← Chapters

အခန်း ၁၀၉၆

Vol. 74 Ch. 1096

အခန်း ၁၀၉၆

Vol. 74 Ch. 1096

အခန်း ( ၁၀၉၆ ) "ငါက မိုးနဲ့မြေကြားမှာ တစ်ဦးတည်းသောသူ... ကျွင်းရှောင်ယောက်ပဲ"

အလင်းမျက်နှာပြင်ရှိ အနက်ရောင် သွေးများ စီးကျနေသော ထူးခြားသည့် လူအသွင် သတ္တဝါကြီးကိုကြည့်ရင်း လူတိုင်း အသက်ရှူရပ်သွားသလို ခံစားလိုက်ရသည်။

အင်မော်တယ်နယ်မြေကြီးကို မဆိုထားဘိ၊ တိုင်းတပါးမှာပင် အန္တိမကပ်ဘေးကြီး၏ အမည်ကို ကြားဖူးရုံမျှဖြစ်ကာ အဘယ်သို့သော အရာဖြစ်မှန်း မသိနိုင်ပါ။

သို့သော်လည်း ယခုတော့ လူတိုင်း မြင်နေရပြီ ဖြစ်သည်။

သူကား တိုင်းတပါးမှ အမှောင်ထု၏ အရင်းအမြစ်၊ အရာအားလုံး၏ အဆုံးစွန်သော ကြောက်ရွံ့မှုနှင့်ကမ္ဘာပျက်စီးခြင်း၏ အရင်းမြစ်များထဲမှ တစ်ခု ဖြစ်၏။

နောက်ဆုံးတွင်၊ အန္တိမကပ်ဘေးကြီးက ဤကမ္ဘာတွင် ပေါ်လာပြီ။

"အန္တိမကပ်ဘေးကြီး ကျရောက်လာပြီ၊ အင်မော်တယ်နယ်မြေကြီးရဲ့ အဆုံးသတ်လည်း ကျရောက်လာတော့မယ်"

တိုင်းတစ်ပါး၏ အင်မော်တယ်ဘုရင်တစ်ပါးက ကျေနပ်အားရစွာဖြင့် ဟိန်းဟောက်လိုက်သည်။ သူ့အသံက ကြယ်များကိုပင် တုန်ခါသွားစေ၏။

"ဒါက အန္တိမကပ်ဘေးကြီးလား"

တိုင်းတပါးသား အများစုအတွက် ဤသည်မှာ အန္တိမကပ်ဘေးကြီးကို ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။ သူတို့၏ မျက်လုံးများက တုန်လှုပ်ခြင်းနှင့် စိတ်ဓာတ်တက်ကြွမှုတို့ ပြည့်နေတော့သည်။

အခြားတစ်ဖက်တွင်၊ အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူများက စိတ်ရှုပ်ထွေးနေကြသည်။

သူတို့က တစ်ခါမျှ မကြားဖူးသော အကြောင်းများ ဖြစ်၏။

သို့သော်လည်း အလင်းမျက်နှာပြင်မှ မြင်ကွင်းများကို ကြည့်ခြင်းအားဖြင့် သာမန်မဟုတ်ကြောင်း သိလိုက်ကြသည်။

ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီမှ မဟာအကြီးအကဲနှင့် အင်မော်တယ်နယ်မြေကြီးရှိ ထိပ်သီး အကျော်အမော်များမှာလည်း မျက်နှာအမူအရာများ လေးနက်တည်ကြည်နေတော့သည်။

ဤအခိုက်အတန့်တွင်၊ ပျက်စီးခြင်းနယ်စပ်ရှိ လူအားလုံး အန္တိမကပ်ဘေးကြီး၏ အသံကို ကြားလိုက်ရသည်။

နတ်ဆိုးတစ်ကောင်၏ စကားသံကဲ့သို့ အေးစက်ပြီး ဩဩကြီးဖြစ်ကာ ခြောက်ခြားစရာ ဖြစ်၏။

အန္တိမကပ်ဘေးကြီးက ကျွင်းရှောင်ယောက်ကိုမေးခွန်းထုတ်ခြင်းပင် ဖြစ်သည်။

သူ့အရှိန်အဝါများကို တမင်တကာ ထုတ်ဖော်ထားခြင်းမရှိသော်လည်း သက်ရောက်နေသော ဖိအားများက အဆုံးမရှိပေ။

ကျူးယဲ့၊ ယွင်ရှောင်ဟေးနှင့် ကာကူရာတို့အားလုံး ဒူးထောက်လိုက်ကြသည်။

စူးဟုန်ယီကတော့ အံကြိတ်ပြီး ကျွင်းရှောင်ယောက် အနောက်တွင် ရပ်နေလိုက်၏။

သူမ၏ ဆရာသခင်က အန္တိမကပ်ဘေးကြီး မဟုတ်၊ ကျွင်းရှောင်ယောက်သာ ဖြစ်သည်။

"ဟားဟားဟား"

ကျွင်းရှောင်ယောက်က ရုတ်တရက် ရယ်မောလိုက်သည်။

ဤအခြေအနေကို သူ မျှော်လင့်ထားပြီးသားပင်။

သူသည် ဗလာနယ်ကံကြမ္မာဖြစ်ပြီး ကောင်းကင်ကိုခိုးယူခြင်းနှင့် နေကိုပြောင်းလဲခြင်းအတတ်ဖြင့် တိုင်းတစ်ပါးရှိ သက်ရှိသတ္တဝါအားလုံးကို ဖုံးကွယ်ထားနိုင်ခဲ့သည်။

အင်မော်တယ်ဘုရင်များပင်လျှင် သူ့ကို ရှာဖွေတွေ့ရှိရန် မလွယ်ပေ။

သို့ရာတွင်... အန္တိမကပ်ဘေးကြီးက မည်သို့သော တည်ရှိမှုမျိုး ဖြစ်သနည်း။

သူ့ရှေ့တွင် လျှို့ဝှက်ဆန်းကြယ်မှု မရှိ၊ လျှို့ဝှက်ချက်အားလုံးက လျှို့ဝှက်ချက် မဟုတ်တော့ပါ။

ထို့ကြောင့်၊ ကျွင်းရှောင်ယောက်သည် အန္တိမကပ်ဘေးကြီးကို လာရောက် ရှာဖွေကတည်းက ထုတ်ဖော်ခံရမည်အား ကြိုတင် မျှော်လင့်ထားပြီးသား ဖြစ်သည်။

သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ အန္တိမကပ်ဘေးကြီးနှင့် ပတ်သက်သော အမှန်တရားကို ရှာဖွေပြီး အင်မော်တယ်နယ်မြေကြီးကို သိရှိစေရန်ပင်။

‌

နောက်ဆုံးတွင်၊ အမှောင်ထဲမှ ရန်သူက ကြောက်စရာအကောင်းဆုံး ဖြစ်သည်။

'ဖော်ပြနေတာလား'

ကျွင်းရှောင်ယောက်သည် ဤနေရာမှ မြင်ကွင်းများကို ဖော်ပြနေသည့် စွမ်းအားတစ်မျိုးမျိုး ရှိနေသည်ဟု ခံစားလိုက်ရသည်။

ထိုသို့ဆိုလျှင်၊ ကျွင်းရှောင်ယောက်၏ အစီအစဉ်က ပို၍ ပြီးပြည့်စုံလိမ့်မည်။

အင်မော်တယ်နယ်‌မြေကြီးအား အန္တိမကပ်ဘေးကြီးအကြောင်းကို သိစေမည်။

"ငါ မင်းကို မေးနေတယ်"

အန္တိမကပ်ဘေးကြီးက ထပ်မံပြောလိုက်သည်။ သူ့အသံက ခေတ်ကာလတစ်လျှောက် ပဲ့တင်ထပ်နေသည့် မရေမတွက်နိုင်သော နတ်ဆိုးအသံများကဲ့သို့ပင်။

ထိုအချိန်တွင် ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။

ကစဉ့်ကလျားခန္ဓာက သန်မာသော်လည်း ဤအခိုက်တွင် အရေပြားများ အက်ကွဲလာ၏။

ထို့ပြင်၊ ဤသည်မှာ အန္တိမကပ်ဘေးကြီးက မေးခွန်းတစ်ခုမျှသာဖြစ်ကြောင်း သိထားကြရမည် ဖြစ်သည်။

"ငါက ဘယ်သူလဲ"

"ငါက အမှန်တရားကို ဖော်ထုတ်ဖို့ ဒီကိုရောက်လာတာ...၊ လျှို့ဝှက်ဆန်းကြယ်တဲ့ အန္တိမကပ်ဘေးကြီးဆိုတာက နာမည်တစ်ခုထက်မပိုကြောင်း ကမ္ဘာကြီးကို သိစေအောင်"

ကျွင်းရှောင်ယောက်က သူ့အင်္ကျီလက်ကို ခါယမ်းလိုက်သည်။

အခြား ဘုရင်အားလုံး အလန့်တကြား ဖြစ်သွား၏။

အန္တိမကပ်ဘေးကြီးကို ဤသို့ ပြောဆိုဝံ့သလော။

"သခင်၊ မင်း ရူးနေပြီလား"

မိုဟူလာလည်း မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများမှာလည်း ပြူးကျယ်သွားလေသည်။

သူသာမကဘဲ ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့ပါ ထိတ်လန့်သွားကြသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်သည် ပုံမှန်မဟုတ်ကြောင်း အစောကြီးကတည်းက သူတို့ ခံစားမိပြီးသား ဖြစ်သည်။

ကျွင်းရှောင်ယောက်က ဘာမျှထပ်မပြောတော့ပါ။

သူ့လက်ကိုမြှောက်ပြီး မေယုကမ္ဘာနှစ်ထောင်၏ စွမ်းအားများကို စုစည်းလိုက်သည်။

နိယာမဆယ်ပါး၏ ကြောက်မက်ဖွယ်စွမ်းအားက အခြားဘုရင်များကို တိုက်ရိုက်လွှမ်းမိုးသွား၏။

ဤမြင်ကွင်းက အလင်းမျက်နှာပြင်မှတဆင့် ပျက်စီးခြင်းနယ်စပ်ရှိ မရေမတွက်နိုင်သော လူများ၏ မျက်လုံးထဲသို့ ကျရောက်သွားတော့သည်။

"အဲဒီလူက အရင် ပျက်စီးခြင်းနယ်စပ်မှာ ပေါ်လာတဲ့ တိုင်းတပါးရဲ့ ကစဉ့်ကလျားခန္ဓာပဲ"

"အင်မော်တယ်အကယ်ဒမီရဲ့ အကြီးအကဲတွေက ကစဉ့်ကလျားခန္ဓာဟာ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးထဲက တစ်ပါးလို့ ငါ ကြားခဲ့ဖူးတယ်။ အခု သူ့ရဲ့အဖော်တွေကို ဘာဖြစ်လို့ တိုက်ခိုက်နေရတာလဲ"

ပျက်စီးခြင်းနယ်စပ်မှ လူများစွာမှာ ထိုမြင်ကွင်းကြောင့် တုန်လှုပ်သွားကြသည်။

အထူးသဖြင့် ကူတိကျစ်နှင့် အင်မော်တယ်အကယ်ဒမီမှ အခြားသူများ...

ပျက်စီးခြင်းနယ်စပ်မှ ယခင်တိုက်ပွဲတွင်၊ တိုင်းတပါး၏ ကစဉ့်ကလျားခန္ဓာသည် သူတို့အပေါ် အလွန်လေးနက်သော သင်ခန်းစာတစ်ခု ပေးခဲ့သည်။

ဤအခိုက်တွင် အားလုံးက အလင်းမျက်နှာပြင်အတွင်းမှ ပုံရိပ်ကို စူးစိုက်ကြည့်နေကြပေသည်။

ထိုအထဲတွင် တောက်ပသော မျက်လုံး၊ ဖြူစင်သော သွားများဖြင့် ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက်လည်း ရှိသည်။

သူမ၏ အနက်ရောင် ဆံပင်များကိုမူ ကျစ်ဆံမြီးနှစ်ခွ ကျစ်ထား၏။

ထိုမိန်းကလေးက ကျန်းလော့လီမှတပါး မည်သူဖြစ်နိုင်ဦးမည်နည်း။

"ဖြစ်နိုင်မလား..."

ကျန်းလော့လီ၏ လေသံက အနည်းငယ် တုန်ယင်သွားသည်။

..........

"ဝုန်း"

မေယုကမ္ဘာနှစ်ထောင်၏ စွမ်းအားနှင့် နိယာမဆယ်ပါးအပြင်... ကျွင်းရှောင်ယောက်က အလစ်အငိုက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့မှာ ကျွင်းရှောင်ယောက်၏ လက်ဝါးရိုက်ချက်ကြောင့် ခန္ဓာကော စိတ်ဝိညာဉ်ပါ တစ်ခါတည်း ပျက်သုဉ်းသွားတော့သည်။ သူတို့‌ခမျာ သေဆုံးသွားသည်အထိ ကျွင်းရှောင်ယောက်၏ သရုပ်မှန်ကို မသိခဲ့ရပေ။

မိုဟူလာမှာလည်း ဒဏ်ရာအပြင်းအထန်ရပြီး ခုခံနိုင်စွမ်း လုံးဝမရှိတော့ပါ။

ကာကူရာပင်လျှင် ရိုက်ခတ်ခံခဲ့ရသည်။ သူမ၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာပြီး မယုံကြည်နိုင်မှုတို့ဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်လေသည်။

"ပထမဘုရင် သခင်၊ ဘာကြောင့်လဲ..."

ကာကူရာမှာ တုန်လှုပ်နေဆဲပင်။

ကာကူရာနှင့် အခြားသူများသာမက၊ ပျက်စီးခြင်းနယ်စပ်မှ အလင်းမျက်နှာပြင်ကို ကြည့်နေကြသော တိုင်းတစ်ပါး သတ္တဝါများအားလုံး အံ့အားသင့်သွားကြသည်။

ကမ္ဘာဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးက အဘယ်ကြောင့် အချင်းချင်း တိုက်ခိုက်နေကြသနည်း။

"ဖြစ်နိုင်မလား..."

မိုရှီမျိုးနွယ်၏ အင်မော်တယ်ဘုရင်မှာ တစ်စုံတစ်ရာကို တွေးတောမိဟန်ဖြင့် မျက်နှာအမူအရာ ပြောင်းသွားသည်။

ထိုအချိန်တွင် ပျက်စီးခြင်းနယ်စပ်ရှိ ကမ္ဘာနှစ်ရပ်မှ သတ္တဝါများအားလုံး တိုက်ခိုက်နေခြင်းကို ခေတ္တရပ်လိုက်ကြသည်။

အကြောင်းမူ၊ ယခုအချိန်တွင် အရေးအကြီးဆုံးက အန္တိမကပ်ဘေးကြီး ဖြစ်နေသောကြောင့်ပင်။

အန္တိမကပ်ဘေးကြီး ရောက်လာပါက၊ တားဆီးရန် မဖြစ်နိုင်သလောက်ဖြစ်ပြီး နယ်စပ် ပျက်စီးသွားလိမ့်မည်။

ထိုအချိန်တွင်၊ အင်မော်တယ်နယ်မြေကြီးအတွက် ကပ်ဆိုးကြီးတစ်ခု ရှိလာနိုင်သည်။

"အရှင်၊ မင်း..."

မိုဟူလာက သွေးတစ်ပွက်အန်ရင်း ကျွင်းရှောင်ယောက်ကို စိုက်ကြည့်လိုက်သည်။ သို့ရာတွင် သူ မတုံ့ပြန်နိုင်တော့ပါ။

ကျွင်းရှောင်ယောက်က အပြောင်းအလဲမရှိသော အမူအရာဖြင့် ထပ်မံ ရိုက်ချလိုက်သည်။

"ဝုန်း"

မိုဟူလာ သေပြီ။

ခဏ‌လေးအတွင်းမှာပင်၊ ကမ္ဘာဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးတွင် ကျွင်းရှောင်ယောက်၊ စူးဟုန်ယီနှင့် ကာကူရာတို့သာ ကျန်တော့သည်။

ကာကူရာလည်း သူ့တကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။

ကျွင်းရှောင်ယောက်က သူမကို ကြည့်နေသောကြောင့် ဖြစ်၏။

ယခုအချိန်တွင် ကျွင်းရှောင်ယောက်၏ မျက်လုံးများက သူ မသိသော သူစိမ်းတစ်ယောက်ကဲ့သို့ အေးစက်စက်ဖြင့် ထူးဆန်းနေသည်။

ကာကူရာကို သတ်သင့်သလား၊ မသတ်သင့်လား တွေးနေပုံရပေသည်။

"ပထမဘုရင်သခင်၊ နင်ဘာဖြစ်နေတာလဲ..."

ကာကူရာမှာ ခိုင်ခိုင်မရပ်နိုင်တော့ဘဲ မြေပေါ်သို့ ညွှတ်ကျသွားသည်။ သူ့မျက်လုံးများက ကြောင်စီစီဖြစ်နေပြီး ကျွင်းရှောင်ယောက်၏ လုပ်ရပ်များကို လုံးဝ နားမလည်နိုင်တော့ပေ။

တစ်ဖက်တွင် အန္တိမကပ်ဘေးကြီးက အစမှအဆုံးထိ အမူအရာမပြောင်းဘဲ စောင့်ကြည့်နေခဲ့သည်။

သူ၏ မှောင်မိုက်သော မျက်လုံးများက ခံစားချက်တို့မရှိပေ။

သူ့အတွက် ဘုရင်ခြောက်ပါးသည် နယ်ရုပ်များ သက်သက်သာ ဖြစ်သည်။

သူတို့ သေသွားလျှင်ပင် ပြန်ဝင်စားပြီး ဆက်လက်ရှိနေဦးမည်။

"ဒီရွံမုန်းစရာကောင်းတဲ့ အငွေ့အသက်က... မင်းရဲ့ဇာစ်မြစ်ကို ငါသိနိုင်ပြီ"

အန္တိမကပ်ဘေးကြီးက လျစ်လျူရှုစွာ ပြောလိုက်သည်။

ကျွင်းရှောင်ယောက်က အန္တိမကပ်ဘေးကြီးကို လှည့်ကြည့်လိုက်၏။

သူ့ပတ်ဝန်းကျင်မှ ကစဉ့်ကလျားမြူခိုးများအပြင် ကောင်းကင်ကို ခိုးယူကာ နေကိုပြောင်းလဲခြင်းအတတ်ဖြင့် ပြောင်းလဲထားသော အရှိန်အဝါများက တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။

ထို့နောက်၊ အဆုံးမဲ့ နတ်အလင်းများဖြင့် သူ၏ မူလရုပ်သွင်က အပြည့်အဝ ပေါ်လွင်လာ၏။

ဤအခိုက်တွင် ကမ္ဘာကြီးက တိတ်ဆိတ်သွားသည်။

ပျက်စီးခြင်းနယ်စပ်ရှိ သက်ရှိအားလုံး ဤအခိုက်တွင် အသက်ရှူရပ်သွားတော့မလို ခံစားလိုက်ရတော့သည်။

"ငါက မိုးနဲ့မြေကြားမှာ တစ်ဦးတည်းသောသူ"

"ကျွင်းရှောင်ယောက်ပဲ"

All Chapters