အခန်း ၁၀၆၉
Vol. 72 Ch. 1069
အခန်း ( ၁၀၆၉ ) မိစ္ဆာနတ်ဘုရား၏ချပ်ဝတ်။
ထိုအငွေ့အသက်များ ခံစားမိသူများက ယွင်ရှောင်ဟေးနှင့် ကျူးယဲ့သာမဟုတ်ပေ။
ယီရှဲ့ဧကရာဇ်မျိုးနွယ်ရှိ ကျွင်းရှောင်ယောက်နှင့် ကာကူရာတို့သည်လည်း တစ်ခုခုကို ခံစားမိခဲ့ရသည်။
အဆောင်တစ်ခုပေါ်တွင်...
ကျွင်းရှောင်ယောက်နှင့် ကာကူရာက ဘေးချင်းယှဉ်ရပ်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။
မှောင်မိုက်သော ခရမ်းရောင်အလင်းတန်းတစ်ခုက ကောင်းကင်နှင့်မြေပြင်ကို ထိုးဖောက်သွား၏။
ကစဉ့်ကလျားနတ်ဆိုးပင်လယ်တွင် ရှိကြသူတိုင်း ယင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်လောက်သည်။
"ပထမဘုရင်သခင်... ငါတို့မျှော်လင့်ထားတဲ့အတိုင်း အမှန်တကယ် ဖြစ်လာပြီထင်တယ်"
အလင်းတန်းကို မြင်လိုက်ရတော့ ကာကူရာ၏ လှပသော မျက်လုံးများက စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ထိုစွမ်းအားက သူ့ကို အနည်းငယ် တုန်လှုပ်စေခဲ့၏။
အကယ်၍ နာရာကူသာ အမှန်တကယ် အမှောင်နတ်ဆိုးဧကရာဇ်ဖြစ်လာပါက...
ယင်းက ကျွင်းရှောင်ယောက်အတွက် ပြဿနာရှိလိမ့်မည်။
"အဲဒီလိုဆိုတော့လည်း စိတ်ဝင်စားစရာကောင်းတာပေါ့။ ဒါနဲ့... အမှောင်နတ်ဆိုးဧကရာဇ်က ဘာဖြစ်လို့ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးကို ဦးဆောင်နိုင်ရမှာလဲ"
ကျွင်းရှောင်ယောက်လည်း အနည်းငယ် သိချင်လာခဲ့သည်။
ကာကူရာက ခေါင်းကိုအနည်းငယ်ခါယမ်းကာ ပြောလိုက်လေသည်။
"ကူရာလည်း အတိအကျ မသိပါဘူး။ အဲဒါက မရေရာတဲ့ ဒဏ္ဍာရီတစ်ခုပဲ"
"ဒါပေမဲ့..."
"ဒါပေမဲ့ ဘာလဲ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်လာသည်။
"ငါတို့မျိုးနွယ်စု၏ ရှေးဟောင်းမှတ်တမ်းအချို့အရ... အမှောင်နတ်ဆိုးဧကရာဇ်ကို အန္တိမကပ်ဘေးကြီးက အပ်နှင်းထားပုံရတယ်။ အဲဒါကြောင့်ပဲ သူက ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးကို ဦးဆောင်နိုင်စွမ်းရှိမှာ"
"အန္တိမကပ်ဘေးကြီးက နတ်ဆိုးဧကရာဇ်ကို ဘာပေးအပ်ထားလို့လဲ"
ကျွင်းရှောင်ယောက်မှာ ပို၍ သိချင်လာမိသည်။
"အဲဒါက... သွေးတစ်စက်ဖြစ်နိုင်တယ်"
ကာကူရာက ပြောသည်။
"သွေးတစ်စက်လား"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက ထူးခြားသော အလင်းရောင်တစ်ခု လင်းလက်လာ၏။
အကြောင်းရာများစွာကိုလည်း သူ့စိတ်ထဲတွင် ချက်ချင်း တွေးလိုက်မိသည်။
ထို့နောက်မှာတော့ သူ့နှုတ်ခမ်းများက တွန့်ကွေးကာ ပြုံးလာတော့သည်။
"ဒီလိုဆိုရင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာပြီပေါ့။ နာရာကူက နတ်ဆိုးသခင်အစစ် ဟုတ်တယ် မဟုတ်ဘူးဆိုတာကို ဘယ်သူသိမှာလဲ"
ကျွင်းရှောင်ယောက်က နှုတ်ခမ်းတွန့်ရုံ ပြုံးပြီး ပြောလိုက်သည်။
"နင် ဘာပြောချင်တာလဲ"
ကာကူရာ အနည်းငယ် အံ့ဩသွား၏။
သူမ၏ မျက်လုံးထဲတွင် ကျွင်းရှောင်ယောက်က ပို၍ နားမလည်နိုင်အောင် ဖြစ်လာသည်။
အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့... အမြဲတမ်း ယုံကြည်မှုအပြည့် ရှိနေခဲ့သူပါတကား။
"စိတ်မပူပါနဲ့... အဲဒီနောက်ပိုင်းမှာ နာရာကူက ငါ့ကို ဒုက္ခပေးဝံ့ဦးမလား ကြည့်ရမယ်"
ကျွင်းရှောင်ယောက်က ပြုံးပြီး ပြောလိုက်သည်။
ထို့နောက်တွင် ကျွင်းရှောင်ယောက်က မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်သည်။
စူးဟုန်ယီအား ကစဉ့်ကလျားနတ်ဆိုးပင်လယ်သို့ လာရောက်ရန် အခေါ်လွှတ်ခြင်း ဖြစ်၏။
တကယ့်ပြပွဲကောင်းက စတင်တော့မည်။
...........
ထိုအပြောင်းအလဲများကြောင့် ကစဉ့်ကလျားနတ်ဆိုးပင်လယ်တစ်ခုလုံး တုန်လှုပ်သွားချိန်တွင်...
လှုပ်ရှားမှုများ၏ အရင်းမြစ်... ဖာချီကျွန်းတွင်...
အချိန်ကြာလာသည်နှင့်အမျှ မှောင်မိုက်သော ခရမ်းရောင်အလင်းက နောက်ဆုံးတွင် ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
ဖာချီဧကရာဇ်မျိုးနွယ်မှ သတ္တဝါအားလုံးက တစ်ခုခုကို စောင့်မျှော်နေသကဲ့သို့ စိတ်လှုပ်ရှားစွာ ရပ်နေကြ၏။
ထို့နောက်မှာတော့ ယာကီဗိမာန်အတွင်းပိုင်း နက်နဲရာမှ ခရမ်းရောင်အလင်းတန်းတစ်ခု ပျံသန်းလာတော့သည်။
နာရာကူ ဖြစ်သည်။
ယခုအချိန်မှာတော့ သူက ယခင်ကနှင့် မတူတော့ပေ။
မှောင်မိုက်သော ခရမ်းရောင်ချပ်ဝတ်တန်ဆာတစ်ခုလည်း သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသည်။
ဤမှောင်မိုက်သော ခရမ်းရောင်ချပ်ဝတ်တန်ဆာက လျှို့ဝှက်ဆန်းကြယ်ပြီး မှောင်မိုက်သော အငွေ့အသက်များ ထွက်ပေါ်နေ၏။
ယင်းက အလွန်ခိုင်မာပြီး မည်သည့် လက်နက်ကမျှ ဖျက်ဆီးနိုင်ပုံမရပေ။
"မိစ္ဆာနတ်ဘုရားရဲ့ချပ်ဝတ်..."
နာရာကူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူ၏ ကျင့်ကြံခြင်းအခြေခံကတော့ ယခင်ကကဲ့သို့ အဓိပဓိအဆင့်တွင်သာ ရှိနေသေးသည်။
သို့ရာတွင် အရည်အသွေး ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ခဲ့ရသည်ဟု သူခံစားခဲ့ရသည်။
သူ့စိတ်ထဲမှာလည်း အမှတ်တရများ အများကြီးရှိသေးသည်။
အလွန် ကြောက်စရာကောင်းသော တိုက်ခိုက်ရေးနည်းလမ်းများစွာကို သဘာဝအတိုင်း တတ်မြောက်လာခဲ့သည်။
ဤနည်းလမ်းများထဲတွင် အများစုက ယခင် သူအသုံးပြုခဲ့သော ယာကီချောက်နက်ထက် များစွာ ပို၍ အားကောင်းပေသည်။
ထို့ပြင်၊ ဤမိစ္ဆာနတ်ဘုရားချပ်ဝတ်က သူ့အား တုနှိုင်းမရသော ခုခံကာကွယ်နိုင်စွမ်း ပေးစွမ်းသည်။
ထို့အပြင်၊ ဤ ချပ်ဝတ်တန်ဆာသည် သူ့ကို တွန်းလှန်နိုင်သော ခုခံကာကွယ်မှု ပေးစွမ်းသည်။
၎င်းက ကမ္ဘာဖျက်ဆီးခြင်း တားမြစ်လက်နက်အဆင့်နှင့် နှိုင်းယှဉ်နိုင်သော ရတနာတစ်ခု ဖြစ်ချေသည်။
ထို့ထက် ပိုအရေးကြီးသည်မှာ ဤချပ်ဝတ်တန်ဆာက သူ၏ အလုံးစုံသော စွမ်းရည်များကို တိုးတက်စေနိုင်သည်။
နာရာကူက အဓိပဓိအဆင့်တွင် ရှိနေသေးသည်။
သို့သော်လည်း ဆန်းကျယ်အဓိပဓိငယ်အဆင့် အကျော်အမော်တစ်ဦးပင်လျှင် သူ့ကို ခြိမ်းခြောက်မှု မပြုနိုင်တော့ပါ။
ယခုအခါ သူ၏ခွန်အားက ယခင်ကထက် များစွာမြင့်မားလာခဲ့ပြီ ဖြစ်သည်။
ဟုတ်သည်၊ အရေးကြီးဆုံး အချက်တစ်ခုလည်း ရှိသေးသည်။
"နတ်ဆိုးဧကရာဇ်... ငါက ဘုရင်ခြောက်ပါးကို ဦးဆောင်ရမဲ့ ဒဏ္ဍာရီလာ အမှောင်နတ်ဆိုးဧကရာဇ်ပဲ"
နာရာကူက မယုံကြည်နိုင်မှု၊ စိတ်လှုပ်ရှားမှုတို့ဖြင့် တုန်ယင်စွာ ရေရွတ်လိုက်သည်။
ခြေတစ်လှမ်းဖြင့် ကောင်းကင်ကို ရောက်သွားသကဲ့သို့... ရွှင်လန်းမှုက သူ့စိတ်ကို ယစ်မူးသွားစေသည်။
သို့သော်လည်း နာရာကူက သူ့စိတ်ကို လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့ပေသည်။
'ယာကီမိစ္ဆာနတ်ဘုရားဟာ တချိန်က အန္တိမကပ်ဘေးကြီးရဲ့ လမ်းညွှန်မှုနဲ့ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးရဲ့ခေါင်းဆောင် အမှောင်နတ်ဆိုးဧကရာဇ် ဖြစ်လာခဲ့တယ်'
'ဒီလိုဆိုရင် ငါက ယွီရှောင်ယောက်ရဲ့ အထက်လူကြီး မဟုတ်လား'
ထိုအကြောင်းကိုတွေးရင်း နာရာကူ၏ မျက်လုံးများက အဆုံးမဲ့ နာကျည်းမှုတို့ ပေါ်လာခဲ့သည်။
ကျွင်းရှောင်ယောက်ကြောင့်သာ မဟုတ်လျှင်...
ယခုအခါ သူ၏နာမည်ဆိုးကို ဖျက်သိမ်းပြီး ချောမောလှပသော ဇနီးသည်ကိုပင် ပိုင်ဆိုင်ထားပြီးပြီဟု ဆိုနိုင်သည်။
သို့သော်လည်း သူနှင့်ပတ်သက်သမျှ အရာအားလုံးကို ကျွင်းရှောင်ယောက်က ဖျက်ဆီးခဲ့ပေသည်။
'အလျင်တော့မလိုပါဘူး... ငါ့မှာ တစ်ခုခုလိုနေသေးတယ်လို့ ခံစားနေရတယ်'
နာရာကူက သူ့အထောက်အထားကို သိထားပြီး ဖြစ်သည်။
သို့သော်လည်း သူ့အခြေအနေက ပြီးပြည့်စုံခြင်းသို့ မရောက်သေးဘူးဟု ခံစားနေရသေးသည်။
'ဘာကျန်နေတာပါလိမ့်... အဲ ဟုတ်ပြီ၊ သွေး... သွေးတစ်စက်ပဲ'
နာရာကူ အမှတ်ရသွား၏။
သူ၏ ရှေးဟောင်းအမှတ်တရများထဲတွင်...
အနက်ရောင် သွေးတစ်စက် ရှိသည်။
ထိုသွေးတစ်စက်က ကောင်းကင်ကိုပင် တုန်လှုပ်သွားစေသည့် အဆုံးမဲ့စွမ်းအားများကို သယ်ဆောင်ထား၏။
ထိုသွေးတစ်စက်၏ အကူအညီဖြင့် ယာကီမိစ္ဆာနတ်ဘုရားသည် ကစဉ့်ကလျားနတ်ဆိုးပင်လယ်တစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့ပေသည်။
ဤအချက်ကြောင့်ပင် ယာကီမိစ္ဆာနတ်ဘုရားက အန္တိမကပ်ဘေးကြီးအပေါ် သစ္စာစောင့်သိခဲ့ရခြင်း ဖြစ်သည်။
'ငါနားလည်ပြီ၊ ငါက နတ်ဆိုးဧကရာဇ်ရဲ့ ဆက်ခံသူ အစစ်အမှန်မဖြစ်ခင်မှာ ဒီသွေးတစ်စက်ကို ရဖို့လိုတယ်'
နာရာကူ နားလည်သဘောပေါက်သွားသည်။
ယခုအချိန်မှာတော့ သူ၏ နတ်ဆိုးဧကရာဇ်စွမ်းအားက အပြည့်အဝ မနိုးထသေးပေ။
သူက အမှောင်နတ်ဆိုးဧကရာဇ်၏ ကမ္ဘာဖျက်ဆီးခြင်း တားမြစ်လက်နက်ဖြစ်သော မိစ္ဆာနတ်ဘုရားချပ်ဝတ်ကို ရရှိထားရုံသာ ဖြစ်သည်။
'ကြည့်ရတာ နောက်ထပ် အနက်ရောင်သွေးတစ်စက်ကို ရှာရဦးတော့မှာပဲ... ဒါပေမဲ့ အဲဒါကို ကစဉ့်ကလျားနတ်ဆိုးပင်လယ်မှာ မကြားဖူးဘူး။ ကြည့်ရတာ အမည်မဲ့နယ်မြေမှာပဲ ရှိမယ်ထင်တယ်'
နာရာကူက သူ့စိတ်ထဲမှ တွေးလိုက်သည်။
သူက နောက်ပိုင်းအစီစဉ်များကို စဉ်းစားနေပြီ။
မည်သို့ပင်ဆိုစေကာမူ...
ယခုအချိန် ကျွင်းရှောင်ယောက်နှင့် ပြန်တွေ့လျှင်ပင် သူ ယုံကြည်မှုရှိနေပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်ကို အနိုင်မယူနိုင်လျှင်ပင်...
အနည်းဆုံးတော့ ကျွင်းရှောင်ယောက်က သူ့ကို ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပါ။
ယခင်ကကဲ့သို့ သူ့ကို တစ်ဖက်သတ် ချေမှုန်းရန်ဆိုလျှင် ပို၍ ဖြစ်နိုင်ချေနည်းသည်။
'အခုတော့ နောက်ဆုံးဘုရင် ပေါ်လာမဲ့အချိန်ကို စောင့်နေဖို့ပဲ ရှိတော့တယ်။ အချိန်တန်ရင် အရာအားလုံး ရှင်းသွားလိမ့်မယ်'
'ယွီရှောင်ယောက်၊ မင်းက ပထမဘုရင်ဖြစ်ရင်တောင် ငါ့အမိန့်ကို နာခံရမယ်လို့ မင်းရဲ့ အဆိုးဆုံးအိပ်မက်ထဲမှာတောင် မမက်ဖူးမှာကို ကြောက်ရတယ်'
ထိုသို့တွေးမိသောအခါ နာရာကူ စိတ်လှုပ်ရှားသွားသည်။
သူက မိစ္ဆာနတ်ဘုရား၏ စွမ်းအားကို အပြည့်အဝ နိုးကြားလာပြီးနောက်... ကျွင်းရှောင်ယောက်ကို မည်သို့ညှဥ်းပန်းနှိပ်စက်ရမည်ကိုပင် စတင်စဉ်းစားနေပြီ။
'ဒါနဲ့... ယွီရှောင်ယောက်နဲ့ ပြဿနာဖြစ်ထားတဲ့ အခြားဘုရင်တွေ ရှိပုံရတယ်။ အမြီးဆယ်ချောင်း ကမ္ဘာဖျက်ဆီးခြင်း မြေခွေးနက်နဲ့ မီးနဂါးမျိုးနွယ်ပဲ'
ယခုအခါ နာရာကူက ဖျက်ဆီးခြင်းဘုရင်များ၏ အတက်အကျများကို သိရှိနိုင်ပြီ ဖြစ်သည်။
ထိုအတက်အကျများထဲမှ တစ်ခုက မီးနဂါးမျိုးနွယ်မှ ဆင်းသက်လာခြင်းပင်။
..........
မျက်စိတစ်မှိတ်အတွင်းမှာ တစ်လကုန်လွန်သွားပြီ။
ကျွင်းရှောင်ယောက်ကို အံ့ဩစေသည်မှာ... နာရာကူက သူ့အား လက်စားချေရန် ရောက်မလာခဲ့ခြင်း ဖြစ်သည်။
'နာရာကူက နည်းနည်း မိုက်မဲပုံရပေမဲ့ ဉာဏ်ကောင်းသေးပြီး လက်စားချေဖို့ ရောက်မလာခဲ့ဘူး'
ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးလိုက်သည်။
ယခုအချိန်တွင် ယီရှဲ့ဧကရာဇ်မျိုးနွယ်၏ ရေပူစမ်းထဲမှာ... သူက သက်တောင့်သက်သာ ရေချိုးနေသည်။
ရေပူစမ်းတွင် ရေချိုးခြင်းက ကျွင်းရှောင်ယောက်၏ ဝါသနာတစ်ခု ဖြစ်ချေသည်။
တိုင်းတပါးကို ရောက်လာပြီးနောက် အလုပ်ကိစ္စများဖြင့် ရှုပ်နေသောကြောင့် သူ့တွင် အနားယူရန် အချိန်မရှိခဲ့ပေ။
ယခုကတော့ မုန်တိုင်းမလာခင် လေငြိမ်နေခြင်းမျိုး ဖြစ်နေသည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်လည်း အခွင့်အရေးယူကာ အနားယူခဲ့ပေသည်။
တစ်ဖက်မှာတော့ ကာကူရာနှင့် ယိုမီက ပါးလွှာသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး လှချင်တိုင်းလှနေသည်။
ကျွင်းရှောင်ယောက်အနားတွင်နေပြီး သူ့အား နှိပ်နယ်ပြုစုပေးနေကြ၏။
"သခင်လေးရှောင်ယောက်... နင့်ခန္ဓာကိုယ်က အရမ်းမိုက်တာပဲ..."
ယိုမီက ကျွင်းရှောင်ယောက်၏ ပခုံးများကို နှိပ်ပေးနေသည်။ သူ့မျက်နှာလေးကတော့ ရှက်ရွံ့မှုဖြင့် နီရဲနေလေ၏။
ကျွင်းရှောင်ယောက်တွင် ကာယဗလမောင်များကဲ့သို့ ဖုထစ်နေသော ကြွက်သားများမရှိပေ။ သို့ရာတွင်... အချိုးအစားကျနသော ခန္ဓာကိုယ်တည်ဆောက်ပုံက သဘာဝအတိုင်း ပြီးပြည့်စုံပြီး သဟဇာတ ဖြစ်သည်။
ထို့နောက် အောက်ဘက်ကို ဆက်လက် ကြည့်လာပြီးနောက် ယိုမီ၏ မျက်နှာလေးမှာ ပို၍ နီမြန်းလာတော့သည်။
တစ်ဖက်တွင် ကာကူရာက ဆွဲဆောင်မှုအပြည့်ရှိသော လေသံဖြင့် ပြောလိုက်သည်။
"ငါတို့ညီအစ်နှစ်ယောက်စလုံးဆိုရင်တောင် သခင်လေးရဲ့ အရွယ်ကို လက်ခံနိုင်မယ် မထင်ဘူး"
ကျွင်းရှောင်ယောက်လည်း မကြားချင်ဟန်ဆောင်ပြီး ခြောက်ကပ်ကပ်ဖြင့် ချောင်းဟန့်လိုက်လေသည်။
အမှန်တော့... ရွှမ်ယန်ရတနာကျည်ပွေ့ကို လက်မှတ်ထိုးဝင်ခဲ့ပြီးနောက်...
ကျွင်းရှောင်ယောက်၏ ရတနာမှာ အမျိုးသမီးများ၏ ရတနာ လက်ခံနိုင်စွမ်းထက် အနည်းငယ် သာလွန်နေပြီ ဖြစ်သည်။
ခြေတစ်လှမ်းဖြင့် တစ်ဖက်ကမ်းသို့ ထိုးဖောက်သည်ဟုဆိုလျှင် အပိုပြောရာ မကျနိုင်တော့ပေ။
ထိုအချိန်တွင် အစေခံတစ်ယောက်၏ ရိုသေလေးစားစွာ ပြောလာသည့်စကားသံက အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
"သခင်လေးရှောင်ယောက်ရဲ့ နောက်လိုက်... ရောက်လာပါပြီ"
"ဟုန်ယီ ရောက်လာပြီလား"
ကျွင်းရှောင်ယောက် အနည်းငယ် ပြုံးလိုက်၏။
ဖျက်ဆီးခြင်းဘုရင်များ စုဝေးလာနေပြီဖြစ်၍ ကုလားကာကို ဆွဲဖယ်နေပြီ။
မုန်တိုင်းက ပို၍ နီးကပ်လာခဲ့ပြီ ဖြစ်သည်။