အခန်း ၁၀၆၆
Vol. 72 Ch. 1066
အခန်း ( ၁၀၆၆ ) သနားစရာကောင်းသော ဖာချီဧကရာဇ်မျိုးနွယ်။
လူအတော်များများက ယခုလေးတင် ပေါ်လာခဲ့သော ဖာချီဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်တစ်ပိုင်း အကျော်အမော်ကို တွေးလိုက်မိကြသည်။
"ဒါပေမဲ့ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ မဟုတ်လောက်ပါဘူး"
"အနီရောင်လီလီပန်းလေးများရဲ့မိခင်က ခန္ဓာအစစ်တောင်မှ ရောက်မလာဘဲ မိုင်ထောင်ချီဝေးတဲ့အရပ်က အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်ကို သတ်နိုင်တဲ့အထိ အစွမ်းထက်ပါ့မလား"
အားလုံး၏ မျက်လုံးများက တုန်လှုပ်ခြင်းနှင့် မယုံကြည်နိုင်ခြင်းများ ပြည့်နေခဲ့ကြသည်။
ထိုအချိန်တွင်...
မိုးကြိုးထစ်ချုန်းသကဲ့သို့ ကျယ်လောင်သော ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
အံ့ဖွယ်ကောင်းသည်မှာ ယင်းက ဖာချီဧကရာဇ်မျိုးနွယ်မှ ဖြစ်နေတော့သည်။
"ဒါ... ဒါက ငါ့မျိုးနွယ်က အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်ပဲ"
ဖာချီဧကရာဇ်မျိုးနွယ်မှ လူများ၏ မျက်နှာများမှာ ဖြူဖပ်ဖြူရော်ဖြစ်ကုန်သည်။
သူတို့ မမှားပေ။
ကျဆုံးသွားသူမှာ သူတို့ ဖာချီဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော် ဖြစ်သည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
နာရာကူ၏ အဖိုးလည်း တုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။ သူ့တကိုယ်လုံး အေးခဲနေပြီ။
သူတို့ ဖာချီဧကရာဇ်မျိုးနွယ်၏ အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်တစ်ဦး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ယင်းက တကယ်ကို တုန်လှုပ်ချောက်ချားစရာ ကောင်းလွန်းလှပေသည်။
ဆုတ်ယုတ်လာသော ဖာချီဧကရာဇ်မျိုးနွယ်အတွက်...
ဤသည်က ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုပင်။
"မဟုတ်ဘူး... ဘယ်လိုလုပ်ပြီး ဒီလိုတွေ ဖြစ်လာရတာလဲ"
နာရာကူ၏ မျက်လုံးများ ပြူးကျယ်နေပြီ။ သူ့လေသံမှာ ကတုန်ကယင် ဖြစ်နေပြီ ဖြစ်သည်။
သူတို့မျိုးနွယ်စု၏ အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်တစ်ပါး ကျဆုံးသွားပြီ။
ယင်းမှာ သူ့ကြောင့် ကျဆုံးခဲ့ခြင်းဟု ဆိုနိုင်သည်။
အကယ်၍ သူသာ ယနေ့တွင် ထိုအချိန်က နောက်ဆုတ်ခဲ့ပါက၊ ဤမြင်ကွင်းမျိုး ဖြစ်လာမည် မဟုတ်ပေ။
အဆုံးမဲ့ နောင်တနှင့် နာကြည်းမှုများက သူ့ခန္ဓာကိုယ်နှင့် စိတ်တွင် ပြည့်နှက်လာကာ...
နာရာကူအား ရူးသွပ်လုနီး ဖြစ်စေသည်။
အကယ်၍ ဖြစ်နိုင်ပါက ကျွင်းရှောင်ယောက်ကို ယခုပင် သူနှင့်အတူတူ သေစေလိုခဲ့၏။
သို့ရာတွင်... ဖြစ်နိုင်ပါမည်လော။
လေထဲတွင် ကျွင်းရှောင်ယောက်က သူ့လက်ကိုဝှေ့ယမ်းပြီး ပန်းပွင့်လေးကို သိမ်းလိုက်သည်။
အနီရောင်လီလီပန်းလေးများမိခင်၏ ပုံရိပ်လည်း ပျောက်ကွယ်သွား၏။
ဤပန်းပွင့်မှာ တစ်ကြိမ် အသုံးပြုတိုင်း စွမ်းအားများ ဆုံးရှုံးသွားရမည် ဖြစ်သည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်ဟာ မဟာပုဂ္ဂိုလ်ကြီးများနှင့် ရင်မဆိုင်ရပါက အသုံးမပြုလိုပေ။
သို့သော်လည်း ဤရလဒ်ကတော့ မဆိုးဘူးဟု ဆိုရမည်။
အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်တစ်ဦး ကျဆုံးခြင်းက ကစဉ့်ကလျား နတ်ဆိုးပင်လယ်တွင် လှိုင်းလုံးကြီးများ ဖြစ်ပေါ်စေရန် လုံလောက်သည်။
"မင်းတို့ ဒီမှာ နေချင်သေးတာလား"
"ဒါမှမဟုတ်... တံခါးပိတ်လေ့ကျင့်နေတဲ့ မင်းတို့ရဲ့ အင်မော်တယ်ဘုရင်ကို ခေါ်မှာလား"
ကျွင်းရှောင်ယောက်က ရယ်ချင်ဟန်ဖြင့် အနည်းငယ်စောင်းငဲ့ကြည့်ကာ ပြောလိုက်သည်။
ထိုစကားကိုကြားတော့ နာရာကူ၏ နဖူးသွေးကြောများ ထောင်ထလာသည်။ သူ အံကိုတင်းတင်းကြိတ်လိုက်၏။
ဒေါသထွက်လွန်းသဖြင့် သူ့သွေးများပင် ဆူပွက်နေပြီ။
သို့သော်လည်း နောက်ဆုံးမှာတော့ သူ မျိုသိပ်ထားလိုက်ဆဲ ဖြစ်သည်။
မတတ်နိုင်ပေ။
ကျွင်းရှောင်ယောက်က သူ့ကို ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ထားခဲ့သည်။
တစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်အင်အားဖြစ်စေ...
နောက်ခံအင်အားခြင်း ယှဉ်လာလျှင်ဖြစ်စေ...
ကျွင်းရှောင်ယောက်က သူ့အား အဘက်ဘက်မှ ဖိနှိပ်ခဲ့ပေသည်။
ထိုမြင်ကွင်းကြောင့် လူများစွာလည်း သက်ပြင်းကိုသာ ချလိုက်မိကြသည်။
ကျွင်းရှောင်ယောက်သာ မရှိပါက...
ယနေ့သည် နာရာကူ ကျော်ကြားလာရန်အတွက် လုံးဝ တည်ဆောက်ပေးထားသော စင်မြင့်တစ်ခု ဖြစ်လာမည် ဖြစ်သည်။
စိတ်မကောင်းစရာပင်...
"အဘိုး၊ သွားရအောင်"
နာရာကူ၏ အသံက ဒဏ်ရာရထားသော သားရဲရိုင်းတစ်ကောင်းကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
ဖာချီဧကရာဇ်မျိုးနွယ်မှ လူများနှင့်အတူ သူ ထွက်သွား၏။
နာရာကူမှာ နောက်ဆုံး ထွက်သွားချိန်ထိ အရှိန်အဝါကြီးသော စကားမျိုးကို မပြောဝံ့တော့ပေ။
နောက်ထပ် စကားတစ်ခွန်း ပြောဝံ့ပါက ကျွင်းရှောင်ယောက်မှ ထသတ်လိုက်မည်ကို သူ ကြောက်သည်။
အရှက်တကွဲ အကျိုးနည်းပြီး ထွက်သွားကြရှာသော ဖာချီဧကရာဇ်မျိုးနွယ်ဝင်များကိုကြည့်ကာ ပရိသတ်အားလုံး ခေတ္တ တိတ်ဆိတ်သွားကြသည်။
ကစဉ့်ကလျား နတ်ဆိုးပင်လယ်မှ ဂုဏ်သိက္ခာကြီးမားသော အင်မော်တယ်ဧကရာဇ်မျိုးနွယ်ကို ထိုအခြေအနေမျိုး ဆိုက်ရောက်စေမည်ဟု မည်သူထင်ထားခဲ့မည်နည်း။
သူတို့၏ သခင်လေးမှာ ကျွင်းရှောင်ယောက်၏ ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။
သူတို့မျိုးနွယ်စုမှ အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်ပင်လျှင် ကျဆုံးသွားသေးသည်။
တစ်ဖက်မှာလည်း ကျူးဟွမ်မှာ စိတ်မသက်မသာ ဖြစ်နေသည်။
သူက ဘာမျှမပြောတော့ဘဲ မီးနဂါးမျိုးနွယ်မှ လူများနှင့်အတူ ထွက်ခွာရန် ပြင်ဆင်လိုက်၏။
"ခဏနေဦး"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာပြောပြီး ကျူးဟွမ်ကို ကြည့်လိုက်သည်။
ကျူးဟွမ်လည်း နှလုံးခုန်သံ မြန်သွား၏။
ယခင်ကဆိုလျှင်၊ သူဟာ အခြားသူများကိုလွှမ်းမိုးရန် သူ့အစ်ကိုနှင့် မီးနဂါးမျိုးနွယ်၏ နောက်ခံကို အားကိုးနိုင်ခဲ့သည်။
ယခုကဲ့သို့ အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော် ကျဆုံးသွားသည့်နောက်မှာတော့...
ထိုအကြံအစည်ကို လုံးဝ ငြင်းပယ်ခဲ့ပေသည်။
သူ့အမြင်တွင် ကျွင်းရှောင်ယောက်က အလွန်အန္တရာယ်များသည့်လူ ဖြစ်နေပြီ ဖြစ်သည်။
"ခုနက မင်း လျှို့ဝှက်လှုပ်ရှားပြီး ငါ့ရဲ့ တိုက်ခိုက်မှုကို တားဆီးခဲ့တယ်။ ဒါကို မင်း မဖြေရှင်းတော့ဘူးလား"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်၏။
ကျူးဟွမ်၏ မျက်နှာက အကြည့်ရဆိုးစွာ ရှုံ့မဲ့သွားသည်။
ထို့နောက် လူအပေါင်းတို့၏ အကြည့်အောက်တွင် ကျွင်းရှောင်ယောက်ကို ကိုးဆယ်ဒီဂရီ ဦးညွှတ်ပြလိုက်တော့သည်။
"တောင်းပန်ပါတယ်၊ အရင်က ငါ ရိုင်းစိုင်းခဲ့မိတယ်။ သခင်လေးရှောင်ယောက်ကို တောင်းပန်ပါတယ်"
ထိုမြင်ကွင်းက လူတိုင်းကို အံဩစေခဲ့သည်။
ဒါက အရမ်းမာနကြီးတဲ့ သခင်လေး ကျူးဟွမ်လား။
မီးနဂါးမျိုးနွယ်ကနေ မီးခိုးမှိုင်းအဖြစ် ပြောင်းလဲသွားတယ်လို့ ဘာဖြစ်လို့ ခံစားရတာလဲ။
ယင်းက ကျွင်းရှောင်ယောက်ကိုလည်း ဆွံ့အစေခဲ့သည်။
တစ်ဖက်လူက ဤမျှ ရိုကျိုးနေလျှင် မည်သို့ ရှေ့ဆက်တိုးရမည်နည်း။
"ထွက်သွား"
ကျွင်းရှောင်ယောက်လည်း တစ်ခွန်းသာပြောပြီး လျစ်လျူရှုလိုက်သည်။
သူက ကြင်နာတတ်လွန်းသူ မဟုတ်ပေ။
သို့ရာတွင်၊ ဖာချီဧကရာဇ်မျိုးနွယ်ကို စော်ကားပြီးပြီမို့ မီးနဂါးမျိုးနွယ်ကို မထိပါးချင်သေးပါ။
သူက မကြောက်သော်လည်း...
သူ၏ ဝှက်ဖဲများကို ဤအတွက် မသုံးလိုသေးပေ။
"ကောင်းပါပြီ... ကောင်းပါပြီ"
ကျူးဟွမ်လည်း ကြက်အစာကောက်သလို ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်သည်။
ထို့နောက် သူ့လူများကိုခေါ်ပြီး လှည့်ထွက်ခဲ့၏။
သို့သော်လည်း နောက်သို့လှည့်ပြီးနောက် ကျူးဟွမ်၏ မျက်လုံးများက အေးစက်စက်အလင်းများ တောက်ပလာခဲ့သည်။
'ငါ့အစ်ကိုသာ ဒီနေ့ရှိနေရင်...'
ကျူးဟွမ်မှာ ဒေါသပေါက်ကွဲနေမိပြီ ဖြစ်သည်။
သို့ရာတွင်... သူမသိသည်က...
ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် လှောင်ပြောင်သရော်ခြင်း အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။
"ဝှစ်"
မည်သူမျှ သတိမပြုမိချိန်တွင်...
ကျွင်းရှောင်ယောက်ထံမှ တောက်ပသော ဓားအလင်းတစ်ခု ပြေးထွက်သွား၏။
ကောင်းကင်ကို ဖျက်ဆီးခြင်းကျမ်း။
"ရွှစ်"
ကျူးဟွမ်၏ ရုပ်ခန္ဓာနှင့် ရှေးဦးဝိညာဉ်က ရုတ်တရက် ပျက်သုဉ်းသွားတော့သည်။
တိတ်ဆိတ်သည်။
တနေရာလုံး ရုတ်ချည်း တိတ်ဆိတ်သွား၏။
ဤမြင်ကွင်းက လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်ခဲ့သည်။
"ပထမဘုရင် သခင်"
ကာကူရာ၏ အမူအရာမှာလည်း အနည်းငယ်ပြောင်းလဲသွားသည်။
ကျူးဟွမ်၏ အစ်ကို ကျူးယဲ့က မီးနဂါးမျိုးနွယ်၏ ပါရမီရှင်တစ်ဦးဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သူဖြစ်ကြောင်း သူ သိသည်။
"မင်း..."
မီးနဂါးမျိုးနွယ်မှ လူများလည်း ခေတ္တ ကြောင်အသွားပြီးနောက် သတိပြန်ဝင်လာခဲ့ကြသည်။ သူတို့မျက်လုံးများက ဒေါသဖြင့် နီရဲသွားပြီး ကျွင်းရှောင်ယောက်ကို စိုက်ကြည့်လိုက်ကြ၏။
"ငါ သူ့ကို အခွင့်အရေး ပေးခဲ့တယ်၊ ဒါပေမဲ့ သူက သေချင်နေပြီး ငါ့အပေါ် အေးစက်ဝံ့တယ်လေ"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်နှင့်အတူ၊ ကျွင်းရှောင်ယောက်၏ အာရုံခံစားနိုင်စွမ်းမှာ အလွန် အကဲဆတ်သည်။
ကျူးဟွမ်သာ ရိုးရိုးသားသား လှည့်ပြန်ပါက၊ ကျွင်းရှောင်ယောက်ကလည်း သူ့ကိုသတ်ရန် စိတ်ကူးမရှိပေ။
"သွားကြစို့"
မီးနဂါးမျိုးနွယ်မှ အခြားသူများလည်း အံကိုတင်းတင်းကြိတ်ပြီး လျင်မြန်စွာ ထွက်သွားကြသည်။
ကျွင်းရှောင်ယောက်၏ ကြီးစိုးမှုက ယနေ့တွင် ရောက်လာသူအားလုံးကို အမြင်ကျယ်စေခဲ့သည်မှာ သေချာလှပေသည်။
"စစ်နတ်ဘုရားက ကြီးစိုးပြီး ပြတ်သားသူတစ်ဦးလို့တော့ ကြားဖူးနေတာ ကြာပါပြီ။ ဒီနေ့ မြင်လိုက်ရတော့ လုံးဝ ယုံကြည်သွားခဲ့ပြီ"
"သူက အရမ်းလွှမ်းမိုးထားပြီး ဘယ်သူ့ကိုမှ မကြောက်ဘူး"
"ဘာသိလို့လဲ၊ ဒါက လူစွမ်းကောင်းတစ်ယောက်ရဲ့ စိတ်ဓာတ်ပဲ။ ငါတော့ သူ့ကို သိပ်ပြီး စိတ်ဝင်စားနေမိပြီ"
အမျိုးသမီး တစ်ဦးကလည်း လေးစားမှုတို့ဖြင့် ဆိုလိုက်သည်။
အင်အားကြီးသူကိုသာ လေးစားသော တိုင်းတပါးတွင် ကျွင်းရှောင်ယောက်က လူအပေါင်းတို့၏ လေးစားအားကျစရာ ဖြစ်ခဲ့ရပေသည်။
ကာကူရာနှင့် ယိုမီ၏ မျက်လုံးများဆိုပါက တလက်လက် တောက်ပနေပြီ ဖြစ်သည်။
အထူးသဖြင့်၊ ကျွင်းရှောင်ယောက်နှင့် တစ်ခါမှ မဆုံဖူးသေးသော ယိုမီ...
ယနေ့တွင် မြင်လိုက်ရသော မြင်ကွင်းများကြောင့် သူ့နှလုံးသားမှာ ဖော်ပြရန်ခက်သော ခံစားချက်တို့ ဖြစ်ပေါ်နေပြီ။
ယီရှဲ့ဧကရာဇ်မျိုးနွယ်မှ အကြီးအကဲများလည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ပဉ္စမမြောက် အကြီးအကဲက ခြောက်ကပ်ကပ်ဖြင့် ချောင်းဟန့်ပြီး ထပြောလိုက်၏။
"အဟမ်း... အဟမ်း၊ ဒီနေ့မှာ ကြွရောက်လာသူတွေကို ရှုပ်ရှုပ်ထွေးထွေး ဖြစ်စေခဲ့မိတာ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ငါတို့ ဖျက်သိမ်းလိုက်ရင် မင်္ဂလာတွေ လျော့ပါးသွားမှာပေါ့"
သူက စကားပြောနေစဉ်တွင် ယိုမီကို မျက်တောင်ခတ်ကာ လှမ်းကြည့်လိုက်သည်။
ယိုမီလည်း ရှက်ကိုးရှက်ကန်းဖြင့် နှုတ်ခမ်းကို ကိုက်လိုက်လေသည်။
ယင်းကိုမြင်တော့ ကာကူရာ၏ လှပသော မျက်နှာမှာ ထူးခြားသောအပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူမက ယိုမီ၏ ပခုံးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။
ထို့နောက် ညှို့ယူသောအကြည့်ဖြင့် ကျွင်းရှောင်ယောက်ကိုကြည့်ကာ ခပ်တိုးတိုးလေး ပြောလိုက်လေသည်။
"ပထမဘုရင် သခင်၊ ဒီနေ့မင်္ဂလာပွဲကို ဒီအတိုင်းတော့ မဖျက်သိမ်းချင်ဘူး"
"နင် ဘာဖြစ်လို့ ငါတို့ဝမ်းကွဲနဲ့ လက်မထပ်ရမှာလဲ"
ထိုစကားများက ရောက်ရှိလာသူအားလုံးကို တုန်လှုပ်စေခဲ့သည်။
ဒီလိုလည်း ရသေးတာလား။