အခန်း ၁၀၉၉
Vol. 74 Ch. 1099
အခန်း ( ၁၀၉၉ ) ထာဝရ သူရဲကောင်း။
ပျက်စီးခြင်းနယ်စပ်ရှိ အလင်းမျက်နှာပြင်တွင်...
အန္တိမကပ်ဘေးကြီးက လက်သုံးချောင်းဖြင့် နတ်ဘုရား၏ မိစ္ဆာအတွေးကို ဖျက်ဆီးလိုက်ကြောင်း တွေ့လိုက်ရသောအခါ...
လူတိုင်း တုန်လှုပ်ပြီး ခေါင်းမွှေးထောင်ထသွားကြသည်။
အထူးသဖြင့် အင်မော်တယ်နယ်မြေကြီးမှ လူများမှာ လုံးဝ မမျှော်လင့်ထားပေ။
တိုင်းတစ်ပါး၏ အန္တိမကပ်ဘေးကြီးက အစွမ်းထက်လွန်းသည်။
သူတို့ကို ပို၍ အသက်ရှူကျပ်စေသည့်အရာမှာ အန္တိမကပ်ဘေးကြီးက ကျွင်းရှောင်ယောက်အား ဆက်လက်ညွှန်ပြနေခြင်း ဖြစ်သည်။
"နတ်ဘုရားသားတော်..."
"သခင်လေး"
"ရှောင်ယောက်"
အင်မော်တယ်နယ်မြေကြီးတွင်၊ ကျွင်းရှောင်ယောက်နှင့် ပတ်သက်သူများအားလုံး မျက်နှာပျက်သွားကာ အော်ဟစ်လိုက်ကြသည်။
ကောင်းကင်နှင့် ကစားပွဲကိုပင် အနိုင်ယူနိုင်ခဲ့သော ကျွင်းရှောင်ယောက်...
တိုင်းတစ်ပါးမှ အန္တိမကပ်ဘေးကြီး၏ လက်ထဲတွင် အမှန်တကယ် ကျရောက်တော့မည်လော။
ကျွင်းရှောင်ယောက်သာ အမှန်တကယ် ကျဆုံးသွားပါက...
ကျွင်းမိသားစုအတွက် ဆုံးရှုံးမှုတစ်ခုမျှသာ မဟုတ်ပါ။
အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးအတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။
အကြောင်းမူ၊ အနာဂတ်တွင် အင်မော်တယ်နယ်မြေကြီး၏ ရန်သူအားလုံးကို ဖိနှိပ်မည့် တန်ခိုးကြီး အကျော်အမော်တစ်ဦးကို ဆုံးရှုံးရမည် ဖြစ်သောကြောင့်ပင်။
"ကိုကို ရှောင်ယောက်..."
ကျန်းလော့လီ၏ မျက်နှာလေးက သွေးဆုတ်ဖြူရော်သွားကာ အော်ဟစ်လိုက်သည်။
နယ်ပယ်နှစ်ခုမှ မျက်လုံးအကြည့်အားလုံးက အလင်းမျက်နှာပြင်ရှိ မြင်ကွင်းကို စိုက်ကြည့်နေချိန်...
အမှောင်စကြာဝဠာထဲတွင် အလွန်တောက်ပသော အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်လာသည်။
တင်ပျဉ်ခွေထိုင်နေသော နတ်ဘုရားသုံးထောင် ရှိနေသကဲ့သို့ ပုံရိပ်သုံးထောင် ပေါ်လာ၏။
နေဝင်ချိန်မှ အလင်းရောင်ကဲ့သို့ အလင်းရောင်နှင့်အတူ ရှေးကျသော အက္ခရာများလည်း ပေါ်လာတော့သည်။
ကြီးကျယ်ခမ်းနားသော ထိုအလင်းရောင်က အန္တိမကပ်ဘေးကြီး၏ လက်ချောင်းကို ခုခံသွားခဲ့သည်။
တစ်ချိန်တည်းမှာပင်...
အရပ်မြင့်မြင့်နှင့် ဖြောင့်မတ်သော ပုံရိပ်တစ်ခုက ကျွင်းရှောင်ယောက်၏ရှေ့တွင် ပေါ်လာ၏။
သူ့ပုံရိပ်က ကမ္ဘာပေါ်တွင် အခိုင်မာဆုံး အတားအဆီးကဲ့သို့ပင်။
ကျွင်းဝူဟွေ့ ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ တည်ငြိမ်မှုဖြင့်ပင်... ဤအခိုက်တွင် အံ့အားသင့်ပြီး ခဏတာ ငေးမောသွားမိသည်။
ကျွင်းမိသားစု၏ လှည့်ကွက်များကို ခန့်မှန်းမိပြီး ယနေ့တွင် သူ့အဖေ ပေါ်လာလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း...
ထိုပုံရိပ်ကို ရုတ်တရက် မြင်လိုက်ရသောအခါ ဘာပြောရမည်မှန်း မသိတော့ပေ။
သူ့စိတ်ထဲတွင် ခံစားချက်များက ရှုပ်ထွေးနေသည်။
သူ မွေးလာကတည်းက တစ်ခါမျှ မတွေ့ခဲ့ဖူးသော အဖေ...
ယခုတော့ အန္တိမကပ်ဘေးကြီးကို တားဆီးပြီး အကာအကွယ်ပေးရန် သူ့ရှေ့တွင် ရပ်နေပြီ။
"ရှောင်ယောက်၊ ငါ့နောက်မှာ နေပါ"
ရိုးရှင်းသော်လည်း အေးဆေးတည်ငြိမ်သော စကားလုံးများက ဝတ်စုံဖြူဝတ် အမျိုးသားထံမှ ထွက်ပေါ်လာသည်။
ကျွင်းဝူဟွေ့က သူ့ကို လှည့်မကြည့်ပေ။
ကျွင်းရှောင်ယောက်လည်း လက်သီးကို တိတ်တဆိတ် ဆုပ်လိုက်မိသည်။
ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သည့် အန္တိမကပ်ဘေးကြီးနှင့် ရင်ဆိုင်ရသောအခါမှာပင်...
သူ့နောက်မှာ နေပါဟု တည်ငြိမ်စွာ ပြောနိုင်သူက မည်သူဖြစ်သနည်း။
သူ့ဖခင် ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင် တစ်ပါးတည်းသာ ရှိသည်။
"အဖေ..."
ကျွင်းရှောင်ယောက်လည်း အနည်းငယ် စိတ်ရှုပ်ထွေးနေပြီး နောက်ဆုံးတွင် ခေါ်လိုက်သည်။
"စိတ်မပူပါနဲ့၊ ကောင်းကင်ကြီး ပြိုကျရင်တောင် မင်းအဖေက ထမ်းပိုးထားပေးမယ်"
ကျွင်းဝူဟွေ့က တည်ငြိမ်စွာ ပြောလိုက်သည်။
သို့သော်လည်း သူ့လေသံမှ နှစ်သိမ့်မှု အရိပ်အမြွက်တို့ကို ခံစားနိုင်လေသည်။
ကျွင်းဝူဟွေ့က ကမ္ဘာကြီးကို ကာကွယ်ပေးထားသော်လည်း သူ့ဇနီးနှင့် သားကို ကောင်းစွာ ဂရုမစိုက်နိုင်ခဲ့ပေ။
ယင်းက ကျွင်းဝူဟွေ့၏ နှလုံးသားထဲမှ နာကျင်စရာတစ်ခု ဖြစ်ခဲ့သည်။
"အဲဒါ... ကျွင်းဝူဟွေ့ပဲ"
"ဒါက တကယ်ပဲ၊ ကျွင်းမိသားစုရဲ့ ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်က တကယ်ကြီး အသက်ရှင်နေသေးတယ်"
"ဟားဟားဟား၊ ချီရှောင်းဘုရင်က ကျွင်းမိသားစုရဲ့ နတ်ဘုရားဘုရင်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူးဆိုတာ ငါသိတယ်"
ပျက်စီးခြင်းနယ်စပ်တွင်၊ အလင်းမျက်နှာပြင်မှ မြင်ကွင်းများကို မြင်လိုက်ရပြီးနောက် မရေမတွက်နိုင်သောလူများ ဝမ်းသာအားရ ဖြစ်ကုန်သည်။
"ဝူဟွေ့..."
ကျွင်းမိသားစုမှ အကြီးအကဲများလည်း သက်ပြင်းတစ်ချက်ချလိုက်၏။
"နတ်ဘုရားဘုရင် ဝူဟွေ့ပဲ၊ ကောင်းလိုက်တာ"
"ဒါက ငါ့ရဲ့ ကျေးဇူးရှင်ပဲ။ ငါ့ကျေးဇူးရှင် ရှုံးနိမ့်ဖို့ဆိုတာ မဖြစ်နိုင်မှန်း ငါသိတယ်။ သူက ငါတို့ အင်မော်တယ်နယ်မြေကြီးရဲ့ ပြိုင်ဘက်ကင်းတဲ့ နတ်ဘုရားဘုရင်ပဲ"
နယ်စပ်တွင်၊ အမာရွတ်လေးခု သခင်ကြီးက ဝမ်းသာမျက်ရည်တို့ဖြင့် အော်ဟစ်လိုက်သည်။
ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင် ကျွင်းဝူဟွေ့သည် နယ်ခြားစောင့် အင်အားစု အားလုံး၏ ယုံကြည်ချက်ဟု ဆိုနိုင်သည်။
သူတို့ အမြဲတမ်း ယုံကြည်ခဲ့၏။
ယခုတော့ နတ်ဘုရားဘုရင် ပြန်ရောက်လာပြီ။
ဤအခိုက်အတန့်တွင် မရေမတွက်နိုင်သော နယ်ခြားစောင့် ကျင့်ကြံသူများက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
"ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင် ပြန်ရောက်လာတာကို ကြိုဆိုပါတယ်"
"နတ်ဘုရားဘုရင် ပြန်လာပြီဟေ့၊ ရန်သူအားလုံးကို သတ်"
အင်မော်တယ်နယ်မြေကြီးရှိ မရေမတွက်နိုင်သော လူများက ယုံကြည်မှုအပြည့်ဖြင့် အော်ဟစ်နေကြတော့သည်။
မိုင်ပေါင်းများစွာ ဝေးကွာသောကြောင့် ကျွင်းဝူဟွေ့က သူတို့အသံကို ကြားရန် မဖြစ်နိုင်သော်လည်း...
စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြဆဲ ဖြစ်သည်။
ဤသည်မှာ ကျွင်းဝူဟွေ့၏ ဂုဏ်သတင်းက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် မည်မျှ ကျော်ကြားကြောင်း ပြသနေခဲ့လေသည်။
သို့သော်လည်း တိုင်းတစ်ပါးမှ အင်မော်တယ်ဘုရင်အချို့က အေးစက်စက် မျက်လုံးများဖြင့်သာ ကြည့်နေကြသည်။
"သူဆိုရင်တောင် အန္တိမကပ်ဘေးကြီးရှေ့မှာ ဘာမှမဟုတ်ဘူး"
"ဟုတ်တယ်၊ အန္တိမကပ်ဘေးကြီးက အလွယ်တကူ ဖယ်ရှားပစ်နိုင်တယ်"
အင်မော်တယ်ဘုရင်များက အေးတိအေးစက်ဖြင့် ပြောဆိုလိုက်ကြသည်။
ထိုအချိန်၊ ကောင်းကင်မဲ့ အမှောင်နယ်မြေတွင်...
ကျွင်းဝူဟွေ့ ပေါ်လာတာကို မြင်လိုက်ရပြီးနောက် အမြဲတမ်း လျစ်လျူရှုထားသော အန္တိမကပ်ဘေးကြီးက အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
"နောက်ထပ် ကျွင်းမိသားစုဝင်တစ်ဦး"
ကျွင်းဝူဟွေ့၏ အသွင်အပြင်က အန္တိမကပ်ဘေးကြီးကို အံ့အားသင့်စေသော်လည်း ပြန်လည် တည်ငြိမ်သွား၏။
အကြွင်းမဲ့ခွန်အားက အန္တိမကပ်ဘေးကြီး၏ ယုံကြည်မှုဖြစ်သည်။
"တိုင်းတပါးရဲ့ အန္တိမကပ်ဘေးကြီးက ကိုယ့်အဆင့်ကိုနှိမ့်ပြီး အငယ်တစ်ယောက်ကို တကယ်ကြီး တိုက်ခိုက်နေပါလား၊ ရှက်စရာကောင်းတယ်လို့ မထင်မိဘူးလား"
ကျွင်းဝူဟွေ့က တည်ငြိမ်စွာ ပြောလိုက်၏။
"သက်ရှိသတ္တဝါတွေရဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေက ငါ့အတွက် အဓိပ္ပါယ်မရှိဘူး"
"နောက်ပြီးတော့ ကျွင်းမိသားစုကို ဖျက်ဆီးပစ်ရမယ်"
ကျွင်းမိသားအကြောင်း ပြောသောအခါ၊ အမြဲတမ်း လျစ်လျူရှုထားသည့် အန္တိမကပ်ဘေးကြီးက စိတ်ခံစားချက် အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။
ကျွင်းမိသားစုနှင့် အန္တိမကပ်ဘေးကြီးကြားမှ ဆက်ဆံရေးသည် ထိုမျှရိုးရှင်းသည်မဟုတ်ကြောင်း ထင်ရှားလှပေသည်။
ယင်းကို ပါးနပ်သော ကျွင်းရှောင်ယောက်က သတိပြုမိသောကြောင့် သူ့မျက်လုံးများမှာ အရောင်လက်သွားသည်။
ကျွင်းဝူဟွေ့က ကောင်းကင်မဲ့အမှောင်နယ်မြေ ဖွင့်လှစ်မည့်အချိန်ကို စောင့်ဆိုင်းနေခြင်းဟု သူ ခန့်မှန်းမိခဲ့သော်လည်း...
ဘယ်အတွက်ကြောင့်နည်း။
ကျွင်းဝူဟွေ့တွင် အန္တိမကပ်ဘေးကြီးကို သတ်ဖြတ်နိုင်စွမ်း ရှိသလော။
သူ့ဖခင်ကို အလွန် အထင်ကြီးပြီး ထိုသို့လုပ်နိုင်စွမ်းရှိမည်ဟု ထင်သော်လည်း...
လက်ရှိတွင် ကျွင်းဝူဟွေ့က ကိုယ်ပွားသုံးခုထဲမှ တစ်ခုသာ ဖြစ်သည်။
ကျွင်းရှောင်ယောက် စိတ်ရှုပ်ထွေးနေချိန်တွင်...
ကျွင်းဝူဟွေ့က အန္တိမကပ်ဘေးကြီးကို ကြည့်ပြီး တည်ငြိမ်စွာ ပြုံးလိုက်သည်။
"ငါက ငါ့ကျွင်းမိသားစု ပိုင်ဆိုင်တဲ့ ပစ္စည်းကိုပြန်ယူဖို့ ရောက်လာခဲ့တာပါ"
ထိုစကားကိုကြားတော့ အန္တိမကပ်ဘေးကြီး၏ မှောင်မိုက်သော မျက်လုံးအစုံက ကြောက်မက်ဖွယ်ကောင်းသော လူသတ်အလင်းရောင်တို့ ပေါက်ကွဲထွက်လာသည်။
ရုတ်တရက်...
ကောင်းကင်ကြီး တုန်ခါသွား၏။
အနက်ရောင် မြူခိုးများလည်း လျှံတက်လာတော့သည်။
"မင်းရဲ့အားနည်းချက်ကို ငါ ထိုးမိသွားတာလား"
ကျွင်းဝူဟွေ့က အမူအရာမပြောင်းဘဲ လက်နှစ်ဖက်ကို နောက်သို့ယှက်ပြီး ရပ်နေဆဲ ဖြစ်သည်။
"ပုရွက်ဆိတ်... ငါ့ကို ဒေါသထွက်စေဝံ့မှတော့ မင်းကို သေချင်စိတ်ပေါက်လာအောင် လုပ်ပြမယ်"
အန္တိမကပ်ဘေးကြီးက လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။
အမှောင်တာအိုနိယာမများက တဟုန်ထိုး တက်လာသည်။ အနက်ရောင် သွေးစွမ်းအင်လည်း မြင့်တက်လာပြီး အပျက်အယွင်းများစွာ ဖုန်မှုန့်ဖြစ်သွား၏။
ယင်းကိုမြင်တော့ ကျွင်းဝူဟွေ့ မျက်မှောင်ကြုတ်သွား၏
သူ့လေသံက လျစ်လျူရှုထားသော်လည်း တကယ်တမ်းတွင် အန္တိမကပ်ဘေးကြီးကို လျှော့မတွက်ခဲ့ပေ။
ကျွင်းဝူဟွေ့က နတ်ဘုရားဘုရင်ခန္ဓာကို အစွမ်းကုန် အသက်သွင်းလိုက်သည်။
အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်ရသောအခါ သာမန် နည်းလမ်းများက အသုံးမဝင်ပေ။
ကျွင်းဝူဟွေ့က နတ်ဘုရား၏ဆည်းဆာချိန်ကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။
ဤသည်မှာ နတ်ဘုရားဘုရင်ခန္ဓာ၏ ကြောက်စရာကောင်းသော နည်းလမ်းတစ်ခု ဖြစ်၏။
အနှိုင်းမဲ့သော အတက်အကျများကလည်း နေရာအနှံ့သို့ ပျံ့နှံ့နေတော့သည်။
"နတ်ဘုရားဘုရင်..."
နယ်စပ်မှ လူအားလုံး စိုးရိမ်သွားကြသည်။
သူ့တွင် အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်နိုင်စွမ်း အမှန်တကယ် ရှိမည်လော။