← Chapters

အခန်း ၁၁၁၈

Vol. 75 Ch. 1118

အခန်း ၁၁၁၈

Vol. 75 Ch. 1118

အခန်း ( ၁၁၁၈ ) နတ်ဘုရားဘုရင်က တာအိုကို သက်သေပြတော့မည်။

အနီရောင်လီလီပန်းလေးများမိခင်၏ တုံ့ပြန်ပုံကြောင့် ကျွင်းရှောင်ယောက်လည်း ပါးနပ်စွာ တိတ်တိတ်လေး နေလေသည်။

ထိုအချိန်တွင် စူးဟုန်ယီ ရောက်ရှိလာသည်။ ကာကူရာကလည်း ညှိုးငယ်သော မျက်နှာအမူအရာဖြင့် ကြည့်နေလေ၏။

"ဟုန်ယီ၊ ငါနဲ့အတူ အင်မော်တယ်နယ်မြေကြီးကို ပြန်လိုက်ခဲ့ပါ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ဟုတ်ကဲ့"

စူးဟုန်ယီက ခေါင်းညိတ်လိုက်၏။

ကျွင်းရှောင်ယောက်က မည်သည့်နေရာကို သွားရောက်သည်ဖြစ်စေ၊ သူမ လိုက်ပါလိမ့်မည်။

ရွယ်ယွဲ့၊ ဖေးချင်ရွယ်၊ ထိုပါ့ယွိနှင့် စစ်နတ်ဘုရားနန်းတော်မှ အခြားသူများအတွက်တော့ လော့ရှန်းလင်က အစီအစဉ်များ ပြုလုပ်ထားပြီးသားဟု ထင်သည်။

သူမ၏ အင်အားဖြင့် ထိုသို့ပြုလုပ်ရန်မှာ မခက်ခဲသင့်ပေ။

ကျွင်းရှောင်ယောက်က ကာကူရာကို ကြည့်လိုက်သည်။

ကာကူရာ၏ နှလုံးသားက တင်းကျပ်လာသည်။ သူ့အမူအရာမှာလည်း စိတ်ရှုပ်ထွေးမှုတို့ ပြည့်နေ၏။

ကျွင်းရှောင်ယောက်က စစ်မှန်သည့် ပထမဘုရင် မဟုတ်ကြောင်း သူမ နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ။

သို့သော်လည်း အချိန်အတော်ကြာ ရင်းနှီးခဲ့ပြီးနောက်တွင်...၊ သူ နားလည်လာသည်။

သူမ နှစ်သက်သောသူက ပထမဘုရင် အထောက်အထားဖြင့် ကျွင်းရှောင်ယောက်ကို မဟုတ်ပေ။

ထိုအစား...

"သွားပါ၊ ငါမင်းကို မသတ်ဘူး"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

အန္တိမကပ်ဘေးကြီး ကျဆုံးသွားပြီ။

ကာကူရာက ကမ္ဘာဖျက်ဆီးခြင်းဘုရင်ဖြစ်သော်လည်း မည်သည့်လှိုင်းကိုမျှ မဖြစ်စေနိုင်သည်မှာ ထင်ရှားသည်။

ထို့ပြင်၊ ယခင်က ကာကူရာသည် သူ့အတွက် အကူအညီနှင့် အချက်အလက်များစွာကို ပေးခဲ့သည်။

ထိုအကြောင်းများကို တွေးမိသောအခါ၊ ကာကူရာကို မသတ်ရန် ဆုံးဖြတ်လိုက်သည်။

ကာကူရာက သူမ၏ အနီရဲရဲ နှုတ်ခမ်းများကို တင်းတင်းကိုက်လိုက်သည်။

အကြောင်းတစ်ခုခုကြောင့်၊ ကျွင်းရှောင်ယောက်၏ စကားများကို ကြားလိုက်ရသည့်အခါ ငိုချင်သလို ခံစားရ၏။

ကာကူရာက ချက်ချင်း နောက်လှည့်ပြီး ထွက်သွားသည်။ သူမ၏ ငိုကြွေးနေသောပုံကို ကျွင်းရှောင်ယောက် မမြင်စေလိုပေ။

"မင်းက လူတွေကို နာကျင်အောင်လုပ်ရတာ ကြိုက်ပုံပဲ"

အနီရောင်လီလီပန်းလေးများ၏မိခင်က ပြောလိုက်သည်။

ကျွင်းရှောင်ယောက်လည်း သက်ပြင်းချလိုက်လေသည်။

"ဒါက သူ့ကို ကူညီပေးနေတာပါ။ နောက်ဆုံးမှာတော့ သူ့အတွက် သူ့မိသားစုကို စွန့်လွှတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူနဲ့ ကျွန်တော်က အရမ်းရင်းနှီးနေလို့ မကောာင်းပါဘူး"

ထို့နောက်တွင် အနီရောင်လီလီပန်းလေးများ၏မိခင်က လေထဲသို့ ပျံတက်သွားသည်။

ပိအန်းမျိုးနွယ်ကို ရွှေ့ပြောင်းရန် သူမ စီစဉ်ရဦးမည်။

ကမ္ဘာဖျက်ဆီးခြင်း တားမြစ်လက်နက် ခြောက်ခုကိုတော့...

ကျွင်းရှောင်ယောက်က စူးဟုန်ယီ၏ မဟာကာလီကြေးမုံကို ပြန်ပေးလိုက်သည်။

ကာကူရာက ထွက်သွားသော်လည်း ကောင်းကင်ငိုကြွေး နတ်ဆိုးဓားကို မယူသွားခဲ့ပါ။

အန္တိမကပ်ဘေးကြီး ကျဆုံးပြီးနောက်၊ ကမ္ဘာဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးလည်း နောက်ထပ် ရှိတော့မည် မဟုတ်ပေ။

ခဏစဉ်းစားပြီးနောက် ကျွင်းရှောင်ယောက်က ကမ္ဘာဖျက်ဆီးခြင်း တားမြစ်လက်နက် ငါးခုကို သန့်စင်ရန်အတွက် အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးအတွင်းသို့ ပစ်ထည့်လိုက်သည်။

နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်က အသုံးပြုရလွယ်ကူသော်လည်း၊ သူ၏ သွေးစွမ်းအားကို စုပ်ယူရန် လိုသေးသည်။

ထို့ပြင် အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုး၊ တာ့လော့ဓားသန္ဓေနှင့်အတူ ကျွင်းရှောင်ယောက်အတွက် အခြားလက်နက်များ မလိုအပ်တော့ပါ။

ဤလက်နက်နှစ်ခုက ကျွင်းရှောင်ယောက်နှင့်အတူ ဆက်လက် ကြီးပြင်းလာနိုင်သည်။

"ကဲ၊ ရှောင်ယောက်... အချိန်မရှိဘူး။ မင်းကို တိုင်းတပါးကနေ ပြန်ပို့ပေးတော့မယ်"

ကျွင်းဝူဟွေ့က သူ့လက်ကိုဝှေ့ယမ်းပြီး ဟင်းလင်းပြင်လျှောက်လမ်းတစ်ခုကို ထုတ်ဖော်လိုက်သည်။

"ဟင်၊ အဖေကရော..."

ကျွင်းရှောင်ယောက်က ကျွင်းဝူဟွေ့ကို ကြည့်လိုက်၏။

ကျွင်းရှောင်ယောက်ကို အင်မော်တယ်နယ်မြေကြီးသို့ ပြန်ပို့ပေးမည်ဟု ပြောခဲ့သည်။ ထို့ကြောင့် သူကိုယ်တိုင်ကတော့ အင်မော်တယ်နယ်မြေကြီးသို့ ပြန်မလာသေးကြောင်း ထင်ရှားသည်။

"ငါ့မှာ ဖြေရှင်းစရာတွေ ကျန်နေသေးတယ်လေ၊ အဲဒီအဆင့်ကို လျှောက်လှမ်းရဦးမယ်"

"နောက်ပြီးတော့ အန္တရာယ်တွေ ပြီးသွားပေမဲ့ ကပ်ဘေးတွေက မပြီးဆုံးသေးဘူး။ ဒါက အဆုံးဖြစ်ပေမဲ့ အစလို့လည်း ပြောလို့ရတယ်"

"ဒီထက် ပိုကြီးမားတဲ့ အန္တရာယ်တွေက မလာသေးတာဖြစ်နိုင်တယ်။ အဖေတစ်ယောက်အနေနဲ့ မင်းကို ကာကွယ်ဖို့၊ မိသားစုနဲ့ အင်မော်တယ်နယ်မြေကြီး... အားလုံးကို ကာကွယ်ဖို့အတွက် ငါ ပိုသန်မာလာဖို့ လိုအပ်တယ်"

ကျွင်းဝူဟွေ့၏ မျက်လုံးများက ခိုင်မာပြတ်သားသည်။

ဂုဏ်သိက္ခာရှိသော ယောက်ျားတစ်ယောက်အတွက် နောင်တရစရာ မရှိပေ။

ဤသည်မှာ သူ၏ ယုံကြည်မှုနှင့် ဆောင်ပုဒ် ဖြစ်သည်။

ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်၏ အမူအရာမှာလည်း လေးနက်လာသည်။

တတိယမျိုးဆက် ရှေးဦးဝိညာဉ်ကို ဖွဲ့စည်း‌ချိန်တွင် မြင်ခဲ့ရသော အနာဂတ်ပုံရိပ် အပိုင်းအစများကို သူ ပြန်တွေးနေမိ၏။

ကမ္ဘာကြီးက ကမောက်ကမ ဖြစ်နေသည်။ ဧကရာဇ်တစ်ပိုင်းများစွာတို့ ကျဆုံးပြီး သက်ရှိသတ္တဝါ အပေါင်းတို့သည် သွေးမြစ်ထဲတွင် မျောပါနေကြသေးသည်။

ထိုအထဲတွင် ကျန်းစန်းယီက သူ့အား ဝမ်းနည်းကြေကွဲသော အမူအရာဖြင့်ကြည့်ရင်း သူမ၏နှလုံးသားကို သူ့လက်ဖြင့် ကိုယ်တိုင်ဖောက်ထုတ်လိုက်သည်။

ယင်းက အတွင်းနတ်ဆိုးလော၊ စစ်မှန်သော ကပ်ဘေးကြီး၏ လက္ခဏာတစ်ခုလော...

သူ မသိပေ။

သို့သော်လည်း သူ့အဖေ၏ စကားများအရ ကျွင်းဝူဟွေ့မှာ တာအိုကို သက်သေပြတော့မည့်ပုံပင်။

ကျွင်းဝူဟွေ့သည် ယခုအချိန်မှာပင် အလွန်အားကောင်းနေပြီ ဖြစ်သည်။ တာအိုကို သက်သေပြလိုက်ပါက၊ မည်မျှအားကောင်းလာမည်နည်း။

"အဖေ၊ အဖေ့ရဲ့ အရည်အချင်းနဲ့ဆိုရင် တာအိုကို သက်သေပြနိုင်တာ ကြာပြီ မဟုတ်လား"

ကျွင်းရှောင်ယောက်က သံသယဖြင့် မေးလိုက်သည်။

ကျွင်းဝူဟွေ့၏ အရည်အချင်းက အံ့မခန်းဖြစ်သော်လည်း ယခုထိ တာအိုကို သက်သေမပြရသေးပေ။

ကျွင်းဝူဟွေ့က ပြုံးပြီး ပြောလိုက်သည်။

"တာအိုကို သက်သေပြတာက ငါ့အတွက် မခက်ခဲပါဘူး"

"ဒါပေမဲ့ ဧကရာဇ်အဆင့်က အဆုံးသတ်မဟုတ်ဘူး... အစပဲရှိသေးတာ"

"ငါက တာအိုကို သက်သေပြချင်မှ ပြဦးမယ်။ ဒါပေမဲ့... တာအိုကို သက်သေပြပြီဆိုရင်လည်း အတိတ်နဲ့ ပစ္စုပ္ပန်က ပညာရှင်တွေကို သာလွန်ရမယ်။ အနည်းဆုံးတော့ ဝေးကွာတဲ့ ဘိုးဘေးတွေထက် အားမနည်းရဘူး"

ထိုစကားများကို ပြောနေချိန်တွင်၊ ကျွင်းဝူဟွေ့၏ မျက်လုံးများက မာန်မာနတို့ ပေါ်လာသည်။

"ကျွန်တော်ရဲ့ ရည်မှန်းချက်ကလည်း ဒီလိုပါပဲ"

ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

"ကောင်းပြီ၊ အဖေတစ်ယောက်အနေနဲ့... မင်းငါ့ကို ကျော်တက်မဲ့အချိန်ကို ငါစောင့်နေမယ်"

ကျွင်းဝူဟွေ့၏ မျက်လုံးများက ကျေနပ်မှုတို့ ပေါ်လာ၏။

ထို့နောက်တွင်၊ မိုးပြာရောင်ငှက်ငယ်လေး ဘုရင်ဖုဖုန်းက မိုးပြာရောင် ဂဠုန်ငှက်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

သူက အတောင်များခတ်လိုက်သောအခါ လေပြင်းများ တိုက်ခတ်လာ၏။

ဘုရင်ဖုဖုန်းက ကျွင်း သားအဖရှေ့တွင် ဦးညွတ်နေရသော်လည်း...

အင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ဦးအနေဖြင့် သူ့အရှိန်အဟုန်နှင့် အင်အားက အားမနည်းပေ။

ကျွင်းရှောင်ယောက်က စူးဟုန်ယီ၏ လက်ကိုဆွဲပြီး ဂဠုန်ငှက်ကြီး၏ ဦးခေါင်းပေါ်သို့ လှမ်းတက်လိုက်သည်။

ရွယ်ယွဲ့၊ ဖေးချင်ရွယ်၊ ထိုပါ့ယွိနှင့် စစ်နတ်ဘုရားနန်းတော်ရှိ အခြား ယုံကြည်ရသော သစ္စာရှိသူများအတွက်တော့...

ကျွင်းရှောင်ယောက်သည် လော့ရှန်းလင်က သင့်လျော်သော အစီအစဉ်များ ပြုလုပ်ပြီး အင်မော်တယ်နယ်မြေကြီးသို့ စေလွှတ်မည်ဟု ယုံကြည်ခဲ့သည်။

"သခင်လေး၊ မင်းကို အင်မော်တယ်နယ်မြေကြီးကို ပြန်ခေါ်သွားပါရစေ"

ရှန်းအောင်ဘုရင်က ပြောလိုက်သည်။

အန္တိမကပ်ဘေးကြီး ကျဆုံးသွားကာ သူ၏ အထောက်အထားကလည်း ပေါ်လွင်နေပြီ ဖြစ်သည်။ သူ့အနေဖြင့် တိုင်းတပါးတွင် ဆက်နေရန် အကြောင်းမရှိတော့ပေ။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ရှန်းအောင်ဘုရင်လည်း ပြုံးပြီး ခေါင်းညိတ်လိုက်လေသည်။

ဟင်းလင်းပြင် အက်ကြောင်းရှေ့တွင်၊ ကျွင်းရှောင်ယောက်က ပျက်စီးနေသော ကုန်းမြေကြီးကို နောက်ဆုံးအကြိမ်အနေဖြင့် ကြည့်လိုက်သည်။

တိုင်းတစ်ပါးသို့ ခရီးစဉ်က နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီ။

ထို့နောက် ချစ်မြတ်နိုးသော အကြည့်တို့ဖြင့် လှမ်းကြည့်နေသော ကျွင်းဝူဟွေ့ကို ကြည့်လိုက်သည်။

ကြီးမားသော ကောင်းကျိုးများ ဆောင်ပေးခဲ့သော်လည်း ကျွင်းဝူဟွေ့သည် လူအပေါင်း၏ ကြည်ညိုလေးစားမှုနှင့် ဂုဏ်ကျက်သရေကို ခံစားရန် အင်မော်တယ်နယ်မြေကြီးသို့ ပြန်မသွားခဲ့ပါ။

သူ၏ အောင်မြင်ကျော်ကြားမှုနှင့် ကုသိုလ်တို့ကို ဂရုမစိုက်ပေ။

ထိုအစား သူဟာ တာအိုကို သက်သေပြရန်နှင့် နောင်လာလတ္တံ့သော ကပ်ဘေးများကို ရင်ဆိုင်ရန်အတွက် ပြင်ဆင်ရန် တစ်ယောက်တည်း ရှေ့သို့ဆက်သွားနေသည်။

ဤသည်က စစ်မှန်သော သူရဲကောင်း...

ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်သည်ပင်။

"သွားပေတော့"

ကျွင်းဝူဟွေ့က ပြုံးပြီး ပြောလိုက်သည်။

ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်လိုက်၏။

ယခုအချိန်တွင် သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ၊ အနာဂတ်တွင် ကျွင်းဝူဟွေ့၏ ဖိအားများကို မျှဝေနိုင်စေရန် တတ်နိုင်သမျှ မိမိကိုယ်ကိုယ် သန်မာလာစေရန် ကြိုးစားခြင်း ဖြစ်သည်။

သို့သော်လည်း သူ၏ အဓိကရည်ရွယ်ချက်ကတော့ အင်မော်တယ်နယ်မြေကြီးအတွက် မဟုတ်ပေ။ သူချစ်ရသူ၊ သူ့မိသားစုနှင့် သူ့ပတ်ဝန်းကျင်မှ လူများအတွက် ဖြစ်သည်။

ကျွင်းရှောင်ယောက်၊ စူးဟုန်ယီ၊ ရှန်းအောင်ဘုရင်နှင့် အခြားသူများ ထွက်သွားကြပြီးနောက်...

ဖြည်းညှင်းစွာ ပိတ်လာသော ဟင်းလင်းပြင်ကို ကြည့်ရင်း ကျွင်းဝူဟွေ့က ရေရွတ်လိုက်သည်။

"အင်မော်တယ်ဖြစ်ဖို့က လွယ်ပါတယ်၊ ဒါပေမဲ့ လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်နေနိုင်ဖို့က ခက်ခဲတယ်။ အနာဂတ်မှာ မင်းက အမြင့်ဆုံးအဆင့်ကို တက်လှမ်းနိုင်ပြီး ကမ္ဘာကြီးရဲ့ အနှောင်အဖွဲ့တွေကနေ လွတ်မြောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

"အခုချိန်မှာတော့ အဖေလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက မင်း ကောင်းကောင်းမွန်မွန် ကြီးပြင်းနိုင်အောင် မိုးနဲ့မြေကို ထမ်းပိုးထားဖို့ပဲ"

"ဒီမတိုင်ခင်မှာတော့ ဒီရွှေခေတ်နဲ့ ကမ္ဘာကြီးကို ဘယ်လိုကပ်ဘေးကမှ မဖျက်ဆီးနိုင်စေရဘူး"

ကျွင်းဝူဟွေ့၏ မျက်လုံးအကြည့်များက ရုတ်တရက် စူးရှလာသည်။

သူက အင်မော်တယ်သတ်ဓားကိုကိုင်ပြီး လက်တစ်ဖက်ဖြင့် လွှဲခုတ်လိုက်ရာ ထာဝရ အငွေ့အသက်များ စီးဆင်းသွား၏။

သူက ခြေတစ်လှမ်းဖြင့် ဧကရာဇ်အဆင့် အထွတ်အထိပ်ကို ချိုးဖြတ်သွားတော့မည်။

ကျွင်းရှောင်ယောက် ဘေးကင်းစွာ ကြီးပြင်းနိုင်ရန်အတွက်၊ မိုးနှင့်မြေကို သူ ထမ်းပိုးထားမည် ဖြစ်သည်။

All Chapters