← Chapters

အခန်း ၁၀၇၇

Vol. 72 Ch. 1077

အခန်း ၁၀၇၇

Vol. 72 Ch. 1077

အခန်း ( ၁၀၇၇ ) အနက်ရောင်သွေးစက်နှင့် ပေါင်းစည်းခြင်း။

မိုးနှင့်မြေကြားတွင် အသံများ ပျောက်ကွယ်ပြီး ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်ခြင်း အခြေအနေသို့ ကျရောက်သွားသည်။

မည်သူမျှ ခဏချင်း မတုံ့ပြန်နိုင်တော့ပေ။

သူတို့အားလုံး ကြက်သေသေနေပြီး ကျွင်းရှောင်ယောက်နှင့် အနက်ရောင်သွေးစက်ကို တစ်လှည့်စီ ကြည့်နေခဲ့ကြသည်။

"ဘာတွေဖြစ်နေတာလဲ"

ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့ နှစ်ယောက်စလုံး တုန်ယင်နေပြီး သူတို့ရှေ့က မြင်ကွင်းကို လုံး၀ နားမလည်နိုင်တော့ပေ။

မိုဟူလာ၏ မျက်လုံးများမှာလည်း အံ့အားသင့်မှုတို့ ပေါ်လာခဲ့သည်။

ကာကူရာကတော့ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက်၊ သူမ၏ လှပသော မျက်လုံးများတွင် အံ့သြလေးစားမှု အရိပ်အယောင်များ ပေါ်လာတော့သည်။

အမှန်အတိုင်း‌ ဝန်ခံရလျှင် ဤအခြေအနေကို သူမ လုံးဝ မမျှော်လင့်ထားခဲ့ပါ။

ယခင်က ကျွင်းရှောင်ယောက်၏ တည်ငြိမ်ပြီး လျစ်လျူရှုထားသော အမူအရာကြောင့် အမြဲတမ်း နားမလည်နိုင် ဖြစ်ခဲ့ရသည်။

ယခုတော့ သူမ နားလည်သွားပြီ။

ကျွင်းရှောင်ယောက်က စစ်မှန်သော နတ်ဆိုးဧကရာဇ် ဖြစ်သောကြောင့် ဖြစ်သည်။

နာရာကူမှာတော့...

သူ့စိတ်ထဲတွင် တုန်လှုပ်ပြီး ဗလာကျင်းသွားသည်။

သူ့မျက်နှာက ရှုံ့မဲ့ပြီး ပြာနှမ်းသွား၏။

သူ့လည်ပင်းကို မမြင်နိုင်သောလက်တစ်စုံက တင်းတင်းကြပ်ကြပ် ညှစ်ထားသကဲ့သို့ ခံစားရပြီး အသက်ရှုရန်ပင် ခက်စေသည်။

ဘယ်လိုဖြစ်တာလဲ။

ဘာတွေဖြစ်နေတာလဲ။

နာရာကူ၏ နဖူးသွေးကြောများက ထောင်ထနေပြီး ပေါက်ကွဲထွက်တော့မည်။

သူက နတ်ဆိုးဧကရာဇ် မဟုတ်ဘူးလား။

သူက ယာကီမိစ္ဆာနတ်ဘုရား၏ ဆက်ခံသူ ဖြစ်သည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ၊ တစ်ခုခု မှားနေတာပဲ ဖြစ်ရမယ်။ ငါက နတ်ဆိုးဧကရာဇ်၊ ငါက တကယ့် ဘုရင်ပဲ"

နာရာကူက မယုံကြည်နိုင်စွာ ခေါင်းခါယမ်းလိုက်သည်။

အဖြစ်အပျက်အားလုံးက အိပ်မက်မက်နေသကဲ့သို့ပင်။

အစကတည်းက သူဟာ နတ်ဆိုးဧကရာဇ်ဖြစ်လာရန် စိတ်ကူးယဉ်ခဲ့သည်။

ယခုအချိန်မှာတော့ အိပ်မက်ဟာ ပြိုပျက်သွားပြီး အိပ်မက်ဆိုးကြီး ဖြစ်လာပြီ။

ဤပြောင်းလဲမှုမျိုးက ကြီးမားလွန်းသဖြင့် နာရာကူ လုံးဝ လက်မခံနိုင်တော့ပေ။

"မင်းက နတ်ဆိုးဧကရာဇ်ဆိုရင်... ဒီအနက်ရောင်သွေးစက်က မင်းကို ဘာဖြစ်လို့ မရွေးချယ်ခဲ့တာလဲ"

ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။

"မင်း အထူးနည်းလမ်းတစ်ခုခုကို သုံးလိုက်တာပဲ ဖြစ်ရမယ်။ အနက်ရောင်သွေးစက်က ငါ့ဟာပဲကွ"

နာရာကူက အရူးတပိုင်း အော်ဟစ်လိုက်သည်။ သူ့လည်ပင်း သွေးကြောများပင် ဖောင်းကြွလာသည်။

သူက ကျွင်းရှောင်ယောက်ဆီသို့ ပြေးဝင်သွားပြီး အနက်ရောင်သွေးစက်ကို လုယူရန် ကြိုးစားလိုက်၏။

ကျွင်းရှောင်ယောက်က အေးစက်စက်ဖြင့် လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်ရာ၊ ကစဉ့်ကလျား လက်ဝါးကြီး ထွက်ပေါ်လာပြီး နာရာကူကို ရိုက်ထုတ်လိုက်တော့သည်။

နာရာကူ၏ စကားများက အမှန်တကယ် ဖြစ်သည်။

ဤနက်ရောင်သွေးစက်က သူ့ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်အားလုံး၏ အနက်ရောင်သွေးနှင့် ပဲ့တင်ထပ်နေခြင်းကြောင့် သူ့ဆီသို့ ကျဆင်းလာခဲ့ခြင်း ဖြစ်ချေသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က ထုတ်မပြောသည်မှာ သဘာဝ ဖြစ်သည်။

"မအံ့သြဘူး... မအံ့ဩတော့ပါဘူး၊ ငါပြောသလိုပဲ နတ်ဆိုးဧကရာဇ်က ဒီလောက် အားမနည်းသင့်ဘူး"

မိုဟူလာက ရုတ်တရက် နားလည်သွားဟန်ဖြင့် ရေရွတ်လိုက်သည်။

ကျွင်းရှောင်ယောက်က ဘာကြောင့် အလွန်သန်မာပြီး၊ နာရာကူက အားနည်းနေသနည်း။

နောက်ဆုံးတွင် ကျွင်းရှောင်ယောက်က စစ်မှန်သော နတ်ဆိုးဧကရာဇ်ဖြစ်ခြင်းကြောင့် ဖြစ်သည်။

"ခစ်ခစ်... ပထမဘုရင်သခင်က ကူရာကို အံ့ဩစေခဲ့ပြန်ပြီ"

ကာကူရာက ချစ်စဖွယ် ရယ်မောလိုက်သည်။

ယခုတော့ သူမ လုံးဝ စိတ်သက်သာရာ ရသွားပြီ။

တစ်ဖက်တွင်၊ ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့၏ အမူအရာများက ပျက်ယွင်းနေကြပြီ ဖြစ်သည်။

သူတို့က မှားယွင်းသောဘက်တွင် ရပ်မိခဲ့ကြပြီ။

သူတို့က ဘက်မှားသည့်အပြင် ကျွင်းရှောင်ယောက်နှင့်လည်း အကြီးအကျယ် ရန်ငြိုးထားရှိခဲ့မိသည်။

"ဒါပေမဲ့ သူက ပထမဘုရင်ပဲလေ၊ သူ ဘယ်လိုလုပ်ပြီး နတ်ဆိုးဧကရာဇ်ဖြစ်နိုင်မှာလဲ"

ကျူးယဲ့က မနေနိုင်ဘဲ ပြောလိုက်သည်။

"ပထမဘုရင်နဲ့ နတ်ဆိုးဧကရာဇ်က တစ်ယောက်တည်း မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောလဲ၊ နင်လား"

ကာကူရာက ပိတ်ပြောလိုက်၏။

ကျူးယဲ့၏မျက်နှာက မသာမယာ ဖြစ်သွားသည်။ သူက တစ်ခုခုပြောလိုသော်လည်း ဘာမျှ မပြောနိုင်တော့ပေ။

အကြောင်းမူ... နတ်ဆိုးဧကရာဇ်၏ မှတ်တမ်းများက အလွန်ပင် မရေမရာဖြစ်နေသောကြောင့်ပင်။

"သူက အနက်ရောင်သွေးစက်နဲ့ တကယ် မပေါင်းစည်းရသေးဘူး"

ယွင်ရှောင်ဟေးက ကျွင်းရှောင်ယောက်ကို စိုက်ကြည့်လိုက်သည်။

ကျွင်းရှောင်ယောက်က နတ်ဆိုးဧကရာဇ်ဖြစ်လာမည်ကို သူ လုံးဝ မမြင်ချင်ပေ။

မည်သူက ကိုယ့်ရန်သူကို ဆရာကြီးဖြစ်စေချင်မည်နည်း။

ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် အေးစက်ပြီး လှောင်ပြောင်မှု အရိပ်အမြွက်တို့ ထွက်ပေါ်လာခဲ့သည်။

နောက်အခိုက်အတန့်တွင် လူတိုင်း၏ အကြည့်အောက်မှာ...

ကျွင်းရှောင်ယောက်က သူ့ခန္ဓာကိုယ်ထဲသို့ အနက်ရောင်သွေးစက်ကို တိုက်ရိုက် စိမ့်ဝင်စေခဲ့သည်။

"ဝုန်း"

အလွန်ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်တွင် ခဏချင်း ပြည့်နှက်သွား၏။

ကျွင်းရှောင်ယောက်လည်း အဆုံးမဲ့ စွမ်းအားများထဲတွင် နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။

သူ၏ ဆဲလ်တိုင်းက ပေါက်ကွဲတော့မည်ကဲ့သို့ပင်။

အနက်ရောင်သွေးစက်က စစ်မှန်သော နတ်ဆိုးဧကရာဇ်သာ ပေါင်းစပ်နိုင်သည်။

ကျွင်းရှောင်ယောက်က သူ့ကိုယ်သူ နတ်ဆိုးဧကရာဇ်မဟုတ်မှန်း သိပေသည်။

ကောင်းကင်အားလုံး၏ အနက်ရောင် သွေးစက်၏ ဆွဲဆောင်မှုဖြင့်သာ ရရှိလာခဲ့ခြင်း ဖြစ်သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ကျွင်းရှောင်ယောက်တွင် ကစဉ့်ကလျားခန္ဓာ ရှိသည်။

ဤနေရာတွင် တော်ရုံတာအိုခန္ဓာဖြစ်ပါက ပေါက်ကွဲသွားနိုင်ချေ အလွန့်အလွန် များပေသည်။

"ဝုန်း"

‌ကောင်းကင်တစ်ခုလုံး အမှောင်ကျသွားသည်။

စကြာဝဠာကြီး တုန်လှုပ်နေ၏။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်မှ တုနှိုင်းမရသော အမှောင်စွမ်းအားများ ထွက်ပေါ်လာတော့သည်။

ကောင်းကင်တစ်ခုလုံးကို အမှောင်ထုက ဖုံးလွှမ်းထားခဲ့သည်။

အဆုံးမရှိသော တိမ်တိုက်များက အမည်မဲ့နယ်မြေကို လွှမ်းခြုံသွား၏။

ဤအတက်အကျက အမည်မဲ့နယ်မြေရှိ အန္တိမဧကရာဇ်မျိုးနယ်၏ ဧကရာဇ်အဆင့် အကျော်အမော်များကိုပင် တုန်လှုပ်စေခဲ့သည်။

"အဲဒီ အရှိန်အဝါက..."

"တစ်ယောက်ယောက်က အဲဒီ အနက်ရောင်သွေးစက်ကို ပေါင်းစပ်လိုက်ပြီ"

"မျှော်လင့်ထားတဲ့အတိုင်း နတ်ဆိုးဧကရာဇ် အမှန်တကယ် မွေးဖွားလာခဲ့ပြီ"

"နောက်တစ်ခုကတော့ ကောင်းကင်မဲ့ အမှောင်နယ်မြေ ပွင့်လာမယ်... အန္တိမကပ်ဘေးကြီး တစ်ဖန် ပြန်ပေါ်လာလိမ့်မယ်"

"အင်မော်တယ်နယ်မြေကြီးရဲ့ အဆုံးသတ် ရောက်လာတော့မယ်..."

အန္တိမဧကရာဇ်မျိုးနွယ်၏ ဘိုးဘွားနယ်မြေတချို့တွင် ရှေးကျသော ပုဂ္ဂိုလ်ကြီးများက အသံလွှင့်ကာ ပြောဆိုနေခဲ့ကြသည်။

ထိုအချိန်တွင်၊ အမှောင်မြစ်၏ အရင်းမြစ်မှာ...

ယွင်ရှောင်ဟေး တုန်လှုပ်ချောက်ချားသွားသည်။

ကျွင်းရှောင်ယောက်က အနက်ရောင်သွေးစက်နှင့် မပေါင်းစပ်ရသေးဘူးဟု သူ ပြောပြီးသည်နှင့်တပြိုင်နက်...

ကျွင်းရှောင်ယောက်က အနက်ရောင်သွေးစက်ကို သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်လိုက်၏။

ယင်းက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။

"မဖြစ်နိုင်ဘူး၊ စစ်မှန်တဲ့ နတ်ဆိုးဧကရာဇ်မဟုတ်ဘဲ အနက်ရောင်သွေးစက်ကို ပေါင်းစပ်မိရင် ရူးသွပ်သွားလိမ့်မယ်။ ကံအကောင်းရင် ပေါက်ကွဲပြီးတော့တောင် သေလိမ့်မယ်"

"ငါမယုံဘူး၊ ငါကမှ စစ်မှန်တဲ့ နတ်ဆိုးဧကရာဇ်ပဲ"

ကျွင်းရှောင်ယောက်ကို စိုက်ကြည့်ရင်း နာရာကူ၏ မျက်လုံးများက သွေးကဲ့သို့ နီရဲလာခဲ့သည်။

ရှေးဟောင်း မှတ်ဉာဏ်များမှတဆင့် သူ နားလည်ခဲ့၏။

သူကမှ စစ်မှန်သော နတ်ဆိုးဧကရာဇ် ဖြစ်သည်။

ကျွင်းရှောင်ယောက်က အနက်ရောင်သွေးစက်ကို မည်ကဲ့သို့ ဆွဲဆောင်နိုင်မှန်း သူနားမလည်ပါ။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က ပြီးပြည့်စုံစွာ ပေါင်းစည်းနိုင်မည် မဟုတ်ကြောင်းတော့ သူယုံကြည်ခဲ့သည်။

ကာကူရာနှင့် စူးဟုန်ယီကတော့ စိုးရိမ်ပူပန်သော မျက်လုံးများဖြင့် ကျွင်းရှောင်ယောက်ကို စိုက်ကြည့်နေကြသည်။

"အမှန်နဲ့အမှားက စမ်းကြည့်ပြီးရင် သိလိမ့်မယ်"

မိုဟူလာလည်း ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

အနက်ရောင်သွေးစက်ကို ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်လျှင်၊ ကျွင်းရှောင်ယောက်က သဘာဝအလျောက် နတ်ဆိုးဧကရာဇ် ဖြစ်လာမည်ဖြစ်သည်။

ငြင်းပယ်လို့ မရပေ။

ပေါင်းစည်းလို့ မရလျှင်တော့...

ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်က အနက်ရောင်သွေးစက်၏ စွမ်းအားကို ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။

ဤစွမ်းအားက ကျွင်းရှောင်ယောက်၏ ၏

မျှော်လင့်ချက်ထက်ပင် များစွာကျော်လွန်သွားခဲ့ပြီ။

ယခင်က ကောင်းကင်အားလုံး၏ အနက်ရောင်သွေးစက်ဟာ ကျွင်းရှောင်ယောက်ကို အမှောင်လောကသို့ ဝင်ရောက်စေနိုင်သည်။ သို့ရာတွင်၊ သူက အသုံးမပြုခဲ့ပေ။

တစ်နည်းဆိုရသော် ဤသည်မှာ ကျွင်းရှောင်ယောက်အတွက် ပထမဆုံးအကြိမ် အနက်ရောင် သွေးစက်နှင့် ပေါင်းစပ်ခြင်း ဖြစ်သည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက် အနည်းငယ် အံ့ဩနေသည်။

ဤအနက်ရောင်သွေးစက်၏ စွမ်းအားက အလွန်ကြီးမားပုံရသော်လည်း၊ ကောင်းကင်အားလုံး၏ အနက်ရောင်သွေးထက် အားနည်းပုံရပေသည်။

သို့သော်လည်း ၎င်းတို့ထဲတွင် ပါဝင်သော အမှောင်ထုက တူညီသောအရင်းမြစ်မှ ဖြစ်သည်။

ကစဉ့်ကလျားစွမ်းအင်၊ မေယုကမ္ဘာစွမ်းအင်နှင့် အနှိုင်းမဲ့နတ်ဘုရားသွေး...

ထို့ပြင် ကျွင်းရှောင်ယောက်က အနက်ရောင်သွေးစက်ကို ဖိနှိပ်ရန်အတွက် အတွင်းစကြာဝဠာရှိ စကြဝဠာ၏ မူလစွမ်းအားကိုပင် ထုတ်ဖော်ခဲ့သည်။

သို့သော်...

ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ် တည်ရှိရာနေရာတွင် အမှောင်မြူများ ရုတ်တရက် ပေါ်လာသည်။

ထိုအမှောင်မြူများက ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်ကို ဝါးမျိုဖယ်ရှားချင်ပုံရပေသည်။

"လူတွေ ရူးသွပ်သွားရတာက လက်စသတ်‌တော့ ဒီအမှောင်မြူကြောင့်ပေါ့"

ကျွင်းရှောင်ယောက်လည်း အမှောင်စွမ်းအင်များက သူ၏ ရှေးဦးဝိညာဉ်ကို ရစ်ထွေးရန် ကြိုးစားလာသလို ခံစားလိုက်ရသည်။

အမှောင်စွမ်းအင်က အင်မော်တယ်နယ်မြေကြီးမှ လူများကို အဘယ်ကြောင့် ရူးသွပ်စေသနည်း။

ဤအမှောင်မြူအမျိုးအစားက ရှေးဦးဝိညာဉ်ကို ကူးစက်ပြီး အလွန်ပြင်းထန်သော အဆိပ်သင့်မှုတစ်မျိုး ဖြစ်စေနိုင်ခြင်းကြောင့် ဖြစ်သည်။

ရှေးဦးဝိညာဉ် ပျက်စီးသွားသောအခါ သဘာဝအတိုင်း ရူးသွပ်သွားလိမ့်မည်။

ကျွင်းရှောင်ယောက်လည်း အမှောင်ထု၏မူလနှင့် အနက်ရောင်သွေးစက်ကို ပို၍ သိချင်လာခဲ့သည်။

ထိုအခိုက်တွင်... ကျွင်းရှောင်ယောက်၏ အသိစိတ်ပင်လယ်ထဲမှာ မျိုးသုံးခု ရှေးဦးဝိညာဉ်က အဆုံးမဲ့အလင်းများကို ထုတ်လွှတ်လာသည်။

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူသော ရှေးဦးဝိညာဉ်သုံးခု ပေါ်လာ၏။

ရှေးဦးဝိညာဉ်သုံးခု နတ်ဘုရားသုံးပါး တင်ပျဉ်ခွေထိုင်နေသကဲ့သို့ ပြိုးပြိုးပြက်ပြက် တောက်ပသော အလင်းများကို ထုတ်လွှတ်နေတော့သည်။

"ငါ့ရဲ့ မျိုးဆက်သုံးခု ရှေးဦးဝိညာဉ် မပြည့်စုံတဲ့ အချိန်ကဆိုရင် ပြဿနာတွေ ရှိကောင်းရှိနိုင်တယ်၊ ဒါပေမဲ့ အခုတော့လား..."

ကျွင်းရှောင်ယောက်က အေးအေးလူလူရှိနေဆဲ ဖြစ်သည်။

အမှောင်စွမ်းအင်ကဲ့သို့ ထူးဆန်းသော အရာပင်လျှင် ကျွင်းရှောင်ယောက်၏ ဝိညာဉ်ကို မညစ်ညမ်းစေနိုင်ပါ။

သူ့ကို ရူးသွပ်စေရန် ပို၍ပင် မဖြစ်နိုင်သေးပေ။

တစ်ချိန်တည်းမှာပင်၊ ကျွင်းရှောင်ယောက်ဟာ အနက်ရောင်သွေးစက်မှ စွမ်းအား တစ်စိတ်တစ်ပိုင်းက သူ့မျက်လုံးများဆီသို့ ရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။

ကြောက်စရာကောင်းပြီး ထူးဆန်းသော ပြောင်းလဲမှုမျိုး ဖြစ်ပေါ်လာတော့သည်။

အပြင်လောကတွင်...

လူတိုင်းက အနက်ရောင် အခိုးအငွေ့များ ထူထပ်စွာ ဖုံးလွှမ်းထားသည့် ကျွင်းရှောင်ယောက်ကို မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။

"ဘာလို့ လှုပ်ရှားမှုမရှိတာလဲ"

ကာကူရာ အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။

"ဟားဟားဟား၊ မင်းတို့မြင်ပြီးပြီလား။ ဒါက အနက်ရောင်သွေးစက်ကို အတင်းအကြပ် ပေါင်းစပ်ဖို့ ကြိုးစားခြင်းရဲ့ ရလဒ်ပဲ"

နာရာကူက အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။

"တကယ်ပဲ အကွက်ဆင်ထားတာလား"

မိုဟူလာပင် သံသယဝင်လာမိ၏။

ထိုအခိုက်တွင်...

"ဝုန်း"

အနက်ရောင် အခိုးအငွေ့များထဲတွင် မိုးကြိုးထစ်ချုန်းသကဲ့သို့ မြည်သံမျိုးနှင့် ကြောက်စရာကောင်းသော ရောင်ဝါများ ထွက်ပေါ်လာသည်။

အနက်ရောင် မြူခိုးများ ပြန့်ကျဲသွား၏။

ကျွင်းရှောင်ယောက်၏ ရုပ်သွင်က တဖြည်းဖြည်း ပေါ်လာတော့သည်။

All Chapters