← Chapters

အခန်း ၁၁၁၃

Vol. 75 Ch. 1113

အခန်း ၁၁၁၃

Vol. 75 Ch. 1113

အခန်း ( ၁၁၁၃ ) ကောင်းကင် အနက်ရောင်သွေးနှင့် ပေါင်းစပ်ခြင်း။

နတ်ဘုရား ဓမ္မခန္ဓာသည် မူလကတည်းက အားကောင်းသည်။

မရေမတွက်နိုင်သော သက်ရှိသတ္တဝါအားလုံး၏ ယုံကြည်ခြင်းစွမ်းအား ကောင်းချီးများနှင့်အတူ အင်အားက အဆများစွာ တိုးတက်လာ၏။

အကယ်၍ အနက်ရောင်သွေး၏ စွမ်းအားကို ထပ်မံ ပေါင်းထည့်လိုက်ပါက မည်သို့ဖြစ်မည်နည်း။

ဤသည်က ရူးသွပ်သော စိတ်ကူးတစ်ခုဖြစ်မည်မှာ သေချာသည်။

ကောင်းကင်၏ အနက်ရောင်သွေးက အန္တိမကပ်ဘေးကြီး၏ အနက်ရောင်သွေးထက် ပိုသန့်စင်သည်။

ထုတ်ဖော်နိုင်သော စွမ်းအားကလည်း သဘာဝအတိုင်း ပိုအားကောင်း၏။

သို့သော်လည်း တစ်ခုတော့ ရှိသည်။

ကောင်းကင်၏ အနက်ရောင်သွေးနှင့် ပေါင်းစပ်ပြီး အမှောင်ထုသို့ ဝင်ရောက်လိုက်ပါက၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးပြီး အသိစိတ်မဲ့သော ရုပ်သေးတစ်ခုအဖြစ်သို့ ကျရောက်သွားနိုင်သည်။

သို့သော်လည်း... တားဆီးမရလုနီးဖြစ်သည့် အန္တိမကပ်ဘေးကြီးကိုကြည့်ရင်း ကျွင်းရှောင်ယောက်တွင် ရွေးချယ်စရာ မရှိတော့ပေ။

ဒုတိယရွေးချယ်စရာ လုံးဝ မရှိပါ။

ကျွင်းရှောင်ယောက်က မတုံ့ဆိုင်းတော့ဘဲ အတွင်းစကြာဝဠာမှ ကောင်းကင်၏အနက်ရောင်သွေးကို ထုတ်ယူကာ နတ်ဘုရား ဓမ္မခန္ဓာဆီသို့ ပို့လွှတ်လိုက်သည်။

ကောင်းကင်၏ အနက်ရောင်သွေး ထွက်ပေါ်လာသောအခါ...

ကောင်းကင်မဲ့အမှောင်နယ်မြေ၏ အမှောင်ထုတစ်ခုလုံးတွင် ပျံ့နှံ့နေသော အနက်ရောင်သွေးများက တုံ့ပြန်လာသကဲ့သို့ လှုပ်ရှားလာကြ၏။

ဧရာမ မျက်လုံးကြီး၏ အကြည့်က ကောင်းကင်၏ အနက်ရောင်သွေးအပေါ်သို့ ကျရောက်လာတော့သည်။

"ဒါ... မဖြစ်နိုင်ဘူး။ မင်းမှာ ဒီလိုသွေးမျိုး ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ"

အန္တိမကပ်ဘေးကြီး၏ နတ်ဆိုးဆန်ဆန် လေသံက ပထမဆုံးအကြိမ် တုန်ယင်သွားသည်။

"အဲ့ဒီသွေးတစ်စက်က..."

ကျွင်းဝူဟွေ့နှင့် အနီရောင်လီလီပန်းလေးများ၏မိခင်တို့လည်း ထိုအနက်ရောင်သွေးကို မြင်လိုက်ရသောအခါ...

သူတို့၏ မျက်လုံးများတွင် အလွန်လေးနက်သော အရိပ်အယောင်များ ပေါ်လာတော့သည်။

ယင်းက အန္တိမကပ်ဘေးကြီး၏ အနက်ရောင်သွေးထက်ပင် ပိုသန့်စင်သော အရာ ဖြစ်သည်။

၎င်းက စစ်မှန်သော အမှောင်ထု၏ အရင်းအမြစ်ပင် ဖြစ်နိုင်သေးသည်။

မျက်လုံးကြီးတစ်လုံးသာဖြစ်သော ဤအန္တိမကပ်ဘေးကြီးက အနက်ရောင်သွေး၏ ရင်းမြစ် မဖြစ်နိုင်ပါ။

သူက အနက်ရောင်သွေးကို ဖြန့်ကျက်သူသာ ဖြစ်ရမည်။

ကောင်းကင်၏ အနက်ရောင်သွေးက ရွှေရောင် နတ်ဘုရား ဓမ္မခန္ဓာအတွင်းသို့ တိုက်ရိုက်ပေါင်းစပ်သွားသည်။

ရေထဲသို့ မှင်တစ်စက် ကျသွားသကဲ့သို့... တောက်ပသော ရွှေရောင် ဓမ္မခန္ဓာတစ်ခုလုံးကို အနက်ရောင်သွေး၏ စွမ်းအားက စတင် ပျံ့နှံ့လာ၏။

ယင်းက အမှောင်ထုထဲသို့ တဖြည်းဖြည်း ကျရောက်လာသော နတ်ဘုရားကဲ့သို့ပင်။

ကျွင်းရှောင်ယောက်လည်း နတ်ဘုရား ဓမ္မခန္ဓာသို့ ပြေးဝင်သွားပြီး ပေါင်းစပ်လိုက်သည်။

ဤနည်းဖြင့်၊ နတ်ဘုရား ဝိညာဉ်ခန္ဓာကို ပို၍ ကောင်းမွန်စွာ ထိန်းချုပ်နိုင်‌ပေမည်။

အဆုံးမရှိသော အမှောင်စွမ်းအားက နတ်ဘုရား ဝိညာဉ်ခန္ဓာထံမှ ထွက်လာသည်။

နတ်ဘုရား ဓမ္မခန္ဓာအတွင်းသို့ ရောက်လာပြီးနောက် သူ့မျက်စိရှေ့တွင် အဆုံးမဲ့အမှောင်ထုကိုသာ တွေ့လိုက်ရ၏။

အဝေးမှ ပလ္လင်ပေါ်တွင် ထိုင်နေသော နတ်ဆိုးပုံရိပ်ကြီးတစ်ခုကိုလည်း ဝေဝါးဝါး သူ မြင်လိုက်ရသည်။

၎င်းက အမှောင်ထု၏ အရင်းအမြစ်နှင့် အရာအားလုံး၏ အဆုံးစွန်သော ပျက်စီးခြင်းကဲ့သို့ပင်။

"ဖြစ်နိုင်မလား..."

ကျွင်းရှောင်ယောက် အံ့သြသွားသည်။

ဤတိုင်းတပါး၏ အန္တိမကပ်ဘေးကြီးက ထိုနတ်ဆိုးပုံရိပ်ကြီး၏ မျက်လုံးတစ်လုံးမျှသာ ဖြစ်သလော။

ထိုသို့ဆိုလျှင်၊ ထိုပုံရိပ်ကြီးက အလွန်ကြောက်စရာကောင်းလိမ့်မည်။

၎င်းက မည်မျှ အားကောင်းပါမည်နည်း။

အဆုံးမဲ့ အမှောင်ထုက ကျွင်းရှောင်ယောက်၏ အသိစိတ်ကို တိုက်စားရန် စတင် ကြိုးစားလာကြသည်။

မူလကတည်းက အနက်ရောင်သွေး၏ တိုက်စားတတ်သော စွမ်းအားမှာ ဝိညာဉ်အားလုံးကို ရူးသွပ်သွားစေလောက်အောင် ပြင်းထန်နေပြီဖြစ်သည်။

ယခုမူကား၊ ကောင်းကင်၏ အနက်ရောင်သွေးနှင့် ပေါင်းစပ်လိုက်သောအခါ...

အဆိပ်သင့်သော စွမ်းအားက ဖော်မပြနိုင်လောက်အောင်ပင်။

ကျွင်းရှောင်ယောက်၏ စိတ်ဓာတ်ခိုင်မာမှုဖြင့်ပင် သူ့အသိစိတ်ကို လွှမ်းမိုးခံရတော့မလို ခံစားနေခဲ့ရသည်။

"ဝုန်း"

ရွှေရောင်ဓမ္မခန္ဓာ၏ မျက်နှာပြင်ပေါ်တွင် အနက်ရောင် ရွန်းများ စီးဆင်းလာသည်။

အန္တိမကပ်ဘေးကြီး၏ အနက်ရောင်သွေးထက် ပိုအားကောင်းသော စွမ်းအားတစ်ခုက စီးဆင်းလာ၏။

အမှောင်ရွန်းများက ရွှေရောင်ဓမ္မခန္ဓာတစ်ခုလုံးသို့ ပျံ့နှံ့သွားချေပြီ။

ဤခိုက်တွင် ရွှေရောင် ဓမ္မခန္ဓာမှ နတ်ဘုရားနှင့် နတ်ဆိုးကို ပေါင်းစပ်ထားသကဲ့သို့ ဖြစ်လာသည်။

ရုတ်တရက်... အလွန်ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက ဓမ္မခန္ဓာမှ ထွက်ပေါ်လာတော့သည်။

နတ်ဘုရား ဓမ္မခန္ဓာသည် မူလကတည်းက အလွန် စွမ်းအားကြီးမားသည်။

ယခုအချိန်မှာတော့ အင်အားများက အဆများစွာ တိုးတက်လာတော့သည်။

ရွှေရောင် ယုံကြည်ခြင်း စွမ်းအားနှင့် အမှောင်ထု၏ အနက်ရောင် စွမ်းအား...

မီးနှင့်ရေကဲ့သို့ ဆန့်ကျင်ဘက်စွမ်းအားနှစ်ခု...

ထိုမတူညီသော စွမ်းအားနှစ်ခုကို ယခုအချိန်တွင် ကျွင်းရှောင်ယောက်က ပေါင်းစည်းလိုက်ပြီ ဖြစ်သည်။

ထိုစွမ်းအားက ကမ္ဘာကြီးကို တုန်လှုပ်စေပေသည်။

"ဟမ်... ဒီလိုသွေးမျိုးက သာမန်လူတွေ ပေါင်းစပ်လို့ရတာမျိုး မဟုတ်ဘူး"

"ဒါပေမဲ့... ငါသာ ရယူနိုင်ခဲ့ရင်..."

အန္တိမကပ်ဘေးကြီး၏ မျက်လုံးကြီးက စိတ်လှုပ်ရှားမှုတို့ ပေါ်လာသည်။

ထိုအနက်ရောင်သွေးကို သူ ရရှိခဲ့ပါက...

အင်မော်တယ်သတ်ဓား၏ တံဆိပ်ကို ချိုးဖျက်ပစ်နိုင်မည့်အပြင် သူ၏ အထွတ်အထိပ်သို့ ပြန်သွားနိုင်ပြီး မူလအခြေအနေကိုပင် ကျော်လွန်သွားနိုင်သည်။

"ဝုန်း"

အန္တိမကပ်ဘေးကြီးက ထပ်မံလှုပ်ရှားလိုက်သည်။ မြောက်မြားစွာသော ဧကရာဇ်များနှင့် အင်မော်တယ်ဘုရင် ပုံရိပ်များ ပြန်ပေါ်လာ၏။ ၎င်းတို့အားလုံးက နတ်ဘုရား ဓမ္မခန္ဓာသို့ ပြေးဝင်သွားတော့သည်။

"မကောင်းတော့ဘူး၊ သူက ရှောင်ယောက်ကို ပစ်မှတ်ထားနေပြီ"

ကျွင်းဝူဟွေ့၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

အနက်ရောင်သွေးများ၏ တိုက်စားနိုင်စွမ်းကို သူ သိသည်။

ဤအခိုက်တွင် အင်မော်တယ်ဘုရင်နှင့် ဧကရာဇ်ပုံရိပ်များမှ အနက်ရောင်သွေးစွမ်းအင်များက ပေတစ်သောင်းမြင့်မားသော ဓမ္မခန္ဓာတစ်ခုလုံးကိုပင် ဖုံးအုပ်သွားတော့သည်။

"နတ်ဘုရားသားတော်..."

ပျက်စီးခြင်းနယ်စပ်တွင်၊ အင်မော်တယ်နယ်မြေကြီးမှ လူတိုင်း ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

ကျွင်းရှောင်ယောက်က သူတို့အားလုံး၏ နောက်ဆုံးမျှော်လင့်ချက်ဟု ဆိုနိုင်သည်။

သူရှုံးနိမ့်သွားပါက...

ကြောက်စရာကောင်းလွန်းသော အန္တိမကပ်ဘေးကြီးကို အခြားမည်သူမျှ ရပ်တန့်နိုင်မည်ဟု မထင်မှတ်တော့ပေ။

လူအားလုံး၏ အာရုံစူးစိုက်မှုအောက်တွင်...

အမှောင်ဧကရာဇ်များ ဝန်းရံထားသော အလယ်ဗဟိုမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းပြီး ကြီးကျယ်ခမ်းနားသော စွမ်းအားက စုစည်းလာ၏။

"ဝုန်း"

မိုးနှင့်မြေ ပြိုကျသွားသကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။

အမှောင်ဧကရာဇ်နှင့် အင်မော်တယ်ဘုရင် အရိပ်များစွာမှာ ထိုစွမ်းအားအောက်တွင် တိုက်ရိုက် ပျက်သုဉ်းသွားကြသည်။

ရွန်းအမှတ်အသားများဖြင့် ဓမ္မခန္ဓာ ပြန်ပေါ်လာ၏။

ဓမ္မခန္ဓာမှ ကြီးစိုးသော အသံတစ်ခု ထွက်ပေါ်လာတော့သည်။

"လောကသုံးပါးရဲ့ အလင်းကို ငါ အပ်နှင်းထားတာ၊ ငါ့ရဲ့ အတွေးတစ်ခုနဲ့ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်"

ပေတစ်သောင်း မြင့်မားသော ဓမ္မခန္ဓာကြီးက လက်နှစ်ဖက်ကို မြှောက်လိုက်သည်။

လက်တစ်ဖက်က ပြိုးပြိုးပြက်ပြက် တောက်ပသော ရွှေရောင် ယုံကြည်ခြင်းစွမ်းအားကို ထိန်းချုပ်ထားသည်။

ကျန်လက်တစ်ဖက်က နက်နဲပြီး အကန့်အသတ်မရှိသော အနက်ရောင်သွေး စွမ်းအားကို ထိန်းချုပ်ထား၏။

ဤအခိုက်တွင်၊ သူက ပျက်စီးခြင်းနှင့် ဖန်ဆင်းခြင်း၏ နတ်ဘုရားကဲ့သို့ပင်။

သူက နတ်ဘုရားဖြစ်ပြီး သူက နတ်ဆိုး ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ ခိုင်မာသော စိတ်ဆန္ဒနှင့် မယိမ်းယိုင်သော တာအိုနှလုံးသားက ကောင်းကင်၏ အနက်ရောင်သွေး စွမ်းအားကို ထိန်းချုပ်နိုင်စွမ်း ပေးခဲ့ပေသည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

အန္တိမကပ်ဘေးကြီးမှာ စိတ်ငြိမ်ငြိမ် မထားနိုင်တော့ဘဲ ဒေါသဖြစ်လာသည်။

ကောင်းကင်၏ အနက်ရောင်သွေးစွမ်းအားက၊ သူ၏ အနက်ရောင်သွေးစွမ်းအားကို အမှန်တကယ် လွှမ်းမိုးသွား၏။

ယင်းက ဖအေကို တွေ့လိုက်သော သားတစ်ယောက်ကဲ့သို့ပင်။

အန္တိမကပ်ဘေးကြီး၏ အနက်ရောင်သွေး စွမ်းအားနှင့် ကောင်းကင်၏ အနက်ရောင်သွေးစွမ်းအားက တူညီသောအဆင့်တွင် မရှိပါ။

အန္တိမကပ်ဘေးကြီးက စွမ်းအားကြီးမားသော်လည်း အနက်ရောင်သွေး၏ စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်တော့ပေ။

ယင်းက အန္တိမကပ်ဘေးကြီး၏ လက်တစ်ဖက်ကို ဖြတ်ပစ်လိုက်သကဲ့သို့ ဖြစ်သည်။

အကြောင်းမူ၊ သူ၏ အစွမ်းထက်ဆုံးနည်းလမ်းက အနက်ရောင်သွေး၏စွမ်းအား ဖြစ်နေသောကြောင့်ပင်။

ယခုတော့ အနက်ရောင်သွေး၏ အားသာချက်က ပျောက်ကွယ်သွားသောကြောင့် အန္တိမကပ်ဘေးကြီးမှာ သဘာဝအတိုင်း လွန်စွာ အားနည်းသွားရသည်။

"အန္တိမကပ်ဘေးကြီး၊ မင်း အင်မော်တယ်နယ်မြေကြီးကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး"

"ဘာလို့လဲဆိုတော့ ဒီနေ့က မင်းရဲ့ အဆုံးသတ် ဖြစ်နေလို့ပဲ"

ပေတစ်သောင်းမြင့်မားသော ဓမ္မခန္ဓာကြီးမှ တည်ငြိမ်သော စကားသံ ထွက်ပေါ်လာခဲ့သည်။

ရုတ်တရက်၊‌ ဓမ္မခန္ဓာအထက် ကောင်းကင်တွင် ရိုးရှင်းသော ကြေးခေါင်းတလားတစ်ခု ထွက်ပေါ်လာသည်။

ထိုအခိုက်တွင်၊ ရိုးရှင်းသော်လည်း အားကြီးပြီး ပျက်စီးခြင်း အငွေ့အသက်များက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွား၏။

ထိုကြေးခေါင်းတလားကို မြင်လိုက်ရပြီးနောက်...

မျက်လုံး အန္တိမကပ်ဘေးကြီး ထိတ်လန့်တုန်လှုပ်သွားပြီး လက်တံကြီးများမှာလည်း လူးလွန့်လှုပ်ရှားလာတော့သည်။

"မဟုတ်ဘူး... ဒါက ဘယ်လိုလုပ်ပြီး မင်းမှာရှိနေတာလဲ"

All Chapters