← Chapters

အခန်း ၁၀၉၄

Vol. 73 Ch. 1094

အခန်း ၁၀၉၄

Vol. 73 Ch. 1094

အခန်း ( ၁၀၉၄ ) အကြွင်းအကျန် ဓားစွမ်းအင်များ။

အမွေအနှစ် လေ့ကျင့်ရေးမျှော်စင် ခြောက်ခု၏ အပြင်ဘက်တွင်...

ဟင်းလင်းပြင်က အနည်းငယ် တုန်ခါသွားပြီး ကျွင်းရှောင်ယောက်၏ ရုပ်သွင် ပေါ်လာသည်။

မျှော်စင်မှ ထွက်လာပြီးနောက် အချိန်စီးဆင်းမှုက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ကို သူ ခံစားလိုက်ရ၏။

မျှော်စင်ထဲတွင် နာရီပေါင်းများစွာ ကုန်ဆုံးသွားသလို ခံစားရသည်။

သို့သော်လည်း အပြင်လောကကို ပြန်ရောက်လာချိန်မှာတော့ မကြာသေးကြောင်း သိလိုက်ရလေသည်။

"သူတို့ရဲ့အရှိန်က အရမ်းနှေးတာပဲ"

ကျွင်းရှောင်ယောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူက ထိုမျှကြာအောင် မစောင့်နိုင်တော့ပါ။

ပျက်စီးခြင်းနယ်စပ်တွင် စစ်ပွဲစတင်ပြီး ကျွင်းမိသားစုကလည်း လူများ စေလွှတ်ထားပြီးပြီ ဖြစ်သည်။

ထို့ကြောင့် ကျွင်းရှောင်ယောက်သည် အန္တိမကပ်ဘေးကြီး၏ လျှို့ဝှက်ချက်ကို တတ်နိုင်သမျှ အမြန်ဆုံး လေ့လာလိုသည်။

တခါမှ ပေါ်မလာသေးသည့် သူ့အဖေအကြောင်းကိုလည်း သိချင်သေးသည်။

သူ ဘာတွေများ စီစဉ်နေသနည်း။

ထိုသို့တွေးမိသောအခါ ကျွင်းရှောင်ယောက်က သူ့လက်ကိုမြှောက်လိုက်သည်။ သူ့လက်မှ ခြောက်ထောင့်ကြယ် အမှတ်အသားက အနည်းငယ် တုန်ခါနေ၏။

ကျွင်းရှောင်ယောက်မှာ ထိုအမှတ်အသားအကြောင်းကို ခဏမျှ တွေးနေမိသည်။

ယင်းက ဘုရင်ခြောက်ပါး၏ အဆင့်အတန်း သင်္ကေတတစ်ခုမျှသာ မဟုတ်ပါ။

သတင်းပေးပို့မှုကို အာရုံခံစားရန်လည်း သုံးနိုင်သည်။

ခဏအတွင်းမှာပင် အမွေအနှစ်လေ့ကျင့်ရေးမျှော်စင်မှ လူငါးဦး တစ်ချိန်တည်း ထွက်ပေါ်လာတော့သည်။

ကျွင်းရှောင်ယောက်ကို တွေ့လိုက်ရသောအခါ ကာကူရာက အံ့အားသင့်သွားပြီး မေးလိုက်သည်။

"ပထမဘုရင် သခင်၊ နင်... ရှင်းလင်းပြီးပြီလား"

"အင်း၊ ငါ့အတွက် အကုန်ရှင်းသွားပြီ"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်၏။

"အဲ့လောက်မြန်တာလား"

မိုဟူလာနှင့် အခြားသူများ အလွန်တုန်လှုပ်သွားကြသည်။

ကျွင်းရှောင်ယောက်နှင့် နှိုင်းယှဉ်လျှင်၊ သူတို့က ဝက်များနှင့် မခြားတော့ပေ။

“အရှင်၊ ဘုရင်ခြောက်ပါးရဲ့ အဆုံးစွန် အမွေအနှစ်က..."

မိုဟူလာက သတိထားကာ မေးလိုက်သည်။

"ငါ ရခဲ့ပြီ"

ကျွင်းရှောင်ယောက်က ပြောလိုက်၏။

ဤတစ်ခါလည်း အားလုံးမှာ အံ့သြသွားရပြန်တော့သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ စွမ်းရည်များကို တွေးမိသောအခါ၊ သာမန်ဟုသာ မှတ်လိုက်ကြသည်။

"ဒါဆိုရင်... ပထမဘုရင်သခင် ငါတို့ကို အပြင်ကိုခေါ်လိုက်တာက..."

ကာကူရာက တစ်ခုခုပြောလိုသော်လည်း တုံ့ဆိုင်းသွားသည်။

"ငါတို့မှာ အချိန်သိပ်မရှိတော့ဘူး၊ နယ်စပ်ဒေသမှာ စစ်ပွဲတွေ စနေပြီ။ အင်မော်တယ်နယ်မြေကြီးမှာ ဘယ်လိုဝှက်ဖဲတွေ ရှိနေမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"

"ဒါကြောင့် ငါတို့ဟာ အချိန်ကို အကျိုးရှိရှိ အသုံးချပြီး အန္တိမကပ်ဘေးကြီးကို နိုးထစေနိုင်မလားဆိုတာ သိရအောင် အမှောင်နယ်မြေရဲ့ နက်နဲရာကို အမြန်ဆုံး ဝင်ရောက်ဖို့ လိုတယ်"

"ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ ဘုရင်ခြောက်ပါးရဲ့ အဆုံးစွန်သော အမွေကို ရယူရဦးမယ်။ ဒါကြောင့် အခြား မျှော်စင်ငါးခုကိုလည်း ငါပဲဝင်ပြီး မင်းတို့အစား ယူခဲ့မယ်"

ကျွင်းရှောင်ယောက်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့က ပါးစပ်ပြဲသွားပြီး တစ်ခုခုပြောချင်သော်လည်း နောက်ဆုံးမှာတော့ ဘာမျှ မပြောဖြစ်ခဲ့ပေ။

တစ်ဖက်တွင်၊ မိုဟူလာက ခေါင်းညိတ်ပြီး ထောက်ခံပြောဆိုလိုက်သည်။

"မှန်ပါတယ်၊ ငါတို့ အချိန်ကို ဆုပ်ကိုင်ပြီး အန္တိမကပ်ဘေးကြီးကို နိုးထစေဖို့ ကြိုးစားသင့်တယ်"

"ဒါပေမဲ့ အဲဒီအမွေ..."

ကျူးယဲ့က အံကြိတ်ပြီး သတ္တိမွေး၍ ပြောလိုက်၏။

"ဘာလဲ၊ ဘုရင်ခြောက်ပါးရဲ့ အဆုံးစွန်အမွေကို ငါက လက်ဝါးကြီးအုပ်လိမ့်မယ်လို့ မင်းထင်နေတာလား"

ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်၏။

"ငါ... မဝံ့ရဲပါဘူး"

ကျူးယဲ့က ကမန်းကတန်း ငြင်းဆန်ကာ ခေါင်းငုံ့သွားသည်။ သူ့စိတ်ထဲမှာတော့ လုံးဝ မသက်သာလှပေ။

ကျွင်းရှောင်ယောက်က တိတ်တဆိတ် ပြုံးလိုက်သည်။

အမှန်တော့ သူတို့ထင်တာ မမှားပေ။

ကျွင်းရှောင်ယောက်က ဘုရင်ခြောက်ပါး၏ အဆုံးစွန်အမွေများကို လက်ဝါးကြီးအုပ်ထားချင်သည်။

ဟုတ်ပေသည်၊ သူက ထိုအကြောင်းကို ထုတ်ပြောသည်အထိ မိုက်မဲသူမဟုတ်ပါ။

ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က အခြား မျှော်စင်ထဲသို့ ဝင်ရောက်သွားသည်။

ဘုရင်ငါးပါးကမူ အပြင်ဘက် စောင့်နေ၏။

သို့သော်လည်း မျှော်စင်အတွင်းပိုင်းနှင့် အပြင်လောကမှာ အချိန်စီးဆင်းမှု မတူပေ။

ကြာကြာ မစောင့်လိုက်ရပါ။

ကျွင်းရှောင်ယောက် ပြန်ပေါ်လာပြီး နောက်ထပ် မျှော်စင်တစ်ခုသို့ ဆက်လက် ဝင်ရောက်သွားသည်။

"အရှင်ရဲ့ စွမ်းအားက တကယ်ကို တွေးကြည့်လို့ မရနိုင်လောက်အောင်ပါပဲ။ သူ့ရဲ့ ဦးဆောင်မှုနဲ့အတူ အင်မော်တယ် နယ်မြေကြီးကို ဖျက်ဆီးဖို့ ငါတို့ရဲ့ ကံကြမ္မာကို သေချာပေါက် ဖြည့်ဆည်းပေးနိုင်လိမ့်မယ်"

မိုဟူလာ၏ မျက်နှာပေါ်တွင် နက်ရှိုင်းသော ရိုသေလေးစားမှုတို့ ပေါ်လာသည်။

အန္တိမကပ်ဘေးကြီးပြီးလျှင် ကျွင်းရှောင်ယောက်မှာ သူ အလေးစားရဆုံးသူပင် ဖြစ်နေပြီ။

ဘုရင်ငါးပါးက ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုများကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

ကျွင်းရှောင်ယောက်အတွက် အမွေအနှစ် လေ့ကျင့်ရေးမျှော်စင်ငါးခုကို ရှင်းလင်းရန် အချိန်မကြာလိုက်ပေ။

ဟုတ်သည်၊ အမွေအနှစ် လေ့ကျင့်ရေးမျှော်စင်က သာမန်မဟုတ်ပါ။

ဝင်ရောက်သူများ၏ ကျင့်ကြံခြင်းအပေါ် မူတည်ပြီး ပြိုင်ဘက်များမှာလည်း ခြားနားသည်။

ထို့ကြောင့် နောင်တွင် ဤဘုရင်ခြောက်ပါး ကြီးပြင်းလာလျှင်ပင် ဆက်လက်၍ လေ့ကျင့်နိုင်ဦးမည်။

မည်သို့ပင်ဆိုစေ၊ လက်ရှိ ကျွင်းရှောင်ယောက်၏ လက်ထဲတွင် အမွေအနှစ် ခြောက်ခုစလုံး ရှိနေပြီ ဖြစ်သည်။

"အရှင်... အဆုံးစွန် အမွေအားလုံးကို ရရှိပြီထင်တယ်"

မိုဟူလာက ပြုံးလိုက်သည်။

"အင်း၊ အချိန်မဖြုန်းတော့ဘူး။ ကောင်းကင်မဲ့ အမှောင်နယ်မြေ နက်နဲရာကို ဆက်သွားကြရအောင်"

ကျွင်းရှောင်ယောက်က တစ်ခွန်းသာပြောပြီး အဝေးသို့ တိုက်ရိုက်လျှောက်သွားသည်။

"ဒါက..."

မိုဟူလာမှာ အနည်းငယ် အံ့ဩသွားသော်လည်း ထိုအကြောင်းကို သိပ်ပြီး မစဉ်းစားတော့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့၏ မျက်နှာများက ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်နေပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်တွင် မကောင်းသော ရည်ရွယ်ချက်များ ရှိနေသည်ဟု အမြဲလိုလို သူတို့ ခံစားမိကြ၏။

သို့သော်လည်း သူတို့၏ လက်ရှိအင်အားဖြင့် ဘာမျှ မလုပ်နိုင်ပေ။

"မေ့လိုက်ပါ၊ အန္တိမကပ်ဘေးကြီးကို တကယ်မြင်နိုင်ရင် အချိုးအကွေ့တစ်ခုတော့ ရှိကောင်းရှိနိုင်တယ်။ နောက်ဆုံးမှာတော့ ငါတို့အားလုံးက ဘုရင်ခြောက်ပါးပဲလေ။ အန္တိမကပ်ဘေးကြီးက လူတစ်ယောက်တည်းကို ဦးစားမပေးသင့်ဘူး မဟုတ်ဘူးလား"

ကျူးယဲ့နှင့် ယွင်ရှောင်ဟေးက လျှို့ဝှက်စွာ ဆက်သွယ်နေကြသည်။

ယခုတော့ သူတို့၏ မျှော်လင့်ချက်များကို အန္တိမကပ်ဘေးကြီးအပေါ် ပုံအပ်ရန်သာ ရှိတော့သည်။

ကျွင်းရှောင်ယောက်နှင့် အခြားသူများက ကောင်းကင်မဲ့ အမှောင်နယ်မြေထဲသို့ ဆက်လက်ပြီး နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ခဲ့ကြသည်။

ကောင်းကင်မဲ့အမှောင်နယ်မြေ၏ နက်နဲရာကတော့ ထာဝရ အေးစက်နေဆဲပင်။

ဤနေရာတွင် အချိန်က သက်ရောက်မှုရှိပုံမရပါ။

အရာအားလုံးသည် အသက်မဲ့နေပုံရသည်။

ခေတ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက်မှာတော့...

ကောင်းကင်မဲ့ အမှောင်နယ်မြေ၏ နက်နဲရာသို့ ခြေချမိသူများ ထပ်မံ ပေါ်လာပြီ။

ကျွင်းရှောင်ယောက်နှင့် တခြားသူများက ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။

သူတို့တွင် ဘုရင်ခြောက်ပါး၏ အကာအကွယ်များ ရှိနေသော်လည်း...

ထူးဆန်းပြီး အေးစက်သော အငွေ့အသက်များက သူတို့ကို ကျောချမ်းစေသေးသည်။

ကာကူရာနှင့် စူးဟုန်ယီတို့က ကျွင်းရှောင်ယောက်အနီးသို့ အလိုအလျောက် ချဉ်းကပ်လာမိကြသည်။

ဤကဲ့သို့ ထူးဆန်းသော နေရာမျိုးတွင် ကျွင်းရှောင်ယောက်ကသာ သူတို့ကို လုံခြုံမှုပေးနိုင်ပေသည်။

သို့သော်လည်း ထိုအချိန်တွင် ကျွင်းရှောင်ယောက်က ရုတ်တရက် ရပ်လိုက်သည်။

သူ့ရှေ့မှ လေထဲတွင် တောက်ပသော ငွေရောင်အလင်းတန်းတစ်ခုက ငါးတစ်ကောင် ကူးခပ်နေသကဲ့သို့ လွင့်မျောနေ၏။

"အဲဒါဘာလဲ"

ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့မှာ မနေနိုင်ဘဲ ပြောလိုက်မိသည်။

ကောင်းကင်မဲ့ အမှောင်နယ်မြေ၏ နက်နဲရာကို ရောက်လာပြီးနောက် လူတိုင်း သတိကြီးကြီးထားမိ၏။

အပြောင်းအလဲ သေးသေးလေးကပင် သူတို့ကို တုန်လှုပ်စေနိုင်လောက်သည်။

ကျွင်းရှောင်ယောက်မှာလည်း ဂရုတစိုက်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်သွား၏။ သူ တအံ့တဩ ပြောလိုက်သည်။

"ဒါက...ဓားစွမ်းအင်ဖြစ်မယ်"

"ဘယ်လို"

ကျွင်းရှောင်ယောက်၏ စကားကို ကြားရပြီးနောက် အားလုံး အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။

ဓားစွမ်းအင်က ဤအမှောင်နယ်မြေ၏ နက်နဲရာတွင် မည်သို့ရှိနိုင်မည်နည်း။

"ဒီဓားစွမ်းအင်က အချိန်အတော်ကြာအောင် တည်ရှိနေခဲ့တာ။ နှစ်တွေ ဘယ်လောက်ကြာသွားခဲ့ပြီလဲ မသိပေမဲ့ မပျောက်ကွယ်သေးဘူး"

"ဒါပေမဲ့ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ကောင်းကင်မဲ့ အမှောင်နယ်မြေက အန္တိမကပ်ဘေးကြီးရဲ့ နေရာပဲလေ... ဘယ်သူက အင်အားသုံးပြီး ဓားစွမ်းအင်ကို ချန်ထားနိုင်မှာလဲ"

မိုဟူလာက မယုံနိုင်စွာ ခေါင်းယမ်းလိုက်သည်။

ကျွင်းရှောင်ယောက်ကတော့ ဘာမျှ မပြောတော့ပေ။ သို့ရာတွင်၊ သူ့မျက်လုံးထဲမှာ ထူးခြားသော အရိပ်အယောင်တစ်ခု ရှိနေသည်။

မူလက ဤဓားစွမ်းအင်ကို သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးမှ ချန်ခဲ့ခြင်းဖြစ်မည်ဟု သူ ထင်ခဲ့သည်။

ယခုမူ၊ ဂရုတစိုက် ခံစားကြည့်ပြီးနောက် ကျွင်းရှောင်ယောက်သည် ဤဓားစွမ်းအင်မှာ သူ့အား လွန်စွာ ရင်းနှီးကျွမ်းဝင်သည့် ခံစားချက်မျိုး ပေးစွမ်းနေကြောင်း ခံစားလိုက်ရသည်။

'ဖြစ်နိုင်မလား...'

'ဒီလိုသာ တကယ်ဖြစ်ရင်တော့ စိတ်ဝင်စားစရာပဲ။ အပြင်ဘက်ကို ထုတ်ပြထားသလို လျှို့ဝှက်ဓားကိုလည်း အသင့်ပြင်ထားတာ'

ကျွင်းရှောင်ယောက်က အခြေအနေကို အကြမ်းဖျင်း နားလည်လိုက်သည်။

သူတို့ရှေ့မှ လေထဲတွင် ဓားစွမ်းအင်များစွာ ရှိ၏။

ကျွင်းရှောင်ယောက်နှင့် အခြားသူများလည်း ဂရုတစိုက် ရှောင်ကွင်းသွားကြသည်။

ဤဓားစွမ်းအင်များက အချိန်ကာလ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း... အားကောင်းသော ဓားစိတ်ဆန္ဒက သူတို့ကို အလွယ်တကူ သတ်နိုင်သေးသည်။

အတန်ကြာအောင် ဆက်လျှောက်ခဲ့ပြီးနောက် အဆုံးသို့ရောက်သွားသည်။

ကျွင်းရှောင်ယောက်နှင့် အခြားသူများရှေ့တွင် အဆုံးမဲ့ အနက်ရောင်မြူများ ဖုံးလွှမ်းနေသော အပျက်အစီးများကို မြင်ရ၏။

အပျက်အစီးများ၏ နောက်ကွယ်မှာလည်း ပြိုကျပျက်စီးနေသည့် အမှောင်ဟင်းလင်းပြင်ကြီးတစ်ခု ရှိနေသေးသည်။

"ဘာတွေဖြစ်နေတာလဲ၊ ဒီမှာ တိုက်ပွဲတစ်ခု ဖြစ်ခဲ့တာလား"

မိုဟူလာ မယုံနိုင်ဖြစ်သွားသည်။

ဤသည်မှာ အန္တိမကပ်ဘေးကြီး၏ နယ်မြေ ဖြစ်သည်။ တိုက်ပွဲက မည်သို့ ဖြစ်လာနိုင်သနည်း။

အန္တိမဧကရာဇ်မျိုးနွယ်၏ အကျော်အမော်များက ရှေးဟောင်းသမိုင်းတချို့ကို ပြောင်းလဲခဲ့တာကိုတော့ သဘာဝအတိုင်း သူ မသိခဲ့ပေ။

ဤအရာက သူတို့ မဖော်ပြလိုသော အမှတ်ရစရာတစ်ခုဖြစ်သည်။

ဤအခိုက်အတန့်တွင်၊ ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် စနစ်၏ အသံ ပေါ်လာသည်။

"ဒင်... ဂုဏ်ပြုပါတယ် ပိုင်ရှင်၊ လက်မှတ်ထိုးဝင်ရမဲ့နေရာကို ရောက်ပါပြီ။ လက်မှတ်ထိုးဝင်ချင်ပါသလား"

ကျွင်းရှောင်ယောက် အံ့သြသွား၏။

အမည်မဲ့နယ်မြေရှိ ကောင်းကင်မဲ့အမှောင်နယ်မြေ၏ နက်နဲရာသည် သူ လက်မှတ်ထိုးဝင်ရန် နေရာများအနက် လျှို့ဝှက်ဆန်းကြယ်ပြီး အထူးဆန်းဆုံးနေရာများထဲမှ တစ်ခုဟု ဆိုနိုင်သည်။

ဤနေရာတွင် မည်သို့သော ရတနာမျိုးကို ရရှိနိုင်မလဲ သူ မျှော်လင့်မိပေသည်။

'လက်မှတ်ထိုးဝင်မယ်'

All Chapters