← Chapters

အခန်း ၁၀၆၁

Vol. 71 Ch. 1061

အခန်း ၁၀၆၁

Vol. 71 Ch. 1061

အခန်း ( ၁၀၆၁ ) မင်္ဂလာပွဲအတွက် အဓိကဇာတ်ဆောင်က ဘယ်သူလဲ။

လေထဲတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပေါ်လာခဲ့သည်။

သဘာအဝတိုင်း ကာကူရာနှင့် ကျွင်းရှောင်ယောက် ဖြစ်၏။

ကာကူရာက ကျွင်းရှောင်ယောက် လာရောက်မည့်အကြောင်းကို ယီရှဲ့မျိုးနွယ်စုထံသို့ ကြိုတင်ပြောထားပြီး ဖြစ်သည်။

ထို့ကြောင့် ယိုမီအပါအဝင် ယီရှဲ့မျိုးနွယ်စုမှ အကြီးအကဲ အားလုံးက သူ့ကို နှုတ်ဆက်ရန် ထွက်လာကြခြင်း ဖြစ်ချေသည်။

ကျွင်းရှောင်ယောက်က တိုင်းတပါးတွင် အလွန်နာမည်ကျော်ကြားသူဖြစ်ကာ သူ့အနာဂတ်က အကန့်အသတ်မဲ့ဟု ဆိုနိုင်သည်။

ထို့ကြောင့် ယီရှဲ့မျိုးနွယ်ပင်လျှင် ယဉ်ကျေးရသေးသည်။

မင်္ဂလာပွဲ မြင်ကွင်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။

"ဟင်... အဲဒါက... ယီရှဲ့မျိုးနွယ်စုက ကာကူရာနဲ့ စစ်နတ်ဘုရားပဲ"

"ဒါက တကယ်ကို ကစဉ့်ကလျားခန္ဓာပဲဟ၊ သူရောက်လာပြီ"

"ကစဉ့်ကလျားခန္ဓာက တကယ်ကို ကောလဟာလတွေထဲအတိုင်း ထူးထူးခြားခြားပါပဲ"

ကျွင်းရှောင်ယောက် ရောက်ရှိလာခြင်းက ရောက်နေသူတိုင်းကို အံ့သြသွားစေခဲ့သည် ။

နောက်ဆုံးတွင် ကစဉ့်ကလျားနတ်ဆိုးပင်လယ်နှင့် တိုင်းတပါးပြည်နယ်ဆယ်ခုကြားတွင် အတိုင်းအတာတစ်ခုအထိ ဆက်သွယ်မှု နည်းပါးနေသေးသည်။

ထို့ကြောင့် ပြည်နယ်ကြီးဆယ်ခုတွင် ကျော်ကြားနေသော စစ်နတ်ဘုရားကို ဤမင်္ဂလာပွဲသို့ တက်ရောက်ရန် ကစဥ့်ကလျားနတ်ဆိုးပင်လယ်သို့ ရောက်ရှိလာမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

"သခင်လေး ရှောင်ယောက်"

ယိုမီ၏ မျက်လုံးများက ကျွင်းရှောင်ယောက်အပေါ်သို့သာ ကျရောက်နေခဲ့သည်။

ကျွင်းရှောင်ယောက်၏ ချောမောပြေပြစ်သော ရုပ်ရည်က သူ့ကို ဆွဲဆောင်ခဲ့၏။

သို့သော်လည်း ယိုမီ စိတ်ဝင်စားရခြင်းမှာ သူ၏ ရုပ်ရည်သက်သက်ကြောင့်တော့ မဟုတ်ပါ။

ယခင် ပျက်စီးခြင်းနယ်စပ်မှ ကျွင်းရှောင်ယောက်၏ သတင်းများကို သူမ ကြားဖူးသည်။

အဓိပဓိနယ်ပယ်ဖြင့် ဧကရာဇ်တစ်ပါး၏ တိုက်ခိုက်မှုကို တားဆီးခဲ့၏။

ယင်းကို မည်သူမျှ လုပ်နိုင်မည်ဟု မထင်ပေ။

ထိုစဉ်ကတည်းက ယိုမီဟာ ကျွင်းရှောင်ယောက်ကို စိတ်ဝင်စားမှု ရှိခဲ့သည်။

သူမ၏ နှလုံးသားထဲမှာတော့ ကျွင်းရှောင်ယောက်က သူ့ခေတ်ကိုဖြတ်ကျော်ပြီး ပါရမီရှင်အားလုံးထက် သာလွန်သော သူရဲကောင်းတစ်ယောက်ပင်။

"ဒါ မင်းရဲ့ဝမ်းကွဲလား"

ကျွင်းရှောင်ယောက်က ယိုမီကိုကြည့်ရင်း ကာကူရာကို မေးလိုက်သည်။

"ဟုတ်ပါတယ်၊ ဘယ်လိုလဲ... ပထမဘုရင် သခင်က စိတ်ဝင်စားလို့လား"

ကာကူရာက ပြုံးပြီး ပြောလိုက်၏။

ကျွင်းရှောင်ယောက်က ပြုံးရုံပြုံးပြီး ဘာမျှ မပြောတော့ပေ။

"ဟားဟားဟား၊ သခင်လေးရှောင်ယောက် ရောက်လာတာက ငါတို့ရဲ့ ယီရှဲ့မျိုးနွယ်ကို တောက်ပစေတယ်လို့ ပြောရမယ်"

ပဉ္စမအကြီးအကဲက ရယ်မောလိုက်သည်။

ကာကူရာမှ ကျွင်းရှောင်ယောက်ကို အမှန်တကယ် ဖိတ်ခေါ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

ယခုတော့ ဤနည်းဖြင့်၊ ယနေ့ မင်္ဂလာပွဲတွင် အချိုးအကွေ့တစ်ခု ရှိနိုင်သည်။

"မိတ်ဆွေလေးရဲ့ နာမည်ကတော့ အခု ငါတို့ကမ္ဘာမှာ တကယ်ပဲ ကျော်ကြားထင်ရှားနေပါပြီ။ အဓိပဓိအဆင့်နဲ့ ဧကရာဇ်တစ်ပါးရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့တယ်ဆိုတာက သာမန်ကိစ္စမှ မဟုတ်တာ... ‌ဒီအဘွားကြီးတောင်မှ တုန်လှုပ်ခဲ့မိတယ်"

ယီရှဲ့မျိုးနွယ်စု၏ မဟာအကြီးမကဲ အဘွားအိုကလည်း အနည်းငယ်ပြုံးပြလိုက်သည်။

ကာကူရာက ကျွင်းရှောင်ယောက်နှင့် အဆင်ပြေမှုရှိကြောင်း မြင်ရပြီးနောက် သူ့မျက်နှာပေါ်မှ အပြုံးမှာ ပို၍ပင် ပီပြင်လာတော့သည်။

ကျွင်းရှောင်ယောက်က ကစဉ့်ကလျားခန္ဓာဖြစ်ပြီး ပထမဘုရင်ဆိုလျှင်လည်း မမှားပေ။ ပျက်စီးခြင်းနယ်စပ်မှာလည်း သူဟာ အလွန်ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့သည်။

သူ၏ အနာဂတ် အလားအလာများက အကန့်အသတ် မရှိပေ။

အကယ်၍၊ သူသာ ယီရှဲ့မျိုးနွယ်၏ သမက် ဖြစ်လာနိုင်ပါက...

သို့ဆိုလျှင် ယီရှဲ့မျိုးနွယ်စုမှာ ဖျက်ဆီးခြင်းဘုရင်နှစ်ပါး ရှိလာတော့မည် မဟုတ်ပါလား။

ထိုအချိန်တွင်၊ ယီရှဲ့မျိုးနွယ်စုက အန္တိမ ဧကရာဇ်မျိုးနွယ်အောက်တွင် အသန်မာဆုံးသော ဧကရာဇ်မျိုးနွယ် ဖြစ်လာမည် ဖြစ်သည်။

ဤအကြောင်းကြောင့်ပင် သူတို့က ကျွင်းရှောင်ယောက်ကို နှုတ်ဆက်ရန် ထွက်လာကြပြီး အလွန်ယဉ်ကျေးကြခြင်း ဖြစ်ချေသည်။

ဖာချီမျိုးနွယ်၏ သဘောထားကတော့ ယီရှဲ့မျိုးနွယ်နှင့် ဆန့်ကျင်ဘက်ပင်။

သူတို့အားလုံး မျက်နှာမသာမယာ ဖြစ်နေခဲ့ကြသည်။

နာရာကူ၏ အဘိုးမှာလည်း သူ့မျက်နှာက အေးစက်နေပြီ။ သူ့ရင်ဘတ်အတွင်းမှာ ဒေါသများဖြင့် ပြည့်နေပြီ ဖြစ်သည်။

ယီရှဲ့မျိုးနွယ်စုက ဤမျှကြီးကျယ်ခမ်းနားသော အခမ်းအနားဖြင့် ထွက်လာကြခြင်းမှာ သူတို့ကို ကြိုဆိုရန် မဟုတ်ပေ။ ထိုအစား ကျွင်းရှောင်ယောက်အတွက် ထွက်လာခဲ့ကြသည်။

နာရာကူ၏ အပြုံးမှာလည်း အေးစက်တင်းမာသွားသည်။

သူ ‌အတွေးလွန်နေပုံရ၏။

ယိုမီက သူ့ကို လုံးဝ အလေးအနက် မထားပေ။

"ကစဉ့်ကလျားခန္ဓာ"

ကျွင်းရှောင်ယောက်ကိုကြည့်ရင်း နာရာကူ၏ မျက်လုံးများက အနည်းငယ် အရောင်ပြောင်းသွားသည်။

ကျွင်းရှောင်ယောက်၏ အနီးတဝိုက်မှ ဟင်းလင်းပြင်က သူ့ဖိအားကို မခံနိုင်သကဲ့သို့ လှုပ်ရှားနေ၏။

ဤမြင်ကွင်းကြောင့် နာရာကူ၏ မျက်လုံးများမှာ ပို၍ လေးနက်သွားခဲ့သည်။

ကျွင်းရှောင်ယောက်၏ အကြောင်းများကို သူ ကြားဖူးပေသည်။

သူတို့နှစ်ဦးက လုံးဝ မတူညီသော အစွန်းနှစ်ရပ်ဟု ဆိုနိုင်သည်။

တစ်ဖက်မှာ တိုင်းတစ်ပါးတစ်ခုလုံးကို တုန်လှုပ်စေနိုင်သော ဘီလူးတစ်ကောင်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ အများ၏ လှောင်ပြောင်ခံရသည့် သခင်ငယ်လေးပင်။

နာရာကူ၏ အကြည့်ကို ခံစားမိတော့ ကျွင်းရှောင်ယောက်ကလည်း လှမ်းကြည့်လိုက်သည်။

'စိတ်ဝင်စားစရာပဲ...'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်၏။

သူ၏ အာရုံခံစားနိုင်စွမ်းအရ နာရာကူတွင် ကျင့်ကြံသူတစ်ဦးကဲ့သို့ အရှိန်အဝါမျိုးမရှိကြောင်း သူ ခံစားနိုင်သည်။

သို့သော်လည်း သူ့ခန္ဓာကိုယ်ထဲတွင် အလွန်အံ့သြစရာကောင်းသော အရှိန်အဝါတစ်မျိုး ရှိနေ၏။

ယင်းက မပေါ်လာသေးခြင်းသာ ဖြစ်သည်။

'သူက မျှော်လင့်ထားသလို ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးထဲက တစ်ပါး ဖြစ်နေမလား'

ကျွင်းရှောင်ယောက် မှန်းဆလိုက်၏။

ယခင်က ယွင်ရှောင်ဟေး၏ အမြီးဆယ်ချောင်း ကမ္ဘာဖျက်မြေခွေး၏ စွမ်းအားများ မပေါက်ကွဲလာခင်မှာလည်း ဤပုံစံမျိုးဖြစ်ကြောင်း သူ သတိရမိသည်။

မည်သို့ပင်ဆိုစေ၊ ကျွင်းရှောင်ယောက်ကတော့ အလေးအနက် မထားပါ။

ကျွင်းရှောင်ယောက် ရောက်ရှိလာခြင်းနှင့်အတူ...

မင်္ဂလာပွဲကြီးတစ်ခုလုံး၏ အငွေ့အသက်က အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်မှာ သေချာသည်။

ဤအရာက လူများစွာကို မနေနိုင်ဘဲ အတွေးတစ်ခုဝင်စေခဲ့ပေသည်။

ဒီမင်္ဂလာပွဲရဲ့ ဇာတ်ဆောင်က နာရာကူလား ဒါမှမဟုတ် ကျွင်းရှောင်ယောက်လား။

"ယိုမီနဲ့ လက်ထပ်ရမဲ့သူက စစ်နတ်ဘုရားယွီရှောင်ယောက်လို့ ဘာဖြစ်လို့ ငါခံစားနေရတာလဲ"

"ဟုတ်တယ်၊ ငါလည်း ဒီလိုပဲထင်တာ။ သခင်လေး နာရာကူ‌ကတော့ ဟာသတစ်ခု ဖြစ်ပြီပဲ"

တချို့ဆိုလျှင် အချင်းချင်း တီးတိုးပြောဆိုကြကုန်၏။

နာရာကူလည်း သူ့လက်သီးကို တင်းတင်းဆုပ်လိုက်မိပြီ။

သို့သော်လည်း သူ သည်းခံခဲ့သည်။

သူ့ခန္ဓာကိုယ်ထဲမှ တံဆိပ်ကို ဖယ်ရှားပြီးသည့်အခါ ကျွင်းရှောင်ယောက်အပါအဝင် လူတိုင်း၏ မျက်နှာကို ဖြတ်ရိုက်လိမ့်မည်။

ထို့နောက် မင်္ဂလာပွဲကို ဆက်လက်ကျင်းပခဲ့သည်။

ဧကရာဇ်မျိုးနွယ်စုနှစ်စုမှ လူများ ရောက်ရှိလာပြီမို့ လက်ထပ်ပွဲကို ကျင်းပရတော့မည်။

သို့သော်လည်း ယိုမီ၏ မျက်လုံးအကြည့်က ကျွင်းရှောင်ယောက်အပေါ်တွင်သာ အမြဲရှိခဲ့သည်။

ယင်းက နာရာကူ၏မျက်နှာကို မည်းမှောင်သွားစေခဲ့သည်။

ယခုထက်ပိုပြီး အရှက်စရာ ရှိပါဦးမည်လော။

မသိလိုက်ခင်မှာပင် နာရာကူဟာ ကျွင်းရှောင်ယောက်အပေါ် ရန်လိုမှုမျိုး ခံစားခဲ့ရသည်။

ကျွင်းရှောင်ယောက်ကတော့ ဂရုမစိုက်ပေ။

နာရာကူက ဖျက်ဆီးခြင်းဘုရင် ခြောက်ပါးထဲမှ တစ်ပါးဖြစ်လျှင်ပင် သူဂရုမစိုက်ပါ။

ပြဿနာရှာဝံ့ပါက တိုက်ရိုက် ဖိနှိပ်လိုက်ရုံသာ ဖြစ်သည်။

ထို့နောက် ထိမ်းမြားလက်ထပ်ပွဲကို စတင်ခဲ့သည်။

ထိုအချိန်တွင်...

ယိုမီက နှုတ်ခမ်းကိုကိုက်ပြီး အသံကိုမြှင့်၍ ရုတ်တရက် ပြောလိုက်သည်။

"ကျွန်မ ယိုမီက ဖာချီဧကရာဇ်မျိုးနွယ်ရဲ့ သခင်လေး နာရာကူကို လက်မထပ်နိုင်ပါဘူး"

ယိုမီဟာ မူလကတည်းက နာရာကူကို လက်ထပ်ရန် သဘောမတူခဲ့ပေ။

ယခုကဲ့သို့ ကျွင်းရှောင်ယောက်နှင့် တွေ့ရပြီးနောက် နာရာကူကို လက်ခံရန် ပို၍ပင် မဖြစ်နိုင်တော့ပါ။

ယိုမီ၏ စကားများက လေထုကို ရုတ်ချည်း တိတ်ဆိတ်သွားစေခဲ့သည်။

သို့သော်လည်း ဧည့်သည်များက အံ့သြမှု မပြခဲ့ကြပေ။

အကြောင်းမူ၊ ဤမင်္ဂလာပွဲက ထိုမျှမရိုးရှင်းနိုင်ကြောင်း သူတို့ မျှော်လင့်ထားပြီးသားဖြစ်သောကြောင့်ပင်။

သူတို့က ပွဲကြည့်ရန် ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

လူများစွာက စိတ်ဝင်စားသော မျက်လုံးများဖြင့် ဖာချီဧကရာဇ်မျိုးနွယ်နှင့် မီးနဂါးမျိုးနွယ်မှ လူများကို ကြည့်လိုက်ကြသည်။

"ယိုမီ မင်းဘာတွေပြောနေတာလဲ"

အံကိုတင်တင်းကြိတ်ရင်း နာရာကူ၏ နဖူးသွေးကြောများက ထောင်ထလာခဲ့သည်။

ယိုမီက ယခုအချိန်မှ ဤသို့ လူသိရှင်ကြား ကြေညာနေခြင်းမှာ သူနှင့် ဖာချီဧကရာဇ်မျိုးနွယ်၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်း မဟုတ်ပါလား။

"ယီရှဲ့မျိုးနွယ်၊ မင်းတို့ ကတိကို ဖျက်တော့မှာလား"

နာရာကူ၏ အဖိုးဖြစ်သူလည်း ဒေါသကို မချုပ်တီးနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

ယီရှဲ့မျိုးနွယ်ဘက်မှ ပဉ္စမအကြီးအကဲက ထရပ်ပြီး ပြောလိုက်၏။

"ဒီမင်္ဂလာပွဲဟာ အရင်ကတည်းက မသင့်တော်ဘူး။ ဒါက အမှားအယွင်းတစ်ခုပဲ"

"ဘာအမှားလဲ"

ထိုအချိန်တွင် မီးနဂါးမျိုးနွယ်ဘက်မှ အသံထွက်လာသည်။

ကျူးဟွမ်က နေရာမှ ထရပ်လိုက်၏။

သူ့အစ်ကိုက နာရာကူနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ရန် မှာကြားထားသည်။

ဤအချိန်က သူ ထုတ်ဖော်ပြသရမည့်အချိန်ပင်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ..."

မီးနဂါးမျိုးနွယ်မှ လှုပ်ရှားမှုက ပွဲကြည့်နေသော ပရိသတ်အပေါင်း၏ မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်လာစေခဲ့သည်။

ယီရှဲ့မျိုးနွယ်စုက ဤကိစ္စကို မည်သို့ဖြေရှင်းကြမည်နည်း။

"ယီရှဲ့မျိုးနွယ်၊ သဘောတူညီချက်ကို ချိုးဖျက်လိုက်တာ ကောင်းတဲ့ကိစ္စမဟုတ်ဘူး"

ကျူးဟွမ်က အေးဆေးတည်ငြိမ်စွာပြောပြီး ယိုမီကို ကြည့်လိုက်သည်။

ကစဉ့်ကလျားနတ်ဆိုးပင်လယ်တွင် အင်အားအကြီးဆုံး ဧကရာဇ်မျိုးနွယ်စုအနေဖြင့် ယီရှဲ့မျိုးနွယ်ကို မကြောက်ပေ။

ကျူးဟွမ်၏အကြည့်က ယိုမီအား ကြီးမားသောဖိအားကို ခံစားရစေသည်။ သူမ၏ မျက်နှာလေးက ဖြူဖျော့သွား၏။

မီးနဂါးမျိုးနွယ်၏ ဖိအားက ကြီးမားလွန်းလှသည်။

ထိုအချိန်တွင် နူးညံ့ပြေပြစ်သော အသံက ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

"လူတိုင်းမှာ ကိုယ့်ရဲ့ တာအိုလက်တွဲဖော်ကို လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ ထင်ပါတယ်။ အတင်းခူးတဲ့ ဖရဲသီးက မချိုဘူး။ မင်းဘက်ကသာ သဘောထားကြီးကြီးနဲ့‌ နောက်ပြန်ဆုတ်လိုက်ရင် ပိုကောင်းပြီး ကမ္ဘာကြီးက ပိုတောက်ပလာမယ် မဟုတ်လား"

ထိုအသံကိုကြားတော့ အားလုံးက အသံလာရာအရင်းအမြစ်ကို ပြိုင်တူ ကြည့်လိုက်ကြ၏။

အသံရှင်ကား ကျွင်းရှောင်ယောက် ဖြစ်တော့သည်။

All Chapters