အခန်း ၁၀၉၈
Vol. 74 Ch. 1098
အခန်း ( ၁၀၉၈ ) အန္တိမကပ်ဘေးကြီးကို ဆန့်ကျင်ခြင်း။
တစ်ဦးက အမှောင်ထု၏ အရင်းမြစ်နှင့် အဆုံးစွန်သော ကပ်ဘေးကြီးဟု လူသိများသော အန္တိမကပ်ဘေးကြီး...
ကျန်တစ်ဦးကတော့ အဖြူရောင် အဝတ်အစားများဖြင့် ချောမောသော်လည်း အဓိပဓိနယ်ပယ်သာ ရှိသေးသော ကျွင်းရှောင်ယောက်...
ကျိုးကြောင်းဆီလျော်စွာ တွေးကြည့်ရလျှင် ဤနှစ်ယောက်က ပြိုင်ဘက်ဖြစ်ရန် မဆိုထားဘိ။
လုံးဝ မတူညီသော အဆင့်များ ဖြစ်သည်။
အန္တိမကပ်ဘေးကြီးက သာမန် သက်ရှိများ၏ အဆင့်ကို ကျော်လွန်နေပြီ။
သူသည် တွေးကြည့်ရန်ပင် ခက်ခဲလောက်အောင် ထူးဆန်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်သွေးတစ်စက်သည်ပင် ကမ္ဘာတစ်ခုလုံးကို ညစ်ညမ်းစေနိုင်ပေသည်။
ထို့ကြောင့် သူတို့နှစ်ဦးသည် တူညီသောအဆင့်တွင် လုံးဝ မရှိပါ။
သို့သော်လည်း ကျွင်းရှောင်ယောက်က အလောင်းအစားပြုနေပြီ ဖြစ်သည်။
"ဟားဟားဟား..."
နတ်ဆိုးတစ်သောင်း ရယ်မောနေသကဲ့သို့ ဩဩရှရှ ရယ်မောသံ ထွက်ပေါ်လာသည်။
အန္တိမကပ်ဘေးကြီးက အမှန်တကယ် ရယ်မောလိုက်၏။
"ငါနဲ့ အလောင်းအစား လုပ်မယ်... ဟုတ်လား၊ ပုရွက်ဆိတ်လေး... မင်းရဲ့ သတ္တိကိုတော့ ငါ သဘောကျသွားပြီ"
"ဒီလိုဆိုမှတော့ ငါ မင်းကို တစ်ကြိမ်လောက် ကရုဏာပြလိုက်မယ်"
အန္တိမကပ်ဘေးကြီးက သူ့လက်ကို ဖြည်းညှင်းစွာမြှောက်ပြီး ကျွင်းရှောင်ယောက်ဆီသို့ လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။
"ဝုန်း"
လက်ညှိုးတစ်ချက်နှင့် ဟင်းလင်းပြင်က ပြိုကျသွား၏။
လက်ညှိုး ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ ဟင်းလင်းပြင်က ပျက်သုဉ်းကာ လေဟာနယ်အဖြစ် ပြောင်းသွားရသည်။
ယင်းက အလွန်ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုပင်။
ထိုလက်ညှိုးကို ရင်ဆိုင်ရသောအခါ ကျွင်းရှောင်ယောက်၏ မျက်နှာမှာလည်း လေးနက်လာသည်။
ထို့နောက်...
"ဝုန်း..."
ကျွင်းရှောင်ယောက်၏ နောက်ကွယ်မှ ဟင်းလင်းပြင်က အက်ကွဲသွားသည်။
အပျက်သဘောဆောင်သော အငွေ့အသက်တို့က အရပ်ရပ်သို့ ပျံ့နှံ့သွား၏။
အလွန်ကြီးကျယ်ခမ်းနားသော နတ်ဆိုးအရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။
ထိုကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါက မိုးနှင့်မြေကို ဖိနှိပ်ထားသည်။
ရှေးခေတ်မှ ယနေ့အထိ အစွမ်းထက်ဆုံးသော ဖျက်ဆီးခြင်း၏ နတ်ဆိုးဘုရင် ရောက်ရှိလာသကဲ့သို့ပင်။
"ဘာဖြစ်သွားတာလဲ"
ပျက်စီးခြင်းနယ်စပ်တွင် ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း အံ့ဩသွားသည်။
"အဲဒါက... နတ်ဘုရားရဲ့ မိစ္ဆာစိတ်ပဲ"
ထိုအရိပ်ကြီးကို မှတ်မိသွားသော အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူများ မျက်လုံးပြူးသွားကြသည်။
ကျွင်းရှောင်ယောက်၏ နောက်ကွယ် ဟင်းလင်းပြင်မှ ပေါ်လာသည်က...
ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာထဲတွင် ဖိနှိပ်ထားခဲ့သော အဇူရာဧကရာဇ်၏ မိစ္ဆာအတွေးများပင်။
ဤအခိုက်အတန့်တွင်၊ ကျွင်းရှောင်ယောက်က နတ်ဘုရား၏ မိစ္ဆာအတွေးများကို တိုက်ရိုက် လွတ်မြောက်ခွင့်ပေးခဲ့သည်။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က နတ်ဘုရားရဲ့ မိစ္ဆာအတွေးတွေကို သူ့ခန္ဓာကိုယ်နဲ့ တံဆိပ်ခတ်ထားတဲ့အပြင် ထိန်းချုပ်နိုင်စွမ်းပါ ရှိသေးတာလား"
အင်မော်တယ်နယ်မြေကြီးရှိ အင်အားစုများစွာ၏ အကြီးအကဲများက အော်ဟစ်လိုက်ကြသည်။
"ဒါနဲ့... ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က သူ့ရဲ့အထောက်အထားကို ဖုံးကွယ်ဖို့ တိုင်းတပါးရဲ့ ကစဉ့်ကလျားခန္ဓာအဖြစ် နေထိုင်ခဲ့တယ် မဟုတ်လား။ ဖြစ်ကောင်းဖြစ်နိုင်တာက..."
ထိုအချက်ကို လူတော်တော်များများက တွေးလိုက်မိကြသည်။
အဇူရာဧကရာဇ်သည် ကစဉ့်ကလျား မိုးပြာရောင်ကြာပန်း ဖြစ်၏။
သို့ဆိုလျှင် ဖြစ်နိုင်ချေ တစ်ခုသာ ရှိသည်။
ကျွင်းရှောင်ယောက်က အဇူရာဧကရာဇ်၏ အမွေကို ရရှိခဲ့ခြင်းပင်။
ထိုသို့ တွေးမိသောအခါ လူအတော်များများ နားလည်သွားကြသည်။
ကျွင်းရှောင်ယောက်က ထိုကပ်ဘေးကြီးတွင် အဘယ်ကြောင့် အသက်ရှင်ခဲ့သနည်း။
ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါး၏ အမွေဆက်ခံမှုဖြင့် အထူးအဆန်း ဖြစ်ပါဦးမည်လော။
သို့ရာတွင်... သူတို့၏ မှန်းဆချက်က တချို့သာ မှန်ပြီး တချို့က မှားသည်။
ကျွင်းရှောင်ယောက်က နတ်ဘုရား၏မိစ္ဆာအတွေးကို ဖိနှိပ်ရန် အဇူရာဧကရာဇ်ကို အမှန်တကယ် အားကိုးခဲ့သည်။
သို့သော်လည်း သူသည် နတ်ဘုရား၏ မိစ္ဆာအတွေးများကို မထိန်းချုပ်နိုင်ပေ။
နတ်ဘုရား၏ မိစ္ဆာအတွေးတွင် မည်သည့် တွေးခေါ်မှုနှင့် ကျိုးကြောင်းဆီလျော်မှုမျှ မရှိဘဲ သတ်ဖြတ်ချင်စိတ်သာ ရှိသည်။
သူ့ကို တားဆီးနိုင်သူအား ဖျက်ဆီးပစ်တတ်၏။
ယခုလည်း၊ ကျွင်းရှောင်ယောက်နှင့်ယှဉ်လျှင် အန္တိမကပ်ဘေးကြီးက ပို၍ ထင်ရှားသည်။
ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ကျွင်းရှောင်ယောက်ကို သူတို့ ဂရုမစိုက်ကြပေ။
ထို့ကြောင့်၊ နတ်ဘုရား၏ မိစ္ဆာအတွေးက အန္တိမကပ်ဘေးကြီးကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။
"ဝုန်း"
နတ်ဘုရား၏ မိစ္ဆာအတွေးက တိုက်ရိုက် တိုက်ခိုက်လိုက်၏။ ၎င်းတို့၏ စွမ်းအားက မိုးနှင့်မြေကို တုန်ဟီးသွားစေသည်။
ဒဏ္ဍာရီလာ ဧကရာဇ်ကို မဆိုထားဘိ။
သာမန် ဧကရာဇ်တစ်ပါး၏ မိစ္ဆာအတွေးပင်လျှင်၊ ကမ္ဘာ့ကပ်ဆိုးကြီးများ ဖြစ်လာစေရန် လုံလောက်သည်။
ရှန်းရွှီကမ္ဘာတွင်ရှိစဉ်က အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူများသည် နတ်ဘုရား၏ မိစ္ဆာအတွေးကို တားဆီးရန် နည်းလမ်းပေါင်းစုံ ရှာကြံခဲ့ရသည်။
ယခုမူကား၊ အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူ အများစုက နတ်ဘုရား၏ မိစ္ဆာအတွေးကို အနိုင်ရရှိစေရန် အမှန်တကယ် မျှော်လင့်နေကြပြီ။
တစ်ချိန်က နတ်ဘုရား၏ မိစ္ဆာအတွေးသည် ရှန်းရွှီကမ္ဘာအတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခု ဖြစ်ခဲ့သည်။
ယခုဆိုလျှင် သူက ကျွင်းရှောင်ယောက်၏ သေခြင်းရှင်ခြင်းနှင့် ဆက်စပ်နေပြီ မဟုတ်ပါလား။
..............
ဟင်းလင်းပြင်က တိတ်တဆိတ် ပြိုကျသွားသည်။
ထိုလက်ချောင်းကို တွေ့သောအခါ နတ်ဘုရား၏ မိစ္ဆာအတွေးများ၏ ကြီးကျယ်ခမ်းနားသော စွမ်းအင်က နေရောင်နှင့် ထိတွေ့ရသော နှင်းစက်ကဲ့သို့ အရည်ပျော်သွားတော့သည်။
နတ်ဘုရား၏ မိစ္ဆာအတွေးက အန္တိမကပ်ဘေးကြီး၏ လက်ချောင်းကို တားဆီးနိုင်ခဲ့သည်။
သို့ရာတွင်၊ နတ်ဘုရား၏ မိစ္ဆာအတွေးများ၏ စွမ်းအင်အများစုသည်လည်း ပျောက်ကွယ်သွားခဲ့ရပေသည်။
နောက်ဆုံးတွင်၊ သူက ဒဏ္ဍာရီလာ ဧကရာဇ်မှ ကျန်ရစ်ခဲ့သော စွဲလမ်းမှုသာ ဖြစ်သည်။
စစ်မှန်သော ဒဏ္ဍာရီလာ ဧကရာဇ်နှင့် နှိုင်းယှဉ်စရာ မရှိပေ။
ဧကရာဇ်ကြီးများပင်လျှင် သူတို့ကို အလွယ်တကူ ချေမှုန်းပစ်နိုင်သည်။
ယခုကဲ့သို့ ပို၍ အစွမ်းကြီးမားသော အန္တိမကပ်ဘေးကြီးနှင့် ရင်ဆိုင်ရသည့်အခါမှာတော့...
"ဒါက မင်းရဲ့ အားကိုးရာလား။ နည်းနည်းတော့ ရယ်စရာကောင်းတယ်"
အန္တိမကပ်ဘေးကြီးက နောက်တစ်ဖန် လက်ညှိုးညွှန်လိုက်သည်။
အဆုံးမရှိသော အနက်ရောင်သွေး စွမ်းအားများက စုစည်းလာပြီး ကမ္ဘာကို ဖျက်ဆီးပစ်နိုင်ပုံရသော အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။
ဤအနက်ရောင်အလင်းအောက်တွင် အရာခပ်သိမ်းက ညှိုးနွမ်းပျက်စီးလိမ့်မည်။
"ရား"
နတ်ဘုရား၏ မိစ္ဆာအတွေး၏ မျက်လုံးထဲတွင် သွေးနီရောင်အလင်းများ တောက်ပနေသည်။
သူ့တွင် ဆင်ခြင်တုံတရားမရှိသလို တွေးခေါ်စိတ်လည်း များများမရှိပေ။
သူ့ရှေ့က သတ္တဝါက သူ့ကို တိုက်ခိုက်နေမှန်းသာ သိသည်။
ကစဉ့်ကလျားစွမ်းအင်များက တဟုန်ထိုး တက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားက ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော ကြယ်များ ကွဲအက်သွား၏။
မိုင်ပေါင်းများစွာ ဝေးကွာသော ဟင်းလင်းပြင် အက်ကြောင်းကြီးများလည်း ဖြစ်ပေါ်လာတော့သည်။
ဤမြင်ကွင်းက အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများကို အံ့ဩတကြီး ဖြစ်စေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့်၊ ထိုအချိန်က ရှန်းရွှီကမ္ဘာတွင် ကျွင်းရှောင်ယောက်သည် နတ်ဘုရား၏ မိစ္ဆာအတွေးများကို ဖိနှိပ်ရန် သူ့ခန္ဓာကိုယ်ကို အသုံးပြုခဲ့သည်။
မဟုတ်ပါက အကျိုးဆက်များမှာ မှန်းဆရန် မလွယ်ပေ။
ထိုသို့တွေးမိသောအခါ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ကျွင်းရှောင်ယောက်ကို ပို၍ လေးစားသွားကြသည်။
မျိုးဆက်ဟောင်းမှ ကျင့်ကြံသူများလည်း ထိုကဲ့သို့ပင်။
ကောင်းကင်မဲ့ အမှောင်နယ်မြေတွင်...
ကျွင်းရှောင်ယောက် အနည်းငယ် အံ့ဩသွားသည်။
သူ၏ အတွင်းစကြာဝဠာတွင် ယုံကြည်ခြင်း စွမ်းအားများ တဟုန်ထိုး တက်လာခြင်းကို ခံစားရ၏။
ဤယုံကြည်ခြင်း၏ အရင်းအမြစ်က တိုင်းတပါး၏ ကံကြမ္မာနတ်ဘုရားဂိုဏ်းမှ မဟုတ်ပေ။
ထိုအစား အင်မော်တယ်နယ်မြေကြီးမှ လာနေခြင်း ဖြစ်သည်။
'သူရဲကောင်းဖြစ်ရတာမှာလည်း အကျိုးကျေးဇူးတွေ ရှိပုံရတယ်'
ကျွင်းရှောင်ယောက်လည်း စိတ်ထဲမှ ကြိတ်ပြုံးလိုက်မိသည်။
မူလက သူသည် သူရဲကောင်းဖြစ်ချင်စိတ် မရှိပေ။
သို့သော်လည်း နောက်ဆုံးတွင် သူရဲကောင်း ဖြစ်လာခဲ့ရသည်။
ကံကြမ္မာက လူများကို အမှန်တကယ် လှည့်စားတတ်လေသည်။
'ဒါပေမဲ့ အခု ကစားပွဲက မပြီးသေးဘူး...'
ကျွင်းရှောင်ယောက်၏ အမူအရာမှာ လေးနက်လာပြန်သည်။
နတ်ဘုရား၏ မိစ္ဆာအတွေးက အန္တိမကပ်ဘေးကြီးကို ယာယီ တားဆီးထားနိုင်သော်လည်း...
ကျွင်းရှောင်ယောက်က ထွက်ပြေးရန် စိတ်ကူးမရှိပေ။
ကောင်းကင်မဲ့အမှောင်နယ်မြေတွင် ရှိနေသရွေ့ အန္တိမကပ်ဘေးကြီးက သူ့အား အလွယ်တကူ ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်း သူ သိထားသောကြောင့် ဖြစ်သည်။
ကျွင်းရှောင်ယောက်နှင့် အန္တိမကပ်ဘေးကြီး...
အဆုံးတွင် တစ်ဦးသာ ကျန်လိမ့်မည်။
"တတိယ လက်"
အန္တိမကပ်ဘေးကြီးက လျစ်လျူရှုစွာ ပြောရင်း လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။
ဤလက်ချောင်းတွင် စကြဝဠာအတွင်းရှိ အဆုံးမဲ့ အနက်ရောင်သွေး စွမ်းအင်များ စုဝေးနေ၏။
မရေမတွက်နိုင်ဘဲ ထူးဆန်းသော ကမ္ပည်းများကလည်း ကောင်းကင်တခွင် ပြည့်နေတော့သည်။
ဤအရာမှာ အန္တိမကပ်ဘေးကြီး၏ စွမ်းအား ဖြစ်သည်။ အနက်ရောင်သွေးက နယ်ပယ်အားလုံးကို လွှမ်းမိုးပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပေသည်။
နတ်ဘုရား၏ မိစ္ဆာအတွေးက ရူးသွပ်စွာ ဟိန်းဟောက်ပြီး ခုခံလိုက်သည်။
နောက်ဆုံးတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။
နတ်ဘုရား၏ မိစ္ဆာအတွေးက တိုက်ရိုက် ကွဲကြေကာ စွမ်းအင်များအဖြစ်နှင့် မိုးနှင့်မြေကြားတွင် ပြန့်ကျဲသွားတော့သည်။
လက်သုံးချောင်း...
လက်သုံးချောင်းမျှသာ...
ထိုမျှဖြင့် ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါးမှ ကျစ်ရစ်ခဲ့သော နတ်ဘုရား၏ မိစ္ဆာအတွေး ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင်၊ အင်မော်တယ်နယ်မြေကြီးမှ သတ္တဝါအားလုံး ပင့်သက်ရှိုက်လိုက်မိကြသည်။
နောက်ဆုံးတော့ အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူများ နားလည်သွားကြပြီ။
တိုင်းတစ်ပါး၏ အန္တိမကပ်ဘေးကြီးက မည်သို့သော တည်ရှိမှုမျိုး ဖြစ်သလဲဆိုတာ...
"အခု မင်းအလှည့်"
အန္တိမကပ်ဘေးကြီးက ခံစားချက်မရှိပေ။
သူ့လက်ဖဝါးကို ကျွင်းရှောင်ယောက်ဆီသို့ ဆန့်ထုတ်လိုက်သည်။
ကောင်းကင်ကြီး မှောက်သွားသကဲ့သို့ပင်။
အဆုံးမဲ့ အမှောင်ထုက ကျွင်းရှောင်ယောက်ကို လွှမ်းခြုံလာသည်။
ဤကဲ့သို့ စွမ်းအားကင်းမဲ့သော အခြေအနေမျိုးက လူတိုင်းကို စိတ်ပျက်အားငယ်ကာ လက်လျှော့သွားစေနိုင်လောက်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ အမူအရာကတော့ မပြောင်းလဲပေ။
သူ့တွင် ကံကြမ္မာကို လက်ခံခြင်းမျိုး မရှိခဲ့ပါ။
သူ အစွမ်းရှိသမျှ ဆန့်ကျင်သွားလိုသည်။
ထိုစဉ်...
နတ်ဘုရား၏ သံသင်္ကရိုက် ရွတ်ဖတ်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။
နေရောင်ခြည် တောက်ပလာသည်။
အရုဏ်ဦး အလင်းရောင်ကဲ့သို့... ဤအမှောင်ထုကို ဖယ်ရှားလိုက်၏။
အရပ်မြင့်မြင့်နှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က ကျွင်းရှောင်ယောက်၏ရှေ့တွင် ဝင်ရပ်လိုက်တော့သည်။