← Chapters

အခန်း ၁၀၉၃

Vol. 73 Ch. 1093

အခန်း ၁၀၉၃

Vol. 73 Ch. 1093

အခန်း ( ၁၀၉၃ ) ဘုရင်ခြောက်ပါး၏ အဆုံးစွန် တားမြစ်ပညာရပ်။

ဤအပြိုင်ခေတ်ကြီးတွင် အလွန်ထူးခြားပြီး တန်ခိုးအရှိဆုံးပုဂ္ဂိုလ်မျိုးကို မွေးဖွားပေးနိုင်သည်။

အသန်မာဆုံး အကျော်အမော်က ဤပါရမီရှင်များကြားတွင် မွေးဖွားလာမည်မှာ သေချာလှပေသည်။

ထိုအချိန်တွင် အင်မော်တယ်နယ်မြေကြီးဘက်ရှိ ကောင်းကင်ကိုးခု အင်မော်တယ် အကယ်ဒမီ၏ တပည့်များက တစ်ဖက်ရန်သူများနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။

ဧကရီသမီးတော် လင်ယွမ်၊ ယွီဟွာဝမ်၊ လုံယောက်အာ၊ ကျိချင်းရီ၊ မင်းသမီးလုံကျိ၊ ရန်ယုမန်၊ ယွိချန်ကျွမ့်... စသည်ဖြင့်။

ကျွင်းရှောင်ယောက်နှင့် ရင်းနှီးသော လူအများအပြားက နယ်စပ် စစ်မြေပြင်တွင် ပေါ်လာသည်။

ထို့ပြင် ကျွင်းမိသားစုမှ ပါရမီရှင်များလည်း ရှိ၏။

ကျွင်းမိသားစု၏ မူလမျိုးရိုးမှဖြစ်သော လူသားဧကရာဇ်ခန္ဓာ ကျွင်းမိုရှောင်နှင့် နှစ်သွယ်မျက်လုံး ကျွင်းလုံခန်းတို့လည်း လှုပ်ရှားနေကြသည်။

သူတို့၏ ခွန်အားက အားမနည်းဘဲ အဓိပဓိနယ်ပယ်တဝိုက်တွင် ရှိပေသည်။

နောက်ဆုံးတွင်၊ လူသားဧကရာဇ်ခန္ဓာ သို့မဟုတ် နှစ်သွယ်မျက်လုံးပင်ဖြစ်စေ... သမိုင်းတစ်လျှောက်တွင် ထူးကဲသော ဧကရာဇ်အဆင့် တာအိုခန္ဓာများ ဖြစ်ကြသည်။

ထို့ပြင်၊ ကျွင်းမိသားစု၏ အခြား စီကွမ်များလည်း ရှိသေးသည်။

ကျွင်းဝူရှန့်၊ ကျွင်းမူလန်၊ ကျွင်းရွယ်ဟွမ်နှင့် ကျွင်းကျန်းကျန့်တို့အားလုံးလည်း နယ်စပ်စစ်မြေပြင်တွင် တိုက်ခိုက်ရင်း လေ့ကျင့်နေကြသည်။

သူတို့၏နယ်ပယ်က ကျွင်းမိုရှောင်နှင့် ကျွင်းလုံခန်းတို့ကို မမီသော်လည်း၊ မဟာသူတော်စင်နှင့် သူတော်စင်သခင်နယ်ပယ်တွင် ရှိနေကြသေးသည်။

ထို့ပြင် စစ်မြေပြင်တွင် အလွန်တောက်ပနေသော တည်ရှိမှုတစ်ခု ရှိသည်။

ထိုသူကား၊ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ကျွင်းပေါင်လီပင်။

သူသည် သာမန်အဝတ်အစားကိုသာ ၀တ်ဆင်ထားပြီး သာမာန်အသွင်အပြင် ရှိသည်။

သူ့တွင် ထူးကဲသော အရိပ်အယောင် လုံးဝ မရှိပေ။ သို့ရာတွင်၊ ကျွင်းမိသားစု၏ မျိုးဆက်သစ်လူငယ်များထဲမှာ ကျွင်းရှောင်ယောက်ပြီးပါက နားလည်ရအခက်ဆုံး လူများအနက် တစ်ဦး ဖြစ်သည်။

တစ်ချိန်က သူသည် ကျွင်းရှောင်ယောက်ကို သတ်ခဲ့သောကြောင့်...

ယခုအချိန်အထိ ကျွင်းမိုရှောင်၊ ကျွင်းလုံခန်းနှင့် အခြားသူများသည် ကျွင်းပေါင်လီနှင့် အဆက်အဆံ သိပ်မရှိကြသေးပေ။

ကျွင်းမိသားစု၏ မူလမျိုးရိုးမှ လူအများစုကလည်း ကျွင်းပေါင်လီကို အသိအမှတ်မပြုသလို သိပ်ပြီး ဂရုမစိုက်ကြပါ။

သို့ရာတွင်၊ ကျွင်းပေါင်လီက ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမျှပြောဆိုခြင်း မပြုခဲ့ပေ။

သူဆုံးဖြတ်ပြီးကတည်းက ဤသို့ဖြစ်လာမည်မှန်း သိထားပြီး ဖြစ်သည်။

သို့သော်လည်း သူ့ဘေးမှ လှပသော မိန်းကလေးကို မြင်လိုက်ရသောအခါ...

ကျွင်းပေါင်လီသည် သူလုပ်ခဲ့သမျှ အရာအားလုံးက ထိုက်တန်သည်ဟု ခံစားခဲ့ရသည်။

သူ့ဘေးနားမှ မိန်းကလေးမှာ ပိတုံးရောင်ဆံနွယ်ရှည်များဖြင့် လှပသည်။

သူ့ကိုကြည့်ရသည်မှာ နူးညံ့ပြီး အားနည်းပုံရ၏။

သို့သော်လည်း သူ၏ စွမ်းရည်က အလွန်ကြောက်စရာကောင်းသည်။

တိုင်းတစ်ပါးမှ ပါရမီရှင်တစ်ဦးထက်မက သူ့လက်ထဲတွင် ကျဆုံးသွားရပြီ။

"ကျွင်းမိသားစုရဲ့ ကောင်းကင်သားတော်ဘေးနားက မိန်းကလေးက ဘယ်သူလဲဟ။ ငါ အရင်က ဘာဖြစ်လို့ မကြားဖူးတာလဲ"

စစ်မြေပြင်တွင်၊ အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်တချို့က မိန်းကလေးအား စူးစမ်းချင်စိတ်နှင့် စိတ်ရှုပ်ထွေးမှုများဖြင့် ကြည့်လိုက်ကြသည်။

"ချင်းအာ၊ မင်း ဒီလောက်ကြိုးစားနေစရာ မလိုပါဘူး"

ကျွင်းပေါင်လီက ချစ်မြတ်နိုးမှုတို့ ပြည့်နှက်နေသော မျက်လုံးတို့ဖြင့် လီချင်းအာကို ကြည့်လိုက်သည်။

ဤမိန်းကလေးက ကောင်းကင်တာအိုသရဖူဖြင့် ကျွင်းပေါင်လီကိုယ်တိုင် ကယ်တင်ခဲ့သော မိန်းကလေး လီချင်းအာသည်ပင်။

ကောင်းကင်တာအိုသရဖူကြောင့် လီချင်းအာသည် သာမန် မိန်းကလေးတစ်ယောက်မှ ပါရမီရှင် ကျင့်ကြံသူတစ်ဦးကိုပင် သတ်နိုင်အောင် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးအဖြစ်သို့ ပြောင်းလဲခဲ့ရသည်။

"ချင်းအာရဲ့ဘဝက အစ်ကိုရှောင်ယောက်ရဲ့အသက်နဲ့ လဲလှယ်ထားရတာပါ၊ ဒါကြောင့် ချင်းအာလည်း တစ်ခုခုပြန်လုပ်ပေးရမယ်"

လီချင်းအာက အပြစ်ရှိသလို ခံစားနေရဟန်ဖြင့် ခေါင်းငုံ့လိုက်လေသည်။

"သူ ပြန်လာတော့မယ်လို့ ငါ ခံစားနေရတယ်"

ကျွင်းပေါင်လီက အဝေးကို လှမ်းကြည့်လိုက်သည်။

ကျွင်းရှောင်ယောက်က တစ်ခုခု စီစဉ်ထားခြင်းဖြစ်မည်ဟု သူ အမြဲတမ်း ခံစားခဲ့ရ၏။

ကျွင်းပေါင်လီက ကျွင်းရှောင်ယောက်ကိုသတ်ရန် လုပ်ခဲ့စဉ်တွင်...

သူမြင်လိုက်ရတာက ကျွင်းရှောင်ယောက်၏ မျက်လုံးများမှ တည်ငြိမ်မှုနှင့် ယုံကြည်မှုတို့ပင်။

လူတစ်ယောက်က အမှန်တကယ် သေရမည်ဆိုလျှင်... ထိုကဲ့သို့ တည်ငြိမ်ပြီး ယုံကြည်မှုရှိသော အကြည့်မျိုး ရှိပါဦးမည်လော။

သူ မယုံပေ။

ထို့ကြောင့် အမြဲတမ်း သူ စောင့်နေခဲ့သည်။

သူ့အပြစ်များကို ဝန်ချတောင်းပန်ပြီး ပြန်ပေးဆပ်ရဦးမည်။

ပျက်စီးခြင်းနယ်စပ်တွင် တိုက်ပွဲများက အလွန်ပြင်းထန်နေချိန်...

ကောင်းကင်မဲ့အမှောင်နယ်မြေတွင်...

ကျွင်းရှောင်ယောက်က အလွှာဘယ်လောက်ထိ တက်ခဲ့ပြီမှန်း မသိတော့ပါ။

အပေါ်သို့ ရောက်လာလေလေ၊ ပြိုင်ဘက်များက အားကောင်းလေလေ ဖြစ်သည်။

အစပိုင်းတွင် ကျွင်းရှောင်ယောက်က လက်ဝါးတစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ခဲ့သည်။

နောက်ပိုင်းတွင် လက်ဝါးနှစ်ချက်နှင့် လက်ဝါးသုံးချက် ရိုက်ထုတ်ရန် လိုအပ်လာ၏။

ကျွင်းရှောင်ယောက်ပင်လျှင် သူ့လုပ်ရည်ကိုင်ရည် နိမ့်ကျသည်ဟု ခံစားလာရသည်။

သို့သော်လည်း ယင်းက ကျွင်းရှောင်ယောက်တစ်ဦးတည်း၏ အမြင်ပင်။

အခြား အမွေအနှစ် လေ့ကျင့်ရေးမျှော်စင် ငါးခုတွင်...

စူးဟုန်ယီမှာ ပထမထပ်ကိုတက်ရန် အချိန်များစွာ ယူခဲ့ရသည်။

အခြားသူများမှာလည်း ပိုမကောင်းကြပေ။

ကံကောင်းထောက်မစွာဖြင့်၊ အမွေအနှစ် လေ့ကျင့်ရေးမျှော်စင်ရှိ အချိန်စီးဆင်းမှုက ပြင်ပကမ္ဘာနှင့် မတူပါ။

မဟုတ်ပါက၊ ထိပ်ဆုံးကိုရောက်ရှိရန် အချိန် မည်မျှကြာမှန်း မသိနိုင်လောက်ပါ။

မသိသော အချိန်အတိုင်းအတာတစ်ခုပြီးနောက်၊ နောက်ဆုံးတွင် ကျွင်းရှောင်ယောက်သည် ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။

ထိုနေရာတွင် သူ့အတွက် အစွမ်းထက်ဆုံး ပြိုင်ဘက်ကို တွေ့ခဲ့ရ၏။

၎င်းက တိုင်းတစ်ပါး၏ ခေတ်ကာလတစ်လျှောက်လုံး အကြမ်းဆုံးများထဲမှ တစ်ဦး ဖြစ်နိုင်သည်။

ကျွင်းရှောင်ယောက်လည်း ထိုလူမှာ တိုင်းတပါး၏ သဘာဝကပ်ဘေးအဆင့် တည်ရှိမှုတစ်ခု ငယ်ရွယ်စဉ်က ပုံရိပ်တစ်ခုဖြစ်မည်ဟု ခံစားခဲ့ရသည်။

သူ၏ အရည်အချင်းက ထာဝရကွဲလွဲမှုနှင့်ပင် နီးစပ်နေပြီ။

ဟုတ်သည်၊ သူနှင့် ထာဝရကွဲလွဲမှုကြားတွင် ကွာဟချက်တစ်ခု ရှိနေသေးသည်။

မည်သို့ပင်ဆိုစေ၊ ကျွင်းရှောင်ယောက် ယခု မြင်ခဲ့ရသည့် လူက သာမန်ထက်သာလွန်နေပြီ ဖြစ်သည်။

ထိုသို့သော တည်ရှိမှုမျိုးကိုတော့ ကျွင်းရှောင်ယောက်က သာမန် သဘောမထားပါ။

သူက အနက်ရောင်သွေးစက်၏ စွမ်းအားကိုပင် အသုံးပြုခဲ့သည်။

သူ၏ အနက်ရောင် ဆံပင်များက နှင်းပွင့်များကဲ့သို့ ဖြူသွားသည်။

နက်နဲသော မျက်လုံးအစုံက ခရမ်းရောင်ဖျော့ဖျော့ လင်းလက်နေ၏။

နိဂုံး၏မျက်လုံး။

ထို့နောက် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်။

ထိုအမှတ်အသားက အလွန်အစွမ်းထက်သည်ဟု ဆိုရမည်။

အင်မော်တယ်နယ်မြေကြီးတွင်ဆိုပါက၊ သူသည် မျိုးစေ့အဆင့် ပါရမီရှင်အများစုကို သုတ်သင်နိုင်လုနီးပါး ဖြစ်ပြီး မည်သူမျှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း ကံမကောင်းစွာဖြင့် ကျွင်းရှောင်ယောက်နှင့် တွေ့ခဲ့ရသည်။

နောက်ဆုံး၊ ကျွင်းရှောင်ယောက်၏ နတ်ဆိုးဟန်အောက်တွင် ဖျက်ဆီးခံခဲ့ရပေသည်။

ထိုအချိန်တွင် အနက်ရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာပြီး ကျွင်းရှောင်ယောက်၏လက်ပေါ်သို့ ကျရောက်လာသည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားပြီး ဆွဲယူလိုက်သည်။

ကျောက်စိမ်းပြားတစ်ခု ဖြစ်၏။

အသိစိတ် ပို့လွှတ်ကြည့်လိုက်ပြီးနောက်...

သူ အသက်ပြင်းပြင်းရှူလိုက်မိတော့သည်။

ကျောက်စိမ်းပြားတွင် မှတ်တမ်းတင်ထားသည်မှာ အမှန်ပင် အဆုံးစွန် တားမြစ်ပညာရပ် ဖြစ်သည်။

သတ္တဂံ မြှုပ်နှံခြင်းခြောက်ပါး ခေါ်၏။

သတ္တဂံ မြှုပ်နှံခြင်းခြောက်ပါးကား အဘယ်နည်း။

တောင်များနှင့် မြစ်များကို မြှုပ်နှံခြင်း...

နေနှင့်လကို မြှုပ်နှံခြင်း...

သက်ရှိသတ္တဝါအားလုံးကို မြှုပ်နှံခြင်း...

မြေကမ္ဘာကို မြှုပ်နှံခြင်း...

ပြန်လည်ဝင်စားခြင်းကို မြှုပ်နှံခြင်း...

ကောင်းကင်ကို မြှုပ်နှံခြင်း...

ဤမြှုပ်နှံခြင်း ခြောက်ပါးကို ဆိုလိုသည်။

သူတို့အထဲတွင် တစ်ခုချင်းစီက လူတိုင်း ငမ်းငမ်းတက် လိုချင်လောက်သည့် တားမြစ်ပညာရပ်များ ဖြစ်ချေသည်။

အရေးကြီးဆုံးအချက်မှာ ဤတားမြစ်ပညာရပ်ခြောက်ခုကို အဆုံးစွန်သော ပညာရပ်တစ်ခုအဖြစ် ပေါင်းစပ်နိုင်ခြင်း ဖြစ်သည်။

ယင်းက သတ္တဂံ မြှုပ်နှံခြင်းခြောက်ပါး၏ စစ်မှန်သော စွမ်းအားပင်။

ဟုတ်သည်၊ သတ္တဂံမြှုပ်နှံခြင်းခြောက်ပါးက အလွန်အစွမ်းထက်သော်လည်း အားနည်းချက်တစ်ခု ရှိ၏။

သုံးစွဲရန် လိုအပ်သော စွမ်းအင်က အလွန်များပြားသည်။

လူတစ်ဦးတည်းက အသုံးပြုရန် မဖြစ်နိုင်ပေ။

သတ္တဂံမြှပ်နှံခြင်းခြောက်ပါး၏ စွမ်းအားအပြည့်ကို အမှန်တကယ် အပြည့်အဝ ထုတ်လွှတ်လိုပါက၊ လူတစ်ဦးတည်းဖြင့် လုပ်ဆောင်မရနိုင်ပါ။

"မအံ့ဩတော့ပါဘူးလေ"

ကျွင်းရှောင်ယောက် ရုတ်တရက် တွေးလိုက်မိသည်။

ဖျက်စီးခြင်းဘုရင် ခြောက်ပါးက မြှုပ်နှံခြင်း တစ်ခုစီကို တတ်မြောက်သည်။

ထိုလူခြောက်ဦး ပေါင်းစပ်လိုက်လျှင် သတ္တဂံမြှုပ်နှံခြင်းခြောက်ပါးကို ထုတ်ဖော်နိုင်တော့၏။

ဤသည်မှာ အင်မော်တယ်နယ်မြေကြီးကို ဖျက်ဆီးရန် ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးအတွက် အဆုံးစွန်နည်းလမ်း ဖြစ်သည်။

ယခင်ကတော့ ဘုရင်ခြောက်ပါးဟာ တစ်ခါမျှ မစုံညီသောကြောင့် သတ္တဂံမြှုပ်နှံခြင်းခြောက်ပါး၏ စွမ်းအားအပြည့်ကို မထုတ်ဖော်နိုင်ခဲ့ပါ။

ထို့ကြောင့်ပင် အင်မော်တယ်နယ်မြေကြီးမှာ ငြိမ်းချမ်းနေခဲ့ခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်က ဆက်ပြီး နားလည်ဆင်ခြင်ကြည့်လိုက်သည်။

သူရရှိသော ကိုယ်ဟန်အနေအထားက သတ္တဂံ မြှပ်နှံခြင်းခြောက်ပါးအနက် တစ်ခု ဖြစ်သည်။

ဤကိုယ်ဟန်ကို ကျွင်းရှောင်ယောက်တစ်ဦးတည်း ထုတ်ဖော်နိုင်ပြီး စွမ်းအားကလည်း အားနည်းမည် မဟုတ်ပေ။

"သတ္တဂံမြှုပ်နှံခြင်းခြောက်ပါးက လူတစ်ယောက်တည်းအတွက် မဖြစ်နိုင်ပေမဲ့... ငါလုပ်နိုင်တယ်"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာသည်။

သူ့တွင် ခန္ဓာကိုယ်နှစ်ခု ရှိ၏။ မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်းနှင့် ကစဉ့်ကလျားခန္ဓာ ဖြစ်သည်။

ဤရုပ်ခန္ဓာနှစ်ခုတွင် တစ်ခုချင်းစီက စွမ်းအားကြီး၏။

ထို့အပြင် ရုပ်ခန္ဓာနှစ်ခုကို ပေါင်းစပ်နိုင်သည်။

အကယ်၍ သတ္တဂံမြှုပ်နှံခြင်းခြောက်ပါးကို တစ်ဦးတည်း လုပ်ဆောင်နိုင်သူအား ရှာဖွေမည်ဆိုလျှင်...

ကျွင်းရှောင်ယောက်သာ ဖြစ်ရမည်။

"ဒီလိုဆိုမှတော့ အခြား ကိုယ်ဟန်ငါးခုကိုလည်း ငါ ရရမယ်"

ကျွင်းရှောင်ယောက်၏ မျက်လုံးများ တောက်ပလာသည်။

သူ့တွင် အခြားသော ဘုရင်များအပေါ် ယဉ်ကျေးနေရန် အကြောင်းမရှိပေ။

ကျွင်းရှောင်ယောက်က အမွေအနှစ်လေ့ကျင့်ရေးမျှော်စင်အတွင်းမှ ချက်ချင်း ထွက်လိုက်သည်။

All Chapters