← Chapters

အခန်း ၁၀၅၇

Vol. 71 Ch. 1057

အခန်း ၁၀၅၇

Vol. 71 Ch. 1057

အခန်း ( ၁၀၅၇ ) ကစဉ့်ကလျားပင်လယ်မှ ဧကရာဇ်မျိုးနွယ်များ။

ကစဉ့်ကလျားနတ်ဆိုးပင်လယ်အကြောင်းကို ကျွင်းရှောင်ယောက် နည်းနည်းပါးပါး သိသည်။

၎င်းက တိုင်းတပါးပြည်နယ်ကြီးဆယ်ခုနှင့် အမည်မဲ့နယ်မြေတို့၏ လမ်းဆုံတွင် ရှိ၏။

ထိုမှ အခြေအနေများကိုတော့ ကျွင်းရှောင်ယောက် အတိအကျ မသိပေ။

"ကစဉ့်ကလျားနတ်ဆိုးပင်လယ်ရဲ့ အခြေအနေကို မင်းသိလား"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

"အို၊ ပထမဘုရင်သခင်က နောက်နေပြန်ပါပြီ။ ကူရာတို့ ယီရှဲ့မျိုးနွယ်ရဲ့ ဘိုးဘွားမြေက ကစဉ့်ကလျားနတ်ဆိုးပင်လယ်မှာပါ"

ကာကူရာက ပြုံးပြီး ပြောလိုက်၏။

"ဟုတ်လား"

ကျွင်းရှောင်ယောက် သူ့နှာခေါင်းကိုပွတ်လိုက်သည်။

ကစဉ့်ကလျားနတ်ဆိုးပင်လယ်မှာလည်း တိုင်းတပါးမျိုးနွယ်စုများ ရှိပေသည်။

ကာကူရာက လျှို့ဝှက်ချက်များစွာကို ဘာကြောင့် သိခဲ့သည်ကိုလည်း သူနားလည်သွားပြီ ဖြစ်သည်။

ယီရှဲ့မျိုးနွယ်က အမည်မဲ့နယ်မြေနှင့် နီးစပ်သောကြောင့် လျှို့ဝှက်ချက်များစွာကို သဘာဝအတိုင်း ပို၍ သိနိုင်ပေသည်။

"ကောင်းပြီလေ၊ ဒီကနေ အရင်သွားရအောင်" ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"သခင်လေး၊ ဘာဖြစ်လို့ ဒီမှာ ခဏလောက် ထပ်မနေရတာလဲ။ သခင်လေးနဲ့ တာအိုအကြောင်း ဆွေးနွေးချင်သေးတယ်"

မုန့်နုအာက ဖိတ်ခေါ်လိုက်သည်။

"ညီအစ်မတော်၊ နင့်မှာ ဒီအခွင့်အရေးမရှိတော့ဘူးထင်တယ်။ ပထမဘုရင် သခင်ရဲ့ အချိန်က အရမ်းတန်ဖိုးရှိတယ်"

ကာကူရာက မျက်နှာကို အနည်းငယ်မော့ပြီး ပြောလိုက်သည်။

မုန့်နုအာလည်း တိတ်တဆိတ် အံကြိတ်လိုက်လေသည်။

ကျွင်းရှောင်ယောက် ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။

"ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ် မိန်းကလေးမုန့်၊ အခုတော့ ငါ့မှာ အရေးတကြီး လုပ်စရာတွေရှိလို့ သွားရဦးမယ်"

ကျွင်းရှောင်ယောက်က ငြင်းလိုက်သည်။

"ဒါဆိုရင်တော့ စိတ်မကောင်းစရာပဲပေါ့။ ဒါပေမဲ့လည်း သခင်လေးက အဓိပဓိနဲ့တောင် တွေ့နိုင်ခဲ့တဲ့အတွက် ငါ့မျိုးနွယ်ရဲ့တံခါးကို သခင်လေးအတွက် အမြဲတမ်း ဖွင့်ထားပေးမှာပါ"

မုန့်နုအာက ရိုးရိုးသားသား ပြောလိုက်လေသည်။

သို့သော်လည်း ကာကူရာက မချိုမချဉ်ပြုံးပြီး ဝင်ပြောလိုက်သည်။

"ဒါဆိုရင် နင့်ရဲ့တံခါးကိုကော သခင်လေးအတွက် ဖွင့်ထားပေးမှာလား"

ထိုစကားကိုကြားတော့ အပြစ်ကင်းစင်သော မုန့်နုအာ၏မျက်နှာလေးက ရှက်ရွံ့မှုကြောင့် အနည်းငယ် နီမြန်းသွားခဲ့သည်။

ကာကူရာ၏ ညစ်တီးညစ်ပတ် ဟာသများကို သူမ မသိဘဲမနေပေ။

သို့သော်လည်း ကာကူရာကို အလျှော့မပေးလိုသောကြောင့် နှုတ်ခမ်းကိုကိုက်ကာ ပြောလိုက်သည်။

"သခင်လေးသာ စိတ်ဝင်စားရင် သဘာအတိုင်း တံခါးဖွင့်ပေးဖို့ ဆန္ဒရှိပါတယ်"

"မိန်းကလေးမုန့်၊ နှုတ်ဆက်ပါတယ်"

ကျွင်းရှောင်ယောက်လည်း နှုတ်ဆက်ပြီး တိုက်ရိုက် ထွက်သွားတော့သည်။

ဤမိန်းကလေးများ၏ ပြိုင်ပွဲတွင် သူ မပါဝင်လိုပေ။

ရွယ်ယွဲ့က‌ နောက်မှ အနီးကပ်လိုက်လာခဲ့သည်။

"နှုတ်ဆက်ပါတယ်"

ကာကူရာလည်း ပြုံးပြီး ထွက်သွားတော့သည်။

ကာကူရာ၏ နောက်ကျောကိုကြည့်ရင်း မုန့်နုအာက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"ဒီမိန်းမ..."

...........

ကျွင်းရှောင်ယောက်၊ ကာကူရာနှင့် ရွယ်ယွဲ့က လေထဲမှ လျှောက်လှမ်းနေကြသည်။

"ကစဉ့်ကလျားနတ်ဆိုးပင်လယ်မှာ အနက်ရောင် ခြောက်ထောင့်ကြယ် အမှတ်အသား ပေါ်လာတယ်လို့ မင်းပြောခဲ့တယ်နော်။ အဲဒီ ကမ္ဘာဖျက်ဆီးခြင်းဘုရင်ရဲ့ လက္ခဏာကို မင်းသိလား"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

"ငါမသိသေးပါဘူး၊ ‌ဒါပေမဲ့ ကစဉ့်ကလျားနတ်ဆိုးပင်လယ်မှာရှိတဲ့ ငါ့မျိုးနွယ်ရဲ့ အဆက်အသွယ်တွေကြောင့် ငါတို့ ပြန်သွားတဲ့အခါ သိဖို့မခက်ဘူး"

ကာကူရာက ပြောလိုက်၏။

"ဒါဆိုရင် ဘုရင်ခြောက်ပါးစုပြီး အမည်မဲ့နယ်မြေကိုသွားရဖို့ သိပ်မကြာတော့ဘူး မဟုတ်လား"

ကျွင်းရှောင်ယောက်က အစီအစဉ်အချို့ကို စဉ်းစားလိုက်သည်။

"အမှန်ပါပဲ၊ ပထမဘုရင်သခင်... ကူရာနဲ့အတူ ကစဉ့်ကလျားနတ်ဆိုးပင်လယ်ကို လိုက်ခဲ့ချင်လား"

ကာကူရာက မျှော်လင့်ချက်တို့ဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

"မင်းမှာ ဘာပြောစရာရှိသေးလဲ"

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး မေးလိုက်၏။

"ပထမဘုရင်သခင်က ဘာဖြစ်လို့ ဒီလိုပြောရတာလဲ"

"မင်းက ကစဉ့်ကလျားနတ်ဆိုးပင်လယ်ကို မင်းနဲ့အတူ ငါ့ကိုသွားစေချင်နေတာ... မင်းမှာ တခြားအကြောင်းတွေ ရှိရဦးမယ် မဟုတ်လား"

ကျွင်းရှောင်ယောက်က‌ ပြောလိုက်သည်။

ကာကူရာ၏ အမူအရာက အေးခဲသွားပြီးနောက် ရယ်မောကာ ပြောလိုက်လေသည်။

"ပထမဘုရင် သခင်ရှေ့မှာ ကူရာရဲ့ အတွေးလေးတွေကို ဖုံးကွယ်ထားလို့ မရဘူးဆိုတာ သိပါတယ်"

"ဒီလိုပါ၊ ကူရာမှာ မကြာခင် လက်ထပ်ရတော့မဲ့ ဝမ်းကွဲ ညီအစ်မတော်တစ်ယောက် ရှိတယ်"

"‌ဒါပေမဲ့ သူနဲ့လက်ထပ်မယ့်လူက..."

ကာကူရာက ထူးခြားသောအမူအရာဖြင့် ခေတ္တရပ်လိုက်သည်။

"ဆက်ပါဦး"

ကျွင်းရှောင်ယောက် စိတ်ဝင်စားလာသည်။

ထို့နောက် ကာကူရာက အခြေအနေများကို အတိုချုံးပြောပြလိုက်လေသည်။

ကစဉ့်ကလျားနတ်ဆိုးပင်လယ်၏ ပင်လယ်ဧရိယာတစ်ခုလုံးတွင် အင်အားကြီးမားသော ဧကရာဇ်မျိုးနွယ်စုများစွာ ရှိခဲ့ဖူးသည်။

ဥပမာအားဖြင့်၊ သူတို့၏ ယီရှဲ့ဧကရာဇ်မျိုးနွယ်။

ဖာချီဧကရာဇ်မျိုးနွယ်လည်း ရှိ၏။

ဖာချီဧကရာဇ်မျိုးနွယ်သည် တစ်ချိန်က ကစဉ့်ကလျားနတ်ဆိုးပင်လယ်၏ အုပ်စိုးရှင်များထဲမှ တစ်ဦး ဖြစ်သည်။

သူတို့ကို အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခုမှ ဆင်းသက်လာခဲ့သည်ဟု ဆိုကြသည်။

သို့သော်လည်း လွန်ခဲ့သည့် ခေတ်အနည်းငယ်တွင် ဖာချီဧကရာဇ်မျိုးနွယ်မှာ တနေ့တခြား ဆုတ်ယုတ်လာခဲ့သည်။

အထူးသဖြင့်၊ ကမ္ဘာနှစ်ဖက်ကြားမှ နောက်ဆုံးစစ်ပွဲတွင် ဖာချီမျိုးနွယ်ဟာ ထိပ်တန်း အကျော်အမော်များစွာကို ဆုံးရှုံးခဲ့ရသည်။

ယင်းက ဤမျိုးနွယ်စု၏ အင်အားကို များစွာ ယုတ်လျော့စေခဲ့ပေသည်။

ယခုအချိန်ထိ သူတို့ ရှင်သန်နေခြင်းသည်ပင် အင်မော်တယ်ဘုရင်တစ်ပါးမှ ထောက်ပံ့ပေးထားခြင်းကြောင့် ဖြစ်သည်။

အင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့် အကျော်အမော်များပင် အများအပြား မရှိတော့ပေ။

ယခင်ခေတ်များက ဖာချီ‌ဧကရာဇ်မျိုးနွယ်ဟာ ယီရှဲ့ဧကရာဇ်မျိုးနွယ်နှင့် လက်ထပ်ထိမ်းမြားပွဲများ ပြုလုပ်ခဲ့ကြသည်။

သို့သော်လည်း နောက်ပိုင်းခေတ်များတွင် မျိုးနွယ်နှစ်ခုကြား အပြန်အလှန် ဆက်ဆံမှုများ နည်းပါးလာခဲ့သည်။

ယခုတစ်ကြိမ်တွင် လက်ထပ်ရမည့်သူမှာ ကူရာ၏ ဝမ်းကွဲ တော်စပ်ပေသည်။

သူနှင့် စေ့စပ်ထားသူကတော့ ဖာချီဧကရာဇ်မျိုးနွယ်၏ သခင်လေးပင်။

သို့သော်လည်း ပြဿနာတစ်ခု ရှိနေသည်။

ဖာချီဧကရာဇ်မျိုးနွယ်၏ သခင်လေးက အသုံးမဝင်သောခန္ဓာဖြင့် မွေးဖွားလာကာ လေ့ကျင့်နိုင်ခြင်း မရှိပေ။

ထိုကဲ့သို့ အရှုံးသမားကို မည်သူက လက်ထပ်ချင်မည်နည်း။

"အဲဒါကြောင့် ကူရာရဲ့ ဝမ်းကွဲက ဖာချီဧကရာဇ်မျိုးနွယ်ရဲ့ သခင်လေးကို လက်မထပ်ချင်ဘူး ဖြစ်နေရတယ်"

ကာကူရာက ရှင်းပြလိုက်သည်။

ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်၏အမူအရာက အနည်းငယ် ထူးဆန်းသွားသည်။

ကျဆင်းလာသော မျိုးနွယ်စု...

အသုံးမကျသော သခင်လေး...

မင်္ဂလာဆောင်...

ဤအခြေအနေများက အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရသည်။

'ဖာချီဧကရာဇ်မျိုးနွယ်ရဲ့ သခင်လေးက ကမ္ဘာဖျက်ဆီးခြင်း ဘုရင်အသစ်လို့တော့ ငါ့ကိုမပြောနဲ့'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တိတ်တဆိတ် ပြောလိုက်သည်။

သို့သော်လည်း အပေါ်ယံမှာတော့ မထူးခြားသလို ပြောလေသည်။

"ဖာချီဧကရာဇ်မျိုးနွယ်က ဆုတ်ယုတ်လာတယ်ဆိုရင် ဘာဖြစ်လို့ မငြင်းဆန်လိုက်တာလဲ၊ အဲလိုဆိုရင်တောင် အထူးအဆန်းမဟုတ်ဘူး"

"မှန်တော့မှန်ပါတယ်၊ ဒါပေမဲ့ ပထမအနေနဲ့... ဖာချီဧကရာဇ်မျိုးနွယ်က သခင်လေးရဲ့ အဖိုးဟာ တချိန်က ဝမ်းကွဲညီအစ်မတော်ရဲ့ မိဘတွေကို မတော်တဆ ကယ်တင်ခဲ့မိတယ်"

"ဒုတိယအနေနဲ့ ဖာချီဧကရာဇ်မျိုးနွယ်က တစ်နေ့တခြား ကျဆင်းနေပေမဲ့ သူတို့နဲ့အဆင်ပြေတဲ့ ဧကရာဇ်မျိုးနွယ်တစ်ခု ရှိသေးတယ်။ အဲဒီဧကရာဇ်မျိုးနွယ်က ထိပါးဖို့မလွယ်ဘူး"

ကာကူရာက အနည်းငယ် အကူအညီမဲ့နေဟန်ဖြင့် ပြောလိုက်သည်။

"အဲဒီ ဧကရာဇ် မျိုးနွယ်စုက..."

ကျွင်းရှောင်ယောက်က မေးသည်။

"မီးနဂါးဧကရာဇ်မျိုးနွယ် ဒါမှမဟုတ် မီးနဂါးမျိုးနွယ်ပဲ"

ကာကူရာ၏လေသံက အနည်းငယ် လေးနက်သွား၏။

ယီရှဲ့ဧကရာဇ်မျိုးနွယ်က မီးနဂါးမျိုးနွယ်နှင့် ပြဿနာမဖြစ်လိုကြောင်း ထင်ရှားသည်။

"မီးနဂါး..."

ကျွင်းရှောင်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

၎င်းက ရှေးဦး မိစ္ဆာသားရဲမျိုးနွယ်များထဲမှ တစ်မျိုး ဖြစ်သည်။ နဂါးမျိုးနွယ်ဝင်တစ်မျိုးလည်း ဖြစ်၏။

သို့ရာတွင်၊ မီးနဂါးမျိုးနွယ်က အလွန်အစွမ်းထက်သည်။

နဂါးမျိုးနွယ်များထဲမှာပင် ယင်းက အလွန်အစွမ်းထက်သည့် မျိုးနွယ်တစ်ခု ဖြစ်နေသေးသည်။

၎င်းတို့က လျှို့ဝှက်ဆန်းကြယ်သော အချိန်စွမ်းအားကို ထိန်းချုပ်ရန် မွေးဖွားလာသော မျိုးနွယ်တစ်ခု ဖြစ်သည်။

အချိန်စွမ်းအားက လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်ဆုံး စွမ်းအားများထဲမှ တစ်မျိုးဖြစ်ချေသည်။

အခြားသက်ရှိသတ္တဝါများအတွက် အချိန်စွမ်းအားနှင့် စတင်မထိတွေ့မီ၊ အနည်းဆုံး ဧကရာဇ်တစ်ပိုင်းအဆင့်အထိ လေ့ကျင့်ရမည်ဖြစ်သည်။

ဧကရာဇ်အဆင့်သို့ ရောက်မှသာလျှင် ကနဦးထိန်းချုပ်မှုကို ပိုင်နိုင်လိမ့်မည်။

ရှည်လျားသော အချိန်မြစ်ကြီးကို ထင်ရှားစေလိုပါက အနည်းဆုံး ဒဏ္ဍာရီလာ ဧကရာဇ်အဆင့်နှင့် ပိုအားကောင်းသော နယ်ပယ်တစ်ခု လိုအပ်သည်။

သို့သော်လည်း ထိုမျိုးနွယ်စုကတော့ အချိန်ကို ထိန်းချုပ်နိုင်သော သဘာဝစွမ်းရည် ရှိပေသည်။

စင်စစ်သော်ကား တိုင်းတစ်ပါးမှ မီးနဂါးမျိုးနွယ်မှာ သွေးသန့်စင်သော မီးနဂါးမျိုးနွယ်တော့ မဟုတ်ပေ။

သို့သော်လည်း ထိုမျှ အားမနည်းသည်မှာ သေချာသည်။

"ငါနားလည်ပါပြီ၊ မီးနဂါးမျိုးနွယ်က ဖာချီဧကရာဇ်မျိုးနွယ်နဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့အတွက်... မင်းတို့က မီးနဂါးမျိုးနွယ်ကို မစော်ကားချင်ဘူး"

နောက်ဆုံးတော့ ကျွင်းရှောင်ယောက် သဘောပေါက်သွားသည်။

"ဒါကြောင့် မီးနဂါးမျိုးနွယ်ကို နောက်ဆုတ်သွားအောင် ငါ့ကို ကူညီပြီး ခြောက်လှန့်စေချင်တာပေါ့"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ယခုအခါ သူက တစ်ယောက်တည်း မဟုတ်ပေ။

စစ်နတ်ဘုရားနန်းတော်၏ စစ်နတ်ဘုရားနှင့် တုရှန်ဧကရာဇ်မျိုးနွယ်၏ သားမက် ဖြစ်သည်။

ဤအင်အားစုနှစ်ခုလုံးကို သူ၏နောက်ခံအဖြစ် သတ်မှတ်၍ ရ၏။

ထို့အပြင် ပိအန်းဧကရာဇ်မျိုးနွယ်နှင့် ပတ်သက်မှုရှိနေသေးသည်။

ထိုစကားကိုကြားတော့ ကာကူရာက ဆောလျင်စွာပြောလိုက်သည်။

"အတိအကျတော့ မဟုတ်ပါဘူး၊ ကူရာက သခင်လေးကို ဒုက္ခမပေးချင်ဘူး"

"တကယ်တော့ အိမ်ထောင်ပြုတာ ဘာမှမဖြစ်ပါဘူး။ ကူရာရဲ့ ဝမ်းကွဲအတွက် နည်းနည်း မတရားသလိုခံစားရရုံပါ"

ကာကူရာက သူမ၏ဝမ်းကွဲကို ကူညီချင်သည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက် ဆန္ဒမရှိလျှင် သူမက တိုက်တွန်းလိမ့်မည် မဟုတ်ပေ။

"ကိစ္စမရှိပါဘူး၊ ငါကလည်း ကမ္ဘာဖျက်ဆီးခြင်းဘုရင်အသစ်ကို စုံစမ်းဖို့ ကစဉ့်ကလျားနတ်ဆိုးပင်လယ်ကို သွားရဦးမှာ... ဒီလိုဆိုမှတော့ မင်္ဂလာပွဲကိုပါ တက်လိုက်တာပေါ့"

ကျွင်းရှောင်ယောက်က ဂရုမစိုက်သလို ပြုံးလိုက်သည်။

ထိုအစား သူကိုယ်တိုင်ပင် စိတ်ဝင်စားမိခဲ့ပေသည်။

"ကျေးဇူးတင်ပါတယ် သခင်"

ကာကူရာ၏ မျက်နှာက ပျော်ရွှင်မှုတို့ ပြည့်နှက်သွားသည်။ သူမက ကျွင်းရှောင်ယောက်၏ လက်မောင်းတစ်ဖက်ကို ဖက်တွယ်လိုက်၏။ ခပ်တင်းတင်းဖက်ခြင်းကြောင့် နူးညံ့သော အသားစိုင်နှစ်ခုက ကျွင်းရှောင်ယောက်၏လက်မောင်းကို ဖိကပ်သွားတော့သည်။

'ဖာချီဧကရာဇ်မျိုးနွယ်ရဲ့ သခင်လေးက တကယ်ကို အမှိုက်လား၊ ဒါမှမဟုတ်... သူ့မှာ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုခု ရှိနေတာလား'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

All Chapters