတို့မျိုးနွယ်ရဲ့ အထူးဧည့်သည်တစ်ယောက်ပါ။ သူက ငါနဲ့လည်း တစ်ညလုံး စကားပြောခဲ့သေးတယ်၊ စကားပြောရတာ အရမ်းကောင်းတယ်"
မုန့်နုအာကလည်း ပြုံးရွှင်စွာပင် ပြောသည်။
"အိုး၊ တကယ်ဆိုရင် ငါ ပထမဘုရင်သခင်ကို မေးကြည့်ရဦးမယ်"
ကာကူရာ လှပသော မျက်လုံးများကို အနည်းငယ်မှိတ်လိုက်၏။
မိန်းကလေးနှစ်ယောက်ကြားတွင် ထူးဆန်းသောအငွေ့အသက်များ ပျံ့နှံ့သွားခဲ့သည်။
အမှန်ပင် ယှဉ်ပြိုင်နေကြပြီ။
"မေ့လိုက်ပါ၊ ငါနင့်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်မယ်။ သခင်လေးရှောင်ယောက်က ငါတို့မျိုးနွယ်ရဲ့ အဓိပဓိဆီကိုသွားတယ်။ နင်ရော သွားချင်သေးလား"
မုန့်နုအာက ပြောလိုက်သည်။
"အနီရောင်လီလီပန်းလေးများရဲ့မိခင်လား"
ကာကူရာ၏ လှပသော မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
သူ့နောက်တွင် ယီရှဲ့မျိုးနွယ်ရှိသော်လည်း ပိအန်းမျိုးနွယ်ကို လျှော့တွက်၍မရပါ။
ထိုအထဲတွင် အဓိက အကြောင်းရင်းတစ်ခုက အနီရောင်လီလီပန်းလေးများ၏မိခင်ကြောင့် ဖြစ်သည်။
သူမက လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်လွန်းလှ၏။
အချို့သော အင်မော်တယ်ဘုရင်များပင်လျှင် ကြောက်ရွံ့ရပြီး တစ်ဖက်လူကို အပြစ်မပြုလိုကြပေ။
"ဒါဆိုရင်လည်း ငါဒီမှာစောင့်နေချင်တယ်။ ညီအစ်မ မုန့်နုအာက ကြိုဆိုရဲ့လား"
ကာကူရာက ပြောလိုက်သည်။
"ဟုတ်ပါတယ်"
မုန့်နုအာ ပြုံးလိုက်လေသည်။
တိတ်တဆိတ် လေ့ကျင့်နေသော ကျွင်းရှောင်ယောက်ကတော့ ထိုအကြောင်းများကို သဘာဝအတိုင်း မသိပါ။
ထိုကာလအတွင်း၌ ကျွင်းရှောင်ယောက်ဟာ ပိအန်းမျိုးနွယ်၏ ပြန်လည်ဝင်စားခြင်းအင်မော်တယ်ကျမ်းကို နားလည်ဆင်ခြင်နေခဲ့သည်။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး ဖန်တီးထားသည့်ဤနည်းလမ်းမှာ အလွန်ဆန်းကြယ်သည်ဟု ဆိုရမည်။
ယင်းက၊ ယခင် ကျွင်းရှောင်ယောက်လေ့ကျင့်ခဲ့သော အင်မော်တယ်ကျမ်းများထက် မနိမ့်ကျပေ။
ထို့အပြင်၊ ၎င်းက ပြန်လည်ရှင်သန်ခြင်းလီလီပန်းမျိုးရိုး၏ သဘာဝစွမ်းရည်အားလုံးကို ပေါင်းစပ်ထားသည်။
သို့ဖြစ်ပေရာ၊ ကျွင်းရှောင်ယောက်ပင်လျှင် ခဏချင်း မကျေညက်နိုင်ပေ။
သို့သော်လည်း ဤအချိန်ကာလအတွင်း သူဟာ ပြန်လည်ဝင်စားခြင်းအင်မော်တယ်ကျမ်းမှ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းရည်ကို ရရှိခဲ့သည်။
ပိအန်းမျိုးနွယ်၏ ဝိညာဉ်နည်းလမ်းများက အလွန်ထူးကဲ၏။ အပြာရောင်လီလီပန်းမျိုးနွယ်သည်ပင် အလွန်ထက်မြက်ကာ ယခင်က ကျွင်းရှောင်ယောက်ကိုင်တွယ်ရန် ဝိညာဉ်နည်းလမ်းများကို အသုံးပြုခဲ့သေးသည်။
သို့သော်လည်း နောက်ဆုံးမှာတော့ ကျွင်းရှောင်ယောက်၏ တန်ပြန်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
"အခြားတစ်ဖက်က ဝိညာဉ်တံတား..."
ကျွင်းရှောင်ယောက်က တီးတိုးရေရွတ်လိုက်သည်။
ဤသည်မှာ ပြန်လည်ဝင်စားခြင်းအင်မော်တယ်ကျမ်းမှ ကျွင်းရှောင်ယောက် ထုတ်နုတ်ယူခဲ့သော ဝိညာဉ်စွမ်းရည် ဖြစ်သည်။
အခြားတစ်ဖက်မှ ဝိညာဉ်တံတားက ဝိညာဉ်အား တစ်ဖက်ကမ်းသို့ ကူးရောက်စေနိုင်သည်။
အသုံးပြုပြီးသည်နှင့် ဝိညာဉ်တံတား ပေါ်လာလိမ့်မည်။
ပြိုင်ဘက်၏ ရှေးဦးဝိညာဉ် ကျင့်ကြံခြင်းအဆင့်က သူ့ထက် အနည်းငယ်နိမ့်နေသမျှ ချက်ခြင်း တိုက်ခိုက်ခံရမည် ဖြစ်သည်။ တစ်ဖက်လူ၏ဝိညာဉ်က ကိုယ်ခန္ဓာမှ ထွက်ခွာပြီး ဝိညာဥ်တံတားပေါ် တက်လှမ်းကာ တစ်ဖက်သို့ ရောက်သွားမည် ဖြစ်သည်။
ဤနည်းလမ်းက အနာဂတ်ဝိညာဉ်ကို အသုံးပြုစေရန် သင့်တော်ပေသည်။
ဤနည်းအားဖြင့် ကျွင်းရှောင်ယောက်၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်သုံးဆက်တို့၏ ဝိညာဉ်များတွင် ကိုယ်ပိုင်လှုပ်ရှားမှုများ ရှိလာပြီ ဖြစ်သည်။
၎င်းတို့ကို တစ်ချိန်တည်းတွင် အသုံးပြုပါက စွမ်းအားနှစ်ဆတိုးလိမ့်မည်။
ယင်းက ကျွင်းရှောင်ယောက်၏ ဝှက်ဖဲတစ်ခုလည်း ဖြစ်လာနိုင်သည်။