← Chapters

အခန်း ၁၀၇၃

Vol. 72 Ch. 1073

အခန်း ၁၀၇၃

Vol. 72 Ch. 1073

အခန်း ( ၁၀၇၃ ) နာရာကူ ရောက်လာပြီ။

"မင်းက ငါ့ကို လိမ်နေတာလား"

ကျွင်းရှောင်ယောက်၏ အမူအရာက မ‌ပြောင်းလဲပါ။

သူက အပြောင်းအလဲမရှိသော အမူအရာဖြင့် ကျူးယဲ့ကို ဆက်လက်တိုက်ခိုက်လိုက်သည်။

ယင်းကိုမြင်တော့ ကျူးယဲ့ သွေးအန်ချင်သလို ဖြစ်သွား၏။ သူ ကမန်းကတန်း အော်ဟစ်လိုက်သည်။

"ငါမင်းကို မလိမ်ပါဘူး၊ ငါတို့ မျိုးနွယ်စုရဲ့ ရှေးတန်ခိုးရှင်တစ်ဦးက အကန့်အသတ်မဲ့ပင်လယ်ကို စူးစမ်းပြီးမှ အမှန်တကယ် ပြန်လာခဲ့တာ"

ယင်းက အမှန်ပင်။

ကျူးယဲ့က ကျွင်းရှောင်ယောက်ကို မလှည့်စားခဲ့ပါ။

သူက ရိုးသားသောကြောင့်တော့ မဟုတ်ပေ။

အကြောင်းမှာ... ကျွင်းရှောင်ယောက်က အချိန်ကျမ်း၏ တည်နေရာအမှန်ကို သိသွားလျှင်ပင်၊ အချိန်ကျမ်းကို ရယူရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။

အကန့်အသတ်မဲ့ပင်လယ်က ဘယ်လိုနေရာလဲ။

ယင်းက ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံးနှင့် အထူးဆန်းဆုံးသော နေရာများထဲမှ တစ်ခု ဖြစ်သည်။

၎င်းတွင် အင်မော်တယ်နယ်မြေကြီး၊ တိုင်းတပါးပြည်များနှင့် ကမ္ဘာအားလုံး၏ မူလအစများအကြောင်း လျှို့ဝှက်ချက်အချို့ ပါဝင်ပေသည်။

သူ့မျိုးရိုးမှ ရှေးအကျော်အမော်မှာလည်း အကန့်အသတ်မဲ့ပင်လယ်မှ ပြန်ရောက်ပြီး မကြာမီပင် သေဆုံးသွားရသည်။

ကျွင်းရှောင်ယောက်က အကန့်အသတ်မဲ့ပင်လယ်ကြီးထဲတွင် အချိန်ကျမ်းကို ရှာတွေ့နိုင်မည်ဟု ကျူးယဲ့ မယုံပေ။

ထို့ကြောင့် တစ်ဖက်လူကို ပြောပြလိုက်လျှင်ပင် ပြဿနာမရှိပါ။

ကျူးယဲ့၏ အမူအရာကိုမြင်တော့ ကျွင်းရှောင်ယောက် မျက်မှောင်ကြုတ်လိုက်သည်။

ကျူးယဲ့ လိမ်နေတာလို့တော့ သူ မထင်ပေ။

'အချိန်ကျမ်းက အဲဒီနေရာမှာ တကယ်ရှိတာဆိုရင်တော့ ပြဿနာနည်းနည်းရှိလာပြီ'

ကျွင်းရှောင်ယောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

အကန့်အသတ််မဲ့ပင်လယ်က တကယ်ကို တားမြစ်နယ်မြေဖြစ်ပြီး ဧကရာဇ်တစ်ပိုင်း အကျော်အမော်များပင်လျှင် ဖြတ်ကျော်နိုင်ရန် ခက်ပေသည်။

အကယ်၍သာ ထိုနေရာမျိုးတွင် အမှန်တကယ်ရှိပါက၊ ကျွင်းရှောင်ယောက်အတွက် အချိန်တိုအတွင်း ရှာဖွေနိုင်မည် မဟုတ်ပေ။

အချိန်ကျမ်းနှင့် ပတ်သက်ပြီး အစီအစဉ် ချမှတ်လိုလျှင်ပင်၊ အနည်းဆုံးတော့ တိုင်းတပါးမှ ထွက်ခွာသည်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက တွေးတောကြံဆမှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ယင်းက ကျူးယဲ့ကို စိတ်လှုပ်ရှားစေသည်။

ကျွင်းရှောင်ယောက် တွေးနေတာကို သူ သဘာဝအတိုင်း သိ၏။

သူ့ကို သတ်သင့်သလားဟု တွေးနေခြင်းသာ ဖြစ်ရမည်။

"ယွီရှောင်ယောက်... မင်းက အချင်းချင်း သတ်ချင်နေတာလား။ ငါတို့ ကမ္ဘာဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးက အင်မော်တယ်နယ်မြေကြီးကို ဖျက်ဆီးရဖို့ ကံပါလာတာ‌နော်။ ငါတို့အချင်းချင်း ဘာကြောင့် သတ်ဖြတ်နေရမှာလဲ"

ကျူးယဲ့က သတိထားကာ ပြောလိုက်သည်။

"အင်မော်တယ်နယ်မြေကြီးကို တကယ် ဖျက်ဆီးချင်တယ်ဆိုရင်တောင် မင်း တစ်ယောက်ရှိနေလို့... ဒါမှမဟုတ် မင်းတစ်ယောက် မရှိတာက ဘာများ ပြောင်းလဲစေနိုင်မှာမို့လဲ"

ကျွင်းရှောင်ယောက်က လှောင်ပြောင်လိုက်၏။

အကယ်၍ သူက တိုင်းတပါးသားဖြစ်လျှင်...

အခြားဘုရင်များ မလိုပေ၊ သူ တစ်ယောက်တည်းက အင်မော်တယ်နယ်မြေကြီးကို ဖြိုချပစ်ရန် လုံလောက်မည် ဖြစ်သည်။

"ဟမ့်... လေသံက‌ မာလှချေလား"

ထိုအချိန်တွင် အေးစက်စက် နှာချေသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ရင်းနှီးပြီးသား အသံ ဖြစ်၏။

ကျွင်းရှောင်ယောက်၊ ကာကူရာနှင့် အခြားသူများလည်း လှည့်ကြည့်လိုက်ကြသည်။

အဝေးမှ ကောင်းကင်ယံတွင် သင်္ဘောကြီးတစ်စင်း ပေါ်လာသည်။

သင်္ဘောကုန်းပတ်ပေါ်တွင် လူရိပ်နှစ်ခု ရပ်နေလေ၏။

ထိုလူနှစ်ယောက်စလုံးက အေးစက်စက် မျက်လုံးများဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်နေကြသည်။

သူတို့က နာရာကူနှင့် ယွင်ရှောင်ဟေးတို့ပင် ဖြစ်တော့သည်။

ယင်းကိုမြင်မှ ကျူးယဲ့လည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

ယခင်က...

ကာကူရာနှင့် စူးဟုန်ယီတို့ နှစ်ယောက်စလုံးဟာ ကျွင်းရှောင်ယောက်ဘက်တွင် ရှိနေခဲ့ပြီး သူက တစ်ဦးတည်းဖြစ်သောကြောင့် ကြီးမားသော ဖိအားအောက်တွင် ရှိခဲ့သည်။

ယခုတော့ သူ့ဘက်မှလူများ ပေါ်လာပြီ။

"မင်းတို့ အရှုံးသမားတွေက အချင်းချင်း ဘယ်လိုတွဲရမယ်ဆိုတာ ကောင်းကောင်းသိပုံရတယ်"

ကျွင်းရှောင်ယောက်ကတော့ ဂရုမစိုက်ပေ။

သူက ရှုံးနိမ့်သွားသော စစ်သူကြီးများကို လုံးဝ ဂရုမစိုက်ပါ။

ပုရွက်ဆိတ်များက အမြဲတမ်း ပုရွက်ဆိတ်ဖြစ်နေမည် ဖြစ်သည်။

"ယွီရှောင်ယောက်... မင်းရဲ့‌ မောက်မာတဲ့စရိုက်ကို ပြောင်းလဲဖို့ အချိန်တန်ပြီ"

ဤအခိုက်တွင် နာရာကူက တည်ငြိမ်စွာ ပြောလိုက်သည်။

သူက မိစ္ဆာနတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထား၏။ သူ့ခန္ဓာကိုယ်မှ မှောင်မိုက်သော ခရမ်းရောင် နတ်ဆိုးအလင်းများလည်း ဖြာထွက်နေသေးသည်။

ယွင်ရှောင်ဟေး အကြောင်းကတော့ အထူးပြောနေရန် မလိုပါ။

ကျွင်းရှောင်ယောက်အပေါ် သူ၏ အမုန်းမီးတောက်က ကမ္ဘာပေါ်ရှိ ရေအားလုံးနှင့် ငြိမ်းသတ်ရန် မဖြစ်နိုင်ပေ။

"အရင် ခွေးလေခွေးလွင့်က အခု နည်းနည်းပိုပြီး သန်မာလာပုံရတယ်"

ကာကူရာက နာရာကူကိုကြည့်ပြီး ရယ်ချင်ဟန်ဖြင့် ပြောလိုက်သည်။

နာရာကူ၏ မျက်နှာက မည်းမှောင်သွားသည်။ သူက အေးစက်စက်ဖြင့် ပြောလိုက်၏။

"ကာကူရာ... အခု ငါ့ အထောက်အထားကို မင်း မသိသေးဘူးလား"

"မင်းရဲ့ အရှင်ကို လှောင်ပြောင်တာက လက်အောက်ငယ်သားကောင်းတစ်ယောက် လုပ်သင့်တဲ့အရာ မဟုတ်ဘူး"

"အရှင်... နင်လား"

ကာကူရာက မျက်ခုံးပင့်လိုက်၏။

"အမှန်ပဲ၊ ငါက မိစ္ဆာနတ်ဘုရားနဲ့ နတ်ဆိုးဧကရာဇ်ရဲ့ ဆက်ခံသူ... ဘုရင်ခြောက်ပါးရဲ့ ခေါင်းဆောင်ပဲ။ အခု မင်းငါ့ဆီမှာ အညံ့ခံဖို့ အမိန့်ပေးတယ်"

နာရာကူ၏ ကြီးစိုးသော အသံက မိုးနှင့်မြေကြားတွင် ပဲ့တင်ထပ်သွားသည်။

"ငါ ခန့်မှန်းထားတာက တကယ်ဖြစ်နေပုံရတယ်"

ကျူးယဲ့က ပြုံးပြီး နာရာကူဆီသို့ လျှောက်သွားလိုက်၏။

"ညီနောင်ကျူးယဲ့ကို ကျေးဇူးတင်ပါတယ်၊ မင်းရဲ့ ညီလေးအတွက်တော့ တကယ်ကို စိတ်မကောင်းပါဘူး"

နာရာကူ ပြောလိုက်သည်။ ကျူးယဲ့ကိုတော့ လက်အောက်ငယ်သားနှင့် သခင်ကဲ့သို့ သူ မပြောပေ။

နောက်ဆုံးတွင်၊ မီးနဂါးမျိုးနွယ်က ဖာချီဧကရာဇ်မျိုးနွယ်ကို ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ ထို့ပြင်၊ ကျူးဟွမ်ကလည်း သူ့ကို ကယ်တင်ခဲ့သည် မဟုတ်ပါလား။

"ဟားဟားဟား၊ ရပါတယ်။ နောင်အခါမှာပဲ ဧကရာဇ်က ငါ့ကို ပိုပြီး ဂရုစိုက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ကျူးယဲ့က ရယ်မောလိုက်သည်။ ကျူးယဲ့က သူ့အကန့်အသတ်ကို သိ၏။

နာရာကူက ယခုအချိန်တွင် မည်မျှပင် အားနည်းနေစေကာမူ...

နတ်ဆိုးဧကရာဇ် ဖြစ်လာသရွေ့၊ ဘုရင်ခြောက်ပါးစလုံးကို အုပ်စိုးရန် အင်အားရှိလာမည်မှာ သေချာသည်။

ယင်းကြောင့်ပင် ကျူးဟွမ်ကို နာရာကူနှင့် မိတ်ဖွဲ့စေခဲ့ခြင်း ဖြစ်ပေသည်။

ယခုအခါ အခြေအနေက ရှင်းနေပြီ ဖြစ်သည်။

ဒုတိယဘုရင် ကျူးယဲ့နှင့် ပဉ္စမမြောက်ဘုရင် ယွင်ရှောင်ဟေးက နာရာကူ၏ အနားတွင် ရပ်နေခဲ့သည်။

စတုတ္ထမြောက်ဘုရင် ကာကူရာနှင့် ဆဋ္ဌမမြောက်ဘုရင် စူးဟုန်ယီက ကျွင်းရှောင်ယောက်ဘေးတွင် ရပ်နေကြ၏။

နာရာကူက ကာကူရာနှင့် စူးဟုန်ယီကိုကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

"မင်းတို့ ဘာဖြစ်လို့ အခုထိ အညံ့မခံသေးတာလဲ"

ထိုမိန်းကလေးနှစ်ယောက်က ကျွင်းရှောင်ယောက်၏နောက်ကို လိုက်နေကြသူများ ဖြစ်သည်။

အကယ်၍၊ သူတို့ကို အနိုင်ယူနိုင်လျှင် သူ့နှလုံးသားထဲတွင် ကျေနပ်မှုတစ်ခု ခံစားရလိမ့်မည်။

သို့ရာတွင်...

ကာကူရာက သူမ၏နှုတ်ခမ်းကို လက်ဖြင့်ကွယ်ကာ အံ့ဩဟန်ဆောင်ပြီး ပြောလိုက်သည်။

"မဟုတ်သေးပါဘူး၊ နင်က ကိုယ့်ကိုယ်ကိုယ် နတ်ဆိုးဧကရာဇ်လို့ အတင်းထင်နေတာတော့ မဟုတ်ဘူးမို့လား"

ထိုစကားများက လှောင်ပြောင်သရော်ခြင်းများ ပြည့်နေ၏။

ကာကူရာက သွယ်ဝိုက်ပြီး ပြောတတ်သူ ဖြစ်သည်။

စူးဟုန်ယီကတော့ ရိုးရှင်းပေသည်။

"ထွက်သွား"

ထိုစကားလုံးများက ရိုးရှင်းသော်လည်း အရာအားလုံးကို ရှင်းပြရန် လုံလောက်သည်။

"မင်းတို့... အတင့်ရဲလိုက်တာ"

မိန်းကလေးနှစ်ယောက်၏ လှောင်ပြောင်ခြင်းကို ခံရခြင်းကြောင့် နာရာကူ၏မျက်နှာ မည်းမှောင်သွားသည်။

သူက ကာကူရာနှင့် စူးဟုန်ယီကို ဖိနှိပ်ရန် သူ့လက်တစ်ဖက်ကို မြှောက်လိုက်၏။

ယခုအခါ သူ၏စွမ်းအားက ယခင်ကထက် ပို၍ အားကောင်းလာပြီ။

မိန်းကလေးနှစ်ယောက် မလှုပ်ရှားမီတွင်...

ကျွင်းရှောင်ယောက်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

ကစဉ့်ကလျားစွမ်းအားနှင့် မေယုကမ္ဘာ စွမ်းအားများက တပြိုင်နက်တည်း အသက်ဝင်လာ၏။

သူက နာရာကူကို လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်တော့သည်။

"ဝုန်း"

မိုးကြိုးထစ်ချုန်းသံနှင့်အတူ နာရာကူ၏ မျက်နှာပေါ်တွင် မျက်နှာဖုံးတစ်ခု ပေါ်လာခဲ့သည်။

သို့တိုင်... ကျွင်းရှောင်ယောက်၏ ရိုက်ချက်ကြောင့် လွင့်စဉ်သွားရသေးသည်။

"ငါ့လူတွေကို သင်ခန်းစာပေးရအောင် မင်းက ဘယ်သူလဲ"

ကျွင်းရှောင်ယောက်က အေးစက်စက် ပြောလိုက်သည်။ အဖြူရောင် သူ့ဝတ်စုံက လေထဲတွင် တဖျတ်ဖျတ်လွင့်နေ၏။ သူ့အရှိန်အဝါက နက်နဲပြီး မျက်လုံးအကြည့်ကလည်း စူးရှပေသည်။

"ပထမဘုရင် သခင်..."

ကာကူရာ၏ မျက်လုံးများက ချစ်ခြင်းမေတ္တာတို့ဖြင့် ဝင်းလက်တောက်ပသွားသည်။

"သခင်လေး..."

စူးဟုန်ယီ၏ မျက်လုံးများမှာလည်း ကျေနပ်မှုနှင့် မျှော်လင့်မှု အရိပ်အယောင်များ ပေါ်လာတော့သည်။

ကျူးယဲ့ပင်လျှင် အနည်းငယ်ထူးဆန်းသောအမူအရာများ ပေါ်လာခဲ့သည်။

ဤမျှ ဟိတ်ဟန်ကြီးလိုက်ပုံဖြင့်၊ ကျွင်းရှောင်ယောက်က နတ်ဆိုးဧကရာဇ်ဟု အဘယ်ကြောင့် ထင်နေရသနည်း။

ထိုကြီးစိုးသော စကားသံက သူ့ကို တိတ်တဆိတ် မျက်မှောင်ကြုတ်စေခဲ့သည်။

"ယွီရှောင်ယောက်၊ ငါ့ကို အရင်လူလို့ မထင်နဲ့ကွ"

နာရာကူ ဒေါသပေါက်ကွဲသွားသည်။

သူက ထိုအနက်ရောင်သွေးတစ်စက်ကို မရရှိသေးသော်လည်း...

မိစ္ဆာနတ်ဘုရားချပ်ဝတ်တန်ဆာနှင့် အမွေဆက်ခံမှုကြောင့် သူ့ကိုယ်သူ ကျွင်းရှောင်ယောက်ထက် အားမနည်းတော့ပြီဟု ထင်ထားခဲ့ပေသည်။

"မိစ္ဆာနတ်ဘုရားကျင့်စဉ်၊ နတ်ဘုရားဖျက်ဆီးခြင်းလှံ"

နာရာကူ၏ ခန္ဓာကိုယ်မှ မှောင်မိုက်သော ခရမ်းရောင် နတ်ဆိုးစွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။ နတ်ဆိုးစွမ်းအားများက ကမ္ဘာကိုပင် ထုတ်ချင်းခတ် ဖောက်ထွက်နိုင်ပုံရသော မှောင်မိုက်သောခရမ်းရောင်လှံ အဖြစ်သို့‌ ဖွဲ့စည်းသွား၏။

နိစ္ဆာနတ်ဘုရားကျင့်စဉ်မှာ တချိန်က ယာကီမိစ္ဆာနတ်ဘုရား၏ တားမြစ်နည်းလမ်း ဖြစ်သည်။

အင်အားအပြည့်ဖြင့် မိစ္ဆာနတ်ဘုရားသာ ဤနည်းလမ်းကို ထုတ်ဖော်ပါက ကစဉ့်ကလျားနတ်ဆိုးပင်လယ်တစ်ခုလုံး ပျောက်ကွယ်သွားလိမ့်မည်။

နာရာကူက အပြည့်အဝ မကြီးထွားသေးသော်လည်း သူ့အင်အားမှာ အလွန်အားကောင်းနေပြီ ဖြစ်သည်။

မိစ္ဆာနတ်ဘုရားချပ်ဝတ်၏ စွမ်းရည်မြှင့်တင်ခြင်းကြောင့်လည်း ဤတိုက်ခိုက်မှု၏ စွမ်းအားက ပို၍ အားကောင်းလာတော့သည်။

ယင်းက ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့ နှစ်ဦးစလုံးကို တိတ်တဆိတ် တုန်လှုပ်သွားစေခဲ့သည်။

ဤနည်းလမ်းကို ခုခံလိုပါက သူတို့အတွက် အလွန် ခက်ခဲလိမ့်မည်။

"အဲဒီ ချပ်ဝတ်တန်ဆာက..."

ကျွင်းရှောင်ယောက်လည်း ချက်ချင်း သတိပြုမိသွားသည်။

ထိုချပ်ဝတ်တန်ဆာက နာရာကူ၏ စွမ်းအားကို တိုးမြှင့်ပေးနိုင်ပုံရပေသည်။

'ဒါပေမဲ့... ဒီစွမ်းရည်မျိုးက မင်းတစ်ယောက်တည်း ပိုင်ဆိုင်ထားတာ မဟုတ်ဘူး'

ကျွင်းရှောင်ယောက်က ခပ်တိုးတိုး ရယ်မောလိုက်သည်။

သူ့ခန္ဓာကိုယ်အတွင်းမှ အနှိုင်းမဲ့သွေးက ဆူပွက်လာ၏။

အနှိုင်းမဲ့အရိုး ကွဲကြေသွားပြီးနောက် အနှိုင်းမဲ့သွေးနှင့်အတူ ဖြစ်ပေါ်လာသော စတုတ္တမြောက် သဘာဝစွမ်းရည်မှာ စွမ်းရည်အားလုံးကို မြှင့်တင်ခြင်း ဖြစ်သည်။

အနှိုင်းမဲ့သွေးများ ဆူပွက်လာသည်နှင့် တပြိုင်နက်၊ ကျွင်းရှောင်ယောက်၏ စွမ်းအားမှာ ကဏ္ဍပေါင်းစုံတွင် တဟုန်ထိုး တိုးတက်လာတော့သည်။

သူက နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ တောက်ပသော အလင်းတန်းက လှံပုဆိန်တစ်လျှောက် စီးဆင်းသွား၏။

ကမ္ဘာဦးကျမ်း... နတ်ဘုရား၏အလင်း။

"ဝှစ်"

ကျွင်းရှောင်ယောက်က လှံချက် ထုတ်ဖော်လိုက်သည်။ တောက်ပသော အလင်းတန်းတစ်ခုက ပင်လယ်ရေကို ထက်ခြမ်းခွဲကာ ပြေးထွက်သွားတော့သည်။

All Chapters