← Chapters

အခန်း ၁၀၈၁

Vol. 73 Ch. 1081

အခန်း ၁၀၈၁

Vol. 73 Ch. 1081

အခန်း ( ၁၀၈၁ ) နောက်ဆုံး ပြင်ဆင်မှုများ။

"ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဒီတစ်ခါ မင်းအတွက် တခြားလုပ်စရာတွေရှိသေးတယ်"

ကျွင်းရှောင်ယောက်က နောက်ဆက်တွဲ အစီအစဉ်များကို စတင်စီစဉ်ခဲ့သည်။

ထိုပါ့ယွိနှင့် အခြားသူများအပြင် သူ၏နောက်လိုက်အချို့နှင့်ပတ်သက်၍ သင့်လျော်သောအစီအစဉ်များ ပြုလုပ်ထားရန် လိုသေးသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်တွင် အချိန်မရှိတော့သဖြင့် လော့ရှန်းလင်ထံသို့ ထားခဲ့ရုံသာ တတ်နိုင်သည်။

လော့ရှန်းလင်၏ စွမ်းရည်ဖြင့် ဤအရာများကို ပြီးမြောက်ရန် လုံလောက်သည်ထက် ပိုသည်ဟုလည်း သူယုံကြည်ပေသည်။

"ဒါပေမဲ့..."

လော့ရှန်းလင်ကတော့ ကျွင်းရှောင်ယောက်အတွက် စိုးရိမ်နေဆဲပင်။

ကျွင်းရှောင်ယောက်လည်း ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီး လော့ရှန်းလင်ကို ပွေ့ဖက်လိုက်သည်။

လော့ရှန်းလင်၏ ဖြူနုသော နားရွက်နားသို့ နီးကပ်ပြီး တီးတိုး ပြောလိုက်လေသည်။

"စိတ်မပူပါနဲ့၊ ကျွန်တော် အန္တရာယ်အဖြစ်မခံပါဘူးလို့ ကတိပေးတယ်"

"အချိန်တန်ရင် အင်မော်တယ်နယ်မြေကြီးကို အတူတူပြန်ကြမယ်"

ဤနူးညံ့သိမ်မွေ့သောစကားများက လော့ရှန်းလင်၏ ခန္ဓာကိုယ်လေးကို ပျော့ပျောင်းစေခဲ့သည်။

ပုံမှန်အားဖြင့် ကျွင်းရှောင်ယောက်သည် လျစ်လျူရှုနေတတ်ပြီး နူးညံ့သိမ်မွေ့ပြခြင်း မရှိသလောက်ရှားသည်။

သို့သော်လည်း သူ နူးညံ့လာပါက တစ်ဖက်လူကို သေစေလောက်ပေသည်။

"နားလည်ပါပြီ"

လော့ရှန်းလင် မငြင်းဆန်တော့ဘဲ ကျွင်းရှောင်ယောက်၏ ပခုံးပေါ်ကို ဦးခေါင်းမှေးတင်ကာ တိတ်တဆိတ် မှီတွဲနေလိုက်သည်။

စကားအနည်းငယ်ပြောပြီးနောက် လော့ရှန်းလင်နှင့် ကျွင်းရှောင်ယောက် လမ်းခွဲလိုက်ကြလေသည်။

လော့ရှန်းလင်က နောက်ဆက်တွဲ အစီအစဉ်များကို စတင်ပြင်ဆင်ခဲ့သည်။

သူမက ကျွင်းရှောင်ယောက်ကို သစ္စာစောင့်သိသော ထိုပါ့ယွိ၊ ဖေးချင်ရွယ်နှင့် အခြားသူများကို စုဝေးစေရမည်။

ကျွင်းရှောင်ယောက်ကမူ မိုရှီဧကရာဇ်မျိုးနွယ်၏ ဘိုးဘွားမြေသို့ သွားခဲ့သည်။

ထိုနေရာတွင် သူ့ကိုယ်သူ ပြင်ဆင်ပြီးနောက် အခြားဘုရင်များနှင့်အတူ ကောင်းကင်မဲ့ အမှောင်နယ်မြေသို့ သွားရလိမ့်မည်။

နောက်တနေ့တွင်...

ကျွင်းရှောင်ယောက်က မိုရှီဧကရာဇ်မျိုးနွယ်၏ ဘိုးဘွားမြေသို့ ရောက်လာခဲ့သည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် လေထဲတွင် ဆိုင်းငံ့ထားသော အမှောင်နန်းတော်များ မြင်ရ၏။

ထိုနန်းတော်များထဲတွင် အစွမ်းထက်သော အရှိန်အဝါများ အများကြီးရှိသည်။

ကျွင်းရှောင်ယောက်ကို တုန်လှုပ်ချောက်ချားစေနိုင်သော အရှိန်အဝါတစ်ခုပင် ရှိသေးသည်။

"သဘာဝကပ်ဘေးအဆင့်က အင်မော်တယ်ဘုရင်လား"

ကျွင်းရှောင်ယောက် တီးတိုး ရေရွတ်လိုက်မိသည်။

အလွန်အားကောင်းသည့် တားမြစ်တည်ရှိမှုများကို သဘာဝကပ်ဘေးအဆင့်ဟု ခေါ်သည်။ သူတို့တစ်ဦးစီက အင်မော်တယ်နယ်မြေကြီးကို ကြီးမားသော ဖိအားများ ပေးစွမ်းနိုင်ပေသည်။

အစွမ်းထက်သော ကာကွယ်သူများသာမရှိလျှင် နယ်စပ်က ကျိုးပေါက်သွားလောက်သည်။

သို့သော်လည်း ကြောက်စရာအကောင်းဆုံး တည်ရှိမှုများက နက်နက်ရှိုင်းရှိုင်း အိပ်မောကျနေပုံရသည်။

ယင်းက သတင်းကောင်းပင်။

ကျွင်းရှောင်ယောက်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

"အရှင်..."

"အရှင်..."

"အဝေးတွင် ကာကူရာ၊ မိုဟူလာနှင့် အခြားဘုရင်များအပြင် လူရိပ်များစွာ ပေါ်လာခဲ့သည်။

ကျွင်းရှောင်ယောက်၏ အငွေ့အသက်ကို ခံစားမိသောကြောင့် နှုတ်ဆက်ရန် ထွက်လာခြင်း ဖြစ်၏။

ကျူးယဲ့နှင့် ယွင်ရှောင်ဟေးလည်း ပါဝင်သည်။

သူတို့၏ မျက်နှာများကတော့ မသက်မသာဖြစ်‌နေဟန်ဖြင့် ကြည့်မကောင်းလှပေ။

သူတို့က မလာချင်သော်လည်း ကြောက်ရွံ့သောကြောင့် ထွက်လာခဲ့ရခြင်း ဖြစ်သည်။

ယခုတော့ သူတို့ဟာ ကျွင်းရှောင်ယောက်ကို အနည်းငယ်မျှ မစော်ကားဝံ့တော့ပေ။

"ဒါက နတ်ဆိုးဧကရာဇ်လား၊ တကယ်ကို လူငယ် သူရဲကောင်းလေးပါပဲ"

အသက်အရွယ် ကြီးရင့်သူတချို့လည်း ပေါ်လာခဲ့ကြသည်။ သူတို့ထဲတွင် အားအနည်းဆုံးက ဆန်းကျယ်ကောင်းကင်အဓိပဓိအဆင့်တွင် ရှိ၏။

နတ်ဖန်ဆင်းခြင်းအဓိပဓိနှင့် ပျက်စီးခြင်းတာအိုသခင်အဆင့် အကျော်အမော်များပင် ရှိသေးသည်။

သူတို့အားလုံးက တစ်စုံတစ်ခုကို မြင်လိုသည့်အတိုင်း စူးစမ်းသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က အမူအရာ မပြောင်းပါ။ ထိပ်သီး အကျော်အမော်များနှင့် ရင်ဆိုင်ရသည့်တိုင် သူ့အမူအရာက မောက်မာမှု၊ နှိမ့်ချမှုမရှိဘဲ အေးဆေး တည်ငြိမ်နေဆဲပင်။

"နတ်ဆိုးဧကရာဇ်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ သူ့ရဲ့ ကမ္မရေစက်ကြိုးအားလုံးကို ဖုံးကွယ်ထားတဲ့ မမြင်နိုင်တဲ့ စွမ်းအားတစ်ခု ရှိနေပုံရတယ်"

"ပေါက်တတ်ကရ၊ အမှောင်နတ်ဆိုးဧကရာဇ်ကို အန္တိမကပ်ဘေးကြီးက တိုက်ရိုက် ခန့်အပ်ထားတာ...၊ သူ့ရဲ့ သဲလွန်စတွေကို ဘယ်လိုလုပ်ပြီး အလွယ်တကူ ရှာတွေ့နိုင်မှာလဲ"

မိုရှီဧကရာဇ်မျိုးနွယ်၏ အကျော်အမော်များက အသံလွှင့်ကာ ပြောဆိုနေကြသည်။

ကိုယ်တိုင် မျက်စိမြင်ကိုယ်တွေ့ စူးစမ်းပြီးနောက် ကျွင်းရှောင်ယောက်သည် အမှောင်နတ်ဆိုးဧကရာဇ်ဆိုတာကို ပို၍ ယုံကြည်သွားကြလေသည်။

"အရှင်... သော့တွေက အဆင်သင့်ဖြစ်နေပါပြီ။ ဘယ်တော့ ခရီးထွက်ကြမှာလဲ"

မိုဟူလာက ပြောဆိုပြီး သူ၏ ကမ္ဘာဖျက်ဆီးခြင်း တားမြစ်လက်နက်ကို ထုတ်ယူလိုက်သည်။

အထပ် ကိုးထပ်ရှိပြီး နက်မှောင်နေသော မျှော်စင်တစ်ခု ဖြစ်၏။

နတ်ဆိုးတစ်သောင်းမျှော်စင်။

ယခုအခါ ကမ္ဘာဖျက်ဆီးခြင်း တားမြစ်လက်နက် ခြောက်ခုစုံနေပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်။

ကာကူရာ၏ ကောင်းကင်ငိုကြွေး နတ်ဆိုးဓား။

စူးဟုန်ယီ၏ မဟာကာလီ ကြေးမုံ။

မိုဟူလာ၏ နတ်ဆိုးတစ်သောင်း မျှော်စင်။

ကျူးယဲ့၏ မီးနဂါး မီးအိမ်။

ယွင်ရှောင်ဟေး၏ အမြီးဆယ်ချောင်း ကောင်းကင်ဖျက်ဆီးခြင်း ချပ်ပြား။

ခြောက်ခု စုံညီသည်။

"အလျင်မလိုပါဘူး၊ အားလုံးပဲ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ချိန်ညှိလိုက်ဦး။ အပြည့်အဝ ပြင်ဆင်ပြီးမှ ကောင်းကင်မဲ့ အမှောင်နယ်မြေကို ဝင်ကြတာပေါ့"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ကောင်းပါပြီ"

မိုဟူလာ ခေါင်းညိတ်လိုက်လေသည်။

နောက်ပိုင်းတွင် မိုရှီဧကရာဇ်မျိုးနွယ်စုမှ အကောင်းဆုံး ကျင့်ကြံခြင်းမြေကို ကျွင်းရှောင်ယောက်အား ပေးခဲ့သည်။

ကျွင်းရှောင်ယောက်က တစ်ယောက်တည်း ငြိမ်သက်စွာ ထိုင်နေ၏။

ကောင်းကင်မဲ့အမှောင်နယ်မြေကို ဝင်ရောက်ခြင်းက ကျွင်းရှောင်ယောက်အတွက် သေခြင်းရှင်ခြင်း စမ်းသပ်မှုတစ်ခု ဖြစ်နိုင်သည်။

အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူတစ်ဦးက အမည်မဲ့နယ်မြေ၏ နက်နဲရာရှိ ‌ကောင်းကင်မဲ့ အမှောင်နယ်မြေကို ဝင်ရောက်တော့မည်။

ဤသည်မှာ ခေတ်အဆက်ဆက် လူအနည်းငယ်သာ အောင်မြင်နိုင်ခဲ့သော စွမ်းဆောင်မှုတစ်ခု ဖြစ်သည်မှာ သေချာသည်။

'အောင်မြင်မှုနဲ့ ကျရှုံးမှုက ဒီခရီးစဉ်ပေါ်မှာ မူတည်တယ်။ အောင်မြင်ရင် တိုင်းတပါးရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ကို ငါ အပြည့်အဝ နားလည်နိုင်လိမ့်မယ်'

'နောက်ပြီးတော့ ကမ္ဘာနှစ်ဖက်ကြားက စစ်ပွဲအတွက် အရမ်း အရေးပါနိုင်တယ်'

'ဒါ့အပြင်၊ လက်မှတ်ထိုးဝင်ဖို့ အခွင့်အလမ်းလည်း ရှိသေးတယ်။ ဘာတွေကိုများ လက်မှတ်ထိုးဝင်နိုင်မလဲဆိုတာ ငါသိချင်မိတယ်'

ကျွင်းရှောင်ယောက်က စိတ်ထဲမှတွေးရင်း အတွင်းစကြာဝဠာကို ကြည့်လိုက်သည်။

သူ၏ အတွင်းစကြာဝဠာ၌...

ယုံကြည်ခြင်း စွမ်းအင်များက အလွန်ကြီးမားနေပြီ ဖြစ်သည်။

အမှတ်တမဲ့ကြည့်လျှင် အကန့်အသတ်မဲ့ ရွှေပင်လယ်ကြီးကဲ့သို့ပင်။

အလယ်ဗဟိုမှာတော့ ယုံကြည်ခြင်းမျိုးစေ့က တောက်သော နေတစ်စင်းကဲ့သို့ ထွန်းလင်းနေသည်။

ကျမ်းစာရွတ်ဆိုသံနှင့် မရေမတွက်နိုင်သော ပူဇော်နေသံများလည်း ရှိသေးသည်။

ကျွင်းရှောင်ယောက်၏ အာရုံခံစားမှုအရ...

ကံကြမ္မာနှင့် ဖန်ဆင်းခြင်း၏နတ်ဘုရားကို ယုံကြည်သူ အရေအတွက်သည် ဘီလီယံ ဆယ်ဂဏန်းအထိ ရှိနေပြီ ဖြစ်သည်။

အချိန်တိုလေးအတွင်း အဆတစ်ရာခန် တိုးတက်လာ၏။

ယင်းက အလွန်ကြောက်စရာကောင်းသော အရှိန်တစ်ခုပင်။

ဤနေရာတွင်... သက်ရှိ သာသနာပြုစက်ရုပ်ဖြစ်သည့် ထိုပါ့ယွိ၏ အခန်းကဏ္ဍသည်လည်း မရှိမဖြစ် လိုအပ်ပါသည်။

သူက တကယ်ကို သာသနာပြုရာတွင် ပါရမီရှင်တစ်ဦးပင်။

ယုံကြည်သူ ဘီလီယံဆယ်ဂဏန်းက လွန်စွာ များပြား သည်။

အနောက်ဘက် နိဗ္ဗာန်ဘုံနှင့် ကုရ်အာန်သူတော်စင်ဂိုဏ်းမှ ပုဂ္ဂိုလ်ကြီးများသာ သိသွားပါက လွန်စွာ မနာလိုဖြစ်မိမည်မှာ သေချာသည်။

သောင်းနှင့်ချီသော ယုံကြည်သူများ ပြန့်ပွားစေလိုလျှင်ပင် အချိန်တစ်ခုကြာမြင့်မည် ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ တိုင်းတပါးတွင် အချိန်တိုတိုအတွင်း တိုက်ရိုက် ဖွံ့ဖြိုးလာခဲ့ပေသည်။

ထို့ပြင်၊ ကံကောင်းချင်တော့ တိုင်းတပါးတွင် ဘာသာရေး အင်အားစုများ မရှိပါ။ မဟုတ်ပါက ထိုမျှ ချောချောမွေ့မွေ့ ဖွံ့ဖြိုးလာမည် မဟုတ်ပေ။

'ယုံကြည်သူ ဘီလီယံဆယ်ဂဏန်းက မနည်းပေမဲ့ တိုင်းတပါးမှာရှိတဲ့ ကျွန်မျိုးနွယ်ဝင် ထရီလီယံနဲဆိုရင် ဘာမှမဟုတ်သေးဘူး'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်မိသည်။

ဘီလီယံဆယ်ချီသော ယုံကြည်သူများ၏ ယုံကြည်ခြင်းစွမ်းအားက ယုံကြည်ခြင်းမျိုးစေ့ထဲသို့ စိမ့်ဝင်နေခဲ့သည်။

ယခုအခါ ယုံကြည်ခြင်းမျိုးစေ့သည် ရွှေရောင်နှလုံးသားတစ်ခုကဲ့သို့ တဒုတ်ဒုတ် ခုန်နေကြောင်း ခံစားရ၏။

ယင်းက ထူးကဲအံ့သြဖွယ်ကောင်းသော တည်ရှိမှုတစ်ခု မွေးဖွားလာတော့မည်ကဲ့သို့ပင်။

'ဒါကို ဝှက်ဖဲအဖြစ် သုံးလို့ရတယ်။ အင်မော်တယ်နယ်မြေကြီးကို ပြန်ရောက်ပြီးနောက်၊ ယုံကြည်သူတွေကို ဆက်ပြီး ရှာဖွေရမယ်'

ကျွင်းရှောင်ယောက်က စိတ်ထဲမှတွေးရင်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

တိုင်းတစ်ပါးတွင် အစီအစဉ်များနှင့် သူ၏ အထောက်အထားကိုသာ အားကိုးနိုင်သည်။

သို့သော်လည်း အင်မော်တယ်နယ်မြေကြီးကို ပြန်ရောက်ပါက၊ ကံကြမ္မာနတ်ဘုရားဂိုဏ်းကို မြှင့်တင်ရန်အတွက် ကျွင်းမိသားစု၏ သြဇာကို အသုံးချနိုင်သည်။

ထိုအခိုက်တွင် ကျွင်းရှောင်ယောက်၏ စိတ်ထဲမှာ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

ထိုခံစားချက်က ဝေးကွာသောအရပ်ရှိ ကောင်းကင်သင်္ချိုင်းပြည်နယ်မှ လာနေခြင်း ဖြစ်၏။

'ဖြစ်နိုင်မလား...'

ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် ပျော်ရွှင်မှု အရိပ်အမြွက်တို့ ပေါ်လာတော့သည်။

........

ဝေးကွာသော အရပ်မှ ကောင်းကင်သင်္ချိုင်းပြည်နယ်...

ထာဝရတားမြစ်နယ်မြေ၊ ကောင်းကင်ဂူ...

မှောင်မိုက်နေသော ချိုင့်ဝှမ်းထဲတွင်...

ကျယ်လောင်သော မြည်ဟီးသံနှင့်အတူ မိုးနှင့်မြေက တုန်လှုပ်နေသည်။

မရေမတွက်နိုင်သော နတ်ကနုတ်များကလည်း ချိုင့်ဝှမ်းတစ်ဝိုက်တွင် ပျံ့နှံ့နေ၏။

တစ်ချိန်တည်းမှာပင် ကြီးကျယ်ခမ်းနားသော ချီနှင့်သွေးများ ထွက်ပေါ်လာတော့သည်။

၎င်းက ချိုင့်ဝှမ်းကို ဝန်းရံထားသည့် ရွှေနဂါးအဖြစ်သို့ပင် ပြောင်းလဲသွားကြသည်။

ချိုင့်ဝှမ်းအတွင်းမှာလည်း အဆုံးမဲ့အလင်းများက ပြိုးပြိုးပြက်ပြက် တောက်ပနေလေ၏။

တစ်ချိန်တည်းမှာပင်...

"ဒုန်း..."

"ဒုန်း..."

ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။

အသံလှိုင်းများက ဟင်းလင်းပြင်ကိုပင် လှုပ်ရှားစေ၏။

အံ့ဖွယ်ကောင်းသည်မှာ၊ ယင်းက ကျွင်းရှောင်ယောက်၏ အခြားခန္ဓာတစ်ခု တစ်ဖြစ်လဲ အခြေခံခန္ဓာဖြစ်သော...

ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဖြစ်တော့သည်။

မဟုတ်သေး...

ယခုမူ ၎င်းကို မြင့်မြတ်ခန္ဓာတာအိုသန္ဓေဟု ဆိုရပေရောမည်။

All Chapters