အခန်း ၁၀၆၃
Vol. 71 Ch. 1063
အခန်း ( ၁၀၆၃ ) နာရာကူနှင့် တိုက်ခိုက်ခြင်း။
မြင်ကွင်းက ခဏတာ တိတ်ဆိတ်သွားသည်။
ဤမြင်ကွင်းက လူတိုင်းကို တုန်လှုပ်စေ၏။
နာရာကူက ထမြောက်ပြီး အဓိပဓိအဆင့်ထိ တိုက်ရိုက် ချိုးဖြတ်သွားခဲ့ခြင်းမှာ လူတိုင်း၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်သွားခဲ့သည်ဟု ဆိုနိုင်သည်။
ယခုတော့ ကျွင်းရှောင်ယောက်၏ လက်သီးချက်ကြောင့် ထိုစိတ်ကူးနိုင်စွမ်းက လုံးဝ အဆုံးသတ်သွားခဲ့ပြီ။
"မျှော်လင့်ထားတဲ့အတိုင်း၊ အမှိုက်က အမှိုက်ပါပဲ"
"သူက အဓိပဓိအဆင့်ကို ဖြတ်ကျော်သွားရင်တောင် အမှိုက်ဖြစ်နေသေးပြီး စစ်နတ်ဘုရားနဲ့ မယှဉ်နိုင်ဘူး"
လူအများက အချင်းချင်း အသံပို့လွှတ်ကာ ပြောဆိုလိုက်ကြသည်။
သူတို့၏ မျက်လုံးထဲမှ တုန်လှုပ်မှုများလည်း ယခုတော့ တစ်ဖန် ငြိမ်သက်သွားပြီ။
နာရာကူက အဓိပဓိအဆင့်သို့ ဖြတ်ကျော်သွားပြီဖြစ်သော်လည်း...
အားနည်းသူတစ်ဦး ဖြစ်နေဆဲပင်။
"နာရာကူ"
နာရာကူ၏ အဖိုးနှင့် ဖာချီဧကရာဇ်မျိုးနွယ်မှ လူအားလုံး အော်ဟစ်လိုက်ကြသည်။
မူလက နာရာကူ၏ အဓိပဓိအဆင့်သို့ ချိုးဖြတ်ခြင်းမှာ သူတို့အတွက် အံ့အားသင့်ပြီး ကျေနပ်ဝမ်းမြောက်စရာ ဖြစ်ခဲ့သည်။
ယင်းက တုနှိုင်းမဲ့သော ပါရမီရှင်များ ပြန်ပေါ်လာခဲ့သကဲ့သို့ပင်။
ရလဒ်အနေဖြင့်၊ သူ့အရှိန်အဝါကို ခဏမျှ ထိန်းထားနိုင်ကာ ကျွင်းရှောင်ယောက်၏ လက်သီးချက်ဖြင့် လွင့်စဉ်သွားရသည်။
ဤအပြောင်းအလဲနှစ်ခုကြားမှ ခြားနားမှုက လူတိုင်းကို ဆွံ့အသွားစေခဲ့သည်။
ဖိအားများကြောင့် မျက်နှာလေးဖြူဖျော့နေသော ယိုမီပင်လျှင် မနေနိုင်တော့ဘဲ ရယ်မောနေတော့သည်။
"ဝုန်း"
အဝေးတွင် ပင်လယ်ရေမျက်နှာပြင်က ပေါက်ကွဲပြီး ကြီးမားသော လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက် ရေအောက်မှ ရုပ်ပျက်ဆင်းပျက်ဖြင့် လူတစ်ယောက် ပြေးထွက်လာ၏။
နာရာကူ ဖြစ်တော့သည်။
သို့သော်လည်း ယခုအချိန်တွင် သူ့အဝတ်အစားများက စုတ်ပြဲနေပြီး သူ့ရင်ဘတ်တွင်လည်း သွေးများ စီးကျနေသော အပေါက်ကြီးတစ်ခု ပေါ်လာခဲ့ရသည်။
ကျွင်းရှောင်ယောက်၏ လက်သီးချက်ကြောင့် သူ ခံစားခဲ့ရခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။
ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်၏ မျက်လုံးများမှာ အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
သူ၏ လက်ရှိအင်အားဖြင့် သာမန်လက်သီးတစ်ချက်ဖြစ်လျှင်ပင်...
သာမန် အဓိပဓိတစ်ပါး၏ ခန္ဓာကိုယ်ကို ပေါက်ကွဲသွားစေနိုင်လောက်သည်။ လူအနည်းငယ်သာ တားဆီးနိုင်ပေသည်။
ယခင် အပြာရောင်လီလီပန်းမျိုးနွယ်မှ ကောင်းကင်အဓိပဓိငယ်ပင်လျှင် ကျွင်းရှောင်ယောက်ကို ခန္ဓာကိုယ်ကြံ့ခိုင်မှုခြင်း မယှဉ်နိုင်ခဲ့ပါ။
ရလဒ်အနေဖြင့်၊ ယခုအခါမှာတော့ နာရာကူ၏ရင်ဘတ်မှာ သွေးစီးကျနေသော အပေါက်တစ်ခုသာ ရှိခဲ့သည်။
ယင်းက ကျွင်းရှောင်ယောက်၏ မျှော်လင့်ချက်ထက် ကျော်လွန်ခဲ့ပေသည်။
နာရာကူ၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့သည်။ သူ့မျက်နှာက ရှုံ့မဲ့နေပြီး မယုံနိုင်မှုများ ပြည့်သွား၏။
နောက်ဆုံးမှာတော့ သူဟာ ယခုလေးတင်မှ အဓိပဓိအဆင့်သို့ ချိုးဖြတ်ပြီး ထမြောက်လာခဲ့သူ ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ လက်သီးချက်ကြောင့် ချက်ချင်း အရှက်ကွဲခဲ့ရပေသည်။
သူ့ခမျာ အနည်းငယ်မျှပင် ဟိတ်ဟန် မထုတ်နိုင်ခဲ့ပေ။
ယင်းကို မည်သူက လက်ခံနိုင်မည်နည်း။
"မင်းငါ့ကို အလစ်အငိုက် တိုက်ခိုက်တယ်လား"
နာရာကူက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
ကျွင်းရှောင်ယောက်၏ အမူအရာကတော့ မပြောင်းလဲပေ။
"ကလေးတွေလည်း မဟုတ်တော့ဘူးကွာ။ ဒီလိုမျိုးပြောရတာ ကလေးဆန်တယ်လို့ မင်းမထင်ဘူးလား"
ရက်စက်ကြမ်းကြုတ်သော တိုင်းတစ်ပါးတွင် တရားမျှတမှုမရှိပါ။
အခြားသူများကို ကျော်ဖြတ်ပြီး ရှင်သန်နိုင်သူက အောင်နိုင်သူ ဖြစ်သည်။
တရားမျှတမှုနှင့် အကျင့်စာရိတ္တများက တိုင်းတပါးတွင် မရှိပေ။
လက်သီးပိုကြီးသူ ပြောသည့်စကားက အမှန် ဖြစ်သည်။
"မင်း..."
နာရာကူမှာ ဒေါသထွက်လွန်းသဖြင့် အသက်ရှူမြန်လာသည်။ မှောင်မိုက်သောခရမ်းရောင် မိစ္ဆာစွမ်းအားများက မြင့်တက်လာပြီး သူ့ရင်ဘတ်ဘတ်တွင် စုရုံးလာ၏။
သွေးများစီးကျနေသော အပေါက်ကြီးက သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ပျောက်ကင်းသွားတော့သည်။
ဤမြင်ကွင်းက လူအများ၏ မျက်လုံးများကို ကျဉ်းမြောင်းစေခဲ့သည်။
နာရာကူက ထိုမျှ မရိုးရှင်းနိုင်ကြောင်း လူတိုင်း ခံစားလိုက်ရလေသည်။
"အိုး"
ကျွင်းရှောင်ယောက်လည်း သတိထားမိသည်။
နာရာကူ၏ ခန္ဓာကိုယ်မှ အလွန်ကြီးမားသော မိစ္ဆာစွမ်းအားတစ်ခု ရှိနေ၏။
သို့သော်လည်း ယင်းက ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးနှင့် မတူပေ။
ယင်းကြောင့်၊ ကျွင်းရှောင်ယောက်ကို စူးစမ်းလိုစိတ်ဖြစ်စေသလို အနည်းငယ်လည်း စိတ်ရှုပ်ထွေးသွားစေခဲ့သည်။
"အရင်က ငါသတိလက်လွတ်ဖြစ်ခဲ့တာ၊ ထပ်လာမယ်"
နာရာကူက ထပ်မံလှုပ်ရှားလိုက်သည်။ သူ့လက်ကို မြှောက်လိုက်သောအခါ၊ မှောင်မိုက်သောခရမ်းရောင် မိစ္ဆာစွမ်းအားက အားကောင်းလာပြီး မရေမတွက်နိုင်သော မြွေအရိပ်များအဖြစ်သို့ ပြောင်းလဲသွား၏။ မြွေများက လေထုကိုဖြတ်သန်းကာ ကျွင်းရှောင်ယောက်အား တိုက်ခိုက်လာတော့သည်။
အကြောင်းတစ်ခုခုကြောင့် တိုက်ခိုက်လိုက်ချိန်တွင်...
နာရာကူ၏ နှလုံးသားထဲမှာ တိုက်ခိုက်လိုစိတ်များ ပေါ်လာခဲ့သည်။
တိုက်ခိုက်ရေးနည်းလမ်းများကိုလည်း သူ့အရိုးများနှင့် သွေးများတွင် ရေးထွင်းထားပုံရပြီး အလွန်ကျွမ်းကျင်မှုရှိ၏။
ကျွင်းရှောင်ယောက်လည်း သူ့လက်တစ်ဖက်ကိုမြှောက်ပြီး ဖိနှိပ်ဟန် ပြုလိုက်သည်။
ကစဥ့်ကလျားစွမ်းအင်များ တဟုန်ထိုးတက်လာပြီး ဟင်းလင်းပြင်က အက်ကြောင်းများ ပေါ်လာတော့သည်။
"ဝုန်း"
တစ်ချိန်တည်းမှာ မိုးကြိုးများ တအုန်းအုန်း ပေါက်ကွဲနေသကဲ့သို့ အသံများ ထွက်ပေါ်လာခဲ့သည်။
ထိုစွမ်းအားများက ပတ်ဝန်းကျင်မှ ပင်လယ်ပြင်တွင် လှိုင်းလုံးကြီးများကို ဖြစ်ပေါ်လာစေခဲ့ပေသည်။
ယီရှဲ့မျိုးနွယ်မှ အကျော်အမော်များလည်း ဤလှိုင်းများကို တွန်းလှံရန် ခံစစ်အစီရင်ကို အသက်သွင်းလိုက်ကြသည်။
ကစဉ့်ကလျားလက်ဝါးကြီးက ကောင်းကင်ကိုပင် လွှမ်းမိုးနိုင်ပုံရသည်ဟု နာရာကူ ခံစားခဲ့ရသည်။
ယခုအခါ၊ သူက အဓိပဓိတစ်ပါးသာဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ထဲတွင် အလွန်တရာ ကြီးကျယ်ခမ်းနားသော မိစ္ဆာစွမ်းအားတစ်ခု ရှိနေ၏။
သို့သော်လည်း သူ့ကိုယ်သူ စွမ်းအားကင်းမဲ့စလို ခံစားလိုက်ရသေးသည်။
'ချီးပဲ၊ ဒီလို မကောင်းဆိုးရွားတစ်ကောင်က ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ပေါ်လာရတာလဲ'
နာရာကူက သူ့နှလုံးသားထဲမှ အော်ဟစ်လိုက်သည်။
'ငါ အစွမ်းကုန်လုပ်ရမယ်'
မူလက နာရာကူဟာ အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ကျွင်းရှောင်ယောက်ကို ရင်ဆိုင်ချင်ခဲ့သည်။
ယခုတော့ ဖြစ်နိုင်တော့မည်မထင်ပေ။
သူ့လက်ကိုမြှောက်ပြီး လေထဲသို့ ဖမ်းဆုပ်ဟန်ပြုလိုက်သောအခါ အဆုံးမဲ့ မိစ္ဆာစွမ်းအားများ စုစည်းလာခဲ့သည်။
မိစ္ဆာစွမ်းအားများ ပေါက်ကွဲထွက်လာ၏။
မိစ္ဆာအင်အားများက ကျွင်းရှောင်ယောက်၏ အနီးတဝိုက်တွင် စုရုံးပြီး ပေါက်ကွဲထွက်လာတော့သည်။
မီးခိုးလုံးကြီးများက ကောင်းကင်သို့ ဝုန်းခနဲ ထိုးတက်သွားကြသည်။
"ကြောက်စရာကောင်းလိုက်တဲ့ လှုပ်ရှားမှု"
အဓိပဓိများစွာတို့ တုန်လှုပ်ချောက်ချားသွားကြသည်။
ကောင်းကင်အဓိပဓိငယ်များပင်လျှင် ဤတိုက်ခိုက်မှုက အလွန်ကြောက်စရာကောင်းပြီး ကာကွယ်ရခက်သည်ဟု ခံစားမိခဲ့ပေသည်။
"သခင်လေးရှောင်ယောက်..."
ယိုမီလည်း တုန်လှုပ်သွားသည်။ သူမ၏ လှပသော မျက်လုံးများက စိုးရိမ်ပူပန်မှုတို့ ပေါ်လာတော့သည်။
ထိုအချိန်တွင်၊ ကာကူရာက သူ့အနားသို့ ရောက်လာကာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ ပထမဘုရင်သခင်ရဲ့ အရည်အချင်းက သာမာန်လူတွေ မှန်းဆနိုင်တာ မဟုတ်ဘူး"
မျှော်လင့်ထားသည့်အတိုင်းပင်။
မီးခိုးလုံးများ ရှင်းသွားချိန်တွင်...
ကျွင်းရှောင်ယောက်၏ ရုပ်သွင်က နေရာတွင် ပြန်ပေါ်လာခဲ့သည်။
စွမ်းအင်ခုခံကာကွယ်ခြင်း နတ်လက်စွပ် အလွှာနှစ်ဆယ်က သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထား၏။
နတ်လက်စွပ်ကွင်းအလွှာနှစ်ဆယ်၏ ဝန်းရံမှုဖြင့် ကျွင်းရှောင်ယောက်က ဤအခိုက်တွင် နတ်ဘုရားတစ်ပါးနှင့်ပင် တူလှသည်။
"ကောလဟာလတွေအတိုင်း... မော့ကျဲဧကရာဇ်မျိုးနွယ်ရဲ့ နည်းလမ်းပဲ"
ယင်းကိုမြင်တော့ လူများစွာ၏ မျက်လုံးများ အရောင်ပြောင်းသွားကြသည်။
အင်မော်တယ်ဧကရာဇ်မျိုးနွယ်၏ သဘာဝ စွမ်းရည်ကို တုပပြီး အောင်မြင်စွာ လေ့ကျင့်နိုင်သည်။ ထို့ထက်ပင် ပို၍ ကောင်းမွန်သေးသည်။
ယင်းက ကျွင်းရှောင်ယောက်ကို ပို၍ အထင်ကြီးစေခဲ့သည်။
"ငါ့ရဲ့ အကာကွယ်ကိုတောင် ချိုးဖျက်လို့ မရဘူးပဲ။ နှစ်ပေါင်းများစွာ သည်းခံပြီးတော့ မင်းစုဆောင်းထားတဲ့ ခွန်အားက ဒီလောက်ပဲလား"
ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကိုနောက်ပစ်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
ဤအတိုင်းသာဆိုလျှင်တော့ သူ အနည်းငယ် စိတ်ပျက်မိပေသည်။
"မင်း..."
နာရာကူ၏မျက်နှာက ရက်စက်ကြမ်းကြုတ်မှုတို့ ပေါ်လာခဲ့သည်။
သူ့မျက်လုံးထဲတွင် မိစ္ဆာအလင်းတန်းများ ထွက်ပေါ်လာပြီး မှောင်မိုက်သောခရမ်းရောင်မျက်လုံးတစ်စုံ ဖြစ်သွား၏။
သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားကို အစွမ်းကုန် လှုံ့ဆော်လိုက်ပြီ။
သူ့နောက်တွင် မှောင်မိုက်သောခရမ်းရောင် ဧရာမ မိစ္ဆာနတ်ဆိုးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။
ဦးခေါင်းရှစ်လုံးဖြင့် မိစ္ဆာက ကောင်းကင်ကို ထမ်းပိုးထားနိုင်ဟန်ဖြင့် မတ်မတ်ရပ်လိုက်၏။
အဝေးမှလှမ်းကြည့်လိုက်ပါက ပင်လယ်ဟာ ဤမိစ္ဆာကြီးရှေ့တွင် ရေကန်ငယ်တစ်ခု ဖြစ်နေသကဲ့သို့ပင်။
"အဲဒါ...ယာကီမိစ္ဆာနတ်ဘုရားပဲ"
နာရာကူ၏အဖိုးနှင့် ဖာချီဧကရာဇ်မျိုးနွယ်မှ လူအားလုံး စိတ်လှုပ်ရှားမှုဖြင့် တုန်တုန်ယင်ယင် ဖြစ်သွားကြသည်။
ဖာချီဧကရာဇ်မျိုးနွယ်မှာ ယာကီမိစ္ဆာနတ်ဘုရားမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခု ဖြစ်၏။
အန္တိမကပ်ဘေးကြီးမှလွဲ၍ တိုင်းတစ်ပါးတွင် ရှေးအကျဆုံး တည်ရှိမှုတစ်ခုဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။
သို့သော်လည်း လွန်စွာမှ ရှေးကျသောကြောင့် မရေရာသော မှတ်တမ်းများသာ ရှိခဲ့သည်။
လူများစွာက ကျဆင်းနေသော ဖာချီဧကရာဇ်မျိုးနွယ်ကိုကြည့်ပြီး ယာကီမိစ္ဆာနတ်ဘုရားကိုလည်း အားနည်းသူပင်ဖြစ်မည်ဟု ထင်မြင်ယူဆခဲ့ကြသည်။
ဤသည်မှာ ဖာချီဧကရာဇ်မျိုးနွယ်အတွက် အရှက်ရစရာပင်။
ယခုမူကား..
ဧရာမ မိစ္ဆာနတ်ဘုရား အရိပ်ကြီးကိုကြည့်ပြီး လူတိုင်း၏ လိပ်ပြာဝိညာဉ်များ လွင့်စဉ်သွားတော့မလို တုန်လှုပ်သွားကြသည်။
"အဲဒါ...ယာကီမိစ္ဆာနတ်ဘုရားလား"
"ဖာချီဧကရာဇ်မျိုးနွယ်က အသုံးမကျတဲ့ သခင်လေးကိုအားကိုးပြီး ခြေတစ်လှမ်းနဲ့ အမြင့်ကို ပြန်တက်တော့မှာလား"
လူများက လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်။
ဤလူများထဲတွင် အများစုက ဖာချီဧကရာဇ်မျိုးနွယ်နှင့် နာရာကူအား လှောင်ပြောင်ပြီး အရှက်ရစေခဲ့ကြသည်။
ယခုတော့ သူတို့၏ နှလုံးသားမှာ ကြောက်ရွံ့မှုတို့ ပေါ်လာတော့သည်။
"မင်းကို စစ်နတ်ဘုရားလို့ အများကခေါ်ကြတယ်။ အခုတော့ ဒီလှုပ်ရှားမှုကို မင်း ခံနိုင်မလား ကြည့်ရအောင်"
နာရာကူက လှုပ်ရှားလိုက်သည်။
ကောင်းကင်ကို ထက်ခြမ်းခွဲနိုင်ပုံရသော ကြီးကျယ်ခမ်းနားသော စွမ်းအားများ စုရုံးလာ၏။
အရာအားလုံးကို ဝါးမျိုနိုင်ပုံရသည့် အလွန်ကြောက်စရာကောင်းသော တွင်းနက်ကြီးတစ်ခုက ကောင်းကင်မှ ထွက်ပေါ်လာတော့သည်။
"ယာကီချောက်နက်"
၎င်းက နာရာကူ၏ အရိုးများတွင်း၌ ရေးထွင်းထားပုံရသော လှုပ်ရှားမှုဖြစ်ကာ သူအလိုရှိသည့်အတိုင်း ထုတ်ဖော်နိုင်နေသည်။
ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်က သူ့လက်တစ်ဖက်ကို မြှောက်လိုက်သည်။ ကစဉ့်ကလျားစွမ်းအင်များက တဟုန်ထိုးတက်လာ၏။
ကစဉ့်ကလျား ကောင်းကင်ကိုဖွင့်ခြင်း။
တချိန်တည်းမှာပင် ခန္ဓာနိယာမကို အသက်သွင်းလိုက်သည်။ မေယုကမ္ဘာ ငါးရာ့နှစ်ဆယ်၏ စွမ်းအားများလည်း ရှိသေးသည်။
တစ်ချိန်တည်းမှာပင် သူက လက်သီးချက် ထပ်မံထုတ်ဖော်လိုက်သည်။
နတ်ဆိုးနတ်ဘုရား ကောင်းကင်ခွင်းလက်သီး။