အခန်း ၁၁၂၈
Vol. 76 Ch. 1128
အခန်း ( ၁၁၂၈ ) မြင့်မြတ်ခန္ဓာတာအိုသန္ဓေ တစ်ပိုင်း။
"ကောင်းပြီ၊ ငါဘယ်သူလဲဆိုတာ မင်းတို့ သိထားကြတော့ ပိုကောင်းတယ်"
"ကံကြမ္မာနဲ့ ဖန်ဆင်းခြင်း နတ်ဘုရားကို ယုံကြည်နေသရွေ့ ကမ္ဘာကြီးပြိုလဲပြီး ခန္ဓာတွေ ပျက်စီးသွားရင်တောင် မင်းတို့ရဲ့ အစစ်အမှန်ဝိညာဉ်ကို ဆက်ပြီး ထိန်းသိမ်းထားနိုင်လိမ့်မယ်"
ကျွင်းရှောင်ယောက်က အရှိန်အဝါကြီးစွာ ပြောလိုက်သည်။
သူက လိမ်နေတာမဟုတ်ပေ။
ယုံကြည်ခြင်းစွမ်းအားကို လုံလုံလောက်လောက် စုဆောင်းထားပါက၊ နတ်ဘုရားဓမ္မန္ဓာသည် မြင့်မြတ်သော နတ်ဘုရားအဖြစ်သို့ အမှန်တကယ် အသွင်ပြောင်းနိုင်ချေ ရှိသည်။
ထိုအချိန်တွင်၊ ကံကြမ္မာနှင့် ဖန်ဆင်းခြင်း နတ်ဘုရား၏ အမည်ကို ရွတ်ဆိုနေသရွေ့...
သူ၏အရိပ်အယောင်က လောကတခွင်တွင် ပေါ်လာလိမ့်မည်။
"ကျုပ်တို့အားလုံး ကံကြမ္မာနဲ့ ဖန်ဆင်းခြင်းရဲ့ နတ်ဘုရားကို ထာဝစဉ် ယုံကြည်ဖို့ ဆန္ဒရှိပါတယ်။ သခင်ကို အမြဲတစေ ရိုသေလေးစားနေမှာပါ"
ထိုပါ့ယွိ၊ ဖေးချင်ရွယ်နှင့် အခြားသူများက လေးလေးနက်နက် ပြောလိုက်ကြသည်။
ကျွင်းရှောင်ယောက်လည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
ထိုပါ့ယွိက အမှန်တကယ်ပင် သာသနာပြုခြင်း ပါရမီရှင်တစ်ဦး ဖြစ်သည်။
ဤပါရမီရှင်မျိုးကို သူလည်း မဆုံးရှုံးလိုပေ။
"ဒါပေါ့၊ အခု မင်းတို့ရဲ့ ရည်ရွယ်ချက်အသစ်က အင်မော်တယ်နယ်မြေကြီးမှာ ယုံကြည်မှုကို ဆက်လက်ဖြန့်ကျက်ပြီး ကံကြမ္မာနတ်ဘုရားဂိုဏ်းကို တည်ထောင်ဖို့ပဲ"
"တိုင်းတပါးက ယုံကြည်သူ သန်းပေါင်းများစွာကို ဆုံးရှုံးသွားပေမဲ့ အရေးမကြီးပါဘူး။ အင်မော်နယ်မြေကြီးကလည်း ကျယ်ပြောတယ်"
ကျွင်းရှောင်ယောက်သည် မူလကတည်းက တိုင်းတစ်ပါးမှ ယုံကြည်သူများကို လက်နက်သဖွယ်သာ အသုံးပြုခဲ့သည်။
ထို့ပြင်၊ ယခုအခါ ကျွင်းရှောင်ယောက်က အင်မော်တယ်နယ်မြေကြီးမှာ နာမည်ဂုဏ်သတင်း အထွတ်အထိပ်ကို ရောက်နေပြီ ဖြစ်သည်။
အချိန်တိုင်းတွင်၊ အတွင်းစကြာဝဠာနှင့် နတ်ဘုရားဓမ္မခန္ဓာသို့ ကြီးမားသော ယုံကြည်ခြင်း စွမ်းအားများ စီးဆင်းနေ၏။
ယခင်ဘေးဆိုးတိုက်ပွဲတွင်၊ နတ်ဘုရားဓမ္မခန္ဓာ ယုံကြည်ခြင်းစွမ်းအား အားလုံးနီးပါးကို ဆုံးရှုံးသွားခဲ့သည်။
ယခုတော့ အတွင်းစကြာအတွင်းမှ ယုံကြည်ခြင်း၏ ရွှေရောင်ပင်လယ်တွင် တင်ပျဉ်ခွေထိုင်နေကာ ပြန်လည်အင်အားပြည့်လာနေပြီ။
ယုံကြည်ခြင်းစွမ်းအား လုံလုံလောက်လောက်ရှိလျှင် နတ်ဘုရားဓမ္မခန္ဓာက အလွန်ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်သည် ပုံမှန်အချိန်တွင် နတ်ဘုရားဓမ္မခန္ဓာကို အားကိုးမည်မဟုတ်ပါ။
ကျွင်းရှောင်ယောက်အတွက်တော့ သူ၏ ကိုယ်ပိုင်နယ်ပယ်နှင့် ခွန်အားက အရေးကြီးဆုံး ဖြစ်သည်။
နတ်ဘုရား ဓမ္မခန္ဓာကိုတော့ အရေးကြီးသော အခိုက်အတန့်တွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်စေလိမ့်မည်။
'ယုံကြည်ခြင်းစွမ်းအားတွေကို အလွယ်တကူ အသုံးမပြုဘဲ စုဆောင်းထားရမယ်'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးနေမိသည်။
နောင်တွင် ပိုမိုကြီးမားသော ဘေးအန္တရာယ်များ ရှိလာမည်ဟု သူအမြဲတမ်း ခံစားနေရ၏။
ထို့ကြောင့် နတ်ဘုရားဓမ္မခန္ဓာကို အနည်းဆုံး သဘာဝကပ်ဘေးကြီးများ မကျရောက်သေးသရွေ့ အသုံးမပြုနိုင်ပေ။
မဟုတ်ပါက ဖြုန်းတီးရာကျမည်။
ထို့ပြင် စွမ်းအင်မလုံလောက်သေးဘဲ အသုံးပြုပါက ၎င်း၏ အမြင့်ဆုံးစွမ်းအားကို မထုတ်ဖော်နိုင်သည့်အပြင် ကြာရှည်လည်းခံမည် မဟုတ်ပေ။
"ဒါပေမဲ့ ဒါက ခဏတာပါပဲ။ နောင်အခါမှာ လောကကြီးနဲ့ ကမ္ဘာအားလုံးက ငါ့နာမည်ကို ရိုသေလေးစားပြီး ယုံကြည်ရလိမ့်မယ်"
"အဲဒီအချိန်ကျရင် နတ်ဘုရားဓမ္မခန္ဓာက မကုန်ခမ်းနိုင်တဲ့ စွမ်းအားတွေရှိလိမ့်မယ်"
ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။
ထိုပန်းတိုင်ကို ရောက်ရန်အတွက် ကျွင်းရှောင်ယောက်က ထိုပါ့ယွိ၊ ဖေးချင်ရွယ်နှင့် အခြားသူများအား ကံကြမ္မာနတ်ဘုရားဂိုဏ်း၏ ယုံကြည်ခြင်းကို ဆက်လက် ဖြန့်ကျက်စေချင်သည်။
ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က စီစဉ်မှုအချို့ပြုလုပ်ပြီးနောက် အားလုံးထွက်သွားကြသည်။
အနက်ရောင် ဝတ်ရုံကြီးကို လွှမ်းခြုံထားသည့် ရုပ်သွင်သာ ငြိမ်သက်စွာ ရပ်နေခဲ့သည်။
အားလုံးထွက်သွားပြီးနောက် ကျွင်းရှောင်ယောက်က ဝတ်ရုံနက်ဖြင့် လူဆီသို့ လျှောက်လာသည်။
သူက တစ်ချက်ပြုံးပြီး အနက်ရောင် ဝတ်ရုံကို ဖယ်ရှားလိုက်၏။
တခဏအတွင်းမှာပင် တောက်ပသော ရောင်ခြည်တန်းများက ဖြာထွက်လာတော့သည်။
သူ မလှုပ်ရှားရင်တောင် အရှိန်အဝါ တစ်ခုတည်းက ပတ်ပတ်လည် လေထဲမှာ အက်ကြောင်းများ ပျံ့နှံ့သွားစေသည်။
တစ်ချိန်တည်းမှာပင်၊ မရေမတွက်နိုင်သော နိယာမများက ဝန်းရံထားသေးသည်။
အကယ်၍၊ ကျွင်းရှောင်ယောက်သာ ဖုံးကွယ်မထားပါက ဤအံ့ဩဖွယ်ရာ ရောင်ဝါသည် ရှေးဦးအင်ပါယာမြို့တော်တစ်ခုလုံးကို ထိတ်လန့်စေမည် ဖြစ်သည်။
"နောက်ဆုံးတော့ မင်းရဲ့ အသွင်ပြောင်းမှု အောင်မြင်သွားပြီပေါ့"
သူ့ရှေ့မှ သူနှင့် ထပ်တူညီသော ရုပ်သွင်ကိုကြည့်ရင်း ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။
ဤသည်မှာ ကောင်းကင်သင်္ချိုင်းတွင် အသွင်ပြောင်းလဲနေခဲ့သော ရှေးဟောင်းမြင့်မြတ်ခန္ဓာပင်။
မဟုတ်သေး၊ ယခုအခါ သူ့ကို မြင့်မြတ်ခန္ဓာ တာအိုသန္ဓေတစ်ပိုင်းဟု ဆိုရမည်။
ကျွင်းရှောင်ယောက်က လော့ရှန်းလင်ကို ခေါ်ဆောင်လာပေးရန် တောင်းဆိုခဲ့သူ ဖြစ်ချေသည်။
"ငါ ရှန်းရွှီကမ္ဘာမှာရှိစဉ်က ငါ့ရဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ပျက်စီးသွားတာကြောင့် အဇူရာဧကရာဇ်ရဲ့ အကူအညီနဲ့ ကစဉ့်ကလျားခန္ဓာကို ပြန်လည်တည်ဆောက်ခဲ့ရတာလို့ အားလုံးက ထင်နေကြတယ်"
"ဒါပေမဲ့ ငါ့ရဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာက မပျက်စီးခဲ့ဘူး။ အခုဆိုရင် ပိုပြီး အားကောင်းတဲ့ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေတစ်ပိုင်းအဖြစ်တောင် အသွင်ပြောင်းသွားပြီ"
ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။
ရှေ့တွင် "တစ်ပိုင်း" ဟူသော စကားလုံးကို ထည့်ရခြင်း အကြောင်းရင်းမှာ ၎င်းက ပြီးပြည့်စုံသော မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ မဟုတ်သောကြောင့်ပင်။
"မြင့်မြတ်ခန္ဓာ တာအိုသန္ဓေတစ်ပိုင်းကတောင် ဒီေါာကါ အစွမ်းထက်နေပြီ။ တကယ့် မြင့်မြတ်ခန္ဓာ တာအိုသန္ဓေဆိုရင် ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ"
ကျွင်းရှောင်ယောက်လည်း သိချင်လာမိသည်။
အကျော်ကြားဆုံးသော မြင့်မြတ်ခန္ဓာ တာအိုသန္ဓေအကြောင်းကို တွေးလိုက်မိ၏။
သူက... အဆုံးမဲ့ဧကရာဇ်။
အမှောင်ထုကို လက်တစ်ဖက်တည်းဖြင့် တွန်းလှန်နိုင်သော သူရဲကောင်းတစ်ဦး။
သူနှင့် အနောက်တိုင်း၏ မယ်တော်ဘုရင်မကြား ကြေကွဲဖွယ်အချစ်ဇာတ်လမ်းဟာ အင်မော်တယ်နယ်မြေကြီးတွင် ပျံ့နှံ့နေဆဲ ဖြစ်သည်။
"အဖေက ငါ့ကို ချီတစ်ခုကို သန့်စင်ခြင်းသုံးခု ပြောင်းလဲခြင်းကျင့်စဉ် ပေးထားခဲ့တယ်"
ကျွင်းရှောင်ယောက်က သူ၏ အနာဂတ် လေ့ကျင့်ရေးအတွက် အစီအစဉ်များ စတင် ချမှတ်လိုက်သည်။
ချက်ခြင်းပင်၊ ကျွင်းရှောင်ယောက်က နိယာမများကို အသက်သွင်းပြီး ပေါင်းစပ်လိုက်သည်။
သူ့ခန္ဓာကိုယ်နှစ်ခုစလုံးက တောက်ပနေပြီး နောက်ဆုံးတွင် ပြိုးပြိုးပြက်ပြက် တောက်ပနေသော အလင်းရောင်ထဲတွင် ပေါင်းစပ်သွား၏။
"ဝုန်း"
ယင်းက အားကောင်းတဲ့ စကြဝဠာနှစ်ခု တိုက်မိသွားသကဲ့သို့ပင်။
ကံကောင်းထောက်မစွာဖြင့် ကျွင်းရှောင်ယောက်က အစီရင်များ ကြိုလုပ်ထားသောကြောင့် အရှိန်အဝါများသည် အပြင်ဘက်သို့ မပေါက်ကြားခဲ့ပေ။
နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်၏ရုပ်သွင်က ပြန်ပေါ်လာခဲ့သည်။
ရွှေရောင်သွေးနှင့် စွမ်းအင်များက နဂါးတစ်ကောင်ကဲ့သို့ ကူးခတ်နေ၏။
မဟာတာအိုများကလည်း သူ့ကို ဝန်းရံထားသည်။
တုနှိုင်းမရသော စွမ်းအားက သူ့ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို အက်ကွဲသွားစေခဲ့သည်။
အဓိကခန္ဓာနှစ်ခု ပေါင်းစပ်မှုဖြင့်...
ကျွင်းရှောင်ယောက်သည် ကောင်းကင်အဓိပဓိအဆင့်သို့ အလိုအလျောက် ချိုးဖြတ်လုနီးပင်။
သို့သော်၊ သူက ချုပ်တီးထားခဲ့သည်။
သူ့တွင် မပေါင်းစပ်ရသေးသည့် နိယာမများ ရှိနေသေးသည်။
"ဒီစွမ်းအားက..."
သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို ခံစားမိတော့ ကျွင်းရှောင်ယောက် အသက်ပြင်းပြင်းရှူလိုက်မိသည်။
ယခုအခါ သူပိုင်ဆိုင်ထားသော စွမ်းအားကြောင့် ကိုယ်တိုင် အံ့ဩနေရတော့သည်။
"ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီကိုသွားဖို့ အချိန်တန်ပြီ။ ဒါပေမဲ့ ဒီမတိုင်ခင်မှာ ကျွင်းမိသားစုကို ပြန်ရဦးမယ်"
အဆုံးစွန်ရှေးဟောင်းလမ်းပေါ်ကို ခြေချလိုက်ကတည်းက ကျွင်းရှောင်ယောက်သည် ကျွင်းမိသားစုသို့ တစ်ခါမျှမပြန်ဖြစ်ခဲ့ပေ။
စန်းမျိုးနွယ်အကြောင်းကိုလည်း မိသားစု၏ စာကြည့်ဆောင်တွင် ရှာဖွေကြည့်လိုသည်။
ရက်အနည်းငယ်အကြာတွင် တိုင်းတပါးမှ အနီရောင်လီလီပန်းလေးများ၏မိခင် ရောက်လာခဲ့သည်။
ပိအန်းဧကရာဇ်မျိုးနွယ်က လူများများမရှိသောကြောင့် လှုပ်ရှားမှုတော့ သိပ်မရှိပေ။
အပြာရောင် လီလီပန်းမျိုးရိုးကတော့ အကိုင်းအခက်တစ်ခုသာဖြစ်၍ အနီရောင်လီလီပန်းလေးများ၏မိခင်က ဂရုမစိုက်ဘဲ ထားခဲ့သည်။
ထို့ပြင် အနီရောင်လီလီပန်းလေးများ၏မိခင်က ကျွင်းရှောင်ယောက်အတွက် အန္တိမကပ်ဘေးကြီးကိုရင်ဆိုင်ခဲ့ကြောင်း လူတိုင်း မြင်တွေ့ခဲ့ရသည်။
ထို့ကြောင့် အမာရွတ်လေးခုသခင်ကြီးနှင့် အခြားသူများက သဘာဝအတိုင်း တားဆီးခြင်းမပြုခဲ့ပေ။
"အကြီးအကဲ၊ ခင်ဗျား စိတ်ထဲမထားရင် ပိအန်းမျိုးနွယ်ကို ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးမှာပဲ အခြေချလိုက်ပါ။ အဲဒါက ကျွန်တော်တို့ ကျွင်းမိသားစုရဲ့ ပင်မနယ်မြေပဲ"
"ဒီမှာ ပိအန်းမျိုးနွယ်ကို ဘယ်သူမှ မနှောင့်ယှက်နိုင်ပါဘူး"
ကျွင်းရှောင်ယောက်က ပြုံးလျက် ပြောလိုက်သည်။
"ကောင်းပြီ၊ မင်း စီစဉ်သလိုပဲ"
အနီရောင်လီလီပန်းလေးများ၏မိခင်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်၏။
သူက ထိုသို့သော လောကီရေးရာများကို ဂရုမစိုက်တော့ပါ။
"အနာဂတ်မှာ သူ့ကိုတွေ့ရဖို့ပဲ မျှော်လင့်မိတယ်"
အနီရောင်လီလီပန်းလေးများ၏မိခင်က ပြောလိုက်သည်။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး၏ သူမအပေါ် လွှမ်းမိုးမှုမှာ နက်နဲလွန်းပေသည်။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးနှင့် ကျွင်းရှောင်ယောက်တို့ အမှန်တကယ် တွေ့ပြီးလျှင်တော့ သူမ၏ စွဲလန်းမှုလည်း ပျောက်ကွယ်သွားလောက်သည်။
ကျွင်းရှောင်ယောက်က နှုတ်ဆိတ်သွားသည်။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးကို တွေ့ရန်က ထင်သလောက်မလွယ်မှန်း သူ ခံစားမိ၏။
နောက်ဆုံးတွင်၊ သူမ၏ ခွန်အားက စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း တစ်နေ့တွင် ဆုံရမည်ဟု သူ ယုံကြည်မှုရှိပေသည်။
သူလိုအပ်တာက အချိန် ဖြစ်သည်။
ထိုအချိန်တွင် အနီရောင်လီလီပန်းလေးများ၏မိခင်နောက်မှ လှပသော ရုပ်သွင်တစ်ခု ထွက်လာပြီး ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
"ကျွင်းသခင်လေး၊ ငါတို့တွေ့ ပြန်တွေ့တဲ့အခါ ဒီလိုအခြေအနေမျိုး ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
ဤမိန်းကလေးက သဘာဝအတိုင်း ပိအန်းမျိုးနွယ်မှ နတ်ဘုရားမ မုန့်နုအာပင်။