← Chapters

အခန်း ၁၀၈၇

Vol. 73 Ch. 1087

အခန်း ၁၀၈၇

Vol. 73 Ch. 1087

အခန်း ( ၁၀၈၇ ) ကြောက်နေမယ်ဆိုရင် ကျွင်းဝူဟွေ့လို့ခေါ်ဖို့ မထိုက်တန်ဘူး။

လေပြင်းများက တဟူးဟူးတိုက်ခတ်ပြီး သဲများ လွင့်နေသည်။

ချီရှောင်းမျိုးနွယ်စု၏ ဘိုးဘွားမြေကတော့ မရှိတော့ပါ။

ချီရှောင်းမျိုးနွယ်စု၊ မျိုးနွယ်စု အကာကွယ် အစီရင်နှင့် အရာအားလုံး ဆည်းဆာချိန်၏ အလင်းရောင်အောက်တွင် ပျက်သုဉ်းခဲ့ရသည်။

အရိုးနှင့် သွေးသွေးနများပင်လျှင် မကျန်ရစ်ခဲ့ပေ။

ချီရှောင်းမျိုးနွယ်စုက ဤနေရာတွင် ဘယ်တုန်းကမှ မရှိခဲ့သလို ဖြစ်သည်။

ကောင်းကင်ယံမှ ဟင်းလင်းပြင် အက်ကြောင်းကြီးများကတော့ မပိတ်ဆို့သေးပါ။

မြေပြင်မှာလည်း မရေမတွက်နိုင်သော ဥက္ကာခဲများ ကောင်းကင်မှ ကြွေကျလာသကဲ့သို့ နက်ရှိုင်းသော တွင်းနက်ကြီးများလည်း ရှိခဲ့သည်။

အလွန်ပြင်းထန်သော တိုက်ပွဲဖြစ်ချေသည်။

ရှန်းအောင်ဘုရင်သာ ကြိုတင် ပိတ်ဆို့မထားပါက မဟာနတ်ဆိုးပြည်နယ်တစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားနိုင်သည်။

ဤအခိုက်တွင်၊ ကျွင်းဝူဟွေ့က လက်နှစ်ဖက်ကို နောက်သို့ယှက်ပြီး တည်ငြိမ်စွာ ရပ်နေသည်။

ဧကရာဇ်တစ်ပိုင်း မျိုးနွယ်စုကို ဖျက်ဆီးနိုင်ခြင်းက ကြီးကျယ်သော အောင်မြင်မှုတစ်ခု ဖြစ်မည်မှာ သေချာပါသည်။

သို့သော်လည်း ကျွင်းဝူဟွေ့၏ အမူအရာကတော့ တည်ငြိမ်နေပြီး အနည်းငယ်မျှပင် လှုပ်ရှားမှုမရှိပေ။

သူက နာမည်ကျော်ကြားရန် သို့မဟုတ် အကျိုးအမြတ်အတွက်မဟုတ်ဘဲ၊ အင်မော်တယ်မြေကြီးနှင့် ကျွင်းမိသားစုအတွက် တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။

"ဆရာထက် တပည့် လက်စောင်းထက်တဲ့... ဒီခွန်အားက ကျေးဇူးရှင်နဲ့ နီးစပ်နေပြီ"

ရှန်းအောင်ဘုရင်က လေးစားနေသော လေသံဖြင့် ပြောလိုက်သည်။

ယခင်က ကျွင်းဝူဟွေ့ကို လေးစားရသည့် အကြောင်းရင်းမှာ၊ ကျွင်းဝူဟွေ့က ကျွင်းမိသားစု၏ နတ်ဘုရားဘုရင် ဖြစ်ခြင်းကြောင့် ဖြစ်သည်။

သူ့ကျေးဇူးရှင်မှ သူ့ကို ကယ်တင်လိုက်ကတည်းက၊ ရှန်းအောင်ဘုရင်သည် ကျွင်းမိသားစုအပေါ် တစ်သက်လုံး သစ္စာစောင့်သိမည်ဟု ကတိသစ္စာပြုပြီးသွားပြီ။

ယခုတော့၊ ကျွင်းဝူဟွေ့၏ စစ်မှန်သော အစွမ်းသတ္တိကို တွေ့လိုက်ရပြီးနောက်...

ရှန်းအောင်ဘုရင်သည် ကျွင်းဝူဟွေ့ကို စိတ်ရင်းမှန်ဖြင့် လေးစားသွားခဲ့ပြီ ဖြစ်သည်။

ထို့ပြင်၊ ကျွင်းဝူဟွေ့က တစ်ယောက်တည်းဖြင့် ချီတစ်ခုကို သုံးခုပြောင်းလဲခြင်းအား အသုံးပြုကာ တိုင်းတပါး၊ ထာဝရသင်္ချိုင်းမြေနှင့် အကန့်အသတ်မဲ့ပင်လယ်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော နေရာသုံးခုကို ဖိနှိပ်ထားခြင်းဖြစ်ကြောင်း သိထားကြရမည် ဖြစ်သည်။

တစ်နည်းဆိုရသော် လက်ရှိ ကျွင်းဝူဟွေ့က သန့်စင်သော ကိုယ်ပွားသုံးခုထဲမှ တစ်ခုထက် မပိုပေ။

ထို့ပြင်၊ ထိုကိုယ်ပွားသုံးခုစလုံးက မူလခန္ဓာတစ်ခုကဲ့သို့ သန်မာပြီး အမှီအခိုကင်းစွာ လေ့ကျင့်နိုင်သည်။

သို့ရာတွင်၊ ဤသည်က ကျွင်းဝူဟွေ့၏ စွမ်းရည် အကုန်မဟုတ်မှန်း တွေ့မြင်နိုင်ပေသည်။

ထိုကိုယ်ပွားသုံးခုကိုသာ ပေါင်းစည်းလိုက်ပါက၊ ကျွင်းဝူဟွေ့မှာ မှန်းဆမရအောင် အားကောင်းလာနိုင်သည်။

"ဒီလိုတော့လည်း မဟုတ်ပါဘူး၊ ကျုပ်ရဲ့ လက်ရှိအင်အားက ဘိုးဘေးတွေထက် အများကြီး နောက်ကျနေသေးတယ်"

"ဒါပေမဲ့... အစီအစဉ်တကျဖြစ်ရင် လိုက်မီဖို့ မဖြစ်နိုင်တာ မဟုတ်ဘူး"

ကျွင်းဝူဟွေ့၏ မျက်လုံးအကြည့်များက လေးနက်လာကာ ပြုံးလိုက်သည်။

ထိုအစီအစဥ်ကြောင့်သာ မဟုတ်လျှင်၊ နယ်စပ်မှာကတည်းက ချီရှောင်းဘုရင်ကို သတ်ပစ်ခဲ့လိမ့်မည်။

အဘယ်ကြောင့် လှည့်စားနေရမည်နည်း။

အစမှအဆုံးအထိ၊ ချီရှောင်းဘုရင်သည် ကျွင်းဝူဟွေ့၏ အစီအစဉ်အတိုင်း ကပြခဲ့ရသော သရုပ်ဆောင်တစ်ဦးမျှသာ ဖြစ်သည်။

ရှန်းအောင်ဘုရင်လည်း ထိုစကားကိုကြားသောအခါ သက်ပြင်းပင်ချလိုက်မိသည်။

ကျွင်းမိသားစုက မကောင်းဆိုးရွားများနှင့် ပြည့်နေ၏။

သူ့ကို ကယ်တင်ခဲ့သည့် ကျေးဇူးရှင်သည် ကျွင်းမိသားစု၏ ဧကရာဇ်ကြီးတစ်ပါး ဖြစ်သည်။

နောက်ပိုင်းတွင် အဖြူရောင်ဝတ်စုံဖြင့် ပြိုင်စံရှားသော နတ်ဘုရားဘုရင်တစ်ပါး ပေါ်လာ၏။

ယခုဆိုလျှင် ပို၍ပင် ကြောက်စရာကောင်းသော နတ်ဘုရားသားတော် ကျွင်းရှောင်ယောက် ရှိနေပြီ။

ဟုတ်သည်။

ကျွင်းဝူဟွေ့ကြောင့်သာ ရှန်းအောင်ဘုရင်က ကျွင်းရှောင်ယောက်၏ အထောက်အထားကို သိခဲ့ခြင်း ဖြစ်သည်။

မဟုတ်ပါက၊ သူသည် ကျွင်းရှောင်ယောက်ကို သိပ်ပြီးဂရုစိုက်နေမည် မဟုတ်ပေ။

စစ်နတ်ဘုရားနန်းတော်၏ နဂါးသွေးကြောကိုပင် ကျွင်းရှောင်ယောက်ထံ တိုက်ရိုက် ပေးခဲ့သည်။

"အရှင်၊ ကျုပ်တို့ ထွက်သွားသင့်ပြီ မဟုတ်လား။ နောက်ဆုံးမှာတော့ တိုင်းတပါးမှာ ဝင်နေတာက အန္တရာယ်များတယ်"

ရှန်းအောင်ဘုရင်က ပြောလိုက်သည်။

ကျွင်းဝူဟွေ့က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ပြီး

"စိတ်မပူပါနဲ့၊ တိုင်းတစ်ပါးရဲ့ အာရုံအများစုက အခု ပျက်စီးခြင်းနယ်စပ်မှာ ရှိနေပြီ"

"အန္တိမဧကရာဇ်မျိုးနွယ်က အကျော်အမော်တွေတောင် နယ်စပ်ကို သွားရောက်ကြသင့်တယ်"

"နောက်ပြီးတော့ ကောင်းကင်မဲ့ အမှောင်နယ်မြေ တံခါးပွင့်သွားပြီလေ။ ဒါက အချိန်ကောင်းပဲ"

ကျွင်းဝူဟွေ့က ပြောလိုက်သည်။

"ဒါပေမဲ့ အရှင်၊ ခင်ဗျားတစ်ယောက်တည်း အမည်မဲ့ အမှောင်နယ်မြေထဲကို ဝင်မယ်ဆိုရင် တကယ်ဆိုးရွားတဲ့ အရာတစ်ခုခု ဖြစ်လာတဲ့အခါ..."

ရှန်းအောင်ဘုရင်က တုံ့ဆိုင်းသွားသည်။

ခေတ်ပေါင်းများစွာ၊ တိုင်းတပါးတွင် ပုန်းအောင်းနေခဲ့သော အကျော်အမော်တစ်ဦး အနေဖြင့်...

ရှန်းအောင်ဘုရင်သည် အန္တမကပ်ဘေးကြီးက မည်မျှ လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းမှန်း ကောင်းစွာ သိသည်။

ကျွင်းဝူဟွေ့၏ တိုက်ခိုက်နိုင်စွမ်းက အလွန်အားကောင်းပြီး အင်မော်တယ်ဘုရင်ကိုပင် သတ်နိုင်သော်လည်း...

အန္တိမကပ်ဘေးကြီးက ဖော်ပြရန်ပင် ခက်ခဲသော တည်ရှိမှုတစ်ခုပင်။

"ရှောင်ယောက်ကတောင် ဝင်ဝံ့တယ်၊ အဖေတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ပြီး ကြောက်နေရမှာလဲ"

"ကျုပ်စိတ်ထဲမှာ ကြောက်ရွံ့နေတယ်ဆိုရင် ကျွင်းဝူဟွေ့လို့ ခေါ်ဖို့ မထိုက်တန်ဘူး"

ကျွင်းဝူဟွေ့က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။

ကျွင်းဝူဟွေ့နှင့် ကျွင်းရှောင်ယောက်တို့ သားအဖ၏ အဘိဓာန်တွင် ကြောက်ရွံ့ခြင်း လုံးဝ မရှိပုံပင်။

ရှန်းအောင်ဘုရင်လည်း အကူအညီမဲ့နေခဲ့သည်။

ထိုသားအမက ကမ္ဘာပေါ်တွင် တကယ်ကို ထာဝရ ကွဲလွဲမှုများပင်။

..........

ဤနေရာသည် မှောင်မိုက်ပြီး အသက်ဓာတ်ကင်းမဲ့သော နေရာ ဖြစ်သည်။

သိပ်သည်းသော အနက်ရောင်မြူများက တစ်နှစ်ပတ်လုံး မြူဆိုင်းနေ၏။

ကောင်းကင်က ထာဝရညကဲ့သို့ မှောင်မိုက်နေပြီး အဆုံးကိုပင် မမြင်ရပေ။

ဘာအသံကိုမျှ မကြားရသသကဲ့သို့ သက်ရှိသတ္တဝါများ၏ အရိပ်အယောင်လည်း မရှိပေ။

ထိုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သည့်အခြေအနေတွင် ခြေသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အဝေးမှ မြူထုထဲတွင် လူရိပ်တချို့ ထွက်ပေါ်လာ၏။

ကျွင်းရှောင်ယောက်တို့ ခြောက်ဦးပင် ဖြစ်တော့သည်။

ကောင်းကင်မဲ့ အမှောင်နယ်မြေဆီသို့ တံခါးဖွင့်ပြီးနောက်၊ သူတို့လူစုဟာ နက်ရှိုင်းစွာ ဆက်လက် ဝင်ရောက်လာခဲ့သည်။

ကောင်းကင်မဲ့အမှောင်နယ်မြေတွင်၊ နိယာမများ၏ စွမ်းအားက ပြင်ပလောကထက် ပို၍ အားကောင်းသည်။

ဤနေရာတွင် ပျံသန်းရန် ခက်ခဲသောကြောင့် ခြေကျင်လျှောက်ခဲ့ရလေသည်။

ကျွင်းရှောင်ယောက်က ပတ်ဝန်းကျင်ကို အကဲခတ်ရင်း လျှောက်ခဲ့သည်။

ဤနယ်မြေတွင် သူတို့ခြောက်ယောက်မှတပါး၊ တခြား အသက်ဓာတ်များကို မခံစားရပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်ဟာ အမှောင်နယ်မြေထဲတွင် အေးစက်စက် အငွေ့အသက်များကို ခံစားရနိုင်သည်။

"အားလုံးပဲ၊ အထဲကို ပိုနက်ရှိုင်းလာပြီဆိုရင် သတိထားကြပါ"

"ကောလဟာလတွေအရ ကောင်းကင်မဲ့အမှောင်နယ်မြေမှာ ကစဉ့်ကလျား ဟင်းလင်းပြင်အက်ကြောင်းတွေတင်မကဘဲ အချိန်အက်ကြောင်းတွေလည်း ရှိတယ်။ တကယ်လို့ အချိန်အက်ကြောင်းထဲကို မတော်တဆ ဝင်သွားမိရင် ချက်ချင်း နှစ်ထောင်ချီ အသက်ကြီးသွားနိုင်တယ်"

မိုဟူလာက လူတိုင်းကို သတိပေးလိုက်သည်။

မိုရှီဧကရာဇ်မျိုးနွယ်မှ လူတစ်ယောက်အနေဖြင့် သူသည် ကောင်းကင်မဲ့ အမှောင်နယ်မြေအကြောင်းကို အခြားသူများထက် ပိုသိသည်။

"ဘာ၊ ဒီလောက်တောင် ကြောက်စရာကောင်းတာလား"

ကာကူရာမှာ ထိုစကားကြောင့် ကြက်သီးမွေးညင်းထလာသည်။

အမျိုးသမီးများ အကြောက်ဆုံးအရာက အိုမင်းရင့်ရော်ခြင်းဖြစ်မည်မှာ သေချာသည်။

ကျင့်ကြံသူများက အရွယ်တင်သော်လည်း အချိန်ကြာလာလျှင်တော့ အိုမင်းခြင်းကို ရှောင်လွှဲ၍မရပေ။

"စိတ်မပူပါနဲ့၊ ငါရှိနေသရွေ့ မင်းတို့ ဘာမှ မဖြစ်စေရဘူး"

ကျွင်းရှောင်ယောက်က‌ ပြောလိုက်သည်။

နောက်ဆုံးလျှို့ဝှက်ချက်ကို မဖြေရှင်းရသေးခင်မှာ၊ ကျွင်းရှောင်ယောက်က သူတို့ကို ဘာတစ်ခုမျှ အဖြစ်ခံမည် မဟုတ်ပေ။

လျှို့ဝှက်ချက်များကို ဖြေရှင်းပြီးလျှင်တော့ ပြောရခက်သည်။

"ပထမဘုရင်သခင်က ကူရာကို ဂရုစိုက်သေးတယ်ပေါ့"

ကာကူရာက ချစ်စဖွယ်ပြုံးလိုက်သည်။

"ဧကရာဇ်က ငါတို့ကို ကောင်းကောင်းဦးဆောင်နိုင်တယ်ဆိုတာကို ငါတို့ သဘာဝအတိုင်း ယုံကြည်ပါတယ်"

မိုဟူလာက လေးလေးစားစား ပြောလိုက်သည်။

ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့သာ အမြဲတမ်း မျက်နှာမကောင်းခဲ့ပါ။ သူတို့၏ နှလုံးသားထဲတွင် မကောင်းသော ခံစားချက်များ ရှိနေသည်။

ကျွင်းရှောင်ယောက်က သူတို့ကို တစ်ခုခု ချောက်ချလိုက်မည်အား ကြောက်ရွံ့နေကြပေသည်။

ကျွင်းရှောင်ယောက်က မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်၏ အားကောင်းသော ဝိညာဉ်အသိကို ဖြန့်ကျက်လိုက်သည်။

ထိုသို့ဖြင့် သတ်ဖြတ်ချင်စိတ်၊ အချိန်နှင့် ဟင်းလင်းလင်းပြင် အက်ကြောင်းများ... စသည်ဖြင့် ထူးဆန်းသော နေရာအားလုံးကို ရှောင်ရှားနိုင်ခဲ့၏။

ထိုအခိုက်အတန့်တွင်၊ ကျွင်းရှောင်ယောက်သည် ရှေ့မှ ထွက်ပေါ်လာသည့် ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခုကို ခံစားလိုက်ရတော့သည်။

"အဲဒါဘာလဲ"

အခြားသူများလည်း သတိပြုမိသွားသည်။

"ဒါက ဖြစ်နိုင်မလား..."

တစ်ခုခုကို တွေးမိဟန်သွားဖြင့်၊ မိုဟူလာ၏ မျက်နှာက အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာ၏။

"ငါတို့ ဘုရင်‌ခြောက်ပါးအတွက် အခွင့်ကောင်းတစ်ခု ရောက်လာပြီ"

မိုဟူလာ၏ စကားများက လူတိုင်းကို အံ့အားသင့်စေသည်။ အားလုံးက ရှေ့ကို မြန်မြန် လျှောက်သွားကြတော့သည်။

ရှေ့တွင် မြူခိုးများဖုံးလွှမ်းနေသော ရေကန်ကြီးတစ်ကန် ရှိသည်။

ရေကန်ထဲတွင်လည်း အမည်မသိ သတ္တဝါအရိုးများ ရှိ၏။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ထိုအရိုးများမှ အားကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေသေးသည်။

ကျွင်းရှောင်ယောက်နှင့် အခြားသူများလည်း အနီးကပ်ကြည့်ရှုရန် ရှေ့သို့ တိုးသွားခဲ့ကြသည်။

တချိန်တည်းမှာပင်၊ လွင့်မျောနေသော အမှုန်အမွှားများက တကယ့်မြူခိုးများမဟုတ်ဘဲ နိယာမ အပိုင်းအစများဖြစ်မှန်း သိလိုက်ရသည်။

ထိုမျှသာမကဘဲ၊ ရေကန်အတွင်းမှ ရေများကလည်း နိယာမအပိုင်းအစများဖြင့် ဖွဲ့စည်းထားသကဲ့သို့ ကြီးကျယ်ခမ်းနားသော အငွေ့အသက်များ ထွက်ပေါ်နေသေးသည်။

"ဒါက..."

ကြိုတင် ခံစားမိထားသော ကျွင်းရှောင်ယောက်ပင်လျှင်၊ ဤမြင်ကွင်းကြောင့် အံ့ဩသွားမိသည်။

"ဒါက ငါတို့ကမ္ဘာမှာ ရှေးခေတ်ကနေ အခုအချိန်အထိ အမွေဆက်ခံခဲ့တဲ့ ထိပ်တန်းရတနာ... တာအိုပြောင်းလဲခြင်းရေကန်ပဲ ဖြစ်ရမယ်"

မိုဟူလာက စိတ်လှုပ်ရှားလွန်းသဖြင့် အနည်းငယ် တုန်ယင်နေသော လေသံကြီးဖြင့် ပြောလိုက်တော့သည်။

All Chapters