← Chapters

အခန်း ၁၀၇၄

Vol. 72 Ch. 1074

အခန်း ၁၀၇၄

Vol. 72 Ch. 1074

အခန်း ( ၁၀၇၄ ) မိုရှီဧကရာဇ်မျိုးနွယ်။

ကမ္ဘာဦးကျမ်း... နတ်ဘုရား၏အလင်း၊ အနှိုင်းမဲ့သွေး၏ စတုတ္တမြောက် သဘာဝစွမ်းရည်တို့နှင့် နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ကို တွဲဖက်ကာ ထုတ်ဖော်လိုက်သောအခါ စွမ်းအားက အံ့မခန်း ကြီးမားလာခဲ့သည်။

နာရာကူက မိစ္ဆာနတ်ဘုရားချပ်ဝတ်ဖြင့် အင်အားမြှင့်တင်ပြီး အစွမ်းထက် မိစ္ဆာနတ်ဘုရားနတ်ဘုရားကျင့်စဉ်ကို အသုံးပြုခဲ့သော်လည်း ဤတိုက်ခိုက်မှုတွင် အားနည်းချက် ရှိနေသေးသည်။

ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအားလှိုင်းများက အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။

နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်က နတ်ဘုရားဖျက်ဆီးခြင်းလှံကို တိုက်ရိုက် ချေမှုန်းပစ်လိုက်၏။ တောက်ပသော အလင်းများက ကောင်းကင်တခွင်တွင် ဖြာနေတော့သည်။

ထို့ပြင် လှံပုဆိန်အလင်းက အင်အားအနည်းငယ်မျှ လျှော့မသွားဘဲ ဆက်လက် ဖြတ်သန်းသွားခဲ့သည်။

နာရာကူလည်း နီးကပ်လာသော သေခြင်းတရားကို ခံစားလိုက်မိပြီး တကိုယ်လုံး အေးစက်သွား၏။

သူက ခံစစ်နည်းလမ်းများကို အလျင်အမြန် အသုံးပြုခဲ့သည်။

မှောင်မိုက်သော ခရမ်းရောင် နတ်ဆိုးစွမ်းအားက ဒိုင်းတစ်ခုအဖြစ်သူ့ရှေ့တွင် ဖွဲ့စည်းသွားသည်။

သို့ရာတွင်...

"ဒုန်း"

လှံပုဆိန်အလင်းက အတားအဆီးကို ထပ်မံ ဖျက်ဆီးပစ်လိုက်၏။

သို့သော်လည်း လှံပုဆိန်အလင်း၏ အင်အားမှာ အားနည်းလာခဲ့သည်။

ထို့နောက် လှံပုဆိန်အလင်းက မိစ္ဆာနတ်ဘုရား၏ချပ်ဝတ်ကို ထိုးခုတ်မိသွားသည်။

သံသံချင်း ထိခတ်မိသကဲ့သို့ အသံများနှင့်အတူ မီးပွင့်များ တဖျတ်ဖျတ်ထသွား၏။

နာရာကူလည်း အမြောက်ဆံကဲ့သို့ နောက်ပြန် လွင့်စဉ်သွားတော့သည်။

သို့ရာတွင်... နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်က မိစ္ဆာနတ်ဘုရားချပ်ဝတ်ကို မဖြတ်တောက်နိုင်ခဲ့ပေ။

မိစ္ဆာနတ်ဘုရားချပ်ဝတ်မှာ တချိန်က ယာကီမိစ္ဆာနတ်ဘုရား၏ တားမြစ်လက်နက် ဖြစ်သည်။

၎င်းက နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်နှင့် အဆင့်တူပြီး ကမ္ဘာဖျက်ဆီးခြင်းတားမြစ်လက်နက်အဆင့် ဖြစ်၏။ ၎င်း၏အကာကွယ်က သဘာဝအတိုင်း၊ ထိုမျှ အားနည်းလိမ့်မည် မဟုတ်ပေ။

"ငါပြောပြီးပြီ ယွီရှောင်ယောက်၊ မင်း ငါ့ကိုသတ်ချင်ရင် အဲ့လောက်မလွယ်ဘူး"

နာရာကူက အေးစက်စက်ဖြင့် ပြုံးလိုက်သည်။

မိစ္ဆာနတ်ဘုရား၏ချပ်ဝတ်တန်ဆာဖြင့် ကောင်းကင်အဓိပဓိငယ်ပင်လျှင် သူ့အား ဘာမျှလုပ်နိုင်မည် မဟုတ်ပေ။

"လိပ်ခွံထဲကို ဝင်နေရုံနဲ့ မင်းက ဒီလောက်ယုံကြည်မှုရှိနေတာလား"

ကျွင်းရှောင်ယောက်၏ အမူအရာက အပြောင်းအလဲမရှိပါ။ သူက ဆက်လက် တိုက်ခိုက်လိုက်သည်။

နာရာကူမှာ အပြတ်သတ် ဖိနှိပ်ခံရပြီး အရိုက်ခံနေရတော့သည်။

နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်က မိစ္ဆာနတ်ဘုရားချပ်ဝတ်ကို မချိုးဖျက်နိုင်သော်လည်း...

သက်ရောက်မှုများကိုတော့ မတားဆီးနိုင်ပေ။

နာရာကူ၏ သွေးများက ဆူပွက်နေပြီး သူ့နံရိုးများစွာ ကျိုးသွားသည်။

နောက်ဆုံး၊ ကျွင်းရှောင်ယောက်၏ ဆက်တိုက် ထိုးစစ်များအောက်တွင်...

နာရာကူ၏ ပါးစပ်ထဲမှ သွေးများနှင့်အတူ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများ အန်ထွက်လာခဲ့သည်။

သူ့ခန္ဓာကိုယ်က ကြယ်ကြွေသကဲ့သို့ မြေပေါ်ကို ပြုတ်ကျသွား၏။

သူ့ပုံရိပ်က အဝေးမှ ကျွန်းတစ်ကျွန်းပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျသွားတော့သည်။

နာရာကူ ပြုတ်ကျလာသောအရှိန်ကြောင့် ထိုကျွန်းကလေးမှာ အပိုင်းပိုင်း ပေါက်ကွဲသွားရသည်။

"အား... ယွီရှောင်ယောက်..."

နာရာကူ၏ မျက်လုံးများက အမျက်ဒေါသတို့ဖြင့် နီရဲလာခဲ့သည်။

မိစ္ဆာနတ်ဘုရားချပ်ဝတ်၏ ကာကွယ်မှုကြောင့် ကျွင်းရှောင်ယောက်က သူ့ကိုသတ်နိုင်မည် မဟုတ်ပါ။

သို့ရာတွင်... ထိုမျှ ရှက်စရာကောင်းသောပုံစံဖြင့် ရိုက်နှက်ခံရခြင်းကို သူ့အနေဖြင့် လက်မခံနိုင်ပေ။

နာရာကူလည်း မိစ္ဆာနတ်ဘုရားကျမ်း၏ အန္တိမနည်းလမ်းကို ထုတ်ဖော်ပြီး ကျွင်းရှောင်ယောက်နှင့် အသေအကြေတိုက်ခိုက်မည်အပြု...

တည်ငြိမ်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"အားလုံးပဲ... ကျေးဇူးပြုပြီး ခဏရပ်လိုက်ပါ"

ထိုအသံကိုကြားတော့ အားလုံးက အသံလာရာကို လှမ်းကြည့်လိုက်၏။

အဝေးမှ မြူများထဲတွင် လှေငယ်လေးတစ်စင်း ပေါ်လာသည်။

ဝါးခမောက်ဆောင်းထားသော အဖိုးအိုတစ်ဦးက လှော်တက်တစ်ချောင်းဖြင့် လှော်ခတ်လာနေခြင်း ဖြစ်၏။

နောက်တစ်ဦးကတော့ ချောမောသည့် လူငယ်လေးတစ်ဦး ဖြစ်သည်။

လူအားလုံး ထိုလူငယ်လေးထံမှ တူညီသော အရင်းမြစ်၏ အငွေ့အသက်တို့ကို ခံစားလိုက်ရလေသည်။

"မင်းက နောက်ဆုံးဘုရင်ဖြစ်ပုံရတယ်"

ကျွင်းရှောင်ယောက်က ခဏရပ်ပြီး နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ကို ဖယ်ရှားလိုက်သည်။

"ပထမဘုရင်"

ထိုလူငယ်က ကျွင်းရှောင်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် အဝေးမှ ရုပ်ပျက်ဆင်းပျက်ဖြစ်နေရှာသော နာရာကူကို တစ်ဖန် လှမ်းကြည့်လိုက်၏။

"မင်းက နတ်ဆိုးဧကရာဇ်လား"

လူငယ်၏မျက်နှာက အနည်းငယ် ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်များ‌ ပေါ်လာသည်။

ဤနတ်ဆိုးဧကရာဇ်မှာ ပထမဘုရင်၏ သနားစရာကောင်းအောင် သင်ခန်းစာ ပေးခံလိုက်ရပုံပေါ်သည်။

"ဟုတ်တယ်"

နာရာကူက ပြောလိုက်သည်။ မိစ္ဆာစွမ်းအားများ တက်လာပြီးနောက် သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများက လျင်မြန်စွာ ပြန်ကောင်းသွား၏။

သူ့အမူအရာကတော့ ကြည့်မကောင်းလှပေ။

နတ်ဆိုးဧကရာဇ်တစ်ပါးဖြစ်ပြီး သူ့မျက်နှာ လုံးဝ ပျက်သွားခဲ့ရသည်။

"အင်း၊ ငါ့ကိုယ်ငါ အရင် မိတ်ဆက်ပေးပါရစေ"

လူငယ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

"ငါက တတိယဘုရင်ဖြစ်ပြီး လမ်းပြဆိုရင်လည်း မမှားပါဘူး။ ငါ့နာမည်က မိုဟူလာ၊ မိုရှီဧကရာဇ်မျိုးနွယ်ကပါ"

မိုဟူလာ၏ စကားက ကာကူရာ၊ ကျူးယဲ့နှင့် အခြားသူများကို တုန်လှုပ်သွားစေခဲ့သည်။

သူတို့က မျှော်လင့်ထားပြီးဖြစ်သော်လည်း လူငယ်၏ အမည်ကို သိလိုက်ရချိန်မှာ တုန်လှုပ်နေမိဆဲပင်။

"မိုရှီမျိုးနွယ်ဆိုတာ အမည်မဲ့နယ်မြေမှာရှိတဲ့ အန္တိမ ဧကရာဇ်မျိုးနွယ်တွေထဲက တစ်ခုပဲ"

ကာကူရာ၏ အမူအရာက ပို၍ လေးနက်လာခဲ့သည်။

"အိုး... မိုရှီမျိုးနွယ်ကပဲ"

ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်၏။

ဤသည်မှာ အန္တိမဧကရာဇ်မျိုးနွယ်မှလူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။

မိုဟူလာက အားနည်းပုံမရပေ။

လှေလှော်‌နေသည့် အဘိုးကြီးသည်ပင် ခန့်မှန်းရခက်သော ကျင့်ကြံခြင်းအခြေခံ ရှိ၏။

ကာကူရာက ကျွင်းရှောင်ယောက်၏ အနားသို့ တိုးကပ်လာကာ ပြောလိုက်သည်။

"ကောလဟာလတွေအရ မိုရှီမျိုးနွယ်စုဟာ နတ်ဆိုးအားလုံးရဲ့မူလကနေ စတင်လာခဲ့တာတဲ့။ သူတို့က တိုင်းတပါးရဲ့ ရှေးအကျဆုံး မျိုးနွယ်တွေထဲက တစ်ခုပဲ။ အန္တိမကပ်ဘေးကြီးနဲ့တောင်မှ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပုံရတယ်"

"နတ်ဆိုးအားလုံးရဲ့ မူလအစ..."

ကျွင်းရှောင်ယောက် ခပ်တိုးတိုး ရေရွတ်လိုက်၏။

ပထမဆုံး အန္တိမကပ်ဘေးကြီးရှိပြီး ယခုလည်း နတ်ဆိုးအားလုံး၏ မူလအစ ပေါ်လာပြီ။

တိုင်းတပါးတွင် လျှို့ဝှက်ချက်များ အများကြီး ရှိနေပုံရသည်။

"ငါတို့အားလုံးက အန္တိမကပ်ဘေးကြီးအတွက် ကြိုးစားဆောင်ရွက်ပေးနေကြရတာပဲ။ ဘာအတွက်ကြောင့် အချင်းချင်း တိုက်ခိုက်နေကြရမှာလဲ"

မိုဟူလာက‌ ပြောလိုက်သည်။

နာရာကူက အေးစက်စက် ပြောလိုက်၏။

"တချို့လူတွေက ကိုယ့်အဆင့်ကို မသိတတ်ဘူး၊ သူတို့ရဲ့ ခေါင်းဆောင်က ဘယ်သူဆိုတာကို မသိသေးဘူး"

"အရှုံးသမားက ဘယ်လိုတောင် ဟောင်ဝံ့တာလဲ"

ကျွင်းရှောင်ယောက်က လှောင်ပြောင်လိုက်သည်။

"မင်းက... တကယ်ပဲ နတ်ဆိုးဧကရာဇ်လား"

မိုဟူလာက နာရာကူကို ကြည့်လိုက်၏။

အမှန်အတိုင်းပြောရလျှင်... နာရာကူ၏ စုတ်ပြတ်နေသော အသွင်ပြင်က နတ်ဆိုးဧကရာဇ်နှင့် လုံးဝ မတူပေ။

ဆန့်ကျင်ဘက်အနေဖြင့်၊ ကျွင်းရှောင်ယောက်ကမှ တကယ့် ဘုရင်တစ်ပါးနှင့် တူနေသည်။

"ဘာလဲ၊ မင်းက ငါ့ကို သံသယဖြစ်နေတာလား"

နာရာကူ၏ လေသံက တင်းမာသွားသည်။

မိုဟာလူသာ မိုရှီဧကရာဇ်မျိုးနွယ်မှမဟုတ်ပါက၊ သူ၏ သဘောထားမှာ ပို၍ ဆိုးရွားပေလိမ့်မည်။

"မဟုတ်ပါဘူး၊ နည်းနည်း မမျှော်လင့်ခဲ့မိရုံပဲ။ နောက်ဆုံးတော့၊ ဒဏ္ဍာရီထဲက နတ်ဆိုးဧကရာဇ်ဟာ အန္တိမကပ်ဘေးကြီးရဲ့ မျှော်လင့်ချက်အတိုင်း ဘုရင်ခြောက်ပါးကို ဦးဆောင်နိုင်တဲ့ အစွမ်းသတ္တိရှိတယ်၊ ဒါပေမဲ့ မင်းက..."

မိုဟာလူက တစ်ခုခုပြောလိုသော်လည်း ရပ်လိုက်သည်။

"ငါက အပြည့်အဝ မနိုးထသေးဘူး၊ တစ်ခု လိုနေသေးတယ်"

နာရာကူက အေးစက်စက် ပြောလိုက်၏။

"ဘာလဲ"

"အနက်ရောင် သွေးစက်"

နာရာကူ၏ မျက်လုံးအကြည့်များက စူးရှလာသည်။

ထိုအကြောင်းကို ထုတ်ပြောရသည့်အတွက် သူ မစိုးရိမ်ပေ။

အကြောင်းမှာမူ၊ သူ၏မှတ်ဉာဏ်များ၌ နတ်ဆိုးဧကရာဇ် တစ်ပါးတည်းသာ အနက်ရောင်သွေးစက်ကို ရယူပြီး သန့်စင်ရန် အရည်အချင်းပြည့်မီသောကြောင့်ပင်။

အခြားသူများသာ ထိုသွေးစက်ကိုရယူပြီး အလောတကြီး သန့်စင်ပါက အသက်သာဆုံး ရူးသွပ်သွားနိုင်သည်။

အဆိုးဆုံးဖြစ်ပါက ခန္ဓာကိုယ်တစ်ခုလုံး တိုက်ရိုက်ပေါက်ကွဲပြီး သေဆုံးပေလိမ့်မည်။

နာရာကူသာလျှင် ၎င်းကိုသန့်စင်ရန် အရည်အချင်းပြည့်မီသည်။

"ငါနားလည်ပါပြီ၊ ငါတို့မျိုးနွယ်ထဲမှာလည်း မှတ်တမ်းတချို့ရှိတယ်"

မိုဟူလာက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ထိုအခိုက်တွင်...

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အလင်းတန်းတစ်ခု လင်းလက်သွားသည်။

သူ့နှုတ်ခမ်းထောင့်မှာလည်း ရယ်ရွှင်းမြူးသော အရိပ်အယောင်ဖြင့် တွန့်ကွေးသွား၏။

'နာရာကူပြောတဲ့ အနက်ရောင်သွေးက ငါ လက်မှတ်ထိုးဝင်ထားတဲ့ သွေးနက်နဲ့ အတူတူပဲလား'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

ထိုအချိန်တွင် မိုဟူလာက ပြောလာသည်။

"ဒီလိုဆိုရင်... အနက်ရောင်သွေးစက်ကို သန့်စင်နိုင်သရွေ့ မင်းက နတ်ဆိုးဧကရာဇ်ဖြစ်ကြောင်း သက်သေပြနိုင်ပြီး ဘုရင်ခြောက်ပါးကို အုပ်စိုးနိုင်တဲ့ စွမ်းအားကို ရရှိနိုင်မယ်ပေါ့"

"ဟုတ်တယ်၊ ဒါပေမဲ့ အဲဒါက ဘာဖြစ်လို့လဲ"

နာရာကူက မျက်ခုံးပင့်လိုက်၏။

"မဖြစ်ပါဘူး၊ အမည်မဲ့နယ်မြေမှာ အနက်ရောင်သွေးစက် ရှိတယ်ဆိုတာ ငါသိတယ်"

မိုဟူလာ၏ စကားများက နာရာကူအား အသက်ရှူမြန်လာစေသည်။ သူ၏ မျက်လုံးများမှာလည်း ခရမ်းရောင် မိစ္ဆာအလင်းများက လင်းလက်လာ၏။

"အဲဒါ ဘယ်မှာလဲ"

သူ မစောင့်နိုင်တော့ပေ။

"စိတ်မပူပါနဲ့၊ အရင်ဆုံး မင်းတို့ကို မြူခိုးဒေသကိုဖြတ်ပြီး အမည်မဲ့နယ်မြေကို ခေါ်သွားမယ်"

"နောက်ကျရင်တော့ ငါတို့ ဘုရင်ခြောက်ပါးဟာ အမည်မဲ့နယ်မြေရဲ့ နက်နဲရာကို အတူတကွ သွားကြရလိမ့်မယ်။ အန္တိမကပ်ဘေးကြီးကိုတောင် တွေ့နိုင်လိမ့်မယ်"

မိုဟူလာ၏ မျက်လုံးများက စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။

အမည်မဲ့နယ်မြေ၏ နက်နဲရာမှ တံခါးကို ဖွင့်ရန်အတွက်၊ ဘုရင်ခြောက်ပါးမှ ကမ္ဘာဖျက်ဆီးခြင်း တားမြစ်လက်နက်ခြောက်ခုကို အသက်သွင်းရန် လိုအပ်သည်။

သို့ရာတွင်... ထိုအမှု မအောင်မြင်ခဲ့သည်မှာ နှစ်ပေါင်းဘယ်လောက်ကြာသွားပြီမှန်းပင် မသိပေ။

ဤခေတ်မှာတော့ သူတို့က အန္တိမကပ်ဘေးကြီးကို အမှန်တကယ် တွေ့ခွင့်ရနိုင်ဖွယ် ရှိသည်။

နာရာကူ၏ မျက်နှာမှာ‌‌လည်း စိတ်မရှည်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

သူက ကျေနပ်ပျော်ရွှင်နေသော အမူအရာဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်၏။

'ယွီရှောင်ယောက်၊ မင်းရဲ့ ကောင်းမွန်တဲ့နေ့ရက်တွေကို ရေတွက်လိုက်ပြီ။ ငါ အနက်ရောင်သွေးကို လာတဲ့အခါ...'

နာရာကူက အေးစက်စက် ပြုံးလိုက်သည်။

ကျွင်းရှောင်ယောက်ကတော့ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်လေသည်။

သူ့စိတ်ထဲမှာလည်း နာရာကူအတွက် ဝမ်းနည်းစပြုနေပြီ ဖြစ်သည်။

All Chapters