← Chapters

အခန်း ၁၀၇၅

Vol. 72 Ch. 1075

အခန်း ၁၀၇၅

Vol. 72 Ch. 1075

အခန်း ( ၁၀၇၅ ) အမည်မဲ့နယ်မြေသို့ ရောက်ပြီ။

"အားလုံးပဲ၊ ကျေးဇူးပြုပြီး လှေပေါ်တက်ကြပါ။ ငါ့ရဲ့ လမ်းပြမှုမရှိရင် မင်းတို့ ဒီမြူခိုးဒေသကိုဖြတ်သွားဖို့ လွယ်မှာမဟုတ်ဘူး"

မိုဟူလာက အနည်းငယ် ပြုံးလိုက်သည်။

ကျွင်းရှောင်ယောက်၊ ကာကူရာ၊ စူးဟုန်ယီ၊ နာရာကူ၊ ယွင်ရှောင်ဟေးနှင့် ကျူးယဲ့တို့လည်း လှေပေါ်သို့ တက်ခဲ့ကြလေသည်။

လှေက မကြီးမားသော်လည်း လူအနည်းငယ် လိုက်ပါရန်အတွက် လုံလောက်သည်။

"သူတို့မလိုက်ရဘူး"

မိုဟူလာက ယခင် ယွင်ရှောင်ဟေး စီးနင်းလာသော သင်္ဘောကို လှမ်းကြည့်လိုက်သည်။ သင်္ဘောပေါ်တွင် အင်မော်တယ်ဘုရင်အဆင့် ပုံရိပ်တချို့ ရှိ၏။

သို့သော်လည်း အပြင်လောကမှ ပုဂ္ဂိုလ်များက မိုရှီဧကရာဇ်မျိုးနွယ်မှ မိုဟူလာရှေ့မှာတော့ မမောက်မာဝံ့ကြပေ။

သူတို့ဟာ မူလက ယွင်ရှောင်ဟေးကို ကာကွယ်ရန် လိုက်လာခဲ့ကြခြင်း ဖြစ်သည်။ ယခုတော့ မလိုအပ်တော့ပေ။

သူတို့အားလုံး လက်ယှက်ပြပြီး ထွက်သွားကြသည်။

ယွင်ရှောင်ဟေးလည်း စိတ်အေးသွား၏။

ဤနေရာတွင်၊ ကျွင်းရှောင်ယောက်မှ သူ့ကို တိုက်ခိုက်ရန် မဖြစ်နိင်တော့ကြောင်း သူ သိသည်။

ကျွင်းရှောင်ယောက် လှုပ်ရှားလျှင်ပင် မိုဟူလာက ပထမဆုံး တားမြစ်ပေလိမ့်မည်။

နောက်ဆုံးတွင်၊ သူတို့ခြောက်ယောက်စလုံး အမည်မဲ့နယ်မြေသို့သွားပြီး တံခါးဖွင့်ရန် အတူတူ လုပ်ဆောင်ကြရမည် ဖြစ်သည်။

လူအားလုံး လှေပေါ်တက်လာပြီးနောက် ဝါးခမောက်ဆောင်းထားသော အဘိုးကြီးလည်း စတင် လှော်ခတ်လေတော့သည်။

လှေငယ်လေးက မြူထူထပ်သောနေရာသို့ စတင်ဝင်ရောက်လာခဲ့သည်။

ပတ်ဝန်းကျင်က မြူများဖြင့် ပြည့်နှက်နေ၏။

ထိုမြူများအတွင်း၌ အမှောင်စွမ်းအားများ ရောနှောနေကြောင်း ကျွင်းရှောင်ယောက် ခံစားရသည်။

ကျွင်းရှောင်ယောက်က ထိုအမှောင်စွမ်းအင်နှင့် အလွန်ရင်းနှီးနေပြီ။

အဓိပဓိယွမ်ထျန်း၏ ရတနာသိုက်တွင် ရှိကတည်းက ယင်းကို ထိတွေ့မိခဲ့ခြင်း ဖြစ်သည်။

ဤအရာမှာ အင်မော်တယ်နယ်မြေကြီးမှ သတ္တဝါများအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုလည်း ဖြစ်၏။

၎င်းကို မခုခံနိုင်ပါက ရူးသွပ်သွားလိမ့်မည်။

သို့သော်လည်း တိုင်းတပါးသားများအပေါ်မှာတော့ ထိရောက်မှု မရှိပေ။

အကြောင်းမှာမူ၊ သူတို့၏ ခန္ဓာကိုယ်ထဲမှာ ထိုအမှောင်စွမ်းအင်က အနည်းနှင့်အများဆိုသလို ရှိနေခြင်းကြောင့်ပင်။

ဤအချက်ကြောင့်ပင် တိုင်းတပါးသားများက တူညီသောအဆင့်တွင် အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများထက် ပို၍ သန်မာနေကြခြင်း ဖြစ်သည်။

'အန္တိမကပ်ဘေးကြီး... မင်းက ဘာလဲဆိုတာ ငါဖော်ထုတ်ရမယ်'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

ထိုအချိန်တွင် သူက အကြည့်တစ်ချက်ကို သတိပြုမိသွားသည်။

မိုဟူလာက သူ့ကို ကြည့်နေခြင်း ဖြစ်၏။

"ဘာလဲ"

ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးပြီး လှည့်ကြည့်လိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ မင်း ပထမဘုရင်က တော်တော်လေး သန်မာပုံရတယ်"

မိုဟူလာကလည်း ပြုံးပြလိုက်လေသည်။

ကျွင်းရှောင်ယောက်က ပြန်မပြောတော့ဘဲ တည်တည်ငြိမ်ငြိမ် ပြုံးလိုက်သည်။

ကောင်းကင်ကိုခိုးယူပြီး နေကိုပြောင်းလဲခြင်းအတတ်ဖြင့်... သူ့ကို လွယ်လွယ်ကူကူ ဖော်ထုတ်နိုင်မည် မဟုတ်တာကိုတော့ ယုံကြည်ခဲ့ပေသည်။

"ဒါနဲ့ အနက်ရောင်သွေးစက်က ဘယ်မှာလဲ"

နာရာကူက အနည်းငယ် စိတ်လောနေသည်။

"အမှောင်မြစ်ကို မင်းတို့အားလုံး သိတယ် မဟုတ်လား"

မိုဟူလာ ပြောလိုက်သည်။

အားလုံးက အနည်းငယ် ခေါင်းညိတ်လိုက်၏။

"အမှောင်မြစ်က ငါတို့ကမ္ဘာရဲ့ အဓိကပြည်နယ်ဆယ်ခုကို လွှမ်းခြုံထားတဲ့ မြစ်တစ်စင်းဖြစ်ပြီး နောက်ဆုံးမှာ အမည်မဲ့နယ်မြေကို စီးဆင်းသွားခဲ့တယ်။ ကောလဟာလတွေအရတော့ အနက်ရောင်သွေးစက်က မြစ်ရဲ့အဆုံးမှာ ရှိတယ်တဲ့"

မိုဟူလာက ပြောလိုက်သည်။

"ဒါဆို အမှောင်မြစ်ထဲမှာ စီးဆင်းနေတဲ့ အမှောင်စွမ်းအင်က... ဖြစ်နိုင်မလား"

ကာကူရာက တစ်စုံတစ်ခုကို ချက်ချင်း တွေးမိသွားသည်။

"ဟုတ်တယ်၊ အားလုံးက အဲဒီ အနက်ရောင်သွေးစက်ကနေ လာခဲ့တာ"

မိုဟူလာ ခေါင်းညိတ်လိုက်၏။

ကျူးယဲ့နှင့် အခြားသူများအားလုံး အံ့အားသင့်သွားခဲ့ကြသည်။

အမှောင်မြစ်က အလွန်ရှည်လျားပြီး တိုင်းတပါးပြည်နယ် ဆယ်ခုလုံးကို လွှမ်းခြုံထား၏။

သို့တိုင်၊ ထိုအနက်ရောင်သွေးစက်၏ စွမ်းအားက မြစ်တစ်စင်းလုံးကို ပြည့်စေသည်။

ယင်းမှ ထိုသွေးစက်ဟာ မည်မျှ အစွမ်းထက်ကြောင်း မြင်နိုင်သည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အလင်းရောင်တစ်ခု တိတ်တဆိတ် လက်သွားသည်။

အကယ်၍ ထိုအနက်ရောင်သွေးစက်က အန္တိမကပ်ဘေးကြီးထံမှ ဆင်းသက်လာခြင်း အမှန်ဖြစ်လျှင်...

ထိုအနက်ရောင်သွေးစက်က တိုင်းတပါးတစ်ခုလုံးကို ထောက်ပံ့ပေးထားခြင်း ဖြစ်နိုင်သည်။

၎င်းက တိုင်းတပါးသတ္တဝါများကို လျင်မြန်စွာ ကူးစက်ပြီး အမှောင်စွမ်းအင်များ ကိန်းအောင်းစေနိုင်၏။

သူသာ ဖျက်ဆီးနိုင်ပါက၊ ၎င်းက တိုင်းတပါးတစ်ခုလုံး၏ စိတ်ကူးကို ပျက်ပြယ်စေလိမ့်မည်။

ဟုတ်သည်၊ ကျွင်းရှောင်ယောက်က ထိုအကြောင်းကို ထုတ်ပြေရန် အစီစဉ်မရှိတာတော့ သဘာဝအတိုင်းပင်။

ယခုအချိန်တွင် မေးခွန်းထုတ်လိုက်ပါက မိုဟူလာကို သံသယဝင်စေနိုင်သည်။

နောက်ဆုံးတွင်၊ မိုဟူလာက အန္တိမကပ်ဘေးကြီးအပေါ် အကြွင်းမဲ့ ယုံကြည်ကိုးစားသူ ဖြစ်သည်။

တစ်နည်းဆိုရသော်၊ မိုရှီမျိုးနွယ်စုတစ်ခုလုံးက အန္တိမကပ်ဘေးကြီး၏ ယုံကြည်သူများ ဖြစ်လိမ့်မည်။

ထို့အပြင်၊ ကျွင်းရှောင်ယောက်က အခြားအချက်ကိုလည်း တွေးတောခဲ့သည်။

အမှောင်မြစ်က လော့ရှန်းလင်အတွက် အလွန်အရေးကြီး၏။

အမှောင်မြစ်၏အဆုံးတွင် လော့ရှန်းလင်အတွက် အထောက်အကူဖြစ်စေနိုင်သော အရာတစ်ခုခု ရှိနေနိုင်လောက်သည်။

"ဒါပေမဲ့ မင်းပြောသလိုဆိုရင်... အဲဒီအနက်ရောင်သွေးစက်က အရမ်းစွမ်းအားကြီးတာ၊ အင်မော်တယ်ဘုရင်တွေက ရယူဖို့အတွက် ဘာဖြစ်လို့ မကြိုးစားကြတာလဲ"

နာရာကူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

အနက်ရောင်သွေးစက်၏ စွမ်းအားက သံသယဖြစ်စရာမလိုပေ။

သို့ဆိုလျှင် အင်မော်တယ်ဘုရင်များပင် စိတ်လှုပ်ရှားရမည်။

ထိုစကားကိုကြားတော့ မိုဟူလာက ခေါင်းခါယမ်းလိုက်သည်။

"အမှောင်မြစ်ရဲ့ အဆုံးမှာ ရှေးဟောင်းအစီရင်တစ်ခု ရှိတယ်။ အနက်ရောင်သွေးစက်က အစီရင်ထဲမှာ ဖြစ်လိမ့်မယ်"

"အဲဒီအစီရင်က အားကောင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့... အဲဒါက အန္တိမကပ်ဘေးကြီးနဲ့ ဆက်စပ်နေတယ်လို့ သတင်းရှိလို့ ဘယ်သူမှ မသွားရဲကြတာ"

"တကယ်လို့ မင်းသာ အန္တိမကပ်ဘေးကြီး ခန့်အပ်ထားတဲ့ နတ်ဆိုးဧကရာဇ်ဖြစ်ရင်တော့ အနက်ရောင်သွေးစက်က မင်းနဲ့ အလိုအလျောက် ပဲ့တင်ထပ်လာပါလိမ့်မယ်"

မိုဟူလာက ရှင်းပြလိုက်သည်။

"အင်း"

နာရာကူမှာ ထိုစကားကိုကြားပြီးနောက် ပို၍ စိတ်သက်သာရာရသွားလေသည်။

ဤနည်းဖြင့် အနက်ရောင်သွေးစက်အတွက် မည်သူမျှ သူနှင့် ယှဉ်နိုင်မည် မဟုတ်တော့ပေ။

အကြောင်းမူ၊ သူက စစ်မှန်သော ဘုရင်တစ်ပါး ဖြစ်နေခြင်းကြောင့်ပင်။

ကျွင်းရှောင်ယောက်ကတော့ စိတ်ထဲမှတွေးရင်း ခပ်မဆိတ်သာ နားထောင်နေခဲ့သည်။

ထိုအချိန်တွင် ပင်လယ်ရေက ရုတ်တရက် လှိုင်းထလာသည်။

ရှေ့ရှိ မြူခိုးများတွင် ရေဘဝဲ၏ လက်တံများကဲ့သို့ အရိပ်များစွာ ပေါ်ထွက်လာ၏။

ပင်လယ်တွင်းမှ အားကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာတော့သည်။

"အဲဒါကဘာလဲ"

ကျူးယဲ့၊ ယွင်ရှောင်ဟေးနှင့် အခြားသူများ အားလုံး တုန်လှုပ်သွားကြသည်။

ရှေးကျပြီး ကြောက်စရာကောင်းသော ပင်လယ်သားရဲတစ်ကောင်လို သူတို့ ခံစားလိုက်ကြရ၏။

"အားလုံးပဲ စိတ်မပူကြပါနဲ့"

မိုဟူလာကတော့ တည်တည်ငြိမ်ငြိမ်ပင်။

"ဟမ့်"

ဝါးခမောက်ဆောင်းထားသော အဘိုးအိုက နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ပင်လယ်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွား၏။

"နတ်ဖန်ဆင်းခြင်း အဓိပဓိ"

လှေပေါ်ရှိ ကျူးယဲ့၊ ယွင်ရှောင်ဟေးနှင့် အခြားသူများလည်း ကြီးမားသောဖိအားတစ်ခုကြောင့် တုန်ယင်ကာ အနည်းငယ် နောက်ဆုတ်သွားကြတော့သည်။

ကျွင်းရှောင်ယောက်တစ်ဦးသာ တည်ငြိမ်စွာ ရပ်နေခဲ့သည်။

စူးဟုန်ယီနှင့် ကာကူရာလည်း သူ့နောက်ကို ဝင်ရပ်လိုက်ကြလေသည်။

"အန္တိမဧကရာဇ်မျိုးနွယ်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ"

ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးလိုက်သည်။

လှေလှော်နေသည့် အဘိုးကြီးပင်လျှင် နတ်ဖန်ဆင်းခြင်းအဓိပဓိ ကျင့်ကြံခြင်းအခြေခံ ရှိသည်။

"အကြီးအကဲခယ့်က ငါတို့ကို လမ်းပြဖို့အတွက် လိုက်လာတာလေ။ သူနဲ့ဆိုရင် ဘာမှ စိုးရိမ်စရာမရှိပါဘူး"

မိုဟူလာက အနည်းငယ်ပြုံးလိုက်သည်။

လမ်းတစ်လျှောက်တွင် တားမြစ်နယ်မြေများနှင့် အမျိုးမျိုးသော ပင်လယ်သားရဲကြီးများ ရှိသည်။

သို့သော်လည်း အကြီးအကဲခယ့်၏ ဦးဆောင်မှုကြောင့် ပြဿနာမရှိခဲ့ပေ။

ရက် အနည်းငယ် ကြာသွားသည်။

ရှေ့ဘက်တွင် မြူခိုးများ ရှင်းသွား၏။

သူတို့၏ မြင်နိုင်စွမ်းမှာလည်း ပြန်လည် ကြည်လင်လာတော့သည်။

လူငယ်အားလုံး ရှေ့ကို လှမ်းကြည့်လိုက်ပြီးနောက် တိတ်ဆိတ်သွားကြသည်။

အလွန်ကြီးမားသော အမှောင်ကုန်းမြေတိုက်ကြီးတစ်ခု ဖြစ်၏။

အရာအားလုံးကလည်း တိတ်ဆိတ်နေပြီး မရဏမြေကဲ့သို့ပင်။

သို့ရာတွင်... ဤတိတ်ဆိတ်ခြင်းမျိုးက လူသူကင်းမဲ့သည့် ဖုန်းဆိုးမြေ၏ တိတ်ဆိတ်ခြင်းမျိုးမဟုတ်ပေ။

ဤပတ်ဝန်းကျင်က အန္တိမဧကရာဇ်မျိုးနွယ်မှ သတ္တဝါများအတွက် မြေသြဇာကောင်းပြီး အဖိုးတန်နယ်မြေ ဖြစ်သည်။

သို့သော်လည်း အင်မော်တယ်နယ်မြေကြီးမှ သတ္တဝါများအတွက်တော့ ဖုန်းဆိုးမြေနှင့်မခြားပေ။

"အားလုံးပဲ...၊ ငါတို့ကမ္ဘာရဲ့ အမြုတေ... အမည်မဲ့နယ်မြေကနေ ကြိုဆိုပါတယ်"

မိုဟူလာက ပြုံးပြီး ပြောလိုက်သည်။

ကျွင်းရှောင်ယောက်လည်း သူ့ရှေ့မှ အမှောင်ကုန်းမြေတိုက်ကြီးကို ကြည့်လိုက်၏။

အင်မော်တယ်နယ်မြေကြီးတွင် သက်ရှိများ ဘီလီယံပေါင်းများစွာ ရှိသည်။

သို့ရာတွင်၊ သူတို့ထဲမှ ဘယ်လောက်များများ

ဤနေရာကို ရောက်ရှိနိုင်မည်နည်း။

ကျွင်းရှောင်ယောက်က မျိုးဆက်သစ်လူငယ်များကြားတွင် ပထမဆုံး ဖြစ်နိုင်သည်။

"နောက်ပြီးရင် အမှောင်မြစ်ရဲ့အဆုံးကို တန်းသွားကြရအောင်"

နာရာကူက အနက်ရောင်သွေးစက်နှင့် ပေါင်းစပ်ရန် မစောင့်နိုင်တော့ပေ။

"အိုး၊ ကိစ္စမရှိပါဘူး"

မိုဟူလာက နာရာကူကို တစ်ချက်ကြည့်လိုက်သည်။

နာရာကူက ကျေနပ်နေသော အမူအရာဖြင့် ကျွင်းရှောင်ယောက်ကိုကြည့်ပြီး ပြုံးပြလိုက်၏။

"စိတ်မပူပါနဲ့၊ ငါ နတ်ဆိုးဧကရာဇ် တကယ်ဖြစ်လာဖို့တွက် တံခါးဖွင့်ဖို့ မင်းကို အသုံးလိုသေးတယ်ဆိုတော့ မင်းကို ငါသတ်မှာမဟုတ်ဘူး"

"ဒါပေမဲ့... လေးစားမှုနဲ့ သိမ်ငယ်မှုက ဘာလဲဆိုတာ မင်းနားလည်အောင် ငါပြောပြမယ်"

နာရာကူက လှောင်ပြောင်ပြောဆိုလိုက်သည်။ သူ့ခြေရင်းတွင် ခွေးတစ်ကောင်ပမာ လဲလျောင်းနေရမည့် ကျွင်းရှောင်ယောက်၏ပုံစံကိုပင် မြင်ယောင်နေပုံရ၏။

ကျွင်းရှောင်ယောက်ကတော့ လုံးဝ ဂရုမစိုက်ဘဲ ရိုးရိုးရှင်းရှင်း လျစ်လျူရှုခဲ့သည်။

ကိုယ့်သေသေတွင်းကို ကိုယ်ရှာရန် စိတ်အားထက်သန်နေသူတစ်ဦးကို ကျွင်းရှောင်ယောက်က ဘာများပြောနိုင်ပါမည်နည်း။

All Chapters