← Chapters

အခန်း ၁၁၁၇

Vol. 75 Ch. 1117

အခန်း ၁၁၁၇

Vol. 75 Ch. 1117

အခန်း ( ၁၁၁၇ ) ဘုရင်တာ့ဖေး၏ တောင်းဆိုမှု။

"ဘုရင်ဖုဖုန်း၊ ပြန်တွေ့ရပြန်ပြီ"

ကျွင်းရှောင်ယောက်က ဘုရင်ဖုဖုန်းအား ဘာမှမထူးခြားသော အမူအရာဖြင့် ကြည့်လိုက်သည်။

ယခုအခြေအနေကို သူ မတွေးခဲ့မိသော်လည်း... သူ နားလည်ပေသည်။

ကျွင်း‌ဝူဟွေ့က စစ်နတ်ဘုရားနန်းတော်တွင် ပုန်းအောင်းပြီး အမှောင်ထဲမှ သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေပုံရသည်။

ဘုရင်ဖုဖုန်း၏ လှုပ်ရှားမှုမှန်သမျှကိုလည်း ကျွင်းဝူဟွေ့က ကောင်းစွာ သိလိမ့်မည်။

ထို့ကြောင့် သူ့ကို ဖိနှိပ်ခဲ့ခြင်း ဖြစ်မည်။

"ဒါနဲ့ အဖေ၊ စစ်နတ်ဘုရားနန်းတော်ရဲ့ ရှန်းအောင်ဘုရင်က..."

ကျွင်းရှောင်ယောက်က သိလိုစိတ်ဖြင့်‌ မေးလိုက်သည်။

ရှန်းအောင်ဘုရင်က အဘယ်ကြောင့် သူ့ကို ထိုမျှ ဂရုစိုက်ခဲ့သလဲ ဆိုတာကိုတော့ သူ နားလည်နေပြီ။

နောက်ကွယ်တွင် ၊ ကျွင်းဝူဟွေ့ ရှိနေခဲ့ခြင်းကြောင့် ဖြစ်မည်။

"ရှန်းအောင်ဘုရင်ဟာ တစ်ချိန်က တားမြစ်နယ်မြေတစ်ခုမှာ ပိတ်မိနေခဲ့တယ်။ နောက်တော့ ဘိုးဘေး ဧကရာဇ်ချီထျန်းရဲ့ ကယ်တင်ခံခဲ့ရတယ်လေ။ အဲဒီကတည်းက သူဟာ တိုင်းတစ်ပါးမှာ ပုန်းအောင်းနေခဲ့တာ"

ကျွင်းဝူဟွေ့က ပြောလိုက်သည်။

"ဒါဆိုရင် သူက ဘိုးဘေးနဲ့ ခေတ်တူတဲ့ ကျွမ်းကျင်သူတစ်ဦးပေါ့"

ကျွင်းရှောင်ယောက် နားလည်သွား၏။

သူက တိုင်းတပါးတွင် ရှေးကျသော တည်ရှိမှုတစ်ခု ဖြစ်နိုင်သည်။

"သူ့ရဲ့ ခန္ဓာကိုယ်မှာ တားမြစ်ချက်တစ်ခုကို အဖေ ချမှတ်ထားပြီးပြီ။ ကျွင်းမိသားစုရဲ့ သွေးမျိုးဆက်နဲ့ သူ့ရဲ့ သေခြင်းရှင်ခြင်းကို သားဆုံးဖြတ်နိုင်တယ်"

"သူက အင်မော်တယ်ဘုရင်တစ်ပိုင်းပဲ ဖြစ်သေးပေမဲ့ စီးတော်သားရဲအဖြစ်နဲ့တော့ အသုံးပြုနိုင်ပါသေးတယ်"

ကျွင်းဝူဟွေ့က ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ဘုရင်ဖုဖုန်း၏ ရင်ထဲတွင် တဒိန်းဒိန်း ခုန်ပေါက်သွားလေသည်။

သူသည် တန်ခိုးကြီးမားသည့် အင်မော်တယ်ဘုရင်တစ်ပိုင်းဖြစ်သော်လည်း စီးတော်သားရဲဖြစ်ရ‌ရှာတော့မည် ဖြစ်သည်။

ထို့ပြင်၊ တစ်ချိန်က ပုရွက်ဆိတ်တစ်ကောင်ဟု စူ မှတ်ယူခဲ့သော ကျွင်းရှောင်ယောက်၏ စီးတော်သားရဲ ဖြစ်လာခဲ့၏။

ယင်းကို မည်သူက လက်ခံနိုင်မည်နည်း။

သို့သော်လည်း မတတ်နိုင်တော့ပေ။

သူ ခုခံဝံ့ပါက သေရမည် ဖြစ်သည်။

ကျွင်းရှောင်ယောက်နှင့် ကျွင်းဝူဟွေ့အတွက်တော့ စီးတော်သားရဲတစ်ကောင် ဆုံးရှုံးရုံသာဖြစ်ပြီး ဘာမျှမဖြစ်ပေ။

သို့ရာတွင် သူက အသက်ဆုံးရှုံးရမည် ဖြစ်သည်။

ဘုရင်ဖုဖုန်းက အလွန်ပါးနပ်ပြီး အရှက်မဲ့သူ ဖြစ်၏။

စီးတော်သားရဲ ဖြစ်ရလျှင်ပင်၊ အသက်‌ မသေလိုပေ။

"အခု မင်းမှာ ရှန်းလင်နဲ့ပတ်သက်ပြီး မကောင်းတဲ့အတွေးတွေ ရှိနေသေးလား"

ကျွင်းရှောင်ယောက်က ထူးခြားစွာပြုံးပြီး ဘုရင်ဖုဖုန်းကို ကြည့်လိုက်သည်။

"မဝံ့ပါဘူး"

ဘုရင်ဖုဖုန်းက ချက်ချင်း ခေါင်းငုံ့လိုက်၏။

သူက အင်မော်တယ်ဘုရင်တစ်ပိုင်းဖြစ်သော်လည်း အန္တိမကပ်ဘေးကြီးကိုပင် သတ်နိုင်သည့် ကျွင်းရှောင်ယောက်နှင့် အတိုက်အခံ မပြုဝံ့ပေ။

"မင်းရဲ့ သေခြင်း ရှင်ခြင်းက ငါ့ရဲ့ အတွေးတစ်ခုအပေါ်မှာပဲ မူတည်တယ်။ ဒါကြောင့် ရိုးရိုးသားသားနေမယ် ဆိုရင်တော့ မင်း အသက်ရှင်နိုင်ဦးမှာပါ"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

"နားလည်ပါတယ်"

ဘုရင်ဖုဖုန်းက ခေါင်းညိတ်လိုက်လေသည်။

ထို့နောက် ကျွင်းဝူဟွေ့က ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီး ကျွင်းရှောင်ယောက်ကို ပေးလိုက်သည်။

"အဖေ၊ ဒါက..."

ကျွင်းရှောင်ယောက် ကျောက်စိမ်းပြားကို ကြည့်လိုက်၏။

"ဒါက ချီတစ်ခုကို သန့်စင်ခြင်းသုံးခု ပြောင်းလဲခြင်း ကျင့်စဉ်ပဲ။ ဒါကို မင်းအဖေရဲ့ လက်ဆောင်လို့ မှတ်ယူနိုင်ပါတယ်"

ကျွင်းဝူဟွေ့က ပြောလိုက်သည်။

ကျွင်းရှောင်ယောက် အံ့သြသွားလေသည်။

ချီတစ်ခုကို သန့်စင်ခြင်းသုံးခု ပြောင်းလဲခြင်းကျင့်စဉ်က ခန္ဓာကိုယ်သုံးခုကို ခွဲထုတ်နိုင်သည်။

အရေးကြီးဆုံးအချက်မှာ၊ ခန္ဓာကိုယ်တစ်ခုစီက မူလခန္ဓာထက် မနိမ့်ကျသော အင်အားမျိုး ရှိ၏။

ယင်းက မည်မျှကောင်းလိုက်ပါသနည်း။

၎င်းက ချီတစ်ခုကို သန့်စင်ခြင်းသုံးခုပြောင်း ကျင့်စဉ် ဖြစ်သည်။ ယင်းက တကယ်ကို ကြီးစိုးသည့် လျှို့ဝှက်ကျင့်စဉ်တစ်မျိုးပင်။

ကျွင်းမိသားစုတစ်ခုလုံးမှာပင် လူအနည်းငယ်သာ လေ့ကျင့်နိုင်သည်။

"ကျေးဇူးတင်ပါတယ် အဖေ"

ကျွင်းရှောင်ယောက်က လက်ခံယူလိုက်သည်။

"ငါတို့က သားအဖတွေပဲလေ၊ ကျေးဇူးတင်စရာမလိုပါဘူး"

ကျွင်းဝူဟွေ့က ပြုံးပြီး ပြောလိုက်၏။

"ဒါနဲ့ အဖေ... ဒီတစ်ခါ ‌အဖေ တိုင်းတပါးကို လာနေရတဲ့ အကြောင်းရင်းတချို့က အင်မော်တယ်သတ်ဓားအတွက် မဟုတ်လား"

ကျွင်းရှောင်ယောက်က အင်မော်တယ်သတ်ဓားကို ထုတ်ယူပြီး ကျွင်းဝူဟွေ့ကို ပေးလိုက်သည်။

အင်မော်တယ်သတ်ဓားက ကျွင်းမိသားစု၏ ရတနာတစ်ပါး ဖြစ်၏။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ လက်ရှိကျင့်ကြံခြင်းဖြင့်၊ အင်မော်တယ်သတ်ဓား၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ဦးမည် မဟုတ်ပါ။

ကျွင်းဝူဟွေ့ထံတွင် ထားခဲ့ခြင်းက ပိုကောင်းသည်။

ကျွင်းဝူဟွေ့ကလည်း မယဉ်ကျေးဘဲ တိုက်ရိုက် လက်ခံလိုက်လေသည်။

"တကယ်ပါပဲ၊ အဖေလည်း အခုချိန်မှာ အင်မော်တယ်သတ်ဓားကို လိုနေတာ"

"ဒါပေမဲ့ စိတ်မပူပါနဲ့၊ မင်း အနာဂတ်မှာ ကြီးပြင်းလာပြီး အင်မော်တယ်လက်နက်ရဲ့ စွမ်းအားကို အသုံးချနိုင်တဲ့အခါ... အဖေက အင်မော်တယ်သတ်ဓား လေးချောင်းလုံးကိုရှာပြီး မင်းကိုပေးမယ်"

ကျွင်းဝူဟွေ့က ပြောလိုက်သည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာ၏။

သူမျှော်လင့်ထားသည့်အတိုင်းပင်။

အင်မော်တယ်သတ်ဓား လေးချောင်း ရှိသည်။

ဤအင်မော်တယ်သတ်ဓားက ၎င်းတို့ထဲမှ တစ်ခုမျှသာ ဖြစ်၏။

ကျွင်းမိသားစု၏ နောက်ခံဟာ တကယ့်ကို နားမလည်နိုင်အောင်ပင်။

သို့သော်လည်း ကျွင်းဝူဟွေ့၏ စကားများအရ ကျန်ဓားသုံးချောင်းသည် ကျွင်းမိသားစုတွင် ရှိပုံမရပေ။

"ကောင်းပြီလေ၊ အန္တိမကပ်ဘေးကြီးကို ဖယ်ရှားလိုက်ပေမဲ့ မင်းရဲ့ အထောက်အထားက ပေါ်ပေါက်သွားပြီဖြစ်လို့ အင်မော်တယ်နယ်မြေကြီးကို အမြန်ဆုံး ပြန်သွားသင့်တယ်"

ကျွင်းဝူဟွေ့က ပြောလိုက်သည်။

ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်ပြပြီး အနီရောင်လီလီပန်းလေးများ၏မိခင်ကို ကြည့်လိုက်၏။

"ကျေးဇူးအများကြီးတင်ပါတယ်"

ကျွင်းရှောင်ယောက်က ရိုးရိုးသားသား ပြောလိုက်သည်။

"အဲဒီလူကိုပဲ ကျေးဇူးတင်လိုက်ပါ"

အနီရောင်လီလီပန်းလေးများ၏ မိခင်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူမ၏ လေသံကလည်း ယခင်အတိုင်း အေးစက်နေဆဲပင်။

ဧကရီတစ်ပါး၏ မာန်မာနတို့ပင် ပါဝင်နေပုံရသည်။

"အကြီးအကဲတို့က ကျွန်တော်နဲ့အတူ အန္တိကပ်ဘေးကြီးကို ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတာ... အနာဂတ်မှာ တိုင်းတပါးမှာ ဆက်နေမယ်ဆိုရင် အခြားသူတွေရဲ့ ပစ်မှတ်ထားခံရမယ်ထင်တယ်"

ကျွင်းရှောင်ယောက်က တွေးတွေးဆဆ ပြောလိုက်သည်။

ထိုစကားကိုကြားတော့ အနီရောင်လီလီပန်းလေးများ၏မိခင်မှာ ခဏတာ ငြိမ်သက်သွား၏။

မမှားပေ။

ထိုအကြောင်းကို သူမ တွေးထားခဲ့ပြီးသား ဖြစ်သည်။

ဤသည်မှာ၊ ကျွင်းရှောင်ယောက်ကို ကယ်တင်ခဲ့ခြင်းအတွက် သူမ ပေးဆပ်ရမည့် တန်ကြေးပင်။

"အကြီးအကဲရဲ့ မျိုးနွယ်ကို အင်မော်တယ်နယ်မြေကြီးဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိမလား မသိဘူး။ ကျွန်တော်ရဲ့ ကျွင်းမိသားစုနဲ့ဆိုရင် အင်မော်တယ်နယ်မြေကြီးရဲ့ ဘယ်သူကမှ ပစ်မှတ်ထားလို့ မရစေရဘူး"

ကျွင်းရှောင်ယောက်က လေးလေးနက်နက် ဖိတ်ခေါ်လိုက်သည်။

အနီရောင်လီလီပန်းလေးများမိခင်၏ အင်အားက နားမလည်နိုင်လောက်အောင်ပင်။ သူမကို ဖိတ်ခေါ်နိုင်ပါက အားကောင်းသော အင်အားတစ်ခုကို ပိုင်ဆိုင်လာနိုင်မည်မှာ သေချာသည်။

ထို့ပြင်၊ ပိအန်းမျိးနွယ်တွင် လူအနည်းငယ်သာ ရှိသောကြောင့် မျိုးနွယ်စုတစ်ခုလုံးကို ပြောင်းရွှေ့ရန် အခက်အခဲမရှိပေ။

"တာအိုရောင်းရင်းရဲ့ အကူအညီကို ငါ အမြဲအမှတ်ရနေမှာပါ။ တကယ်လို့ အင်မော်တယ်နယ်မြေကြီးကိုသာ လာမယ်ဆိုရင် ကျွင်းမိသားစုက ပိအန်းမျိုးနွယ်ကို သေချာပေါက် ကာကွယ်ပေးပါ့မယ်"

ကျွင်းဝူဟွေ့ကလည်း ပြောလိုက်သည်။

"ကောင်းပါပြီ"

အနီရောင်လီလီပန်းလေးများ၏မိခင် သက်ပြင်းချလိုက်လေသည်။

ပိအန်းမျိုးနွယ်သည် တိုင်းတစ်ပါးမှ အင်မော်တယ်ဧကရာဇ် မျိုးနွယ်တစ်ခု ဖြစ်သော်လည်း၊ တကယ်တမ်းတွင် တိုင်းတစ်ပါးနှင့် နက်နဲသော ဆက်နွယ်မှုတို့ မရှိပါ။

အနီရောင်လီလီပန်းလေးများ၏မိခင်ထံမှ သဘောတူညီမှုက ကျွင်းရှောင်ယောက်ကို စိတ်သက်သာရာရသွားစေသည်။

ပိအန်းမျိုးနွယ်သာ ကျွင်းဧကရာဇ်ခုံရုံးနှင့် မဟာမိတ်ဖွဲ့လိုက်ပါက၊ ကျွင်းဧကရာဇ်ခုံရုံး၏ အင်အားမှာ သိသိသာသာ တိုးတက်လာလိမ့်မည်။

ကျွင်းမိသားစုနှင့် တန်းတူညီမျှ အင်အားကြီးမလျှင်ပင်...

အနည်းဆုံးတော့ သာမန် အင်မော်တယ်အင်အားစုများထက် သာလွန်ပေလိမ့်မည်။

ဤအခိုက်အတန့်တွင် အဝေးကောင်းကင်မှ အင်မော်တယ်ဘုရင် အငွေ့အသက်တို့ ထွက်ပေါ်လာသည်။

ရှန်းအောင်ဘုရင်နှင့် အမြီးကိုးချောင်းဘုရင် တာ့ဖေး ဖြစ်၏။

သူတို့နှင့် တိုက်ခိုက်နေခဲ့သော အင်မော်တယ်ဘုရင်များစွာကမူ၊ အန္တိမကပ်ဘေးကြီး ကျဆုံးခြင်းကို မြင်လိုက်ရကတည်းက ထွက်ပြေးသွားကြပြီ ဖြစ်သည်။

"အရှင်နဲ့ သခင်လေးက တကယ်ကို ထူးချွန်ကြတာပဲ"

ရှန်းအောင်ဘုရင်က သက်ပြင်းချလိုက်သည်။

ယခင်က သူ့နှလုံးသားထဲတွင် သူ့ကျေးဇူးရှင် ဧကရာဇ်ချီထျန်းသာလျှင် အချိန်တိုင်း၏ သြဇာအကြီးဆုံး သူရဲကောင်း ဖြစ်သည်။

ယခုတော့ ကျွင်းဝူဟွေ့နှင့် ကျွင်းရှောင်ယောက်၏ လုပ်ဆောင်မှုက သူ့ကို လေးစားစေခဲ့ပေသည်။

တစ်ဖက်တွင်၊ အမြီးကိုးချောင်း ဘုရင်တာ့ဖေး၏ ခန္ဓာကိုယ်က အလင်းရောင်တို့ တောက်ပနေသည်။ သူမ၏ နူးညံ့သော နှင်းဖြူ မြေခွေးအမြီး ကိုးခုကလည်း သူမ၏နောက်တွင် လှုပ်ယမ်းနေသေးသည်။

သူမက လွန်စွာလှပပြီး ကျက်သရေရှိရှိ ဆွဲဆောင်မှုအပြည့် ရှိသည်။

"ကျွင်းရှောင်ယောက်... မင်းရဲ့ အထောက်အထားနဲ့ ခွန်အားက ငါမျှော်လင့်ထားတာထက် ကျော်လွန်နေတာပဲ"

ဘုရင်တာ့ဖေးက ကျွင်းရှောင်ယောက်ကို မိတ်ဆွေလေး သို့မဟုတ် ကောင်လေးဟု မခေါ်တော့ပါ။

ဓမ္မခန္ဓာကဲ့သို့ နည်းလမ်းများကို အသုံးပြုခဲ့ခြင်းဖြစ်လျှင်ပင်၊ အန္တိမကပ်ဘေးကြီးကို ချေမှုန်းနိုင်ခြင်းက အင်မော်တယ်ဘုရင်အား အဆင့်တူတစ်ဦးကဲ့သို့ ဆက်ဆံစေရန် လုံလောက်သည်။

"အရင်က ကျွန်တော်ရဲ့ အထောက်အထားကို ဖုံးကွယ်ထားခဲ့တယ်။ အကြီးအကဲတာ့ဖေးက ဒါကို အပြစ်မယူဖို့ မျှော်လင့်ပါတယ်။ နောက်ပြီးတော့ ဒီတစ်ခေါက်မှာ ကတိကို ထိန်းထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ကျွင်းရှောင်ယောက်က ဘုရင်တာ့ဖေးကို လက်ယှက်ပြကာ ပြောလိုက်သည်။

ဘုရင်တာ့ဖေး၏ ကတိတည်မှုက သူမျှော်လင့်ထားသည်ထက် ကျော်လွန်ခဲ့ပေသည်။

"ဒါက မင်းအတွက် ငါလုပ်တာမဟုတ်ပါဘူး၊ ကတိတစ်ခုအတွက် လုပ်တာ။ ငါတို့ တုရှန်ဧကရာဇ်မျိုးနွယ်က ကတိပေးပြီးရင် ဘယ်တော့မှ မဖျက်ဘူး"

ဘုရင်တာ့ဖေးက ပြုံးလိုက်သည်။

"အကြီးအကဲကော အင်မော်တယ်နယ်မြေကြီးကို လာလည်ဖို့ အစီအစဉ်ရှိလား"

ကျွင်းရှောင်ယောက်က ထပ်မံဖိတ်ခေါ်လိုက်၏။

သို့သော်လည်း ဘုရင်တာ့ဖေးက ခေါင်းကို အနည်းငယ်ခါယမ်းပြီး ပြောလိုက်သည်။

"ရပါတယ်၊ ဒီတစ်ကြိမ်မှာ ငါ မင်းကို ကူညီခဲ့ပေမဲ့ ဒါက ကတိတစ်ခုကြောင့်ပဲ"

"အန္တိမကပ်ဘေးကြီးလည်း ကျဆုံးသွားပြီမို့ ငါတို့ရဲ့ တုရှန်ဧကရာဇ်မျိုးနွယ်ကို အလွယ်တကူ တိုက်ခိုက်ကြမှာ မဟုတ်ဘူး"

ဘုရင်တာ့ဖေးက ငြင်းလိုက်သည်။

သို့သော်လည်း တွေးကြည့်ရလျှင်...

ဘုရင်တာ့ဖေးနှင့် အနီရောင်လီလီပန်းလေးများ၏မိခင်က အခြေခံအားဖြင့် မတူပေ။

အနီရောင်လီလီပန်းလေးများ၏မိခင်က ကျွင်းရှောင်ယောက်၏ဘက်တွင် လုံးဝ ရပ်တည်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အခြား တိုင်းတစ်ပါး၏ ဧကရာဇ်မျိုးနွယ်များ ပစ်မှတ်ထားခြင်းကို သဘာဝအတိုင်း ခံရလိမ့်မည်။

ဘုရင်တာ့ဖေးကတော့ ကတိတစ်ခုကိုသာ ဖြည့်ဆည်းခဲ့ခြင်းဖြစ်သောကြောင့် အနည်းဆုံး သင့်တော်သော အကြောင်းပြချက်တစ်ခု ရှိခဲ့သည်။

"ဒါဆိုရင်တော့ စိတ်မကောင်းစရာပဲ"

ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။

"တကယ်ကို စိတ်မကောင်းစရာပါပဲ၊ ငါ့မျိုးနွယ်က ကောင်မလေး ငါးယောက်ကိုလည်း ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး။ နောက်ဆုံးမှာတော့ သူတို့အားလုံးက မင်းနဲ့ လက်ထပ်ပြီးနေပြီ"

ဘုရင်တာ့ဖေးက ထူးခြားစွာပြုံးရင်း ပြောလိုက်၏။

"အဟမ်း... အဟမ်း"

ကျွင်းရှောင်ယောက်လည်း အနည်းငယ် ရှက်ရွံ့သွားကာ‌ ခြောက်ကပ်ကပ်ဖြင့် ချောင်းဟန့်လိုက်သည်။

တုရှန်အလှလေးငါးဦးကိုတော့ တောင်းပန်ရုံသာ ရှိတော့မည်။

ဘုရင်တာ့ဖေး၏ မျက်နှာက ရုတ်တရက် လေးနက်လာကာ ပြောလိုက်သည်။

"ကျွင်းရှောင်ယောက်၊ ငါ မင်းကို တောင်းဆိုချင်တာ တစ်ခုရှိတယ်"

"အကြီးအကဲ ပြောပါ"

ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်၏။

အင်မော်တယ်ဘုရင်တစ်ပါးက သူ့ထံ အမှန်တကယ် တောင်းဆိုလာသောကြောင့်လည်း တိတ်တဆိတ် အံ့သြသွားမိသည်။

"တကယ်လို့ မင်းသာ အနာဂတ်မှာ ငါတို့ကမ္ဘာကို လုံးလုံးလျားလျား အနိုင်ယူနိုင်မယ် ဆိုရင်... တုရှန်ဧကရာဇ်မျိုးနွယ်ကို ချမ်းသာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ဘုရင်တာ့‌ဖေးက ပြောလိုက်၏။ သူမ၏ လေသံက လေးနက်ပြီး နောက်ပြောင်နေခြင်း မဟုတ်ပေ။

ကျွင်းရှောင်ယောက်က သူမ မြင်ဖူးသမျှ ပါရမီရှင်များထဲတွင် မကောင်းဆိုးရွားအဆန်ဆုံး ဖြစ်သည်။

စကားလုံးများဖြင့် ဖော်ပြမရနိုင်သော ထာဝရကွဲလွဲမှု ဖြစ်၏။

အကယ်၍ တစ်ပါးသူက တိုင်းတစ်ပါးကို ဖျက်ဆီးနိုင်သည်ဟုဆိုလျှင် ဘုရင်တာ့ဖေးမှာ သေချာပေါက် လှောင်ပြောင်မိလိမ့်မည်။

သို့သော်လည်း ကျွင်းရှောင်ယောက်သာဆိုလျှင် ဖြစ်နိုင်မည်ဟု သူမ ထင်ခဲ့သည်။

ထိုစကားကိုကြားတော့မှ ကျွင်းရှောင်ယောက်လည်း ပြုံးပြီး ခေါင်းကိုခါယမ်းလိုက်လေသည်။

"အကြီးအကဲက နောက်နေပြန်ပါပြီ။ ကျွန်တော်က တုရှန်ဧကရာဇ်မျိုးနွယ်နဲ့ ဆက်ဆံရေးကောင်းရှိပြီး တုရှန်မင်းသမီးငါးပါးနဲ့လည်း မိတ်ဆွေတွေပါပဲ"

"အနာဂတ်မှာ ဘာတွေပဲဖြစ်လာပါစေ... တုရှန်ဧကရာဇ်မျိုးနွယ် ဘာမှမဖြစ်စေရပါဘူး"

"အင်း၊ ဒါဆိုရင် ကျေးဇူးတင်ပါတယ်"

အမြီးကိုးချောင်းဘုရင်တာ့ဖေးက ချစ်စဖွယ် ပြုံးလိုက်သည်။

သူမက ခန္ဓာကိုယ်လေးကို တစ်ပတ်လှည့်ပြီး ကျွင်းရှောင်ယောက်၏ရှေ့သို့ လှပစွာ ဆင်းသက်လာ၏။ သူမ၏ ကျောက်စိမ်းလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကျွင်းရှောင်ယောက်၏ မျက်နှာကို ညင်သာစွာ ထိလိုက်သည်။

ထို့နောက် ပြန်လှည့်၍ ဟင်းလင်းပြင်ကို ခွဲထွက်ကာ ထွက်သွားလေတော့သည်။

သူမ၏ ချိုလွင်သော စကားသံက အဝေးမှ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။

"စိတ်မကောင်းစရာပဲ၊ ငါမွေးလာတော့ မင်းင မမွေးသေးဘူး... မင်းမွေးလာတော့ ငါက အသက်ကြီးနေပြီ။ ငါသာ နောက်ကျပြီးမှ မွေးဖွားခဲ့ရင် မင်းကို ဘယ်တော့မှ အလွတ်မပေးဘူး"

ကျွင်းရှောင်ယောက် ဆွံ့အသွား၏။

တစ်ချိန်တည်းမှာပင်၊ အနီရောင်လီလီပန်းလေးများ၏မိခင်ထံမှ အနည်းငယ်အေးစက်သွားသလို သူ ခံစားလိုက်ရသည်။

"အဲဒီမြေခွေးမရဲ့ စိတ်နေစိတ်ထားက တကယ်ကို မပြောင်းလဲဘူး"

အနီရောင်လီလီပန်းလေးများ၏မိခင်က အေးစက်စက်ဖြင့် တီးတိုးရေရွတ်လိုက်လေသည်။

All Chapters