အခန်း ၁၀၈၈
Vol. 73 Ch. 1088
အခန်း ( ၁၀၈၈ ) တာအိုပြောင်းလဲခြင်း ရေကန်။
"တာအိုပြောင်းလဲခြင်း ရေကန်လား"
နိယာမအပိုင်းအစများ ပြန့်ကျဲနေသော ရေကန်ကိုကြည့်ရင်း ကျွင်းရှောင်ယောက်၏ မျက်လုံးထဲတွင် အလင်းရောင်တစ်ချက် လက်သွားသည်။
မိုဟူလာက ဆက်ပြောသည်။
"ထိပ်သီး အကျော်အမော်တွေ ကျဆုံးတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ နိယာမတွေက ပြန့်ကျဲသွားပြီး မိုးနဲ့မြေဆီကို ပြန်သွားမယ်ဆိုတာ အားလုံး သိထားကြမယ် ထင်ပါတယ်"
"ဒါပေမဲ့ ကောင်းကင်မဲ့ အမှောင်နယ်မြေဟာ အန္တိမကပ်ဘေးကြီး နေထိုင်တဲ့နေရာပဲလေ။ ဒီနေရာမှာ ကိုယ်ပိုင် နိယာမတွေရှိတယ်။ ပြင်ပကမ္ဘာရဲ့ နိယာမတွေက သက်ရောက်မှုမရှိဘူး"
"ရှေးဟောင်းမှတ်တမ်းတွေအရ..."
"ထိပ်သီး အကျော်အမော်တွေက ကျဆုံးခါနီးပြီဆိုရင် တာအိုပြောင်းလဲခြင်းရေကန်ကိုလာပြီး နေလိမ့်မယ်။ သူတို့ ကျဆုံးတဲ့အခါ စွမ်းအင်အားလုံးကို ဒီရေကန်ထဲ ဝင်ရောက်စေဖို့ပေါ့"
“ဒါက အမွေအနှစ်တစ်မျိုး တည်ဆောက်ခြင်းဖြစ်ပြီး အနာဂတ် မျိုးဆက်တွေကို ကောင်းချီးပေးပါလိမ့်မယ်”
မိုဟူလာက စိတ်လှုပ်ရှားစွာဖြင့် ပြောနေသည်။ သူ့မျက်လုံးများက နီရဲနေပြီး အသက်ရှူပင် မြန်နေ၏။
"ဒါပေမဲ့... ကောင်းကင်မဲ့ အမှောင်နယ်မြေက အမြဲတမ်းပိတ်ထားခဲ့တာ မဟုတ်လား"
ကာကူရာက ရုတ်တရက် မေးလိုက်သည်။
"ဟုတ်ပါတယ်၊ ဒါပေမဲ့ ငါအရင်က ပြောခဲ့သလိုပဲ... ကောင်းကင်မဲ့ အမှောင်နယ်မြေမှာ သူ့ကိုယ်ပိုင်နိယာမတွေ ရှိပြီး သက်ရှိတွေအားလုံးကို ပိတ်ပင်မထားဘူး"
"ရှေးရှေးတုန်းက၊ အန္တိမဧကရာဇ်မျိုးနွယ်တွေရဲ့ သဘာဝကပ်ဘေးအဆင့် အင်မော်တယ်တွေဟာ ကောင်းကင်မဲ့ အမှောင်နယ်မြေကနေ အခွင့်အလမ်းတွေ ရတတ်တယ်"
မိုဟူလာက ပြောလိုက်သည်။
မူလ အန္တိမဧကရာဇ်မျိုးနွယ်များအနက် တစ်ခုဖြစ်သော မိုရှီဧကရာဇ်မျိုးနွယ်မှ လူတစ်ဦးဖြစ်သောကြောင့် သူသည် အခြေအနေအချို့ကို သဘာဝအတိုင်း သိရှိခဲ့သည်။
"ဪ"
ကာကူရာလည်း သဘောပေါက်သွားလေသည်။
သူမက စိတ်လှုပ်ရှားစွာဖြင့် တာအိုပြောင်းလဲခြင်း ရေကန်ကို လှမ်းကြည့်လိုက်သည်။
ရေကန်ထဲတွင် ရှေးအကျော်အမော်ကြီးများ၏ အနှစ်သာရများကို စုစည်းထားခြင်းကြောင့် မည်သူမဆို လောဘတက်လာမည်ကို ကြောက်ရပေသည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများမှာလည်း အရောင် တလက်လက် တောက်ပနေသည်။
နိယာမအပိုင်းအစများရရှိရန် မည်မျှခက်ခဲသည်ကို သူ ကောင်းစွာ သိ၏။
သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်အင်မော်တယ်သစ်ပင်မှ သစ်သီးများတွင် နိယာမအပိုင်းအစများ ပါရှိသည်။
ကမ္ဘာ့သစ်ပင်ကဲ့သို့သော ရတနာများ၏ စွမ်းအားသည်လည်း နိယာမအပိုင်းအစများကို အစားထိုးနိုင်ပေသည်။
သို့သော်လည်း ခြုံငုံကြည့်လျှင်၊ ကျွင်းရှောင်ယောက်အတွက် ကျင့်ကြံခြင်း အရင်းအမြစ်များ ချို့တဲ့နေသေးသည်။
အကြောင်းမှာ၊ သူက နိယာမတစ်ခုတည်းဖြင့် အားမနည်းသည့်လမ်းကို မလျှောက်လိုသောကြောင့် ဖြစ်သည်။
အထွတ်အထိပ်ကို ရောက်လိုပါက၊ အနည်းဆုံး နိယာမကိုးခု သို့မဟုတ် ထို့ထက်ပို၍ နားလည်ထားရန် လိုအပ်ပေသည်။
နိယာမ တစ်ခု၊ နှစ်ခုဖြင့်လည်း အဆင့်တက်နိုင်သည်။
သို့သော်လည်း အဆင့်တက်ပြီးနောက် အင်အားက ကြီးမားမည် မဟုတ်ပေ။
အပြာရောင်လီလီပန်းမျိုးနွယ်မှ ကောင်းကင်အဓိပဓိငယ်ကဲ့သို့ပင် ဖြစ်သည်။
ကျွင်းရှောင်ယောက်က အဓိပဓိနယ်ပယ်တွင် ရှိသေးသော်လည်း သူ့ကို သတ်နိုင်စွမ်း ရှိ၏။
သာမန် အဓိပဓိနှင့် အန္တိမအဓိပဓိကြားတွင် ကွာဟချက်က မိုးနှင့်မြေကဲ့သို့ ကြီးမားသည်။
၎င်းက အရေအတွက် ပြောင်းလဲမှုမဟုတ်ဘဲ အရည်အသွေးပိုင်း ပြောင်းလဲမှုတစ်ခု ဖြစ်၏။
တာအိုပြောင်းလဲခြင်းရေကန်က ကျွင်းရှောင်ယောက်အတွက် အကျိုးကျေးဇူးများစွာ ယူဆောင်လာမည်မှာ သေချာလှပေသည်။
နတ်တို့ဖန် ရေကန်အသင့်၊ ကြာအသင့် ဖြစ်သည်။
'တိုင်းတပါးသားတွေရဲ့ ယုတ္တိမကျဆုံး အိပ်မက်ထဲမှာတောင် အင်မော်တယ်နယ်မြေကြီးရဲ့ လူတစ်ယောက်က သူတို့ရဲ့ ရတနာနယ်မြေကို အသုံးပြုမယ်လို့ မမက်ဖူးမှာကို ကြောက်ရတယ်'
ကျွင်းရှောင်ယောက်က စိတ်ထဲမှ လှောင်ရယ်နေမိသည်။
သူက တုံ့ဆိုင်းမနေတော့ဘဲ တာအိုပြောင်းလဲခြင်း ရေကန်ထဲသို့ ပထမဆုံး ဝင်ရောက်သွားသည်။
ရေကန်ထဲတွင် အမျိုးမျိုးသော အရိုးစုများရှိပြီး၊ အားလုံးမှာလည်း လျှို့ဝှက်ဆန်းကြယ်သော အက္ခရာများ ရေးထိုးထားလေသည်။
သူတို့ သေဆုံးခဲ့သည်မှာ ကလအတော်ကြာခဲ့ပြီဖြစ်သော်လည်း အံ့မခန်း အရှိန်အဝါများကို ထုတ်လွှတ်နေသေးသည်။
"ကောင်းလိုက်တာ"
အလွန်ကြွယ်ဝသော စွမ်းအားများကို ခံစားမိတော့ ကျွင်းရှောင်ယောက် အသက်ပြင်းရှူလိုက်မိသည်။
ဤသည်က သူ့အတွက် ကြီးမားသော အခွင့်အလမ်းတစ်ခုပင်။
ကျွင်းရှောင်ယောက်က တာအိုပြောင်းလဲခြင်း ရေကန်ထဲသို့ ဝင်သွားသည်ကို မြင်ရသော်လည်း၊ ကျန်ငါးယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း မည်သူမျှ မလှုပ်ရှားဝံ့ပေ။
မသိလိုက်ခင်မှာပင်၊ ကျွင်းရှောင်ယောက်က အမြင့်မားဆုံး အာဏာအား ဆုပ်ကိုင်ထားခဲ့ပြီး ဖြစ်သည်။ သူတို့အားလုံး၏ နှလုံးသားထဲတွင် အခြေကျနေပြီ။
ထို့ကြောင့် ကျွင်းရှောင်ယောက်က မပြောသေးဘဲ မည်သူမျှ ရေကန်ထဲသို့ မဝင်ဝံ့ကြပါ။
"ဟုန်ယီ... ဒီကိုလာ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
စူးဟုန်ယီသည် သူ့အပေါ် စိတ်နှလုံးအကြွင်းမဲ့ သစ္စာစောင့်သိသူ ဖြစ်သည်။ ကျွင်းရှောင်ယောက်က သူ့လူများကိုတော့ ဆိုးဆိုးရွားရွား ဆက်ဆံတတ်သူ မဟုတ်ပေ။
"ကျေးဇူးတင်ပါတယ် သခင်လေး"
စူးဟုန်ယီက ကျွင်းရှောင်ယောက်ကို ချိုသာစွာ ပြုံးပြလိုက်သည်။
သူမက မည်သူကိုမျှ အရေးမလုပ်ဘဲ ကျွင်းရှောင်ယောက်ကိုသာ ပြုံးပြတတ်လေသည်။
"ပထမဘုရင် သခင်..."
ကာကူရာက အပြစ်ကင်းစင်သော အကြည့်ဖြင့် ကျွင်းရှောင်ယောက်ကို လှမ်းကြည့်လိုက်သည်။ သူမက ချွဲနွဲ့သော လေသံဖြင့် ပြောလိုက်၏။
"မင်းလည်း လာပါ"
ကာကူရာ၏ သစ္စာစောင့်သိမှုက စူးဟုန်ယီနှင့် ယှဉ်လို့မရပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်ကို အသုံးဝင်သော အချက်အလက်များစွာ ပေးခဲ့သည်။
သူ့ကို စိတ်နှလုံးအကြွင်းမဲ့ သစ္စာမရှိလျှင်ပင်၊ အနည်းဆုံးတော့ ရိုးရိုးသားသား ဆက်ဆံခဲ့သေးသည်။
မိန်းကလေးနှစ်ယောက်က ကျွင်းရှောင်ယောက်၏ ဘေးတွင် အမြန် ဝင်ထိုင်လိုက်ကြသည်။
ကျန်သုံးယောက်မှာတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိသေးပေ။
အထူးသဖြင့် ယွင်ရှောင်ဟေးနှင့် ကျူးယဲ့ ဖြစ်သည်။
ယင်းက ရွှေတောင်ကြီးကို မြင်နေရသော်လည်း မည်သူမျှ မဆောင်ယူနိုင်သဖြင့် စိတ်ဓာတ်ကျနေသော လူငယ်လေးကဲ့သို့ လုံးဝ ခံစားနိုင်စရာ မရှိကေ။
"မင်းလည်း နေရာရှာပြီး ဝင်ထိုင်လိုက်ပါ"
ကျွင်းရှောင်ယောက်က မိုဟူလာကို ကြည့်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင်"
မိုဟူလာလည်း အနည်းငယ် လက်ယှက်ပြပြီး ရေကန်ထဲသို့ ဝင်လိုက်၏။
ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့မှာ လက်သီးကို တင်းတင်းဆုပ်ထားခဲ့ကြသည်။
သူတို့နှစ်ဦးက ကျွင်းရှောင်ယောက်နှင့် ဆက်ဆံရေး အဆိုးဆုံး ဖြစ်၏။
"အရှင်၊ ကျုပ်တို့လည်း..."
နောက်ဆုံးတွင် တွန့်ဆုတ်စွာဖြင့် ပြောလိုက်ကြသည်။
သူတို့ မျက်နှာပျက်သွားသော်လည်း...
မိမိ၏အင်အား တိုးတက်နိုင်ပါက မျက်နှာပျက်ခြင်း၊ မပျက်ခြင်းကို အဘယ်ကြောင့် ဂရုစိုက်ရမည်နည်း။
တစ်ဖက်တွင် မိုဟူလာက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။
"အရှင်၊ သူတို့နှစ်ဦးကို ခွင့်ပြုပေးလိုက်ပါလား။ ဘုရင်ခြောက်ပါးမှာ နှစ်ဦးက အားနည်းနေရင် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုတွေကို ထိခိုက်စေလိမ့်မယ်"
ဖျက်ဆီးခြင်း ဘုရင် ခြောက်ပါးတွင် တစ်ဦးစီက အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။
"ဒါဆိုရင်လည်း သူတို့ကို ဝင်ပါစေ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။ သို့သော်လည်း သူ့နှုတ်ခမ်းများက မသိမသာ ကွေးညွတ်သွား၏။
သူတို့ကို ဝင်ခွင့်ပြုလိုက်လျှင်ပင်...
စွမ်းအင်များကို ဘယ်လောက်ထိ စုပ်ယူနိုင်မှာလဲ။
ဝါးမျို သန့်စင်ခြင်းနှင့် ပတ်သက်လာလျှင် ကျွင်းရှောင်ယောက်မှာ ဝါးမျိုခြင်းနိယာမနှင့် ဝါးမျိုခြင်းဖင်းဂေါ့ကျမ်း ရှိသည်။
နတ်ဘုရားဝါးမျို အင်းဆက်မျိုးနွယ်၏ ဧကရာဇ်သားတော်ကိုသတ်ပြီး၊ နတ်ဘုရားဝါးမျို အင်းဆက်မျိုးနွယ်၏ ဝါးမျိုခြင်းစွမ်းရည်ကိုလည်း ရရှိခဲ့သေးသည်။
ရွယ်ယွဲ့ကလည်း အနီရောင်လီလီပန်းလေးများ၏ မိခင် သင်ကြားပေးခဲ့သော 'ကောင်းကင်ကိုဝါးမျိုပြီး နတ်ဖန်ဆင်းခြင်းကျင့်စဉ်'ကို ကျွင်းရှောင်ယောက်အား ပြောပြခဲ့သည်။
ဝါးမျိုခြင်း နိယာမ၊ ဝါးမျိုခြင်းဖင်းဂေါ့ကျမ်း၊ နတ်ဘုရားဝါးမျိုခြင်း စွမ်းရည်၊ ကောင်းကင်ကိုဝါးမျိုပြီး နတ်ဖန်ဆင်းခြင်းကျင့်စဉ်...
ထိပ်သီး ဝါးမျိုခြင်းစွမ်းရည် လေးမျိုးက ကျွင်းရှောင်ယောက်တစ်ဦးတည်းတွင် ရှိနေသည်။
ဝါးမျိုခြင်းစွမ်းရည်နှင့်ပတ်သက်၍ ကျွင်းရှောင်ယောက်က ဒုတိယဟုဆိုလျှင်၊ မည်သူမျှ ပထမ မဖြစ်ဝံ့ဟု ဆိုနိုင်သည်။
ထို့နောက် စတင် လေ့ကျင့်လိုက်လေသည်။
ကျွင်းရှောင်ယောက်၏ ဦးခေါင်းထက်မှာ ရေဝဲကြီးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
ထိုရေဝဲကြီးက အရာအားလုံးကို ဝါးမျိုပြီး သန့်စင်နိုင်ပုံရ၏။
ဤသည်မှာ ကျွင်းရှောင်ယောက်၏ ဝါးမျိုခြင်း စွမ်းရည် လေးခုမှ ဖြစ်ပေါ်လာသော ရေဝဲကြီး ဖြစ်သည်။
တာအိုပြောင်းလဲခြင်း ရေကန်တစ်ခုလုံးတွင် လှိုင်းလုံးကြီးများ ချက်ချင်း ဖြစ်ပေါ်လာ၏။
မရေမတွက်နိုင်သော နိယာမများက တစ်နေရာတည်းသို့ စီးဝင်သွားတော့သည်။
"ဟာ၊ ဘာလဲဟ"
ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့ တုန်လှုပ်သွားကြသည်။
သူတို့က လူဖြည့်ရန်သက်သက် ဝင်နေရတာလား။
တစ်ဖက်တွင်၊ စူးဟုန်ယီသည်လည်း စတင်လေ့ကျင့်ပြီး သူမ၏ဝှက်ဖဲကို ပြသလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော လက်ရှစ်ဖက် ရှစ်ပါးသော နတ်ဆိုးနတ်ဘုရားကြီး ပေါ်လာပြီ၏။ ဗုဒ္ဓတစ်ဝက်၊ နတ်ဆိုးတစ်ဝက် ပေါင်းစပ်ထားသကဲ့သို့ အလွန်လျှို့ဝှက်ဆန်းကျယ်ပေသည်။
ဤသည်မှာ နတ်ဆိုးကောင်းကင်နက် ဖြစ်သည်။
နတ်ဆိုးကောင်းကင်နက်က သူ့ပါးစပ်ကိုဟပြီး ရှူသွင်းလိုက်သည်နှင့် အဆုံးမဲ့နိယာမများက စူးဟုန်ယီ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားတော့သည်။
သူမက ကျွင်းရှောင်ယောက်ကဲ့သို့ ကောင်းကောင်း မလုပ်နိုင်သော်လည်း အံ့ဩစရာကောင်းနေဆဲ ဖြစ်သည်။
ယင်းကိုမြင်တော့ ကာကူရာလည်း မနေနိုင်တော့ပေ။
ထိုလူနှစ်ယောက်က အလွန်ကြောက်စရာကောင်းပြီး လုယက်နေသည်။
သူလည်း ကမန်းကတန်း တင်ပျဉ်ခွေထိုင်ကာ စတင်လေ့ကျင့်လိုက်သည်။
မိုဟူလာ၊ ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့သည်လည်း အခွင့်အရေးကို ဆုပ်ကိုင်ရန် အလျင်အမြန် ကြိုးစားကြ၏။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုမှ သက်ရောက်မှုမှာ ကြီးမားလွန်းလှသည်။
စူးဟုန်ယီမှလွဲ၍ ကျန်လူအားလုံး ထိခိုက်ခဲ့ကြရပေသည်။
ထိုအထဲတွင်၊ ကာကူရာကတော့ အခြေအနေ အနည်းငယ် ပိုကောင်းသည်။ ကျွင်းရှောင်ယောက်က သူမ၏ နယ်မြေမှ နိယာမအပိုင်းအစများကို အလွန်အကျွံ မလုယူပေ။
သို့သော်လည်း ကျန်သုံးယောက်ကိုတော့ ကျွင်းရှောင်ယောက်က မယဉ်ကျေးပါ။
အရည်အချင်းရှိသူက ပိုရမည် ဖြစ်သည်။
ဤသို့ဖြင့် ကျွင်းရှောင်ယောက်က အားလုံးကို သိမ်းကြုံးပြီး ဝါးမျိုနေတော့သည်။
သူ့ခန္ဓာကိုယ်ရှိ နိယာမများက လျင်မြန်စွာ သိပ်သည်းလာသည်။
တာအိုပြောင်းလဲခြင်း ရေကန်ရှိ နိယာမအပိုင်းအစများက ထိပ်သီးအကျော်အမော်များမှ ကျန်ရစ်ခဲ့ခြင်းကြောင့် အလွန်အစွမ်းထက်ကာ သန့်စင်သည်။
ထိုအထဲတွင် အမှောင်စွမ်းအင်များတော့ ပါဝင်နေ၏။
သို့သော်လည်း ကောင်းကင်အားလုံး၏ အနက်ရောင်သွေးစက်ရှိခြင်းကြောင့်၊ ကျွင်းရှောင်ယောက်၏ ကျင့်ကြံခြင်းကို လုံးဝ ထိခိုက်စေမည် မဟုတ်ပါ။
မကြာမီ၊ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်ပြီး သာလွန်ဆန်သော အငွေ့အသက်များဖြင့် ပြန်လည်ဝင်စားခြင်း နိယာမတစ်ခု မွေးဖွားလာခဲ့သည်။
ပြန်လည်ဝင်စားခြင်း အင်မော်တယ်စွမ်းအင်ကို ပြန်လည်ဝင်စားခြင်း နိယာမအဖြစ် ပေါင်းစပ်ထားလိုက်ခြင်း ဖြစ်၏။
ကျွင်းရှောင်ယောက်တွင် နောက်ထပ် နိယာမတစ်ခု တိုးလာပြီ။
"ဒီလောက်တောင် မြန်တာလား"
တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်၏ အငွေ့အသက်များကို ခံစားမိသောအခါ မိုဟူလာ၏ အမူအရာက ပြောင်းလဲသွားသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က နတ်ဆိုးဧကရာဇ်ဖြစ်ကြောင်း တွေးမိသောအခါ သူ နားလည်သွားခဲ့သည်။
နတ်ဆိုးဧကရာဇ်က ဖျက်ဆီးခြင်းဘုရင်ထက် ပိုအားကောင်းသည်မှာ မဆန်းပေ။
မကြာမီ၊ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ထဲမှာ နိယာမအသစ်တစ်ခု ထွက်ပေါ်လာသည်။
အရာအားလုံး၏မိခင်ချီ စွမ်းအင်။
ကျွင်းရှောင်ယောက်က ဆက်လက် လေ့ကျင့်နေခဲ့သည်။
နိယာမကိုးပါးဖြင့် အန္တိမနယ်ပယ်က ကျွင်းရှောင်ယောက်၏ ရည်မှန်းချက် မဟုတ်တော့ပါ။
သူလိုချင်တာက အစွန်းရောက်နယ်ပယ်ကို ကျော်ဖြတ်ရန် ဖြစ်သည်။