← Chapters

အခန်း ၁၁၂၃

Vol. 75 Ch. 1123

အခန်း ၁၁၂၃

Vol. 75 Ch. 1123

အခန်း ( ၁၁၂၃ ) ရှေးဟောင်းတော်ဝင်မိသားစုများမှ လူများ ရောက်လာကြခြင်း။

"ငါ နားလည်ပါပြီ"

လီချင်းအာကို တစ်ချက်ကြည့်လိုက်ပြီးနောက် အခြေအနေများကို သူ အပြည့်အဝ နားလည်သွားသည်။

ကျွင်းပေါင်လီက ကောင်းကင်သရဖူကို ရယူလိုခြင်းမှာ သူ့အတွက်မဟုတ်ကြောင်း ထင်ရှားနေ၏။

သူ ချစ်ရသူအတွက် ဖြစ်သည်။

ထိုအတွက် ကျွင်းရှောင်ယောက်လည်း နားလည်နိုင်ပေသည်။

အကြောင်းမှာ အခြားရှုထောင့်မှ တွေးကြည့်လျှင်၊ ကျန်းစန်းယီအတွက် အသက်အန္တရာယ် ရှိနေပြီး ကယ်တင်ရန်အတွက် ကောင်းကင်သရဖူကို လိုအပ်မည်ဆိုပါက...

မည်မျှပင် ပေးဆပ်ရသည်ဖြစ်စေ၊ ကျွင်းရှောင်ယောက်က ရယူရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။

"ငါ ကျွင်းပေါင်လီက နတ်ဘုရားသားတော်ရဲ့ ဦးဆောင်မှုနောက်ကို အကြွင်းမဲ့ လိုက်ပါလိုပါတယ်"

ကျွင်းပေါင်လီက ရိုးရိုးသားသား ပြောလိုက်သည်။

လီချင်းအာကို ကယ်တင်နိုင်ခဲ့ခြင်းဖြင့် သူ့ဘဝအတွက် အကြီးမားဆုံး နောင်တကို ဖြေဖျောက်နိုင်ခဲ့ပေသည်။

ဤအခြေအနေအားလုံးကို ပြီးမြောက်စေခဲ့သည်က ကျွင်းရှောင်ယောက်ကြောင့် ဖြစ်သည်။

"ဒီလိုဖြစ်စရာ မလိုပါဘူး။ မင်းက ငါတို့ ကျွင်းမိသားစုရဲ့ ကောင်းကင်သားတော်ပဲ။ မင်းအနေနဲ့ အနာဂတ်မှာ ကျွင်းမိသားစုအတွက်ပဲ ကြိုးစားပါ"

ကျွင်းရှောင်ယောက်က ကျွင်းပေါင်လီကို ဖေးမပေးလိုက်သည်။

ကျွင်းပေါင်လီလည်း လွန်စွာ ကျေးဇူးတင်သွားလေသည်။

တစ်ချိန်တည်းမှာပင် သူ အံ့ဩနေမိသည်။

ရှန်းရွှီကမ္ဘာတွင် ရှိစဉ်က ကျွင်းရှောင်ယောက်သည် သန်မာသော်လည်း ထိုမျှမဟုတ်သေးပေ။

ထိုစဉ်က ကျွင်းရှောင်ယောက်နှင့် တိုက်ခိုက်ရန် ယုံကြည်မှုရှိနေဆဲ ဖြစ်သည်။

ယခုတော့ ကျွင်းရှောင်ယောက်ကို ရင်ဆိုင်ရသောအခါ ကျွင်းပေါင်လီကဲ့သို့ ထူးချွန်သူတစ်ဦးပင်လျှင် မှန်းဆ၍မရသော ခံစားမှုမျိုး ခံစားရလေသည်။

ကျွင်းရှောင်ယောက်သည် တိုင်းတပါးတွင် ရှိနေစဉ်အတွင်း များစွာ တိုးတက်လာကြောင်း ထင်ရှားသည်။

ကျွင်းပေါင်လီပင်လျှင် သူ့ကို နားမလည်နိုင်တော့ပေ။

ထိုအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေသော ကျွင်းရင်ဟွမ်က ကျွင်းရှောင်ယောက်၏ ရှေ့တွင် ရုတ်တရက် ဒူးထောက်ထိုင်လိုက်သည်။

"တောင်းပန်ပါတယ် နတ်ဘုရားသားတော်... အရင်က ကျုပ်မှားခဲ့တယ်... နတ်ဘုရားသားတော်ကို အပြစ်ပြုမိခဲ့တယ်။ နတ်ဘုရားသားတော် ကျုပ်ကို အပြစ်ပေးပါ"

ကျွင်းရင်ဟွမ်က ခေါင်းငုံ့ပြီး လူတိုင်းရှေ့မှာ ဒူးထောက်ချလိုက်သည်။

ကျွင်းချင်းရန်လည်း ယင်းကိုကြည့်ရင်း တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။

"ထပါ၊ ဒီကိစ္စတွေကို ငါ့စိတ်ထဲမှာ ဘာမှမရှိတော့ဘူး။ အခု ကျွင်းမိသားစုမှာ မူလမျိုးရိုးနဲ့ လျှို့ဝှက်သွေးကြောဆိုတာ မရှိတော့ဘူးလေ"

ကျွင်းရှောင်ယောက်က ခေါင်းခါယမ်းလိုက်သည်။

ထို့ပြင်၊ ကျွင်းရင်ဟွမ်က သူ့အား ဘာတစ်ခုမျှ မထိခိုက်စေခဲ့ပါ။

ထို့ကြောင့် ကျွင်းရှောင်ယောက်သည် တစ်ကြိမ်တစ်ခါ ကြင်နာမှုပြလိုက်ရန် စိတ်ထဲမထားပေ။

"ကျေးဇူးတင်ပါတယ် နတ်ဘုရားသားတော်"

ကျွင်းရင်ဟွမ်မှာ ထိုစကားကိုကြားတော့ ပို၍ အရှက်ရမိသလို ခံစားလိုက်ရသည်။

ဤသို့ဖြင့် ကျွင်းမိသားစုသည် မူလမျိုးရိုးနှင့် လျှို့ဝှက်သွေးကြောကြားမှ အခြေအနေအားလုံး လုံးဝ ပြေလည်သွားပြီး သဟဇာတဖြစ်သွားသည်။

ယခုအချိန်မှစ၍ ကျွင်းမိသားစုက တစ်ခုတည်းသာ ရှိတော့မည်။

ကျွင်းမိသားစုအနေဖြင့် အင်မော်တယ်နယ်မြေကြီးအတွက် အဓိပဓိ အင်မော်တယ်ခုံရုံးနှင့် ယှဉ်ပြိုင်ရာတွင် ပို၍ ယုံကြည်မှုရှိလာတော့မည် ဖြစ်သည်။

"ဆရာ"

ထိုအချိန်တွင် ရီယု၊ ရန်ချင်းယင်၊ ဝမ့်ချွမ်၊ ထာဝရဆင်းရဲဒုက္ခ နတ်ဘုရားမနှင့် အခြားနောက်လိုက်များ ရောက်လာကြသည်။

မင်းသမီးလုံကျိ၊ ရန်ယုမန်၊ ယွိချန်ကျွမ့်၊ ထိုက်ယင်ကျောက်စိမ်းယုန်၊ ရှောင်မိုရှန်းနှင့် အခြားသူများလည်း ပါဝင်၏။

သူတို့အားလုံးက ကျွင်းရှောင်ယောက်ကို အလွန်စိတ်လှုပ်ရှားနေသော အမူအရာများဖြင့် ကြည့်နေကြလေသည်။

အထူးသဖြင့် မိန်းကလေးများ၏ မျက်နှာများမှာ ပျော်ရွှင်မှု၊ တောင့်တမှုနှင့် စိတ်လှုပ်ရှားမှုတို့ ပြည့်နေခဲ့သည်။

ယင်းက ကျန်းလော့လီကို မကျေမနပ် ဖြစ်စေခဲ့သည်။

သူမ၏ ကိုကိုရှောင်ယောက်က အလွန် နာမည်ကြီးသည်။

အထူးသဖြင့် အန္တိမကပ်ဘေးကြီးကို သတ်ပြီးနောက် ကျွင်းရှောင်ယောက်၏ အမာခံများ ပိုများလာလိမ့်မည်။

ယင်းကြောင့် ကျန်းလော့လီမှာ အနည်းငယ် အကျပ်အတည်းကို ခံစားလိုက်ရသည်။

"ကိုင်း၊ ဒီနေရာမှာ စကားပြောရတာ အဆင်မပြေဘူး။ နေရာရှာပြီး အနားယူကြရအောင်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"သခင်လေး၊ ကျေးဇူးပြုပြီး ငါ့ရဲ့နောက်ကို လိုက်ခဲ့ပါ"

အမာရွတ်လေးခု သခင်ကြီးက ချက်ချင်းပြောပြီး ကျွင်းရှောင်ယောက်နှင့် တခြားသူများနေရန် နေရာ စီစဉ်ပေးလေသည်။

ကျွင်းရှောင်ယောက်က ရှေးဦးအင်ပါယာမြို့တော်မှ ချက်ချင်း မထွက်ခွာခဲ့ပါ။

အကြောင်းမှာ၊ သူက လာရောက်မည်ကို စောင့်နေခြင်း ဖြစ်သည်။

များမကြာမီတွင်၊ အမာရွတ်လေးခု သခင်ကြီးက ကျွင်းရှောင်ယောက်နှင့် အခြားသူများ အနားယူရန် ရှေးဦးအင်ပါယာမြို့တော်တွင် ကောင်းမွန်သောနန်းတော်တစ်ခုကို စီစဉ်ပေးခဲ့သည်။

နောက်ပိုင်းကတော့ သဘာအတိုင်း အတိတ်အကြောင်း စကားဝိုင်းတစ်ခု ဖြစ်ခဲ့လေသည်။

ကျွင်းရှောင်ယောက်က တိုင်းတပါးမှ ဖြစ်ရပ်များအကြောင်းကို ပြောပြလိုက်သည်။

ဟုတ်ပေသည်၊ အတိအကျ ပြောပြသည်တော့ မဟုတ်ပါ။

ဟုတ်ပါတယ် ၊ ကျွန်တော် ရွေးချယ်ပြီး ပြောတာပါ။

တချို့အရာများကို မသိခြင်းမှာ ပိုကောင်းသည်။

ဥပမာအားဖြင့်၊ အင်မော်တယ်နယ်မြေကြီးအတွက် အန္တိမကပ်ဘေးကြီးက အဓိကရန်သူကြီး မဟုတ်သေးပါ။

၎င်းက အစသာ ဖြစ်သည်။

ထိုအကြောင်းများကိုတော့ မပြောဘဲ လျှို့ဝှက်ခဲ့လေသည်။

ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေး ရှောင်ယီကို လွှတ်ပေးလိုက်သည်။

နတ်ဆိုးနတ်ဘုရား ဧကရာဇ်ကြီးမှ ဆင်းသက်လာပြီး ရှားပါးသော ရှေးဦးသားရဲတစ်ကောင်အနေဖြင့် ရှောင်ယီမှာ သဘာဝအတိုင်း ဆူဆူညံညံ ဆွေးနွေးသံများ ဖြစ်ပေါ်စေခဲ့သည်။

သို့သော်လည်း နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးက ရန်ယုမန်ကိုသာ စူးစူးစိုက်စိုက် ကြည့်နေလေ၏။

"ဘာကြည့်နေတာလဲ"

ရန်ယုမန်လည်း လွန်လွန်ကျူးကျူး စိုက်ကြည့်ခံရသောကြောင့် အနေရခက်လာကာ ကြက်သီးမွေးညင်းထလာသလို ခံစားလိုက်ရသည်။

"မင်းက ဘယ်လိုမျိုးစိတ်လဲ"

ရှောင်ယီက မေးလိုက်သည်။

ရှေးဦးနတ်ဆိုးသားရဲများအနေဖြင့် အချင်းချင်း အာရုံခံစားနိုင်ပေသည်။

ထို့ကြောင့်ပင် ကောင်းကင်ပိုးတောင်ကြားမှ ယွမ်စန်းတောက်ဇီက ရန်ယုမန်ကို အသည်းအသန် လိုက်ခဲ့ခြင်း ဖြစ်သည်။

ရန်ယုမန်၏ မူလခန္ဓာက ရှေးကျသော သားရဲမျိုးစိတ်တစ်ခုဖြစ်သည့် ကောင်းကင်အိပ်မက် စိတ်ညှို့လိပ်ပြာပင် မဟုတ်လော။

"ဘာပြောတယ်"

ရန်ယုမန်က ဒေါသတကြီးဖြင့် အံကြိတ်ပြီး စိုက်ကြည့်လိုက်သည်။

သူသည် ခြေတံရှည်ရှည်နှင့် ထူးထူးကဲကဲ လှပသူတစ်ဦးဖြစ်သော်လည်း... "ဘယ်လိုမျိုးစိတ်လဲ"ဟု မေးခံရခြင်းမှာ ရှက်စရာကောင်းလှသည်။

အခြားသူများကတော့ ထိုမြင်ကွင်းကိုကြည့်ပြီး သဘောကျစွာ ရယ်မောလိုက်ကြလေသည်။ အခြေအနေက နွေးထွေးပြီး သဟဇာတ ရှိခဲ့သည်။

ရက်အနည်းငယ်ကြာသွားပြီ။

ရှေးဦးအင်ပါယာမြို့တော်မှာ မရေမတွက်နိုင်သော ကျင့်ကြံသူများက ယခင် စစ်ပွဲအကြောင်းကို ဆွေးနွေးနေကြဆဲ ဖြစ်သည်။

ကျွင်းဝူဟွေ့နှင့် ကျွင်းရှောင်ယောက်တို့ သားအဖ၏ အကြောင်းများကတော့ ဆွေးနွေးမှု၏ အဓိကခေါင်းစဉ် ဖြစ်နေသည်မှာ မေးစရာပင်မလိုပေ။

ထိုအချိန်တွင်...

ပုံရိပ်တချို့က ကျွင်းရှောင်ယောက်၏ နန်းတော်အပြင်ဘက်သို့ ရောက်လာကြသည်။ သူတို့၏ မျက်နှာများကလည်း အေးတိအေးစက် ဖြစ်၏။

"အဲဒါ...ရှေးဟောင်းတော်ဝင်မိသားစုက သတ္တဝါတွေလား"

ဤအုပ်စုကို မြင်သောအခါ လူအများ အံ့အားသင့်သွားကြသည်။

ရှေးဟောင်းတော်ဝင်မိသားစုနှင့် အခြားအင်အားစုများမှာ ကျွင်းမိသားစုနှင့် မသင့်မြတ်ကြောင်း သိကြသော်လည်း...

ဤအချိန်မျိုးတွင် ကျွင်းရှောင်ယောက်ဆီသို့ ဘာလာလုပ်ကြသနည်း။

"မင်းမေ့နေပြီလား၊ ပျက်စီးခြင်းနယ်စပ်မှာ လေ့ကျင့်တုန်းကလေ..."

ကောင်းကင်ကိုးခု အင်မော်တယ် အကယ်ဒမီမှ တပည့်အချို့က ပြောလိုက်သည်။

ယခင်က ကောင်းကင်ကိုးခု အင်မောတယ် အကယ်ဒမီသည် တိုင်းတပါးမှ စစ်နတ်ဘုရားနန်းတော်နှင့် ယှဉ်ပြိုင်ရန်အတွက် ပျက်စီးခြင်းနယ်စပ် အတွေ့အကြုံကို စီစဉ်ပေးခဲ့သည်။

ရလဒ်အနေဖြင့် ထိုအချိန်တွင်၊ တိုင်းတပါးမှ စစ်နတ်ဘုရား ကစဉ့်ကလျားခန္ဓာက အင်မော်တယ်နယ်မြေကြီး၏ ထိပ်တန်း မျိုးစေ့အဆင့် ပါရမီရှင် ဆယ်ဦးကို ဆက်တိုက်သတ်ပစ်ခဲ့ပေသည်။

ထိုမျိုးစေ့အားလုံးက ရှေးဟောင်းတော်ဝင်မိသားစုများမှ ဖြစ်သည်။

ယခုတော့ အမှန်တရားက ထင်ရှားလာပြီ။

တိုင်းတပါးမှ စစ်နတ်ဘုရား ကစဉ့်ကလျားခန္ဓာမှာ ကျွင်းရှောင်ယောက် ဖြစ်သည်။

ကျွင်းရှောင်ယောက်က ရှေးဟောင်းတော်ဝင်မိသားစုများမှ မျိုးစေ့များကို သတ်ပစ်ခဲ့သည့်သဘော ဖြစ်၏။

သို့ဖြစ်ပေရာ၊ သူတို့ ရောက်ရှိလာခြင်းကို နားလည်နိုင်သည်။

"ကျွင်းရှောင်ယောက်... ထွက်ခဲ့"

ရှေးဟောင်းတော်ဝင်မိသားစုများကြားမှ ငှက်မွှေးဝတ်စုံဖြင့် လူကြီးတစ်ယောက်က အေးစက်စက်လေသံဖြင့် အော်လိုက်သည်။ သူ့ထံမှ ကောင်းကင်အဓိပဓိနယ်ပယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။

သူကား နတ်ဆိုးဖီးနစ်ရှေးဟောင်းဂူမှ အကြီးအကဲတစ်ဦး ဖြစ်သည်။

နတ်ဆိုးဖီးနစ်ရှေးဟောင်းဂူမှ မျိုးစေ့အဆင့် ပါရမီရှင်တစ်ဦးဖြစ်သော ဟွမ်းနီသည် ပျက်စီးခြင်းနယ်စပ်၌ လေ့ကျင့်နေစဉ် ကျွင်းရှောင်ယောက်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။

"ကျွင်းရှောင်ယောက်၊ မင်းက တိုင်းတပါးမှာ ပုန်းအောင်းနေတယ်ဆိုတောင် ငါတို့မျိုးနွယ်ရဲ့ ပါရမီရှင်ကို ဘာဖြစ်လို့ ရက်ရက်စက်စက် သတ်ခဲ့တာလဲ"

နဂါးနန်းတော်၏ သတ္တဝါများသည်လည်း အော်ဟစ်ကြ၏။

၎င်းတို့ နဂါးနန်းတော်၏ မျိုးစေ့ဖြစ်သော ရွှမ်ဟောက်ချုံသည်လည်း ကျွင်းရှောင်ယောက်၏လက်သို့ ကျရောက်ခဲ့သည်။

ထို့အပြင် နေနတ်ဘုရားတောင်၊ ကျိုးယိုးတောင်နှင့် ကောင်းကင်ပိုးတောင်ကြားတို့မှ သတ္တဝါများလည်း ရှိသေးသည်။

ထို့နောက်တွင် အမှောင်ဘုရင်မျိုးရိုးနှင့် မြင့်မြတ်ဝိညာဉ်ကျွန်းမှ လူများလည်း ရောက်လာကြသည်။

အမှောင်ဘုရင်မျိုးရိုး၏ ပါရမီရှင် သူတော်စင်ယာမာနှင့် မြင့်မြတ်ဝိညာဉ်ကျွန်းမှ အရိုးဖြူသခင်လေးတို့သည်လည်း ပျက်စီးခြင်းနယ်စပ်၌ လေ့ကျင့်နေစဉ် ကျွင်းရှောင်ယောက်၏လက်ချက်ဖြင့် သေခဲ့ရသည် မဟုတ်လော။

"ဘာတွေလာဟောင်နေတာလဲ"

ထိုအချိန်တွင် စိတ်မရှည်ဖြစ်နေသော အေးစက်စက် အော်ငေါက်သံ ထွက်ပေါ်လာသည်။

ဘုရင်ဖုဖုန်း ဖြစ်၏။

သူသည် ဂုဏ်သိက္ခာကြီးမားသည့် အင်မော်တယ်ဘုရင်တစ်ပိုင်းဖြစ်သော်လည်း စီးတော်သားရဲ ဖြစ်နေရခြင်းကြောင့် ရှက်ရွံ့ပြီး အစာမကြေ ဖြစ်နေခဲ့သည်။

ယခုတော့ မသိနားမလည်သော လူတချို့က လာရောက်ပြီး ရန်စနေကြပြီ။

ယင်းက ဘုရင်ဖုဖုန်းအတွက် စိတ်ရှိလက်ရှိ ထိုးနှက်ရန် သဲအိတ်ကြီး ရောက်လာသကဲ့သို့ ဖြစ်သည်။

ဘုရင်ဖုဖုန်းက အင်မော်တယ်ဘုရင်တစ်ပိုင်း တစ်နည်းဆိုရသော် ဧကရာဇ်တစ်ပိုင်း အကျော်အမော် ဖြစ်၏။

သူ့အရှိန်အဝါသက်သက်ကပင် ဤအကောင်များကို သွေးအန်ပြီး ဖုတ်လိုက်ဖုတ်လိုက်ဖြစ်စေရန် လုံလောက်သည်။

"ဝိုး... တန်ခိုးကြီးတဲ့ ဧကရာဇ်တစ်ပိုင်းကို စီးတော်အဖြစ် ဆက်ဆံပြီး တံခါးကိုစောင့်ခိုင်းထားတယ်။ ဒါကြီးကတော့..."

ကျင့်ကြံသူများစွာတို့ ဆွံ့အသွားကြသည်။

ထိုအချိန်တွင် ကျွင်းရှောင်ယောက် အခြားသူများ ပေါ်လာသည်။

သူက ရှေးဟောင်းတော်ဝင်မိသားစုမှ သတ္တဝါများကို တစ်ချက် ဝေ့ကြည့်လိုက်၏။

သူ့မျက်လုံးများက အေးစက်သွားသည်။

"ငါကတောင် မင်းတို့ကို လာမရှာရသေးဘူး။ ငါ့ဆီကို အရင်ရောက်လာကြတယ်ပေါ့"

ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။

"ကျွင်းရှောင်ယောက်၊ မင်း ဘာပြောချင်‌တာလဲ။ ငါတို့ကို မဟုတ်တမ်းတရမ်းတွေပြောပြီး စွပ်စွဲချင်နေတာလား"

ကောင်းကင်ပိုးတောင်ကြားမှ အကြီးအကဲတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်၏။

"ဒီလှည့်ကွက်တွေကို ငါ့ရှေ့မှာ လာမကစားနဲ့။ ငါက တိုင်းတပါးမှာ‌ နေလာတဲ့သူ၊ မင်းတို့ထက်ပိုပြီး သိတယ်"

"ရှေးဟောင်းတော်ဝင်မိသားစုရဲ့ မျိုးစေ့အဆင့် ပါရမီရှင်တွေက ငါ့ကို ဘယ်လိုလုပ်ပြီး အလွယ်တကူ ခြေရာခံမိနေလဲ မင်းတို့ မသိဘူးလား"

"ဒါမှမဟုတ် မင်းတို့ ရှေးဟောင်းတော်ဝင်မိသားစုတွေဟာ တိုင်းတပါးက တော်ဝင်မျိုးနွယ်တွေနဲ့ လျှို့ဝှက်ဆက်သွယ်နေပြီး သတင်းအချက်အလက်တွေကိုတောင် ဖြန့်ဝေနိုင်တယ်ဆိုတာကို လူသိရှင်ကြား ပြောပြစေချင်တာလား"

ကျွင်းရှောင်ယောက်၏ အေးစက်စက် စကားသံက ရှေးဦးအင်ပါယာမြို့တော်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။

All Chapters