← Chapters

အခန်း ၁၀၅၆

Vol. 71 Ch. 1056

အခန်း ၁၀၅၆

Vol. 71 Ch. 1056

အခန်း ( ၁၀၅၆ ) ပွေ့ဖက်ခြင်းဖြင့် နှုတ်ဆက်ခြင်း။

ပိအန်းဧကရာဇ်မျိုးနွယ်၏ အခြားတစ်ဖက်မှ ဝိညာဉ်တံတား ဝိညာဉ်နည်းလမ်းကို အောင်မြင်ပြီးနောက် ကျွင်းရှောင်ယောက်က လေ့ကျင့်မှုကို ရပ်လိုက်သည်။

ပြန်လည်ဝင်စားခြင်းအင်မော်တယ်ကျမ်းက နက်နဲလွန်းသဖြင့် ချေဖျက်ရန် အချိန်လိုအပ်ပေသည်။

ယင်းကို တစ်ခဏအတွင်း အပြည့်အဝ နားလည်နိုင်မည် မဟုတ်ပေ။

ရွယ်ယွဲ့သည်လည်း လေ့ကျင့်ခြင်းကို ခေတ္တရပ်လိုက်သည်။

သူမ၏ အရှိန်အဝါကတော့ ယခင်ကထက် အနည်းငယ်ပို၍ နက်ရှိုင်းလာခဲ့ပြီ။

အေးစက်စက် စိတ်နေစိတ်ထားကလည်း အနည်းငယ် ပို၍ သိသာလာခဲ့သည်။

"ရွယ်ယွဲ့၊ မင်းရဲ့ အကျိုးအမြတ်တွေကလည်း မနည်းဘူးထင်တယ်"

ကျွင်းရှောင်ယောက် အနည်းငယ် ပြုံးလိုက်သည်။

"ရွယ်ယွဲ့ကို ဒီနေရာ ခေါ်လာပေးတဲ့အတွက် သခင်လေးကို ကျေးဇူးတင်ပါတယ်"

ရွယ်ယွဲ့က ကျေးဇူးတင်စိတ်အပြည့်ဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်၏။

ဤတစ်ကြိမ်တွင် အနီရောင်လီလီပန်းလေးများ၏မိခင်ကိုရှာရန် လာခဲ့ကြခြင်းဖြစ်သော်လည်း သူမက အကူအညီမပေးနိုင်ခဲ့ပေ။

ထိုအစား ဝန်ထုပ်ဝန်ပိုးတစ်ခုပင် ဖြစ်စေခဲ့သည်။

ယခုတော့ ကောင်းကင်ကိုဝါးမျိုပြီး နတ်ဖန်ဆင်းခြင်းကျင့်စဉ်ကို ရရှိခဲ့ပြီမို့၊ နောက်ဆုံးတွင် ကျွင်းရှောင်ယောက်၏နောက်သို့ လိုက်ပါရန် ပို၍ ယုံကြည်မှုရှိလာတော့သည်။

ကျွင်းရှောင်ယောက်က အနီရောင်လီလီပန်းလေးများ၏မိခင်ကို လှည့်ကြည့်ကာ အနည်းငယ် လက်ယှက်ပြီး ပြောလိုက်သည်။

"အင်မော်တယ်နယ်မြေကြီးက လူတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ကို ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲ"

အနီရောင်လီလီပန်းလေးများ၏မိခင်ကတော့ ဘာမျှ ပြန်မပြောပေ။

အင်မော်တယ်နယ်မြေကြီးမှ အခြားလူတစ်ဦးဖြစ်ပါက၊ အတွေးတစ်ခုဖြင့် သတ်လိုက်မိမည် ဖြစ်သည်။

သို့ရာတွင်... ကျွင်းရှောင်ယောက်ကတော့ အင်မော်တယ်နယ်မြေကြီးမှ လူဖြစ်နေခြင်းကို မဆိုထားဘိ။

တိုင်းတစ်ပါးပြည်တစ်ခုလုံးကို ဖျက်ဆီးလိုလျှင်ပင်၊ အနီရောင်လီလီပန်းလေးများ၏မိခင်က သူ့ကို အန္တရာယ်ပြုမည် မဟုတ်ပေ။

"အခုတော့ ကိစ္စတွေ ပြေလည်သွားပြီမို့ ကျွန်တော် အရင်သွားပါတော့မယ်"

ကျွင်းရှောင်ယောက်က ထွက်ခွာရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

"ခဏစောင့်ပါဦး"

အနီရောင်လီလီပန်းလေးများ၏မိခင်က ရုတ်တရက် တားလိုက်သည်။

သူမက ရွယ်ယွဲ့ကို တစ်ချက်ကြည့်လိုက်၏။

"ရွယ်ယွဲ့၊ မင်း အပြင်မှာ အရင်စောင့်နှင့်ပါ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ကောင်းပါပြီ"

ရွယ်ယွဲ့လည်း ခေါင်းညိတ်ပြပြီး နန်းတော်မှ တိုက်ရိုက်ထွက်သွားတော့သည်။

နန်းတော်ထဲတွင် ကျွင်းရှောင်ယောက်နှင့် အနီရောင်လီလီပန်းလေးများ၏မိခင် တစ်ဦးတည်းသာ ကျန်ခဲ့သည်။

အနီရောင်လီလီပန်းလေးများ၏မိခင်က သူ့လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။

လှပသော ပန်းတစ်ပွင့်ပေါ်လာပြီး ကျွင်းရှောင်ယောက်ဆီသို့ လွင့်ပျံသွား၏။

ယင်းက လှပသော ပန်းတစ်ပွင့်ဖြစ်သော်လည်း လူတို့၏နှလုံးသားကို တုန်ရင်သွားစေနိုင်လောက်သော ဖိအားမျိုးနှင့် အငွေ့အသက်များ ရှိသည်။

"ဒီပန်းပွင့်ကို မြင်ရတာက ငါ့ကိုမြင်ရတာနဲ့ အတူတူပဲ။ အဲဒါက မင်းကို အခက်အခဲတွေကနေ ကူညီပေးနိုင်ပါလိမ့်မယ်"

အနီရောင်လီလီပန်းလေးများ၏မိခင်က ပြောလိုက်သည်။

ကျွင်းရှောင်ယောက်၏ အထောက်အထားက ထိရှလွယ်လွန်းသည်။ သူ့ကို ထုတ်ဖော်ခံရပါက ဘေးဆိုးကြီးတစ်ခု ဖြစ်သွားလိမ့်မည်။

သို့ရာတွင်...

ဤဂရုစိုက်မှုက သူကိုယ်တိုင်လား၊ သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး၏ အကြွင်းအကျန်စိတ်ဆန္ဒကြောင့်လား မသိပါ။

သူ့နှလုံးသားထဲမှာတော့ ကျွင်းရှောင်ယောက်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်နေခဲ့သည်။

ထိုနှစ်ခုကြားတွင် ကွာခြားချက်မခြင်းလည်း ဖြစ်ကောင်းဖြစ်လိမ့်မည်။

ကျွင်းရှောင်ယောက်လည်း ပန်းပွင့်ကို လက်ခံယူလိုက်သည်။

သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။

"ကျေးဇူးတင်ပါတယ်"

ကျွင်းရှောင်ယောက်က ရိုးရိုးသားသား ပြောလိုက်၏။

သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး၏ စိတ်ဆန္ဒကြောင့် အနီရောင်လီလီပန်းလေးများ၏မိခင်မှာ သူ့ကို ထိုမျှဂရုစိုက်နေခြင်းဖြစ်ကြောင်း သူခန့်မှန်းမိသည်။

သို့တိုင်၊ ကျေးဇူးတင်ရဦးမည်။

ကျွင်းရှောင်ယောက်က ထွက်သွားရန် ဟန်ပြင်လိုက်သည်။

ထိုအချိန်တွင်၊ အနီရောင်လီလီပန်းလေးများမိခင်၏ အမူအရာက တုံ့ဆိုင်းမှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ယင်းကို ပါးနပ်လှသော ကျွင်းရှောင်ယောက်က ချက်ချင်း သတိပြုလိုက်မိလေသည်။

"အကြီးအကဲမှာ ကျွန်တော်ကို ပြောစရာများ ရှိသေးလား"

အနီရောင်လီလီပန်းလေးများ၏မိခင်က တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပါးစပ်ကို အနည်းငယ်ဟကာ ပြောလိုက်သည်။

"မင်း... ပွေ့ဖက်ပေးလို့ရမလား"

ထိုသို့ပြောလိုက်သော်လည်း အမှန်အတိုင်းဆိုရလျှင်...

အနီရောင်လီလီပန်းလေးများ၏မိခင်ကိုယ်တိုင် သူက ဤစကားမျိုး ပြောလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူက ဘယ်သူလဲ။

ပိအန်းမျိုးနွယ်၏ အဓိပဓိ...

တိုင်းတပါးမှ ကျော်ကြားသော အင်မော်တယ်ဘုရင် ဖြစ်သည်။

သူမ၏အဆင့်ကို ရောက်ရှိနေသူတိုင်းက စိတ်ခံစားချက်များကို အလွယ်တကူ ထိန်းချုပ်နိုင်ပေသည်။

ယခု‌မူကား...

သူကိုယ်တိုင်က ပွေ့ဖက်ပေးရန် အစပြု၍ တောင်းဆိုလိုက်မိပြီ ဖြစ်သည်။

သူမကိုယ်တိုင်သာ မပြောခဲ့လျှင် အနီရောင်လီလီပန်းလေးများ၏မိခင်ကိုယ်တိုင်က ယုံနိုင်လိမ့်မည် မဟုတ်ပေ။

ထိုစကားကို သူပြောခဲ့သည်ဟု လုံးဝ ထင်မှတ်မိမည် မဟုတ်ပါ။

သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး၏ စိတ်ဆန္ဒအကြွင်းအကျန်က သူ့ပင်ကိုယ်စရိုက်ကို ထိခိုက်စေခဲ့သည်ဟုသာ ပြောရမည်။

ကျွင်းရှောင်ယောက်လည်း အံ့ဩသွားမိသည်။

ထိုကဲ့သို့ အလွန်အစွမ်းထက်သော အင်မော်တယ်ဘုရင်တစ်ပါးအတွက်...

ထိုသို့သောစကားများ ပြောလာခြင်းမှာ အနည်းငယ်ကွဲလွဲနေသည်ဟု ခံစားရပေသည်။

သို့သော်... သရဲမျက်နှာသုသာန်ဧကရီအကြောင်းကို တွေးမိသောအခါ...

ထာဝရသင်္ချိုင်းမြေမှ သူ ထွက်ခွာရန်ပြင်သောအခါ သရဲမျက်နှာ သုသာန်ဧကရီသည်လည်း သူ့ကို ပွေ့ဖက်ထားရန် အလိုရှိခဲ့သည်။

ကျွင်းရှောင်ယောက်လည်း တုံ့ဆိုင်းမနေတော့ဘဲ ရှေ့သို့လှမ်းကာ အနီရောင်လီလီပန်းလေးများမိခင်၏ ခါးကို ဖက်ထားလိုက်တော့သည်။

အနီရောင်လီလီပန်းလေးများ၏မိခင်က သူ၏ သံသယများကို ဖြေရှင်းပေးပြီး ပြန်လည်ဝင်စားခြင်းအင်မော်တယ်ကျမ်းနှင့် ကောင်းကင်ကိုဝါးမျိုပြီး နတ်ဖန်ဆင်းခြင်းကျင့်စဉ်ကိုလည်း ပေးခဲ့သည်။

ထိုကြင်နာမှုသည် အလွန်ကြီးမား၏။

ထို့အပြင် သူမကို ပွေ့ဖက်ခြင်းက သူ့အတွက် ပြဿနာမရှိပေ။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်မှ နွေးထွေးမှုကို ခံစားမိတော့ အနီရောင်လီလီပန်းလေးများမိခင်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်သွားသည်။

အသိစိတ်ဝိညာဉ်အတွင်းမှ ခံစားချက်တစ်ခု ထွက်ပေါ်လာ၏။

သူ မနေနိုင်တော့ဘဲ ကျွင်းရှောင်ယောက်၏ ပခုံးပေါ်ကို ဦးခေါင်းမှေးတင်လိုက်မိတော့သည်။

နူးညံ့သောအသားအရေဖြင့် နွေးထွေးမှုတို့က မည်သူမဆို အသက်ရှူမှားလောက်အောင် ဖြစ်သည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကတော့ အလွန်တည်ငြိမ်မှုရှိပေသည်။

လော့ရှန်းလင်ကို ရင်ဆိုင်ပြီးနောက်၊ ချောမောလှပသော ဒေါ်လေးများကို ပရောပရီလုပ်ရန် သူ မတွေးရဲတော့ပါ။

ဒုက္ခများက များလွန်းသည်။

လော့ရှန်းလင်တစ်ဦးတည်းနှင့်ပင် အလွန်ခက်ခဲနေပြီ။

ပိုသန်မာပြီး အသက်ပိုကြီးသည့် အနီရောင်လီလီပန်းလေးများ၏မိခင်ဆိုပါက ပြောနေရန်ပင် မလိုတော့ပေ။

ထို့အပြင် အသက်အရွယ်ကို လျှောက်တွက်ကြည့်ပါက၊ အနီရောင်လီလီပန်းလေးများ၏မိခင်မှာ ကျွင်းရှောင်ယောက်၏ 'အဖွား'ထက်ပိုသည်။

ထို့ကြောင့် ဤလှပသော "အဖွား" ကို ပွေ့ဖက်လိုက်သောအခါတွင် သူ့နှလုံးသားက တည်ငြိမ်ခဲ့ပေသည်။

ခဏအကြာတွင် ကျွင်းရှောင်ယောက်က သူ့လက်ကိုလွှတ်လိုက်သည်။

အနီရောင်လီလီပန်းလေးများ၏မိခင်လည်း တစ်စုံတစ်ခုကို ဆုံးရှုံးသွားသလိုမျိုး သူမ၏ နှလုံးသားထဲတွင် ဗလာကျင်းသွားသလို ခံစားလိုက်ရလေသည်။

သို့သော်လည်း သူမ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် လျင်မြန်စွာ ငြိမ်သက်သွားခဲ့သည်။

"နှုတ်ဆက်ပါတယ်"

ကျွင်းရှောင်ယောက်လည်း လှည့်ထွက်ခဲ့တော့သည်။

ကျွင်းရှောင်ယောက်၏ နောက်ကျောကိုကြည့်ရင်း အနီရောင်လီလီပန်းလေးများမိခင်၏ မျက်လုံးများမှာ ရှုပ်ထွေးနက်နဲပြီး လွမ်းဆွတ်မှု အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။

'မင်းက ဒီကမ္ဘာမှာ ဘယ်လိုဖြစ်ရပ်မျိုးကို ဖြစ်စေဦးမှာလဲ'

အနီရောင်လီလီပန်းလေးများ၏မိခင်ဟာ ကျွင်းရှောင်ယောက်က သူ့အထောက်အထားအား ဖုံးကွယ်ထားခြင်း အကြောင်းရင်းကို ဝေဝါးဝါး မှန်းဆမိခဲ့သည်။

တိုင်းတပါးတွင် ကိစ္စကြီးတစ်ခုကို ဆောင်ရွက်နေခြင်း ဖြစ်လိမ့်မည်။

ထိုအချိန်တွင် သူက အလွန်အန္တရာယ်များသော အခြေအနေတွင် ရှိနေမည်မှာ သေချာသည်။

ထိုအချိန်ရောက်လာပါက၊ အနီရောင်လီလီပန်းလေးများ၏မိခင်ဟာ ပိအန်းမျိုးနွယ်စုတစ်ခုလုံးကို သူ့အတွက် အန္တရာယ်ဖြစ်စေနိုင်မလား မသိတော့ပေ။

တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်က နန်းတော်အတွင်းမှ တိုက်ရိုက်ထွက်ခဲ့သည်။

ရွယ်ယွဲ့က အပြင်ဘက်မှ စောင့်နေ၏။

'အနာဂတ်မှာ ငါတို့တွေ ပြန်ဆုံမဲ့နေ့ ရှိကောင်းရှိလိမ့်မယ်'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ ရေရွတ်လိုက်သည်။

အနာဂတ်တွင် သူ ဒုက္ခများ ကြုံတွေ့ရပါက၊ အနီရောင်လီလီပန်းလေးများ၏မိခင်ဟာ နှာစေးခံနေမည်ဟု မထင်ပေ။

ဤနည်းအားဖြင့် ကျွင်းရှောင်ယောက်ကိုယ်တိုင် ဖန်တီးထားသော လျှို့ဝှက်ဆန်းကြယ်သည့် အင်မော်တယ်ဘုရင်မှတပါး...

ရှန်းအောင်ဘုရင်၊ အမြီးကိုးချောင်းဘုရင်၊ အနီရောင်လီလီပန်းလေးများ၏မိခင် အကျော်အမော်သုံးဦးရှိနေပြီ ဖြစ်သည်။

သူတို့တစ်ဦးစီက အလွန် အရှိန်အဝါကြီးသူများဖြစ်ပြီး သူ့ကို ထောက်ပံ့ထား၏။

သူတို့ထဲတွင် အနီရောင်လီလီပန်းလေးများ၏မိခင်က အင်မော်တယ်ဘုရင်ထက် ပိုနက်ရှိုင်းသော ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားခဲ့သည်။

ယခုအခါ၊ ကျွင်းရှောင်ယောက်၏ နောက်ခံက ပို၍ တောင့်တင်းလာခဲ့ပြီ။

နောက်ပိုင်းတွင် ကျွင်းရှောင်ယောက်နှင့် ရွယ်ယွဲ့လည်း ချောက်နက်တွင်းမှ ထွက်ခွာပြီး ပိအန်းမျိုးနွယ်သို့ ပြန်လာခဲ့သည်။

ပိအန်းမျိုးနွယ်သို့ ကျွင်းရှောင်ယောက် ပြန်ရောက်လာပြီးနောက် ပိအန်းမျိုးနွယ်ဝင်များ အလွန်အံ့ဩကုန်ကြသည်။

"သခင်လေး၊ အဓိပဓိကို တွေ့ခဲ့ရပြီလား"

မုန့်နုအာလည်း သတင်းကြားပြီးနောက် ချက်ချင်း ရောက်ရှိလာ၏။

သူမအပြင် ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက်လည်း ပါလာတာကိုမြင်တော့ ကျွင်းရှောင်ယောက် အံ့အားသင့်သွားသည်။

ကာကူရာ။

"ငါ တကယ်ပဲ တွေ့ခဲ့ရပါတယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

သူ့စကားသံအဆုံးတွင် လူတိုင်း တုန်လှုပ်သွား၏။

နောက်ဆုံးတွင်၊ အနီရောင်လီလီပန်းလေးများ၏မိခင်ကို မြင်တွေ့ရန် လူတိုင်း အရည်အချင်းမရှိပေ။

"သခင်လေးကတော့ ငါတို့ရဲ့ ပိအန်းမျိုးနွယ်နဲ့ တကယ်ကို ကံကြမ္မာပါတာပဲ"

မုန့်နုအာက ကျွင်းရှောင်ယောက်နှင့် အလွန်ရင်းနှီးကျွမ်းဝင်ဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။

"ဟမ်"

ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်၏။

ယခင်က မုန့်နုအာသည် သူ့ကိုလေးစားသော်လည်း ထိုမျှရင်းနှီးမှုမရှိဘူး မဟုတ်ပါလား။

"ပထမဘုရင်သခင်၊ နောက်ဆုံးတော့ နင်ပေါ်လာပြီပေါ့။ ကူရာက စောင့်နေတာကြာပြီ"

ကာကူရာက သူမ၏ခါးကိုနွဲ့ကာ လျှောက်လှမ်းလာပြီး ကျွင်းရှောင်ယောက်၏ လက်ကိုဆွဲကိုင်လိုက်သည်။

ဤတော့မှ ကျွင်းရှောင်ယောက် ရုတ်တရက် သဘောပေါက်သွားသည်။

မုန့်နုအာနှင့် ကာကူရာက လျှို့ဝှက်စွာ ယှဉ်ပြိုင်နေကြပုံပင်။

"မင်း ဘာဖြစ်လို့ ငါ့ဆီကိုလာတာလဲ"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

"ကစဉ့်ကလျား နတ်ဆိုးပင်လယ်မှာ အမှောင်ခြောက်ထောင့်ကြယ် အမှတ်အသား ထပ်ပေါ်လာခဲ့ပြီ"

ကာကူရာက ပြောသည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင် တောက်ပလာ၏။

တစ်နည်းဆိုရသော်၊ နောက်ထပ် ကမ္ဘာဖျက်ဆီးခြင်းဘုရင်တစ်ပါး မွေးဖွားလာခဲ့ပြီ။

All Chapters