← Chapters

အခန်း ၁၁၀၀

Vol. 74 Ch. 1100

အခန်း ၁၁၀၀

Vol. 74 Ch. 1100

အခန်း ( ၁၁၀၀ ) ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်နှင့် အန္တိမကပ်ဘေးကြီး။

"ဝုန်း"

ကမ္ဘာတစ်ခုလုံးက ရှေးဦးကစဉ့်ကလျားသို့ ပြန်ရောက်သွားပုံရသည်။

ထိပ်သီး အကျော်အမော်များကြားမှ ထိပ်တိုက်တွေ့ဆုံမှုက အမှန်တကယ် အံ့ဖွယ်ကောင်း၏။

မရေတွက်နိုင်သော လူများ၏ အကြည့်အောက်တွင် ဟင်းလင်းပြင်က တစ်စစီ ‌ပြိုကျသွားသည်။

ထို့နောက် ခပ်တိုးတိုး ညည်းတွားသံတစ်ခု ထွက်ပေါ်လာသည်။

ကျွင်းဝူဟွေ့၏ ရုပ်သွင် ပြန်ပေါ်လာပြီး နောက်သို့ဆုတ်သွား၏။ အသက်ကို ပြင်းပြင်းရှူနေရပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်အမှတ်အသားများစွာလည်း ပျောက်ကွယ်သွားတော့သည်။

သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။

"အဖေ"

ကျွင်းရှောင်ယောက် အနည်းငယ် တုန်လှုပ်သွားသည်။

"ဘာမှမဖြစ်ပါဘူး၊ ရှောင်ယောက်... မင်းအရင်ထွက်သွားတော့"

ကျွင်းဝူဟွေ့က သူ့နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။ သူ့ခါးကတော့ ဖြောင့်မတ်နေဆဲ ဖြစ်၏။

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

ဤမြင်ကွင်းကို မြင်လိုက်ရသော တိုင်းတပါး၏ အင်မော်တယ်ဘုရင်များ အံ့ဩသွားကြသည်။

မူလက၊ သူတို့သည် အန္တိမကပ်ဘေးကြီးကြောင့် ကျွင်းဝူဟွေ့ သေဆုံးလိမ့်မည်ဟု ထင်ခဲ့သည်။

နောက်ဆုံးတွင်၊ နတ်ဘုရား၏ မိစ္ဆာအတွေးကဲ့သို့ တန်ခိုးကြီးသော တည်ရှိမှုကိုပင် အန္တိမကပ်ဘေးကြီးက လက်သုံးချောင်းဖြင့် ချေမှုန်းပစ်လိုက်သည် မဟုတ်ပါလား။

ကျွင်းဝူဟွေ့က မည်မျှပင် သန်မာနေပါစေ၊ သန့်စင်သော ကိုယ်ပွားသုံးခုထဲမှ တစ်ဦးသာ ဖြစ်သည်။

ထိုကိုယ်ပွားက မူလခန္ဓာနီးပါး တိုက်ခိုက်နိုင်စွမ်းရှိလျှင်ပင်...

အရေးကြီးဆုံးအချက်မှာ ကျွင်းဝူဟွေ့၏ နယ်ပယ် ဖြစ်သည်။

သူက ထိုအဆင့်ကို မရောက်သေးပေ။

ယင်းက ကြောက်စရာအကောင်းဆုံး ဖြစ်သည်။

ကျွင်းဝူဟွေ့၏ ခွန်အားကို သူ့နယ်ပယ်နှင့် တိုင်းတာလို့မရဟုသာ ဆိုရမည်။

သူက သာမန်အသိတရားထက် ကျော်လွန်သော တည်ရှိမှုတစ်ခု ဖြစ်သည်။

"ဒီလူက တကယ်ကို ဘီလူးတစ်ကောင်ပဲ။ သူက နယ်စပ်ကို ထာဝစဉ် အုပ်စိုးထားနိုင်တာ အံ့သြစရာ မရှိပါဘူး"

"အင်း၊ အင်မော်တယ်နယ်မြေကြီးမှာ သူရဲကောင်းတွေ အများကြီးရှိတယ်၊ ဒါပေမဲ့ နတ်ဘုရားဘုရင်တစ်ပါးပဲ သူ့နာမည်ကို ချန်ရစ်နိုင်ခဲ့တယ်"

တိုင်းတပါး၏ အင်မော်တယ်ဘုရင်အချို့ပင်လျှင် သက်ပြင်းချလိုက်မိကြသည်။

ကျွင်းဝူဟွေ့က သူတို့၏ ရန်သူတစ်ဦးဖြစ်သော်လည်း ချီကျူးရဦးမည်။

"နတ်ဘုရားဘုရင်က တားဆီးထားနိုင်တာလား"

နယ်ခြားစောင့်အချို့က စိုးရိမ်နေကြသည်။

"နတ်ဘုရားဘုရင်ကို ယုံကြည်ပါ၊ သူက ငါတို့ အင်မော်တယ်နယ်မြေကြီးရဲ့ တံတိုင်းကြီးပဲ"

အမာရွတ်လေးခု သခင်ကြီးက ပြောလိုက်သည်။

သူ့စိတ်နှလုံးထဲတွင် ခိုင်မာသော ယုံကြည်ချက် ရှိ၏။

သူ့ကျေးဇူးရှင် ကျွင်းဝူဟွေ့က ပြိုင်ဘက်ကင်းသည်။

"ကြည့်ရတာ ငါ့ကျွင်းမိသားစုမှာ ဝူဟွေ့နဲ့ ရှောင်ယောက်က အဲဒီလူရဲ့ ခြေရာကိုလိုက်ပြီး သူ့ထက်တောင် ကျော်တက်သွားနိုင်မယ် ထင်တယ်"

ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ဧကရာဇ်ကြီး ကျွင်းရှန်းယွီလည်း တီးတိုး ရေရွတ်လိုက်သည်။

သူနှင့် မူလမျိုးရိုးမှ ကျွင်းမိသားစု၏ခေါင်းဆောင်ကို ဧကရာဇ်ကြီးဟု ခေါ်ကြသော်လည်း...

ထိုလူ၏ စွမ်းအားသည် မဟာဧကရာဇ်၏ နယ်ပယ်ထက် အဆပေါင်းများစွာ ကျော်လွန်သွားပြီဖြစ်ကြောင်း သူသိသည်။

ကောင်းကင်မဲ့အမှောင်နယ်မြေတွင်...

ကျွင်းဝူဟွေ့က လှံတစ်လက်ကဲ့သို့ ဖြောင့်မတ်စွာ ရပ်နေသည်။ နတ်သုံးထောင်ကလည်း သူ့ကို လှည့်ပတ်နေ၏။

"အဖေ၊ ကျွန်တော် မသွားဘူး"

ကျွင်းရှောင်ယောက်က အခိုင်အမာ ပြောလိုက်သည်။

သူက သွေးဆူလွယ်ပြီး အလောတကြီး ပြုမူတတ်သူ မဟုတ်ပါ။

သို့သော်လည်း ယခုအချိန်တွင် သူ ဆက်နေသင့်သည်ဟု ခံစားရသည်။

"နောက်ပြီးတော့ အန္တိမကပ်ဘေးကြီးနဲ့ အလောင်းအစားက မပြီးသေးဘူး"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်၏။

"မင်း..."

ကျွင်းဝူဟွေ့ တိတ်ဆိတ်သွားကာ ပြုံးလိုက်သည်။

သူ၏သားအတွက် ဂုဏ်ယူမိ၏။

သူ သေသွားလျှင်ပင်၊ ကျွင်းမိသားစုအတွက် ကျွင်းရှောင်ယောက်က မျှော်လင့်ချက်အဖြစ် ရှိနေဦးမည်။

"မင်းက ငါ့ရဲ့မျှော်လင့်ချက်ကို တကယ် ကျော်လွန်သွားတာပဲ"

အန္တိမကပ်ဘေးကြီးသည် ကျွင်းဝူဟွေ့က သူ၏တိုက်ခိုက်မှုကို တားဆီးထားသောကြောင့် အနည်းငယ် အံ့ဩသွားပုံရသည်။

“ခေတ်ကာလတစ်လျှောက်လုံးမှာ လူဘယ်နှစ်ယောက်လောက်က အန္တိမကပ်ဘေးကြီးနဲ့ ရင်ဆိုင်ခွင့်ရခဲ့လို့လဲ"

"ဒီအတွက် နောင်တရစရာ မရှိပါဘူး၊ နောင်တရစရာ မရှိဘူး"

ကျွင်းဝူဟွေ့က ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။

နတ်ဘုရားဘုရင် ပြန်လည်ဆန်းသစ်ခြင်း...

ကျွင်းဝူဟွေ့၏ ခန္ဓာကိုယ်က အလင်းရောင်များ တောက်ပလာသည်။

ဤသည်မှာ နတ်ဘုရားဘုရင်ခန္ဓာ၏ ပြန်လည်ကုသရေးနည်းလမ်း ဖြစ်၏။ မူလအမြုတေ မပျက်စီးသေးသရွေ့ ချက်ချင်း ပြန်လည်ကောင်းမွန်လာနိုင်သည်။

ယင်းက ကျွင်းရှောင်ယောက်၏ ရှင်သန်ခြင်းကျမ်းမှ အင်မော်တယ်ဝိညာဉ်ပညာရပ်နှင့် ခပ်ဆင်ဆင်တူလေသည်။

ခဏအတွင်းမှာပင် ကျွင်းဝူဟွေ့၏ ဒဏ်ရာများက ပြန်လည်ကောင်းမွန်လာသည်။

သူက ကောင်းကင်သို့ ပျံတက်သွားပြီး အန္တိမကပ်ဘေးကြီး၏ ရှေ့တွင်ရပ်ကာ တံဆိပ်တော်တစ်ခုကို ထုတ်ဖော်လိုက်သည်။

နတ်ဘုရားဘုရင် ကြွေဆင်းခြင်း အင်မော်တယ် တံဆိပ်တော်။

ကျွင်းဝူဟွေ့က အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်ရင်း လှပစွာ လှုပ်ရှားလိုက်၏။

ဤမြင်ကွင်းက နယ်စပ်မှ လူများစွာ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားသည်။

ကျွင်းဝူဟွေ့နှင့် ကျွင်းရှောင်ယောက်တို့ သားအဖ နှစ်ယောက်စလုံးက တကယ်ကို အံ့မခန်းပင်။

ခေတ်အဆက်ဆက် ထိုသို့သော သူရဲကောင်း ဘယ်နှယောက်ရှိသနည်း။

"ဝုန်း"

လေထဲတွင် ပျက်စီးခြင်း အင်အားများက တစ်ဖန် ထပ်မံဖြစ်ပေါ်လာသည်။

လူတိုင်းကို စိတ်ပျက်အားငယ်သွားစေနိုင်သည့် အန္တိမကပ်ဘေးကြီးနှင့် ရင်ဆိုင်ရချိန်မှာပင် ကျွင်းဝူဟွေ့က အနည်းငယ်မျှ တွန့်ဆုတ်ခြင်း သို့မဟုတ် တုန်လှုပ်ခြင်းမျိုး မရှိပေ။

"မင်းက သူ့ရဲ့အဖေလား။ ဒီ မသိနားမလည်ဘဲ မကြောက်မရွံ့ ရဲစွမ်းသတ္တိမျိုးက တူညီတဲ့ အရင်းအမြစ်ကနေ လာပုံရတယ်"

အန္တိမကပ်ဘေးကြီးက လျစ်လျူရှုစွာ ပြောလိုက်သည်။

သူ့ပတ်ပတ်လည်တွင် အနက်ရောင်သွေးစွမ်းအင်များ စုစည်းပြီး အနက်ရောင် ကမ္ပည်းများ ပြည့်လာ၏။

ကျွင်းဝူဟွေ့၏ တံဆိပ်တော်က အနက်ရောင်သွေးစွမ်းအင်ဒိုင်းကို မချိုးဖျက်နိုင်ခဲ့ပေ။

အန္တိမကပ်ဘေးကြီးက လက်ညှိုးညွှန်လိုက်သည်။

သူ့တွင် ထူးခြားသော နည်းလမ်းများ မရှိပေ။

သူ့အဆင့်တွင် အလွန့်အလွန် ထူးခြားဆန်းကျယ်သည့် နည်းလမ်းမဟုတ်ပါက အသုံးပြုစရာ မလိုတော့ပါ။

လက်ချောင်းတစ်ချောင်း၊ လက်ဝါးတစ်ချက်၊ လက်သီးတစ်ချက်က အဆုံးစွန်နည်းလမ်းများ ဖြစ်နိုင်သည်။

ဤသည်က အန္တိမကပ်ဘေးကြီးပင်။

"နတ်ဘုရားရဲ့ တရားစီရင်ခြင်း၊ ကြွေလွင့်နတ်ဘုရားရဲ့တံဆိပ်တော်"

တင်ပျဉ်ခွေထိုင်နေသော နတ်ဘုရားသုံးထောင်က နတ်ဘုရား၏ပြစ်ဒဏ်ကို ထုတ်ဖော်လိုက်ကြသည်။

ဤသည်မှာ တုနှိုင်းမယှဉ်နိုင်သော တန်ခိုးကို ပိုင်ဆိုင်ထားသော နတ်ဘုရားများ၏ တရားစီရင်ခြင်း ဖြစ်၏။

တန်ခိုးစွမ်းအားသုံးထောင်က ကြွေလွင့်အင်မော်တယ်၏ တံဆိပ်တော်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

တံဆိပ်တော်အောက်တွင် နိယာမများအားလုံး ပြိုကျသွားရသည်။

"ဝုန်း"

အနက်ရောင် သွေးစွမ်းအင်ဒိုင်းက ပြင်းထန်စွာ တုန်ခါလာ၏။

"အသုံးမဝင်ပါဘူး"

"အနက်ရောင်ဒီရေသည် ကမ္ဘာကြီးကို ပျက်စီးစေပြီး တကယ့်အနက်ရောင်ဘေးဆိုးကြီး ရောက်ရှိလာလိမ့်မယ်"

"ငါဟာ ကမ္ဘာပျက်ကပ် နောက်ဆုံးနေ့ရဲ့ နိမိတ်ပုံလေးခုထဲက တစ်ခု... ငါဟာ ကမ္ဘာကို ကပ်ဘေးဒုက္ခနဲ့ စိတ်ပျက်အားငယ်မှုတွေ ဆောင်ကျဉ်းပေးမဲ့ ပထမဆုံးသူပဲ။ ငါ့အတွက်တော့ မင်းရဲ့ ရုန်းကန်မှုတွေဟာ ရထားကို တားဆီးဖို့ ကြိုးစားနေတဲ့ နှံကောင်တစ်ကောင်ထက် မပိုဘူး"

အန္တိမကပ်ဘေးကြီးက အစမှအဆုံးထိ လျစ်လျူရှုထားခဲ့သည်။ သူ့လေသံက ထာဝရကဲ့သို့ ပဲ့တင်ထပ်ပြီး လူများကို အဆုံးမဲ့ စိတ်ပျက်အားငယ်မှုများ ဖြစ်ပေါ်စေ၏။

ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် ထူးခြားသော အလင်းရောင်တစ်ခု လင်းလက်လာသည်။

အန္တိမကပ်ဘေးကြီးထံမှ "ကမ္ဘာပျက်ကပ် နောက်ဆုံးနေ့၏ နိမိတ်ပုံလေးခု"ဟူသော စကားကို ကြားလိုက်ရပြီးနောက်...

ကျွင်းရှောင်ယောက်သည် သူ၏ယခင်ဘဝက သမ္မာကျမ်းစာမှ ရည်ညွှန်းချက်ကို တွေးလိုက်မိသည်။

ကမ္ဘာပျက်ကပ်ဘေးကြီး ကျရောက်လာသောအခါ မြင်းစီးသူရဲလေးယောက် လာ၍ နောက်ဆုံးပျက်စီးခြင်းကို ကမ္ဘာသို့ ယူဆောင်လာမည် ဖြစ်သည်။

မြင်းစီးသူရဲလေးဦးသည် စစ်၊ အငတ်ဘေး၊ ပလိပ်ရောဂါနှင့် သေခြင်းတို့ကို ကိုယ်စားပြု၏။

ဟုတ်ပေသည်၊ ယင်းမှာ ယခင်ဘဝက သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။

ယခုတော့ ကျွင်းရှောင်ယောက်လည်း အန္တိမကပ်ဘေးကြီး၏ စကားကြောင့် ထိုနိမိတ်လက္ခဏာလေးပါးကို မနေနိုင်ဘဲ တွေးလိုက်မိလေသည်။

'အနက်ရောင်သွေးက အဆုံးမဲ့ကမ္ဘာကြီးကို ညစ်ညမ်းစေပြီး ထိတွေ့မိသမျှ သတ္တဝါအားလုံးကို ရူးသွပ်စေနိုင်တယ်'

'ဒါက ကမ္ဘာပျက်ကပ်ရဲ့ နိမိတ်လက္ခဏာလေးပါးထဲက

ပလိပ်ရောဂါနဲ့ မတူဘူးလား'

ထိုသို့တွေးမိသောအခါ ကျွင်းရှောင်ယောက်၏ ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။

ဤကမ္ဘာပေါ်တွင် အန္တိမကပ်ဘေးကြီးကဲ့သို့ နောက်ထပ် တားမြစ်ချက် သုံးခု ရှိနေနိုင်သလော။

ဤအရာက ကျွင်းရှောင်ယောက်ကို ကြောက်မက်ဖွယ်ကောင်းသည့် တားမြစ်ချက်များအား အမှတ်ရစေသည်။

အရင်းအမြစ်၊ ခေတ်ရဲ့ ကပ်ဆိုးကြီး၊ လျှို့ဝှက်ဆန်းကြယ်သော ပင်လယ်၊ သင်္ချိုင်းကမ္ဘာတွင်မြှုပ်နှံထားသောတည်ရှိမှုနှင့် အမှောင်ထု၏ ကစဉ့်ကလျား စသည်ဖြင့် ...

ဤကပ်ဘေးများအားလုံး၏ နောက်ကွယ်တွင် နိမိတ်ပုံလေးခု၏ အရိပ်များ ရှိနေပုံရသည်။

၎င်းတို့က ကပ်ဘေးများကို ဖြစ်ပေါ်လာစေသူများ ဖြစ်၏။

ထိုနိမိတ်လက္ခဏာလေးပါးက အဘယ်နည်း။

သူတို့ကို စိတ်ကူးကြည့်ရန်ခက်ခဲသော တည်ရှိမှုတချို့က ဖန်ဆင်းထားခြင်း ဖြစ်သလော။

သို့တည်းမဟုတ်...

၎င်းတို့သည် အလိုလိုဖြစ်ပေါ်လာသော ပျက်စီးခြင်း၏ အရင်းအမြစ် ဖြစ်သလော။

'ဒီကမ္ဘာကြီးရဲ့ ရေက အရမ်းနက်တာပဲ'

ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အနည်းငယ် လေးလံလာသည်။

သို့သော်လည်း ယင်းက သူ့အား ပို၍ အားကောင်းလိုစိတ် ဖြစ်လာစေရန် လှုံ့ဆော်ခဲ့ပေသည်။

ပျက်စီးခြင်းနယ်စပ်တွင်...

အလင်းမျက်နှာပြင်မှ မြင်ကွင်းကိုကြည့်ရင်း လူများစွာတို့ တုန်လှုပ်သွားကြသည်။

"ငါတို့ ဘာလုပ်ကြမလဲ၊ နတ်ဘုရားဘုရင်တောင်မှ အန္တိမကပ်ဘေးကြီးရဲ့ ကာကွယ်ရေးကို မချိုးဖျက်နိုင်ဘူး"

"ဟုတ်တယ်၊ နတ်ဘုရားဘုရင်က စွမ်းအားကြီးမားတယ်... ဒါပေမဲ့ သူ့ပြိုင်ဘက်က အန္တိမကပ်ဘေးကြီးပဲ"

အန္တိမကပ်ဘေးကြီး၏ အကာကွယ်ကိုပင် မချိုးဖျက်နိုင်ခြင်းက လူတိုင်းကို စိတ်ပျက်သွားစေသည်။

ဧကရာဇ်ကြီးပင်လျှင် ဤအခြေအနေမျိုးတွင် အကူအညီမဲ့လိမ့်မည်။

တစ်ဖက်တွင်၊ ကျွင်းဝူဟွေ့၏ မျက်နှာအမူအရာက တည်ငြိမ်ပြီး ပြတ်သားမှုတို့ ပေါ်လွင်နေသည်။

သူက စိတ်ဓာတ်မကျဘဲ ဆက်လက် တိုက်ခိုက်၏။

"မိုက်မဲလွန်းတယ်"

အန္တိမကပ်ဘေးကြီးက လျစ်လျူရှုစွာ ပြောလိုက်သည်။

"ဝုန်း"

နောက်ထပ် မြေကမ္ဘာကို တုန်ဟီးစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ကျွင်းဝူဟွေ့ နောက်တစ်ကြိမ် ပြန်ဆုတ်သွားရ၏။

ဤတစ်ကြိမ်တွင် သူ့ပါးစပ်ထဲမှ သွေးများအန်ထွက်ကာ အဖြူရောင်အဝတ်အစားများကို နီသွားစေတော့သည်။

"နတ်ဘုရားဘုရင်"

နယ်စပ်တွင် လူအားလုံး၏ နှလုံးသားများ တုန်ယင်သွားကြသည်။

"ဝူဟွေ့"

ကျွင်းမိသားစု၏ အကြီးအကဲများလည်း တုန်လှုပ်သွားကြ၏။

"တကယ်ကို ငါတို့လုပ်နိုင်တာ ဘာမှမရှိတော့ဘူးလား"

အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူအားလုံး တည်ငြိမ်မှု မရှိနိုင်တော့ပေ။

All Chapters