← Chapters

အခန်း ၁၀၆၀

Vol. 71 Ch. 1060

အခန်း ၁၀၆၀

Vol. 71 Ch. 1060

အခန်း ( ၁၀၆၀ ) မင်္ဂလာပွဲစတင်ပြီ။

"ဒါက ကစဉ့်ကလျားနတ်ဆိုးပင်လယ်လား"

ကျွင်းရှောင်ယောက်က ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ရာ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် အဆုံးမဲ့အမှောင်ထုကြီးကို တွေ့လိုက်ရသည်။

"ဒီကစဉ့်ကလျားနတ်ဆိုးပင်လယ်ရဲ့ ရင်းမြစ်က ဘာလဲ"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

"ဒါက အမှောင်မြစ်နဲ့ ဆက်စပ်နေတယ်လို့တော့ ကြားဖူးပါတယ်။ နောက်ဆုံးမှာတော့ အမှောင်မြစ်က ငါတို့ တိုင်းတပါးပြည်နယ်ရဲ့ မိခင်မြစ်ဖြစ်ပြီး ပြည်နယ်ဆယ်ခုကို လွှမ်းခြုံထားတာ"

ကာကူရာက ပြောလိုက်သည်။

"အမှောင်မြစ်..."

ကျွင်းရှောင်ယောက်၏ မျက်လုံးများက တွေးခေါ်မှုအရိပ်အယောင်များ ပေါ်လာခဲ့သည်။

လော့ရှန်းလင်အကြောင်းကို သူ တွေးမိ၏။

သူဟာ အမှောင်မြစ်၏စွမ်းအား အကူအညီဖြင့် အချိန်ကြာမြင့်ပြီးနောက် အင်မော်တယ်ဘုရင်တစ်ပိုင်း ဖြစ်ခဲ့ခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်၏စိတ်ထဲတွင် အစီအစဉ်တစ်ခု ပေါ်လာခဲ့ပြီ။

သူက အ‌မှောင်မြစ်၏ ရင်းမြစ်ကို ရှာဖွေချင်သည်။

ဖြစ်ကောင်းဖြစ်နိုင်သည်က၊ လော့ရှန်းလင်ကို အဆင့်ဖြတ်ကျော်နိုင်စေရန် ကူညီနိုင်လိမ့်မည်။

ယခုအခါ၊ လော့ရှန်းလင်က သူ့လူတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

သူမကို အင်မော်တယ်ဘုရင်အဆင့်သို့ ချိုးဖြတ်ရန် ကူညီပေးနိုင်ပါက...

ကျွင်းရှောင်ယောက်အတွက် အားကောင်းသော အထောက်အပံ့တစ်ခု ထပ်မံပေါ်လာလိမ့်မည်။

တိုင်းတစ်ပါးတွင် အင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့် အကျော်အမော်များ၏ အဆင့်အတန်းက အလွန်မြင့်မားသည်။

သို့သော်လည်း စစ်မှန်သော အင်မော်တယ်ဘုရင်တစ်ပါးနှင့် မယှဉ်နိုင်တာ အသိသာကြီးပင်။

"ကစဉ့်ကလျားနတ်ဆိုးပင်လယ်က တော်တော်အသက်ဝင်တာပဲ"

မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်ကို ပေါင်းစည်းပြီးနောက် သူ၏အာရုံခံစားနိုင်စွမ်းက အလွန်ထက်မြက်လာပြီ ဖြစ်သည်။

ထို့အပြင်၊ ရှေးဦးဝိညာဉ်အဆင့်ကလည်း အနန္တအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီ။

အတွေးတစ်ခုဖြင့် ကျွင်းရှောင်ယောက်၏ ဝိညာဉ်အသိက ပင်လယ်ပြင်ကျယ်ကြီးကို ဖြတ်ကျော်သွားသည်။

လူများ၊ ယဉ်ပျံများအားလုံးက တူညီသော ဦးတည်ရာသို့ သွားနေကြပေသည်။

"မင်္ဂလာပွဲ စတော့မယ်"

ကာကူရာက ပြောလိုက်သည်။

သူမက ဖာချီဧကရာဇ်မျိုးနွယ်၏ သခင်လေးနှင့် ယိုမီကို လက်မထပ်စေလိုပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်ကို မည်သို့မျှ အတင်းအကြပ် မလုပ်နိုင်ခဲ့ပါ။

"သွားကြတာပေါ့၊ ငါလည်း မင်္ဂလာပွဲတွေကို မတက်ရောက်ရတာ ကြာပြီ"

ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

ကာကူရာက မျက်လုံးလေးပြူးပြီး ကျွင်းရှောင်ယောက်ကို ကြည့်လိုက်၏။

"ပထမဘုရင်သခင်‌ မေ့နေပြီထင်တယ်။ မကြာသေးခင်ကပဲ နင်က အိမ်ထောင်ရေးညီလာခံတစ်ခုမှာ မင်းသမီးငါးယောက်နဲ့ တပြိုင်နက်တည်း လက်ထပ်ခဲ့သေးတယ် မဟုတ်လား"

ကျွင်းရှောင်ယောက်လည်း ဘာမျှမပြောတော့ဘဲ ပြုံးရုံသာပြုံးလိုက်သည်။

ထို့နောက်မှာတော့ သူတို့နှစ်ဦးလည်း လေထဲမှ ဖြတ်သန်းကာ ပျံသွားတော့သည်။

တချိန်တည်းမှာပင် ကာကူရာ ယီရှဲ့မျိုးနွယ်အား သတင်းကြိုပို့ထားခဲ့သည်။

.........

ယီရှဲ့ဧကရာဇ်မျိုးနွယ်စုတည်ရှိရာ ကျွန်းပေါ်တွင်...

လေထဲတွင် မီးရောင်စုံနှင့် ရောင်စုံအလှဆင်ထားသည်။

အလွှာပေါင်းစုံမှ လူများလည်း ရောက်လာကြ၏။

"ဒီနေ့ မင်္ဂလာပွဲအတွက် ယီရှဲ့ဧကရာဇ်မျိုးနွယ်ရဲ့ သတို့သမီးကို ဂုဏ်ပြုပါတယ်"

"ယီရှဲ့ဧကရာဇ်မျိုးနွယ်နဲ့ ဖာချီဧကရာဇ်မျိုးနွယ်က ညီမျှတယ်။ မင်္ဂလာသတို့သားနဲ့ သတို့သမီးကလည်း တကယ်ကို လိုက်ဖက်ပါပေတယ်"

ရောက်လာကြသူများက ဂုဏ်ပြုစကားများ ပြောဆိုခဲ့ကြသည်။

သို့သော်လည်း ယီရှဲ့မျိုးနွယ်စုဝင်များ၏ မျက်နှာများက မည်းမှောင်နေလေသည်။

ဤဂုဏ်ပြုစကားများကို သူတို့ကြားရလေလေ... သူတို့ကို လှောင်ပြောင်နေသကဲ့သို့ ခံစားရပြီး စိတ်မသက်မသာ ခံစားကြရလေလေပင်။

"မျိုးနွယ်အဆင့်ချင်း တူညီရင်တောင် ကျဆင်းနေတဲ့ ဧကရာဇ်မျိုးနွယ်က ငါတို့နဲ့ တန်းတူညီမျှဖြစ်ဖို့ ဘယ်လိုအရည်အချင်းရှိလို့လဲ"

"အမှန်ပဲ၊ လေ့ကျင့်လို့တောင်မရတဲ့ အမှိုက်ကောင်က ငါတို့ရဲ့ ပါရမီရှင် ယိုမီနဲ့ ဘယ်လိုလိုက်ဖက်မှာလဲ"

ယီရှဲ့မျိုးနွယ်စုမှ လူများ၏ မျက်နှာများက ဒယ်အိုးဖင်ကဲ့သို့ မည်းနက်နေခဲ့သည်။

ဤမင်္ဂလာပွဲဟာ သူတို့အတွက်တော့ မင်္ဂလာမရှိဘဲ ရှက်စရာကောင်းလှပေသည်။

ဘေးဘက်ခန်းမတစ်ခုတွင်...

ယိုမီက သူမ၏ အနက်ရောင်ဆံနွယ်များကို သပ်ရပ်လှပစွာ ထုံးဖွဲ့ပြီး အဖြူရောင် ကျောက်စိမ်းဆံညှပ်တစ်ခုဖြင့် ညှပ်ထားသည်။

ကြော့ရှင်းသော ခန္ဓာကိုယ်လေးမှာလည်း အနီရောင်ဝတ်စုံဖြင့် လှပနေပြီး အနည်းငယ်ပို၍ စွဲမက်ဖွယ်ကောင်း၏။

ထိုမြင်ကွင်းကြောင့် ဘေးမှ အစေခံများလည်း မနေနိုင်ဘဲ ပြောလိုက်မိကြသည်။

"သခင်မလေး ယိုမီ၊ ရှင်က သိပ်လှတာပဲ"

ယိုမီက ပြုံးရုံပြုံးလိုက်၏။

ဘေးမှ အစေခံက သံသယစိတ်တို့ဖြင့် ထပ်မံမေးပြန်သည်။

"သခင်မလေးက ဒီနေ့ မင်္ဂလာပွဲကို လူသိရှင်ကြား ငြင်းမယ်လို့ ပြောထားတယ် မဟုတ်လား။ ဘာဖြစ်လို့ မင်္ဂလာဆောင်ဝတ်စုံကို လှလှပပ ဝတ်ထားရတာလဲ"

အစေခံလေးမှာ အမှန်တကယ် နားမလည်နိုင်ပေ။

ယုတ္တိနည်းအရပြောရလျှင်၊ ယိုမီက ယနေ့မင်္ဂလာပွဲအတွက် အတော်လေး သည်းခံနေရပြီး ရွံရှာနေသင့်သည်။

သို့သော်လည်း ယခုတော့ သူမ၏ပုံစံက ထင်သလောက် အေးစက်ပြီး မှုန်ကုပ်မနေပေ။

ယိုမီက အနည်းငယ်ပြုံးပြီး ပြောလိုက်သည်။

"ဟုတ်ပါတယ်၊ လက်ထပ်ပွဲကို ငါ သေချာပေါက် ငြင်းဆန်မှာ၊ အဲဒီသခင်လေးကို လက်ထပ်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး"

"ဒါပေမဲ့ ငါက အခုလို သေသေချာချာပြင်ဆင်နေတာ... အဲဒါက ဘာကြောင့်လို့ ထင်လဲ"

"ဒါဆိုရင် ဘယ်အတွက်လဲ"

အစေခံလေးမှာ ပို၍ပင် စိတ်ရှုပ်ထွေးသွားသည်။

ယိုမီလည်း ပြုံးရုံပြုံးပြီး မရှင်းပြတော့ပေ။

အမှန်တော့၊ သူမ သဘောကျရသည့် သူရဲကောင်းရှေ့တွင် ကျက်သရေနည်းနည်း ပို၍တိုးစေချင်သည်။

နာရာကူသာ ထိုအကြောင်းကိုသိလျှင် ဒေါသထွက်လွန်းသဖြင့် သွေးရလိမ့်မည်။

မကြာမီ၊ သူ့ဇနီးဖြစ်လာတော့မည့် မိန်းကလေးက လှလှပပ ပြင်ဆင်နေသော်လည်း သူ့အတွက် မဟုတ်ပေ။

မသိလိုက်ခင်မှာပင်၊ နာရာကူ၏ ဦးခေါင်းပေါ်တွင် ခွင့်လွှတ်ခြင်း ဦးထုပ်တစ်လုံးကို ဆောင်းထားပြီးသား ဖြစ်သွားသည်။

တဖြည်းဖြည်းနှင့် ဧည့်သည်များ ပိုများလာခဲ့သည်။

ကျွန်းပေါ်တွင် စားပွဲများစွာ ပြင်ဆင်ထားသည်။ တန်ဖိုးကြီး ဆေးပင်ဆေးဝါးများဖြင့် ဖန်တီးထားသော အစားအသောက်များကိုလည်း တည်ခင်းထား၏။

ထိုအချိန်တွင် သင်္ဘောတစ်စင်း ရောက်လာသည်။

သင်္ဘောပေါ်မှ လူတစ်စု ဆင်းလာကြ၏။

အဖွဲ့ကို ဦးဆောင်လာသူ လူငယ်မှာ ကျူးဟွမ် ဖြစ်သည်။

"မီးနဂါးမျိုးနွယ်ကလူတွေ ရောက်လာပြီ"

"အဲ၊ ဒါက ကျူးဟွမ်ပဲ။ သူ့ရဲ့အစ်ကို ကျူးယဲ့ မပါဘူး"

"မီးနဂါးမျိုးနွယ်စုတော့ ရောက်လာပြီ၊ သူတို့သာဝင်မပါရင် ယီရှဲ့မျိုးနွယ်က ဒီမင်္ဂလာပွဲကို ကျင်းပဖို့ ဆန္ဒရှိမှာ မဟုတ်ဘူးလို့ ထင်တယ်"

ပတ်ဝန်းကျင်တွင် တီးတိုးစကားသံအချို့ ကြားနေရခဲ့သည်။

"ကျုပ်တို့ မီးနဂါးမျိုးနွယ်က မျိုးနွယ်စုနှစ်စုရဲ့ မင်္ဂလာပွဲအတွက် ဂုဏ်ပြုပါတယ်"

ကျူးဟွမ်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ထို့နောက် အဝေးတစ်နေရာမှ ရေယာဉ်စုတစ်စု ရောက်လာ၏။

၎င်းက ဖာချီဧကရာဇ်မျိုးနွယ်မှ သတို့သားအဖွဲ့ ဖြစ်ချေသည်။

သူတို့၏ အရှိန်အဟုန်ကလည်း ကြီးမားသည်။

"ဆင်ပိန်တော့ မြင်းလောက်ရှိသေးတယ်တဲ့။ သူတို့က ကျဆင်းနေပြီဆိုပေမဲ့ ဒီအရှိန်အဝါက..."

ဖာချီဧကရာဇ်မျိုးနွယ်၏အဖွဲ့မှ အားကောင်းသော အငွေ့အသက်တချို့ကို ခံစားမိသော လူများမှာ တိတ်တဆိတ် တုန်လှုပ်သွားကြသည်။

ခေါင်းဆောင်လာသူက အနက်ရောင်ဝတ်စုံကို ဝတ်ထားသည့် သခင်လေး နာရာကူ ဖြစ်ချေသည်။

ဤအခိုက်တွင်၊ သူ့မျက်နှာက ရေကဲ့သို့ ငြိမ်သက်နေပြီး ထူးခြားမှုမရှိဟန်ဖြင့် လျှောက်လှမ်းလာခဲ့သည်။

"ဟင်၊ ဒါက ဖာချီဧကရာဇ်မျိုးနွယ်ရဲ့ သခင်လေးပဲ။ ဒါပေမဲ့ သူ့အမူအရာက ဘာဖြစ်လို့ နည်းနည်း တည်ငြိမ်အေးချမ်းနေရတာလဲ"

"ဟုတ်တယ်၊ ဒီသခင်လေးကို အသုံးမကျတဲ့သူလို့ ပြောကြပေမဲ့ ဒီနေ့တော့ သတင်းတွေကလို ဟုတ်ပုံမရဘူး"

လူအများက အသံပို့လွှတ်ကာ ပြောဆိုလိုက်ကြသည်။

သို့ရာတွင်၊ နာရာကူထံမှ စွမ်းအင်အတက်အကျတို့ ထုတ်လွှတ်ခြင်းမရှိကြောင်း အာရုံခံမိပြီးနောက်...

သူတို့၏ အကြည့်များက အထင်မြင်သေးမှုအဖြစ် ပြောင်းသွားကြသည်။

သူ့ပတ်ဝန်းကျင်မှ သံသယ၊ ရှုတ်ချမှုများနှင့် အထင်အမြင်သေးမှုများကို သတိပြုမိတော့...

နာရာကူ၏အမူအရာက တည်ငြိမ်နေသော်လည်း လက်သီးကို အလိုအလျောက် ဆုပ်လိုက်မိပေသည်။

'သူတို့အားလုံးက တခြားသူတွေကို အပေါ်ယံအမြင်နဲ့ ဆုံးဖြတ်ပြီး နှိမ့်ချတဲ့ လူတစ်စုပဲ။ အနာဂတ်မှာ မင်းတို့ ငါ့ကြောင့် ထိတ်လန့်တုန်လှုပ်ရလိမ့်မယ်'

နာရာကူက သူ့စိတ်ထဲမှ တွေးလိုက်သည်။

သူ့ခန္ဓာကိုယ်တွင်းရှိ တံဆိပ်က အလွန်လျော့ရဲနေပြီဟု သူခံစားမိနေပြီ။

အလွန်တရာ ကြီးကျယ်ခမ်းနားပြီး တန်ခိုးကြီးသော မိစ္ဆာစွမ်းအားက ထိုးဖောက်ထွက်လာတော့မည့်ပုံရသည်။

ထိုအချိန်တွင်၊ နာရာကူက ကမ္ဘာကြီးကို တုန်လှုပ်စေမည်ဟု ယုံကြည်ခဲ့ပေသည်။

နာရာကူ၊ သူ့အဖိုးနှင့် အခြားသူများ ရောက်လာချိန်တွင်...

မဟာအကြီးအကဲ အပါအဝင်၊ ယီရှဲ့မျိုးနွယ်စုမှ အကြီးအကဲများအားလုံး ပေါ်လာခဲ့ကြသည်။

နန်းတော်အတွင်းမှ မပြေးရုံတမယ် ခြေလှမ်းများဖြင့် လျှောက်လှမ်းလာနေသည့် လှပသော ပုံရိပ်တစ်ခုလည်း ရှိသေးသည်။

ယိုမီ ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် ဖာချီဧကရာဇ်မျိုးနွယ်မှ လူများ အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။

နာရာကူနှင့် သူ့အဖိုးလည်း ထိုနည်းလည်းကောင်းပင်။

ယီရှဲ့ဧကရာဇ်မျိုးနွယ်က ဘယ်အချိန်ကစပြီး ဒီလောက် စိတ်အားထက်သန်လာတာလဲ။

"ယိုမီ"

လှပသော မိန်းကလေးကို ကြည့်လိုက်ပြီးနောက် နာရာကူ၏အမူအရာမှာ အနည်းငယ် အံ့ဩသွားပုံရသည်။

ယိုမီက သူနှင့်လက်ထပ်ရန် အလွန်ခက်ခဲနေသည်ဟု မပြောကြဘူးလား။

ယခုတော့ ထိုသို့ဟုတ်ပုံမရပေ။

နာရာကူကိုယ်တိုင်က ဤအိမ်ထောင်ရေးကို စိတ်ဝင်စားလှသည်မဟုတ်သော်လည်း...

မိန်းမလှလေးကို ဘယ်သူက မလိုချင်ဘဲရှိမှာလဲ။

"ယိုမီ၊ မင်း ဒီလောက် အလျင်လိုနေစရာ မလိုပါဘူး"

နာရာကူက အလွန်သင့်လျော်သည်ဟု သူထင်သော အပြုံးကို ထုတ်ဖော်လိုက်သည်။

သို့သော်...

ယိုမီက သူ့ကို လျစ်လျူရှုပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။

အဝေးမှ လေထဲတွင် ပုံရိပ်နှစ်ခု ထွက်ပေါ်လာ၏။

"ဝမ်းကွဲ ကူရာ"

ယိုမီ ဝမ်းသာသွားခဲ့သည်။ ထို့နောက် ကာကူရာဘေးမှ အဖြူရောင်ဝတ်စုံဖြင့် လူငယ်ကို လှမ်းကြည့်လိုက်၏။

ထိုအခါ သူ သေချာသွားသည်။

ထိုလူငယ်ကို သူ စိတ်ဝင်စားသွားပြီ။

All Chapters