← Chapters

အခန်း ၁၀၇၂

Vol. 72 Ch. 1072

အခန်း ၁၀၇၂

Vol. 72 Ch. 1072

အခန်း ( ၁၀၇၂ ) ကမ္ဘာဖျက်ဆီးခြင်း တားမြစ်လက်နက်၊ မီးနဂါး မီးအိမ်။

"အတင့်ရဲလှချေလား"

ယင်းကိုမြင်တော့ ကျူးယဲ့၏ မျက်လုံးများက အေးစက်သွားသည်။

သူက မီးနဂါးမျိုးနွယ်မှ ဧကရာဇ်သားတော် ဖြစ်သည်။ ထို့ပြင် သူက ဖျက်ဆီးခြင်း ဒုတိယဘုရင် ဖြစ်သေးသည်။

သို့တိုင် ကျွင်းရှောင်ယောက်က သူ့အား အလွယ်တကူ ဖိနှိပ်နိုင်သော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သဘောထားပြီး လျစ်လျူရှုခဲ့သည်။

ယင်းက ကျူးယဲ့အား မကျေမနပ် ဖြစ်စေခဲ့သည်။

သူလည်း တိုက်ရိုက် လှုပ်ရှားလိုက်သည်။

ကျူးဟွမ်နှင့် ကျူးယဲ့က တူညီသောအဆင့်တွင် လုံးဝမရှိဟု ဆိုရပေမည်။

ကျူးယဲ့က သူ့လက်ကို မြှောက်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။ ကြောက်စရာကောင်းသော အင်အားကြောင့် လေထုက တုန်ခါသွား၏။

"နိယာမ တစ်ခုမကဘူး"

ကျူးယဲ့၏ အငွေ့အသက်ကို ခံစားမိတော့ ကာကူရာနှင့် စူးဟုန်ယီ၏ အမူအရာများ ပြောင်းလဲသွားကြသည်။

နိယာမအရေအတွက်က အဓိပဓိများ၏ တိုက်ခိုက်နိုင်စွမ်းနှင့် ဆက်စပ်နေပေသည်။

ယခုလည်း ကျူးယဲ့ လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက်၊ နိယာမစွမ်းအားများ ပေါ်လာခဲ့သည်။

သူ့တွင် နိယာမ တစ်ခုမကပေ။

ထို့ပြင်၊ ထိုနိယာမနှစ်ခု၏ စွမ်းရည်က အမှန်တကယ်ပင် ဆန့်ကျင်ဘက် ဖြစ်သည်။

ကျူးယဲ့က လက်နှစ်ဖက်စလုံးဖြင့် ထိုးနှက်လိုက်သည်။

လက်သီးတစ်လုံးက နေအမြုတေကဲ့သို့ အလွန်တရာ တောက်ပသော အလင်းများ ဖြာထွက်နေသည်။

နောက်လက်သီးတစ်လုံးက လမိုက်ညမှ ကောင်းကင်ယံကဲ့သို့ မှောင်မိုက်နေ၏။ ထိုနေရာတွင် မိမိ၏ လက်ချောင်းလေးများကိုပင် ပြန်မမြင်နိုင်ပေ။

"အလင်းနိယာမနဲ့ အမှောင်နိယာမ"

ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်သည်။

ကျူးယဲ့က အလင်းနှင့် အမှောင် ဆန့်ကျင်ဘက် နိယာမနှစ်ခုကို ထိန်းချုပ်ထား၏။

ယင်းက မီးနဂါးမျိုးနွယ်၏ ဒဏ္ဍာရီတစ်ခုကို ကျွင်းရှောင်ယောက်အား အမှတ်ရစေခဲ့သည်။

မီးနဂါးတစ်ကောင် မျက်လုံးဖွင့်ပါက နေ့ဖြစ်ပြီး မျက်လုံးမှိတ်ပါက ညကောင်းကင်ကဲ့သို့ ဖြစ်သည်။

ယင်းက အလင်းနှင့် အမှောင် နိယာမများနှင့် လိုက်ဖက်ညီပေသည်။

သို့သော်လည်း ယခုအချိန်တွင် ဆန့်ကျင်ဘက်နိယာမများက ကျူးယဲ့၏လက်တွင် သဟဇာတဖြစ်နေပြီ။ ယင်းက ကျူးယဲ့၏ စွမ်းအားကို နှစ်ဆတိုးလာစေကာ ကျွင်းရှောင်ယောက်အား ဖိနှိပ်လိုက်သည်။

"ဒါပဲလား"

သို့ရာတွင်... ကျွင်းရှောင်ယောက်က တည်ငြိမ်နေဆဲပင်။

ကံကောင်းထောက်မစွာဖြင့် ကျူးယဲ့က အချိန်၏နိယာမကို မအောင်မြင်ခဲ့ပါ။

မဟုတ်ပါက၊ ကျွင်းရှောင်ယောက်ပင်လျှင် အနည်းငယ် အားစိုက်ထုတ်ရမည် ဖြစ်သည်။

နောက်ဆုံးတွင်... အချိန်က လျှို့ဝှက်ဆန်းကြယ်သော အရာတစ်ခု ဖြစ်သည်။

ကျွင်းရှောင်ယောက်က ခန္ဓာနိယာမကို အသက်သွင်းလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အဆုံးမဲ့စွမ်းအားများကို ထုတ်လွှတ်လာပုံရ၏။

သူ၏ ရှေးဦးဝိညာဉ်စွမ်းအားက တူညီသောအဆင့်တွင် ပြိုင်ဘက်ကင်းလောက်သော်လည်း...

လက်တွေ့ ထိုးကြိတ်တိုက်ခိုက်ရခြင်း အနှစ်သာရကို နှစ်သက်ဆဲပင်။

ကျွင်းရှောင်ယောက်က လက်သီးချက် ထုတ်ဖော်လိုက်သည်။ ကစဉ့်ကလျား ဖင်းဂေါ့တစ်ကောင်က ကမ္ဘာကို ခွဲထုတ်နေသကဲ့သို့ ဖြစ်၏။

နတ်ဆိုးနတ်ဘုရား ကောင်းကင်ခွင်းလက်သီး။

"ဝုန်း"

နှစ်ယောက်သား ထိပ်တိုက်တိုက်မိပြီးနောက် နိယာမများ တုန်ခါသွားကြသည်။

ကျူးယဲ့ နောက်ပြန်ဆုတ်သွားရပြီး သူ့ခန္ဓာကိုယ် ထုံကျင်သွား၏။

သို့ရာတွင်... သူက ပါးစပ်ကိုဟပြီး ဟိန်းဟောက်လိုက်ရာ နဂါးဟိန်းသံက ကောင်းကင်ကို တုန်လှုပ်သွားစေတော့သည်။

ခန္ဓာကိုယ်ကြံ့ခိုင်မှုတွင် မီးနဂါးမျိုးနွယ်က ထိပ်တန်းတည်ရှိမှုတစ်ခု ဖြစ်သည်။

"နေ့နဲ့ည မြင့်မြတ်သောလက်သီး"

ကျူးယဲ့က သူ့မျိုးနွယ်၏ သဘာဝစွမ်းရည်ကို အသုံးပြုလိုက်သည်။

လက်သီးချက် ထုတ်ဖော်လိုက်သည်နှင့် နေ့နှင့်ညက ပြောင်းပြန်ဖြစ်လာပုံရသည်။ ယင်နှင့်ယန်မှာလည်း ဖရိုဖရဲ ဖြစ်သွား၏။

ဤသည်မှာ အလွန်ကြောက်စရာကောင်းသည့် ထိုးစစ်စွမ်းအားဖြင့် လက်သီးသိုင်း ဖြစ်သည်။ ယင်းက ရန်သူ၏ စိတ်ဓာတ်ကိုပင် ရှုပ်ထွေးသွားစေနိုင်ပေသည်။

ကျွင်းရှောင်ယောက်က သူ့လက်နှစ်ချောင်းကို ဓားကဲ့သို့ အသုံးပြုကာ ညွှန်ပြလိုက်သည်။ တောက်ပသော ဓားအလင်းက နေ့နှင့်ညကို ဖြတ်တောက်သွား၏။

ဤအခိုက်တွင် တောက်ပသော ဓားအလင်းက ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖယ်ရှားပစ်နိုင်ပုံရသည်။

ကျွင်းရှောင်ယောက်က စစ်နတ်ဘုရားကျမ်းမှ နားလည်ထားသော နည်းလမ်းတချို့ကို အသုံးပြုလိုက်ခြင်းပင်။

ဥပမာအားဖြင့် စစ်နတ်ဘုရားလက်ဝါး၊ တောင်တံခွန်များ ရွေ့လျားခြင်းတံဆိပ်တော်နှင့် ဟင်းလင်းပြင်တုန်ခါခြင်းကျင့်စဉ် စသည်ဖြင့်။

ဤနည်းလမ်းများတွင် လျှို့ဝှက်ဆန်းကြယ်မှုအချို့ ပါဝင်နေသည့်အချက်ကို ဘေးဖယ်ထားလျှင်ပင်...

ကျွင်းရှောင်ယောက်၏ ခွန်အားနှင့် တိုက်ပွဲအတွေ့အကြုံတို့ဖြင့်... သာမန် နည်းလမ်းများပင်လျှင် သူ့လက်ထဲတွင် အံ့မခန်း အင်အားများဖြင့် ပေါက်ကွဲထွက်နိုင်သည်။

နောက်ဆုံးတွင်၊ စစ်နတ်ဘုရားကျမ်းမှ ထုတ်နုတ်ထားသော အရာတစ်ခုက မည်သို့ သာမန်ဖြစ်မည်နည်း။

ကျူးယဲ့မှာ နောက်တစ်ကြိမ် နောက်သို့ဆုတ်သွားခဲ့ရသည်။

ကျွင်းရှောင်ယောက်က သူထင်ထားတာထက် အများကြီး ပိုသန်မာနေသည်။

ကျူးယဲ့၏ မျက်ခုံးနှစ်ခုကြားမှ အကြေးခွံက အရောင်လက်သွားသည်။

ရုတ်တရတ်၊ အချိန်စွမ်းအင်လှိုင်းတစ်ခုက ကျွင်းရှောင်ယောက်ကို ချုပ်နှောင်ရန် တိုးဝင်လာ၏။

ကျွင်းရှောင်ယောက်ကလည်း ချက်ချင်း တုံ့ပြန်သည်။ သူက လက်ဟန်သင်္ကေတများပြုပြီး တားမြစ်အင်မော်တယ် စတုတ္တတံဆိပ်ကို ထုတ်ဖော်လိုက်၏။

ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာသည်။

လူရိပ်နှစ်ခုက တပြိုင်နက်တည်း အေးခဲသွားတော့သည်။

ကျွင်းရှောင်ယောက်က အချိန်၏စွမ်းအားကြောင့် အေးခဲသွားသည်။

ကျူးယဲ့မူကား ဟင်းလင်းပြင်စွမ်းအားဖြင့် ချုပ်နှောင်ခံလိုက်ရ၏။

သို့သော်လည်း ခဏအကြာတွင်...

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး ချုပ်နှောင်မှုကို အတင်းချိုးဖျက်ပစ်လိုက်သည်။ သူက လက်ဝါးတစ်ဖက်ကိုမြှောက်ပြီး ကစဉ့်ကလျားလက်ဝါးဖြင့် ကျူးယဲ့ကို ရိုက်ချလိုက်တော့သည်။

"မကောင်းတော့ဘူး"

ကျူးယဲ့ တုန်လှုပ်သွားသည်။

သူက ကျွင်းရှောင်ယောက်ထက် အနည်းငယ် ပိုနှေး၏။

ကျွမ်းကျင်သူများကြားမှ တိုက်ပွဲတွင် အချိန်တခဏက သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်သည်။

"ဝုန်း"

ကျူးယဲ့၏ ခန္ဓာကိုယ်က ပင်လယ်ထဲသို့ ပြုတ်ကျသွားကာ ကြီးမားသော လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာတော့သည်။

"ဟင်း... ဒုတိယဘုရင်တောင် မယှဉ်နိုင်သေးဘူးထင်တယ်"

ကာကူရာက သက်ပြင်းချလိုက်သည်။

ကျူးယဲ့ကို ကစဉ့်ကလျားနတ်ဆိုးပင်လယ်တွင် ထိပ်တန်း ပါရမီရှင်ဟု ဆိုနိုင်သည်။

သို့တိုင်၊ အဆုံးမှာတော့ ကျွင်းရှောင်ယောက်ကို ရှုံးနိမ့်နေဆဲပင်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ အမူအရာက ပြောင်းလဲခြင်းမရှိပါ။

သူက လှိုင်းထနေသော ပင်လယ်ပြင်ကိုကြည့်ရင်း မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။

"ပလုံ... ပလုံ"

ပင်လယ်ရေများက အမှန်တကယ်ပင် ပွက်ပွက်ဆူလာသည်။

ရေငွေ့များ တက်လာ၏။

"ဘာဖြစ်တာလဲ"

ကာကူရာနှင့် စူးဟုန်ယီတို့ နှစ်ယောက်လုံး အံ့သြသွားကြသည်။

"ဝုန်း"

ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော မီးအလင်းတန်းတစ်ခုက ပင်လယ်အောက်ခြေမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ပြင်းထန်သော မီးတောက်များက ဟင်းလင်းပြင်ကိုပင် လောင်ကျွမ်းစေသည်။

ကျွင်းရှောင်ယောက်က လက်တစ်ဖက်ကိုမြှောက်ပြီး ဖိချဟန်ပြုလိုက်၏။ ကစဉ့်ကလျားစွမ်းအားက ဖြာထွက်လာပြီး တံတိုင်းကြီးတစ်ခုကဲ့သို့ မီးတောက်များကို ဟန့်တားလိုက်တော့သည်။

ထိုအချိန်တွင် ကျူးယဲ့၏ ပုံရိပ်က ရေထုကို ထိုးခွဲပြီး ပြန်တက်လာခဲ့သည်။

ဤအခိုက်တွင် သူ့ပုံစံက ဖရိုဖရဲဖြစ်နေပြီး နှုတ်ခမ်းထောင့်မှလည်း သွေးများစီးကျနေခဲ့ပေသည်။

သို့သော်လည်း သူ့လက်ထဲတွင် ကြေးမီးအိမ်တစ်ခုကို ကိုင်ထား၏။

ထိုမီးအိမ်က မီးနဂါးတစ်ကောင်နှင့်တူပြီး မီးတောက်များက ကမ္ဘာပေါ်ရှိ အရာအားလုံးကို လောင်ကျွမ်းသွားစေနိုင်ပုံရသည်။

"ဒါက မင်းရဲ့ ကမ္ဘာဖျက်ဆီးခြင်း တားမြစ်လက်နက် ဖြစ်ရမယ်"

ကျွင်းရှောင်ယောက်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

ထိုကြေးမီးအိမ်၏ မီးစွမ်းအားက ကစဉ့်ကလျားနတ်ဆိုးပင်လယ်ကိုပင် လောင်ကျွမ်းစေနိုင်သည်မှာ သံသယဖြစ်စရာမလိုပေ။

"ဟမ့်၊ ဒါက မီးနဂါးမီးအိမ်လို့ ခါ်တယ်။ ဒါကို မင်း ခံနိုင်မလား ကြည့်ရသေးတာပေါ့"

ကျူးယဲ့က အေးစက်စက် ပြောလိုက်သည်။

မီးအိမ်မှ မီးတောက်များ တောက်လောင်လာသည်။

၎င်းက သာမန်မီးတောက်မဟုတ်ဘဲ မီးနဂါး၏ မီးလျှံများ ဖြစ်သည်။

၎င်းက ရုပ်ဝတ္တုများအပြင် မမြင်နိုင်သော ဒြပ်မဲ့ပစ္စည်းများကိုပင် လောင်ကျွမ်းနိုင်၏။

မဟုတ်လျှင်လည်း ကမ္ဘာဖျက်ဆီးခြင်း တားမြစ်လက်နက်ဖြစ်လာရန် အရည်အချင်းပြည့်မီမည်မဟုတ်ပေ။

"ဒါဆိုလည်း စမ်းကြည့်တာပေါ့"

ကျွင်းရှောင်ယောက်က သူလက်ဝါးဖြန့်လိုက်ရာ နတ်ဘုရားငိုကြွေးစစ်လှံပုဆိန် ပေါ်လာခဲ့သည်။

လှံပုဆိန်မှ သွေးကြောမျှင်များ ထွက်ပေါ်လာပြီး ကျွင်းရှောင်ယောက်၏ လက်တစ်ဖက်လုံးသို့ ထိုးဖောက်ဝင်သွားသည်။

ကျွင်းရှောင်ယောက်က ရိုးရှင်းသော လှံပုဆိန်ခုတ်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်၏။

နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်နှင့် ပေါင်းစပ်လိုက်ပြီးနောက် ကျွင်းရှောင်ယောက်၏စွမ်းအားက သံသယဖြစ်စရာမလိုတော့ပေ။

လှံပုဆိန်က အဆုံးမဲ့မီးတောက်များကို ဖြတ်သန်းသွားခဲ့သည်။

လှံပုဆိန်အလင်းက ဟင်းလင်းပြင်ကို ခွဲထွက်ပြီး ကျူးယဲ့၏လည်မြိုကို တိုးဝင်သွား၏။

ကျူးယဲ့လည်း ဟိန်းဟောက်ပြီး မီးနဂါးမီးအိမ်နှင့် ခုခံလိုက်ရတော့သည်။

"ဝုန်း"

ကျူးယဲ့ နောက်တစ်ကြိမ် လွင့်စဉ်သွားပြီး ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့သည်။

တစ်ဖက်တွင်... ကျွင်းရှောင်ယောက်က တုံ့ဆိုင်းမသွားဘဲ ဆက်လက် လိုက်ပါလာ၏။

သူ၏ လှံပုဆိန်ခုတ်ချက်က ကစဉ့်ကလျားစွမ်းအားအပြင် မေယုကမ္ဘာများ၏ စွမ်းအားကိုလည်း သယ်ဆောင်ထားခဲ့သည်။

လှံပုဆိန်ခုတ်ချက် တစ်ချက်စီက ပေတစ်သောင်းရှိသော တောင်များကို အလွယ်တကူ ချိုးဖျက်နိုင်ပေသည်။

"သေစမ်း"

ကျူးယဲ့၏ အမူအရာက ပြောင်းလဲသွားသည်။

ကမ္ဘာဖျက်ဆီးခြင်းတားမြစ်လက်နက် မီးနဂါးမီးအိမ်ကို အသုံးပြုထားသော်လည်း...

ကျွင်းရှောင်ယောက်က သူ့ကို ဖိနှိပ်ထားဆဲပင်။

"အချိန်ကျမ်းအစစ်က ဘယ်မှာလဲ"

ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။

"ဝိညာဉ်ကျမ်းနဲ့ လဲမှရမယ်"

ကျူးယဲ့ အံကိုကြိတ်လိုက်၏။

"ကောင်းပြီလေ၊ ဒါဆိုရင်လည်း မင်းအသက်ကိုပဲ ငါယူလိုက်တော့မယ်"

"မင်း အသက်ရှင်နေတယ်ဆိုရင် အချိန်ကျမ်းကိုရှာဖို့ မင်းမှာ အခွင့်အရေးရှိသေးတယ်၊ မင်းသေရင်တော့ အားလုံးပြီးသွားပြီ"

ကျွင်းရှောင်ယောက်က လှံပုဆိန်ဖြင့် ထပ်မံခုတ်လိုက်သည်။ ကြီးမားသော လှံပုဆိန်အလင်းက ပင်လယ်ဧရိယာတစ်ခုလုံးကို ခွဲထုတ်လုနီးပါး ဖြာထွက်သွား၏။

ကျွန်းငယ်များစွာက ချက်ချင်း ပြိုကျပြီး ပင်လယ်ရေအောက်ကို နစ်မြုပ်သွားတော့သည်။

ကျူးယဲ့က သန်မာသော်လည်း၊ ဤမျှကြောက်စရာကောင်းသော စွမ်းအားမျိုးကို ခုခံနိုင်ရန် ခက်ခဲသည်။

"အချိန်ကျမ်းက အကန့်အသတ်မဲ့ပင်လယ်မှာ ရှိန်ုတယ်"

ကျူးယဲ့ တင်းမခံနိုင်တော့ဘဲ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

"အကန့်အသတ်မဲ့ပင်လယ်လား"

ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် ထူးခြားသော အလင်းရောင်တစ်ခု လင်းလက်လာတော့သည်။

All Chapters