အခန်း ၁၀၉၅
Vol. 73 Ch. 1095
အခန်း ( ၁၀၉၅ ) ကြယ်ဆယ်ပွင့်ဆုလာဘ်၊ မျိုးဆက်သုံးခု ကြေးခေါင်းတလား။
"ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင်၊ ကြယ်ဆယ်ပွင့်ဆုလာဘ်... မျိုးဆက်သုံးခု ကြေးခေါင်းတလားကို ရရှိခဲ့ပါပြီ"
စနစ်၏ အသံက ထပ်မံ ထွက်လာသည်။
ကျွင်းရှောင်ယောက်လည်း ချက်ချင်း သတိပြုလိုက်မိ၏။
သူ၏ အတွင်းစကြာဝဠာထဲတွင်...
ရိုးရှင်းပြီး ထူထဲသော ရှေးဟောင်း ကြေးခေါင်းတလားတစ်ခု ထွက်ပေါ်လာသည်။
ရှေးအခေါင်းတလားတစ်ခုလုံးကို နေ၊ လ၊ ကြယ်များ၊ အပင်များ၊ အင်းဆက်များ၊ ငါးများ၊ ဘိုးဘေးများ၏ ပူဇော်သက္ကာများ စသည်တို့ဖြင့် အသီးသီး ထွင်းထုထား၏။
၎င်းက ရှေးကျပြီး ကံကြမ္မာအပြောင်းအလဲနှင့် ရှေးဦးဆန်သော အငွေ့အသက်များ ထွက်ပေါ်နေသေးသည်။
ဤရှေးဟောင်းခေါင်းတလားကို ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာအတွင်း၌ ငြိမ်သက်စွာ ဆိုင်းငံ့ထားခဲ့သည်။
၎င်းမှ ကြီးကျယ်ခမ်းနားသော အတက်အကျများလည်း မခံစားရပေ။
သို့ရာတွင်... ကျွင်းရှောင်ယောက်သည် ဤရှေးဟောင်း ခေါင်းတလား၏ အဆင့်က ဧကရာဇ်လက်နက်ထက် သာလွန်သည်ဟု ခံစားနေမိသည်။
'အင်မော်တယ်လက်နက်လား'
ကျွင်းရှောင်ယောက် အံ့ဩသွား၏။
အင်မော်တယ်လက်နက် မဟုတ်လျှင်လည်း၊ ကြယ်ဆယ်ပွင့် ဆုလာဘ်အဆင့်သို့ မည်သို့ရောက်ရှိနိုင်မည်နည်း။
သို့သော်လည်း အင်မော်တယ်လက်နက်ဖြစ်ပါက၊ ကြေးခေါင်းတလားသည် ဤကဲ့သို့ တိတ်ဆိတ်ငြိမ်သက်မနေသင့်ပါ။
ယခုမူကား အလင်းရောင် အနည်းငယ်မျှပင် မတောက်ပဘဲ ငြိမ်သက်နေခဲ့သည်။
"ပထမဘုရင် သခင်..."
ကျွင်းရှောင်ယောက်က မလှုပ်မယှက်ရပ်နေကြောင်း မြင်လိုက်ရတော့ ကာကူရာ အနည်းငယ်အံ့ဩသွားကာ ခေါ်လိုက်သည်။
ကျွင်းရှောင်ယောက်လည်း ဤတော့မှ သတိပြန်ဝင်လာကာ ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ ရှေ့ကို ဆက်သွားကြမယ်"
ကျွင်းရှောင်ယောက်သည် မျိုးဆက်သုံးခု ကြေးခေါင်းတလား၏ ရည်ရွယ်ချက်ကို မသိသော်လည်း...
ကြယ်ဆယ်ပွင့်ဆုလာဘ်အနေဖြင့် တန်ဖိုးကြီးမားမည်မှာ သေချာသောကြောင့် စိတ်ပူနေစရာ မလိုတော့ပေ။
သူတို့လူစုလည်း ရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားသည်။
သူတို့ရှေ့တွင် ပြိုကျပျက်စီးနေသော ရှေးဟောင်းအပျက်အစီးများ ရှိနေသည်။
၎င်းက ရှေးနတ်ဘုရားများ၏ နယ်မြေအပျက်အယွင်းကဲ့သို့ပင်။
ထို့ပြင်၊ အပျက်အယွင်းများ၏ နောက်ကွယ်မှာလည်း ကျယ်ပြောပြီး နားလည်ရခက်သော ဟင်းလင်းပြင်ကြီး ရှိနေသည်။
ကောင်းကင်မဲ့ အမှောင်နယ်မြေ၏ နက်နဲသောအရပ်တွင် ဤမြင်ကွင်းမျိုး ရှိနေသည်မှာ တွေးကြည့်ရန်ပင် မလွယ်ပေ။
ဤသည်မှာ စကြာဝဠာတစ်ခု ပျက်စီးနေသကဲ့သို့ပင် ဖြစ်သည်။
မရေမတွက်နိုင်သော ကြယ်သေများက ဤအမှောင်စကြာဝဠာတွင် ထာဝရ အေးခဲနေသော ရေခဲများအဖြစ်သို့ ပြောင်းလဲသွားပေသည်။
အပျက်အစီးများထဲတွင် မသိနိုင်သော အရိုးစု အမျိုးမျိုးလည်း ရှိကြသည်။
အကြွင်းအကျန် ဓားစွမ်းအင်များကလည်း ကူးခပ်နေသော ငါးများကဲ့သို့ ပြန့်ကျဲနေသေးသည်။
"ဒါက ကောင်းကင်မဲ့ အမှောင်နယ်မြေရဲ့ နက်နဲရာလား။ အန္တိမကပ်ဘေးကြီးက ဘယ်မှာလဲ"
မိုဟူလာက စိတ်လှုပ်ရှားမှု၊ စိတ်ရှုပ်ထွေးမှုတို့ ရောပြွမ်းနေသော မျက်လုံးတို့ဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
အကြောင်းမူ၊ အန္တိမကပ်ဘေးကြီးကို လူအနည်းစုသာ သိကြသောကြောင့်ပင်။
ထို့ကြောင့် အန္တမကပ်ဘေးကြီး မည်သို့သော တည်ရှိမှုဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မသိကြသေးပါ။
ကျွင်းရှောင်ယောက်လည်း အာရုံစိုက်ပြီး စူးစမ်းနေမိသည်။
သို့ရာတွင်၊ မမြင်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုကို သူ ယောင်ဝါးဝါး ခံစားလိုက်ရ၏။
အမှောင်ထဲတွင် အရာအားလုံးကို စောင့်ကြည့်နေသည့် မျက်လုံးတစ်စုံ ရှိနေသကဲ့သို့ပင်။
သူတို့ ခြောက်ဦးစလုံး နားမလည်နိုင်ဘဲ စိတ်ရှုပ်ထွေးနေချိန်...
သူတို့၏ ကမ္ဘာဖျက်ဆီးခြင်း တားမြစ်လက်နက်များက ရုတ်တရက် လှုပ်ရှားလာကြသည်။
နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်၊ ကောင်းကင်ငိုကြွေး နတ်ဆိုးဓား၊ မဟာကာလီ၏ ကြေးမုံ၊ နတ်ဆိုးတစ်သောင်း၏ မျှော်စင်၊ မီးနဂါး မီးအိမ်နှင့် အမြီးဆယ်ချောင်း ကောင်းကင်ဖျက်ဆီးခြင်း ချပ်ပြား။
ကမ္ဘာဖျက်ဆီးခြင်း တားမြစ်လက်နက်ခြောက်ခုက သော့ခြောက်ခုကဲ့သို့ ကောင်းကင်ယံသို့ လွင့်ပျံသွားပြီး အပျက်အစီးများအတွင်း နက်နဲရာကို ပျံသန်းသွားတော့သည်။
"ဝုန်း"
ရှေးဟောင်း တံခါးကြီးတစ်ခု ပွင့်လာသကဲ့သို့...
ကျယ်ပြောပြီး အကန့်အသတ်မရှိသော အမှောင်ဟင်းလင်းပြင်က အမှန်တကယ် တုန်ခါလာသည်။
မရေမတွက်နိုင်သော ကြယ်များနှင့် အပျက်အယွင်းများက ချက်ချင်းပင် အမှုန့်အဖြစ်သို့ ကွဲကြေသွား၏။
တခဏချင်းမှာပင် မိုးနှင့်မြေက တုန်ခါသွားတော့သည်။
ဤတုန်ခါမှုအင်အားက ကောင်းကင်မဲ့အမှောင်နယ်မြေမှ အမည်မဲ့နယ်မြေအပြင် တိုင်းတပါးပြည်နယ် ဆယ်ခုစလုံးသို့ ပျံ့နှံ့သွားတော့သည်။
ထိုအင်အားက နယ်စပ်ကိုပင် ဖြတ်သန်းသွားသည်။
ဤအခိုက်တွင် ကမ္ဘာတစ်ခုလုံး ဤအင်အားကြီးဖြင့် တုန်လှုပ်နေပုံရသည်။
ယင်းက ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်ပျက်လာတော့မည်ကဲ့သို့ပင်။
"ဘာတွေဖြစ်နေတာလဲ"
ပျက်စီးခြင်းနယ်စပ်မှ လူအားလုံး တုန်လှုပ်သွားကြသည်။
အထူးသဖြင့်၊ အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများ ဖြစ်သည်။ ဤအင်အားအောက်တွင် တုန်လှုပ်ချောက်ချားမှုကို ခံစားလာရတော့သည်။
တိုင်းတပါး၏ လူများမှာလည်း အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။
သို့သော်လည်း တချို့ အကျော်အမော်များကတော့ တစ်စုံတစ်ခုကို တွေးတောမိကြပုံရသည်။ သူတို့မျက်နှာများတွင် ကြီးစွာသော အံ့ဩမှုတို့ ဖြစ်ပေါ်လာ၏။
"အန္တိမကပ်ဘေးကြီး နိုးထလာပြီလား"
အန္တိမကပ်ဘေးကြီးသည် အင်မော်တယ်နယ်မြေကြီးအတွက် လျှို့ဝှက်ချက်ဖြစ်ပြီး အလွန်အဆင့်မြင့်သော ပုဂ္ဂိုလ်ကြီးတချို့သာ သိရှိထားကြသည်။
သို့သော်လည်း တိုင်းတပါးမှာတော့ အဆင့်မြင့် မျိုးနွယ်စု တော်တော်များများက သိကြပေသည်။
သူ့ကို တိုင်းတစ်ပါး၏ အဆုံးစွန်သော လျှို့ဝှက်ချက်နှင့် အဆုံးစွန်သော အင်အားဟု ဆိုနိုင်သည်။
"မကောင်းတော့ဘူး"
တိုက်ပွဲတွင် ပါဝင်နေသော ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီမှ အကြီးအကဲ၏ မျက်နှာအမူအရာ ပြောင်းသွားသည်။
"ဒီအငွေ့အသက်က... တကယ်ပွင့်သွားပြီလား..."
ကျွင်းထိုက်ရွှမ်၊ ကျွင်းထိုက်အနှင့် ကျွင်းမိသားစု၏ အခြားသော ရှေးဘိုးဘေးများ၏ အမူအရာများလည်း အနည်းငယ် လေးနက်လာကြသည်။
"နောက်ဆုံးတော့ နိုးထလာပြီပေါ့...၊ အင်မော်တယ်နယ်မြေကြီးရဲ့ အဆုံးသတ်ချိန် ရောက်လာပြီ"
တိုင်းတပါး၏ အင်မော်တယ်ဘုရင်တစ်ပါးက အားပါးတရ ရယ်မောပြီး ကြယ်ကောင်းကင်ကို တုန်လှုပ်စေခဲ့သည်။
တိုင်းတပါးဖက်တွင် မလှုပ်ရှားရသေးသော အန္တိမဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်ဘုရင်တစ်ပါး ရှိသေးသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်သောအခါ ကြီးမားသောမြင့်မြတ်သော စွမ်းအင်နှင့် နိယာမများက ရောယှက်ပြီး ကောင်းကင်မဲ့အမှောင်နယ်မြေမှ မြင်ကွင်းများကို ဖော်ပြနေသော ဧရာမ အလင်းမျက်နှာပြင်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ကောင်းကင်မဲ့ အမှောင်နယ်မြေသည် အလွန်လျှို့ဝှက်ဆန်းကြယ်သော်လည်း၊ အန္တိမဧကရာဇ်မျိုးနွယ်များ၏ အင်မော်တယ်ဘုရင်များက ဝင်နိုင်ပြီး အခွင့်အလမ်းကို ရရှိခဲ့သည်။
ထိုအကျော်အမော်များသာလျှင် ကောင်းကင်မဲ့အမှောင်နယ်မြေ၏ မြင်ကွင်းကို ထင်ဟပ်ဖော်ပြနိုင်စွမ်းရှိပေသည်။
အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူများက မည်မျှပင် အစွမ်းထက်စေကာမူ ကောင်းကင်မဲ့ အမှောင်နယ်မြေသို့ စူးစမ်းရန် မဖြစ်နိုင်ပါ။
အမှောင်နယ်မြေတွင် ကိုယ်ပိုင်နိယာမများ ရှိနေသောကြောင့် အန္တိမဧကရာဇ်မျိုးနွယ်များ၏ အင်မော်တယ်ဘုရင်များသာ ဝင်ရောက်နိုင်ကြသည်။
ကောင်းကင်ယံတွင် အဆုံးမဲ့လုနီး ကျယ်ပြောသော အလင်းမျက်နှာပြင်တစ်ခု ပေါ်လာသည်။
ထိုအလင်းမျက်နှာပြင်တွင် အနက်ရောင် မြူခိုးများ ပြည့်နေသော အပျက်အယွင်းကို ရောင်ပြန်ဟပ်ပြီး ပြသနေ၏။
ပျက်စီးခြင်းနယ်စပ်ရှိ လူအားလုံး တိုက်ပွဲများကို ရပ်တန့်သွားပြီး ကောင်းကင်ယံမှ အလင်းမျက်နှာပြင်ကို မော့ကြည့်လိုက်ကြသည်။
ကြီးကြီးမားမား တစ်ခုခု ဖြစ်ပျက်တော့မည်ဟု သူတို့အားလုံး ခံစားကြရပေသည်။
အထူးသဖြင့်၊ အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူအားလုံး ဆိုးရွားသော ခံစားချက်တစ်ခုကို ခံစားလာရတော့သည်။
တိုင်းတပါးဘက်မှာတော့ အတွင်းပိုင်းဇာတ်လမ်းကိုသိသော လူများစွာ၏ မျက်လုံးများက တောက်ပလာကြသည်။
သူတို့က အန္တိမကပ်ဘေးကြီး ကျရောက်လာခြင်းနှင့် အင်မော်တယ်နယ်မြေကြီး၏ ပျက်စီးခြင်းကို သက်သေပြုရန်ပင် အသင့်ဖြစ်နေပြီ။
ထိုအချိန်တွင်... ကမ္ဘာကြီးက တိတ်ဆိတ်နေသည်။
ဤအခိုက်အတန့်တွင် အရာအားလုံးက လုံးဝ တိတ်ဆိတ်သွား၏။
အလင်းမျက်နှာပြင်မှ ဘုရင်ခြောက်ပါး၏ ရုပ်သွင်ကိုတော့ လူတိုင်းက အာရုံစိုက်မှု မရှိသလောက် ဖြစ်သည်။
အကြောင်းမူ၊ ဘုရင်ခြောက်ပါးနှင့် နှိုင်းယှဉ်လျှင် လူတိုင်းက အမှောင်ထု၏ နက်နဲရာကို ပို၍ ဂရုစိုက်နေကြသောကြောင့်ပင်။
"ဒုန်း"
"ဒုန်း"
ထာဝရတိတ်ဆိတ်နေသော အမှောင်ဟင်းလင်းပြင်၏ နက်နဲသော နေရာတွင်၊ ကမ္ဘာ ဖျက်ဆီးခြင်း တားမြစ်လက်နက်ခြောက်ခုက တံခါးတစ်ပေါက်ကို ပွင့်သွားစေခဲ့သည်။
အနက်ရောင် လူသားအသွင်အပြင်တစ်ခုက ဖြည်းညှင်းစွာ ထွက်ပေါ်လာ၏။
စင်စစ်တွင် ၎င်းက ဧရာမ အနက်ရောင်ရုပ်သွင်တစ်ခု ဖြစ်တော့သည်။
သူ့တစ်ကိုယ်လုံးက နက်မှောင်နေပြီး မည်းမှောင်နေသော သွေးများကလည်း တစ်ချိန်လုံး စီးကျနေသည်။
လူအသွင်သတ္တဝါကြီးက အသက်ရှူထုတ်လိုက်တိုင်း အဆုံးမရှိသော အနက်ရောင် မြူခိုးများက ကျယ်ပြောလှသော ဟင်းလင်းပြင်တစ်ခုလုံးကို ဖြတ်သန်းသွားကြသည်။
သူ့မျက်နှာကို တစ်ခြမ်းကို မျက်နှာဖုံးဖြင့် ကွယ်ထားပြီး ကျန်တစ်ခြမ်းကတော့ ဘာမျှမရှိပေ။
သူ့တကိုယ်လုံးမှလည်း အနက်ရောင်သွေးများ စီးကျနေသည်။
အလွန်ထူးဆန်းသော ပုံပန်းသဏ္ဍာန် ဖြစ်ချေသည်။
"ဒါက အန္တိမကပ်ဘေးကြီးလား"
ကောင်းကင်မဲ့အမှောင်နယ်မြေ၏ နက်နဲရာတွင်၊ ကျွင်းရှောင်ယောက်နှင့် အခြားသူများသည် တံခါးအတွင်းမှ ထွက်လာသော လူရိပ်ကိုကြည့်ရင်း တခဏမျှ အသက်ရှူရပ်သွားကြသည်။
ထိုလူရိပ်က အမှောင်ထု၏ အရင်းအမြစ် ဖြစ်သလော။
ကျွင်းရှောင်ယောက်သည် ထိုလူအသွင် သတ္တဝါကြီး၏ ခန္ဓာကိုယ်တွင် အမှန်တကယ်ပင် ကြွယ်ဝသော အနက်ရောင်သွေး စွမ်းအားများဖြင့် ပြည့်နေကြောင်း ခံစားရသည်။
သို့ရာတွင်၊ ၎င်းက ကောင်းကင်၏အနက်ရောင်သွေးအဆင့်သို့တော့ မရောက်သေးပေ။
ယင်းက ကျွင်းရှောင်ယောက်ကို အံ့အားသင့်စေသည်။
အမှန်တရားက ထိုမျှလောက် မရိုးရှင်းနိုင်ပေ။
"အန္တိမကပ်ဘေးကြီးကို နှုတ်ခွန်းဆက်ပါတယ်"
မိုဟူလာက အော်ဟစ်ပြီး ပထမဆုံး ဒူးထောက်လိုက်သည်။ သူ့မျက်လုံးတွင် အကြွင်းမဲ့ ယုံကြည်လေးစားမှုတို့ ပြည့်နေ၏။
ဤအန္တိမကပ်ဘေးကြီး၏ အသွင်ပြင်က အလွန်ထူးဆန်းပြီး ကြောက်စရာကောင်းသော်လည်း သူ့သဘောထားက မပြောင်းလဲပေ။
ကျွင်းရှောင်ယောက်က အန္တိမကပ်ဘေးကြီးကိုသာ မမှိတ်မသုန် ကြည့်နေသည်။
အန္တိမကပ်ဘေးကြီး၏ အခြေအနေကို လုံးလုံးလျားလျား ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ။
၎င်းက အရာအားလုံး၏အဆုံးသတ်ဖြစ်ပုံရပြီး သူ၏နယ်ပယ်ကလည်း စိတ်ကူးမယဉ်နိုင်သောအဆင့်သို့ ရောက်ရှိသွားပုံရသည်။
အနည်းဆုံးတော့ ကျွင်းရှောင်ယောက်သည် အင်မော်တယ်ဘုရင်များကို ရင်ဆိုင်ရသောအခါ၊ တစ်ဖက်လူက မည်မျှအားကောင်းသည်ကို မှန်းဆကြည့်နိုင်သည်။
ယခုမူကား၊ အန္တိမကပ်ဘေးကြီး မည်မျှ အစွမ်းထက်မည်ကို သူ ခန့်မှန်းမရနိုင်ပေ။
မိုဟူလာ၏ အော်သံကြောင့် အန္တိမကပ်ဘေးကြီး၏ အကြည့်က သူတို့ခြောက်ဦးအပေါ်သို့ ကျရောက်လာသည်။
သူ၏ မည်းနက်နေသော မျက်လုံးများက ခံစားချက် လုံးဝမရှိဘဲ အေးစက်စက် ဖြစ်၏။
သို့သော်လည်း သူက မိုဟူလာနှင့် အခြားသူများကို လုံးဝလျစ်လျူရှုခဲ့သည်။
အန္တိမကပ်ဘေးကြီး၏ မျက်လုံးများက ကျွင်းရှောင်ယောက်ပေါ်သို့သာ ကျရောက်လာ၏။
"အကျွမ်းတဝင်ရှိပေမဲ့ ရွံစရာကောင်းတဲ့ အငွေ့အသက်ပဲ။ မင်းက ဘယ်သူလဲ"