← Chapters

အခန်း ၁၀၈၉

Vol. 73 Ch. 1089

အခန်း ၁၀၈၉

Vol. 73 Ch. 1089

အခန်း ( ၁၀၈၉ ) အင်အားများ တဟုန်ထိုး တိုးတက်လာသည်။

ကျင့်ကြံခြင်းနှင့် ပတ်သက်လျှင် ကျွင်းရှောင်ယောက်သည် အကန့်အသတ်များကို ချိုးဖြတ်ခြင်းအား နှစ်သက်သည်။

စ‌တင် လေ့ကျင့်ကတည်းက ကျွင်းရှောင်ယောက်သည် ရှေးဟောင်းစံချိန်များကို ချိုးဖျက်ခဲ့၏။

နောက်ပိုင်းတွင် မကြုံစဖူးသော အင်မော်တယ်စွမ်းအင် ဆယ့်သုံးခုကို ပေါင်းစည်းခဲ့သည်။ ယင်းက တကယ်ကို မယုံနိုင်စရာပင်။

ယခုလည်း ကျွင်းရှောင်ယောက်က အစွန်းရောက်အဆင့်သို့ တက်လှမ်းရန်အတွက် ရည်မှန်းနေပြီ။

နိယာမကိုးပါးဖြင့် အမြင့်ဆုံးအဆင့်က သူ၏ ပန်းတိုင် မဟုတ်တော့ပါ။

အမြင့်ဆုံးကိုပင် ကျော်လွန်သွားခြင်းက သူလုပ်ရမည့် အရာ ဖြစ်သည်။

'ငါ့ရဲ့ မြင့်မားတဲ့ ပါရမီအပြင် စနစ်တောင်မှ ရှိနေတာကို ဒီအဆင့် မရောက်နိုင်ဘူးဆိုရင် ငါ ကျေနပ်နိုင်တော့မှာ မဟုတ်ဘူး'

ကျွင်းရှောင်ယောက်က သန္နိဋ္ဌာန်ချပြီး တာအိုပြောင်းလဲခြင်းရေကန်အတွင်းရှိ စွမ်းအားများကို အဆက်မပြတ် ဝါးမျိုလိုက်သည်။

တာအိုပြောင်းလဲခြင်း ရေကန်တွင် မုန်တိုင်းတိုက်ခတ်‌နေသကဲ့သို့ ဖြစ်နေသည်။

ထိုရေဝဲကြီးက အရာအားလုံးကို ဝါးမျိုနိုင်ပုံရ၏။

နိယာမများကိုပင် အလွယ်တကူ ဝါးမျိုပြီး သန့်စင်နိုင်သည်။

ထိုကဲ့သို့ ကြီးမားသော ဝါးမျိုသန့်စင်မှုအောက်တွင်...

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်အတွင်းရှိ နိယာမများသည်လည်း လျင်မြန်စွာ ဖွဲ့တည်လာတော့သည်။

ဟင်းလင်းပြင် နိယာမ။

အပြစ်သား နိယာမ။

သူ ပေါင်းစည်းထားခဲ့သော အင်မော်တယ်စွမ်းအင်များက ဤမျှတိုတောင်းသော အချိန်အတွင်းမှာပင် လျင်မြန်စွာ ဖွဲ့တည်လာကြသည်။

တာအိုပြောင်းလဲခြင်း ရေကန်တွင်းမှ စွမ်းအင်များက ကြီးမားလွန်းတာကြောင့်လည်း ပါသည်။

ရေကန်တစ်ခုလုံးက ထိပ်သီး အကျော်အမော်များ၏ နိယာမတရား စွမ်းအင်များ ပြည့်နှက်နေသည် မဟုတ်ပါလား။

သို့ရာတွင်... သာမန်လူများသာ ဤကဲ့သို့ လေ့ကျင့်ပါက အံ့မခန်း များပြားလှသော စွမ်းအင်များကို မထိန်းနိုင်ဘဲ ၎င်းတို့၏ ရုပ်ခန္ဓာများ ပေါက်ကွဲသွားလိမ့်မည်ဟု ဆိုနိုင်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကတော့ ဘာမျှမဖြစ်ပေ။

ကျွင်းရှောင်ယောက်တွင်၊ လေ့ကျင့်ရန်အတွက် မေယုကမ္ဘာသုံးထောင်လည်း ရှိနေသေးကြောင်း သိထားကြရမည် ဖြစ်သည်။

ထို့ကြောင့် ကျွင်းရှောင်ယောက်က သူ့ခန္ဓာကိုယ် ခံနိုင်ရည်အတွက် လုံးဝ စိတ်ပူနေစရာ မလိုပေ။

ယင်းအစား၊ ရေကန် ခြောက်သွေ့သွားမည်ကိုသာ ဂရုစိုက်သင့်သည်။

ကျွင်းရှောင်ယောက်၏ ရူးသွပ်စွာ ဝါးမျိုမှုနှင့်ယှဉ်လျှင်... အခြားသူများက များစွာ လိုအပ်နေသေးသည်။

စူးဟုန်ယီနှင့် ကာကူရာတို့ကိုတော့ သူ၏ လှုပ်ရှားမှုက သိပ်ပြီး မထိခိုက်ပါ။

သို့ရာတွင်၊ မည်မျှ ရရှိနိုင်မလဲ ဆိုတာက သူတို့၏ သန့်စင်မှုစွမ်းရည်အပေါ် မူတည်သည်။

သို့သော်လည်း ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့မှာတော့ အလွန်ထိခိုက်ခဲ့ပြီး လေ့ကျင့်ရန်ပင် အခက်အခဲရှိနေတော့သည်။

ကျွင်းရှောင်ယောက်က အသားစားသောကြောင့် သူတို့ကို အရိုးကိုက်ရမည်ဟု မထင်လေနှင့်။

အရိုးစလေးများကိုပင် ရရှိရန် ခက်သည်။

သို့သော်လည်း ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့မှာ ဘာမျှ စောဒကမတက်နိုင်ပေ။

ကျွင်းရှောင်ယောက်က လူဖြည့်ရန်သက်သက်သာ သူတို့ကို ရေကန်အတွင်းသို့ ဝင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်က တမင်တကာလုပ်နေခြင်းဖြစ်ကြောင်း သူတို့စိတ်ထဲတွင် ခန့်မှန်းမိသော်လည်း အပြင်သို့ ထုတ်မပြဝံ့ဘဲ ခေါင်းငုံ့နေကြရရှာသည်။

ထိုသို့သော အခြေအနေမျိုးက စိတ်ပျက်စရာကောင်းသည်ထက် ပို၍ စိတ်ပျက်စရာကောင်းလေသည်။

ကျွင်းရှောင်ယောက်ကတော့ သူတို့၏ ခံစားချက်များကို သဘာဝအတိုင်း ဂရုမစိုက်ပေ။

အမှန်အတိုင်းပြောရလျှင်၊ ကျွင်းရှောင်ယောက်က သူတို့ကို သူ၏ သေလူမှတ်စုတွင် စာရင်းတင်ထားပြီး ဖြစ်သည်။

သူတို့ကို လိုအပ်သေးသောကြောင့်သာ ယခုကဲ့သို့ အသက်ရှည်နေသေးခြင်း ဖြစ်ချေသည်။

‌တာအိုပြောင်းလဲခြင်းရေကန်တွင် အချိန် မည်မျှကြာအောင် လေ့ကျင့်ပြီးခဲ့ပြီမှန်း မသိပါ။

ကျွင်းရှောင်ယောက်၏ အရှိန်အဝါများက ပိုပိုပြီး အားကောင်းလာသည်။

နောက်ပိုင်းတွင်၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးက နိယာမစွမ်းအားတို့ဖြင့် ပြည့်နေပုံရ၏။

မိုးနှင့်မြေကြားတွင် နိယာမစွမ်းအားတို့က လင်းလက်နေတော့သည်။

"သူ့ခန္ဓာကိုယ်ထဲမှာ နိယာမ ဘယ်နှစ်ခုတောင်ရှိတာလဲ"

ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့၏ နှလုံးသားထဲတွင် တုန်လှုပ်သွားကြသည်။ ကျွင်းရှောင်ယောက်ထံမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ခံစားရ၏။

ကျွင်းရှောင်ယောက်အတွက်၊ ဤတာအိုပြောင်းလဲခြင်း ရေကန်က တကယ်ကို အထောက်အကူကောင်း တစ်ခုပင်။

"ဝုန်း"

ထိုအခိုက်တွင်၊ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းရောင်များ ဖြာထွက်လာသည်။

အမှောင်ထုထဲမှ တစ်ခုတည်းသောအလင်းရောင်ကဲ့သို့ လွန်စွာ တောက်ပ၏။

သူ၏ ကျင့်ကြံခြင်းအခြေခံကလည်း တစ်ဖန် တိုးတက်လာပြီး အဓိပဓိနယ်ပယ် ပြီးပြည့်စုံမှုသို့ ဖြတ်ကျော်သွားတော့သည်။

ကောင်းကင်အဓိပဓိနယ်ပယ်မှ ခြေတစ်လှမ်းသာဝေးသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က အဆင့်တက်လိုက်ရန် စိတ်ကူးမရှိသေးပါ။

သူ့ခန္ဓာကိုယ်ထဲမှ မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေသော စွမ်းအားများကို ခံစားလိုက်ရတော့ ကျွင်းရှောင်ယောက်၏ မျက်လုံးများ တောက်ပသွားသည်။

နိယာမ ဆယ်ခု...

သူ့ခန္ဓာကိုယ်ထဲတွင် နိယာမဆယ်ခုကို ထိန်းချုပ်ထား၏။

ခန္ဓာ နိယာမ၊ ရှေးဦးဝိညာဉ် နိယာမ၊ အရာအားလုံး၏မိခင်ချီ နိယာမ၊ ပြန်လည်ဝင်စားခြင်း နိယာမ၊ ဟင်းလင်းပြင် နိယာမ၊ အပြစ်သား နိယာမ၊ နတ်ဘုရား နိယာမ၊ ဝါးမျိုခြင်း နိယာမ၊ မဟာစွမ်းအားနိယာမ၊ သေခြင်းရှင်ခြင်း နိယာမ။

ထိုနိယာမထဲမှတချို့ကို နောက်ပိုင်းတွင် ကျွင်းရှောင်ယောက်က ရရှိခဲ့ခြင်း ဖြစ်သည်။

တချို့ကိုတော့ အင်မော်တယ်စွမ်းအင်များ ဖွဲ့စည်းခြင်းမှ ရရှိခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ခြွင်းချက်မရှိ၊ ၎င်းတို့အားလုံးက အလွန်အစွမ်းထက်သည်။

ကျွင်းရှောင်ယောက်သာ ဆန္ဒရှိနေသရွေ့ ကောင်းကင်အဓိပဓိနယ်ပယ်သို့ တက်လှမ်းနိုင်နေပြီဟု ဆိုနိုင်သည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကတော့ ထိုသို့မလုပ်ပေ။

အကြောင်းပြချက်က ရိုးရှင်းသည်။

သူက နိယာမများကို ပိုပြီး ဖွဲ့တည်နိုင်သေးသည်။

သို့သော်လည်း ယခုအချိန်တွင် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်များက ပြည့်နှက်နေပုံရသည်။

ဤမျှ အချိန်တိုလေးအတွင်း နိယာမများစွာကို ချေမှုန်းနေသည်မှာပင် အံ့မခန်း ဖြစ်နေပြီ။

"နိယာမ ဆယ်ခု၊ အခုအချိန်မှာတော့ ငါဟာ အမြင့်ဆုံးအဆင့်ကို ဖြတ်ပြီး နယ်ပယ်သစ်ကို ရောက်သွားပြီ။ ဒါကို ထာဝရကွဲလွဲမှုလို့ ပြောရမလား"

ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။

ထာဝရကွဲလွဲမှုဆိုသည်မှာ အဘယ်နည်း။

ကောင်းကင်နှင့်မြေပြင်တွင် မရှိသင့်သောအရာများကို ကွဲလွဲမှုများဟု ခေါ်သည်။

နိယာမကိုးပါးကို ပေါင်းစည်း၍ အမြင့်ဆုံးအဆင့်ဟု ဆိုနိုင်သည်။

နိယာမကိုးခုကို ဖြတ်ကျော်ခြင်းကတော့ ကွဲလွဲမှုတစ်ခု ဖြစ်၏။

ယခင်က ကောင်းကင်တာအိုပင်လျှင်၊ ကျွင်းရှောင်ယောက်ကို ထာဝရကွဲလွဲမှုဟု သတ်မှတ်ပြီး သူ့ကိုဖယ်ရှားရန် ဆန့်ကျင်ခြင်းဧကရာဇ်ခုနစ်ပါးကို စေလွှတ်ခဲ့သည်။

သို့သော်လည်း အဆုံးမှာတော့ ကျွင်းရှောင်ယောက်က ကောင်းကင်ကို ဆန့်ကျင်နိုင်ခဲ့ပေသည်။

"ငါ့ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်က အဓိပဓိနယ်ပယ်ဖြစ်ပေမဲ့... သာမန် ကောင်းကင်အဓိပဓိတွေက ငါ့အတွက် ဘာမှမဟုတ်တော့ဘူး"

သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို ခံစားမိတော့ ကျွင်းရှောင်ယောက်ဟာ ပို၍ ယုံကြည်မှုရှိလာခဲ့သည်။

သူ့ခန္ဓာကိုယ်ထဲတွင် နိယာမ နှစ်ခု၊ သုံးခုသာ ရှိစဉ်ကတည်းက ကောင်းကင်အဓိပဓိငယ်ကို သတ်ခဲ့ဖူးသည်။

ယခုကဲ့သို့ နိယာမဆယ်ခုကို ဖြည့်စွက်ပြီးသောအခါ အစွမ်းထက်သော ကောင်းကင်အဓိပဓိကိုပင် တိုက်ရိုက်သတ်နိုင်ပြီဟု ဆိုနိုင်သည်။

သာမာန် ကောင်းကင်အဓိပဓိများက သူ့အပေါ် များစွာ သက်ရောက်မှု မရှိတော့ပေ။

ထို့ပြင်၊ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်အတွင်းရှိ မေယုကမ္ဘာများက ငါးရာနှစ်ဆယ်မှ နှစ်ထောင်အထိ ရောက်သွားပြီ ဖြစ်သည်။

တခဏအတွင်း သုံးပုံနှစ်ပုံအထိ ရောက်သွား၏။

ဤမျှကြီးမားသော စွမ်းအားများကြောင့် ကျွင်းရှောင်ယောက်၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည်ပင် အက်ကွဲသွားတော့မည်ဟု ထင်ရသည်။

သိထားရမည်မှာ၊ ဤသည်က ကောင်းကင်မဲ့ အမှောင်ကမ္ဘာ ဖြစ်သည်။ မိုးနှင့်မြေ၏ နိယာမများက ပြင်ပကမ္ဘာနှင့် ကွာခြားပြီး အလွန်ခိုင်မာပေသည်။

ကျွင်းရှောင်ယောက်၏ မေယုကမ္ဘာစွမ်းအားက မည်မျှပြင်းထန်ကြောင်း မြင်နိုင်သည်။

ယင်းမှာ ကမ္ဘာနှစ်ထောင်၏ စွမ်းအားများက ကျွင်းရှောင်ယောက်ကို လွှမ်းခြုံထားသကဲ့သို့ပင်။

ကျွင်းရှောင်ယောက်၏ နယ်ပယ်က အဆင့်ငယ်တစ်ဆင့်သာ တက်လှမ်းခဲ့‌သော်လည်း...

သူ၏ တိုက်ခိုက်နိုင်စွမ်းက ကြီးကြီးမားမား တိုးတက်ခဲ့သည်ဟု ဆိုနိုင်သည်။

ထိုအခိုက်တွင် တင်ပျဉ်ခွေထိုင်နေသော ကျွင်းရှောင်ယောက်ထံမှ အဖြူရောင်ဝတ်စုံဝတ် နတ်ဘုရားဘုရင်ကဲ့သို့ အနှိုင်းမဲ့ ဖိအားများကို ထုတ်လွှတ်နေသည်။

ပတ်ဝန်းကျင်တွင် လေ့ကျင့်နေသော ဘုရင်ငါးပါးလည်း တုန်လှုပ်သွားတော့သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ သူ့နယ်ပယ်က ကောင်းကင်အဓိပဓိငယ်အဆင့်ကို မရောက်သေးတာ အသိသာကြီးပဲလေ။ ဒါပေမဲ့ သူ့ကို ဘယ်လိုမှ ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဘာဖြစ်လို့ ခံစားနေရတာလဲ"

ကြီးစိုးသော အရှိန်အဝါများ ဖြာထွက်နေသော ကျွင်းရှောင်ယောက်ကိုကြည့်ရင်း ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့၏ မျက်နှာများမှာ တုန်လှုပ်ချောက်ချားမှုတို့ ပြည့်သွားသည်။

ယခင်ကတော့ ကျွင်းရှောင်ယောက်က သန်မာသည့်တိုင်၊ အနည်းဆုံးတော့ တိုက်ခိုက်မှုအနည်းငယ် ဖလှယ်နိုင်မည်ဟု ထင်ခဲ့သည်။

ယခုတော့ ကျွင်းရှောင်ယောက်က သူတို့ကို တစ်ချက်လှုပ်ရုံဖြင့် လုံးလုံးလျားလျား ချေမှုန်းနိုင်နေပြီ ဖြစ်သည်။

"ဒီအငွေ့အသက်မျိုးက တကယ်ကို ဧကရာဇ်ဖြစ်ထိုက်ပါပေတယ်။ သူက နိယာမကိုးခုကို ပေါင်းစည်းပြီး အမြင့်ဆုံးအဆင့်ကို ရောက်နေပြီထင်တယ်"

မိုဟူလာ၏ မျက်နှာက လေးစားမှုတို့ ပြည့်နေခဲ့သည်။

"ဘာ၊ အမြင့်ဆုံးအဆင့်လား"

ထိုစကားကိုကြားပြီးနောက် ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့မှာ ပို၍ သွေးပျက်ချောက်ချားသွားကြသည်။

နိယာမ ကိုးခုနဲ့ အမြင့်ဆုံးအဆင့်။

ဤသည်မှာ တူညီသောနယ်ပယ်တွင် ပြိုင်ဘက်ကင်းသလောက်ပင်။

သို့ရာတွင် သူတို့မသိတာက... ကျွင်းရှောင်ယောက်၏ စွမ်းရည်အမှန်မှာ အမြင့်ဆုံးအဆင့်ထက် ကျော်လွန်သွားခဲ့ခြင်း ဖြစ်သည်။

All Chapters