← Chapters

အခန်း ၁၁၀၃

Vol. 74 Ch. 1103

အခန်း ၁၁၀၃

Vol. 74 Ch. 1103

အခန်း ( ၁၁၀၃ ) အချုပ်အနှောင်ကို ချိုးဖြတ်ခြင်း။

"အကြီးအကဲ၊ ခင်ဗျား ရောက်လာပြီ"

ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးလိုက်သည်။

သူက မျှော်လင့်ထားပြီးသားဖြစ်သော်လည်း...

အနီရောင်လီလီပန်းလေးများ၏ မိခင်ကို အမှန်တကယ် တွေ့လိုက်ရသောအခါ စိတ်ထဲမှ သက်ပြင်းချမိဆဲပင်။

သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးသည် အနီရောင်လီလီပန်းလေးများ၏ မိခင်အပေါ် ကြီးမားသော သက်ရောက်မှု ရှိစေခဲ့ပုံရသည်။

သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက ကျွင်းရှောင်ယောက်ကို များစွာ အကူညီပေးခဲ့သည်။

ယခုကဲ့သို့၊ ကျွင်းရှောင်ယောက်က သေခြင်းရှင်ခြင်း အန္တရာယ်ကို ရင်ဆိုင်နေရသောအခါမှာ....

အနီရောင်လီလီပန်းလေးများ၏ မိခင် လက်ပိုက်မကြည့်နိုင်တာက‌ သဘာဝပင်။

"မင်းက တကယ်ကို မဆင်မခြင်လုပ်တတ်တာပဲ"

အနီရောင်လီလီပန်းလေးများ၏မိခင်က ကျွင်းရှောင်ယောက်၏ ရှေ့တွင်ရပ်ပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။

ကျွင်းရှောင်ယောက်လည်း အနီရောင်လီလီပန်းလေးများမိခင်၏ ‌ကျော့ရှင်းသော နောက်ကျောကိုကြည့်ရင်း တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။

ဤတစ်ကြိမ်တွင် အနီရောင်လီလီပန်းလေးများ၏ မိခင်အတွက် ကြီးစွာသော အခက်အခဲကို ဖြစ်စေခဲ့ကြောင်း သူ သိသည်။

‌နောက်ဆုံးမှာတော့၊‌ သူမတွင် ရွေးချယ်ခွင့်ရှိမည်ဆိုလျှင် အနီရောင်လီလီပန်းလေးများ၏ မိခင်သည် အန္တိမကပ်ဘေးကြီးကို ပစ်မှားလိုမည် မဟုတ်ပါ။

"တောင်းပန်ပါတယ်... ဒါပေမယ့် အကြီးအကဲက အဖေ့ကို ကယ်နိုင်မယ်လို့ မျှော်လင့်တယ်"

ကျွင်းရှောင်ယောက်က လေးလေးနက်နက် ပြောလိုက်သည်။

သူက အစာပျော့ကို သိပ်ပြီးမစားလိုပေ။

သို့သော်လည်း ယခုအချိန်မှာတော့ ရွေးချယ်စရာ မရှိတော့ပါ။

ကျွင်းရှောင်ယောက်က မည်မျှပင် မကောင်းဆိုးရွားဆန်စေကာမူ၊ အန္တိမကပ်ဘေးကြီးကို တိုက်ရိုက် သုတ်သင်ရန်တော့ မဖြစ်နိုင်ပေ။

အနီရောင်လီလီပန်းလေးများ၏ မိခင်က ဘာမျှမပြောတော့ပါ။

ကျိုးကြောင်းဆီလျော်မှုက သူမကို ဤကိစ္စတွင် မပါဝင်သင့်ဘူးဟု‌ ပြောနေသည်။

သို့သော်လည်း သူမ၏ မသိစိတ်ထဲတွင် ကျွင်းရှောင်ယောက်ကို ကယ်တင်ခိုင်းနေသော အသံတစ်ခုကို ဝိုးတဝါး ကြားနေရ၏။

ထိုအချိန်တွင် ကျွင်းရှောင်ယောက်၏ တောင်းဆိုသံကို ကြားလိုက်ရသောအခါ အနီရောင်လီလီပန်းလေးများ၏ မိခင် အနည်းငယ် အံ့ဩသွားသည်။

ကျွင်းရှောင်ယောက်က အလွန်ထက်မြက်ပြီး သီးခြားနေတတ်ကြောင်း သူမ သိသည်။

ယခုတော့ သူမကို ထိုသို့ တောင်းဆိုနေပြီ။

ကျွင်းဝူဟွေ့က ကျွင်းရှောင်ယောက်အတွက် အလွန်အရေးကြီးသော တည်ရှိမှုဖြစ်ကြောင်း ထင်ရှားသည်။

အနီရောင်လီလီပန်းလေးများ၏ မိခင်က အများကြီး မပြောပါ။ သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူနုသော လက်ကို ဝှေ့ယမ်းလိုက်ရာ အနီရောင်လီလီပန်းများက လေထဲတွင်ပေါ်လာပြီး ကျွင်းဝူဟွေ့ဆီသို့ ပျံသန်းသွားကြသည်။

ဤအခိုက်တွင် အဆုံးမရှိသော အမှောင်နိယာမများနှင့် အနက်ရောင်သွေးများက ရစ်ပတ်ထားသည်။

သူ့အခြေအနေမှာ အလွန် စိုးရိမ်ရ၏။

သို့သော်လည်း...

အနီရောင်လီလီပန်းလေးများမိခင်၏ တိုက်ခိုက်မှုက အနက်ရောင်သွေးစွမ်းအင်များကို မချိုးဖျက်နိုင်ခဲ့ပါ။

အန္တိမကပ်ဘေးကြီးက နက်မှောင်နေသော မျက်လုံးများဖြင့် အနီရောင်လီလီပန်းလေးများ၏ မိခင်ကို လျစ်လျူရှုစွာ ကြည့်လိုက်သည်။

"အန္တိမအဆင့်... ဒဏ္ဍာရီလာ သဘာဝကပ်ဘေးအဆင့်နဲ့ ဝေးကွာသေးတဲ့ မင်းက ငါ့ကိုရင်ဆိုင်ဖို့ ဘာအရည်အချင်းရှိလို့လဲ"

အန္တိမကပ်ဘေးကြီးက လက်ဝါးတစ်ဖက်ဖြင့် အနီရောင်လီလီပန်းလေးများ၏ မိခင်ကို ဖိနှိပ်လိုက်သည်။ အမှောင်စကြာဝဠာကဲ့သို့ အနီရောင်လီလီပန်းလေးများ၏ မိခင်ကို ချေမှုန်းရန် ကြိုးစားလာ၏။

အနီရောင်လီလီပန်းလေးများ မိခင်၏ လှပသောမျက်နှာက အေးစက်သွားသည်။

သူမ၏ ဖြူစင်သော နဖူးထက်တွင် အနီရောင်လီလီပန်းအမှတ်အသားတစ်ခု ပေါ်လာသည်။

သူ့လက်ကို မြှောက်လိုက်သောအခါ အဆုံးမဲ့ တာအိုနိယာမများ စုစည်းလာ၏။ နောက်ဆုံးတွင် မဟာတာအို ရတနာပုလင်းအဖြစ် ပြောင်းလဲသွားတော့သည်။

ရတတနာပုလင်း၏ အဝက အလွန်နက်ရှိုင်းပြီး အရာအားလုံးကို ဝါးမျိုနိုင်ပုံရသည်။

ယင်းက သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး၏ နည်းလမ်းပင်။

"ဝုန်း"

ရတနာပုလင်း၏ ဝါးမျိုခံရဟန်ဖြင့် ဟင်းလင်းပြင်နှင့် နိယာမသံကြိုးများက ကျိုးကြေကာ ပြိုကျသွား‌ရသည်။

သို့သော်...

အန္တိမကပ်ဘေးကြီး၏ စွမ်းအားက ကြီးမားလွန်းလှသည်။

စကြဝဠာကြီးကို ဖျက်ဆီးပစ်နိုင်လောက်အောင် ကြီးကျယ်ခမ်းနားလွန်းသော အနက်ရောင်သွေး စွမ်းအားများက ရတနာပုလင်းထဲသို့ စိမ့်ဝင်သွား၏။

အဆုံးတွင်၊ မဟာတာအို ရတနာပုလင်းက အမှန်တကယ် ပေါက်ကွဲပစ်သွားတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ပေါက်ကွဲထွက်ခြင်းက မူလက ပျက်စီးနေသော ဟင်းလင်းပြင်ကို အပေါက်များဖြင့် ပြည့်‌သွားစေခဲ့သည်။

ခပ်တိုးတိုး ညည်းညူသံတစ်ခု ထွက်ပေါ်လာသည်။ အနီရောင်လီလီပန်းလေးများ၏ မိခင်က တုန်လှုပ်ပြီး နောက်သို့ ဆုတ်သွားရ၏။

ထိုစဉ် ပုံရိပ်တစ်ခုပေါ်လာကာ အနီရောင်လီလီပန်းလေးများ၏ မိခင်ကို ကူညီဖေးမပေးလိုက်သည်။

သူက ကျွင်းရှောင်ယောက်ပင်။

"အကြီးအကဲ... မတတ်နိုင်ဘူးဆိုရင် အရင် ထွက်သွားပါ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

နောက်ဆုံးတော့ သူသိသွားပြီ။

အနီရောင်လီလီပန်းလေးများ၏ မိခင်က သန်မာသော်လည်း အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်ရန်တော့ မလုံလောက်သေးပေ။

သို့ဆိုမှတော့ အပြစ်မရှိသူကို အဘယ်ကြောင့် ထိခိုက်စေရမည်နည်း။

သူတို့ သားအဖ၏ ပြဿနာကို ကိုယ်တိုင် ရင်ဆိုင်ရမည်။

"ဒီအချိန်မျိုးမှာ ဘာဖြစ်လို့ ဒီစကားတွေ ပြောနေရတာလဲ"

အနီရောင်လီလီပန်းလေးများ မိခင်၏ အမူအရာက အေးစက်နေဆဲပင်။ သူမကို သူစိမ်းတစ်ယောက်ကဲ့သို့ ဆက်ဆံသည်ဟု ကျွင်းရှောင်ယောက်ကိုပင် အနည်းငယ် စိတ်ဆိုးသွားပုံရသည်။

"အကြီးအကဲ..."

ကျွင်းရှောင်ယောက်က တစ်ခုခု ပြောလိုသော်လည်း တိတ်ဆိတ်သွား၏။

"ဒါတွေအားလုံးကို အဆုံးသတ်သင့်ပြီ။ မင်းတို့ ကျဆုံးပြီးရင် အင်မော်တယ်နယ်မြေကြီးပါ ပျက်စီးရလိမ့်မယ်"

အန္တိမကပ်ဘေးကြီးက လျစ်လျူရှုစွာ ပြောလိုက်သည်။

ကြောင်နှင့်ကြွက် ကစားပွဲကို အဆုံးသတ်တော့မည်။

ထိုစကားကို ကြားသောအခါ နယ်စပ်ရှိ အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူ အားလုံး မျက်နှာပျက်သွားကြသည်။

စိတ်ပျက်အားငယ်မှု ခံစားချက်က လူတိုင်း၏ နှလုံးသားကို ပြည့်စေခဲ့၏။

"ငါတို့ ဘယ်လိုလုပ်ကြမလဲ။ နတ်ဘုရားဘုရင်ကလည်း အမှောင်ထုထဲကို ကျတော့မယ်၊ သူ့ကို မကယ်နိုင်ကြတော့ဘူးလား"

"အန္တိမကပ်ဘေးကြီး ရောက်လာပြီဆိုရင် ဧကရာဇ်တွေတောင် တားဆီးနိုင်မှာ မဟုတ်ဘူး။ ငါတို့ရဲ့ အင်မော်တယ်နယ်မြေကြီးအတွက် မျှော်လင့်ချက် ရှိပါဦးမလား"

အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူများစွာက ဤရလဒ်ကို လက်မခံနိုင်သေးဘဲ အော်ဟစ်လိုက်ကြသည်။

အမာရွတ်လေးခု သခင်ကြီးနှင့် အခြား နယ်ခြားစောင့်များလည်း စိုးရိမ်ပူပန်စွာ အော်ဟစ်လိုက်၏။

အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများက စိတ်ပျက်အားငယ်မှုတို့ ပြည့်လာချိန်...

တိုင်းတပါး၏ ကျင့်ကြံသူများမှာတော့ စိတ်ဓာတ်တက်ကြွလာခဲ့သည်။

"ဟားဟားဟား... ဒီခေတ်က အင်မော်တယ်နယ်မြေကြီးရဲ့ အဆုံးသတ်ခေတ်ဆိုတာ တကယ်ပါပဲ"

"နယ်မြေကြီးနှစ်ခုကြားက စစ်ပွဲမှာ ငါတို့ တိုင်းတပါးကပဲ အောင်နိုင်ရမယ်"

တိုင်းတစ်ပါးမှ အင်မော်တယ်ဘုရင်များက အားရကျေနပ်စွာဖြင့် ဟိန်းဟောက်လိုက်ကြသည်။

"ချီးပဲ၊ ငါ့ကျွင်းမိသားစုရဲ့ တကယ့် အကျော်အမော်တွေ မရှိနေတာ ဆိုးတာပဲ"

ကျွင်းမိသားစု၏ ဘိုးဘေးများအားလုံး လက်သီးများကို တိတ်တဆိတ် ဆုပ်လိုက်မိကြသည်။

အထူးသဖြင့် ဘိုးဘေးဆယ့်ရှစ်...

ကျွင်းရှောင်ယောက်က သူ့မျက်စိရှေ့တွင် ကြီးပြင်းလာကာ သူ့မြေးအရင်းတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။

အန္တိမကပ်ဘေးကြီးကြောင့် ကျွင်းရှောင်ယောက် သေဆုံးခြင်းကို သဘာဝအတိုင်း မမြင်လိုပေ။

"ဆန္ဒမစောကြပါနဲ့...၊ အခြေအနေက မပြီးပြတ်သေးဘူး၊ ရလဒ်ကို ဘယ်သူမှ ကြိုမသိနိုင်သေးဘူး"

ကျွင်းမိသားစု၏ အဋ္ဌမဘိုးဘေး ကျွင်းထျန်းမင်က ပြောလိုက်သည်။

ကျွင်းမိသားစု၏ အစီအစဉ်ကို ဤနေရာရှိ ဘိုးဘွားအားလုံး မသိကြသေးပေ။

သို့သော်လည်း သူကတော့ တစ်စုံတစ်ခုကို ယောင်ဝါးဝါး ခံစားမိခဲ့သည်။

ကောင်းကင်မဲ့ အမှောင်နယ်မြေတွင်...

အန္တိမကပ်ဘေးကြီးက ကျွင်းဝူဟွေ့နှင့် ကျွင်းရှောင်ယောက်ကို အမှောင်ထုထဲသို့ တွန်းပို့ရန် ကြိုးစားလိုက်သည်။

အနီရောင်လီလီပန်းလေးများ၏ မိခင်ကိုလည်း တိုက်ရိုက် ဖျက်ဆီးပစ်ရမည်။

အန္တိမကပ်ဘေးကြီးက ထပ်မံလှုပ်ရှားတော့မည့်အချိန်...

အနက်ရောင်သွေးစွမ်းအင်များ ရစ်ပတ်ထားသော ကျွင်းဝူဟွေ့မှာ ရုတ်တရက် လှုပ်ရှားမှုများ ရပ်တန့်သွားသည်။

ယခင်ကတော့ ကျွင်းဝူဟွေ့၏ ရုန်းကန်မှုကြောင့် အနက်ရောင်သွေးစွမ်းအင်များမှာ လှုပ်ရှားနေသေးသည်။

သို့သော်လည်း ယခုအချိန်မှာတော့ လှုပ်ရှားမှု လုံးဝ မရှိတော့ပေ။

"အိုး... ဒီလောက်မြန်မြန် ပြီးသွားပြီလား"

အန္တိမကပ်ဘေးကြီးက လျစ်လျူရှုစွာ ပြောလိုက်သည်။

"အဖေ..."

ကျွင်းရှောင်ယောက်၏ နှလုံးသားမှာလည်း တင်းကျပ်လာ၏။

သူသည် အများအားဖြင့် လျစ်လျူရှုထားပြီး မည်သူကိုမျှ ဂရုမစိုက်တတ်ပေ။

သို့သော်လည်း ယခုအချိန်မှာတော့ အမှန်တကယ်ပင် စိတ်မတည်ငြိမ်နိုင်တော့ပါ။

သူ့အဖေက အမှောင်ထုထဲသို့ ကျဆင်းသွားပြီး သူစိမ်းတစ်ယောက်ဖြစ်လာမည်ကို သူ ကြောက်သည်။

ထိုအချိန်တွင် ဟိန်းဟောက်လိုက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

အနက်ရောင်သွေးစွမ်းအင်လုံးကြီးက ပြင်းထန်စွာ တုန်လှုပ်သွား၏။

ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက်...

အလွန်ကြောက်စရာကောင်းသော စွမ်းအင်အတက်အကျနှင့်အတူ အားမာန်အပြည့်ရှိသော ကြွေးကြော်သံတစ်ခု ထွက်ပေါ်လာတော့သည်။

"ငါ ကျွင်းဝူဟွေ့... ဒီကမ္ဘာကြီးရဲ့ အမှောင်ထုကို တွန်းလှန်ဖို့အတွက် ငါ့ခန္ဓာကိုယ်ကို အသုံးပြုဖို့ ဆန္ဒရှိတယ်"

All Chapters