အခန်း ၁၁၂၆
Vol. 76 Ch. 1126
အခန်း ( ၁၁၂၆ ) ယွီဟွာဝမ်၏ သတိပေးစကား။
ယွီယွင်ရှန့်သည် ယခင်ကအတိုင်း လှပနေဆဲ ဖြစ်သည်။
ဤအခိုက်အတန့်တွင် သူမက ပျော်ရွှင်မှုနှင့် စိတ်ရှုပ်ထွေးမှုများ ရောနှောနေသော အကြည့်ဖြင့် လှမ်းကြည့်နေ၏။
သူမက အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ကျွင်းရှောင်ယောက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။
"နင် ဘာလာလုပ်တာလဲ"
ကျန်းလော့လီက ပြောလိုက်သည်။ ကျွင်းရှောင်ယောက်၏ ပတ်ဝန်းကျင်မှ လူများကလည်း ယွီယွင်ရှန့်ကို အေးစက်စက်ဖြင့် ကြည့်ကြ၏။
အတိအကျပြောရလျှင် သူတို့မုန်းတီးသူက ယွီယွင်ရှန့် မဟုတ်ပါ။
ထိုအစား ယွီယွင်ရှန့်၏ အစ်ကို၊ ယွီဟွာဝမ်ကို ဖြစ်သည်။
သူတို့က ပွင့်ပွင့်လင်းလင်း ရန်ဘက်ပြုလျှင်ပင် နားလည်နိုင်သေးသည်။
သို့ရာတွင်၊ မိတ်ဆွေဟန်ဆောင်သော ရန်သူက ရွံရှာဖွယ်ကောင်းလွန်းသည်။
ယွီဟွာဝမ်သည်လည်း ရှေ့သို့ တိုးလာသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လူအများ၏ အမူအရာများက သိသိသာသာ ပြောင်းလဲသွားသည်။
ယွီဟွာဝမ်သည် ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးတွင် တစ်ပါး ဖြစ်၏။
ကျွင်းရှောင်ယောက်က ကောင်းကင်ကို အနိုင်ယူပြီးပြီဖြစ်သော်လည်း...
ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါး၏ အထောက်အထားက ရှိနေသေးသည်။
ထို့ကြောင့်၊ လုံယောက်အာနှင့် အခြားသူများဆိုလျှင်လည်း ကျွင်းရှောင်ယောက်ကို လာမတွေ့ခဲ့ပါ။
"ပျက်စီးခြင်းနယ်စပ်မှာကတည်းက တစ်ခုခု လွဲနေသလို ငါ ခံစားခဲ့ရတာ... အခုတော့ ဒါက အမှန်ဖြစ်နေတာပဲ"
ယွီဟွာဝမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မျက်နှာက အလွန်ချောမောသည်။
အသွင်အပြင်အရ သူသည် ကျွင်းရှောင်ယောက်နှင့် နှိုင်းယှဉ်နိုင်သော လူအနည်းငယ်ထဲမှ တစ်ယောက် ဖြစ်၏။
ယခင်ကတော့ သူတို့နှစ်ဦးကြားမှ ခင်မင်ရင်းနှီးမှုကြောင့် နာမည်ကြီးခဲ့သည်။
သို့သော်လည်း နောက်ပိုင်းတွင် ယွီဟွာဝမ်က ဆန့်ကျင်ခြင်း ဧကရာဇ်ဖြစ်ကြောင်း အမှန်တရားကို ထုတ်ဖော်ခဲ့ပေသည်။
"ကိုကိုရှောင်ယောက်ရဲ့ရှေ့ကို နင် ဘယ်လိုရောက်လာဝံ့သေးတာလဲ"
ကျန်းလော့လီက မျက်ခုံးပင့်ကာ အေးစက်စက် ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က လက်ကာပြပြီး ယွီဟွာဝမ်ကို ကြည့်လိုက်၏။
"ငါ သိချင်မိတယ်၊ မင်း ငါ့ရှေ့မှာ ဘယ်လိုကြောင့် အေးအေးဆေးဆေး ပေါ်လာရတာလဲ"
ကျွင်းရှောင်ယောက်က ယွီဟွာဝမ်အပေါ်တွင် ကောင်းမွန်သော အမြင်မရှိပါ။
သို့သော်လည်း သူသည် အဖြေကို အစကတည်းက သိထားသောကြောင့် အထူး လှည့်စားခံရခြင်းတော့ မရှိခဲ့ပေ။
ထိုစကားကို ကြားသောအခါ ယွီဟွာဝမ်က အကူအညီမဲ့ခြင်း၊ ခါးသီးခြင်း အရိပ်အမြွက်တို့ဖြင့် ရယ်မောလိုက်သည်။
တစ်ချိန်က ကျွင်းရှောင်ယောက်နှင့် သူငယ်ချင်းဖြစ်ရန် သူ အမှန်တကယ် မျှော်လင့်မိခဲ့လေသည်။
သို့သော်...
"ကံကြမ္မာအတွက် တိုက်ပွဲဝင်ချင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ကောင်းကင်ဘုံရဲ့ စွန့်ပစ်ခံဖြစ်လာခဲ့ရတယ်။ အဲဒါက ကမောက်ကမလို့ ပြောရမယ်"
ယွီဟွာဝမ်က သူ့ကိုယ်သူ လှောင်ပြောင်ပြောဆိုလိုက်သည်။
"မင်းက အဆင်သင့်ဖြစ်နေပုံရတယ်"
ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်၏။
"ကျွင်းသခင်လေး၊ မလုပ်ပါနဲ့..."
ယွီယွင်ရှန့်က သူမ၏နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်သည်။
ယွီဟွာဝမ်သည် ကျွင်းရှောင်ယောက်ကို သစ္စာဖောက်ပြီးကတည်းက ယွီယွင်ရှန့် ယခင်က ရင်းနှီးခဲ့သော မောင်နှမ ဆက်ဆံရေးသို့ ဘယ်တော့မှ ပြန်မရောက်လာတော့ပါ။
သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ယွီဟွာဝမ်က သူမ၏ အစ်ကိုအရင်းဖြစ်နေဆဲ ဖြစ်သည်။
ယွီဟွာဝမ်၏ သေဆုံးခြင်းကို သူ အမှန်တကယ် မမြင်လိုပေ။
"ဒုတ်"
ယွီယွင်ရှန့်က ရုတ်တရက် ဒူးထောက်ချလိုက်သည်။
"ယွင်ရှန့်..."
ယွီဟွာဝမ် အံ့ဩသွား၏။
ယွီယွင်ရှန့်၏ မျက်ဝန်းမှ မျက်ရည်များ စီးကျလာကာ ဆက်ပြောသည်။
"ကျွင်းသခင်လေး ကျွန်မအစ်ကိုရဲ့ အသက်ကို ချမ်းသာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီတောင်းဆိုချက်က အရမ်းများနေမယ်ဆိုတာ သိပါတယ်၊ ဒါပေမဲ့... သူက ယွင်ရှန့်ရဲ့ အစ်ကိုပဲလေ"
"ဒီအတွက် ယွင်ရှန့်က ကျွင်းသခင်လေးရဲ့ ကျွန်လိုနေပေးဖို့တောင် ဆန္ဒရှိပါတယ်"
"နင်က ကိုကိုရှောင်ယောက်ရဲ့ ကျွန်ဖြစ်ရအောင် ထိုက်တန်လို့လား"
ကျန်းလော့လီက အေးစက်စက်ဖြင့် စကားဖြတ်ပြောလိုက်သည်။
ပတ်ဝန်းကျင်မှ လူများလည်း ထိုမြင်ကွင်းကို တအံ့တဩဖြင့် ကြည့်နေကြလေသည်။
"ညီနောင်ကျွင်း၊ မင်းဆန္ဒရှိရင် ငါ့ကို သတ်လို့ရပါတယ်။ ဒါက ငါ့ရဲ့ ကိုယ်ပိုင်ဆန္ဒဖြစ်ပြီး ယွီဟွာနတ်မင်းဆက်က ဝင်စွက်ဖက်မှာမဟုတ်ဘူး"
ယွီဟွာဝမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
ဒါက ယခုဘဝမှာ သူလုပ်ခဲ့သည့် အကြီးမားဆုံး အမှားပင်။
ဒုတိယအခွင့်အရေး ရှိမည်ဆိုလျှင် ကံကြမ္မာအတွက် တိုက်ခိုက်မည့်အစား ကိုယ့်သူငယ်ချင်းကိုသာ ရွေးချယ်မည် ဖြစ်သည်။
ကျွင်းရှောင်ယောက်က အပြောင်းအလဲမရှိသော အမူအရာဖြင့် ယွီဟွာဝမ်၏ မျက်ခုံးနှစ်ခုကြားသို့ လက်ညှိုးညွှန်လိုက်၏။
"ကျွင်းသခင်လေး..."
ယွီယွင်ရှန့်၏ မျက်နှာက ဖြူဖျော့သွားသည်။
ယွီဟွာဝမ်ကမူ နတ်အလင်းများ ဖြာထွက်လာသည်ကို မြင်ရသော်လည်း ခုခံရန် ရည်ရွယ်ချက်မရှိပေ။
ကျွင်းရှောင်ယောက်လည်း သူ့လက်ကို ဖြည်းညှင်းစွာ ပြန်ရုတ်လိုက်သည်။
"မင်းက သေပြီးသွားပါပြီ၊ ငါနဲ့ ဘာမှမပတ်သက်တော့ဘူး"
ကျွင်းရှောင်ယောက်က လှည့်ပြီး ထွက်သွားတော့မည်။
ယွီဟွာဝမ်လည်း အံ့အားသင့်သွားပြီး ကျွင်းရှောင်ယောက် နောက်ကျောကို ကြည့်လိုက်သည်။
ထို့နောက် အသံပို့လွှတ်ပြီး တစ်စုံတစ်ခုကို ပြောလိုက်၏။
"ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါး ကျရှုံးခဲ့ပေမဲ့... ဒါဟာ ကောင်းကင်က အလျှော့ပေးသွားမယ်လို့ မဆိုလိုဘူး"
"ငါတို့က အသုံးချခံ နယ်ရုပ်လေးတွေပါပဲ"
"နောက်ပိုင်းကျရင် ကောင်းကင်သားတော် ရှစ်ဦးနဲ့ စန်းမျိုးနွယ်ကို သတိထားပါ"
ထိုသတင်းစကားကို ကြားရသောအခါ ကျွင်းရှောင်ယောက်၏ အတွေးများ အနည်းငယ် လှုပ်ရှားသွားသည်။
ကောင်းကင်သားတော် ရှစ်ဦး...
စန်းမျိုးနွယ်...
ကျွင်းရှောင်ယောက်က ဘာမျှပြန်မပြောတော့ဘဲ စိတ်ထဲမှမှတ်သားပြီး ဆက်လျှောက်သွားလေသည်။
'အင်မော်တယ်နယ်မြေကြီးရဲ့ အလိုတော်... မင်းက ဒီအရှုံးကို လက်မခံချင်သေးဘူးပေါ့'
ကျွင်းရှောင်ယောက်က စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။
စန်းမျိုးနွယ်ကို သူ တစ်ခါမျှ မကြားဖူးပေ။
သို့သော်လည်း ယွီဟွာဝမ်က သူ့ကို နောက်တစ်ကြိမ် လှည့်ဖြားမည်ဟု မထင်ပါ။
ကျွင်းမိသားစုကို ပြန်ရောက်သောအခါမှ ထိုအကြောင်းကို ရှေးစာပေများတွင် လေ့လာကြည့်ရမည် ဖြစ်သည်။
ကောင်းကင်သားတော်ရှစ်ပါးကိုတော့...
ကျွင်းရှောင်ယောက်က လုံးဝ ဂရုမစိုက်ပေ။
ကျွင်းရှောင်ယောက်က ရှေးဦးအင်ပါယာမြို့တော်မှ သူ့နေအိမ်သို့ ပြန်လာခဲ့သည်။
ထိုအခါ လူအများက အံ့ဩရပြန်သည်။ တိုင်းတပါး၏ ကပ်ဆိုးများ ပြီးသွားသော်လည်း ကျွင်းရှောင်ယောက်က ဤနေရာတွင် အဘယ်ကြောင့် ဆက်နေရသေးသနည်း။
ရက်အနည်းငယ်အကြာတွင် နောက်ထပ် အဘိုးအိုတစ်ယောက်က ကျွင်းရှောင်ယောက်ထံသို့ စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ရောက်လာသည်။
"အကြီးအကဲ၊ ရှင်က ဘာလို့ ဒီကိုရောက်နေတာလဲ"
ကျန်းလော့လီနှင့် အခြားလူများ အံ့သြသွားကြသည်။
ရောက်ရှိလာသူက ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီမှ မဟာအကြီးအကဲတစ်ဦး ဖြစ်၏။
"ငါတို့ အင်မော်တယ်နယ်မြေကြီရဲ့ ချီလင်သားတော်ကို လာကြည့်တာပေါ့"
"အရင်က မိတ်ဆွေလေး အလုပ်အရမ်းများနမယ်လို့ထင်တာကြောင့် အခုမှပဲ လာရတာ"
အင်မော်တယ်အကယ်ဒမီ၏ မဟာအကြီးအကဲက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ ကျွင်းရှောင်ယောက်ကို သေချာကြည့်မိလေ၊ သူ ပိုပြီး ကျေနပ်လာလေလေပင်။
"တိုင်းတစ်ပါးက စစ်နတ်ဘုရားနန်းတော်ရဲ့ စစ်နတ်ဘုရားက ငါတို့ အင်မော်တယ်နယ်မြေကြီးရဲ့ မှတ်တိုင်ဖြစ်လာမယ်လို့ ငါ မမျှော်လင့်ထားဘူး၊ ဟားဟားဟား"
"အကြီးအကဲက ယဉ်ကျေးနေပါပြီ"
ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။
အင်မော်တယ်အကယ်ဒမီမှ မဟာအကြီးအကဲ၏ လာရင်းရည်ရွယ်ချက်ကို သူ အကြမ်းဖျင်း ခန့်မှန်းမိ၏။
"မိတ်ဆွေလေး၊ မင်း ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီကိုဝင်ဖို့ စိတ်ဝင်စားရဲ့လား"
အင်မော်တယ်အကယ်ဒမီ၏ မဟာအကြီးအကဲက တောက်ပသော မျက်လုံးများဖြင့် ကျွင်းရှောင်ယောက်ကို စိုက်ကြည့်နေသည်။
ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီက ကမ္ဘာတစ်ဝှမ်းမှ ပါရမီရှင်များကို ဆွဲဆောင်နိုင်သော အင်မော်တယ်နယ်မြေကြီး၏ အမြင့်ဆုံး ကျောင်းတော်တစ်ခုပင်။
အကယ်၍ ကျွင်းရှောင်ယောက်သာ ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီကို ဝင်ရောက်ခဲ့ပါက... အကယ်ဒမီ၏ ဂုဏ်သတင်းမှာ တဟုန်ထိုး တိုးတက်လာမည် ဖြစ်သည်။
ကျွင်းရှောင်ယောက်က အနည်းငယ် တုံ့ဆိုင်းသွားသည်။
နောက်ဆုံးတွင် သူသည် တိုင်းတစ်ပါးတွင်ရှိစဉ်က စစ်နတ်ဘုရားနန်းတော်သို့ ဝင်ရောက်ခဲ့ဖူးသည်။
သူ၏ နားလည်မှုဖြင့် မည်သူတစ်ဦးတစ်ယောက်၏ လမ်းညွှန်မှုကိုမျှ မလိုအပ်သလောက်ပင်။
အရင်းအမြစ်များနှင့် ပတ်သက်၍လည်း ကျွင်းမိသားစုမှ ပံ့ပိုးပေးသည့်အရာက ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီထက် နိမ့်ကျမည် မဟုတ်ပါ။
ထို့ကြောင့် ကျွင်းရှောင်ယောက်သည် ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီသို့သွားရန် အကြောင်းပြချက် ရှာမတွေ့ခဲ့ပေ။
ကျန်းလော့လီ၊ ရန်ယုမန်၊ ယွိချန်ကျွမ့်နှင့် အခြားသူများကတော့ ကျွင်းရှောင်ယောက်ကို လက်ခံရန် မျှော်လင့်နေကြသည်။
နောက်ဆုံးတွင် သူတို့ထဲမှ အများစုက ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီမှ တပည့်များ ဖြစ်နေကြပြီ မဟုတ်ပါလား။
ကျွင်းရှောင်ယောက်က တုံ့ဆိုင်းနေတာကိုမြင်တော့ မဟာအကြီးအကဲ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
အကျိုးအမြတ်မရှိဘဲ မဖြစ်နိုင်မှန်း သိလျက်နှင့် သူက ကြိုးစားကြည့်ချင်ခဲ့သေးသည်။
"ငါတို့ အကယ်ဒမီမှာ ကြီးမားတဲ့ ကံကောင်းခြင်းတွေ ရှိနေတယ်ဆိုတာကို မိတ်ဆွေလေးလည်း သိမှာပါ။ ဒါတွေကို အရင်က ဝင်ရောက်ခဲ့တဲ့ တားမြစ်ပါရမီရှင်တွေလည်း ရကြတယ်"
"ဒါပေမဲ့ ငါတို့မှာ မဖွင့်ရသေးတဲ့ ထွတ်မြတ်နေရာတစ်ခု ရှိနေသေးတယ်"
"ကျွင်းမိသားစုတောင် မရနိုင်တော့တဲ့ ရတနာက အဲဒီမှာ ရှိကောင်းရှိနိုင်တယ်"
မဟာအကြီးအကဲက ခေါင်းမော့ကာ ပြောလိုက်သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများ တောက်ပလာ၏။
အကျိုးရှိမည်ဆိုလျှင်တော့ စကားပြော၍ ရသည်။