← Chapters

အခန်း ၁၁၁၀

Vol. 74 Ch. 1110

အခန်း ၁၁၁၀

Vol. 74 Ch. 1110

အခန်း ( ၁၁၁၀ ) အရာအားလုံး ပြီးဆုံးသွားပြီလား။

"တုန်ထျန်း ရှေးဧကရာဇ်လား"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။

ယင်းမှာ အဇူရာဧကရာဇ်နှင့် တာအိုတရား ဆွေးနွေးခဲ့သော ကျွင်းမိသားစု၏ ဧကရာဇ်ကြီး ကျွင်းယွမ်ရှီကို အမှတ်ရစေပေသည်။

"ယွမ်ရှီ... တုန်ထျန်း၊ ဖြစ်နိုင်မလား..."

သန့်စင်ခြင်းသုံးပါးဟူသော အမည်ကို ကျွင်းရှောင်ယောက် ရုတ်တရက် သတိရသွားမိသည်။

ယွမ်ရှီထျန်းကျွင်း၊ တုန်ထျန်းသခင်၊ ထိုက်ရှန်းလောင်ကျွင်း...

ဟုတ်သည်၊ ဤသည်က ရိုးရှင်းသော ပေါင်းစည်းမှုသာဖြစ်ပြီး အမှန်တကယ် ဆက်နွယ်မှုမရှိပါ။

သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ ထိုသုံးယောက်ကို ကျွင်းမိသားစု၏ တကယ့်ဆရာကြီးများ ဖြစ်သင့်သည်ဟု ခံစားမိခဲ့သည်။ သူတို့က ရှေးကတည်းက အစီအစဉ်များကို ချမှတ်ခဲ့၏။

အန္တိမကပ်ဘေးကြီးကိုပင် ကြံစည်ထားလိုက်သေးသည်။

သို့သော်လည်း လက်ရှိ အခြေအနေက အန္တရာယ်များနေဆဲ ဖြစ်သည်။

ရှေးဧကရာဇ်တုန်ထျန်းသည် အင်မော်တယ်သတ်ဓားကို ချန်ထားခဲ့ပြီး၊ ကျွင်းဝူဟွေ့က အင်မော်တယ်သတ်ဓားဝိညာဉ်ကို အသက်သွင်းခဲ့ပြီးပြီ ဖြစ်သော်လည်း...

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် အန္တိမကပ်ဘေးကြီး၏ စွမ်းအားများစွာမှာ ပြန်လည် စုဆောင်းပြီးလောက်ပြီ။

နောက်ဆုံးတွင်၊ အနက်ရောင်သွေးများ ပြန့်ကျဲနေသရွေ့... အန္တိမကပ်ဘေးကြီးသည် ကမ္ဘာကြီးမှ စွမ်းအင်များကို ဆွဲယူနိုင်သည်။

ဤနေရာတွင် အန္တိမကပ်ဘေးကြီးက အမှန်တကယ် ကြောက်မက်ဖွယ်အကောင်းဆုံးသော တည်ရှိမှုပင်။

သူ့ကို ဖယ်ရှားလိုပါက အလွန်ခက်ခဲသည်။

ရှေးဧကရာဇ် တုန်ထျန်းကဲ့သို့ တန်ခိုးကြီးမားသူတစ်ဦးပင်လျှင် အန္တိမကပ်ဘေးကြီးကို အင်မော်တယ်သတ်ဓားဖြင့် ဖိနှိပ်ထားရုံသာ တတ်နိုင်ခဲ့သည် မဟုတ်လော။

အရေးကြီးဆုံးက ဤအန္တိမကပ်ဘေးကြီးမှာ မျက်လုံးတစ်လုံးမျှသာ ဖြစ်သည်။

ထိုမျက်လုံးပိုင်ရှင်ဖြစ်ပါက၊ မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်ရန်ပင် မလွယ်ပေ။

အင်မော်တယ်သတ်ဓားက အသက်ဝင်လာပြီးနောက် ထာဝရတောက်ပနိုင်သည့် ဓားအလင်းကို ထုတ်လွှတ်လိုက်သည်။

အင်မော်တယ်သတ်ဓားဝိညာဉ်က စတင် တိုက်ခိုက်လိုက်၏။

အင်မော်တယ်လက်နက်များတွင် စိတ်ဝိညာဉ် ရှိနေပြီ ဖြစ်သည်။

အင်မော်တယ်လက်နက်များ၏ လက်နက်ဝိညာဉ်ကလည်း အလွန်အစွမ်းထက်ပြီး ထိပ်သီးအကျော်အမော်များကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။

"တိုက်ခိုက်ကြ"

ကျွင်းဝူဟွေ့က ဟိန်းဟောက်ပြီး ထပ်မံ လှုပ်ရှားလိုက်သည်။

ဧကရာဇ်ချီထျန်း၏ အစစ်အမှန်ဝိညာဉ်နှင့် သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးကလည်း လှုပ်ရှားလာ၏။

သို့သော်လည်း ယခင်ကနှင့်ယှဉ်လျှင်၊ သူတို့၏ အင်အားက အနည်းငယ် အားနည်းလာသည်။

နောက်ဆုံးတွင် ၎င်းတို့အနက်မှ တစ်ခုက အစစ်အမှနိဝိညာဉ်ဖြစ်ပြီး ကျန်တစ်ဖက်မှာမူ၊ အချိန်မြစ်ကြီးကို ကျော်ဖြတ်၍ သူမ၏စွမ်းအားကို အနီရောင်လီလီပန်းလေးများ၏မိခင်ထံ လွှဲပြောင်းပေးထားခဲ့ခြင်းသာ ဖြစ်သည်။

မူလခန္ဓာ မဟုတ်သောကြောင့် အချိန်အကြာကြီး မတိုက်ခိုက်နိုင်ကြပေ။

ယခုလည်း သူတို့နှစ်ဦးဟာ၊ သူတို့၏ နောက်ဆုံးအင်အားကို အသုံးပြုပြီး တိုက်ခိုက်လိုက်ကြရခြင်း ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီးတစ်ခု ထပ်မံဖြစ်ပေါ်လာတော့သည်။

ကျွင်းဝူဟွေ့၊ အင်မော်တယ်သတ်ဓားဝိညာဉ်နှင့် အခြားသူများက အတူတကွ ပူးပေါင်းပြီး အန္တိမကပ်ဘေးကြီးကို တိုက်ခိုက်လိုက်ကြသည်။

အင်မော်တယ်သတ်ဓားဝိညာဉ်က နတ်အလင်းများဖြင့် တောက်ပနေသည်။

အမှောင်ကမ္ဘာကို ဖျက်ဆီးပစ်ချင်သကဲ့သို့ မိုးကြိုးထစ်ချုန်းသံများလည်း ထွက်ပေါ်လာ၏။ တာအိုမိုးကြိုးများမှာလည်း တဖျပ်ဖျပ် လက်နေတော့သည်။

အစွမ်းထက်ဆုံး လူသတ်လက်နက်အနေဖြင့် အင်မော်တယ်သတ်ဓားဝိညာဉ်၏ စွမ်းအားက ကြောက်စရာကောင်းလှသည်။

ထိုကဲ့သို့ အင်မော်တယ်ရတနာမျိုးမှလည်း အန္တိမကပ်ဘေးကြီးကို ဖိနှိပ်နိုင်စွမ်း ရှိလိမ့်မည်။

"ကြောက်စရာကောင်းလွန်းတယ်။ ဒါက အင်မော်တယ်သတ်ဓားရဲ့ စွမ်းအားလား။ ကျွင်းမိသားစုမှာ ဒီလောက်အစွမ်းထက်တဲ့ လက်နက်ရှိမယ်လို့ မမျှော်လင့်ထားဘူး"

"အင်မော်တယ်သတ်ဓားက အစွမ်းထက်ပေမဲ့ အန္တိမကပ်ဘေးကြီးက ပိုပြီးတော့ ကြောက်စရာကောင်းတယ်လို့ ငါ ခံစားရတယ်။ အင်မော်တယ်သတ်ဓားနဲ့ တံဆိပ်ခတ်ထားတာ ကြာခဲ့ပြီဆိုပေမဲ့ အခုထိ မသေနိုင်သေးဘူး"

"ဘယ်လို မျက်လုံးကြီးပါလိမ့်၊ ဒါက တားမြစ်တည်ရှိမှုကြီးတစ်ခုရဲ့ မျက်လုံးပဲလား"

တချို့က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မှန်းဆပြောဆိုလိုက်ကြသည်။

မျက်လုံးတစ်လုံးကပင် အဆုံးမရှိသော အမှောင်ကပ်ဆိုးကို ဖြစ်စေသည့် အန္တိမကပ်ဘေးကြီးဟု ခေါ်နိုင်သည်။

ထိုမျက်လုံးပိုင်ရှင်သာ အမှန်တကယ်ရှိပါက... မည်သို့သော တည်ရှိမှုမျိုး ဖြစ်မည်နည်း။

ဤအခိုက်အတန့်တွင်၊ အင်မော်တယ်နယ်မြေကြီးမှ သက်ရှိသတ္တဝါအားလုံးက စိုးရွံ့တုန်လှုပ်စွာဖြင့် တိုက်ပွဲကို စောင့်ကြည့်နေခဲ့ကြသည်။

တိုင်းတစ်ပါးမှ ဘုရင်များကတော့ သက်ပြင်းချပြီး တိတ်တဆိတ်သာ စောင့်ကြည့်နေကြတော့သည်။

"အန္တိမကပ်ဘေးကြီးက ဒီခေတ်မှာ နိုးထလာဖို့ ရွေးချယ်လိုက်တာကြောင့်... စွမ်းအားအလုံ‌အလောက် စုဆောင်းပြီးပြီဆိုတာ သေချာတယ်"

........

အန္တိမကပ်ဘေးကြီး၏ စွမ်းအားက ဖော်ပြရန်ပင် မလွယ်ပါ။ အနက်ရောင်သွေးများက ကောင်းကင်တွင် စီးဆင်းသွားပြီး ရှည်လျားသော မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာပင်၊ လက်တံကြီးများက နိယာမဖြင့် ဖွဲ့စည်းထားသော ကြာပွတ်များကဲ့သို့ ကျွင်းဝူဟွေ့နှင့် အခြားသူများကို ရိုက်ချလိုက်ကြ၏။

ရိုက်ချက်တိုင်းတွင် ဟင်းလင်းပြင်က ဆုပ်ပြဲသွားရသည်။

"ဖူး"

ကျွင်းဝူဟွေ့၏ နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျလာပြီး အနောက်ကို ပြန်‌ဆုတ်သွားရတော့သည်။

ထိုက်ချူးနတ်ဘုရားဘုရင်ခန္ဓာဖြင့်ပင် ဒဏ်ရာရရှိနေဆဲ ဖြစ်သည်။

ဧကရာဇ်ချီထျန်း၏ အစစ်အမှန်ဝိညာဉ်မှာလည်း အနည်းငယ် မှိန်ဖျော့သွား၏။

နောက်ဆုံးတွင်၊ ဤသည်က အစစ်အမှန်ဝိညာဉ်မျှသာဖြစ်ပြီး ၎င်း၏စွမ်းအားကလည်း အဆုံးမှာ ကုန်ဆုံးသွားမည် ဖြစ်သည်။

သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးအတွက်မူ၊ သူမ၏ နူးညံ့သော ခန္ဓာကိုယ် အရေပြားပေါ်တွင် အက်ကြောင်းများ စတင်ပျံ့နှံ့လာသည်။

ဤသည်က အနီရောင်လီလီပန်းလေးများမိခင်၏ ခန္ဓာကိုယ်ဖြစ်သောကြောင့် ကြီးမားသော စွမ်းအင်များကို တောင့်မခံနိုင်တော့ပေ။

နောက်ဆုံးတွင်၊ သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး၏ စွမ်းအားက အနီရောင်လီလီပန်းလေးများ၏မိခင်အတွက်ပင် အနည်းငယ် ပြင်းထန်နေဆဲ ဖြစ်သည်။

ထို့ပြင်၊ အန္တိမကပ်ဘေးကြီးနှင့်လည်း တိုက်ခိုက်ရသေးပေရာ သူမ ခံနိုင်ရည်ရှိရန် ခက်ခဲပေလိမ့်မည်။

ဤမျှအချိန်ကြာကြာ ထိန်းထားနိုင်ခြင်းကပင်၊ သူမ၏ အင်အားကို သက်သေပြရန် လုံလောက်သည်။

"အန္တိမကပ်ဘေးကြီးကို ဘယ်သူမှ တားဆီးလို့ မရဘူးကွ။ အရာအားလုံး နစ်မြုပ်သွားပြီး ခေတ်ကြီးလည်း ပျက်သုဉ်းသွားလိမ့်မယ်"

"မင်းတို့က ရထားကို တားဆီးဖို့ ကြိုးစားနေတဲ့ ကျားတွထက် မပိုဘူး"

အန္တိမကပ်ဘေးကြီး၏ ကြွေးကြော်သံက ကောင်းကင်ကို ပျံ့လွင့်သွားသည်။

၎င်းက နတ်ဘုရားစွမ်းရည်ကို အသက်သွင်းလိုက်သောအခါ...

အဆုံးမဲ့ အမှောင်စွမ်းအားများက တဟုန်ထိုး တိုးတက်လာ၏။

ထို့နောက် လူအများ၏ အံ့ဩတုန်လှုပ်နေသော အကြည့်များအောက်တွင်...

ပုံရိပ်များစွာ အရိပ်ထင်ပြီး ထွက်ပေါ်လာတော့သည်။

၎င်းက အမှောင်ထုဖြင့် ညစ်စွန်းခဲ့ရသော နတ်ဆိုးများ၊ ဧကရာဇ်များ၊ အင်မော်တယ်ဘုရင်များ၏ ပုံရိပ်များ ဖြစ်သည်။

ပုံရိပ်များက မူလခန္ဓာတော့မဟုတ်ပေ။ အနက်ရောင်အမှုန်များဖြင့် ပြုလုပ်ထားသကဲ့သို့ မှုန်ဝါးဝါး ဖြစ်သည်။

သို့သော်လည်း တစ်ဦး၊ နှစ်ဦးမဟုတ်ဘဲ ရာနှင့်ချီပြီး ရှိ၏။

အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများလည်း မမြင်နိုင်သော လက်ကြီးတစ်ဖက်က သူတို့၏ နှလုံးသားကို ဖျစ်ညှစ်နေသလို ခံစားရကာ အသက်ရှူများပင် ကြပ်လာတော့သည်။

ရာနှင့်ချီသော အမှောင်ဧကရာဇ်များနှင့် အင်မော်တယ်ဘုရင်များ...

၎င်းက ရောင်ပြန်ဟပ်ပြီး ပေါ်လာခြင်းမျှသာဖြစ်သော်လည်း အံ့မခန်းစွမ်းအားများကို ပိုင်ဆိုင်ထားပြီး အလွန်ကြောက်စရာကောင်းနေသေးသည်။

"သတ်..."

ရာနှင့်ချီသော အမှောင်ဧကရာဇ်များနှင့် အင်မော်တယ်ဘုရင်များက ဟိန်းဟောက်ပြီး ကျွင်းဝူဟွေ့နှင့် အခြားသူများဆီသို့ ပြေးဝင်သွားကြသည်။

ထိုကဲ့သို့ အတက်အကျမျိုးသည် ဖော်ပြ၍မရနိုင်ပေ။

ကမ္ဘာကြီးကိုပင် အလွယ်တကူ ဖြိုခွဲပစ်နိုင်လောက်သည်။

"ဝုန်း... ဝုန်း... ဝုန်း"

တခဏအတွင်းမှာပင် ကောင်းကင်နှင့်မြေပြင်ကြားတွင် မရေမတွက်နိုင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

ဤသည်မှာ အန္တိမကပ်ဘေးကြီး၏ အစွမ်းထက်ဆုံး နည်းလမ်း ဖြစ်၏။

၎င်းသည် တစ်ချိန်က ညစ်စွန်းခဲ့ရသော ဧကရာဇ်များနှင့် အင်မော်တယ်ဘုရင်များကို ထင်ဟပ်စေနိုင်သည်။

"အဟွတ်... အဟွတ်"

ကျွင်းဝူဟွေ့မှာ ဧကရာဇ် ဒါဇင်ချီ၏ ဝန်းရံတိုက်ခိုက်မှုကြောင့် နောက်သို့ တစ်ဖန်ဆုတ်သွားရသည်။

သူ ဒဏ်ရာရသွား၏။

အနီရောင်လီလီပန်းလေးများမိခင်၏ ခန္ဓာကိုယ်မှာလည်း အက်ကွဲပြီး သွေးများပင် စီးကျလာနေပြီ ဖြစ်သည်။

အကယ်၍၊ သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက ကြီးမားသော စွမ်းအားများကို ဆက်လက်ထုတ်ဖော်နေဦးမည်ဆိုလျှင်...

တိုက်ခိုက်ရန် မဆိုထားဘိ၊ အနီရောင်လီလီပန်းလေးများမိခင်၏ ခန္ဓာကိုယ်ကိုပင် တိုက်ရိုက် ပေါက်ကွဲသွားစေလိမ့်မည်။

သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးထံမှ တိုးညှင်းသော သက်ပြင်းချလိုက်သံ ထွက်ပေါ်လာသည်။

သူမလည်း အကောင်းဆုံးကြိုးစားခဲ့ပြီးပြီ။

သူမ၏ ခွန်အားများ ဆုတ်ယုတ်သည်ထက် ဆုတ်ယုတ်လာသည်။

ထို့နောက်၊ အချိန်မြစ်ကြီးက ပြန်ပေါ်လာပြီး လှပသော ရုပ်သွင်တစ်ခုက အနီရောင်လီလီပန်းလေးများ၏ အပေါ်တွင် ပြန်ပေါ်လာ၏။ ထိုပုံရိပ်က နေရာတွင်ရပ်ပြီး ကျွင်းရှောင်ယောက်ကို စိုက်ကြည့်နေသည်။

သူမကို ကြည့်ရသည်မှာ၊ ကျွင်းရှောင်ယောက်ကို ဤကပ်ဘေးကြီးမှ လွတ်မြောက်ပြီး အသက်ရှင်သွားရန် တီးတိုးပြောနေသကဲ့သို့ပင်။

"ဝုန်း"

ပေါက်ကွဲသံနှင့်အတူ အချိန်မြစ်ကြီးက ပြန့်ကျဲကာ ပျောက်ကွယ်သွားသည်။

အနီရောင်လီလီပန်းလေးများ၏မိခင် သတိပြန်လည်လာ၏။ သူမ၏ ပါးစပ်ထဲမှ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။ ဤအခိုက်တွင်၊ သူမ၏ ခန္ဓာကိုယ်က အားနည်းနေပြီး ပြိုကွဲတော့မည်ကို ခံစားလိုက်ရသည်။

တစ်ဖက်တွင်၊

အမှောင်ဧကရာဇ်နှင့် အင်မော်တယ်ဘုရင် ပုံရိပ် ဒါဇင်ချီက ဧကရာဇ်ချီထျန်း၏ အစစ်အမှန်ဝိညာဉ်ကို တိုက်ခိုက်နေရင်း ရုတ်တရက် သူတို့ကိုယ်ကိုယ် ဖောက်ခွဲလိုက်ကြသည်။

ပေါက်ကွဲထွက်လာသော စွမ်းအားများက ဧကရာဇ်ချီထျန်း၏ အစစ်အမှန်ဝိညာဉ်ကို တုန်လှုပ်သွားစေခဲ့၏။

အစစ်အမှန်ဝိညာဉ်တစ်ခုက ဤမျှ တိုက်ခိုက်နိုင်ခြင်းမှာ လူတိုင်းကို အံ့အားသင့်စေနိုင်သည်။

သို့သော်... ယခုတော့ ဧကရာဇ်ချီထျန်း၏ အစစ်အမှန်ဝိညာဉ်လည်း သက်ပြင်းချလိုက်သည်။

ထို့နောက်မှာ‌တော့ နေရောင်ထိသော နှင်းရည်စက်ကဲ့သို့ ပျောက်ကွယ်သွားတော့သည်။

ဧကရာဇ်ချီထျန်း၏ အမိန့်တော်မှာလည်း ရွှေရောင်အလင်းတန်းများ မှေးမှိန်ကာ ပျောက်ဆုံးသွားခဲ့သည်။

ပျက်စီးခြင်းနယ်စပ်ရှိ အလင်းမျက်နှာပြင်ပေါ်တွင် ဤမြင်ကွင်းပေါ်လာသောအခါ...

အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူအားလုံး တိတ်ဆိတ်သွားကြသည်။

သူတို့၏ ခန္ဓာကိုယ်များက အေးစက်တောင့်တင်းနေပြီး အသိစိတ်ပျောက်သလို ဖြစ်သွားကြ၏။

ကမ္ဘာပေါ်တွင် ကြေကွဲဖွယ်အကောင်းဆုံးအရာကား အဘယ်နည်း။

စိတ်ပျက်အားငယ်နေရာမှ မျှော်လင့်ချက်လေးတစ်ခု မွေးဖွားလာသော်လည်း ထိုမျှော်လင့်ချက်လေးပင် ထပ်မံပျက်စီးသွားရခြင်း ဖြစ်သည်။

လူတိုင်းကို မျှော်လင့်ချက်မပေးဘဲ အစကတည်းက အဆုံးသတ်လိုက်တာမှ ပိုကောင်းပေဦးမည်။

"ပြီးပြီ... အားလုံးပြီးသွားပြီ..."

All Chapters