← Chapters

အခန်း ၁၀၉၂

Vol. 73 Ch. 1092

အခန်း ၁၀၉၂

Vol. 73 Ch. 1092

အခန်း ( ၁၀၉၂ ) ကျွင်းမိသားစု၏ ဧကရာဇ်သုံးပါး။

ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ ကောင်းကင်ယံ နက်နဲရာအရပ်တွင် ကြယ်ခုနစ်လုံးက အလွန်တောက်ပစွာ လင်းလက်နေသည်။

အဆုံးမဲ့ အလင်းများအောက်တွင် မရေမတွက်နိုင်သော အက္ခရာများဖြင့် ရေးထိုးထားသော လူရိပ်တစ်ခု ပေါ်လာ၏။

"ဝုန်း"

ဧကရာဇ် အငွေ့အသက်များ ရစ်သိုင်းနေသော မြှားတစ်စင်းက ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ထွက်ပေါ်လာတော့သည်။ မြှားဖြတ်သန်းသွားရာ လမ်းတစ်လျှောက်က ဘာမျှမတည်ရှိတော့သည့် အမှောင်တွင်းနက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားရသည်။

"ဝုန်း"

မြှားက အင်မော်တယ်ဘုရင်၏ နိယာမ လက်ဝါးကြီးနှင့် တွေ့ဆုံသောအခါ အားကောင်းသော စွမ်းအင်လှိုင်းကြီးများ ပေါက်ကွဲထွက်လာရတော့သည်။

"ဧကရာဇ်ပိုင်သို့ပဲ"

ထိုလူရိပ်ကို မြင်လိုက်ရပြီးနောက် အင်မော်တယ်နယ်မြေကြီးမှ သက်ရှိများ လွန်စွာ စိတ်လှုပ်ရှားသွားကြသည်။

ဧကရာဇ်ပိုင်သို့သည် တချိန်က ကစဉ့်ကလျားခန္ဓာကို ကျွင်းရှောင်ယောက်ဖြစ်မှန်း မသိရှိသဖြင့် သတ်ဖြတ်ရန် လှုပ်ရှားခဲ့ဖူးလေသည်။

ရှန်းအောင်ဘုရင်၏ ဝင်ရောက်စွက်ဖက်ခြင်းကြောင့်သာ မအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

သူ၏ ကြိုးစားအားထုတ်မှုနှင့် ကောင်းမှုပြုခဲ့ခြင်းတို့ကြောင့် ဧကရာဇ်ပိုင်သို့ကို မည်သူမျှ မထီမဲ့မြင်မပြုခဲ့ပေ။ သူသည် အင်မော်တယ်နယ်မြေကြီး၏ သူရဲကောင်းတစ်ဦးလည်း ဖြစ်သည်။

"ဟမ့်၊ အဘိုးကြီး... မင်း အေးအေးဆေးဆေး နေမယ်ဆိုရင် နည်းနည်း အသက်ပိုရှည်နိုင်လိမ့်မယ်"

အန္တိမဧကရာဇ်မျိုးနွယ်၏ အင်မော်တယ်ဘုရင်က အေးစက်စက် ပြောလိုက်သည်။

"ငါက အသက်ကြီးနေပြီဆိုပေမဲ့ ငါ့ရဲ့ ရည်မှန်းချက်ကလည်း မသေးငယ်လှဘူး။ ငါနဲ့အတူ တစ်ယောက်လောက် ဆွဲခေါ်သွားနိုင်ရင်တောင် အရှုံးမရှိပါဘူး"

ဧကရာဇ်ပိုင်သို့က ပြောလိုက်၏။ သူ့မျက်နှာက ဇရာ၏ အရေးအကြောင်းများ ပေါ်နေပြီဖြစ်သော်လည်း ရွှင်လန်းစွာ ပြုံးနေဆဲပင်။

ကမ္ဘာကို လွှမ်းမိုးထားသော အရှိန်အဝါမျိုး ရှိနေဆဲ ဖြစ်သည်။

‌

နောက်ဆုံးတွင်၊ တာအိုကို သက်သေပြပြီး ဧကရာဇ်ဖြစ်လာနိုင်သူများတွင် မည်သူက ရိုးရှင်းသူများ ဖြစ်သနည်း။

"လေတစ်လုံး မိုးတစ်လုံးနဲ့"

တိုင်းတပါးမှ အင်မော်တယ်ဘုရင်များက ဧကရာဇ်ပိုင်သို့ကို ထပ်မံတိုက်ခိုက်လိုက်သည်။

အစွမ်းထက်သော်လည်း အသက်ကြီးပြီး ဒဏ်ရာဟောင်းလည်းရှိနေသော ဧကရာဇ်ပိုင်သို့က တိုင်းတပါး၏ အင်မော်တယ်ဘုရင်တစ်ပါးကို တားဆီးရန်ပင် ခက်ခဲသည်။

သူတို့အားလုံးကို တားဆီးရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

"ဘယ်လိုလုပ်ရမလဲ၊ ငါတို့ အင်မော်တယ်နယ်မြေကြီးမှာ ဧကရာဇ်မင်းတစ်ပါးပဲ ရှိတာလား"

အင်မော်တယ်နယ်မြေကြီးမှ လူတချို့မှ ဤမြင်ကွင်းကိုမြင်တော့ မျက်နှာပျက်သွားခဲ့ကြသည်။

မူလကတည်းက တိုင်းတစ်ပါးသတ္တဝါများသည် တူညီသောအဆင့်တွင် အင်မော်တယ်နယ်မြေကြီးကို လွှမ်းမိုးနိုင်စွမ်းရှိသည်။ အရေအတွက်ကလည်း ကွာခြားလွန်းပါက သူတို့တွင် အခွင့်အလမ်းရှိပါဦးမည်လော။

အခြေအနေက ရှုပ်ထွေးနေချိန်...

ကြယ်ကောင်းကင်တွင် ကြီးမားသော အက်ကြောင်းကြီးတစ်ခု ရုတ်တရက် ပေါ်လာပြန်သည်။ အတွင်းမှ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုလည်း ထွက်ပေါ်လာ၏။

ဧကရာဇ် အရှိန်အဝါများဖြင့် ကြီးကျယ်ခမ်းနားသော ရုပ်သွင်တစ်ခုက အက်ကြောင်းထဲမှ ထွက်လာတော့သည်။

ထိုလူရိပ်က ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကောင်းကင်ကြီး လှုပ်ခါသွားရသည်။

ထိုလူရိပ်ပေါ်လာသည်နှင့် တပြိုင်နက်၊ စစ်မြေပြင်ရှိ လူများနှင့် ကျွင်းမိသားစုရှိလူတိုင်း စိတ်လှုပ်ရှားမှုတို့ ပေါ်လာတော့သည်။

"ငါတို့ ကျွင်းမိသားစုရဲ့ ဧကရာဇ်ကြီး ရောက်လာပြီ"

ကျွင်းမိသားစုမှ ကျင့်ကြံသူများက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

ထိုမှုန်ဝါးဝါးရုပ်သွင်မှာ အမျိုးသားတစ်ဦး ဖြစ်၏။

သူက ငွေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ငွေရောင်ဆံပင်များ ရှိလေသည်။

မဟာတာအိုနိယာမ အလင်းများကလည်း သူ့ပတ်ဝန်းကျင်တွင် သူ့ပတ်ဝန်းကျင်တွင် လှည့်ပတ်ကာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်နေသည်။

အထူးသဖြင့် သူ၏ အသက်ဓာတ်နှင့် စွမ်းအားက အလွန်ပြင်းထန်ပြီး အားမာန်အပြည့်ရှိ၏။ သူက ဒဏ်ရာရပြီး အိုမင်းနေသော ပိုသို့ဧကရာဇ်နှင့် လုံးဝ မတူပေ။

"ဒါ... ကျွင်းမိသားစုရဲ့ ဧကရာဇ်လား"

အကြည့်များစွာက ငွေရောင် ချပ်ဝတ်တန်ဆာနှင့် ငွေရောင်ဆံပင်ပိုင်ရှင် အမျိုးသားကို လှမ်းကြည့်လိုက်ကြသည်။

တိုင်းတစ်ပါးသားများသာမက အင်မော်တယ်နယ်မြေကြီးမှ အင်အားစုများစွာကလည်း အင်မော်တယ်နယ်မြေကြီးကို အာရုံစိုက်နေကြ၏။

ကျွင်းမိသားစု၏ အခြေခံက မည်မျှ နက်နဲသည်ကို လူအများ နားလည်ချင်ကြသည်။

"ဒါက ကျွင်းမိသားစုရဲ့ မူလမျိုးရိုးမဟုတ်ဘူး။ မဟုတ်မှလွဲ၊ သူက ကျွင်းမိသားစု လျှို့ဝှက်သွေးကြောရဲ့ ဝေးကွာတဲ့ ဘိုးဘေးကြီးတစ်ယောက်လား"

ပုဂ္ဂိုလ်ကြီးတစ်ဦးက တအံ့တဩ ပြောလိုက်သည်။

ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောသည် မူလမျိုးရိုးနှင့် မပေါင်းစည်းမီက အလွန်နှိမ့်ချနေသည်။

ဧကရာဇ်ကြီးကို မဆိုထားဘိ၊ ဧကရာဇ်တစ်ပိုင်းပင်လျှင် ကမ္ဘာပေါ်တွင် ပေါ်ထွန်းခဲလေသည်။

ထို့ကြောင့် လျှို့ဝှက်သွေးကြောသည် မူလမျိုးရိုးထက် အတိုင်းအတာတစ်ခုအထိ ပို၍ လျှို့ဝှက်ဆန်းကျယ်လေသည်။

"ငါ့ရဲ့ လျှို့ဝှက်သွေးကြောက မူလမျိုးရိုးနဲ့ ပေါင်းစည်းသွားခဲ့ပြီမို့၊ ကောင်းကျိုးဆောင်ကျဉ်းဖို့ အချိန်တန်ပြီ"

ငွေရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားက လက်သီးကို အနည်းငယ် ဆုပ်လိုက်ရာ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

သူက လက်ကိုမြှောက်ပြီး လေထဲသို့ ဆုပ်ကိုင်လိုက်သည်။

အဆုံးမဲ့ နတ်အလင်းများ ဖြာထွက်နေသော ပုဆိန်တစ်လက် ပေါ်လာ၏။ ၎င်း၏ ထက်မြက်ပြီး လေးလံသော အလင်းများက ကမ္ဘာကြီးကိုပင် ခွဲထုတ်နိုင်ပုံရသည်။

ကျွင်းမိသားစု၏ အင်မော်တယ်တစ်ပိုင်း လက်နက်၊ ကပ်ဘေးအင်မော်တယ်ပုဆိန်။

ဤသည်မှာ ကျွင်းမိသားစု မူလမျိုးရိုး၏ အင်မော်တယ်တစ်ပိုင်းလက်နက် ဖြစ်သည်။

ယခုမူ၊ မူလမျိုးရိုးနှင့် လျှို့ဝှက်သွေးကြောက ပေါင်းစည်းခဲ့သောကြောင့် ရတနာများကိုလည်း သဘာဝအတိုင်း မျှဝေခဲ့ပေသည်။

"မှတ်ထားပါ၊ ငါ့နာမည်က ကျွင်းရှန်းယွီ"

ဧကရာဇ်ကြီး ကျွင်းရှန့်ယွီက ပုဆိန်ဖြင့် ခုတ်ပိုင်းလိုက်သည်။ ပုဆိန်အလင်းက ရှေ့သို့ ပြေးထွက်သွားပြီး ကောင်းကင်ကို ခွဲခြမ်းသွား၏။ မိုးနှင့်မြေ၏ နိယာမများပင် ပျက်သုဉ်းသွားရတော့သည်။

ထိုအချိန်တွင်...

တုနှိုင်းမယှဉ်သာသော အရှိန်အဝါများဖြင့် ပုံရိပ်နှစ်ခု ထပ်မံ ပေါ်လာသည်။

ကျွင်းမိသားစုမှ လူများ၏ သွေးများက ဆူပွက်လာသလို ခံစားလိုက်ရ၏။

ကျွင်းမိသားစုမှ နောက်ထပ် ဧကရာဇ်နှစ်ပါး...

ကျွင်းမိသားစု၏ ဧကရာဇ်ကြီးသုံးပါး တပြိုင်နက်တည်း ပေါ်လာခြင်းက အင်မော်တယ်နယ်မြေကြီးရှိ လူတိုင်းကို တုန်လှုပ်သွားစေသည်။

လူများစွာတို့ အံ့အားသင့်ပြီး မယုံကြည်နိုင်ဖြစ်ရ၏။

ဧကရာဇ်ကြီးများ ရှားပါးလာသော ဤခေတ်တွင် ဧကရာဇ်ကြီးသုံးပါး တစ်ပြိုင်နက်တည်း ပေါ်လာသည်။ ထို့ပြင် သူတို့အားလုံးသည် တူညီသော အင်အားစုတစ်ခုမှ ဆင်းသက်လာကြခြင်း ဖြစ်၏။

ယင်းက မည်သို့သောအဓိပ္ပာယ် ဖြစ်သနည်း။

ဆိုရလျှင်၊ ကျွင်းမိသားစုက အခြားသော အင်မော်တယ် အင်အားစုများ၊ ရှေးဟောင်းမင်းမျိုးနွယ် မိသားစုများနှင့် မတူညီသောအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

ဧကရာဇ်တစ်ပါး ရှိနေသရွေ့ အင်မော်တယ်အင်အားစုဟု ဆိုနိုင်သည်။

ယခုမူ၊ ကျွင်းမိသားစုမှ ဧကရာဇ် သုံးပါးတိတိ ပေါ်လာပြီ။

အရေးကြီးဆုံးအချက်မှာ ရှေးပဋိညာဉ်က ကျွင်းမိသားစုကို ကန့်သတ်ထားခြင်း ဖြစ်သည်။

တစ်နည်းဆိုရသော်၊ ကျွင်းမိသားစု၏ အမှန်တကယ် အသန်မာဆုံးလူများက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် မရှိပါ။

သို့သော်လည်း ယခုအခါ ဧကရာဇ်ကြီးသုံးပါး ပေါ်လာပြီ ဖြစ်သည်။

ဤသည်မှာ အားလုံးကို တုန်လှုပ်ချောက်ချားစေခဲ့သည်။

အင်မော်တယ်နယ်မြေကြီးဖြစ်ဖြစ်၊ တိုင်းတပါးသားများကိုဖြစ်စေ... ကြီးစွာ တုန်လှုပ်စေပေသည်။

အန္တိမဧကရာဇ်မျိုးနွယ်များမှ အင်မော်တယ်ဘုရင်များပင် မျက်မှောင်ကြုတ်လိုက်မိကြသည်။

"ကျွင်းမိသားစုသာမရှိရင် ငါတို့ကမ္ဘာက အင်မော်တယ်နယ်မြေကြီးကို သိမ်းပိုက်နိုင်ခြေ ငါးဆယ်ရာခိုင်နှုန်း ပိုများလာလိမ့်မယ်"

အင်မော်တယ်ဘုရင်တစ်ပါးက တီးတိုး ပြောလိုက်သည်။

သူတို့အမြင်တွင်...

ကျွင်းမိသားစု၏ အင်အားက အင်မော်တယ်နယ်မြေကြီးတစ်ဝက်ကို ထိန်းချုပ်ရန် လုံလောက်သည်။

"ကိစ္စမရှိပါဘူး၊ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးစလုံး နိုးထလာပြီး ကောင်းကင်မဲ့အမှောင်နယ်မြေတံခါးကို ဖွင့်လိုက်ပြီ"

"အန္တိမကပ်ဘေးကြီးက အိပ်စက်နေတဲ့ သဘာဝကပ်ဘေးအဆင့် ဘိုးဘေးတွေကို နှိုးလိုက်ပြီဆိုရင် ကျွင်းမိသားစု ဘာဖြစ်သွားမလဲ"

ယုံကြည်မှုအပြည့်ရှိနေသော အင်မော်တယ်ဘုရင်များလည်း ရှိနေသေးသည်။

ဤအခိုက်တွင်၊ ဧကရာဇ်ကြီး ကျွင်းရှန်းယွီအပါအဝင် ဧကရာဇ်သုံးပါးက ထာဝရ နေသုံးစင်းကဲ့သို့ ကောင်းကင်ယံတွင် ရပ်နေသည်။

သူတို့သုံးယောက်၏ တန်ခိုးကြီးသော အရှိန်အဝါများက ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့ပေသည်။

"ငါ့ ကျွင်းမိသားစုက ရန်သူအားလုံးကို နှိမ်နှင်းမယ်"

ဧကရာဇ်ကြီးတစ်ပါးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ကျွင်းမိသားစု၏ ဧကရာဇ်ကြီးသုံးပါးက စတင် လှုပ်ရှားလာတော့သည်။

"ကျွင်းမိသားစုက မျှော်လင့်ထားတဲ့အတိုင်းပါပဲ"

ဧကရာဇ်ပိုင်သို့လည်း ခါးသက်သက်ဖြင့် ပြုံးကာ ခေါင်းယမ်းလိုက်သည်။

ဧကရာဇ်များမှာလည်း သန်မာသူနှင့် အားနည်းသူဟူ၍ ရှိပေသည်။

သူက အိုမင်းပြီး ဒဏ်ရာလည်း ရရှိထားဖူးသည်။

သို့သော်လည်း သူ၏ အထွတ်အထိပ် အခြေအနေမှာပင်၊ ကျွင်းမိသားစု၏ ဧကရာဇ်ကြီးများကို ယှဉ်နိုင်ဦးမည် မဟုတ်ပါ။

အထူးသဖြင့် ဧကရာဇ်ရှန်းယွီက သာမန်ဧကရာဇ်များထက် သာလွန်သည်။

ဧကရာဇ်များကြားတွင်ပင် သူ့ကို အားကောင်းသူဟု ဆိုနိုင်ပေသည်။

ဥပမာအားဖြင့်၊ ပိအန်းမျိုးနွယ်မှ အနီရောင်လီလီပန်းလေးများ၏မိခင်က အင်မော်တယ်ဘုရင် ဖြစ်သည်။

သို့ရာတွင်... သူမ၏ တကယ့်ခွန်အားက အင်မော်တယ်ဘုရင်အများစုထက် ပိုအားကောင်းပေသည်။

ကျွင်းမိသားစု၏ ဧကရာဇ်သုံးပါး တိုက်ပွဲတွင် ပါဝင်လာခြင်းက၊ အင်မော်တယ်နယ်မြေကြီးကို ပို၍ အားတက်လာစေခဲ့သည်။

သို့သော်လည်း အင်မော်တယ်နယ်မြေကြီး၏ ထိပ်တန်း ကျွမ်းကျင်သူ အရေအတွက်က တိုင်းတပါးထက် နည်းပါးနေသေးသည်။

ထိုအခိုက်တွင်၊ အားကောင်းသော ဧကရာဇ်အရှိန်အဝါတစ်ခု ဖြာထွက်လာသည်။

သူ့ထံမှ နတ်အလင်းများ ဖြာထွက်နေပြီး ရှေးဟောင်း ကျောက်စာတိုင်တစ်ခုကိုလည်း ကိုင်ထား၏။

၎င်းက ဖူရှီအင်မော်တယ်မျိုးရိုး၏ အင်မော်တယ်တစ်ပိုင်းလက်နက်၊ ဖူရှီနဂါးကျောက်စာတိုင် ဖြစ်သည်။

"အဓိပဓိအင်မော်တယ်ခုံရုံးရဲ့ ဧကရာဇ်ကြီး"

နောက်လူတစ်ယောက်က တအံ့တဩဖြင့် အော်ဟစ်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်တော့ ကျွင်းမိသားစု၏ ကျင့်ကြံသူများက နှာခေါင်းရှုံ့လိုက်ကြသည်။

"ငါ့ကျွင်းမိသားစုရဲ့ ဧကရာဇ်ကြီး ပေါ်လာတာကို စောင့်ဆိုင်းနေတာလား။ တကယ်လို့ ငါ့ကျွင်းမိသားစုရဲ့ ဧကရာဇ်သာ မပေါ်လာဘူးဆိုရင် အင်မော်တယ်ခုံရုံးရဲ့ ဧကရာဇ်က ဘယ်တော့မှ မပေါ်လာမှာကို ကြောက်ရတယ်"

ကျွင်းမိသားစုမှ အကြီးအကဲများက လှောင်ပြောင်လိုက်ကြ၏။

သူတို့ပြောတာလည်း မမှားပေ။ ကျွင်းမိသားစုမှ ဧကရာဇ်ကြီးများမရှိဘဲ အလောတကြီး ထွက်လာပါက တိုင်းတပါးမှ အင်မော်တယ်ဘုရင်များ၏ ပူးပေါင်းကာ သတ်ဖြတ်ခံရနိုင်ချေများသည်။

သူ ကျဆုံးပါက ဆုံးရှုံးမှုမှာ ကြီးမားပေလိမ့်မည်။

ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခြင်းကိုပင် သူတို့ လက်မခံနိုင်ပေ။

ထို့ကြောင့် ကျွင်းမိသားစုမှ ဧကရာဇ်ကြီးများ ပေါ်ထွက်မလာပါက၊ အဓိပဓိအင်မော်တယ်ခုံရုံးမှ ဧကရာဇ်တစ်ပါးမျှပင် ထွက်လာလိမ့်မည် မဟုတ်ပေ။

ကျွင်းမိသားစုက လှုပ်ရှားလျှင်တော့ အဓိပဓိအင်မော်တယ်ခုံရုံးကလည်း သဘာဝအတိုင်း လှုပ်ရှားရမည် ဖြစ်သည်။ မဟုတ်ပါက လူအများ၏ အပြစ်ပြောစရာ ဖြစ်လိမ့်မည်။

ထို့ကြောင့် အဓိပဓိအင်မော်တယ်ခုံရုံး၏ လှုပ်ရှားမှုက အလွန်လိမ္မာပါးနပ်သည်ဟု ဆိုနိုင်ပေသည်။

ကျွင်းမိသားစုသာမကဘဲ အခြား အင်အားစုများမှ လူများကလည်း တိတ်တဆိတ် ခေါင်းယမ်းလိုက်ကြသည်။

"လက်ရှိ အင်မော်တယ်ခုံရုံးက အမွေအနှစ်ကြီးကိုးခုနဲ့ စည်းလုံးတဲ့ အဓိပဓိအင်မော်တယ်ခုံရုံး မဟုတ်တော့ဘူး"

အင်မော်တယ်ခုံရုံးတွင် ဧကရာဇ်ကြီးတစ်ပါးသာ ရှိသည်။ သူကား ဖူရှီအင်မော်တယ်မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်ချေသည်။

အခြား အင်မော်တယ်မျိုးရိုးများမှာတော့ လှုပ်ရှားမှုမရှိပါ။

သို့သော်လည်း အင်မော်တယ်နယ်မြေကြီးက အကန့်အသတ်မဲ့ ကျယ်ပြောပြီး လျှို့ဝှက်ထားသော စွမ်းအားများမှာလည်း မနိမ့်ကျပေ။

ထို့နောက်တွင်၊ နောက်ထပ် ဧကရာဇ်အဆင့် အရှိန်အဝါတစ်ခု ပေါ်လာသည်။ ရှေးမျိုးနွယ်တစ်ခုမှ အကျော်အမော်တစ်ဦး ဖြစ်လိမ့်မည်။

ရှေးဟောင်းတော်ဝင်မိသားစုမှလည်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။

ဧကရာဇ်အဆင့် အရှိန်အဝါ ဖြစ်သည်။ အရှိန်အဝါတစ်ခုမျှသာဖြစ်သော်လည်း ဖြာထွက်နေသော အရှိန်အဝါက ကောင်းကင်ကို တုန်ခါစေပေသည်။

သို့သော်လည်း ရှေးဟောင်းတော်ဝင်မိသားစု၏ ရှေးဧကရာဇ်က မလှုပ်ရှားသေးဘဲ နောက်ကွယ်တွင် ရပ်နေပုံရသည်။

မည်သို့ပင်ဆိုစေကာမူ၊ အင်မော်တယ်နယ်မြေကြီးက ခုခံနိုင်စွမ်း ရှိသေးသည်။

တိုင်းတစ်ပါးက အားကောင်းသော်လည်း အချိန်တိုအတွင်း နယ်စပ်ကို ဖြတ်ကျော်ရန် မဖြစ်နိုင်ပါ။

အသန်မာဆုံး အကျော်အမော်များက ကောင်းကင်ယံ၌ တိုက်ခိုက်နေချိန်...

တိုင်းတပါးနှင့် အင်မော်တယ်နယ်မြေကြီး၏ လူငယ်ပါရမီရှင်များကလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။

ထိပ်သီးအကျော်အမော်များအပြင်၊ ထိုလူငယ်များ၏ တိုက်ပွဲများကလည်း ဆွဲဆောင်နိုင်စွမ်းရှိပေသည်။

အကြောင်းမူ၊ သူတို့က ကမ္ဘာကြီးနှစ်ခုလုံး၏ အနာဂတ်ကို ကိုယ်စားပြုကြသောကြောင့်ပင်။

အကယ်၍၊ ကမ္ဘာနှစ်ဖက်၏ စစ်ပွဲများက ရှေ့မတိုးသာ နောက်မဆုတ်သာ ဆက်ဖြစ်နေဦးမည်ဆိုလျှင်...

ကမ္ဘာနှစ်ခု၏ နောက်ဆုံးကံကြမ္မာက ထိုလူငယ်များ၏လက်ထဲကို ကျရောက်လာမည်မှာ သေချာသည်။

All Chapters