← Chapters

အခန်း ၁၁၂၅

Vol. 75 Ch. 1125

အခန်း ၁၁၂၅

Vol. 75 Ch. 1125

အခန်း ( ၁၁၂၅ ) ဧကရာဇ်ကြီးမှ တောင်းပန်ခြင်း။

မဟာဧကရာဇ်ဆိုသည်မှာ မည်သို့သော တည်ရှိမှုမျိုး ဖြစ်သနည်း။ ကောင်းကင်ကိုးပါးနှင့် မြေကမ္ဘာဆယ်ခုတို့ကို အုပ်စိုးပြီး ထာဝရ အချိန်နှင့် နေရာတို့ကို လွှမ်းမိုးနိုင်သည်။

အတွေးတစ်ခုဖြင့် မိုးနှင့်မြေကို ဖြိုချနိုင်စွမ်း ရှိ၏။

ထိုကဲ့သို့သော တည်ရှိမှုများက အားလုံးထက် မြင့်မားသည်။

ဧကရာဇ်အဆင့် အကျော်အမော်တစ်ဦးအတွက် အမှားအမှန်က အဓိပ္ပာယ်မရှိတော့ပေ။

အကြောင်းမှာ၊ သူတို့၏ နှုတ်ထွက်စကားသာလျှင် အမှန်ဖြစ်နိုင်သောကြောင့်ပင်။

သို့သော်လည်း ယခုအခါ ဧကရာဇ်ပိုင်သို့က လူငယ်လေးတစ်ဦးကို တောင်းပန်နေပြီ ဖြစ်သည်။

ထိုအခြေအနေကို လုံးဝ မမျှော်လင့်ခဲ့ကြပေ။

"ဧကရာဇ်ပိုင်သို့က ဘာလုပ်နေတာလဲ"

လူတိုင်းက နားမလည်နိုင်ကြပါ။

ကျွင်းရှောင်ယောက်လည်း အနည်းငယ်ပြုံးပြီး ဧကရာဇ်ပိုင်သို့အား လက်ယှက်ပြကာ ပြောလိုက်သည်။

"အကြီးအကဲပိုင်သို့က နောက်နေပါပြီ"

"အဲဒီတုန်းက ကျွန်တော်ဟာ တိုင်းတစ်ပါးရဲ့ ကစဉ့်ကလျားခန္ဓာပဲလေ။ အကြီးအကဲက နောင်အခါ ဖြစ်လာနိုင်တဲ့ ဆူးတစ်ချောင်းကို ဖယ်ရှားချင်ခဲ့ရုံဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒီလိုလုပ်စရာမလိုပါဘူး"

ကျွင်းရှောင်ယောက်က ဤဧကရာဇ်ကြီးကို အလွန်လေးစားသည်။

သူသည် နယ်စပ်ကို စောင့်ရှောက်ရင်း ကောင်းကျိုး‌များစွာဆောင်ခဲ့ပြီး ဒဏ်ရာများလည်း များစွာရခဲ့သည်။

ယခုကဲ့သို့ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး အိုမင်းနေချိန်မှာပင် အင်မော်တယ်နယ်မြေကြီးအတွက် နောက်ဆုံးအလင်းရောင်ကို ပေးစွမ်းနေသေးသည်။

အရှိန်အဝါလေးပြပြီး လက်တွေ့ လှုပ်ရှားမှုမရှိသော ရှေးဟောင်းတော်ဝင်မိသားစုများ၏ ဧကရာဇ်များနှင့် နှိုင်းယှဉ်ပါက...

ဧကရာဇ်ပိုင်သို့မှာ သစ္စာရှိပြီး ရိုးသားသည်။

ကျွင်းရှောင်ယောက်၏ လွတ်လပ်ပေါ့ပါးသော သဘောထားကြောင့် ဧကရာဇ်ပိုင်သို့လည်း သက်ပြင်းချလိုက်လေသည်။

"ကံကောင်းထောက်မလို့၊ အဲဒီအချိန်က ရှန်းအောင်ဘုရင်ဟာ ဒီလူအိုကြီးကို တားဆီးခဲ့တယ်။ မဟုတ်ရင် ဒီလူအိုကြီးက အင်မော်တယ်နယ်မြေကြီးရဲ့ ထာဝရအပြစ်သား ဖြစ်လိမ့်မယ်"

ထိုအချိန်က၊ ဧကရာဇ်ပိုင်သို့သာ ကျွင်းရှောင်ယောက်ကို အမှန်တကယ် သတ်ခဲ့ပါက....

အန္တိမကပ်ဘေးကြီးကို မည်သူမျှ တားဆီးနိုင်တော့မည် မဟုတ်ပါ။

နောက်တစ်လှမ်းတက်ပြီး တားဆီးနိုင်ခဲ့လျှင်ပင်၊ အင်မော်တယ်နယ်မြေကြီးက တန်ကြေးတစ်ခုကို ပေးဆပ်ကြရမည် ဖြစ်သည်။

"အင်မော်တယ်နယ်မြေကြီးအပေါ် အကြီးအကဲရဲ့ ရိုးသားမှုက ကျွန်တော်ကို တကယ်ပဲ လေးစားစေပါတယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ဧကရာဇ်ပိုင်သို့လည်း သက်ပြင်းချလိုက်သည်။ ဤသို့သော သူရဲကောင်းတစ်ဦးဖြင့် အင်မောိတယ်နယ်မြေကြီးက အနာဂတ်တွင် ကျရောက်မည့် ကပ်ဘေးဒုက္ခများအတွက် အဘယ်ကြောင့် စိုးရိမ်ရတော့မည်နည်း။

ထို့နောက်တွင်၊ အလွန်အေးစက်သော မျက်လုံးများဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ရှေးဟောင်းတော်ဝင်မိသားစုကို ကြည့်လိုက်သည်။

တန်ခိုးကြီးသော ဧကရာဇ်မင်း၏ ဖိအားများက ကျဆင်းလာ၏။

ရှေးဟောင်းတော်ဝင်မိသားစုများမှ လူများ၏ ခန္ဓာကိုယ်များ ပေါက်ကွဲသွားတော့သည်။

နတ်ဆိုးဖီးနစ်ရှေးဟောင်းဂူမှ အကြီးအကဲ၏ မျက်လုံးများက နောင်တရမှုတို့ ပြည့်သွားသည်။ သူက ‌နီရဲနေသော မျက်လုံးတို့ဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်၏။

"ငါ့ဘိုးဘေးက မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး"

"မြင့်မြတ်ဝိညာဉ်ကျွန်းက ကျောက်ဧကရာဇ်လေးကလည်း အတူတူပဲ"

မြင့်မြတ်ဝိညာဉ်ကျွန်းမှ သတ္တဝါများသည်လည်း အော်ဟစ်ကြ၏။

"ဖောင်း‌... ဖောင်း..."

ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ရောက်ရှိလာသော ရှေးဟောင်းတော်ဝင်မိသားစုမှ သတ္တဝါများ အားလုံး သေဆုံးသွားတော့သည်။

"မင်းတို့ မကျေနပ်ရင် ငါ့ဆီလာပြီး မေးခွန်းထုတ်လို့ရတယ်"

ဧကရာဇ်ပိုင်သို့က လျစ်လျူရှုစွာ ပြောလိုက်သည်။

ဤသည်က ဧကရာဇ်တစ်ပါး၏ အရှိန်အဝါပင်။

သူက ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး အိုမင်းနေလျှင်ပင် အရှိန်အဝါက အားမနည်းပါ။

မည်သည့်အကျိုးဆက်ကိုမှ မကြောက်ဘဲ ဆန္ဒရှိသလို သတ်ဖြတ်နိုင်သည်။

အသွေးအသား အကြွင်းအကျန်များကို ကြည့်လိုက်ရင်း ကျင့်ကြံသူများ တုန်လှုပ်သွားကြလေသည်။

ရှေးဟောင်းတော်ဝင်မိသားစုက ဤတစ်ကြိမ်တွင် အကြီးအကျယ် ဆုံးရှုံးခဲ့ရသည်။

နောက်ဆုံးမှာတော့ ဧကရာဇ်တစ်ပါးကို မည်သူမျှ လွယ်လွယ် ပြဿနာမရှာဝံ့ပါ။

ရှေးဟောင်းတော်ဝင်မိသားစုတွင် ဧကရာဇ်များ ရှိခဲ့လျှင်ပင်...

ထိုအဆင့် တည်ရှိမှုများက အလွယ်တကူ မတိုက်ခိုက်ကြတော့ပါ။

သေသည်အထိ တိုက်ခိုက်ရန်ဆိုပါက ပို၍ပင် မဖြစ်နိုင်သေးပေ။

ယင်းက မည်သူ့အတွက်မျှ အကျိုးရှိမည် မဟုတ်ပါချေ။

ထို့ကြောင့်ပင် ဤသတ္တဝါများက အချည်းနှီး သေဆုံးခဲ့ရပြီဟု ဆိုနိုင်သည်။

အစမှအဆုံးအထိ ကျွင်းရှောင်ယောက်၏ အမူအရာတော့ လုံးဝ ပြောင်းလဲခြင်းမရှိပါ။

ဧကရာဇ်ပိုင်သို့က မလှုပ်ရှားလျှင်ပင် ဤလူများက သူ့ကို အမှန်တကယ် ထိနိုင်မည် မဟုတ်ပေ။

"နတ်ဆိုးဖီးနစ်ရှေးဟောင်းဂူရဲ့ ဘိုးဘေးငယ်လား"

နတ်ဆိုးဖီးနစ်ရှေးဟောင်းဂူမှ အကြီးအကဲက မသေဆုံးမီ အော်ဟစ်ခဲ့သော စကားသံကြောင့် ကျွင်းရှောင်ယောက် ပြုံးလိုက်မိသည်။

"ကိုကိုရှောင်ယောက်က သိဦးမှာမဟုတ်ဘူး။ ကိုကိုရှောင်ယောက် မတော်တဆမှုအပြီးမှာ ထူးဆန်းတဲ့ မျိုးစေ့တွေ ပေါက်ဖွားလာပြီး ကိုကိုရှောင်ယောက်ရဲ့ နေရာကို အစားထိုးဖို့ ကြိုးစားလာကြတယ်"

"အဲဒီအထဲမှာ နတ်ဆိုးဖီးနစ် ရှေးဟောင်းဂူရဲ့ ဘိုးဘေးငယ်လည်း အပါအဝင်ပဲလေ။ သူ့နာမည်က ဟွမ်နျဲ့တောက်လို့ ခေါ်တယ်။ သူက အင်မော်တယ် ရှေးဧကရာဇ်ကနေ တိုက်ရိုက် ဆင်းသက်လာသူပဲ"

ကျန်းလော့လီက ဘေးမှ ရှင်းပြပေးလိုက်သည်။

"အင်မော်တယ် ရှေးဧကရာဇ်ကနေ တိုက်ရိုက်ဆင်းသက်လာသူလား"

ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်၏။

ဤတိုက်ရိုက်မျိုးဆက်များကို လျှော့တွက်၍မရပါ။

ဥပမာအားဖြင့်၊ နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်လေး ရှောင်ယီမှာ နတ်ဆိုးနတ်ဘုရားဧကရာဇ်မှ တိုက်ရိုက်ဆင်းသက်လာသူ ဖြစ်သည်။

ထိုသူမျိုးတွင် ရှေးဧကရာဇ်၏ တိုက်ရိုက်မျိုးရိုး သို့မဟုတ် ဧကရာဇ် သွေးမျိုးဆက်ရှိကာ အနာဂတ် အလားအလာက အကန့်အသတ် မရှိပေ။

မြင့်မြတ်ဝိညာဉ်ကျွန်းမှ ကျောက်ဧကရာဇ်လေးကလည်း အလားတူ တည်ရှိမှုမျိုး ဖြစ်နိုင်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်အတွက်တော့ အံ့ဖွယ်မဖြစ်နိုင်သေးပါ။

"ကစားပွဲပြီးသွားမှ စင်ပေါ်ကိုတက်ပြီး ကံကြမ္မာအတွက် တိုက်ခိုက်ဝံ့သူတွေကများ..."

"အခု ငါပြန်လာပြီမို့ ဒီကမ္ဘာမှာ မင်းတို့အတွက် နေရာမရှိတော့ဘူး"

ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။

ထို့နောက် ဧကရာဇ်ပိုင်သို့အား လက်ယှက်ပြပြီး ပြောလိုက်၏။

"ကျွန်တော်ကို ကူညီပေးတဲ့အတွက် အကြီးအကဲကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ အကြီးအကဲ စိတ်ထဲမထားရင် ကျွန်တော် အကြီးအကဲရဲ့ဒဏ်ရာတွေကို အစွမ်းကုန်ကုသပေးချင်တယ်"

ဧကရာဇ်ပိုင်သို့တွင် မိသားစု သို့မဟုတ် ကိုယ်ပိုင်အင်အားစု မရှိပါ။

သူက ဉာဏ်အလင်းရပြီး တစ်ယောက်တည်း ရှင်သန်နေခဲ့သူ ဖြစ်သည်။

သူ့ဘဝက လွမ်ကုဧကရာဇ်နှင့် အနည်းငယ် ဆင်တူလေသည်။

"ဟားဟားဟား၊ မိတ်ဆွေလေး... မင်းမှာ တခြား ပြောစရာရှိသေးတယ် မို့လား"

ဧကရာဇ်ပိုင်သို့က ရယ်မောလိုက်သည်။ သူ၏ ဉာဏ်ပညာဖြင့် ကျွင်းရှောင်ယောက်၏ အတွေးများကို သူ နားမလည်ပဲ မနေပေ။

ကျွင်းရှောင်ယောက်ကလည်း ဝေ့ဝိုက်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

"အကြီးအကဲကို ကျွင်းဧကရာဇ်ခုံရုံးဝင်ဖို့ စိတ်ဝင်စားလားလို့ တွေးမိပါတယ်"

ကျွင်းဧကရာဇ်ခုံရုံးက တိုးတက်လာသော်လည်း အဓက မဏ္ဍိုင်များတော့ မရှိသေးပေ။

ယခင်က ကျွင်းရှောင်ယောက်ဟာ ပိအန်းမျိုးနွယ်ကို အနိုင်ယူရန် ကြိုးစားထားခဲ့သည်။

သို့သော်လည်း ပိအန်းမျိုးနွယ်က ကျွင်းဧကရာဇ်ခုံရုံးနှင့် အနည်းငယ် ဝေးကွာနေပြီး ပူးပေါင်းခြင်းကဲ့သို့ ဆက်ဆံရေးမျိုးသာ ရှိဦးမည်။

ပြီးပြည့်စုံသောပေါင်းစည်းမှုက အချိန်တိုအတွင်း မဖြစ်နိုင်ပါ။

ထို့ကြောင့်၊ ကျွင်းရှောင်ယောက်က ကျွင်းဧကရာဇ်ခုံရုံးအတွက် ပိုမိုအားကောင်းသောသူများကို အနိုင်ယူရန် မျှော်လင့်ထားသည်။

ဧကရာဇ်ပိုင်သို့က ပြုံးပြီး ခေါင်းယမ်းလိုက်သည်။

"ခွင့်လွှတ်ပါ၊ ဒီလူအိုကြီးက တစ်သက်လုံး တစ်ယောက်တည်း နေခဲ့ရတာ ကျင့်သားရနေပါပြီ"

ဧကရာဇ်ပိုင်သို့၏ ငြင်းပယ်မှုကို ကျွင်းရှောင်ယောက်က မျှော်လင့်ထားပြီးဖြစ်သောကြောင့် အံ့ဩမှုတော့ မဖြစ်ပေ။

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ဒီလိုဆိုရင်တောင် အကြီးအကဲကို ကျွင်းဧကရာဇ်ခုံရုံးက ဧည့်သည်အဖြစ် အမြဲတမ်း တံခါးဖွင့်ထားပါတယ်။ အကြီးအကဲက အင်မော်တယ်နယ်မြေကြီးအတွက် တစ်ဘဝလုံး မြှုပ်နှံထားခဲ့တာ... အကြီးအကဲရဲ့ ဘဝကို အထီးကျန်ဆန်တဲ့နည်းလမ်းနဲ့ မကုန်ဆုံးစေချင်ဘူး"

ကျွင်းရှောင်ယောက်၏ စကားများက အလွန်ရိုးသားသောကြောင့် ဘေးမှလူများပင် အနည်းငယ် စိတ်လှုပ်ရှားသွားကြသည်။

ဧကရာဇ်ပိုင်သို့လည်း ကျွင်းရှောင်ယောက်ကို လေးလေးနက်နက် စိုက်ကြည့်နေပြီး နောက်ဆုံးတွင် အနည်းငယ် ပြုံးလိုက်လေသည်။

"ငါက ဘယ်အဖွဲ့အစည်းကိုမှ ဝင်ရောက်ဖို့ စိတ်မကူးခဲ့ဘူးပေမဲ့ ဧည့်အကြီးအကဲဆိုတဲ့ နာမည်နဲ့ဆိုရင်တော့ စိတ်ထဲမထားဘူး"

ထိုစကားကို ကြားရသောအခါ ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။

ပတ်ဝန်းရှိလူတိုင်းမှာလည်း ပို၍ပင် အံ့သြသွားကြ၏။

ဧည့်အကြီးအကဲဟု ဆိုသော်လည်း...

တကယ်တမ်းတွင် ပါဝင်လိုက်ခြင်းနှင့် သိပ်မကွာခြားပါ။

ကျွင်းဧကရာဇ်ခုံရုံးကို ထိချင်သူတိုင်းက ဧကရာဇ်ပိုင်သို့ကို ထည့်သွင်းစဉ်းစားရတော့မည် ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

ကျွင်းရှောင်ယောက် ဝမ်းသာသွားသည်။

ထို့နောက် ဧကရာဇ်ပိုင်သို့ ထွက်ခွာသွားလေသည်။

သူ့ဒဏ်ရာများကို ကုသရ‌န်တော့ ကျွင်းမိသားစု သဘာဝအတိုင်း အဖြေရှာပေးကြမည် ဖြစ်သည်။

မုန်တိုင်းငယ်တစ်ခုက ဤတွင် အဆုံးသတ်ခဲ့လေသည်။

သို့သော် ထိုရှေးဟောင်းတော်ဝင်မိသားစုများ၊ မြင့်မြတ်ဝိညာဉ်ကျွန်းနှင့် အမှောင်ဘုရင်မျိုးရိုးများက သူ့ကိုမုန်းတီးနေပြီဟု ကျွင်းရှောင်ယောက် သိထားသည်။

နောက်ဆုံးတွင်၊ ပျက်စီးခြင်းနယ်စပ်တွင် သူ သတ်ဖြတ်ခဲ့သူက ရှေးဟောင်းတော်ဝင်မိသားစုဝင်ချည်း မဟုတ်ပါ။

စန်းလီ၊ ယောင်ချင်းနှင့် ရှင်းလုအပါအဝင် အင်မော်တယ်ခုံရုံးမှ အင်မော်တယ်မျိုးရိုးများ၏ မျိုးဆက်များလည်း ပါဝင်သည်။

သို့သော်လည်း အင်မော်တယ်ခုံရုံးက ပါးနပ်ပြီး ချက်ချင်း မလာရောက်ခဲ့ပေ။

သူတို့က ဤရှေးဟောင်းတော်ဝင်မိသားစုများထက် အနည်းငယ်ပို၍ သည်းခံနိုင်ကြသည်။

ယခုလောလောဆယ်တွင် ကျွင်းရှောင်ယောက်၏ ဂုဏ်သတင်းက အထွတ်အထိပ်သို့ ရောက်နေသောကြောင့် ထိပါးရန်မလွယ်ပေ။

သို့သော်လည်း ဤအကြွေးကိုတော့ အင်မော်တယ်ခုံရုံးက မေ့သွားမည် မဟုတ်ပါ။

မုန်တိုင်းငယ်တစ်ခု ရပ်စဲသွားချိန်တွင်...

လူအုပ်ကြားမှ လှပသော ရုပ်သွင်တစ်ခု ပေါ်လာသည်။

သူမက စိတ်ရှုပ်ထွေးသော မျက်လုံးများဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်နေ၏။ သူ့အမူအရာက ပျော်ရွှင်နေပုံရသော်လည်း အမျိုးမျိုးသော ခံစားချက်တို့ဖြင့် ရှုပ်ထွေးနေပုံရလေသည်။

ကျွင်းရှောင်ယောက်လည်း ထိုမိန်းကလေးကို သတိပြုလိုက်မိသည်။

သူက... ယွီယွင်ရှန့်...

သူ့နောက်မှာလည်း ငွေရောင်ဆံပင်နှင့် ချောမောသော အမျိုးသားတစ်ဦး ရှိနေသည်။

သူကား ယွီဟွာဝမ်ပင် ဖြစ်သတည်း။

All Chapters