အခန်း ၁၁၀၈
Vol. 74 Ch. 1108
အခန်း ( ၁၁၀၈ ) အန္တိမကပ်ဘေးကြီးကို ချေမှုန်းလိုက်ပြီ။
ကြောက်စရာကောင်းသော အတက်အကျများက ဖော်ပြရန်ပင် ခက်ခဲသည်။
ကမ္ဘာတစ်ခုလုံး ပျက်စီးတော့မည်ကဲ့သို့ပင်။
ထိုအဖျက်စွမ်းအားက ဧကရာဇ်ကြီးများကိုပင် ထိတ်လန့်စေခဲ့သည်။
ထိုက်ချူးနတ်ဘုရားရင်ခန္ဓာကို ပိုင်ဆိုင်ထားပြီး သက်ရှိသတ္တဝါအားလုံး၏ ယုံကြည်ခြင်းစွမ်းအားတို့ဖြင့် ကျွင်းဝူဟွေ့။
မကြာသေးမီ ခေတ်များစွာအတွင်း ကျွင်းမိသားစု၏ အံ့ဖွယ်အကောင်းဆုံး အကျော်အမော် ချီထျန်းဧကရာဇ်၏ အစစ်အမှန်ဝိညာဉ်။
ထို့ပြင် ရှေးခေတ်သမိုင်းကို ဖြတ်ကျော်ကာ စိတ်ကူးမယဉ်နိုင်သော စွမ်းအားများ ပိုင်ဆိုင်ထားသည့် သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးဧကရီလည်း ရှိသေးသည်။
ဤမှောင်မိုက်သောစကြဝဠာကြီးတစ်ခုလုံး ကွဲကြေသွားပုံရသည်။
ကောင်းကင်မဲ့အမှောင်နယ်မြေ၏ စည်းမျဥ်းများနှင့် နိယာမများက ပြင်ပကမ္ဘာနှင့် မတူဘဲ အလွန်ခိုင်မာသော်လည်း ယခုအခါ မထိန်းနိုင်တော့ဘဲ အပိုင်းပိုင်းပြိုကျနေလေပြီ။
ကျွင်းရှောင်ယောက်က လှိုင်းလုံးများကို တွန်းလှန်ရန် သူ၏ နတ်ဘုရားစွမ်းအင် အားလုံးကို စုစည်းလိုက်သော်လည်း ချီနှင့်သွေးများ ဆူပွက်လာခဲ့ရသည်။
ကျွင်းရှောင်ယောက်ကဲ့သို့ မကောင်းဆိုးရွားဆန်သူတစ်ဦးပင်လျှင် တိုက်ခိုက်မှုလှိုင်းများကို ရင်ဆိုင်ရသောအခါ တုန်လှုပ်နေရသေးသည်။
ဤတိုက်ခိုက်မှုလှိုင်းများက မည်မျှ ကြောက်စရာကောင်းမလဲ တွေးကြည့်နိုင်သည်။
အဓိပဓိများပင်လျှင် ထိုလှိုင်းများကြောင့် အပိုင်းပိုင်း ပေါက်ကွဲပြီး သေဆုံးသွားနိုင်လောက်သည်။
ပျက်စီးခြင်းနယ်စပ်မှ အလင်းမျက်နှာပြင်လည်း ပြင်းထန်စွာ တုန်ခါလာပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားတော့သည်။
"ဟာ... မြန်မြန် ပြန်ပြပါဟ"
အင်မော်တယ်ဘုရင်တစ်ပါးက အော်ဟစ်လိုက်သည်။
ဤအချိန်က အရေးကြီးဆုံးအခိုက်အတန့်ဖြစ်ပြီး ကမ္ဘာနှစ်ခုကြားရှိ အနာဂတ်စစ်ပွဲကိုပင် ဆုံးဖြတ်နိုင်ပေမည်။
"ဝုန်း"
အန္တိမဧကရာဇ်မျိုးနွယ်၏ အင်မော်တယ်ဘုရင်များလည်း အလျင်အမြန် လှုပ်ရှားပြီး ကောင်းကင်မဲ့အမှောင်နယ်မြေမှ မြင်ကွင်းများကို ရောင်ပြန်ဟပ်စေလိုက်ကြသည်။
"ဝမ်..."
မြင်ကွင်းများက ပြန်ပေါ်လာသည်။
ကမ္ဘာနှစ်ရပ်မှ အင်အားများလည်း ချက်ချင်း လှမ်းကြည့်လိုက်၏။
"ဝုန်း... ဝုန်း"
မိုးနှင့်မြေကြားတွင် မိုးပြိုခမန်း ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။
မရေမတွက်နိုင်သော လူများ၏ အကြည့်အောက်တွင်...
အမှောင်စကြာဝဠာမှ ဖရိုဖရဲ မြင်ကွင်းများက တဖြည်းဖြည်း ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သော အချိန်အက်ကြောင်းများနှင့် ဟင်းလင်းပြင် ရေဝဲကြီးများက နေရာအနှံ့တွင် ပြန့်ကျဲနေ၏။
ကောင်းကင်မဲ့ အမှောင်နယ်မြေတစ်ခုလုံး ပျက်စီးသွားရသည်။
"အဟွတ်... အဟွတ်"
နတ်ဆိုးတစ်ကောင်၏ ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာသည်။
ဖရိုဖရဲ ဟင်းလင်းပြင်တွင် အနက်ရောင်သွေးစက်များ ပြန့်ကျဲနေကြောင်း တွေ့လိုက်ရတော့ လူတိုင်း အံ့အားသင့်သွား၏။
သွေးစက်တိုင်းက ဟင်းလင်းပြင်ကို အက်ကွဲသွားစေသည်။
"ဒါ..."
အင်မော်တယ်ဘုရင်များ အပါအဝင် တိုင်းတပါးမှ သတ္တဝါအားလုံး အနည်းငယ် အေးခဲသွားကြသည်။
ဖရိုဖရဲ မြင်ကွင်းများ ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင်...
အန္တိမကပ်ဘေးကြီး၏ ပုံရိပ် ပေါ်လာခဲ့သည်။
ထိုအချိန်တွင် သူ့ရင်ဘတ်ကို ရွှေရောင်လှံတစ်လက်က ထိုးဖောက်ဝင်ရောက်သွားသည်။
သက်ရှိသတ္တဝါအားလုံး၏ ယုံကြည်ခြင်းစွမ်းအားဖြင့် ပေါင်းစည်းထားသော ကျွင်းဝူဟွေ့၏ သက်ရှိအားလုံး၏ အရုဏ်ဦးလှံပင်။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးနှင့် ဧကရာဇ်ချီထျန်း၏ တိုက်ခိုက်မှုက အန္တိမကပ်ဘေးကြီး၏ အင်အားများကို ဖျက်ဆီးပစ်လိုက်သည်။
ထိုအချိန်တွင်၊ ကျွင်းဝူဟွေ့၏ သက်ရှိအားလုံး၏အရုဏ်ဦး လှံရှည်က အန္တိမကပ်ဘေးကြီး၏ရင်ဘတ်ကို တိုက်ရိုက် ထိုးဖောက်သွားခြင်း ဖြစ်တော့သည်။
"အဟွတ်... အဟွတ်..."
အန္တိမကပ်ဘေးကြီးက ချောင်းတဟွတ်ဟွတ်ဆိုးနေသည်။ ပုပ်ပွနေသော သူ့အသားများက လောင်ကျွမ်းခံနေသကဲ့သို့ မီးခိုးများ ထွက်နေ၏။
သက်ရှိသတ္တဝါအားလုံး၏ ယုံကြည်ခြင်း စွမ်းအားက အနက်ရောင်သွေး၏ စွမ်အားများကို ဖိအားပေးနိုင်သည်။
သူ့ခန္ဓာကိုယ်က ပြိုလဲတော့မည်ကဲ့သို့ဖြစ်ပြီး ပုပ်ပွနေသော အသားများကလည်း ကွာကျနေသည်။
အနက်ရောင်သွေးများလည်း ရွှဲနေလေ၏။
ယခင်က ပြိုင်ဘက်ကင်းသော ကိုယ်ဟန်အနေထားနှင့်ယှဉ်လျှင်၊ သူ့ပုံစံက အလွန်ခြားနားသွားသည်။
"မဟုတ်ဘူး... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
"အန္တိမကပ်ဘေးကြီးက ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရမှာလဲ"
ဤမြင်ကွင်းကို မြင်လိုက်ရသော တိုင်းတစ်ပါးသားအားလုံး၏ မျက်လုံးများပြူးကျယ်သွားကြသည်။
အင်မော်တယ်နယ်မြေကြီးကို ပျက်စီးခြင်းများ ယူဆောင်လာရမည့် အန္တိမကပ်ဘေးကြီးက တကယ်ပဲ ဤအတိုင်း အဆုံးသတ်သွားရတော့မည်လော။
တိုင်းတစ်ပါး သတ္တဝါအားလုံး မယုံလိုကြပေ။
ထိုအချိန်တွင်၊ အန္တိမဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်ဘုရင်များ၏ ပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က တုန်ခါလာသည်။ သူတို့က တိုင်းတပါးသို့ ပြန်သွားပြီး အန္တိမကပ်ဘေးကြီးကို ကူညီရန် ကြံစည်လိုက်ကြခြင်း ဖြစ်၏။
"ဘယ်ကိုသွားမှာလဲ"
ကျွင်းရှန်းယွီနှင့် ကျွင်းမိသားစု၏ ဧကရာဇ်သုံးပါးက သူတို့ကို ချက်ချင်း တားဆီးလိုက်ကြသည်။
အဓိပဓိ အင်မော်တယ်ခုံရုံးမှ ဧကရာဇ်ကြီးသည်လည်း တိုင်းတပါးမှ အင်မော်တယ်ဘုရင်များကို တားဆီးလိုက်၏။
အခြား အင်မော်တယ်နယ်မြေကြီးမှ အကျော်အမော်များကလည်း တိုင်းတပါး၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေပြီး စစ်ကူများ ပြန်မသွားနိုင်အောင် တားဆီးနေကြတော့သည်။
"ကျွင်းမိသားစု... မင်းတို့က ကိုယ့်ရဲ့ပျက်စီးခြင်းကို ကိုယ်တိုင် ဖိတ်ခေါ်နေကြတာပဲ"
အန္တိမဧကရာဇ်မျိုးနွယ်၏ အင်မော်တယ်ဘုရင်က အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ဖြင့် ပြောလိုက်သည်။
"ဟားဟားဟား... ဒီမြင်ကွင်းက အရမ်းတူတာပဲ"
ကျွင်းရှန်းယွီက ရယ်မောလိုက်သည်။
ယခုလေးတင်၊ ကျွင်းဝူဟွေ့နှင့် အခြားသူများ အခက်အခဲကြုံရသောအခါ... သူတို့က ကူညီချင်သော်လည်း တိုင်းတစ်ပါးမှ အင်မော်တယ်ဘုရင်များက တားဆီးခဲ့ကြသည်။
ယခုတော့ အခြေအနေက ပြောင်းပြန်ဖြစ်နေပြီ။
သူတို့ကလည်း တိုင်းတပါးမှ ကျင့်ကြံသူများကို သဘာဝအတိုင်း ပြန်ခွင့်ပြုရန် မဖြစ်နိုင်ပေ။
ကောင်းကင်မဲ့ အမှောင်နယ်မြေတွင်... ကျွင်းဝူဟွေ့နှင့် အခြားသူများက ထပ်မံလှုပ်ရှားလိုက်ကြသည်။
"သတ်"
အကျော်အမော်သုံးယောက်က အန္တိမကပ်ဘေးကြီးကို အပြီးတိုင်ဖြေရှင်းရန် ထပ်မံ လှုပ်ရှားလိုက်ကြသည်။
"မင်းတို့ ပုရွက်ဆိတ်တွေက ငါ့ကို ဘယ်လိုလုပ်ပြီး ထိခိုက်စေနိုင်မှာလဲ"
အန္တိမကပ်ဘေးကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ကောင်းကင်ကိုမော့ကာ အော်ဟစ်လိုက်သော နတ်ဆိုးအော်သံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွား၏။
သို့သော်လည်း အခြားသူများ၏ အမြင်မှာတော့ ယင်းက သေခါနီး ဝမ်းနည်းပူဆွေးခြင်းနှင့် မခြားပေ။
ကျွင်းဝူဟွေ့က ထိုက်ချူးနတ်ဘုရားဘုရင်ခန္ဓာကို အသက်သွင်းပြီး ထပ်မံ တိုက်ခိုက်လိုက်သည်။
ဧကရာဇ်ချီထျန်း၏ အစစ်အမှန်ဝိညာဉ်က အစမှအဆုံးထိ စကားတစ်ခွန်းမျှ မပြောသော်လည်း ဤအခိုက်တွင် သူ့လက်တစ်ဖက်ကို မြှောက်လိုက်၏။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးကလည်း မတုံ့ဆိုင်းပေ။ အနီရောင်လီလီပန်းလေးများမိခင်၏ ခန္ဓာကိုယ်ကို အသုံးပြုပြီး အားကောင်းသော နည်းလမ်းများကို အသက်သွင်းလိုက်သည်။
ဤတိုက်ခိုက်မှုတစ်ခုစီက ကြောက်စရာကောင်းလွန်းလှပေသည်။
နောက်ဆုံးတွင် သူတို့သုံးဦးက အန္တိမကပ်ဘေးကြီးကို ထပ်မံ တိုက်ခိုက်လိုက်ကြသည်။
အန္တိမကပ်ဘေးကြီးမှာ အဆက်မပြတ် ဖိနှိပ်ခံရပြီး သူ့ရင်ဘတ်ရှိ သက်ရှိအားလုံး၏ အာရုဏ်ဦးလှံကိုပင် မဆွဲထုတ်နိုင်တော့ပေ။
သူ၏ ပုပ်ပွနေသော အသားများက ဆက်လက် ပြိုကွဲသွားပြီး အနက်ရောင် သွေးများ ထွက်လာသည်။
အဆုံးမှာတော့ အန္တိမကပ်ဘေးကြီး ပုပ်ပွနေသော လက်တစ်ဖက်က ပြုတ်ကျသွားတော့သည်။
ထို့နောက် ခြေထောက်များလည်း ပြတ်ကျသွားသည်။
သူ့ရင်ဘတ်ကလည်း တဖြည်းဖြည်း လောင်ကျွမ်းခံနေရပြီ။
မျက်နှာဖုံးတစ်ဝက်မှ မြင်နေရသည့် သူ့မျက်နှာကြီးကလည်း ကြောက်စရာကောင်းလှသည်။
"အား...."
နောက်ဆုံးတွင်၊ လူတိုင်းကို အသည်းအူ တုန်လှုပ်သွားစေသည့် အော်ဟစ်လိုက်သံကြီး ထွက်ပေါ်လာသည်။
အန္တိမကပ်ဘေးကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးက ပြိုကျသွားပြီ။
အနက်ရောင်သွေးများနှင့် ပုပ်ပွနေသော အသားများက ပျက်စီးနေသော အမှောင်စကြာဝဠာထဲသို့ ပြန့်ကျဲသွားရသည်။
အန္တိမကပ်ဘေးကြီး ရှုံးနိမ့်သွားပြီ။
အသားနှင့်သွေးတို့က ပြန့်ကျဲ၍ ကမ္ဘာအနှံ့သို့ ပျောက်ကွယ်သွားကြသည်။
မိုးနှင့်မြေကြားမှ အသံအားလုံး ပျောက်ကွယ်သွား၏။
ထိုအချိန်... ပျက်စီးခြင်းနယ်စပ်တွင်...
ရှားရှားပါးပါး အသံအားလုံး တိတ်ဆိတ်သွားပြန်သည်။
မရေမတွက်နိုင်သော လူများ စုဝေးနေကြသော်လည်း ဘာအသံမျှ မကြားရတော့ပေ။
အင်မော်တယ်နယ်မြေကြီးကို ပျက်စီးခြင်းတွေ ယူဆောင်လာပေးမဲ့ အန္တိမကပ်ဘေးကြီး... ဒီအတိုင်းကြီး ပျက်စီးသွားရပြီလား။
"ငါအိပ်မက်မက်နေတာလား"
"မဟုတ်ဘူး၊ ဒါတွေအားလုံးက အတုအယောင်တွေပဲ"
ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် အော်ဟစ်လိုက်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
တိုင်းတပါးသား သတ္တဝါအားလုံး မျက်စိမျက်နှာပျက်ပြီး အော်ဟစ်လိုက်ကြသည်။
မယုံကြည်နိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသော တိုင်းတပါးသားများပင် ရှိသေးသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
အင်မော်တယ်ဘုရင်တချို့လည်း မယုံနိုင်ကြတော့ပါ။
အန္တိမကပ်ဘေးကြီးက ဒီလိုပဲ ကျဆုံးသွားပြီလား။
တိုင်းတပါးပြည်နှင့် ဆန့်ကျင်ဘက်ဖြစ်သော အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများကတော့ လွန်စွာမှ စိတ်လှုပ်ရှားနေကြတော့သည်။
အမာရွတ်လေးခုသခင်ကြီးနှင့် အခြားသူများက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေကြပြီ ဖြစ်သည်။
"ငါတို့အနိုင်ရပြီ... ငါတို့အနိုင်ရသွားကြပြီ"
အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
"ကောင်းတယ်... အားလုံးလုံးပြီးသွားပြီ ကိုကိုရှောင်ယောက်"
ကျန်းလော့လီ၏ မျက်ဝန်းအိမ်မှ ဝမ်းသာမျက်ရည်များ စီးကျလာခဲ့သည်။
ကျွင်းရှောင်ယောက်နှင့် ပြန်ဆုံတွေ့ရန် မစောင့်နိုင်တော့ပေ။
သို့သော်...
အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူများ ပျော်ရွှင်မြူးတူးနေချိန်...
လေထဲတွင် တည်ငြိမ်စွာရပ်နေသော ကျွင်းရှန်းယွီနှင့် ကျွင်းမိသားစုမှ ဧကရာဇ်ကြီးများ၏ အမူအရာကတော့ မပြောင်းလဲကြပေ။
အင်မော်တယ်ခုံရုံးမှ ဧကရာဇ်ကြီးအတွက်လည်း အလားတူပင် ဖြစ်သည်။
သူတို့၏ မျက်နှာများက ပျော်ရွှင်မှုသိပ်မရှိကြပေ။
အန္တိမဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်ဘုရင်များ၏ မျက်နှာများကလည်း ရေခဲတမျှအေးစက်နေသည်။ သူတို့က အလင်းမျက်နှာပြင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေ၏။
"ဒီအတိုင်း အဆုံးသတ်မယ်လို့ မင်းတို့ တကယ်ထင်တာလား"
တစ်ချိန်က၊ ကောင်းကင်မဲ့အမှောင်နယ်မြေကို ဝင်ရောက်ခဲ့ဖူးသော အန္တိမဧကရာဇ်မျိုးနွယ်၏ အင်မော်တယ်ဘုရင်တစ်ပါးက လှောင်ပြောင်လိုက်သည်။
ထိုအချိန်တွင်၊ အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူတချို့လည်း သတိပြုမိလာကြသည်။
အန္တိမကပ်ဘေးကြီး ရှုံးနိမ့်သွားပြီ။
သို့သော်လည်း ကျွင်းဝူဟွေ့တို့ သုံးဦး၏ မျက်နှာအမူအရာများမှာ အနည်းငယ်မျှ ပြေလျော့သွားခြင်းမရှိပေ။
ထိုအစား၊ လေးနက်မှု၏ အရိပ်အယောင်တချို့ပင် ရှိနေသည်။
"ဖြစ်နိုင်မလား..."
အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူတချို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုတို့ ပေါ်လာသည်။
ကောင်းကင်မဲ့အမှောင်နယ်မြေတွင်...
တစ်စစီ ပြိုကျသွားသော အန္တိမကပ်ဘေးကြီးကိုကြည့်ရင်း ကျွင်းရှောင်ယောက်က မျက်မှောင်ကြုတ်နေသည်။
"ဒါက တကယ်ပဲ အဆုံးသတ် ဟုတ်ရဲ့လား"
ကျွင်းရှောင်ယောက်လည်း တစ်ခုခု မှားနေသည်ဟု ခံစားနေရ၏။
"ဝုန်း"
ထိုအချိန်...
အက်ကြောင်းများ၊ အပေါက်ကြီးများဖြင့် ပြည့်နှက်နေသည့် ကောင်းကင်မဲ့အမှောင်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင်...
မယုံနိုင်လောက်အောင် ကြီးမားသော အရိပ်ကြီးတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာတော့သည်။