← Chapters

အခန်း ၁၀၉၁

Vol. 73 Ch. 1091

အခန်း ၁၀၉၁

Vol. 73 Ch. 1091

အခန်း ( ၁၀၉၁ ) ပျက်စီးခြင်းနယ်စပ်မှ တိုက်ပွဲ။

ပစ်မှတ်တစ်ခု ထားလိုက်သောအခါ၊ ကျွင်းရှောင်ယောက်၏ အရှိန်က ပို၍ မြန်လာသည်။

အမွေအနှစ် လေ့ကျင့်ရေးမျှော်စင်တွင် အချိန်စီးဆင်းမှုက ပြင်ပကမ္ဘာထက် များစွာနှေးကွေးသော်လည်း...

ကျွင်းရှောင်ယောက်က အမွေအနှစ် လေ့ကျင့်ရေးမျှော်စင်တွင် အကြာကြီးနေရန် စိတ်ကူးမရှိပါ။

မကြာမီ ကျွင်းရှောင်ယောက်က ပထမထပ်ကို တက်သွားသည်။

နောက်ထပ် ရုပ်သွင်တစ်ခု ပေါ်လာသည်။

မျှော်စင်အတွင်း၌ ပေါ်လာသော ရုပ်သွင်တိုင်းက တိုင်းတပါး၏ သမိုင်းတစ်လျှောက် အထူးချွန်ဆုံးနှင့် အထက်မြက်ဆုံးသော ပါရမီရှင်များ ဖြစ်၏။

သူတို့က အင်မော်တယ်နယ်မြေကြီးမှ မျိုးစေ့အဆင့် တည်ရှိမှုများထက် အားမနည်းပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်က သူတို့အားလုံးကို လက်ဝါးတစ်ချက်ဖြင့် ရိုက်ထုတ်ခဲ့သည်။

ကစဉ့်ကလျားစွမ်းအင်များက မေယုကမ္ဘာနှစ်ထောင်၏ စွမ်းအားကို သယ်ဆောင်ကာ ထွက်ပေါ်လာ၏။

ကျွင်းရှောင်ယောက်အတွက် မည်သည့် နတ်ဘုရားစွမ်းရည်ကိုမျှ အသုံးပြုရန် မလိုပါ။ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသက်သက်ဖြင့် ပုံရိပ်အမှတ်အသားအားလုံးကို တိုက်ရိုက် ဖျက်ဆီးပစ်ခဲ့သည်။

လေထဲတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး ကျွင်းရှောင်ယောက်ရှေ့သို့ ကျရောက်သွားသည်။

အလင်းရောင် ပျောက်ကွယ်သွားပြီးနောက် လက်သီးဆုပ်အရွယ် သတ္တုအပိုင်းအစတစ်ခု ပေါ်လာ၏။ သတ္တုတစ်ခုလုံးက မှောင်မိုက်နေပြီး အနက်ရောင်အလင်းများ ပြည့်နှက်နေကာ စကြဝဠာကြီးကဲ့သို့ နက်ရှိုင်းသည်။

ကြယ်မြစ်ကဲ့သို့ အစက်အပြောက်များလည်း ရှိနေသေးသည်။

"ဒါက... အမှောင်စကြာဝဠာရွှေပဲ"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။

အမှောင်စကြာဝဠာရွှေသည် နတ်အမှတ်အသားဖြင့် ခရမ်းရောင်ရွှေ၊ နဂါးအမှတ်အသားဖြင့် အနက်ရောင်ရွှေ... စသည်တို့ဖြင့် အဆင့်တူသော နတ်ရွှေတစ်မျိုး ဖြစ်သည်။

၎င်းက ဧကရာဇ်လက်နက်များနှင့် အင်မော်တယ်လက်နက်များကိုပင် ထုလုပ်ရန် အသုံးပြုနိုင်သော ပစ္စည်းတစ်ခု ဖြစ်ချေသည်။

လက်သည်းခွံအရွယ် အပိုင်းအစတစ်ခုသည်ပင် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဟု ဆိုနိုင်သည်။

ဤအမှောင်စကြာဝဠာရွှေကတော့ လက်သီးဆုပ်အရွယ် ဖြစ်၏။

ထို့ပြင် ဤသည်က ဒုတိယအဆင့်သာ ဖြစ်‌သေးသည်။

ကျွင်းရှောင်ယောက်လည်း သက်ပြင်းကိုသာ ချလိုက်မိသည်။ ဘုရင်ခြောက်ပါးအတွက် အမွေအနှစ် လေ့ကျင့်ရေးမျှော်စင်က တကယ်ကို ရွှေလက်ချောင်းကြီးတစ်ခုကဲ့သို့ပင်။

ကျွင်းရှောင်ယောက်လည်း တာ့လော့ဓားသန္ဓေကိုထုတ်ယူပြီး အမှောင်စကြာဝဠာရွှေပေါ်သို့ တင်လိုက်သည်။

မကြာမီ၊ အမှောင်စကြာဝဠာရွှေ၏ အနှစ်သာရအားလုံးကို တာ့လော့ဓားသန္ဓေက စုပ်ယူသွား၏။

တာ့လော့ဓားသန္ဓေ၏ ဓားကိုယ်ထည် မျက်နှာပြင်က ငွေရောင်အလင်းတန်းများဖြင့် တောက်ပနေတော့သည်။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် လက်နက်မလိုပါ။

သူ့ခန္ဓာကိုယ်က အစွမ်းထက်ဆုံး ရတနာကဲ့သို့ ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက် အသုံးပြုသည့် လက်နက်နှစ်ခု ရှိသေးသည်။

အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးနှင့် တာ့လော့ဓားသန္ဓေ ဖြစ်သည်။

ဤလက်နက်နှစ်ခုလုံးက ဆက်လက်ဖွံဖြိုးလာနိုင်သော လက်နက်များဖြစ်ပြီး ဧကရာဇ်လက်နက်သည်ပင် အဆုံးသတ်မဟုတ်ပေ။

အမှောင်စကြာဝဠာရွှေကို စုပ်ယူပြီးနောက် တာ့လော့ဓားသန္ဓေ၏ အလင်းက ပို၍ တောက်ပလာသည်။

ကျွင်းရှောင်ယောက်သည် တာ့လော့ဓားသန္ဓေက စစ်မှန်သော ဧကရာဇ်လက်နက်နှင့် မဝေးတော့ကြောင့် ခံစားလိုက်ရသည်။

အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးကိုမူ၊ တာအိုနားလည်ဆင်ခြင်ရန် လက်နက်တစ်ခုအဖြစ် အသုံးပြုရန် စီစဉ်ထားသည်။

နောင်အခါတွင် တာအိုကို ရရှိသောအခါ၊ အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးတွင် မှတ်တမ်းတင်ရလိမ့်မည်။

ထိုအချိန်တွင် အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးက အလွန်မြင့်မားသောအဆင့်သို့ ချက်ချင်း ရောက်သွားနိုင်သည်။

ထို့ကြောင့် ကျွင်းရှောင်ယောက်သည် ပုံမှန်အားဖြင့် နတ်ရွှေနှင့် နတ်သတ္တုများကို ကျွေးလေ့မရှိပါ။

"ဆက်မယ်"

ကျွင်းရှောင်ယောက်က အချိန်မဖြုန်းဘဲ နောက်အလွှာသို့ ဆက်တက်သွားသည်။

ကျွင်းရှောင်ယောက်က မျှော်စင်ထဲသို့ ၀င်သွားချိန်တွင်...

ကျန်ငါးယောက်ကလည်း သဘာဝအတိုင်း လေ့ကျင့်နေပြီ ဖြစ်သည်။

သို့ရာတွင်၊ သူတို့၏အရှိန်က ကျွင်းရှောင်ယောက်၏ အမြန်နှုန်းကို မမီနိုင်ပေ။

အမွေအနှစ်လေ့ကျင့်ရေးမျှော်စင်တွင် ယာယီနေထိုင်ကာ လေ့ကျင့်ကြရသည်။

သို့သော်လည်း ဤအရာက စမ်းသပ်မှုလေးတစ်ခုသာ ဖြစ်ချေသည်။

နောက်ဆုံးတွင်၊ ကောင်းကင်မဲ့ အမှောင်နယ်မြေသို့ သူတို့ ရောက်လာကြခြင်းက အမွေဆက်ခံရန် အခွင့်အရေးများကို ရှာဖွေခြင်းအပြင်...

အန္တိမကပ်ဘေးကြီးနှင့် တွေ့ဆုံရန် ဖြစ်သည်။

ဤသည်က မိုဟူလာ၏ ရည်မှန်းချက်လည်း ဖြစ်ချေသည်။

ကောင်းကင်မဲ့အမှောင်နယ်မြေတွင် ခေတ္တတိတ်ဆိတ်သွားချိန်...

ဝေးလံခေါင်သီသော နယ်စပ်တွင်...

ကြောက်စရာကောင်းသော စစ်ပွဲကြီးတစ်ခု စတင်လာသည်။

ကြယ်များ ပေါက်ကွဲသွား၏။

မိုင်ထောင်ပေါင်းများစွာ ရှည်လျားသော ဟင်းလင်းပြင် အက်ကြောင်းကြီးများကိုလည်း ကောင်းကင်တစ်ခွင် နေရာအနှံ့တွင် မြင်တွေ့နိုင်သည်။

အသန်မာဆုံးသော ကျွမ်းကျင်သူများကြားမှ တိုက်ပွဲတွင်ဆိုလျှင်၊ ကြယ်များက ဖုန်မှုန့်များကဲ့သို့ ကွဲအက်သွားကြရလေသည်။

ကြီးမားသော ရှေးဟောင်းကြယ်အချို့ပင် ပျက်စီးခဲ့ရသည်။

ဤသည်မှာ ထိပ်သီး အကျော်အမော်များ အများဆုံး ပါဝင်သည့် တိုက်ပွဲကြီးတစ်ခုပင်။ အပြင်းထန်ဆုံးသော တိုက်ပွဲဟုလည်း ဆိုနိုင်သည်။

ဤတိုက်ပွဲနှင့် နှိုင်းယှဉ်ပါက ယခင်တိုက်ပွဲများမှာ သေးငယ်သော တိုက်ပွဲများထက် မပိုပါ။

ဟုတ်သည်၊ လူတိုင်းက ထိုအကြောင်းပြချက်ကို သိပေသည်။

အင်မော်တယ်နယ်မြေကြီး၏ ကျွင်းမိသားစုက ဦးဆောင်သောကြောင့် ဖြစ်သည်။

အင်မော်တယ်နယ်မြေကြီးတွင် ရှေးခေတ်မှ ယနေ့တိုင်အောင် အမွေဆက်ခံခဲ့သော ရှေးဟောင်းမိသားစုတစ်ခုအနေဖြင့်...

ကျွင်းမိသားစု လှုပ်ရှားသောအခါ သက်ရောက်မှုက ကြီးမားလွန်းပေသည်။

ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြော ပြန်လာခြင်းကလည်း မူလ အားကောင်းပြီးသား ကျွင်းမိသားစုကြီးကို ပို၍ အားကောင်းစေသည်။

ကောင်းကင်ယံတွင် တိုက်ခိုက်နေကြသည့် လူများစွာလည်း ရှိနေကြသေးသည်။

တချို့ရုပ်သွင်များက မစိမ်းပါ။

ကျွင်းမိသားစု၏ ဆဌမဘိုးဘေး ကျွင်းထိုက်ရွှမ် ဖြစ်သည်။

သတ္တမဘိုးဘေး ကျွင်းထိုက်အလည်း ရှိ၏။

ကမ္ဘာ့ရေးရာများကို မူလက လျစ်လျူရှုခဲ့သော ကျွင်းမိသားစု၏ ဧကရာဇ်တစ်ပိုင်း ဘိုးဘေးများ အားလုံး ဤတိုက်ပွဲတွင် ပါဝင်နေကြပြီ ဖြစ်သည်။

ထိုမှသာ အင်မော်တယ်နယ်မြေကြီးရှိ အင်အားစုများအားလုံး ကျွင်းမိသားစု၏ အမွေအနှစ်များ မည်မျှနက်ရှိုင်းသည်ကို တွေ့ခဲ့ရပေသည်။

ဧကရာဇ်ပြည်နယ်ရှိ ကျွင်းမိသားစု၏ ဘိုးဘွားခန်းမတွင် မြှုပ်နှံထားသော ဘိုးဘွားများမှာ အဓိပဓိနယ်ပယ်ခုနစ်ခုအဆင့်များသာ ဖြစ်ကြသည်။

သူတို့တွင် ဧကရာဇ်တစ်ပိုင်းအဆင့် ဘိုးဘေးကြီးများ ရှိနေကြသေးသည်။

ရှေးဘိုးဘေးများထက်ပင် ဝေးကွာသော ဘိုးဘေးများလည်း ရှိသည်။

သို့ရာတွင်၊ ဝေးကွာသော ထိုဘိုးဘေးများသည်ပင် ကျွင်းမိသားစုတွင် အဆင့်အမြင့်ဆုံးနှင့် အသက်အကြီးဆုံး တည်ရှိမှုများ မဟုတ်သေးပါ။

နက်ရှိုင်းသော အခြေခံအုတ်မြစ်ဆိုသည်မှာ အဘယ်နည်း။

ဤသည်ကို ခေါ်သည်။

နှိုင်းယှဉ်ကြည့်လျှင်၊ အင်မော်တယ်နယ်မြေကြီးရှိ အခြားရှေးဟောင်းမိသားစုအချို့သည် မကြာသေးမီကာလများတွင်သာ ပေါ်ပေါက်လာကြခြင်း ဖြစ်သည်။

ဝေးကွာလှသော ဘိုးဘေး တစ်ဦး၊နှစ်ဦး ရှိထားလျှင်ပင် အုတ်မြစ်ကောင်းဟု ဆိုနိုင်ပေသည်။

ထို့ကြောင့်ပင် ကျွင်းမိသားစုက ရှေးဟောင်းမိသားစုကြီး သုံးခု၏ အကြီးအကဲ ဖြစ်လာခဲ့ရခြင်း အကြောင်းရင်း ဖြစ်သည်။

ဟုတ်ပေသည်၊ ဤတိုက်ပွဲတွင် မူလကျွင်းမိသားစုအပြင် လျှို့ဝှက်သွေးကြောမှ အကျော်အမော်တစ်ဦးလည်း ပေါ်လာသည်။

ဥပမာအားဖြင့်၊ ဆံပင်ဖြူဆွတ်နေသော်လည်း ကလေးတစ်ဦးကဲ့သို့ ချောမွတ်သော အသားအရေဖြင့် အဘွားအိုတစ်ဦး ရှိ၏။

သူမက ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော် ကျွင်းစွေ့ဟွာပင်တည်း။

ယခင်၊ ကျွင်းပေါင်လီက ကျွင်းရှောင်ယောက်ကိုသတ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာသောအခါ...

သတ္တမမြောက်ဘိုးဘေး ကျွင်းထိုက်အသည် ဖြေရှင်းရန်အတွက် ထွက်ခဲ့သည်။

ထိုအချိန်တွင်၊ ကျွင်းစွေ့ဟွာက ဝင်ရောက် တားဆီးခဲ့ပေသည်။

ယခုတော့ သူတို့သည် တစ်ဖက်တည်းတွင် ရပ်တည်ကြပြီး အတူတကွ တိုက်ခိုက်နေကြပြီ ဖြစ်သည်။

"အင်မော်တယ်နယ်မြေကြီးက ကျွင်းမိသားစု၊ ငါတို့ကမ္ဘာကို စစ်ကြေညာရအောင် မင်းတို့ ကျွင်းမိသားစုကို ဘယ်သူက သတ္တိတွေပေးနေတာလဲ"

အခြားတစ်ဖက်ရှိ ကြယ်ကောင်းကင်တွင် လူရိပ်များ ပေါ်ထွက်လာသည်။

တစ်ဦးစီက အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေပြီး ကောင်းကင်ကို လွှမ်းမိုးထား၏။

"ဟမ့်၊ ငါ့ကျွင်းမိသားစု မလှုပ်ရှားဝံ့တဲ့သူ ဘယ်သူရှိလို့လဲ"

အဋ္ဌမဘိုးဘေး ကျွင်းထိုက်ရွှမ်က ရိုးရှင်းသော သစ်သားဓားတစ်လက်ကို ကိုင်ထားသည်။ သူက အေးစက်စက်ဖြင့် ပြောလိုက်၏။

ဓားအလင်းတစ်ခုက ကောင်းကင်ကို ဖြတ်သန်းသွားကာ မိုင်သုံးသောင်းမှ အဆုံးမဲ့ကြယ်များကို ဖြတ်တောက်ပစ်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော စစ်ပွဲကြီးတစ်ခုက ဖြစ်ပွားနေပြီ။

နောက်ဆုံးတွင်၊ တိုင်းတစ်ပါးမှ ပိုကြောက်စရာကောင်းသော တည်ရှိမှုအချို့ ထွက်ပေါ်လာကြသည်။

"အင်မော်တယ်ဘုရင်... အန္တိမဧကရာဇ်မျိုးနွယ်ရဲ့ အင်မော်တယ်ဘုရင်တွေ..."

ထိုရုပ်သွင်များ၏ အရှိန်အဝါများကို ခံစားမိသောအခါ၊ အင်မော်တယ်နယ်မြေကြီး၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူအချို့ မျက်မှောင်ကြုတ်သွားကြသည်။

အန္တိမဧကရာဇ်မျိုးနွယ်မှာ တိုင်းတစ်ပါးတွင် ရှေးအကျဆုံးနှင့် လျှို့ဝှက်ဆန်းကြယ်ဆုံး တည်ရှိမှု ဖြစ်သည်။

ယခုမူကား၊ အန္တိမဧကရာဇ်မျိုးနွယ်စု၏ အင်မော်တယ်ဘုရင်များ ပေါ်လာပြီ။

အရေအတွက်က မများသော်လည်း တစ်ဦးချင်းစီ၏ အရှိန်အဝါများက ကောင်းကင်ကို ဖြိုနိုင်လောက်အောင် ကြောက်စရာကောင်းလှသည်။

သူတို့က လက်ကိုမြှောက်ပြီး ရိုက်ချလိုက်၏။

"မကောင်းတော့ဘူး"

နယ်စပ်ကို စောင့်ကြပ်နေသော ဧကရာဇ်တစ်ပိုင်း အကျော်အမော်များ မျက်နှာပျက်သွားကြသည်။

သူတို့က ဧကရာဇ်တစ်ပိုင်း စွမ်းအားများကို အပြည့်အဝထုတ်ဖော်ရင်း ခိုင်မာသော နိယာမအတားအဆီးများကို ထုတ်ဖော်လိုက်၏။

သို့သော်...

ဧကရာဇ်တစ်ပိုင်းက မည်မျှပင် တန်ခိုးကြီးသည်ဖြစ်စေ၊ သူနှင့် စစ်မှန်သော ဧကရာဇ်ကြားမှာတော့ ကြီးမားသော ကွာဟချက်တစ်ခု ရှိနေသေးသည်။

ထို့ပြင်၊ အဆင့်တူတွင် တိုင်းတပါး၏ ကျင့်ကြံသူများက အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများထက် ပို၍ အားကောင်းသည်။

"ဖူး"

နယ်စပ်ကို စောင့်ကြပ်နေသော ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများစွာမှာ သွေးများ အန်ထွက်လာကြသည်။ သူတို့က အင်မော်တယ်ဘုရင်၏ လက်ဝါးကိုပင် မတားဆီးနိုင်ပေ။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အင်မော်တယ်နယ်မြေကြီးမှ လူများစွာ၏ နှလုံးသားများ အေးခဲသွားကြသည်။

သူတို့၏ တိုက်ခိုက်ချင်စိတ်များ ယိုင်နဲ့လာ၏။

အန္တိမဧကရာဇ်မျိုးနွယ်စု၏ အင်မော်တယ်ဘုရင်များကို မည်သူက တားဆီးနိုင်မည်နည်း။

"မင်းတို့ ဘာလုပ်နေတာလဲ။ အစွမ်းကုန် တားဆီးထားကြစမ်း၊ နယ်စပ်ကျိုးပေါက်သွားရင် လူတွေအများကြီး သေရလိမ့်မယ်"

အဘိုးအိုတစ်ယောက်က အော်ဟစ်လိုက်ကြသည်။

သူ့မျက်နှာတွင် အမာရွတ်လေးခုရှိ၏။ သူ့တစ်ကိုယ်လုံးမှာလည်း ပျက်စီးခြင်းတာအိုသခင်အဆင့် အရှိန်အဝါများ ဖြာထွက်နေသေးသည်။

ရှေးဦးအင်ပါယာမြို့တော်တွင် ကျွင်းရှောင်ယောက်ကို ကောင်းစွာ စောင့်ရှောက်ခဲ့သော အမာရွတ်လေးခုသခင်ကြီး ဖြစ်သည်။

"ငါ့ကျေးဇူးရှင် စောင့်ရှောက်ခဲ့တဲ့ နယ်စပ်ကို ငါတို့ရဲ့လက်ထဲမှာ ဘယ်လိုလုပ်ပြီး ပျက်စီးခံလိုက်ရမှာလဲ"

အမာရွတ်လေးခုသခင်ကြီး၏ အမူအရာက တင်းမာခက်ထန်နေသည်။

သူ့ကျေးဇူးရှင်မူကကား ကျွင်းဝူဟွေ့မှတပါး အခြားမရှိပေ။

သို့သော်လည်း ကျွင်းဝူဟွေ့က ပြန်မပေါ်လာတော့ပါ။

သို့ပေသော်ငြား၊ အမာရွတ်လေးခုသခင်ကြီးနှင့် အခြားသူများကတော့ အဖြူရောင်ဝတ်စုံဝတ် နတ်ဘုရားဘုရင်သည် ချီရှောင်းဘုရင်၏လက်ထဲတွင် ကျိန်းသေပေါက် ကျဆုံးမည်မဟုတ်ဟု ယုံကြည်ခဲ့ကြသည်။

ထို့ကြောင့် အမာရွတ်လေးခု သခင်ကြီးက နယ်စပ်ကို သေသည်အထိ ကာကွယ်ပေးပြီး ကျွင်းဝူဟွေ့ ပြန်လာမည့်အချိန်ကို စောင့်လိုသည်။

နယ်စပ်အခြေအနေက အခက်အခဲများ ဖြစ်လာချိန်...

အင်မော်တယ်နယ်မြေကြီး၏ ဘက်ခြမ်း၊ နက်ရှိုင်းသော ကောင်းကင်ယံတွင်...

ဧကရာဇ်တစ်ပါး၏ အရှိန်အဝါများက လေထဲတွင် ရုတ်တရက် ဖြာထွက်လာတော့သည်။

All Chapters