အခန်း ၁၀၈၆
Vol. 73 Ch. 1086
အခန်း ( ၁၀၈၆ ) လူတစ်ယောက်တည်းက ဧကရာဇ်တစ်ပိုင်း မျိုးနွယ်စုကို ဖျက်ဆီးသည်။
ချီရှောင်းမျိုးနွယ်ဝင်အားလုံး၏ နှလုံးသားများ ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။ သူတို့ မျက်နှာပျက်သွားကြ၏။
သူတို့မျိုးနွယ်၏ ပြိုင်စံရှားသော ဘိုးဘေးကြီး၊ ချီရှောင်းဘုရင်မှာ အမှန်တကယ် တွန်းလှန်ခဲ့ရပြီလား။
ယင်းက စိတ်ကူးကြည့်ရန်ပင် ခက်ခဲသည်။
"ဆ...ဆရာ"
ချီဟုန်ယွိ၏ မျက်နှာလည်း ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
ချီရှောင်းဘုရင်သည် ပျက်စီးခြင်းနယ်စပ် တိုက်ပွဲတွင် ကျွင်းဝူဟွေ့ကို အနိုင်ယူခဲ့သည် မဟုတ်လော။
ယခုလေးတင် ချီရှောင်းဘုရင်သည် တိုက်ပွဲက ငြီးငွေ့ဖွယ်ကောင်းသော ချေမှုန်းခြင်းဖြစ်သည်ဟု ပြောခဲ့သည်။
ယခုမူကား၊ တွန်းလှန်ခံရသူမှာ ချီရှောင်းဘုရင်ကိုယ်တိုင် ဖြစ်လာခဲ့ပြီ။
ဘာတွေဖြစ်နေသနည်း။
"ချီးပဲ၊ ကျွင်းဝူဟွေ့... မင်းက ဒီအဆင့်ကိုတောင် မရောက်သေးဘဲ ငါ့ရဲ့ပြိုင်ဘက် ဘယ်လိုဖြစ်နိုင်မှာလဲ"
ချီရှောင်းဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
မျိုးနွယ်စုဝင်အားလုံး၏ ရှေ့တွင် နောက်ဆုတ်ခဲ့ရ၏။
ဤအရှက်တရားမျိုးကြောင့် ဒေါသချောင်းချောင်းထွက်ကာ အသားများပင် တုန်လာတော့သည်။
"နယ်ပယ်က ငါ့အတွက် အဓိပ္ပါယ်မရှိပါဘူး။ မင်းကို သတ်ဖို့ကလည်း မခက်ဘူး"
ကျွင်းဝူဟွေ့က တည်ငြိမ်စွာပြောရင်း ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ့ခြေဖဝါးအောက်တွင် ဝေးကွာလွန်းသော နေရာများက တခဏချင်း ကျုံ့သွားပုံရ၏။
သူက ချီရှောင်းဘုရင်၏ရှေ့သို့ ခဏချင်း ရောက်လာကာ လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
ကြီးမားသော နတ်ဘုရားစွမ်းအင်များက နတ်တစ်ပါး ဆင်းသက်လာသကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံး ထိန်သွားသည်။
"မင်းလုပ်နိုင်မယ်ထင်ရင် လာပေါ့ကွ။ ငါ ချီရှောင်းက ဒီဘဝမှာ တာအိုကို သက်သေပြပြီး ကံကြမ္မာကို ထိန်းချုပ်နိုင်နေပြီ။ ဘယ်သူက ငါ့ကို ချေမှုန်းနိုင်မှာလဲ၊ ဘယ်သူက ငါ့ကို အနိုင်ယူနိုင်မှာလဲ"
ချီရှောင်းဘုရင်က ဟိန်းဟောက်လိုက်သည်။ သူ့အသံက ကောင်းကင်ယံကိုပင် တုန်ခါသွားစေ၏။
တစ်ချိန်တည်းမှာပင် သူက သူ၏ ဧကရာဇ်လက်နက်ကို ထုတ်ယူလိုက်သည်။
အနီရောင်ဘုရင် မီးပြင်းဖို။
အနီရောင်ဘုရင် မီးပြင်းဖိုသည် အလွန်ပူပြင်းပြီး နေအမြုတေကဲ့သို့ နတ်မီးတောက်များဖြင့် ဝန်းရံထား၏။
ဤသည်က ဧကရာဇ် သို့မဟုတ် မဟာဧကရာဇ်ကြီးမှ သန့်စင်ထားခဲ့ခြင်း မဟုတ်ပေ။ သို့သော်လည်း ချီရှောင်းဘုရင်က သွေး၊ ချွေးတို့ဖြင့် ပြုလုပ်ခဲ့သော သီးသန့်ဧကရာဇ်လက်နက် ဖြစ်သည်။
သို့သော်လည်း ၎င်းက ဧကရာဇ်တစ်ပိုင်း သို့မဟုတ် အင်မော်တယ်ဘုရင်တစ်ပိုင်းအဖြစ်သာ ရှိသေးသည်။
အနီရောင်ဘုရင် မီးပြင်းဖိုအတွင်းမှ အားကောင်းသော နတ်မီးတောက်များ ထွက်ပေါ်လာခဲ့သည်။ အရာအားလုံးကို လောင်ကျွမ်းတော့မည်ကဲ့သို့ မီးပင်လယ်ကြီးအဖြစ် ပြန့်ကားလာ၏။
ကျွင်းဝူဟွေ့၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ရှေးကျသော စာလုံးများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။
ယင်းက နတ်ဘုရား ရေးသောစာ ဖြစ်သည်။
ကျွင်းဝူဟွေ့က နတ်ဘုရားဘုရင်ခန္ဓာ၏ အဆုံးစွန် ခုခံမှုကို ထပ်မံ ထုတ်ဖော်လိုက်သည်။
နတ်ဘုရား၏ ကောင်းချီးများ ဖြစ်၏။
နတ်ဘုရား၏ စာလုံးများနှင့် တောက်ပလာသော အလင်းများက ထာဝရ အချိန်ကာလကို ခွဲထုတ်ထားသကဲ့သို့ပင် ဖြစ်သည်။
မီးပင်လယ်က အရာအားလုံးကို ဖျက်ဆီးနိုင်လျှင်ပင်...
ကျွင်းဝူဟွေ့၏ ရပ်တည်မှုက တည်ငြိမ်နေဦးမည်။ မည်သည့်အရာကမျှ သူ့ကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။
"နတ်ဘုရားဘုရင် ခန္ဓာ..."
ချီရှောင်းဘုရင်၏ မျက်လုံးထောင့်များ အနည်းငယ် လှုပ်ယမ်းသွားသည်။
ဤသည်မှာ ကောင်းကင်ကို ဆန့်ကျင်နေသော တာအိုခန္ဓာ ဖြစ်သည်။ အဆုံးစွန်ထိ လေ့ကျင့်နိုင်ပါက စစ်မှန်သော အင်မော်တယ်ဖြစ်လာနိုင်သည်ဟုပင် ဆိုပေသည်။
ကျွင်းဝူဟွေ့၏ စွမ်းအားက အမှန်တကယ် ကြီးမားသည်။
သူက ချီရှောင်းဘုရင်ရှေ့သို့ ချက်ချင်းရောက်လာပြီး လက်သီးဖြင့် ထိုးချလိုက်၏။
ချီရှောင်းဘုရင်လည်း အနီရောင်ဘုရင် မီးပြင်းဖိုဖြင့် ခုခံလိုက်တော့သည်။
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကျွင်းဝူဟွေ့၏ လက်သီးက ဧကရာဇ်လက်နက်ကို တိုက်မိသောအခါ သံသံချင်း ထိခတ်မိသကဲ့သို့ အသံမျိုး ထွက်ပေါ်လာ၏။ အသံလှိုင်းကြောင့် တိမ်များလွင့်စဉ်ပြီး အဆုံးမဲ့သဲများ လွင့်သွားတော့သည်။
ထို့နောက်တွင် ကျွင်းဝူဟွေ့နှင့် ချီရှောင်းဘုရင်က ပြင်းပြင်းထန်ထန် စတင်တိုက်ခိုက်ခဲ့ကြသည်။
မိုးနှင့်မြေကြားရှိ နိယာမများက တုန်ခါနေပြီး ကမ္ဘာပျက်တော့မည်ကဲ့သို့ပင်။
"ဘိုးဘေး..."
ချီရှောင်းမျိုးနွယ်ဝင်များ၏ မျက်နှာများက တုန်လှုပ်ချောက်ချားမှုတို့ ပြည့်နေပြီ ဖြစ်သည်။
မူလက သူတို့၏စိတ်ထဲတွင် တစ်ဖက်သတ် ချေမှုန်းသော တိုက်ပွဲတစ်ခုသာ ဖြစ်လာမည်ဟု ယူဆထားခဲ့သည်။ ဤအခြေအနေကို မည်သူမျှ မမျှော်လင့်ခဲ့ပေ။
"ဆရာက လိမ်ပြောခဲ့တာများ ဖြစ်နိုင်မလား"
ထိုသို့ တွေးမိသောအခါ ချီဟုန်ယွိ၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။
ကျွင်းရှောင်ယောက်ကြောင့် သူ၏ တာအိုနှလုံးသားတွင် အက်ကြောင်းများ ဖြစ်လာခဲ့ရသည်။
ချီရှောင်းဘုရင်သည် သူ၏ တစ်ခုတည်းသော ယုံကြည်ချက် ဖြစ်၏။
ဤယုံကြည်ချက် ထပ်မံပြိုလဲပါက၊ ချီဟုန်ယွိ၏ တာအိုနှလုံးသားမှာ လုံးဝ ကွဲကြေသွားလိမ့်မည်။
"မဟုတ်ဘူး... ငါမယုံဘူး၊ ဆရာက ပြိုင်ဘက်ကင်းတယ်"
ချီဟုန်ယွိက လက်သီးကို တင်းတင်းဆုပ်ပြီး သူ့စိတ်ထဲမှ ဒေါသတကြီး အော်လိုက်သည်။
ကောင်းကင်မှာတော့ ကြီးမားသော ဟင်းလင်းပြင် အက်ကြောင်းများ၊ တွင်းနက်ကြီးများဖြင့် ပြည့်နေပြီ။
လောကနိယာမများကလည်း တည်ငြိမ်မှုမရှိတော့ပေ။
ဤသည်မှာ ဧကရာဇ်များကြားမှ တိုက်ပွဲက မည်မျှကြောက်စရာကောင်းသည်ကို ဖော်ပြနေသည်။
"ဝုန်း"
နောက်ထပ် ကြောက်ခမန်းလိလိ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြန်သည်။
ချီရှောင်းဘုရင် ထပ်မံဆုတ်သွားရ၏။ သူ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။
"ဘိုးဘေးကြီး ဒဏ်ရာရသွားပြီ"
ချီရှောင်းမျိုးနွယ်မှ သတ္တဝါအားလုံး မယုံကြည်နိုင် ဖြစ်နေခဲ့ရသည်။
"ကျွင်းဝူဟွေ့၊ မင်းငါ့ကို မသတ်နိုင်ပါဘူးကွာ။ ဆက်ပြီး နှောင့်နှေးနေရင် မင်း ဘယ်လိုမှ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး"
ချီရှောင်းဘုရင်က သူ့နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်ပြီး အေးစက်စက် ပြောလိုက်သည်။
အသက်ရှုသွင်းလိုက်တိုင်း သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများက လျင်မြန်စွာ သက်သာလာနေ၏။
ဤသည်မှာ အင်မော်တယ်ဘုရင်တစ်ပါး၏ စွမ်းရည် ဖြစ်သည်။
သူတို့ကို ဖိနှိပ်ခြင်း သို့မဟုတ် ဒဏ်ရာရစေရန် ဖြစ်နိုင်သော်လည်း...
သူတို့ကိုသတ်ချင်လျှင်တော့ အခက်အခဲက ပို၍ မြင့်မားလာလိမ့်မည်။
"ငါ မင်းကိုသတ်မယ်ဆိုရင် မင်း သေရမှာပဲ"
ကျွင်းဝူဟွေ့က စကားဆုံးသည်နှင့် ခြေတစ်ချက် ဆောင့်နင်းလိုက်သည်။
"ဝုန်း"
နတ်ဘုရားသုံးထောင်က ချီရှောင်းဘုရင်၏ ဘိုးဘွားနယ်မြေတစ်ခုလုံးကို ဝန်းရံလိုက်၏။
အထင်မြင်သေးသော မျက်လုံးအကြည့်တို့ဖြင့် ကျွင်းဝူဟွေ့က နတ်ဘုရားသုံးထောင်၏ အလယ်တွင် ရပ်နေသည်။
မိုးနှင့်မြေကြားရှိ အရာအားလုံးကို လွှမ်းမိုးထားသကဲ့သို့ အရှိန်အဝါတစ်ခု ထွက်ပေါ်လာတော့သည်။
"နတ်ဘုရားရဲ့ မြင့်မြတ်နယ်မြေ"
ကျွင်းဝူဟွေ့က သူ့လက်ကို ဖြည်းညှင်းစွာမြှောက်လိုက်သည်။ အဆုံးမဲ့ နတ်အလင်းများက စုဝေးလာပြီး ကမ္ဘာတစ်ခုလုံးကို တောက်ပသွားစေ၏။
ဤသည်က နတ်ဘုရားဘုရင်ခန္ဓာ၏ တားမြစ်နည်းလမ်း၊ အန္တိမရူပါရုံပင်။
"ဝုန်း"
ရုတ်ရက်၊ စကြာဝဠာကြီးတစ်ခုလုံးက သူ့ခန္ဓာကိုယ်အပေါ်သို့ ကျရောက်လာသလို ခံစားလိုက်ရသည်။ သူ့အရှိန်အဝါ၊ ကျင့်ကြံခြင်းအခြေခံနှင့် စွမ်းအင်အားလုံး ဖိနှိပ်ခံခဲ့ရ၏။
"ငါက ဘုရင်တစ်ပါးပဲ၊ ဘယ်သူက ငါ့ကို ဖိနှိပ်နိုင်မှာလဲ"
ချီရှောင်းဘုရင်က ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ သူက တကယ်ကို အင်မော်တယ်ဘုရင်ဖြစ်ရန် ထိုက်တန်ကြောင်း ဆိုရမည်။
သူက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်ရာ၊ အဆုံးမဲ့ မီးတောက်များက လေထဲတွင် ပြည့်သွားသည်။
"လောကသုံးပါးရဲ့ သက်ရှိအပေါင်း... ငရဲမီးမှာ လောင်ကျွမ်းသွားပါစေ"
ချီရှောင်းဘုရင်က ဇီးကွက်နီမျိုးနွယ်၏ အဆုံးစွန်နည်းလမ်းကို ထုတ်ဖော်လိုက်ရာ ကမ္ဘာကြီးတစ်ခုလုံး နီရဲသွားခဲ့သည်။
တစ်ကမ္ဘာလုံး မီးလောင်ကျွမ်းနေပုံရ၏။
ဤတားမြစ်နည်းက အလွန်အစွမ်းထက်သည်။
ချီရှောင်းဘုရင်၏ နတ်ဘုရားစွမ်းရည်က မိုးနှင့်မြေကို လွှမ်းခြုံထားသည်။
အင်မော်တယ်ဘုရင်တစ်ပိုင်းဖြစ်လျှင်ပင် မျှော်လင့်ချက်မဲ့ပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။
"ငါတို့ဘိုးဘေးက ပြိုင်ဘက်ကင်းပဲကွ"
ချီရှောင်းမျိုးနွယ်မှ သတ္တဝါများက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
သို့သော်လည်း ဤမျှအစွမ်းထက်သည့် နည်းလမ်းမျိုးကို ရင်ဆိုင်နေရသည့်တိုင်၊ ကျွင်းဝူဟွေ့၏ အမူအရာက မပြောင်းလဲပါ။
သူသည် ထောင်ပေါင်းများစွာသော တိုက်ပွဲများကို ဖြတ်သန်းခဲ့ဖူးသည်။ အလွန်ကြောက်စရာကောင်းသော တိုက်ခိုက်မှုမျိုးစုံကို မြင်ခဲ့ဖူး၏။
ကျွင်းဝူဟွေ့က နတ်ဘုရားများ၏ အခွင့်အာဏာအား သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသကဲ့သို့ သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
ဤအခိုက်တွင်၊ ကျွင်းဝူဟွေ့က သက်ရှိအားလုံး၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်မည့် နတ်ဘုရားဘုရင်ကဲ့သို့ပင်။
"နတ်ဘုရားရဲ့ ဆည်းဆာ"
ကျွင်းဝူဟွေ့က တားမြစ်နည်းလမ်းတစ်ခုကို ထပ်မံ ထုတ်ဖော်လိုက်သည်။
ကောင်းကင်နှင့် မြေပြင်က မှိန်ဖျော့ပြီး နေဝင်ချိန်ကဲ့သို့ တောက်ပလာသည်။
နတ်ဘုရားသုံးထောင်၏ စွမ်းအားကလည်း ချီရှောင်းဘုရင်အပေါ် ကျရောက်နေပုံရ၏။
ချီရှောင်းဘုရင်လည်း သေခြင်း၏ အငွေ့အသက်ကို ချက်ချင်း ခံစားလိုက်ရသည်။
"နောက်ဆုတ်"
ချီရှောင်းဘုရင်က မတုံ့ဆိုင်းတော့ဘဲ သူ့အတောင်များကိုခတ်ကာ ဆုတ်ပြေးရန် ကြိုးစားလိုက်သည်။
သူ၏ မျိုးနွယ်ဝင်များကိုတော့... သူ ဂရုမစိုက်နိုင်တော့ပေ။
တာအိုကိုသက်သေပြကာ ဧကရာဇ်ဖြစ်နေမှတော့၊ မည်ကဲ့သို့ သေလိုပါမည်နည်း။
"မင်း မလွတ်မြောက်နိုင်ဘူး"
ကျွင်းဝူဟွေ့က တည်ငြိမ်စွာပြောလိုက်သည်။
သန့်စောသော နယ်မြေက ပတ်ဝန်းကျင်တစ်ခုလုံးကို ကြိုတင်ပိတ်လှောင်ထားသောကြောင့် ချိုးဖျက်ရန် မဖြစ်နိုင်တော့ပေ။
"မဟုတ်ဘူး၊ ဒီဘုရင်က ဘယ်လိုလုပ်ပြီး ဒီမှာသေရမှာလဲ။ ရှန်းအောင်ဘုရင်... ဘာကြောင့်လဲ"
ချီရှောင်းဘုရင်က အနီရောင်ဘုရင် မီးပြင်းဖိုဖြင့် ခုခံရန် အစွမ်းကုန်ကြိုးစားရင်း အော်ဟစ်လိုက်သည်။
စစ်နတ်ဘုရားနန်းတော်၏ အကျော်အမော်အနေဖြင့် ရှန်းအောင်ဘုရင်ဟာ သူ့ဘက်တွင် ရှိသင့်သည်။
ယခုတော့ သူဟာ ကျွင်းဝူဟွေ့နှင့် ပူးပေါင်းနေခဲ့ပြီ။
ချီရှောင်းဘုရင်လည်း ရှန်းအောင်ဘုရင် စိတ်ပြောင်းသွားပြီး သူ့ကို ကူညီပေးလိမ့်မည်ဟု မျှော်လင့်ကာ အော်လိုက်သည်။
သို့ရာတွင်၊ ရှန်းအောင်ဘုရင်က လူသားဘာသာဖြင့် အေးစက်စက် ပြောလိုက်သည်။
"အစမှအဆုံးထိ ငါက ကျွင်းမိသားစုရဲ့ လူတစ်ယောက်ပဲလေ"
"ဘာ"
ချီရှောင်းဘုရင် အံ့အားသင့်သွား၏။
ရှန်းအောင်ဘုရင်က ကျွင်းမိသားစုကလား။
ဘာတွေဖြစ်နေတာလဲ။
ရှန်းအောင်ဘုရင်က သူလျှိုဖြစ်လျှင်ပင်၊ သူ ရောက်နေသည်မှာ ခေတ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။
အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်လာရသနည်း။
"ပြီးပြီ..."
ကျွင်းဝူဟွေ့က ပြောလိုက်သည်။
နောက်ဆုံး နေဝင်ချိန်ကဲ့သို့ မှိန်ဖျော့ဖျော့ဖြင့် ဆည်းဆာချိန်အလင်းက ကျရောက်လာခဲ့သည်။
ချီရှောင်းဘုရင်၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ပြိုကျလာ၏။ နိယာမများကလည်း အရပ်ရပ်သို့ လွင့်စဉ်သွားတော့သည်။
သူ၏ ရှေးဦးဝိညာဉ်သည်ပင် ဆည်းဆာချိန်အလင်းမှ မလွတ်မြောက်နိုင်ခဲ့ပါ။
ဧကရာဇ်တစ်ပိုင်းလက်နက် မီးပြင်းဖိုကြီးလည်း တစ်စစီကြေမွပြီး အရပ်ရပ်သို့ လွင့်စဉ်သွား၏။
ချီရှောင်းမျိုးနွယ်၏ ဘိုးဘွားနယ်မြေတစ်ခုလုံးရှိ သတ္တဝါအားလုံး တိတ်ဆိတ်သွားသည်။
ချီရှောင်းမျိုးနွယ်၏ အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်အားလုံး အားအင်များ ဆုတ်ယုတ်သွားသလို ပျော့ခွေသွားကြ၏။
ချီဟုန်ယွိ၏ မျက်နှာမှာလည်း အမူအရာပျက်ပြီး အသက်မရှိတော့ပေ။
သူ့နှလုံးသားထဲမှ ယုံကြည်မှုအားလုံး ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။
"တိုင်းတပါးသားတွေကို ကြင်နာမှုပြတာက အင်မော်တယ်နယ်မြေကြီးရဲ့ သက်ရှိတွေအပေါ် ရက်စက်လိုက်တာပဲ"
ကျွင်းဝူဟွေ့က အေးစက်စက် ပြောလိုက်သည်။ သူက ကမ္ဘာကြီးကို ကာကွယ်လိုသော စိတ်နှလုံးရှိသော်လည်း အင်မော်တယ်နယ်မြေကြီးမှ သက်ရှိများအတွက်သာ ကန့်သတ်ထား၏။
သူ၏ ရန်သူများကို ဘယ်တုန်းကမှ ကြင်နာမှုမရှိခဲ့ပေ။
ဆည်းဆာချိန်အလင်းက ချီရှောင်းမျိုးနွယ်၏ ဘိုးဘွားမြေပေါ်သို့ ကျရောက်လာခဲ့သည်။
ချီရှောင်းမျိုးနွယ်မှ သက်ရှိအားလုံး ခုခံနိုင်စွမ်းမရှိဘဲ ပြာမှုန်အဖြစ်သို့ ပြောင်းလဲသွား၏။
ချီဟုန်ယွိ၏ ခန္ဓာကိုယ်လည်း တစ်လက်မခြင်း ပြိုကွဲပြီး ပြာမှုန်အဖြစ်သို့ ပြောင်းသွားလေသည်။
နောက်ဆုံးအချိန်တွင်၊ ချီဟုန်ယွိက ရုတ်တရက် ခေါင်းကိုမော့ပြီး အဖြူရောင်ဝတ်စုံဖြင့် ကျွင်းဝူဟွေ့ကို ကြည့်လိုက်သည်။
သူ့ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာ၏။
ထို့နောက် သူ့မျက်လုံးအိမ်များ တုန်လှုပ်သွားတော့သည်။
"ကျွင်းဝူဟွေ့၊ ယွီရှောင်ယောက်... ကျွင်းရှောင်ယောက်"
ချီဟုန်ယွိ သဘောပေါက်သွားသည်။
သူ့နှလုံးသားထဲတွင် တစ်ဖန် တုန်လှုပ်သွား၏။
ဤတစ်ကြိမ်ကတော့ ကျွင်းဝူဟွေ့၏ စွမ်းရည်များကြောင့် မဟုတ်ပါ။
သူ၏ တစ်ဦးတည်းသော အမွေဆက်ခံသူကြောင့် ဖြစ်သည်။
ထိုသူက တိုင်းတပါးမြေတစ်ခုလုံးကို လှည့်ဖြားနိုင်အောင် ထက်မြက်လွန်းသည့် ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ကျွင်းရှောင်ယောက်ပင်။
ယခုဆိုလျှင် ကျွင်းရှောင်ယောက်က နတ်ဆိုးဧကရာဇ်အဖြစ်နှင့် ကောင်းကင်မဲ့အမှောင်နယ်မြေ၏ နက်နဲရာသို့ ဝင်သွားပြီ ဖြစ်သည်။
သို့သော်လည်း ဤလျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့လျှင်ပင် ယခုအချိန်မှတော့ အသုံးမဝင်တော့ပါ။
ချီဟုန်ယွိ၏ နှုတ်ခမ်းများက တွန့်ကွေးပြီး အလွန်ခါးသီးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဤသားအဖ၏လက်ထဲတွင် ချီရှောင်းမျိုးနွယ်သာမက၊ တိုင်းတစ်ပါးပြည်တစ်ခုလုံး ပျက်စီးသွားနိုင်ကြောင်း ချီဟုန်ယွိ ခံစားခဲ့ရလေသည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် ချီဟုန်ယွိမှာ မည်သူကိုမျှ သတင်းမပို့နိုင်တော့ပါ။
ဆည်းဆာချိန် အလင်းရောင်အောက်တွင် ချီဟုန်ယွိ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြာများအဖြစ်သို့ ပြောင်းလဲသွားပြီး လေနှင့်အတူ ပြန့်ကျဲသွားသည်။
တိုင်းတပါးရှိ ဧကရာဇ်တစ်ပိုင်းမျိုးနွယ်... ချီရှောင်းမျိုးနွယ်တစ်ခုလုံး ပျက်စီးသွားခဲ့ပြီ။