အခန်း ၁၁၁၂
Vol. 75 Ch. 1112
အခန်း ( ၁၁၁၂ ) နတ်ဘုရား ဓမ္မခန္ဓာ။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ၊ ကမ္ဘာနှစ်ရပ်လုံးမှ လူအားလုံး အသက်ရှူရပ်မတတ် ဖြစ်သွားကြသည်။
သူတို့ ဘာကိုမြင်နေရသနည်း။
အကန့်အသတ်မဲ့ အမှောင်နယ်မြေထဲတွင်...
ကြီးမားသော ရွှေရောင်ဓမ္မခန္ဓာတစ်ခုက တည်ငြိမ်စွာ ရပ်နေသည်။
ပေတစ်သောင်း မြင့်မားသော ရွှေရောင်ဓမ္မခန္ဓာတစ်ခုလုံးကို ယုံကြည်ခြင်း၏ ရွှေရောင်အလင်းများက လွှမ်းခြုံထား၏။
သန်းနှင့်ချီသော ယုံကြည်သူများ ရိုသေစွာ ရှိခိုးပြီး ဆုတောင်းနေကြသကဲ့သို့ပင်။
"အဲဒါက ဘာလဲ။ အကျော်အမော်တစ်ဦိးက ကူညီဖို့ ရောက်လာတာလား"
"မဟုတ်ဘူး...အဲဒါက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ တူတယ်"
လူအများက အံ့ဩတကြီး ပြောဆိုလိုက်ကြသည်။
ရွှေရောင်ဓမ္မခန္ဓာကို ယုံကြည်ခြင်းစွမ်းအားတို့က ဖုံးလွှမ်းနေသော်လည်း...
ဓမ္မခန္ဓာ၏ ရုပ်သွင်က ကျွင်းရှောင်ယောက်နှင့် အတူတူဖြစ်ကြောင်း လူတိုင်းမြင်နိုင်သေးသည်။
တစ်နည်းဆိုရသော် ဤရွှေဓမ္မခန္ဓာက ယခင် ဧကရာဇ်မင်းများကဲ့သို့ အစစ်အမှန်ဝိညာဉ် ပုံရိပ်များ မဟုတ်ပေ။
ထိုအစား ကျွင်းရှောင်ယောက်နှင့် သက်ဆိုင်သည်။
ထိုအကြောင်းကို တွေးမိသောအခါ ကမ္ဘာနှစ်ရပ်မှ သတ္တဝါအားလုံး ထုံကျဉ်သွားပြီး မယုံနိုင်သလို ခံစားလိုက်ကြရ၏။
ထို့ပြင်၊ ရွှေရောင်ဓမ္မခန္ဓာက အလွန်အစွမ်းထက်သည်ဟု ခံစားကြရသည်။
နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်၏။
ယင်းက အဓိပဓိများ ထုတ်ဖော်နိုင်သောအရာ မဟုတ်ပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်က ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။
တခြားလူများကို မဆိုထားဘိ၊ ကျွင်းရှောင်ယောက်ကိုယ်တိုင်ပင် အံ့ဩသွားသည်။
ယုံကြည်ခြင်းမျိုးစေ့မှ ဓမ္မခန္ဓာတစ်ခု မွေးဖွားလာမည်ဟု မမျှော်လင့်ထားပေ။
ထို့ပြင် ယင်းက သာမန် ဓမ္မခန္ဓာတစ်ခု မဟုတ်ပါ။
၎င်းက သက်ရှိသတ္တဝါအားလုံး၏ ယုံကြည်ခြင်းစွမ်းအားဖြင့် ဖွဲ့စည်းထားသော ဓမ္မခန္ဓာ ဖြစ်သည်။
ယေဘူယျအားဖြင့် လူအများ ယုံကြည်နိုင်သည့် တစ်ခုတည်းသောအရာက နတ်ဘုရားများပင်။
ဥပမာအားဖြင့်၊ ကုရ်အာန် သူတော်စင်ဂိုဏ်းမှ အလ္လာဟ်နှင့် အမှောင်ဘုရင်မျိုးရိုးမှ လက်တစ်ဖက် အမှောင်ဘုရင်တို့မှာ လူအပေါင်းတို့ ယုံကြည်ကိုးကွယ်ရသော နတ်ဘုရားများ ဖြစ်ကြသည်။
ကျွင်းရှောင်ယောက်က ဤဓမ္မခန္ဓာတွင် နတ်ဘုရား၏ အရည်အချင်းများ ရှိသည်ဟု ခံစားခဲ့ရလေသည်။
ယုံကြည်ခြင်းစွမ်းအား လုံလုံလောက်လောက်ရှိလျှင်၊ နောင်အနာဂတ်တွင် နတ်ဘုရားဖြစ်လာရန်က အိပ်မက်တစ်ခုသက်သက် မဟုတ်နိုင်ပေ။
"ဒါက တကယ်ကို ကြယ်ကိုးပွင့်ဆုလာဘ် ဖြစ်ထိုက်တယ်"
ကျွင်းရှောင်ယောက်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ယုံကြည်ခြင်းမျိုးစေ့ကို သူ ယခင်ရခဲ့တုန်းက... ယုံကြည်ခြင်းမျိုးစေ့တစ်ခုဟာ ကြယ်ကိုးပွင့်ဆုလာဘ်အဆင့်ကို အဘယ်ကြောင့် ရောက်ရသနည်းဟု သိချင်စိတ်တို့ ဖြစ်ခဲ့သည်။
ယခုတော့ သူနားလည်သွားပြီ။
ကြယ်ကိုးပွင့်က အနည်းငယ်တောင် နိမ့်နိုင်သည်။
အနည်းဆုံးတော့ ကျွင်းရှောင်ယောက်သည် ယုံကြည်ခြင်းမျိုးစေ့က ကြယ်ဆယ်ပွင့်နှင့် ထိုက်တန်သည်ဟု ယုံကြည်ခဲ့သည်။
ယခုအချိန်တွင် ရွှေရောင်ဓမ္မခန္ဓာက နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်တည်နေပြီး အမှောင်ထုကို လင်းထိန်စေသည်။
ထိုအရှိန်အဝါမျိုးက ကျွင်းဝူဟွေ့နှင့် အနီရောင်လီလီပန်းလေးများ၏မိခင်ကိုပင် အနည်းငယ် အံ့ဩသွားစေခဲ့သည်။
"ရှောင်ယောက်၊ မင်း..."
ကျွင်းဝူဟွေ့ ဆွံ့အသွားသည်။ သူ့သားက ကောင်းကင်ကို ဆန့်ကျင်လွန်းနေသည် မဟုတ်လော။
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူမရဲ့ ရွေးချယ်ခံရသူက ဒီလိုအခြေအနေမျိုးနဲ့ အလွယ်တကူ ကျဆုံးသွားမှာ မဟုတ်ဘူး"
အနီရောင်လီလီပန်းလေးများ၏မိခင်လည်း ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။
ထိုအချိန်တွင် ရှေးဟောင်းကြယ်တစ်ပွင့်ကဲ့သို့ အန္တိကပ်ဘေးကြီးက ကျွင်းရှောင်ယောက်ကို ကြည့်လာသည်။ ကြောက်စရာကောင်းသော ဖိအားများက ကျွင်းရှောင်ယောက်အပေါ်သို့ ကျရောက်လာ၏။
သူလည်း အနည်းငယ် အံ့ဩသွားမိသည်။
ရွှေရောင်ဓမ္မခန္ဓာမှ အားကောင်းသော ယုံကြည်ခြင်းစွမ်းအားတို့ကို သူ ခံစားရ၏။
၎င်းက သူ၏ အနက်ရောင်သွေး စွမ်းအားကို အပြည့်အဝ မထိန်းချုပ်နိုင်သော်လည်း အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးမှုရှိလိမ့်မည်။
"ဒါက အခွံလွတ်တစ်ခုပါပဲ။ ယုံကြည်ခြင်း စွမ်းအားတွေ ကုန်ဆုံးသွားတဲ့အခါ မင်းရဲ့ ဓမ္မခန္ဓာက သက်ရောက်မှု မရှိတော့ဘူး"
အန္တိကပ်ဘေးကြီး၏ အသံက ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
သူ ပြောတာ မမှားပေ။
ကျွင်းရှောင်ယောက်၏ ဓမ္မခန္ဓာက ယုံကြည်ခြင်းစွမ်းအားမှ ဆင်းသက်လာသည်။
အတိအကျဆိုရသော်၊ ယုံကြည်သူ သန်းပေါင်းများစွာ၏ ကောင်းချီးများကြောင့် နတ်ဘုရား၏ ဓမ္မခန္ဓာကို အသုံးပြုနိုင်ခြင်းပင်။
မဟုတ်လျှင်၊ ကျွင်းရှောင်ယောက်က အဘယ်ကြောင့် ကြိုးကြိုးစားစား လေ့ကျင့်ရတော့မှာလဲ။
နတ်ဘုရား၏ ဓမ္မခန္ဓာကို တိုက်ရိုက်ဆင့်ခေါ်ခြင်းဖြင့် ရန်သူအားလုံးကို ချေမှုန်းပစ်နိုင်မည် ဖြစ်သည်။
ဧကရာဇ်များပင်လျှင် ကျွင်းရှောင်ယောက်ကို ဘာမျှလုပ်နိုင်မည် မဟုတ်ပါ။
သို့ရာတွင်၊ ယင်းက လက်တွေ့မကျပေ။
အမြတ်ရှိသလို ဆုံးရှုံးမှုများလည်း ရှိသည်။
"ဒါက ဘယ်လိုအခြေအနေပဲ ရှိနေပါစေ၊ မင်းကို ဖိနှိပ်ဖို့တော့ လုံလောက်တယ်"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
ယခင်က သူသည် သူ့အဖေနှင့် အခြားသူများ၏ အသက်စွန့်ပြီး တိုက်ခိုက်နေခြင်းကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ယခုတော့... ကျွင်းရှောင်ယောက်သည် နောက်ဆုံးတွင် စစ်မြေပြင်သို့ ဝင်ရောက်ရန် အရည်အချင်းများ ရှိပြီ။
"တိုက်ခိုက်"
ကျွင်းရှောင်ယောက်က ဟိန်းဟောက်လိုက်သည်။
ဒေါသတို့ဖြင့် ဟိန်းဟောက်လိုက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
ယခင်က လက်မခံလိုခဲ့သော စိတ်ဆန္ဒအားလုံးကို ယခုအချိန်တွင် ထုတ်ဖော်လိုက်ပြီ။
"ဝုန်း"
ကျွင်းရှောင်ယောက်က လှုပ်ရှားလိုက်သောအခါ၊ သူ့နောက်က ပေတစ်သောင်းမြင့်မားသော နတ်ဘုရားခန္ဓာကလည်း တူညီသော ပုံဟန်အတိုင်း လိုက်ပါလှုပ်ရှားလာသည်။
ရွှေရောင် နတ်ဘုရားခန္ဓာက ကောင်းကင်ကို ဖုံးလွှမ်းထားသော လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်၏။
ယုံကြည်ခြင်း၏ တောက်ပသော ရွှေရောင်အလင်းက အမှောင်ထုကို ဖြတ်သွားသည်။
"ဝုန်း"
အန္တိကပ်ဘေးကြီး၏ လက်တံများနှင့် ရွှေရောင်လက်ဝါးကြီးက တိုက်မိသွား၏။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဖရိုဖရဲ လှိုင်းလုံးကြီးများ ဖြာထွက်လာတော့သည်။
သို့သော်၊ အားလုံးကို အံ့အားသင့်စေသည်မှာ... ကျွင်းရှောင်ယောက်၏ နတ်ဘုရားခန္ဓာက တားဆီးထားနိုင်ခဲ့သည်။
"ဟင်..."
"ဒါက ဘယ်လိုနည်းလမ်းမျိုးလဲ"
"ဒါက ဓမ္မခန္ဓာ တစ်မျိုးမျိုးလို့ ခံစားရပေမဲ့ အစွမ်းထက်လွန်းတယ်။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ တူညီတဲ့အဆင့်မှာ လုံးဝ မရှိဘူး"
ပျက်စီးခြင်းနယ်စပ်တွင်၊ အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူတိုင်း ကျွင်းရှောင်ယောက်၏ စွမ်းဆောင်မှုကြောင့် အလွန်အံ့သြသွားကြသည်။
ဤသားအဖက တကယ်ကို မကောင်းဆိုးရွားဆန်လွန်းသည်။
ဤနည်းလမ်းသည် တိုင်းတစ်ပါးမှ အင်မော်တယ်ဘုရင်များကိုပင် အံ့သြစေခဲ့သည်။
အင်မော်တယ်ဘုရင်တချို့မှာ နတ်ဘုရားခန္ဓာမှ ဖိအားများကို ခံစားလိုက်ကြရလေသည်။
ဧကရာဇ်ကြီး ကျွင်းရှန်းယွီ၏ မျက်လုံးများမှာလည်း အံ့ဩမှုတို့ ပေါ်လာသည်။ သို့သော်လည်း စိတ်ထဲမှ တွေးလိုက်လေသည်။
'ယုံကြည်ခြင်းရဲ့ စွမ်းအားကို အခြေခံတဲ့ အစွမ်းထက်ဆုံး ဓမ္မခန္ဓာတစ်ခုပဲ။ ဒါပေမဲ့ စွမ်းအင် စားသုံးမှုက ကြီးမားလွန်းပြီး ကြာရှည်မခံလောက်ဘူး'
ကျွင်းရှန်းယွီ တွေးနေသကဲ့သို့ပင်၊ နတ်ဘုရားခန္ဓာ၏ တိုက်ခိုက်မှုတိုင်းက စွမ်းအင်များစွာ စားသုံးသည်။
ဤယုံကြည်ခြင်း စွမ်းအင်အားလုံးကို ကျွင်းရှောင်ယောက်သည် တိုင်းတပါးတွင် ကံကြမ္မာနတ်ဘုရားဂိုဏ်းကို တည်ထောင်မှ စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။
ယင်းက မနည်းပါးသော်လည်း အများကြီးမဟုတ်သေးပေ။
ထို့ပြင်၊ ရန်သူက အန္တိကပ်ဘေးကြီးကပ်ဘေးကြီးဖြစ်သောကြောင့် တိုက်ခိုက်မှုများတွင် အားပိုထည့်ရသည်။ ထို့ကြောင့် စွမ်းအင် စားသုံးမှုကလည်း သဘာဝအတိုင်း အလွန်များပြားနေတော့သည်။
“တိုက်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းရမယ်။ ဒါပေမဲ့... နောက်ထပ် ငါ ဘာလုပ်နိုင်ဦးမလဲ"
ကျွင်းရှောင်ယောက် မျက်မှောင်ကြုတ်လိုက်သည်။
နတ်ဘုရား ဓမ္မခန္ဓာက ကျွင်းရှောင်ယောက်ကို တိုက်ပွဲတွင်ပါဝင်ရန် အရည်အချင်းကိုသာ ပေးခဲ့သည်။
အန္တိမကပ်ဘေးကြီးကို ချေမှုန်းရန်တော့ အနည်းငယ် ဝေးနေသေးသည်။
ထို့ပြင်၊ ယုံကြည်ခြင်းစွမ်းအားက ကြာရှည် အသုံးပြုခံနိုင်မည် မဟုတ်ပါ။
ထို့ကြောင့် အခြေအနေက အနည်းငယ်က ခက်ခဲနေဆဲ ဖြစ်သည်။
ကျွင်းဝူဟွေ့၊ အနီရောင်လီလီပန်းလေးများ၏မိခင်တို့က အန္တိကပ်ဘေးကြီးကို ချေမှုန်းရန် နတ်ဘုရား ဓမ္မခန္ဓာနှင့် အင်မော်တယ်သတ်ဓား ဝိညာဉ်ကို ကူညီပေးနေသော်လည်း...
ယင်းက ရေရှည်အတွက် ဖြေရှင်းနည်းအမှန် မဟုတ်ပေ။
ပျက်စီးခြင်းနယ်စပ်တွင်... ကျွင်းမိသားစု၏ ခေါင်းဆောင်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
"ရှောင်ယောက်ရဲ့ ဓမ္မခန္ဓာက ယုံကြည်ခြင်းစွမ်းအားနဲ့ အသက်သွင်းရတာ... ရှောင်ယောက်ကို ယုံကြည်ပြီး ယုံကြည်ခြင်းစွမ်းအားတွေ ပို့လွှတ်ကြစို့"
ယခုအချိန်၊ ကောင်းကင်မဲ့ အမှောင်နယ်မြေတွင် ကျွင်းရှောင်ယောက်က နောက်ဆုံးမျှော်လင့်ချက်နှင့် နောက်ဆုံးအလင်း ဖြစ်သည်။
ထို့အပြင်၊ ကျွင်းရှောင်ယောက်သည် ယခင်က နတ်ဘုရား၏ မိစ္ဆာအတွေးများကို ချိုးနှိမ်ရန် သူ့ခန္ဓာကိုယ်ကို အသုံးပြုကာ ပျက်စီးခြင်းနယ်စပ်နှင့် ရှန်းရွှီကမ္ဘာကို ကယ်တင်ခဲ့သောကြောင့် သူရဲကောင်းတစ်ဦးကဲ့သို့ ဖြစ်ခဲ့သည်။
ထို့ကြောင့် ယခုအချိန်မှာတော့ မည်သူမျှ ငြင်းဆန်မနေတော့ပါ။
ရုတ်တရက် အဆုံးမဲ့ ယုံကြည်ခြင်းစွမ်းအားများ ပေါ်လာပြန်သည်။
ယင်းက အင်မော်တယ်နယ်မြေကြီးမှ သက်ရှိအားလုံး၏ ယုံကြည်ချက်နှင့် ဆုတောင်းသံများ ဖြစ်၏။
ကျွင်းရှောင်ယောက်မှ အန္တိကပ်ဘေးကြီးကို အဆုံးသတ်နိုင်ပါစေကြောင်း ဆုတောင်းနေကြတော့သည်။
ဤအခိုက်အတန့်တွင် အဆုံးမရှိသော ရွှေရောင်အလင်းတန်းများက တိုင်းတစ်ပါးပြည်ကို ဖြတ်ကျော်ဝင်ရောက်ကာ နတ်ဘုရား ဓမ္မခန္ဓာထဲသို့ ဝင်ရောက်သွားကြသည်။
အလင်းရောင် အနည်းငယ် မှိန်ဖျော့လာသော နတ်ဘုရား ဓမ္မခန္ဓာက သိသိသာသာ တောက်ပလာပြန််၏။
ယုံကြည်ခြင်းစွမ်းအားက နတ်ဘုရား ဓမ္မခန္ဓာ၏ မျက်နှာပြင်တွင် ရွှေမီးတောက်များ တောက်လောင်နေသကဲ့သို့ပင်။
နတ်ဘုရား ဓမ္မခန္ဓာ၏ စွမ်းအားက ရုတ်တရက် အဆများစွာ တိုးလာသည်။
"မလုံလောက်ဘူး၊ ဒီအင်အားက မလုံလောက်သေးဘူး"
ကျွင်းရှောင်ယောက်က မျက်မှောင်ကြုတ်နေဆဲ ဖြစ်သည်။
ဤစွမ်းအားက အလွန်အားကောင်းနေပြီဖြစ်သော်လည်း အန္တိကပ်ဘေးကြီးကို ရင်ဆိုင်ရန် မလုံလောက်သေးပေ။
"ဟုတ်ပြီ..."
ရုတ်တရက်၊ ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။
သူ့တွင် အသုံးမပြုရသေးသော ဝှက်ဖဲတစ်ခု ရှိသေးသည်။
ကောင်းကင်၏ အနက်ရောင်သွေး။
၎င်းက ကြယ်ဆယ်ပွင့်ဆုလာဘ် ဖြစ်သည်။
အကယ်၍၊ ကျွင်းရှောင်ယောက်က ပေါင်းစပ်လိုက်လျှင်... အမှောင်ထုသို့ ဝင်ရောက်ပြီး သူ့စွမ်းအားများကလည်း တဟုန်ထိုး တက်လာလိမ့်မည်။
ကောင်းကင်၏ အနက်ရောင်သွေးကို နတ်ဘုရား ဓမ္မခန္ဓာနှင့် ပေါင်းစပ်လိုက်ပါက၊ မည်သို့ ဖြစ်လာပါမည်နည်း။