← Chapters

အခန်း ၁၀၈၂

Vol. 73 Ch. 1082

အခန်း ၁၀၈၂

Vol. 73 Ch. 1082

အခန်း ( ၁၀၈၂ ) အင်မော်နယ်မြေကြီးမှ လှုပ်ရှားမှုများ။

ယခင်က ကျွင်းရှောင်ယောက်သည် ကြောက်စရာကောင်းသည့် အပြောင်းအလဲတစ်ခုကို ပြုလုပ်ပြီး ကောင်းကင်ကို လှည့်စားခဲ့သည်။

ထိုပွဲတွင် သူသည် ကောင်းကင်နှင့်ကစားပွဲကို အနိုင်ရခဲ့သည့်အပြင်၊ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောကိုလည်း ပင်မသွေးကြောဆီသို့ ပြန်လည်ရောက်ရှိစေခဲ့ပေသည်။

သို့ရာတွင်... ထိုအတွက် ပေးဆပ်ရသည့် တန်ကြေးက သူ့ခန္ဓာကိုယ် ပြိုကျသွားခဲ့ရခြင်းပင်။

ရှေးဟောင်းမြင့်မြတ်ခန္ဓာပင်လျှင် မခံနိုင်ခဲ့ပါ။

ကံကောင်းထောက်မစွာဖြင့် ကျွင်းရှောင်ယောက်က ဆယ်ကြိမ်ဆက်တိုက် ကံစမ်းခွင့်ရခဲ့သည်။

ကြယ်ရှစ်ပွင့်ဆုလာဘ်၊ တာအို၏မူလအစကို ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် ပေါင်းစပ်ခဲ့၏။

၎င်းက သူ့အား မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်း ခန္ဓာကိုယ်အဖြစ် ပြောင်းလဲစေနိုင်ခဲ့သည်။

ထို့ပြင်၊ လက်မှတ်ထိုးဝင်ခြင်းမှ အင်မော်တယ်ကိုးပါး အသက်ဆန့်ကျင်ခြင်းဆေးလုံးနှင့် သုံးဘဝနတ်ဆေးတို့ကို ရရှိခဲ့သေးသည်။

ဤအရည်အသွေးမြင့် ဆေးဝါးများသာမရှိလျှင် ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်ရန် နှစ်ပေါင်းများစွာ အချိန်ယူရဦးမည် ဖြစ်သည်။

အဇူရာဧကရာဇ်၏ ကစဉ့်ကလျားမိုးပြာရောင်ကြာပန်းဖြင့် တည်ဆောက်ထားသော ကစဉ့်ကလျားခန္ဓာမှာလည်း ကောင်းကင်ကို အံတုနိုင်လွန်းသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ အားလုံးကို လိုချင်နေ၏။

ဤခန္ဓာနှစ်ခုစလုံးကို သူ လိုချင်သည်။ သူတို့ကြားတွင် ကွာခြားမှုလည်း မရှိပေ။ ခန္ဓာကိုယ် နှစ်ခုစလုံးက ထိပ်တန်းအဆင့် တာအိုခန္ဓာများ ဖြစ်ကြသည်။

ထိုနှစ်ခုကို ပေါင်းစပ်၍လည်း ရသေးသည်။

ထိုသို့ ပေါင်းစပ်ပြီးနောက်မှာတော့ သူမည်မျှ အစွမ်းထက်လာမည်ကို တွေးဆ၍မရပါ။

ယခုအချိန်တွင်၊ မှောင်မိုက်နေသော ချိုင့်ဝှမ်းတစ်ခုလုံးတွင် တဒုန်းဒုန်း မြည်ဟီးနေသံများက ကျယ်လောင်လှသည်။

အချိန်အတော်ကြာ ကုသနေခဲ့သော ဤခန္ဓာကိုယ်က နောက်ဆုံးတွင် အပြည့်အဝ ပြန်လည်ကောင်းမွန်လာတော့မည်။

ထို့ပြင်၊ မူလက ရိုးရှင်းသော ရှေးဟောင်းမြင့်မြတ်ခန္ဓာထက် ပို၍ သန်မာလာဦးမည် ဖြစ်သည်။

............

အင်မော်တယ် နယ်မြေကြီး၊ ကောင်းကင်ကိုးခု အင်မော်တယ် အကယ်ဒမီ...

ကောင်းကင်နန်းတော်ကဲ့သို့ ခမ်းနားထည်ဝါသော နန်းတော်တစ်ခုတွင်...

ဤနေရာတွင် အကြီးအကဲများ အများအပြား တင်ပျဉ်ခွေထိုင်နေကြသည်။ သူတို့အားလုံးက ကောင်းကင်ကိုးခု အင်မော်တယ် အကယ်ဒမီမှ အကြီးအကဲများ ဖြစ်၏။

ပထမနေရာတွင် ထိုင်နေသော အကြီးအကဲက လေးနက်သောအမူအရာဖြင့် စကားစလိုက်သည်။

"ဘုရင်ခြောက်ပါးတို့ တိုင်းတစ်ပါးမှာ စုဝေးနေကြပြီဆိုတာကို အားလုံး သိပြီးကြီထင်ပါတယ်"

ထိုစကားကို ကြားပြီးနောက် အကြီးအကဲများစွာ၏ အမူအရာများ ပြောင်းလဲသွားသည်။

"ရှင်ဘုရင် ခြောက်ပါးစုဝေးတဲ့အခါ ဘာဖြစ်မယ်ဆိုတာ အားလုံး သိကြမှာပါ။ ဒါပေမဲ့... ဘုရင်ခြောက်ပါးရဲ့ ဖျက်ဆီးခြင်းဒဏ္ဍာရီက အဓိကအကြောင်းပဲ မဟုတ်သေးဘူး"

“ရှေးခေတ်ကတည်းက တိုင်းတစ်ပါးမှာတောင် လူတိုင်း မသိသေးတဲ့ တကယ့် ထိတ်လန့်စရာအကြောင်းတစ်ခု ရှိသေးတယ်”

"အဲဒါက အန္တိမကပ်ဘေးကြီးပဲ"

ပထမအကြီးအကဲ၏ စကားကြောင့် နန်းတော်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ဟုတ်ပေသည်၊ အင်မော်တယ်နယ်မြေကြီးကလည်း အန္တိမကပ်ဘေးကြီး၏ တည်ရှိမှုကို သိကြသည်။

သို့သော်လည်း ၎င်းက မျိုးဆက်ဟောင်းများနှင့် ထိပ်သီး မဟာပုဂ္ဂိုလ်အချို့အတွက်သာ ကန့်သတ်ထား၏။

သာမန်လူများက ထိုအကြောင်းကို သိထားလျှင်ပင် အသုံးဝင်မည် မဟုတ်ပါ။ ထိုအစား ဆူပူခြင်းများ ဖြစ်လာစေမည်သာ ဖြစ်သည်။

"အန္တိမကပ်ဘေးကြီးက ဘာလဲ"

အကြီးအကဲတစ်ယောက်က မေးလိုက်သည်။

“မသိဘူး၊ တိုင်းတပါးကတောင် သေချာ နားမလည်ကြမှာကို ကြောက်ရတယ်"

"အဲဒါဘာလဲဆိုတာ ငါတို့သိရင် ဒီလောက် စိုးရိမ်နေစရာ ဘယ်ရှိပါ့မလဲ"

ပထမအကြီးအကဲက ခေါင်းကို အနည်းငယ် ခါယမ်းသည်။

သူ့အမြင်မှာတော့ ဤသည်မှာ အမြဲတမ်းအတွက် လျှို့ဝှက်ချက်ဖြစ်သင့်သည်။

တိုင်းတစ်ပါးသားများတောင် နားမလည်နိုင်သော အရာဖြစ်၏။

သူတို့ အင်မော်တယ်နယ်မြေကြီးမှ လူတစ်ယောက်က မည်သို့ အတိအကျ ပြောနိုင်ပါမည်နည်း။

"ဒါပေမဲ့၊ ကမ္ဘာနှစ်ခုကြားက ရှေးဟောင်းစစ်ပွဲတစ်ခုမှာ ကျွင်းမိသားစုရဲ့ တားမြစ်တည်ရှိမှုက အန္တိမကပ်ဘေးကြီးကို တွန်းလှန်ခဲ့တယ်လို့ ကြားဖူးတယ်"

အကြီးအကဲတချို့က ပြောလိုက်သည်။

"ဒါပေမဲ့လည်း ဒီအကြောင်းတွေက အရမ်းကိုရှေးကျပြီး အင်မော်တယ်ခုံရုံးနဲ့ ရှေးဟောင်းမင်းမျိုးနွယ် တော်ဝင်မိသားစုတွေကတောင် ကောလဟာလသက်သက်လို့ ပြောခဲ့တယ်"

"အမှန်တရားကို ဘယ်သူကမှ မသိဘူး"

ပထမအကြီးအကဲက ခေါင်းခါယမ်းလိုက်၏။

ထိုကိစ္စများက အလွန့်အလွန် ကြာမြင့်ခဲ့ပြီဖြစ်၍ ကျွင်းမိသားစုပင်လျှင် နားလည်မလား မသေချာပါ။

ထို့ပြင်၊ အင်မော်တယ်ခုံရုံးနှင့် ရှေးဟောင်း မင်းမျိုးနွယ် တော်ဝင်မိသားစုကဲ့သို့သော အင်အားစုများက ကောလာဟလများကို ငြင်းဆိုခဲ့သောကြောင့် အချိန်ကြာလာသည်နှင့်အမျှ ၎င်းကို မည်သူမှ ဂရုမစိုက်မိတော့ပေ။

"ဟင်း...၊ အရင်က စစ်မြေပြင်မှာ ကစဉ့်ကလျားခန္ဓာကို ဘယ်သူမှ မသတ်နိုင်ခဲ့တာတော့ စိတ်မကောင်းစရာပဲ။ မျိုးစေ့အဆင့် ပါရမီရှင် ဆယ်ယောက်ကျော်တောင် ကစဉ့်ကလျားခန္ဓာရဲ့ အသတ်ခံခဲ့ရတယ်"

အကြီးအကဲတစ်ဦးက စိတ်မသက်မသာဖြစ်နေဟန်ဖြင့် သက်ပြင်းချလိုက်သည်။

နယ်စပ်မှ ထိုအတွေ့အကြုံသည် ကောင်းကင်ကိုးခု အင်မော်တယ် အကယ်ဒမီအတွက် အရှက်ရစရာဟု ဆိုနိုင်သည်။

သူတို့ကို စစ်နတ်ဘုရားနန်းတော်က အပြတ်အသတ် ဖိနှိပ်ခဲ့၏။

အတိအကျပြောရလျှင် သူတို့ကို ကျွင်းရှောင်ယောက် တစ်ယောက်တည်းက ဖိနှိပ်ခြင်းခံခဲ့ရသည်။

"ဧကရာဇ်ပိုင်သို့တောင်မှ ကစဉ့်ကလျားခန္ဓာကို မသတ်နိုင်တာ၊ ငါတို့ရဲ့ ကလေးတွေနဲ့ ဖြစ်နိုင်ပါ့မလား"

အကြီးအကဲတစ်ယောက်က ခါးသက်သက်ပြုံးရင်း မေးလိုက်၏။

ထိုစကားကိုကြားတော့ အကြီးအကဲအားလုံး၏ အမူအရာများက လေးနက်လာကြသည်။

ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးနှင့် လျှို့ဝှက်ဆန်းကျယ်သော အန္တိမကပ်ဘေးကြီး၏ အန္တရာယ်။

နယ်ပယ်နှစ်ခုကြားရှိ ဤစစ်ပွဲတွင်၊ အင်မော်တယ်နယ်မြေကြီး၏အနာဂတ်က အမှန်တကယ်ပင် အန္တရာယ်ရှိနေပြီဖြစ်သည်။

ထိုအချိန်တွင် အကြီးအကဲတစ်ဦးက တံခါးဝသို့ ရောက်လာသည်။

"ဘာကိစ္စလဲ"

ထိုအကြီးအကဲကိုမြင်တော့ ပထမအကြီးအကဲက လှမ်းမေးလိုက်၏။

"ပထမအကြီးအကဲကို တင်ပြပါတယ်၊ ကျွင်းမိသားစုက ကြီးကြီးမားမား လှုပ်ရှားမှုတွေ လုပ်နေပြီ"

ထိုအကြီးအကဲက စိတ်လှုပ်ရှားနေသော လေသံဖြင့် ပြောသည်။

"အိုး... အရင်ကလည်း တစ်ခုခုလုပ်နေတယ်ဆိုတာ မကြားဘူးလား"

ပထမအကြီးအကဲက မျက်ခုံးပင့်လိုက်သည်။

"ဒီအချိန်က မတူပါဘူး။ ကျွင်းမိသားစုက တပ်မဟာတွေ စေလွှတ်တဲ့အပြင် ကျွင်မိသားစုရဲ့ ဘိုးဘေးတွေနဲ့ ရှေးဘိုးဘေးကြီးတွေလည်း ပေါ်လာပါပြီ"

"ဧကရာဇ်ကြီးတောင် ပေါ်လာပြီ"

"ဘာ"

ခန်းမတစ်ခုလုံးရှိ အကြီးအကဲများအားလုံး မနေနိုင်တော့ဘဲ မတ်တပ်ထရပ်လိုက်ကြသည်။

ပထမအကြီးအကဲ၏ မျက်လုံးများလည်း လှုပ်ရှားသွား၏။

ယခုအချိန်အထိ အင်မော်တယ်နယ်မြေကြီးနှင့် တိုင်းတစ်ပါးပြည်များတွင် ပဋိပက္ခများနှင့် တိုက်ပွဲများစွာရှိခဲ့သော်လည်း ၎င်းတို့ကို အတိုင်းအတာတစ်ခုအထိ ကန့်သတ်ထားသည်။

အကြောင်းမူ၊ ဧကရာဇ်အဆင့် အကျော်အမော်များက ပါဝင်ခြင်း မရှိသောကြောင့်ပင်။

တိုင်းတစ်ပါးပြည်၏ ယခင် ချီရှောင်းဘုရင်၊ အင်မော်တယ်နယ်မြကြီး၏ ပိုင်သို့ဧကရာဇ်... စသည်တို့ပင်လျှင် ရည်ရွယ်ချက်တစ်ခုသာရှိခဲ့ပြီး စစ်ပွဲတွင် အပြည့်အဝပါဝင်လိုခြင်း မရှိခဲ့ပါ။

သို့သော်လည်း ယခုတော့ ကျွင်းမိသားစု၏ ဧကရာဇ်ကြီး ပေါ်လာပြီ ဖြစ်သည်။

ဤသည်ကတော့ မတူတော့ပေ။

"မဟုတ်သေးပါဘူး၊ ရှေးက ပဋိညာဉ်ကြောင့်၊ ငါတို့ရဲ့ အင်မော်တယ်နယ်‌မြေကြီးမှာ ဧကရာဇ်ဘယ်နှစ်ယောက်ရှိလို့လဲ။ ကျွင်းမိသားစုမှာ ဧကရာဇ်တွေ ဘယ်လိုရှိနေသေးတာလဲ"

အကြီးအကဲတစ်ဦးက တုန်လှုပ်စွာ ပြောလိုက်သည်။

ဤခေတ်တွင် ဧကရာဇ်ကြီးများက ရှားရှားပါးပါး ပေါ်ထွန်းလာခဲသည်။

အကြောင်းမှာ ရှေးပဋိညာဉ် ရှိခဲ့သောကြောင့်ပင်။

ကျွင်းမိသားစုက မည်မျှ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားပါစေ၊ ဧကရာဇ်ဘယ်နှစ်ယောက်ရှိမှာလဲ။

"ဒါက လျှို့ဝှက်သွေးကြော... ကျွင်းမိသားစုရဲ့ လျှို့ဝှက်သွေးပြန်ကြောက ဧကရာဇ်ပါ"

သတင်းပို့သူ အကြီးအကဲက ပြောလိုက်သည်။

အားလုံး တိတ်ဆိတ်သွား၏။

ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောများက ပင်မသွေးကြောဆီသို့ ပြန်လာသည်ကို သူတို့ မေ့လုနီးပါးပင်။

ယခင်က ကျွင်းမိသားစု ပင်မသွေးကြော၏ စွမ်းအားကိုသာ တွက်ချက်ခဲ့ခြင်း ဖြစ်သည်။

ဘေးဘက်တွင် အကြီးအကဲတစ်ဦးက ပြောလိုက်သည်။

"အကြီးအကဲ၊ ကျွင်းမိသားစုက ကမ္ဘာဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးနဲ့ အန္တိမကပ်ဘေးကြီးကို ကာကွယ်ဖို့ စစ်ပွဲပြင်နေတာလား"

ပထမအကြီးအကဲက ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။

"မဖြစ်နိုင်လောက်ဘူး"

"ငါ့အမိန့်ကို ထုတ်ပြန်လိုက်... ငါတို့ ကောင်းကင်ကိုးခု အင်မော်တယ် အကယ်ဒမီလည်း စုဝေးမယ်။ ဒီတစ်ခေါက်မှာ ငါတို့ရဲ့ ပါရမီရှင်အားလုံးကို စေလွှတ်ရမယ်။ ဒါက ရှားပါးတဲ့ စစ်ပွဲတစ်ခုဖြစ်လာပြီး ဧကရာဇ်ကြီးတွေရဲ့ တိုက်ပွဲကိုတောင် ‌မြင်တွေ့ရနိုင်တယ်"

ကမ္ဘာနှစ်ဖက်ကြားရှိ ဤစစ်ပွဲမျိုးသည် အင်မော်တယ်နယ်မြေကြီးအတွက် ကြီးမားသောသက်ရောက်မှုရှိပြီး မျိုးဆက်သစ်လူငယ်များအတွက်လည်း အတွေ့အကြုံကောင်းတစ်ခု ဖြစ်သည်။

"ကောင်းပါပြီ"

အကြီးအကဲများလည်း လက်ယှက်ပြပြီးနောက် ထွက်ခွာသွားကြတော့သည်။

ပထမအကြီးအကဲမှာမူ မျက်မှောင်ကြုတ်ကာ စဉ်းစား‌ရင်း ကျန်ခဲ့သည်။

"ကျွင်းမိသားစုက တကယ်ပဲ ဘာလုပ်ချင်နေတာလဲ၊ သူတို့က တကယ်ပဲ အဆုံးအဖြတ်တိုက်ပွဲကို ကြိုတင်စပြီး ကမ္ဘာနှစ်ဖက်ကြားက စစ်ပွဲတွေကို အဆုံးသတ်ချင်နေတာလား"

ကျွင်းမိသားစုက အန္တိမကပ်ဘေးကြီးကို တားဆီးရန် ကြိုးစားနေသည်ဟုတော့ သူ မယုံပေ။

ကျွင်းမိသားစုက မည်မျှပင် အင်အားကြီးမားစေကာမူ၊ အမည်မဲ့နယ်မြေကို ဖျက်ဆီးနိုင်မည်ဟု မထင်ပါ။ ယင်းက လက်တွေ့မကျပါချေ။

နောက်ဆုံးတွင်၊ အမည်မဲ့နယ်မြေရှိ ဤန္တိမဧကရာဇ်မျိုးနွယ်က ခရုများ မဟုတ်ပါ။

ပထမအကြီးအကဲလည်း ကျွင်းမိသားစု၏ ရည်ရွယ်ချက်ကို အမှန်တကယ် နားမလည်နိုင်တော့ပေ။

ထို့နောက်တွင် ကောင်းကင်ကိုးခု အင်မော်တယ် အကယ်ဒမီ တစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ဧကရီသမီးတော် လင်ယွမ်၊ ယွီဟွာဝမ်၊ လုံယောက်အာ၊ ကျိချင်းရီ၊ မင်းသမီးလုံကျိ၊ ရန်ယုမန်၊ ယွိချန်ကျွမ့်နှင့် အခြားသူများအားလုံး ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီ။

မျိုးစေ့အဆင့် ပါရမီရှင်အသစ်များလည်း ရှိသည်။

ထို့ပြင် ကျန်းလော့လီလည်း ရှိ၏။

တစ်ချိန်က ကျန်းလော့လီသည် သူမ၏ တစ်ကိုယ်တော် လေ့ကျင့်မှုကို အဆုံးသတ်ပြီး ကောင်းကင်ကိုးခု အင်မော်တယ် အကယ်ဒမီသို့ ဝင်ရောက်ခဲ့သည်။

ယခုအခါ သူမ၏ ခွန်အားက ယခင်ကကဲ့သို့ မဟုတ်တော့ပေ။

သူ၏ တာအိုခန္ဓာသည်လည်း မူလဝိညာဉ်တာအိုခန္ဓာမှ ရှေးဦးဝိညာဉ်အင်မော်တယ်ခန္ဓာသို့ ပြောင်းလဲသွားသည်။

ပျက်စီးနေသော ရှေးဦးဝိညာဉ်ကမ္ဘာကိုလည်း သူ ရရှိခဲ့သည် မဟုတ်လော။

ယခုဆိုလျှင် သူမ၏ခွန်အားက ယနေ့ခေတ် လူငယ်မျိုးဆက်များကြားတွင် ထိပ်တန်းအဆင့်မှ ရပ်တည်နေပြီ ဖြစ်သည်။

သို့သော်လည်း ယခင်ကနှင့်ယှဉ်လျှင် ကျန်းလော့လီက အလွန်စကားနည်းလာသည်။

ပြုံးခဲ၊ ရယ်ခဲလှ၏။

ကျွင်းရှောင်ယောက်၏ ကျဆုံးခြင်းကို မယုံကြည်သော်လည်း သူ့နှလုံးသားထဲတွင် အမြဲတမ်း နာကျင်နေခဲ့ရသည်။

သူမ၏ ရွှတ်နောက်နောက်နှင့် ပျော်ရွှင်နေတတ်သော စရိုက်က တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီ။

ထိုသတင်းများကို ရရှိခြင်းက ကောင်းကင်ကိုးခု အင်မော်တယ် အကယ်ဒမီ တစ်ခုတည်းတော့ မဟုတ်ပါ။

အဓိပဓိအင်မော်တယ်ခုံရုံး၊ ရှေးဟောင်းတော်ဝင်မိသားစု၊ အမှောင်ကမ္ဘာမျိုးရိုး၊ ကုရ်အာန်သူတော်စင်ဂိုဏ်း၊ အနောက်ဘက်နိဗ္ဗာန်ဘုံ၊ ရှေးဟောင်းမင်းမျိုးနွယ်မိသားစုများ... စသည်ဖြင့် အားလုံးက သတင်းရခဲ့သည်။

ယခင်ကတော့ ရှေ့မှ ဦးဆောင်မည့်သူ မရှိသောကြောင့် မည်သူမျှ ရှေ့မထွက်ခဲ့ပေ။

အဓိပဓိအင်မော်တယ်ခုံရုံးပင်လျှင် အချိန်အတန်ကြာ ‌တိတ်ဆိတ်နေရန် ရွေးချယ်ခဲ့သည်။

ယခုမူ၊ ကျွင်းမိသားစုက ရုတ်တရတ် ဦးဆောင်လာခဲ့ပြီး လျှို့ဝှက်သွေးကြောမှ ဧကရာဇ်အဆင့် တည်ရှိမှုများပင် ပေါ်လာခဲ့သည်။

ကျွင်းမိသားစု၏ ဦးဆောင်မှုနှင့်အတူ အခြား အင်မော်တယ်အင်အားစုများလည်း သဘာဝအတိုင်း လှုပ်ရှားလာကြပြီ။ အကျိုးအမြတ်များပင် ရနိုင်သည်။

ထို့ကြောင့် အင်အားစုအားလုံးက စုရုံးရန် သဘောတူခဲ့ကြသည်။

ကမ္ဘာနှစ်ဖက်ကြားမှ အဆုံးအဖြတ်တိုက်ပွဲကြီး ရောက်လာတော့မည်။

ထို့ပြင်၊ ထိုကဲ့သို့ ကြီးမားသော လှုပ်ရှားမှုများက တိုင်းတပါး၏ သူလျှိုများကို သဘာဝအတိုင်း ဖုံးကွယ်၍မရပါ။

အမည်မဲ့နယ်မြေရှိ အန္တိမဧကရာဇ်မျိုးနွယ်အားလုံး သတင်းရရှိခဲ့သည်။

ကျွင်းရှောင်ယောက်သည်လည်း မိုရှီဧကရာဇ်မျိုးနွယ်မှ သတင်းရရှိခဲ့ပေသည်။

'ငါ့မိသားစုလည်း လှုပ်ရှားတော့မှာလား'

ကျွင်းရှောင်ယောက်လည်း သူ့စိတ်ထဲမှ ဖြစ်နိုင်ချေအချို့ကို တွေးနေမိသည်။

ခဏကြာတော့ သူ့မျက်လုံးထဲတွင် တောက်ပသော အလင်းရောင်တစ်ခု လင်းလက်လာ၏။

ထို့နောက် မိုဟူလာကို ခေါ်လိုက်သည်။

"အရှင် ဘာများ ပြောစရာရှိလို့ပါလဲ"

မိုဟူလာက လေးလေးစားစား ပြောလိုက်သည်။

"အချိန်တန်ပြီ၊ ကောင်းကင်မဲ့ အမှောင်နယ်မြေကို သွားဖို့ အသင့်ပြင်ချေတော့"

ကျွင်းရှောင်ယောက်က သူ့လက်ကိုဝှေ့ယမ်းပြီး အမိန့်ပေးလိုက်သည်။ သူ့မျက်လုံးများက ဓားသွားပမာ စူးရှ၏။

"ကောင်းပါပြီအရှင်"

မိုဟူလာလည်း အလွန်စိတ်လှုပ်ရှားသွားသည်။

နောက်ဆုံးတွင်၊ ကောင်းကင်မဲ့ အမှောင်နယ်‌မြေဆီသို့ တံခါးဖွင့်တော့မည်။

All Chapters