အခန်း ၁၀၈၄
Vol. 73 Ch. 1084
အခန်း ( ၁၀၈၄ ) ကျွင်းမိသားစု၊ ကျွင်းဝူဟွေ့။
မဟာနတ်ဆိုးပြည်နယ်...
မိုင်ထောင်ချီကျယ်ပြောသော အနီရောင် ကန္တာရမြေတွင်...
ဤနေရာသည် မကြာသေးမီက တိုင်းတပါးတွင် ကျော်ကြားလာခဲ့သော ဧကရာဇ်တစ်ပိုင်းမျိုးနွယ်... ချီရှောင်းမျိုးနွယ်စု၏ ဘိုးဘွားမြေ ဖြစ်သည်။
ချီရှောင်းမျိုးနွယ်သည် မူလက အလွန်ကျော်ကြားခြင်းမရှိသည့်အပြင် ထိပ်တန်းတော်ဝင်မျိုးနွယ်စု ဆယ်စုမှာပင် ပါဝင်ခြင်း မရှိပေ။
သို့သော်လည်း ချီရှောင်းဘုရင်သည် ရုတ်တရက် ဉာဏ်အလင်းပွင့်ပြီး အင်မော်တယ်ဘုရင် ဖြစ်လာခဲ့ရသည်။
ထို့ကြောင့် ချီရှောင်းမျိုးနွယ်စု တစ်ခုလုံးလည်း အဆင့်တက်ပြီး ဧကရာဇ်တစ်ပိုင်း မျိုးနွယ်တစ်ခု ဖြစ်လာခဲ့ပေသည်။
ထို့နောက်တွင်၊ ချီရှောင်းဘုရင်က နယ်စပ်တွင် အင်မော်တယ်နယ်မြေကြီးရှိ ကျွင်းမိသားစု၏ ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ပွဲက ချီရှောင်းဘုရင်ကို ကျော်ကြားလာခဲ့စေသော တိုက်ပွဲဟု ဆိုနိုင်သည်။
နောက်ဆုံးတော့ ကျွင်းမိသားစုမှ ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်၏ တိုက်ခိုက်ရေးစွမ်းအားကို အားလုံးသိကြသည်။
နောက်ပိုင်းတွင် ချီရှောင်းမျိုးနွယ်ဝင်အချို့ကလည်း ပိုပိုသာသာပြောဆိုရင်း သတင်းဖြန့်ကြ၏။
ချီရှောင်းဘုရင်ကြောင့် ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိပြီး ပျောက်ဆုံးသွားခဲ့သည်။
ယင်းက ချီရှောင်းဘုရင်နှင့် ချီရှောင်းမျိုးနွယ်စုတစ်ခုလုံး၏ ဂုဏ်သိက္ခာကို ပိုမြင့်မားသောအဆင့်သို့ ရောက်စေခဲ့ပေသည်။
ဤအခိုက်တွင်၊ ချီရှောင်းမျိုးနွယ်စု၏ ဘိုးဘွားနယ်မြေ နက်နဲရာရှိ...
မီးလျှံတောင်ထိပ်တွင်...
အနီရောင် ဝတ်စုံဝတ် အဘိုးအိုတစ်ဦးက လေထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။
နောက်ကျောမှာတော့ အဆုံးမဲ့ရှေးဟောင်းကမ္ပည်းများ များဖြင့် ပုံဖော်ထားသော အနီရောင် အတောင်ပံတစ်စုံ ရှိ၏။
သူ့ပတ်ဝန်းကျင်မှာလည်း မီးပင်လယ်ကြီးရှိနေပြီး အဆုံးမဲ့မီးလျှံသက်ရှိပုံစံများ ရှိနေသေးသည်။
ဤသည်မှာ မီးတာအို၏ အဆုံးစွန်သော ဆင့်ကဲဖြစ်စဉ် ပုံရိပ်တစ်ခု ဖြစ်သည်။
ဤအခိုက်မှာတော့ အဘိုးအိုက စကြဝဠာတစ်ခုလုံးကို လောင်ကျွမ်းစေနိုင်သော မီးအားလုံး၏ ဘိုးဘေးကဲ့သို့ လေထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။
ဤအဘိုးကြီးက ချီရှောင်းမျိုးနွယ်စု၏ အင်မော်တယ်ဘုရင်... ချီရှောင်းဘုရင်သည်ပင်။
ထိုအချိန်၊ ဇီးကွက်နီပလ္လင်အောက်တွင်...
တာအိုအသံကို နားထောင်ပြီး မီးတာအိုကိုနားလည်ဆင်ခြင်နေသော ရွှေနီရောင် ချပ်ဝတ်တန်ဆာဝတ် လူငယ်လေးတစ်ယောက် ရှိနေသည်။
ကျွင်းရှောင်ယောက်သာ ဤနေရာတွင်ရှိနေလျှင် သူ့ကို သေချာပေါက် မှတ်မိလိမ့်မည်။
ချီဟုန်ယွိ ဖြစ်သည်။
သူကား ချီရှောင်းဘုရင်၏ တပည့်တစ်ဦးလည်း ဖြစ်၏။
ယခင်က တုရှန်ဧကရာဇ်မျိုးနွယ်၏ အိမ်ထောင်ရေးညီလာခံတွင်...
ချီဟုန်ယွိသည် ကျွင်းရှောင်ယောက်ထံတွင် ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့ပြီး ဝိညာဉ်ကျမ်းကိုပင် ဆုံးရှုံးခဲ့ရသည်။
သူ့ကို "သနားစရာ" ဟူသော စကားလုံး၏ ပြောရေးဆိုခွင့်ရှိသူဟုပင် ဆိုနိုင်သည်။
"ဟမ်၊ နောက်ဆုံးတော့ တံခါးပွင့်လာပြီလား"
ချီရှောင်းဘုရင်က ဖြည်းညှင်းစွာ ပြောလိုက်သည်။
တချိန်တည်းမှာပင်၊ သူ့မျက်လုံးအစုံက ရုတ်တရက် ပွင့်လာပြီး နေလုံးငယ်နှစ်စင်းကဲ့သို့ အလင်းများ ဖြာလက်သွား၏။
ကောင်းကင်ယံတွင် ရောင်ပြန်ဟပ်နေသော အနက်ရောင် ခြောက်ထောင့်ကြယ် အမှတ်အသားကို ကြည့်လိုက်သည်။
"ယွီရှောင်ယောက်..."
အောက်တွင်၊ ချီဟုန်ယွီလည်း တစ်ခုခုကို ခံစားမိပြီး သူ့မျက်နှာက မည်းမှောင်သွားသည်။
အိမ်ထောင်ရေးညီလာခံမှ အဖြစ်အပျက်များက သူဘယ်တော့မှ ပြန်မကြားချင်သော အိပ်မက်ဆိုးတစ်ခုပင်။
ကျွင်းရှောင်ယောက်က သူမ၏ အတွင်းစိတ်နတ်ဆိုးပင် ဖြစ်လာခဲ့သည်။
သို့သော်လည်း ယခုအခါ သူနှင့် ကျွင်းရှောင်ယောက်ကြားမှ ကွာဟမှုက ပို၍ ကျယ်ပြန့်လာခဲ့ပြီ။
တစ်ဦးက အမှောင်နတ်ဆိုးဧကရာဇ်...
ကျန်တစ်ဦးကတော့ အရှိန်အဝါများ လုံးဝ ဆုံးရှုံးသွားသော အရှုံးသမားပင်။
"ဟုန်ယွိ၊ မင်းရဲ့ နှလုံးသားက မငြိမ်သက်ဘူး"
ချီရှောင်းဘုရင်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"တောင်းပန်ပါတယ် ဆရာ၊ ယွီရှောင်ယောက်အကြောင်းကို တွေးလိုက်မိတိုင်း ကျွန်တော် စိတ်အေးအေးထားလို့ မရဘူး။ အခုလည်း သူက နတ်ဆိုးဧကရာဇ်ဖြစ်နေသေးတယ်ဆိုတဲ့ သတင်းတွေထွက်လာပြန်ပြီ"
ချီဟုန်ယွိ၏ မျက်နှာက တင်းမာနေသည်။
"အင်း၊ အဲဒီအငယ်လေးက အခုအချိန်မှာ အထူးအဆင့်အတန်းတစ်ခုရှိနေတော့ သူ့ကိုထိဖို့ အဆင်မပြေဘူး၊ ဒါပေမဲ့ နောင်မှာ မင်းရဲ့ဝိညာဉ်ကျမ်းကို မင်းလက်နဲ့ပြန်ယူရမယ်"
ချီရှောင်းဘုရင်က တည်ငြိမ်စွာ ပြောလိုက်သည်။
ဝိညာဉ်ကျမ်းက အဖိုးတန်သော်လည်း သူ၏ အဆင့်အတန်းဖြင့် ကိုယ်တိုင်သွားယူရန် မဖြစ်နိုင်ပေ။
ဟုတ်သည်၊ ရှန်းအောင်ဘုရင်နှင့် ကျွင်းရှောင်ယောက်၏ နောက်ကွယ်မှ အခြားသူများကိုလည်း စဥ်းစားရသေးသည်။
"ဆရာ၊ ကျွန်တော် ယွီရှောင်ယောက်ကို လိုက်နိုင်ပါဦးမလား"
ချီဟုန်ယွိက ခပ်တိုးတိုး ပြောလိုက်သည်။ သူ၏ မသိစိတ်တွင် ကျွင်းရှောင်ယောက်ကို ကြောက်ရွံ့နေသလိုပင်။
ချီရှောင်းဘုရင်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဟုန်ယွိ၊ ဒီလို ကြမ်းတမ်းတဲ့ အခြေအနေက အစွမ်းအထက်ဆုံး လူတစ်ယောက် ဖြစ်လာဖို့ လမ်းမှာ ကြုံရတတ်တဲ့ အခက်အခဲလေးတစ်ခုထက် မပိုဘူး"
"မင်းရဲ့ဆရာလို စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာရင် မင်းရဲ့အတိတ်ပြိုင်ဘက်တွေက မင်းမျက်လုံးထဲမှာ မရှိတော့တာကို တွေ့ရလိမ့်မယ်"
ချီဟုန်ယွိ၏ မျက်လုံးများက တစ်ဖန် တောက်ပလာပြီး
"ဆရာရှေ့မှာ ရယ်စရာဖြစ်စေမိပါပြီ။ ဆရာက တာအိုကိုသက်သေပြပြီး ဧကရာဇ်ဖြစ်လာတဲ့အပြင် အင်မော်တယ်နယ်မြေကြီးက ကျွင်းမိသားစုရဲ့ ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်ကိုတောင် အလွယ်တကူ အနိုင်ယူခဲ့သူပဲလေ"
ထိုအကြောင်းကို ပြောမိသောအခါ ချီဟုန်ယွိ၏ မျက်လုံးများက လေးစားမှုတို့ ပေါ်လာခဲ့သည်။
သူ၏ဆရာ ချီရှောင်းဘုရင်သည် သူ၏ယုံကြည်ချက် ဖြစ်၏။
ချီဟုန်ယွိတွင်၊ အတွင်းစိတ်နတ်ဆိုး ရှိနေသော်လည်း...
ချီရှောင်းဘုရင်ကို ယုံကြည်နေသရွေ့ သူ့တွင် ယုံကြည်မှုရှိနေဦးမည်။
"အိမ်း"
ချီဟုန်ယွိ၏ ချီးကျုးချီးမြှောက်မှုကိုကြားတော့ ချီရှောင်းဘုရင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ဆရာ၊ ကျွင်းမိသားစုရဲ့ ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်နဲ့ တိုက်ပွဲအကြောင်း ထပ်ပြီး ပြောပြနိုင်မလား။ မဟာပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းရဲ့ အနှစ်သာရကို နားလည်ပြီး ဆည်းကပ်ချင်လို့ပါ"
ချီဟုန်ယွိ၏ မျက်လုံးများက ရိုသေလေးစားမှုတို့ ပြည့်နေသည်။
"မလိုပါဘူး၊ စစ်မှန်တဲ့ အကျော်အမော်တစ်ယောက်ဟာ အတိတ်က အောင်မြင်မှုတွေကို စွဲလမ်းနေမှာ မဟုတ်ဘူး။ တကယ်တော့ ကျွင်းဝူဟွေ့နဲ့ တိုက်ပွဲဟာ ငြီးငွေ့စရာကောင်းတဲ့ ချေမှုန်းမှုတစ်ခုပဲ"
ချီရှောင်းဘုရင်က သူ့ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ ထူးခြားမှုမရှိသောလေသံဖြင့် အင်မော်တယ်ဘုရင်တစ်ပါး၏ မြင့်မားသောဟန်ကို ထုတ်ဖော်ကာ ပြောလိုက်၏။
သူ့အမူအရာက လောက၏အထွတ်အထိပ်တွင် ရပ်တည်နေသော ပြိုင်စံရှား အကျော်အမော်တစ်ဦးနှင့်ပင် တူလှသည်။
"ဆရာ... ဆရာက အလွန့်အလွန်ကို တန်ခိုးကြီးတာပဲ"
ချီဟုန်ယွိ၏ မျက်လုံးများက အကြွင်းမဲ့ ယုံကြည်ကိုးစားမှုတို့ ပြည့်နေခဲ့သည်။
သို့သော်၊ ထိုအခိုက်တွင်...
ချီရှောင်းဘုရင်က တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် အဝေးမှ လေထဲသို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။
အလွန်ကြီးကျယ်ခမ်းနားသော ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး ဆင်းသက်လာကြောင်း သူ ခံစားရ၏။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ အဆုံးမဲ့ ဟင်းလင်းပြင်က ပြိုကျသွားပြီး ကြီးမားသော ဖိအားများ ကျဆင်းလာတော့သည်။
ချီရှောင်းမျိုးနွယ်စု၏ ဘိုးဘွားနယ်မြေ တစ်ခုလုံးတွင်က အားပြင်းသော ငလျင်လှိုင်း လှုပ်ခတ်သွားသကဲ့သို့ မြေပြင်အက်ကွဲသွားခဲ့သည်။
"ဘုရားရေ... ဘာဖြစ်တာလဲ"
"အကျော်အမော်တစ်ဦး ရောက်လာတာလား"
"မကြောက်ကြပါနဲ့၊ ငါတို့ဘိုးဘေးကြီးနဲ့အတူ ဘာကို ကြောက်နေရမှာလဲ"
ချီရှောင်းမျိုးနွယ်စုအတွင်းမှ တစ်ယောက်တစ်ပေါက် ပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။
တိတ်တဆိတ် လေ့ကျင့်နေသော အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်များလည်း နိုးထလာပြီးနောက် ဒေါသတကြီးဖြင့် ထွက်လာကြတော့သည်။
"အတင့်ရဲလိုက်တာ၊ ငါ့ချီရှောင်းမျိုးနွယ်မှာ ဘယ်သူက ရိုင်းရိုင်းစိုင်းစိုင်း လုပ်ဝံ့တာလဲ"
"ငါတို့မျိုးနွယ်ရဲ့ ဘုရင်က အပြစ်ပေးမှာကို မကြောက်ဘူးလား"
အင်မော်တယ်ဘုရင်တစ်ပိုင်းများက အော်ဟစ် ကြိမ်းမောင်းလိုက်ကြသည်။
ထိုအချိန်တွင် ကောင်းကင်က ရုတ်တရက် မှောင်မိုက်သွားသည်။
လူတိုင်းက မော့ကြည့်လိုက်တော့ ဧရာမ ပုံရိပ်တစ်ခုက ကောင်းကင်ကို ဖုံးကွယ်ထားကြောင်း မြင်လိုက်ရ၏။
ထိုပုံရိပ် ရွေ့လျားနေသော တိုက်ကြီးတစ်ခုနှင့်ပင် တူလှသည်။ သူက ကောင်းကင်ကိုပင် ဖုံးကွယ်ထားပေသည်။
"အဲဒါ...လိပ်ကြီးလား"
ချီရှောင်းမျိုးနွယ်ဝင်တစ်ဦးက တအံ့တသြ ရေရွတ်လိုက်သည်။
"မဟုတ်ဘူး၊ နဂါးခေါင်းနဲ့ ပိုတူတာ"
တခြားတစ်ယောက်ကလည်း ပြောလိုက်၏။
ထိုအချိန်တွင် ချီရှောင်းဘုရင်၏ အသံ ထွက်လာသည်။
"ဘယ်သူလဲမှတ်တာ စစ်နတ်ဘုရားနန်းတော်ရဲ့ ရှန်းအောင်ဘုရင်ပဲ။ ဘာဖြစ်လို့ ဒီလိုအရှိန်အဟုန်နဲ့ ငါတို့ မျိုးနွယ်ကို လာတာလဲ"
"ဘာ၊ စစ်နတ်ဘုရားနန်းတော်ရဲ့ ရှန်းအောင်ဘုရင်လား"
ချီရှောင်းဘုရင်၏ အသံကိုကြားတော့ ချီရှောင်းမျိုးနွယ်မှ သတ္တဝါများ တုန်လှုပ်သွားကြသည်။
ရှန်းအောင်သည် လိပ်ပုံသဏ္ဍာန်နှင့် နဂါးကိုယ်ထည်ရှိသော ရှေးဟောင်း သားရဲမျိုးစိတ်တစ်ခု ဖြစ်သည်။
ချီရှောင်းဘုရင်၏ စကားကိုသံ ထွက်လာသော်လည်း ရှန်းအောင်ဘုရင်က ဘာမျှမပြောပေ။
ထိုအစား၊ နောက်ထပ် အသံတစ်ခု ထပ်ထွက်လာသည်။
"ဘာလုပ်ဖို့လဲဆိုတော့... မင်းအသက်ကို ယူဖို့ ငါလာခဲ့တာပဲ"
ထိုအသံက အလွန်တရာ ထက်ရှသော ဓားသွားတစ်ခုကဲ့သို့ လေထဲတွင် ပဲ့တင်ထပ်သွားသည်။
ထိုစကားကို ကြားလိုက်ရသော ချီရှောင်းမျိုးနွယ်ဝင်အားလုံး အံ့အားသင့်သွား၏။
သူတို့ နားကြားမှားသွားတာလား။
ချီရှောင်းဘုရင်ကို သတ်ချင်သည်ဟု တစ်စုံတစ်ယောက်က ပြောနေသည်။
အားလုံး၏ အံ့ဩတကြီးဖြစ်နေသော အကြည့်များကြားတွင်...
အဖြူရောင်ဝတ်စုံဖြင့် လူရိပ်တစ်ခုက ရှန်းအောင်ဘုရင်၏ ဦးခေါင်းအထက်မှ ဖြည်းညှင်းစွာ ပေါ်လာခဲ့သည်။
သူ့မျက်နှာက နတ်အလင်းများဖြင့် မှုန်ဝါးနေသည်။
သက်ရှိသတ္တဝါတို့၏ ရိုသေလေးစားစွာ ရွတ်ဆိုပူဇော်နေသော အသံများလည်း ရှိ၏။
ထိုလူရိပ်၏ နောက်တွင်လည်း နတ်ပြည်သုံးထောင် ရှိနေပုံရသည်။
သူ့ကိုကြည့်ရသည်မှာ ကောင်းကင်ကို ဖွင့်နိုင်သကဲ့သို့၊ ကောင်းကင်ကို ထာဝရ လွှမ်းမိုးထားနိုင်သော နတ်ဘုရားဘုရင်ကဲ့သို့ပင်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊ မင်း..."
ချီရှောင်းဘုရင်၏ မျက်လုံးအိမ်များက ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ သူ့အရှိန်အဝါများပင် မငြိမ်မသက်ဖြစ်သွားသောကြောင့် မီးပင်လယ်ကြီး လှုပ်ရှားသွား၏။
ထိုလူရိပ်က လှံတစ်ချောင်းကဲ့သို့ ဖြောင့်မတ်စွာ ရပ်နေသည်။
အဖြူရောင် အဝတ်အစားထောင့်များက လေထဲတွင် တဖျတ်ဖျတ် လှုပ်ရှားနေ၏။ သူကား တိုင်းတပါးရှိ မရေမတွက်နိုင်သော သက်ရှိတို့၏ အိပ်မက်ဆိုးတစ်ခု ဖြစ်တော့သည်။
"ကျွင်းမိသားစု၊ ကျွင်းဝူဟွေ့"