အခန်း ၁၁၀၇
Vol. 74 Ch. 1107
အခန်း ( ၁၁၀၇ ) သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး၏ အရန်အစီအစဉ်။
ဤကြေးသရဲမျက်နှာဖုံးက အလွန်ထူးခြားပြီး ပြုံးနေပုံရသလို တချိန်တည်းမှာပင် ငိုနေပုံရသည်။
သို့သော်လည်း ယင်းက ကြေးအင်မော်တယ်နန်းတော်တွင် သရဲမျက်နှာဖုံးဖြင့်အမျိုးသမီး ချန်ရစ်ခဲ့သော အရာတစ်ခု ဖြစ်သည်။
ယခုမူ၊ ဤမျက်နှာဖုံးက ရုတ်တရက် တုန်လှုပ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာ၏။
ဤစကြာဝဠာနှင့် ပဲ့တင်ထပ်နေသကဲ့သို့ လှိုင်းလုံးများ ထွက်ပေါ်လာပုံရသည်။
အလွန်ရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်သော လိုင်းများက မှောင်မိုက်နေသော ဟင်းလင်းပြင်တွင် ရုတ်တရက် ထွက်ပေါ်လာတော့သည်။
နိယာမမျဉ်းကြောင်းများက တစ်ခုနှင့်တစ်ခု ရောယှက်လာကြသည်။ နောက်ဆုံးတွင်၊ ဤကမ္ဘာကို လွှမ်းခြုံထားသည့် တားမြစ်အစီရင်ကြီးတစ်ခုအဖြစ် ပေါ်လာတော့၏။
ထို့ပြင်၊ ဤတားမြစ်အစီရင်၏ အငွေ့အသက်များက အန္တိမကပ်ဘေးကြီးနှင့် မတူပေ။
တစ်နည်းဆိုရသော်၊ ဤတားမြစ်အစီရင်က အန္တိမကပ်ဘေးကြီး တည်ဆောက်ထားခြင်း မဟုတ်ပါ။
"ဒါက အစီရင်ပဲ၊ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ဤမြင်ကွင်းကို မြင်ရသူတိုင်း အံ့အားသင့်သွားကြသည်။
အထူးသဖြင့် တိုင်းတစ်ပါး၏ အင်မော်တယ်ဘုရင်များ...
ကောင်းကင်မဲ့အမှောင်နယ်မြေက တိုင်းတပါး၏ ထာဝရ တားမြစ်နယ်မြေဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။
အန္တိမဧကရာဇ်မျိုးနွယ်၏ ဘုရင်တချို့အပြင်၊ ယခင် ခေတ်များမှ ကမ္ဘာဖျက်ဆီးခြင်းဘုရင်များသာ ဝင်ရောက်နိုင်ကြ၏။
အခြား သက်ရှိသတ္တဝါများအတွက်တော့ အစီရင်ဖွဲ့စည်းရန် နေနေသာသာ...
အတွင်းသို့ ခြေချရန်ပင် မဖြစ်နိုင်ပေ။
ယခုမူကား အလွန်ကြောက်စရာကောင်းသော တားမြစ်အစီရင်တစ်ခု ပေါ်ပေါက်လာပြီ ဖြစ်သည်။
ယင်းက တိုင်းတစ်ပါး သတ္တဝါအားလုံးကို မယုံကြည်နိုင် ဖြစ်စေသည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ၊ ဘယ်သူက အစီရင်ကို တည်ဆောက်သွားတာလဲ"
အင်မော်တယ်ဘုရင်တစ်ပါးက မကျေမနပ်ဖြင့် အံကိုကြိတ်ပြီး ပြောလိုက်သည်။
"ဒါက ကျွင်းမိသားစုရဲ့ လက်ချက်များလား"
"ကျွင်းမိသားစု မဟုတ်ပါဘူး၊ ဒါက..."
တိုင်းတပါး၏ အင်မော်တယ်ဘုရင်တစ်ပါးသည်... တချိန်က တိုင်းတပါးသို့ ဝင်ရောက်လာသော်လည်း မည်သူမျှ တားဆီးရန် မဝံ့ရဲသည့် လျှို့ဝှက်ဆန်းကျယ်သော အမျိုးသမီးတစ်ဦး၏ အကြောင်းကို တွေးလိုက်မိသည်။
ကောင်းကင်မဲ့အမှောင်နယ်မြေတွင်...
"ဒါက..."
ရုတ်တရက် ပေါ်လာသော တားမြစ်အစီရင်ကြီးကိုကြည့်ရင်း ကျွင်းရှောင်ယောက် အနည်းငယ် စိတ်ရှုပ်သွားသည်။
ထို့နောက် သူ့လက်ထဲမှ မျက်နှာဖုံးကို ကြည့်လိုက်မိ၏။
"ဒါက တားမြစ်အစီရင်ကို အသက်ဝင်စေဖို့ သော့ချက်ပဲလား။ ဒါဆိုရင် သရဲမျက်နှာဖုံးနဲ့ အမျိုးသမီးက တစ်နေ့မှာ ငါ တိုင်းတပါးကိုရောက်လာပြီး အန္တိမကပ်ဘေးကြီးနဲ့ ရင်ဆိုင်ရမယ်လို့ ကြိုပြီး တွက်ချက်ထားခဲ့တာပေါ့"
ကျွင်းရှောင်ယောက် အနည်းငယ် မယုံနိုင်သလို ခံစားလိုက်ရသည်။
ထိုသို့ဆိုလျှင်၊ သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး၏ အစီအစဉ်များက နက်နဲလွန်းသည်။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးသည် ရှေးခေတ်သမိုင်းတစ်လျှောက် လှည့်လည်သွားလာနေပြီး အရာများစွာကို ချန်ရစ်ထားခဲ့သည်။
အချိန်တိုင်းတွင်၊ ထိုအရာများက အရေးကြီးသော အခိုက်အတန့်မှာ ကျွင်းရှောင်ယောက်ကို ကူညီခဲ့၏။
ကြေးအင်မော်တယ်နန်းတော်တွင်၊ ကျွင်းရှောင်ယောက်သည် အရာအားလုံး၏မိခင်ချီ အင်မော်တယ်စွမ်းအင်နှင့် သရဲမျက်နှာဖုံးကို ရရှိခဲ့သည်။
ထိုအချိန်ကတော့ ကျွင်းရှောင်ယောက်သည် သရဲမျက်နှာဖုံး၏ လုပ်ဆောင်ချက်ကို မသိသောကြောင့် ပေါ့ပေါ့ပါးပါး ဖယ်ထားလိုက်လေသည်။
ယခုအခါ၊ ၎င်းက ကောင်းကင်မဲ့အမှောင်နယ်မြေရှိ တားမြစ်အစီရင်ကို အသက်သွင်းရန် သော့ ဖြစ်လာသည်။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး၏ ခြေလှမ်းတိုင်းက တိကျလွန်းသည်ဟုသာ ပြောနိုင်လေသည်။
ထို့ပြင်၊ အနီရောင်လီလီပန်းလေးများ၏မိခင်သည် သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက ကောင်းကင်မဲ့အမှောင်နယ်မြေသို့ ဝင်ရောက်ခဲ့ဖူးသည်ဟု ပြောခဲ့သည်။
ထိုစဉ်ကတော့ ကျွင်းရှောင်ယောက်သည် သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်ခဲ့ရသည်ဟု ထင်မြင်ခဲ့သည်။
ယခုမူကား၊ အန္တိမကပ်ဘေးကြီးသည် ထိုအချိန်က အိပ်စက်နေသေးပုံရသည်။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက အခြေအနေကို အခွင့်ကောင်းယူပြီး တားမြစ်အစီရင်တစ်ခုကို တည်ဆောက်ခဲ့ပုံပင်။
အနာဂတ်တွင် ကျွင်းရှောင်ယောက်ကို ကူညီနိုင်မည်ဟု တွေးထားပုံရသည်။
ဤအစီအမံများက တကယ်ကို ဩချလောက်ပေသည်။
"အဲဒီအငွေ့အသက်က..."
အန္တိမကပ်ဘေးကြီးက ကျွင်းရှောင်ယောက်၏ လက်ထဲမှ သရဲမျက်နှာဖုံးကို ကြည့်လိုက်သည်။
သူအိပ်ပျော်နေချိန်အတွင်း၊ ထူးကဲသော ရောင်ဝါတစ်ခုက ကောင်းကင်မဲ့အမှောင်နယ်မြေသို့ ရောက်လာတာကို ယောင်ဝါးဝါး ခံစားလိုက်ရ၏။
သို့သော်လည်း နောက်ဆုံးတွင် တိတ်တဆိတ် ပြန်ထွက်သွားခဲ့သည်။
ယခုတော့၊ ဤတားမြစ်အစီရင်ကို ထိုအချိန်ကတည်းက တည်ဆောက်ခဲ့ပုံပင်။
လက်ရှိတွင်၊ တားမြစ်အစီရင်က အသက်ဝင်လာပြီ ဖြစ်သည်။
လေထဲတွင် အနီရောင်လီလီပန်းများ ပွင့်လန်းလာကြ၏။
တစ်ချိန်တည်းမှာပင် အချိန်၏ အငွေ့အသက်များဖြင့် မြစ်ကြီးတစ်စင်း ထွက်ပေါ်လာတော့သည်။
ဤတားမြစ်အစီရင်က ရှည်လျားသော အချိန်မြစ်ကြီးကို ထင်ရှားစေနိုင်သည်။
ဤနည်းလမ်းက အံ့ဖွယ်ကောင်းလွန်းလှပေသည်။
ကျွင်းချီထျန်း၏ အစစ်အမှန်ဝိညာဉ်သည်ပင် အချိန်မြစ်ကြီးကို ကြည့်လိုက်မိသည်။
နယ်စပ်မှာလည်း ကမ္ဘာနှစ်ရပ်ရှိ ကျင့်ကြံသူအားလုံးက မျက်လုံးအပြူးသားဖြင့် ကြည့်နေမိကြ၏။
ဤဖြစ်ရပ်မျိုးကို မည်သူမျှ မမျှော်လင့်ထားပေ။
"ကျွင်းမိသားစုကနေ အကူအညီတစ်ခုခု ရနေတာများလား"
အားလုံး၏ မျက်လုံးအကြည့်များအောက်တွင်...
သွယ်လျပြီး ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပသော ရုပ်သွင်တစ်ခုက အချိန်မြစ်ကြီးထဲမှ ပေါ်လာသည်။
ပန်းချီကားထဲမှ ထွက်လာသော နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်၏။ လှပလွန်းသော သူမ၏ပုံရိပ်က လူအများကို အနည်းငယ် ငေးမောသွားစေသည်။
သို့သော်... သူမ၏ မျက်နှာတွင် သရဲမျက်နှာဖုံးတစ်ခု ဝတ်ထားသောကြောင့် မျက်နှာသွင်ပြင်ကိုတော့ မမြင်ကြရပေ။
"သူ ဘယ်သူလဲ"
အားလုံး စိတ်ရှုပ်ထွေးသွားကြသည်။
ကျွင်းမိသားစု၏ အကြီးအကဲအချို့လည်း အနည်းငယ် အံ့သြသွား၏။
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ကမ္ဘာများစွာကို သွားလာနေခဲ့တဲ့ ဒီ ထာဝရကွဲလွဲမှု... သူက ရှောင်ယောက်နဲ့ နက်ရှိုင်းတဲ့ ကမ္မရေစက် ပတ်သက်မှုတွေ ရှိပုံရတယ်"
ကျွင်းမိသားစု၏ ဘိုးဘေးအချို့က သက်ပြင်းချလိုက်ကြလေသည်။
မူလကတာ့ သူတို့ဟာ ဤကမ္မရေစက်ကို အလွန်သတိထားမိသည်။
ယခုတော့ ဤကမ္မရေစက်က ကျွင်းရှောင်ယောက်နှင့် ကျွင်းမိသားစုအတွက် အကျိုးရှိပုံပင်။
ကောင်းကင်မဲ့အမှောင်နယ်မြေတွင်...
အချိန်မြစ်ကြီးက အနီရောင်လီလီပန်းများနှင့်အတူ ပေါ်လာသည်။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက အချိန်ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး လျှောက်လှမ်းလာပုံ ရ၏။
သူမ၏ စစ်မှန်သော စွမ်းအားက လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။
သို့သော်လည်း ကမ္ဘာအရပ်ရပ်တွင် နေထိုင်ပြီး ရှေးသမိုင်းတစ်လျှောက် ခရီးသွားလာနေခဲ့သူတစ်ဦးအနေဖြင့်၊ သူမ၏ အင်အားက အားမနည်းတာတော့ သိသာထင်ရှားလှပေသည်။
"နင်ပဲ..."
အနီရောင်လီလီပန်းလေးများ၏မိခင်က သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးကို လှမ်းကြည့်လိုက်သည်။
သူ့အသိစိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ပုံရိပ်တစ်ခု ပြန်ပေါ်လာ၏။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက အနီရောင်လီလီပန်းလေးများ၏မိခင်ကို ဖြတ်ကျော်ကာ ကျွင်းရှောင်ယောက်အား လှမ်းကြည့်လိုက်သည်။
စကားတစ်ခွန်းမျှမပြောဘဲ တိတ်တိတ်လေး ကြည့်နေလေ၏။
"ဟမ့်"
အေးစက်စက် နှာခေါင်းရှုံ့သံက တိတ်ဆိတ်ခြင်းကို ဖြိုဖျက်ပစ်လိုက်သည်။
အန္တိမကပ်ဘေးကြီးက တားမြစ်အစီရင်ကို ဖျက်ဆီးရန် ထပ်မံ လှုပ်ရှားလိုက်၏။
သူ့အိမ်ရှေ့တွင် အစီရင် တည်ဆောက်ခြင်းက သူ့ကို စော်ကားလိုက်ခြင်းပင်။
ထိုအချိန်တွင် သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက တောက်ပသော အလင်းရောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
အလင်းရောင်စဉ်တန်းက အနီရောင်လီလီပန်းလေးများ၏မိခင်ထံ ပျံသန်းသွား၏။
ကျွင်းရှောင်ယောက်၏ လက်ထဲမှ သရဲမျက်နှာဖုံးကလည်း တိုက်ရိုက်လွင့်ပျံသွားပြီး အနီရောင်လီလီပန်းလေးများ၏မိခင်ထံသို့ ကျရောက်သွားတော့သည်။
ယခုအချိန်တွင်... အနီရောင်လီလီပန်းလေးများ၏မိခင်က အနီရောင်လီလီပန်းလေးများ၏မိခင် မဟုတ်တော့ပါ။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက တားမြစ်အစီရင်ဖြင့် အချိန်မြစ်ကြီးကို ပေါ်လာစေခဲ့သည်။
ထို့နောက် သူမ၏စွမ်းအား တစ်စိတ်တစ်ပိုင်းကို အနီရောင်လီလီပန်းလေးများ၏မိခင်ထံ လွှဲပြောင်းပေးလိုက်၏။
မူလကပင်၊ အနီရောင်လီလီပန်းလေးများ၏မိခင်သည် သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး၏ လူဝင်စားတစ်ဦးဖြစ်ခြင်းကြောင့်... စွမ်းအင်များက ဆန့်ကျင်ခြင်းမရှိဘဲ အလွယ်တကူ ပေါင်းစည်းနိုင်ခဲ့သည်။
ယခုအချိန်မှာတော့ အနီရောင်လီလီပန်းလေးများ၏မိခင် မဟုတ်တော့ပေ။
ဤအခိုက်တွင်၊ သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးဟု ဆိုရမည်။ သူမက သွယ်လျသော လက်ကလေးများဖြင့် သရဲမျက်နှာဖုံးကို မျက်နှာပေါ်တွင် ဝတ်လိုက်၏။
ရုတ်တရက်...
အချိန်နိယာမများ လှုပ်ရှားလာသည်။
အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာတော့သည်။
အဆုံးမဲ့ အနီရောင်လီလီပန်းများက ကောင်းကင်တခွင် ပြည့်နှက်အောင် ပွင့်လန်းလာကြသည်။
ဤအခိုက်တွင်၊ သူမ၏ အရှိန်အဝါများက ကျွင်းချီထျန်း၏ အစစ်အမှန်ဝိညာဉ်ထက် အားမနည်းတော့ပေ။
ရုတ်တရက်...
ကျွင်းချီထျန်း၏ အစစ်အမှန်ဝိညာဉ်နှင့် သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။
သူတို့၏ အားကောင်းသော အရှိန်အဝါက အန္တိမကပ်ဘေးကြီးကိုပင် လွှမ်းမိုးသွား၏။
"ဘယ်လိုတာလဲ"
အန္တိမကပ်ဘေးကြီး၏ မျက်နှာက လေးနက်လာသည်။
ယခုအချိန်တွင် သူက ပြိုင်ဘက်ကင်းသည့် အနေအထားမျိုးရှိသော်လည်း သူ၏ အကောင်းဆုံးအခြေအနေတွင် ရှိနေသည်မဟုတ်ပါ။
ကျွင်းချီထျန်းနှင့် သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး၏ ရုတ်တရက် ပေါက်ကွဲထွက်လာသော အရှိန်အဝါများက သူ့ကိုပင် လွှမ်းမိုးလာသလို ခံစားလိုက်ရသည်။
"ဒါတွေကို အဆုံးသတ်ချိန်တန်ပြီ"
ကျွင်းဝူဟွေ့က နတ်ဘုရားဘုရင်ခန္ဓာကို အသက်သွင်းလိုက်သည်။ သက်ရှိသတ္တဝါအားလုံး၏ ယုံကြည်ခြင်း၏ စွမ်းအားများကို စုစည်းပြီးနောက် အရာအားလုံးကို ထိုးဖောက်နိုင်ပုံရသော နတ်ဘုရားလှံအဖြစ် သိပ်သည်းစေလိုက်၏။
"ဒါက... သက်ရှိအားလုံးရဲ့ အရုဏ်ဦး"
ကျွင်းဝူဟွေ့က နတ်ဘုရားလှံဖြင့် ပစ်လွှတ်လိုက်တော့သည်။
ကျွင်းချီထျန်း၏ အစစ်အမှန်ဝိညာဉ်ကလည်း လှုပ်ရှားလိုက်သည်။ သူ့လက်ဝါးတစ်ဖက်ကို မြှောက်လိုက်သောအခါ အဆုံးမဲ့စွမ်းအားများ စုစည်းလာ၏။
ကောင်းကင်ကပ်ဘေးထပ် ပို၍ ကြောက်စရာကောင်းသည့် ဧကရာဇ်ကပ်ဘေးအလင်း ပေါ်လာတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား၏ပြစ်ဒဏ် ကျရောက်လာတာ့မည်ကဲ့သို့ပင် ဖြသ်သည်။ ဤကား ကျွင်းချီထျန်း၏ စွမ်းအားပင်။
အနီရောင်လီလီပန်းလေးများမိခင်၏ ခန္ဓာကိုယ်ကို ငှားယူထားသော သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးကလည်း လှုပ်ရှားလိုက်သည်။
အဆုံးမဲ့ ပန်းပွင့်များက လေထဲတွင် မျောလွင့်နေသည်။ ပွင့်ချပ်တစ်ခုစီက ကမ္ဘာတစ်ခုကို ထင်ဟပ်နေပုံရ၏။
ကမ္ဘာတစ်ခုစီတွင် အချိန်၏အထွတ်အထိပ်မှာ ရပ်တည်နေသော... ထူးကဲသော အရှိန်အဝါမျိုးဖြင့် အမျိးသမီးတစ်ဦး ရပ်နေသည်။
ကမ္ဘာတစ်သိန်း၊ ခန္ဓာတစ်သိန်းက ရောင်ပြန်ဟပ်နေပြီး အဆုံးမဲ့အမှောင်ထုကို ဖိနှိပ်လိုက်၏။
ဤစွမ်းရည်က အတိတ်နှင့် ပစ္စုပ္ပန်တွင် တုနှိုင်းမယှဉ်သာပေ။
"အတွေးတစ်ခုတည်းနဲ့ ပန်းတွေပွင့်ပြီး... ကမ္ဘာပေါ်ကို ဘုရင် ဆင်းသက်စေ"
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးထံမှ ချိုသာသော စကားသံ ထွက်ပေါ်လာသည်။ သို့ရာတွင်... ထိုစကားသံက ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံး စွမ်းအားကို သယ်ဆောင်သွား၏။
နတ်ဘုရားဘုရင် ကျွင်းဝူဟွေ့ ....
ကောင်းကင်စွန့်ခွာ ဧကရာဇ်ကြီး ကျွင်းချီထျန်း၏ အစစ်အမှန်ဝိညာဉ်...
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး...
ထိပ်သီး အကျော်အမော်သုံးဦးက အသန်မာဆုံး နည်းလမ်းများဖြင့် အန္တိမကပ်ဘေးကြီးကို အတူတကွ ဖိနှိပ်လိုက်ကြပြီ။