← Chapters

အခန်း ၁၁၁၁

Vol. 75 Ch. 1111

အခန်း ၁၁၁၁

Vol. 75 Ch. 1111

အခန်း ( ၁၁၁၁ ) ယုံကြည်ခြင်းမျိုးစေ့ ကွဲအက်သွားပြီ။

ယခင်၊ ကျွင်းဝူဟွေ့နှင့် အခြား အကျော်အမော်များက အန္တိကပ်ဘေးကြီးကို ချေမှုန်းလိုက်သောအခါ အန္တရာယ်များ ကင်းရှင်းပြီဟုထင်ပြီး အင်မော်တယ်နယ်မြေကြီး၏ လူတိုင်း ဝမ်းသာပျော်ရွှင်ခဲ့ကြသည်။

သို့ရာတွင်...

ယခင် အန္တိကပ်ဘေးကြီးက ပုံရိပ်တစ်ခုမျှသာ ဖြစ်နေမည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။

ယခုတော့ စစ်မှန်သည့် အန္တိကပ်ဘေးကြီး ပေါ်လာပြီ။

ကြောက်စရာကောင်းသော အသွင်ပြင်၊ ပြင်းထန်သော ဖိအားများနှင့် အမှောင်စွမ်းအင်တို့က သက်ရှိသတ္တဝါအားလုံးကို စိတ်ပျက်အားငယ်စေခဲ့သည်။

အန္တိကပ်ဘေးကြီးက ကမ္ဘာပေါ်ရှိ အရာအားလုံးကို အမှောင်ထဲသို့ ဆွဲငင်သွားတော့မည်ကဲ့သို့ပင်။

"အားလုံးပြီးသွားပြီ။ အန္တိကပ်ဘေးကြီးက အင်မော်တယ်သတ်ဓားရဲ့ ချုပ်နှောင်ခြင်းကနေ လွတ်မြောက်သွားတဲ့အချိန်ဟာ အင်မော်တယ်နယ်မြေကြီး ပျက်စီးကိန်းဆိုက်ရမဲ့ အချိန်ပဲ"

"အချိန်ရောက်လာတဲ့အခါ၊ တိုင်းတစ်ပါးသားတွေ ကျူးကျော်လာမယ်။ မရေမတွက်နိုင်တဲ့ သက်ရှိတွေ သေကြေကြပြီး ကမ္ဘာကြီးရဲ့ အဆုံးသတ်က မြန်မြန်ပဲ‌ ရောက်ရှိလာလိမ့်မယ်"

အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများစွာ စိတ်ဓာတ်ကျကုန်သည်။

လက်မခံလိုစွာဖြင့် အော်ဟစ်နေကြသူများလည်း ရှိသေးသည်။

"မဟုတ်ဘူး၊ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ။ ငါမယုံဘူး... ဒါက ရွှေရောင်ခေတ်ပဲ၊ ငါ အပြည့်အဝ မကြီးပြင်းလာသေးဘူး။ ငါ ဘယ်လိုလုပ်ပြီး သေနိုင်မှာလဲ"

"ဟုတ်တယ်၊ ငါတို့ခေတ်ကို မရောက်သေးဘူး။ ငါတို့ ငါတို့တကယ်ကြီးပြင်း မလာသေးဘူး၊ အဆုံးသတ်ကဒီလိုမဖြစ်သင့်ဘူး"

ပါရမီရှင်များစွာက ဤရလဒ်ကို လုံးဝ လက်မခံနိုင်ဘဲ အော်ဟစ်လိုက်ကြသည်။

ဤသည်မှာ ပါရမီရှင်များစွာ ပေါ်ပေါက်လာပြီး ရှင်ဘုရင်ဖြစ်ဖို့ ယှဉ်ပြိုင်ရမည့် ကျင့်ကြံခြင်း၏ ရွှေခေတ် ဖြစ်သည်။

ဉာဏ်အလင်းရရှိရန် အခွင့်အလမ်းများလည်း မရှားပေ။

မျိုးစေ့အဆင့် ပါရမီရှင်များစွာတို့ အိပ်စက်နေခဲ့ကြခြင်း အကြောင်းရင်းမှာ ဤရွှေခေတ်ကို စောင့်ဆိုင်းနေသောကြောင့် ဖြစ်သည်။

ရလဒ်အနေဖြင့်၊ ယခုအခါ အန္တိကပ်ဘေးကြီးပေါ်လာပြီး စိတ်ဝိညာဉ်အားလုံးကို အမှောင်ထဲသို့ ဆွဲထုတ်သွားတော့မည်။

သူတို့၏ ရှေ့ခရီးက စောစောစီးစီး ဖြတ်ခံရပြီး အကျော်အမော်များအဖြစ်သို့ ကြီးထွားရန် အချိန်မရှိတော့ပေ။

ယင်းက မျိုးစေ့အဆင့် ပါရမီရှင်များစွာကို ဒေါသထွက်လွန်းသဖြင့် သွေးအန်လုနီး ဖြစ်စေခဲ့သည်။

"တကယ်ပဲ ပြီးဆုံးသွားပြီလား"

ကျွင်းမိသားစု၏ ဘိုးဘေးများလည်း လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြသည်။

ကျွင်းမိသားစု၏ ဝှက်ဖဲများကြောင့် အန္တရာယ်ကင်းနိုင်မည်ဖြစ်သော်လည်း...

ဤသည်က သူတို့မြင်လိုသော ရလဒ် မဟုတ်ပေ။

အရေးကြီးဆုံးအချက်မှာ ကျွင်းဝူဟွေ့နှင့် ကျွင်းရှောင်ယောက်က အကျပ်အတည်း ဖြစ်နေခြင်းပင် ဖြစ်သည်။

ကျွင်းဝူဟွေ့က သန့်စင်သော ကိုယ်ပွားသုံးခုထဒမှ တစ်ခုသာဖြစ်၍ အခြေအနေ မဆိုးသေးပေ။

ကျွင်းရှောင်ယောက် ကျဆုံးခဲ့လျှင်တော့ ကျွင်းမိသားစုအတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်လာမည်မှာ သေချာသည်။

"တကယ်လို့ အခေုအနေမကောင်းတော့ရင် မိသားစုနောက်ခံအားလုံးကို စွန့်စားရရင်တောင် တိုင်းတစ်ပါးကိုသွားပြီး သူတို့သားအဖကို ကယ်တင်မယ်"

ကျွင်းထိုက်ရွှမ်၊ ကျွင်းထိုက်အနှင့် အခြား ဧကရာဇ်တစ်ပိုင်း ဘိုးဘွားများ၏ မျက်နှာများက အေးစက်သွားသည်။

"ကိုကိုရှောင်ယောက်..."

ပျက်စီးခြင်းနယ်စပ်မှ စစ်မြေပြင် တစ်နေရာတွင်...

အလင်းမျက်နှာပြင်မှ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းလော့လီ မျက်ရည်များ ဝဲလာသည်။

သူ မုန်းသည်။

ကျွင်းရှောင်ယောက် မကူညီနိုင်လောက်အောင် အားနည်းသောကြောင့် ကိုယ့်ကိုယ်ကို မုန်း၏။

အဆိုးရွားဆုံးအခိုက်အတန့်တွင် ကျွင်းရှောင်ယောက်၏ဘေးမှာ မရပ်တည်နိုင်သောကြောင့် ကိုယ့်ကိုယ်ကို ပိုမုန်းသည်။

အန္တရာယ်များကို အတူတူရင်ဆိုင်ရပြီး သူတို့နှစ်ယောက် အတူတူသေသွားလျှင်ပင် ကျန်းလော့လီ နောင်တရမည် မဟုတ်ပါ။

လင်ယွမ်မှာလည်း အလင်းမျက်နှာပြင်မှ မြင်ကွင်းများကိုကြည့်ရင်း ရင်ထဲတွင် တင်းကျပ်လာသလို ခံစားလိုက်ရသည်။

ကျွင်းရှောင်ယောက်က သူမ၏ နှလုံးသားထဲတွင် နေရာယူပြီးဖြစ်တာ‌ကိုတော့ သူမ တစ်ဦးတည်းသာ သိလိမ့်မည်။

အပေါ်ယံတွင် ငြိမ်သက်နေသော်လည်း ရင်ထဲမှာတော့ ‌ဗလောင်ဆူနေပြီ ဖြစ်သည်။

ဤသည်က ကျန်းလော့လီနှင့် လင်ယွမ်တို့ နှစ်ဦးတည်းသာ မဟုတ်ပါ။

ကျွင်းရှောင်ယောက်နှင့် ပတ်သက်သော အခြားလူများ အားလုံး...

သူ၏နောက်လိုက်များ၊ မိတ်ဆွေဟောင်းများအားလုံး ရင်ထဲတွင် လေးလံလာကြသည်။

အားလုံးပြီးသွားပါပြီ။

ဧကရာဇ်ချီထျန်း၏ အစစ်အမှန်ဝိညာဉ် ပျောက်ကွယ်သွားသည်။

သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး၏ စွမ်းအင်များလည်း ကုန်သွားပြီ။

သွေးစွန်းနေသော အဖြူရောင်အဝတ်အစားများဖြင့် ကျွင်းဝူဟွေ့နှင့် ဒဏ်ရာရနေသော အနီရောင်လီလီပန်းလေးများ၏မိခင်၊ ကျွင်းရှောင်ယောက်တို့သာ ကျန်သည်။

အလွန်ဆုံး အင်မော်တယ်သတ်ဓားနှင့် အင်မော်တယ်သတ်ဓား၏ ဓားဝိညာဉ်ကိုသာ ပေါင်းထည့်နိုင်လိမ့်မည်။

သို့သော်လည်း အင်မော်တယ်သတ်ဓားက မည်မျှပင် အစွမ်းထက်စေကာမူ၊ ထိန်းချုပ်သူမရှိဘဲ အင်မော်တယ်သတ်ဓား ဓားဝိညာဉ်တစ်ခုတည်းဖြင့် အန္တိကပ်ဘေးကြီးကို အပြည့်အဝ ဖိနှိပ်နိုင်မည် မဟုတ်ပေ။

တစ်နည်းဆိုရသော် အခြေအနေက ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သည်။

"မင်းတို့လောက်နဲ့ ငါ့ကို ပိတ်လှောင်ချင်လို့ မရဘူးကွ။ ကမ္ဘာကြီးက ထာဝရအမှောင်ထုထဲ ကျရောက်သွားမှာကို စောင့်နေလိုက်"

အန္တိကပ်ဘေးကြီး၏ နတ်ဆိုးအသံက ပျံ့နှံ့သွားသည်။ အဆုံးမဲ့ အနက်ရောင်သွေးစွမ်းအင်များက အင်မော်တယ်သတ်ဓားဆီသို့ တဟုန်ထိုး စီးဆင်းလာ၏။

ပြိုးပြိုးပြက်ပြက် တောက်ပနေသော ဓားတစ်လက်လုံးက အမှောင်စွမ်းအင်တို့ ပြည့်နေတော့သည်။

အင်မော်တယ်သတ်ဓား၏ ဓားဝိညာဉ်က ခုခံရန် အစွမ်းကုန် ကြိုးစားနေသည်။

သို့သော်... သူ ဘာမျှ မလုပ်နိုင်သေးပါ။

အန္တိကပ်ဘေးကြီးက နှစ်ပေါင်းများစွာ အိပ်မောကျနေပြီး စွမ်းအားများ စုဆောင်းလာခဲ့သည်။ ယခုတော့ သူနိုးထလာပြီမို့ မည်သို့ အလွယ်တကူ ဖိနှိပ်နိုင်တော့မည်နည်း။

"ငါတို့လုပ်နိုင်တာ ဘာမှမရှိတော့ဘူး ထင်တယ်"

အနီရောင်လီလီပန်းလေးများ၏မိခင်က သက်ပြင်းချလိုက်သည်။

သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေးက မှုန်ဝါးဝါး အလင်းရောင်များဖြင့် ပြည့်နေပြီး ဒဏ်ရာရနေသော သူ့ခန္ဓာကိုယ်ကို ကုသနေ၏။

သို့သော်လည်း... အနီရောင်လီလီပန်းလေးများ၏မိခင်အတွက် အင်အားအပြည့် ရှိသေးလျှင်ပင် ဘာမျှတတ်နိုင်လိမ့်မည် မဟုတ်ပါ။

ထိုအချိန်တွင် ကျွင်းဝူဟွေ့၏ အသံ ထွက်လာသည်။

"ရှောင်ယောက်၊ မင်း အရင်ထွက်သွားပါ။ ဒီမှာ အဖေရှိနေရင် ရပြီ"

ကျွင်းဝူဟွေ့၏ ခန္ဓာကိုယ်က ယုံကြည်ခြင်းအလင်းများဖြင့် တောက်ပနေပြီး လေထဲသို့ တစ်လှမ်းချင်း နင်းလျှောက်သွား၏။

သူ့လေသံက အလွန်အေးဆေးပြီး သေခြင်းရှင်ခြင်းကို ခံစားရပုံမရပေ။

ဤသည်မှာ ကျွင်းဝူဟွေ့၏ ကိုယ်ပွားသုံးခုထဲမှ တစ်ခုမျှသာ ဖြစ်သည်။

သူ့ခန္ဓာကိုယ် ပျက်စီးသွားလျှင်ပင် ဂရုစိုက်မည် မဟုတ်ပေ။

သို့သော်လည်း ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်က ခေါင်းကို ဖြေးညှင်းစွာ ခါယမ်းလိုက်သည်။

"ရှောင်ယောက်၊ မင်းက စိတ်မြန်လက်မြန်လုပ်တတ်သူ မဟုတ်ပါဘူး"

ကျွင်းဝူဟွေ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ဖခင်တစ်ယောက်အနေဖြင့် သူ့တာဝန်များကို ဘယ်တုန်းကမှ မကျေပွန်ခဲ့ပါ။

သို့ရာတွင် ကျွင်းရှောင်ယောက်၏ သတင်းများကိုတော့ သူ အာရုံစိုက်နေခဲ့သည်။

ကျွင်းရှောင်ယောက်၏ အပြုအမူများက စေ့စပ်ပြီး တည်ငြိမ်သည်။ သွေးဆူလွယ်ပြီး အလောတကြီး ပြုမူတတ်သူ မဟုတ်ပေ။

ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်က အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်သည်။

ကျွင်းဝူဟွေ့မှ သူ့အတွက် ချန်ထားခဲ့သော အဆောင်ဖြစ်ချေသည်။

"အဖေ... အဖေချန်ထားခဲ့တဲ့ အဆောင်လက်ဖွဲ့မှာ 'ဂုဏ်သိက္ခာရှိတဲ့ ယောင်္ကျားတစ်ယောက်အတွက် ဘဝမှာ‌ နောင်တရစရာ မရှိဘူး'တဲ့"

"အခုချိန်မျိုးမှာ ကျွန်တော်ကို ဒီလိုမျိုး ထွက်သွားစေချင်တာလား။ တောင်းပန်ပါတယ်၊ ကျွန်တော် မလုပ်နိုင်ဘူး"

ပုံမှန်အားဖြင့်၊ ကျွင်းရှောင်ယောက်၏ စိတ်ဖြင့် အကောင်းဆုံးရွေးချယ်မှုမှာ ထွက်ခွာသွားရန်ပင်။

ကျွင်းရှောင်ယောက်က အမြဲတမ်း အေးဆေးတည်ငြိမ်ပြီး အကျိုးအမြတ်ကို ဦးတည်သူဖြစ်သည်။

ယခုမူ၊ အရှုံးအမြတ်တို့ကို သူ မတွေးချင်တော့ပါ။

ရလဒ်ကိုလည်း မတွေးချင်ပေ။

သူ တိုက်ခိုက်သွားချင်သည်။

ကျွင်းဝူဟွေ့ တိတ်ဆိတ်သွား၏။

ထို့နောက် သူက အားပါးတရ ရယ်မောလိုက်တော့သည်။

ဒါက သူ့ရဲ့သား၊ သူ့ရဲ့ အမွေဆက်ခံသူ...

သူ ဂုဏ်ယူမိသည်။

"ဝုန်း"

အန္တိကပ်ဘေးကြီး၏ လက်တံများက လှုပ်ရှားလာသည်။ သူက ကျွင်းဝူဟွေ့နှင့် အခြားသူများကို ပြန်လည်ကုသရန် အချိန်မပေးပေ။

ကျွင်းဝူဟွေ့က နတ်ဘုရားဘုရင်တစ်ပါးကဲ့သို့ ကောင်းကင်ကို တစ်လှမ်းချင်း နင်းတက်သွားသည်။

သူက ကျွင်းရှောင်ယောက်ကို ဆွဲဆောင်ရန် မလုပ်တော့ပါ။

ဤသည်မှာ ကျွင်းရှောင်ယောက်၏ ကိုယ်ပိုင်ရွေးချယ်မှု ဖြစ်သည်။

အနီရောင်လီလီပန်းလေးများ၏မိခင်ကလည်း လှုပ်ရှားလိုက်သည်။

"ကြည့်ကြစမ်း၊ နတ်ဘုရားဘုရင်က တိုက်ခိုက်နေတုန်းပဲ၊ သူက အရှုံးမပေးသေးဘူး"

ပျက်စီးခြင်းနယ်စပ်တွင်၊ အလျှော့မပေးဘဲ တိုက်ခိုက်နေသေးသော ကျွင်းဝူဟွေ့ကို မြင်တွေ့ရပြီးနောက်...

အင်မော်တယ်နယ်မြေကြီးမှ လူတိုင်း၏ မျက်လုံးများက စိတ်ခံစားချက် အမျိုးမျိုး ပေါ်လာသည်။

လူအတော်များများ၏ မျက်လုံးများက နီရဲလာ၏။

အင်မော်တယ်နယ်မြေကြီးတွင် ဤသို့သော သူရဲကောင်းတစ်ယောက်ရှိခြင်းက သက်ရှိသတ္တဝါအားလုံးအတွက် ကောင်းချီးတစ်ခုပင်။

"အသုံးမဝင်တဲ့ ရုန်းကန်မှုပါပဲ။ ဘာအရေးပါလို့လဲ"

တိုင်းတစ်ပါး၏ အင်မော်တယ်ဘုရင်များက ယင်းကိုမြင်တော့ လှောင်ပြောင်ပြောဆိုလိုက်ကြသည်။

ဤခုခံမှုမျိုးက သူတို့အတွက်တော့ မိုက်မဲလွန်းပြီး ရယ်စရာကြီးပင်။

"မင်းတို့ ကျွင်းမိသားစုက တကယ်ခေါင်းမာတာပဲ"

အန္တိကပ်ဘေးကြီး၏ လျစ်လျူရှုထားသော အေးစက်စက် စကားသံက ပဲ့တင်ထပ်သွားသည်။

အင်မော်တယ်သတ်ဓားလည်း တဖြည်းဖြည်း ဖိနှိပ်မရတော့ပေ။

ကြီးကျယ်ခမ်းနားသော အမှောင်စွမ်းအားက အန္တိကပ်ဘေးကြီးမှ စိမ့်ထွက်လာသည်။

သူ၏ လက်တံများဖြင့် ရိုက်ချလိုက်တိုင်း နိယာမများ ပျက်စီးပြီး ဟင်းလင်းပြင်က အက်ကွဲသွား၏။

ကျွင်းဝူဟွေ့၏ ခန္ဓာကိုယ်က ယိမ်းထိုးပြီး ဆုတ်သွားရသည်။

အနီရောင်လီလီပန်းလေးများ၏မိခင်လည်း တစ်ဖန် ဒဏ်ရာရသွား၏။

ထိုမြင်ကွင်းများကိုကြည့်ရင်း ကျွင်းရှောင်ယောက်၏ မျက်နှာက ပိုအေးစက်လာသည်။

ပထမဆုံးအကြိမ် စွမ်းအားကင်းမဲ့သလို သူ ခံစားနေရ၏။

သို့သော်လည်း သူက အားနည်းခြင်းကြောင့် မဟုတ်ပါ။

ရန်သူက အန္တိကပ်ဘေးကြီး ဖြစ်နေသောကြောင့် ဖြစ်သည်။

"ဝုန်း"

ကျွင်းရှောင်ယောက်၏ ခိုင်မာသော နှလုံးသားနှင့် ယုံကြည်မှုက အတွင်းစကြာဝဠာရှိ ယုံကြည်ခြင်းမျိုးစေ့ကို လှုံ့ဆော်လိုက်ပုံရသည်။

တခဏချင်းမှာပင်၊ နေတစ်စင်းကဲ့သို့ တောက်ပနေသည့် ယုံကြည်ခြင်းမျိုးစေ့မှ တောက်ပသော အလင်းရောင်ခြည်များ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

ရွှေရောင် ယုံကြည်ခြင်းစွမ်းအားပင်လယ်က လှိုင်းထလာသညိ။

ကျွင်းရှောင်ယောက်၏ တစ်ကိုယ်လုံးကို တောက်ပသော ရွှေရောင် အလင်းတန်းများက ဝန်းရံထား၏။

သူ့နောက်မှ ယုံကြည်ခြင်းမျိုးစေ့က နေတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်တွင် ထွက်ပေါ်လာတော့သည်။

"ခလွမ်"

အချိန်အတော်ကြာအောင် စိုက်ပျိုးခဲ့ရသော ယုံကြည်ခြင်းမျိုးစေ့က နောက်ဆုံးတွင် လုံးဝကွဲအက်သွားသည်။

ထို့နောက်မှာတော့ သက်ရှိသတ္တဝါအားလုံး၏ ကျေးဇူးတင်စွာ သီဆိုနေသော အသံများနှင့်အတူ ကြီးကျယ်ခမ်းနားသော စွမ်းအားများ ထွက်ပေါ်လာတော့သည်။

နောက်ဆုံးတွင်၊ အတွင်းမှ တည်ရှိမှုအား ထုတ်ဖော်ခဲ့သည်။

ပေတစ်သောင်းမြင့်သော ရွှေရောင်ဓမ္မခန္ဓာတစ်တစ်ခုက ယုံကြည်ခြင်းမျိုးစေ့မှ ထွက်ပေါ်လာပြီး ကောင်းကင်မဲ့အမှောင်နယ်မြေတွင် ရပ်လိုက်သည်။

မြင့်မြတ်သော နတ်ဘုရားက အမှောင်ထုကို ဖိနှိပ်ရန် ကြွရောက်လာသကဲ့သို့ပင်။

ခဏချင်းမှာပင် ကောင်းကင်ကြီးက တုန်ခါပြီး အမှောင်ထုတို့ လွင့်ပါးသွားသည်။

ကမ္ဘာနှစ်ခုလုံးမှ မရေတွက်နိုင်သော မျက်လုံးများက ကျွင်းရှောင်ယောက်၏ အနောက်မှ ရွှေရောင်ဓမ္မခန္ဓာပေါ်သို့ ကျရောက်လာသည်။

အားလုံး၏ မျက်လုံးများတွင် တုန်လှုပ်ချောက်ချားမှုတို့ ပေါ်လာတော့သည်။

All Chapters