အခန်း ၁၀၅၉
Vol. 71 Ch. 1059
အခန်း ( ၁၀၅၉ ) ရှေးဟောင်းမိစ္ဆာနတ်ဘုရား။
အနက်ရောင်ဝတ်စုံဖြင့် ထိုလူငယ်လေးမှာ ကစဉ့်ကလျားနတ်ဆိုးပင်လယ်တွင် နာမည်ကျော်ကြားသော ဖာချီဧကရာဇ်မျိုးနွယ်၏ အမှိုက်သခင်လေး ဖြစ်သည်။
သူ့အမည်ကား နာရာကူ ဖြစ်၏။
နာရာကူ၏ အဓိပ္ပါယ်မှာ အဆုံးမဲ့ငရဲ ဖြစ်သည်။
ထိုနာမည်အရ အလွန် မကောင်းဆိုးရွားဆန်သော ပါရမီရှင်မျိုး ဖြစ်သင့်သည်သည်။
သို့ရာတွင် ထိုသို့မဟုတ်ခဲ့ပေ။
နာရာကူက ပါရမီရှင်တစ်ဦး မဟုတ်ပါ။
လေ့ကျင့်၍မရသော အမှိုက်ကောင်တစ်ဦးပင် ဖြစ်နေသည်။
ဧကရာဇ်မျိုးနွယ်၏ သခင်လေးတစ်ဦးက မလေ့ကျင့်နိုင်ဘဲ အမှိုက်ကောင်တစ်ဦး ဖြစ်နေခြင်းမှာ လူအားလုံး၏ လှောင်ရယ်စရာဖြစ်ခဲ့ပေသည်။
နာရာကူနှင့် ဖာချီဧကရာဇ်မျိုးနွယ် တစ်ခုလုံးက ဝေဖန်မှုနှင့် လှောင်ပြောင်မှုများစွာကို ခံစားခဲ့ရသည်။
သို့သော်လည်း နာရာကူတစ်ဦးတည်းသာ တကယ် အမှန်တရားကို သိသည်။
တကယ်တမ်းတွင် နာရာကူက အမှိုက်တစ်ခု လုံးဝ မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူက ပါရမီရှင်တစ်ဦး ဖြစ်သည်။
မကြုံစဖူး ထူးကဲသော အရည်အချင်းဖြင့် ပါရမီရှင် ဖြစ်၏။
သူဟာ ကျင့်ကြံခြင်းတွင် အလွန်ထူးချွန်သည့်အပြင် သူ့ခန္ဓာကိုယ်ထဲမှာလည်း ကြီးမားသော မိစ္ဆာစွမ်းအားများ ရှိနေခဲ့သည်။
ထိုအချိန်က၊ ဖာချီဧကရာဇ်မျိုးနွယ် တစ်ခုလုံးဟာ နာရာကူကို လျှို့ဝှက်လက်နက်အဖြစ် လေ့ကျင့်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။
သခင်လေးရာထူးကိုလည်း တိုက်ရိုက်ပေးအပ်ခဲ့၏။
အရင်းအမြစ်များအားလုံးကလည်း သူ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
သို့သော်လည်း အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့သည်။
ဖာချီဧကရာဇ်မျိုးနွယ်တွင် ရှေးဟောင်းနတ်ကွန်းတစ်ခု ရှိပေသည်။
ယာကီဗိမ္မာန်ဟု ခေါ်သည်။
ယင်းကို ဖာချီဧကရာဇ်မျိုးနွယ်၏ ဘိုးဘွားများအား အရိုအသေပြုရန် အသုံးပြုကြ၏။
ဖာချီဧကရာဇ်မျိုးနွယ်မှာ မထင်မှတ်လောက်အောင် အစွမ်းထက်သော သက်ရှိတစ်ဦးမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
ယာကီမိစ္ဆာနတ်ဘုရား။
၎င်းက ယီရှဲ့မျိုးနွယ်မှ နတ်ဘုရားမနှင့် ကောင်းကင်နက်မျိုးနွယ်၏ မဟာကာလီတို့နှင့်မတူပေ။
ယာကီမိစ္ဆာနတ်ဘုရားက ရှေးကျလွန်းလှသည်။
ရှေးခေတ်သမိုင်းမှာတောင် သူနှင့်ပတ်သက်သည့် မှတ်တမ်းများကို အများကြီးမတွေ့ရပေ။
မရေရာသော မှတ်တမ်းများသာ ရှိသည်။
ကောလဟာလများအရ သူဟာ အမှောင်ထု၏အဆုံးမှ ဆင်းသက်လာသော သဘာဝကပ်ဘေးအဆင့် တည်ရှိမှုတစ်ခု ဖြစ်ချေသည်။
ဖာချီဧကရာဇ်မျိုးနွယ်တွင် ထုံးတမ်းစဉ်လာတစ်ခု ရှိသည်။
ယင်းက မျိုးဆက်သစ်များ အသက်အရွယ်တစ်ခုရောက်ပြီးနောက် ယာကီဗိမာန်ရှေ့တွင် ဝတ်ပြုကာ မိစ္ဆာနတ်ဘုရားထံမှ ကောင်းချီးမင်္ဂလာများကို တောင်းခံကြခြင်းပင်။
သို့ရာတွင် နာရာကူမှ ဝတ်ပြုခဲ့သောအခါ ထူးခြားမှုတစ်ခု ဖြစ်ခဲ့သည်။
ယာကီဗိမာန်မှ ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး နာရာကူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။
ထို့နောက် သူ၏ စွမ်းရည်အားလုံးကို တံဆိပ်ခတ်ခဲ့တော့သည်။
ခဏချင်းမှာပင် နာရာကူက မကောင်းဆိုးရွာဆန်သော ပါရမီရှင်မှ သာမန်လူအဖြစ်သို့ ပြောင်းလဲသွားရသည်။
မဟုတ်သေး၊ သာမန်လူများလောက်ပင် မထက်မြက်နိုင်တော့ပေ။
သာမာန်လူများက မည်မျှပင် နိမ့်ကျပါစေ အနည်းဆုံးတော့ လေ့ကျင့်နိုင်သည်။
သို့ရာတွင်၊ နာရာကူကတော့ မလေ့ကျင့်နိုင်ခဲ့ပေ။
သို့သော်... ထိုအချိန်တွင် သူ့နှလုံးသားထဲမှာ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"အမှောင်ဘုရင်တွေ ပေါ်လာတဲ့အခါ တံဆိပ်ကို ရုတ်သိမ်းလိမ့်မယ်"
"အဲဒီအချိန်မှာ မင်းက ဗိမာန်ထဲကိုဝင်ပြီး မိစ္ဆာနတ်ဘုရားရဲ့ စစ်မှန်တဲ့ကောင်းချီးကို ခံယူရလိမ့်မယ်"
ထိုစကားများကို နာရာကူတစ်ဦးတည်းသာ ကြားနိုင်သည်။
သူက ထိုအကြောင်းကို မည်သူ့ကိုမျှ မပြောခဲ့ပေ။
မည်သို့ပင်ဆိုစေ၊ လက်ရှိအချိန်တွင် သူက လေ့ကျင့်၍ မရတော့သဖြင့် ထုတ်ပြောနေရန် အကြောင်းမရှိတော့ပါ။
ဤသို့ဖြင့် အမှိုက်သခင်လေးဆိုသော နာမည်က ကျယ်ပြန့်လာခဲ့သည်။
သို့သော်လည်း မကြာသေးမီက ဖျက်ဆီးခြင်းဘုရင်များ တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြသည်။
နာရာကူလည်း သူ့ခန္ဓာကိုယ်ရှိ တံဆိပ်များ ပြေလျော့သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရပေသည်။
နာရာကူသည် တစ်ခါတစ်ရံ သူ့ကိုယ်သူ ကမ္ဘာဖျက်ဆီးခြင်း ဘုရင်များထဲမှ တစ်ပါးဖြစ်မည်ဟုပင် သံသယဝင်မိသည်။
သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ၊ သူ၏ ချိတ်ပိတ်ခြင်းကို မကြာမီ ဖယ်ရှားမည်ဟု ယုံကြည်ခဲ့ပေသည်။
ဤအခိုက်တွင်၊ နာရာကူက ယာကီဗိမာန်ရှေ့မှာ လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရပ်နေသည်။
ဤဗိမာန်အတွင်းကို မည်သူမျှ မ၀င်ဖူးပါ။ ၎င်းက ဖာချီဧကရာဇ်မျိုးနွယ်အတွက် တားမြစ်နယ်မြေ ဖြစ်သည်။
သို့သော်လည်း နာရာကူကတော့ မကြာမီဝင်ရောက်ပြီး အမြင့်ဆုံးအာဏာကို ရရှိလိမ့်မည်ဟု ယုံကြည်နေခဲ့ပေသည်။
သူဟာ ယခုခေတ်၏ ကံကြမ္မာ၏သားတော် ဖြစ်သည်။
"နာရာကူ..."
အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
"အဘိုး"
နာရာကူ လှည့်ကြည့်လိုက်တော့ ဆံပင်ဖြူ အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရ၏။
သူ့ကြောင့်ပင် ယီရှဲ့ဧကရာဇ်မျိုးနွယ်စုမှ ယိုမီနှင့် လက်ထပ်စာချုပ် ချုပ်ဆိုခဲ့ရခြင်း ဖြစ်ချေသည်။
"မင်္ဂလာဆောင်ရက်နီးလာပြီ၊ မင်း အပြင်ထွက်ရတော့မယ်။ အနည်းဆုံးတော့ မင်းရဲ့ဘဝလေး တည်ငြိမ်သွားမယ်လေ၊ အဘိုးလည်း စိတ်ချရနိုင်မယ်"
အဘိုးအိုက ပြုံးကာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့ အဘိုး၊ အဘိုးကို မြေး စိတ်မပျက်စေပါဘူး"
နာရာကူ အသက်ပြင်းပြင်းရှူလိုက်၏။
သူက သူ့လျှို့ဝှက်ချက်ကို မည်သူ့ကိုမျှ မပြောခဲ့ပါ။ သူ့အရင်းနှီးဆုံး ဆွေမျိုးများကိုတောင် မပြောခဲ့ပေ။
ထိုမတိုင်မီ တံဆိပ်ကို အရင်ဖယ်ရှားချင်သည်။
အချိန်တန်မှ ကမ္ဘာကြီးကို သူ့အကြောင်း သိစေလိမ့်မည်။
"ဒါပေမဲ့ အဘိုး၊ ယိုမီက ဒါကိုလက်ခံဖို့ ဝန်လေးနေပုံရတယ်လို့ ကြားတယ်"
နာရာကူက ရယ်ချင်ဟန်ဖြင့် ပြောလိုက်သည်။
အရှုံးသမားကို မည်သူကမျှ လက်မထပ်လိုကြောင်း သူ နားလည်ပေသည်။
သို့သော်လည်း ယိုမီသာ အမှန်တကယ်ငြင်းဆန်ပါက သူမ အမြင်မရှိလို့သာ ဖြစ်ရမည်။
"စိတ်မပူပါနဲ့၊ ဒီအိမ်ထောင်ရေးက သေချာတယ်။ မီးနဂါးမျိုးနွယ်လည်း ဒီပွဲမှာ ပါဝင်မှာပါ"
အဘိုးအိုက အခိုင်အမာ ပြောလိုက်သည်။
မီးနဂါးမျိုးနွယ်ကို ထည့်မတွက်လျှင်ပင်...
ဤမင်္ဂလာပွဲအား ရပ်တန့်ဝံ့သူက ဖာချီဧကရာဇ်မျိုးနွယ်၏ ရန်သူဖြစ်လိမ့်မည်။
အဘိုးအိုဟာ ဘယ်သူမှ ထိုမျှမမိုက်မဲနိုင်ဘူးဟု ယုံကြသည်။
ဤသို့ဖြင့် အချိန်များ ကုန်လွန်သွားခဲ့ပြီ။
ကစဉ့်ကလျားနတ်ဆိုးပင်လယ်တွင်လည်း တဖြည်းဖြည်း စည်ကားသက်ဝင်လာခဲ့သည်။
ယီရှဲ့ဧကရာဇ်မျိုးနွယ်နှင့် ဖာချီဧကရာဇ်မျိုးနွယ်က ကစဉ့်ကလျားနတ်ဆိုးပင်လယ်၏ အုပ်စိုးရှင်များ ဖြစ်ချေသည်။
ဖာချီဧကရာဇ်မျိုးနွယ်က ကျဆင်းလာသော်လည်း ဆင်ပိန် ဆိတ်လောက်တော့ ရှိနေဆဲ ဖြစ်သည်။
ထို့အပြင်၊ အမှိုက်သခင်လေး နာရာကူကလည်း ဆွဲဆောင်မှုတစ်ခု ဖြစ်နေသေးသည်။
ပွဲကြည့်ရန် လာရောက်သူများလည်း ရှိသည်။
ယီရှဲ့ဧကရာဇ်မျိုးနွယ်စု၏ ပါရမီရှင် ယိုမီက ဤမျှသာလွန်ကောင်းမွန်သော သခင်လေးကို လိုလိုလားလား လက်ထပ်မည်ဟု မထင်ထားပေ။
"ဟားဟားဟား၊ စိတ်ဝင်စားစရာပဲ။ ငါ ဒီမင်္ဂလာပွဲကို သေချာပေါက် သွားတက်မယ်"
"အမှန်ပဲ၊ ဒါက တစ်နှစ်တာ အကောင်းဆုံးပြပွဲလို့တောင် ဆိုနိုင်တယ်။ ယီရှဲ့ဧကရာဇ်မျိုးနွယ်စုရဲ့ ချောမောလှပတဲ့ ပါရမီရှင်မလေးက အမှိုက်ကောင်ကို လက်ထပ်တဲ့အထိ အမြင်မရှိဖြစ်မယ်လို့တော့ မထင်ဘူး"
"နောက်ပြီးတော့ အဲဒီပွဲမှာ ကာကူရာကို မြင်နိုင်မလား မသိဘူး"
"အင်း၊ သူက ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးထဲက တစ်ပါးပဲလေ။ ဒါပေမဲ့ သူက စစ်နတ်ဘုရားနဲ့ ရောထွေးနေတယ်လို့ ငါကြားတယ်"
ကစဉ့်ကလျားနတ်ဆိုးပင်လယ်ရှိ ကျွန်းအမျိုးမျိုးတွင် သင်္ဘောကြီးများ ပေါ်လာခဲ့ကြသည်။ အားလုံးက မင်္ဂလာပွဲသို့ သွားရောက်ရန် အသင့်ဖြစ်နေပြီ။
တစ်ချိန်တည်းမှာပင်၊ အခြားရှေးဟောင်းကျွန်းတစ်ကျွန်းမှ သင်္ဘောပျံတစ်စင်း ထွက်လာခဲ့သည်။
သင်္ဘောပေါ်တွင် အဖွဲ့တစ်ဖွဲ့က လိုက်ပါစီးနင်းခဲ့၏။
သင်္ဘော၏ ကုန်းပတ်ပေါ်မှာတော့ လူတစ်ယောက် ရပ်နေသည်။
ထိုသူ၏ ဘယ်ဘက်မျက်လုံးက အနက်ရောင်သန့်သန့်ဖြစ်ပြီး ညာဘက်မျက်လုံးမှာတော့ အဖြူရောင် ဖြစ်ချေသည်။
သူ့မျက်လုံးများက နေ့နှင့်ညကဲ့သို့ အလွန်ထူးဆန်းသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ အရေပြားမျက်နှာပြင်ကိုလည်း နဂါးအကြေးခွံအလွှာများက ဖုံးအုပ်ထားသေးသည်။
၎င်းက မီးနဂါးမျိုးနွယ်မှလူ ဖြစ်သည်။
'ငါ့အစ်ကိုက တံခါးပိတ်လေ့ကျင့်နေလို့ သူ့အစား ငါပဲ ဒီမင်္ဂလာပွဲကို တက်ရောက်ခဲ့ရတာ'
'ဒါပေမဲ့ အစ်ကိုက ဘာဖြစ်လို့ ဒီလိုသခင်လေး နာရာကူကို အမြင်သစ်နဲ့ကြည့်နေရတာလဲ မသိဘူး'
'ငါသူ့ကို မစော်ကားရဘူးတဲ့၊ အဲဒီအစား သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ ပြောခဲ့တယ်'
ထိုလူ၏နာမည်မှာ ကျူးဟွမ် ဖြစ်သည်။
သူ့အစ်ကိုကြီး နာမည်က ကျူးယဲ့ ဖြစ်၏။
သူက မီးနဂါးမျိုးနွယ်၏ ဧကရာဇ်သားတော်ဖြစ်ပြီး ထူးကဲသောခွန်အား ရှိပေသည်။
မကြာသေးမီကပင်၊ သူဟာ ထိတ်လန့်ဖွယ်ရာ အထောက်အထားတစ်ခုကို ရရှိခဲ့သည်။
"ဘာပဲဖြစ်ဖြစ်၊ အစ်ကို့ရဲ့စကားတွေကို နားထောင်ပြီး ဖာချီဧကရာဇ်မျိုးနွယ်ရဲ့ သခင်လေးကို ဒီင်္ဂလပွဲပြီးအောင် ကူညီပေးရမယ်'
ကျူးဟွမ်က သူ့စိတ်ထဲမှ တွေးနေမိသည်။
မီးနဂါးမျိုးနွယ်၏အဖွဲ့လည်း ယီရှဲ့မျိုးနွယ်စုတည်ရှိရာ ကျွန်းသို့ ချီတက်သွားတော့သည်။
ကစဉ့်ကလျားနတ်ဆိုးပင်လယ်တစ်ခုလုံး လှုပ်ရှားသက်ဝင်နေချိန်...
တိုင်းတစ်ပါးပြည်နယ်ဆယ်ခု၏ အစွန်း၊ ကစဉ့်ကလျားနတ်ဆိုးပင်လယ်အစပ်တွင်...
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပေါ်လာသည်။
အမျိုးသားက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့တကိုယ်လုံးကိုလည်း ကစဉ့်ကလျား အငွေ့အသက်များက လွှမ်းခြုံထား၏။ သူက တမင်တကာ မလှုပ်ရှားသော်လည်း သူ၏အရှိန်အဝါက လေဟာနယ်ကို တုန်လှုပ်စေခဲ့သည်။
အမျိုးသမီးကတော့ တိုင်းပြည်များကို ပြိုပျက်စေနိုင်သော အလှတရားမျိုး ရှိပေသည်။ တစ်ချိန်တည်းမှာပင် သူက ဆွဲဆောင်မှုရှိသော စိတ်နေစိတ်ထားမျိုး ရှိသည်။
ကျွင်းရှောင်ယောက်နှင့် ကာကူရာတို့ ဖြစ်ချေသည်။
ရွယ်ယွဲ့အတွက်တော့ ကျွင်းရှောင်ယောက်က သူမကို စစ်နတ်ဘုရားနန်းတော်သို့ ဦးစွာပြန်စေခဲ့သည်။