← Chapters

အခန်း ၁၁၃၀

Vol. 76 Ch. 1130

အခန်း ၁၁၃၀

Vol. 76 Ch. 1130

အခန်း ( ၁၁၃၀ ) မြင့်မြတ်ဝိညာဉ်ကျွန်း၏ ရည်ရွယ်ချက်။

မြို့တွင်းရှိ တည်းခိုဆောင်များနှင့် စားသောက်ဆိုင်အချို့တွင် လူများစွာက ယောက်ချီမြင့်မြတ်မြေအကြောင်း ပြောဆိုနေကြသည်။

မကြာသေးမီ အချိန်အတောအတွင်း၌ လော့ထျန်းအင်မော်တယ်နယ်မြေကြီးတွင် ဤအရာက အကြီးမားဆုံးဖြစ်ရပ်ဟု မှတ်ယူနိုင်ပေသည်။

"ယောက်ချီမြင့်မြတ်မြေဟာ အဲဒီအချိန်က အရမ်းကြွယ်ဝခဲ့ပေမဲ့... ပြောရတာ စိတ်မကောင်းစရာပါပဲ။ အနောက်တိုင်း မယ်တော်ဘုရင်မရဲ့ လက်ထက်ကဆိုရင် ငါတို့ လော့ထျန်းအင်မော်တယ်နယ်မြေကြီးရဲ့ အစွမ်းထက်ဆုံး အင်အားစုကြီး ဖြစ်ခဲ့တာ"

"ဒါပေမဲ့ အခုလို သီးခြားနေလာတာတောင်မှ တံခါးကိုပိတ်ပြီး အနိုင်ကျင့်နေကြသေးတယ်"

"ကျန်းမိသားစုရဲ့ နတ်ဘုရားမလည်း ယောက်ချီမြင့်မြတ်မြေမှာ ရှိပုံရတယ်။ သူတို့က သူ့ကို မကြောက်ကြဘူးလား"

"ဟုတ်တယ်၊ ကျန်းမိသားစုက နတ်ဘုရားမရဲ့ နောက်ခံက ရှေးဟောင်း ကျန်းမိသားစုတင် မဟုတ်ဘူး... ကျွင်းမိသားစုလည်း ရှိတယ်"

"ဒါပေမဲ့ ကျွင်းမိသားစုရဲ့ အဲဒီလူက‌ သေတာကြာပြီ မဟုတ်လား"

နယ်စပ်နှင့် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးက ဝေးကွာပြီး အဆုံးစွန်ရှေးဟောင်းလမ်းမှ ပိုင်းခြားထားသည်။

ထို့ကြောင့် သတင်းရောက်ရှိရန် အချိန်အနည်းငယ်ကြာသေးသည်။

လော့ထျန်းအင်မော်တယ်နယ်မြေကြီးမှ သတ္တဝါများက နယ်စပ်မှ အခြေအနေများကို မသိသလို...

ကျွင်းရှောင်ယောက်အကြောင်းကိုလည်း မသိကြသေးပေ။

"ယောက်ချီမြင့်မြတ်မြေမှာ ဘာဖြစ်သွားတာလဲ"

ရုတ်တရက်၊ လျစ်လျူရှုသော စကားသံ ထွက်ပေါ်လာသောကြောင့် လူများမှာ အံ့ဩသွားကြသည်။

သူတို့ လှည့်ကြည့်လိုက်တော့ ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက်နှင့် ချောမောသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရ၏။

ထိုကျင့်ကြံသူများက အနည်းငယ် အံ့ဩသွားကြသော်လည်း ရှင်းပြလိုက်ကြသည်။

"ဒီကသခင်လေးက မသိသေးဘူးလား။ မကြာသေးခင်က အင်မော်တယ်အင်အားစုဖြစ်တဲ့ မြင့်မြတ်ဝိညာဉ်ကျွန်းဟာ ယောက်ချီမြင့်မြတ်မြေကနေ တစ်ခုခုကို တောင်းနေပုံရတယ်"

"ယောက်ချီမြင့်မြတ်နယ်မြေဟာ တစ်ချိန်က အရှိန်အဝါကြီးမားခဲ့ပေမဲ့ အခုတော့ ဆုတ်ယုတ်သွားတာကြောင့် သဘာဝအတိုင်း အားနည်းတဲ့ဘက်ကို ရောက်နေတာပေါ့"

ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်က ထပ်မေးလိုက်၏။

"မြင့်မြတ်ဝိညာဉ်ကျွန်း... သူတို့က ဘာကိုလိုချင်နေတာလဲ"

"ဒါက အတိအကျတော့ မသိရပေမဲ့ ကျန်းမိသားစုရဲ့ နတ်ဘုရားမနဲ့ ပတ်သက်နေပုံရတယ်"

ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။

သူစကားဆုံးသည်နှင့် တပြိုင်နက်၊ ပတ်ဝန်းကျင်ရှိ အပူချိန်က လျင်မြန်စွာ ကျဆင်းသွားသည်ဟု ခံစားလိုက်ရသည်။

ကျင့်ကြံသူအားလုံး တုန်လှုပ်သွားလေသည်။

သူတို့ ပြန်ကြည့်လိုက်တော့ လူငယ်နှင့် မိန်းကလေးက တိတ်တဆိတ် ထွက်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူတို့နှစ်ယောက်၏ ထူးဆန်းသော အပြုအမူက လူများစွာကို စိတ်ရှုပ်ထွေးစေခဲ့ပေသည်။

"သူတို့က ပြပွဲကောင်းကို လာကြည့်တဲ့ ကျွမ်းကျင်သူတွေပဲ ဖြစ်မှာပါ"

လူတော်တော်များများက ခေါင်းယမ်းလိုက်ကြသည်။

ယောက်ချီမြင့်မြတ်မြေမှ လှုပ်ရှားမှုက ကြီးမားလွန်းသဖြင့် ကြည့်ရှုသူများကို ဆွဲဆောင်နိုင်ခဲ့သည်မှာ သဘာဝအတိုင်း ဖြစ်သည်။

ယောက်ချီမြင့်မြတ်မြေနှင့် မြင့်မြတ်ဝိညာဉ်ကျွန်းကို စောင့်ဆိုင်းနေသည့် အင်အားစုအချို့ပင် ရှိသေးသည်။

"နေဦး၊ တစ်ခုခုလွဲနေသလိုပဲ"

ရုတ်တရက်၊ လူတစ်ယောက်က စိတ်ရှုပ်ထွေးနေဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

အခြားသူများလည်း လှမ်းကြည့်လိုက်ကြ၏။

"ဘာဖြစ်လို့ သူတို့ကို တစ်နေရာရာမှာ မြင်ဖူးသလို ခံစားနေရတာလဲ"

ထိုလူက အရည်အချင်းမြင့်မားပြီး တစ်ချိန်က ဧကရာဇ်လမ်းကို လျှောက်လှမ်းခဲ့ဖူးသည်။

"ဟင်..."

ရုတ်တရက်၊ ကျင့်ကြံသူ လူငယ်မှာ တစ်ခုခုကို တွေးမိသွားပုံရပြီး သူ့မျက်နှာတွင် ကြောက်ရွံ့မှုတို့ ပေါ်လာသည်။

"ဘာဖြစ်တာလဲ၊ မင်း ထူးဆန်းချင်ဟန်မဆောင်နဲ့နော်"

"မဟုတ်ဘူး၊ သူက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ပဲ"

ကျင့်ကြံသူလူငယ်က အလန့်တကြား အော်ဟစ်လိုက်၏။

ထို့နောက်တော့ သူက အပြင်ကို ပြေးထွက်သွားတော့သည်။ ယောက်ချီမြင့်မြတ်မြေကို သူလည်း သွားချင်သည်။

ထိုစကား ထွက်လာသည်နှင့် တပြိုင်နက် အခြားကျင့်ကြံသူအားလုံးလည်း အံ့ဩသွားကြသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်...."

ကျင့်ကြံသူတစ်ဦးက ငြင်းဆန်ရန် ပါးစပ်ဟလိုက်သည်။

သို့သော်လည်း ပြန်စဉ်းစားပြီးမှ ထိုဝတ်စုံဖြူဝတ် လူငယ်မှာ ကျွင်းမိသားစု၏ နတ်ဘုရားသားတော်နှင့် တော်တော်ကြီးတူကြောင်း သတိရသွားသည်။

ခဏချင်းမှာပင် မြို့တော်တစ်ခွင်လုံးမှ ကျင့်ကြံသူများက အလင်းတန်းများကဲ့သို့ ပြောင်းလဲကာ ယောက်ချီမြင့်မြတ်မြေကို ပျံသန်းသွားတော့သည်။

ယနေ့တွင်၊ ကြီးကြီးမားမား တစ်ခုခုဖြစ်လာတော့မှာကို ကြောက်ရသည်။

ကျွင်းမိသားစု၏ နတ်ဘုရားသားတော် ပြန်လာခြင်းသည် ယောက်ချီမြင့်မြတ်မြေနှင့် မြင့်မြတ်ဝိညာဉ်ကျွန်းတွင် ဖြစ်ပျက်ခဲ့သည်ထက် ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းလိမ့်မည်။

...........

ကျွင်းရှောင်ယောက်နှင့် ကျန်းလော့လီက မိုးပြာရောင်ဂဠုန်ငှက်ကိုစီးကာ လျင်မြန်စွာ ပျံသန်းသွားကြသည်။"မြင့်မြတ်ဝိညာဉ်ကျွန်းက လွန်လွန်းသွားပြီ။ ယောက်ချီမြင့်မြတ်မြေက ဆုတ်ယုတ်သွားတယ်ဆိုရင်တောင် မမစန်းယီက ကျန်းမိသားစုရဲ့ နတ်ဘုရားမပဲ"

ကျန်းလော့လီက ဒေါသတကြီးဖြင့် အံကြိတ်လိုက်သည်။

ကျန်းမိသားစုက လှုပ်ရှားမှုသိပ်မရှိဘဲ ကျွင်းမိသားလောက် အင်အားမကြီးသော်လည်း...

နက်ရှိုင်းသော အခြေခံအုတ်မြစ်နှင့် ရှေးဟောင်းမင်းမျိုးနွယ် မိသားစုကြီး သုံးခုထဲမှ တစ်ခု ဖြစ်နေဆဲပင်။

မြင့်မြတ်ဝိညာဉ်ကျွန်း၏ ဤလှုပ်ရှားမှုက ကျန်းမိသားစုကို အလေးအနက်မထားကြောင်း ထင်ရှားသည်။

ထို့ပြင် ကျန်းစန်းယီက ကျွင်းရှောင်ယောက်နှင့် ပတ်သက်သူ ဖြစ်၏။

ကျွင်းရှောင်ယောက် ပြန်လာမည့်သတင်းက လော့ထျန်းအင်မော်တယ်နယ်မြေကြီးတွင် မပျံ့နှံ့သေးသော်လည်း...

အနည်းဆုံးတော့ ကျန်းစန်းယီက ကျွင်းမိသားစုနှင့် ပတ်သက်သေးသည်။

"အစ်မစန်းယီဆီက မြင့်မြတ်ဝိညာဉ်ကျွန်း လိုချင်နေတာကို ငါသိပါတယ်"

ကျွင်းရှောင်ယောက်က အေးစက်စက် ပြုံးလိုက်သည်။

အဆုံးစွန်ရှေးဟောင်းလမ်းရှိ ဧကရာဇ်သင်္ချိုင်းကြယ်တွင်...

ကျန်းစန်းယီသည် အနောက်တိုင်း၏ မယ်တော်ဘုရင်မထံမှ အမွေကို ရရှိခဲ့သည်။

၎င်းတို့အနက်မှ တစ်ခုက ရတနာတစ်ပါးဖြစ်သည့် အလင်းဝင်ပေါက်ကိုးခု ကျောက်သန္ဓေ ဖြစ်၏။

ကောလဟာလများအရ၊ ၎င်းက မြင့်မြတ်ဝိညာဉ် သန္ဓေသားဖြစ်ကာ အနာဂတ်တွင် ထူးကဲသည့် မြင့်မြတ်ဝိညာဥ်ကို မွေးထုတ်ပေးနိုင်သည်သည်။

"ဒါပေမဲ့ မြင့်မြတ်ဝိညာဉ်ကျွန်းက အမှန်တကယ် အတင့်ရဲလွန်းတယ်"

"ဒီလိုဆိုမှတော့ မြင့်မြတ်ဝိညာဉ်ကျွန်းနဲ့ ငါ့ရဲ့ဩဇာကို တည်ဆောက်လိုက်ရအောင်"

ကျွင်းရှောင်ယောက်က အေးစက်စက် ရယ်မောလိုက်သည်။

သူသည် အင်မော်တယ်နယ်မြေကြီးကို ပြန်ရောက်ပြီမို့ သူ၏ ဩဇာအာဏာကို ထူထောင်ရန် သဘာဝအတိုင်း တစ်ခုခုလုပ်ရမည်။

ယခုတော့ ကျွင်းရှောင်ယောက် လိုအပ်နေချိန်တွင် မြင့်မြတ်ဝိညာဉ်ကျွန်းက အမှန်တကယ် ခုန်ထွက်လာခဲ့သည်။

..........

ယောက်ချီမြင့်မြတ်မြေသည် လော့ထျန်းအင်မော်တယ်နယ်မြေကြီး၏ ကြီးမားသော ပြည်နယ်တစ်ခုတွင် တည်ရှိသည်။

ပတ်ပတ်လည်ကိုကြည့်လိုက်လျှင် ထောင်ပေါင်းများစွာသော ဝိညာဉ်တောင်များ၊ ဘုံဗိမာန်များက နေရာအနှံ့တွင် ရှိ၏။ နတ်သားရဲများက သွားလာနေပြီး လှပသော ပန်းများကလည်း ဖူးပွင့်နေကြသေးသည်။

ဤသည်မှာ ယောက်ချီမြင့်မြတ်မြေ ဆိုသည့်အတိုင်း လူလောကမှ နိဗ္ဗာန်ဘုံနှင့်ပင် တူလှသည်။

ယခုတော့ ဤမြင့်မြတ်မြေမှာ ဖရိုဖရဲ အဖြစ်သို့ ရောက်နေသည်။

ယခုအခါ ယောက်ချီမြင့်မြတ်မြေ အပြင်ဘက်တွင် ပြပွဲကောင်းကိုကြည့်ရှုရန် ကျင့်ကြံသူများစွာတို့ စုဝေးရောက်ရှိနေကြပြီ။

တောင်ပေါ်တွင်ထိုင်ကာ ကျားနှစ်ကောင်၏ တိုက်ပွဲကို ကြည့်နေကြမည့် လော့ထျန်းအင်မော်တယ်နယ်မြေကြီး၏ အင်အားစုများလည်း ရှိသည်။

"ဒီတစ်ခါတော့ ယောက်ချီမြင့်မြတ်မြေက ပြဿနာကြီးတက်ပြီပဲ။ မြင့်မြတ်ဝိညာဉ်ကျွန်းက ဝင်ပေါက်ကိုးခု ကျောက်သန္ဓေကို အရယူဖို့ ဆုံးဖြတ်ထားပုံရတယ်"

တစ်ဖက်တွင်၊ ရွှေရောင်ဝတ်စုံဝတ် လူတစ်စုက အခြေအနေကို စောင့်ကြည့်နေသည်။

၎င်းတို့က လော့ထျန်းအင်မော်တယ်နယ်မြေကြီး၏ အင်အားစုကြီးတစ်ခုဖြစ်သည့် ဟောက်ယန်မြင့်မြတ်မြေမှ လူများပင်။

"အနောက်တိုင်းရဲ့ မယ်တော်ဘုရင်မခေတ် ပြီးဆုံးကတည်းက ယောက်ချီမြင့်မြတ်မြေ ကျဆင်းလာတာ စိတ်မကောင်းစရာပဲ။ ကျန်းမိသားစုရဲ့ နတ်ဘုရားမ ကျန်းစန်းယီကိုသာ သူတော်စင်ဖြစ်ဖို့ မဖိတ်ခေါ်ခဲ့ဘူးဆိုရင် အခြေအနေက ပိုဆိုးသွားလိမ့်မယ်"

တစ်ဖက်တွင်၊ ထိုက်ရွှမ်ဂိုဏ်းမှ ပညာရှင်တစ်ဦးကလည်း ခေါင်းခါယမ်းလိုက်သည်။

"အမှန်ပါပဲ၊ ယောက်ချီမြင့်မြတ်မြေက ကျန်းစန်းယီကို သူတော်စင်အဖြစ် ခန့်အပ်တာထက်..."

"ကျန်းစန်းယီက ယောက်ချီမြင့်မြတ်မြေကို ကူညီပေးခဲ့တာဆိုရင် ပိုမှန်မယ်"

"ရှေးဟောင်းကျန်းမိသားစုရဲ့ နောက်ခံအကြောင်း မပြောရင်တောင်... သူ့နောက်ကွယ်မှာရှိတဲ့ လူက ဘယ်သူလဲဆိုတာ မမေ့နဲ့ဦး"

လော့ထျန်းအင်မော်တယ်နယ်မြေကြီးရှိ အင်အားစုတစ်ခုဖြစ်သည့် ချင်ရှကောင်းကင်ဂူမှ အကြီးအကဲတစ်ဦးကလည်း ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ထိုက်ရွှမ်ဂိုဏ်းနှင့် ဟောက်ယန်မြင့်မြတ်မြေမှ ကျင့်ကြံသူများ တိတ်ဆိတ်သွား၏။

ကျွင်းရှောင်ယောက်က ကျဆုံးသွားပြီဖြစ်သော်လည်း သူ့ဩဇာအာဏာက ကြီးမားနေသေးသည်။

ရှေးဟောင်း ကျန်းမိသားစုနှင့် ကျွင်းရှောင်ယောက်တို့၏ ပတ်သက်မှုတို့ဖြင့် ကျန်းစန်းယီက သာမန်လူများ ထိပါးမရနိုင်သည်မှာ သေချာသည်။

"မြင့်မြတ်ဝိညာဉ်ကျွန်းက ထိပ်တန်း အင်မော်တယ်အင်အားစုဖြစ်ပေမဲ့ ကျန်းစန်းယီကို ဒီလိုစော်ကားတာကတော့ မသင့်ဘူးမို့လား"

ဟောက်ယန်မြင့်မြတ်မြေ၏ အကြီးအကဲက သံသယဖြင့် မေး၏။

ထိုစကားကိုကြားတော့ ချင်ရှကောင်းကင်ဂူမှ ပညာရှင်က ထူးခြားစွာပြုံးပြီး ပြောလိုက်သည်။

"ကောလဟာလတချို့ကို ငါကြားတယ်"

"ဒီတခေါက် ကျန်းစန်းယီကို ပစ်မှတ်ထားတိုက်ခိုက်တဲ့လူက ကျောက်ဧကရာဇ်ငယ်လို့ခေါ်တဲ့ မြင့်မြတ်ဝိညာဉ်ကျွန်းရဲ့ မျိုးစေ့အဆင့် ပါရမီရှင်တစ်ယောက်ဖြစ်ပုံရတယ်"

"သူက မြင့်မြတ်ဝိညာဉ်ကျွန်းက မဟာမြင့်မြတ်ဝိညာဉ်ရဲ့ အမွေခံတဲ့"

"အလို..."

ထိုစကားကိုကြားတော့ ဟောက်ယန်မြင့်မြတ်မြေနှင့် ထိုက်ရွှမ်ဂိုဏ်းမှ ပညာရှင်များ အံ့ဩသွားကြ၏။

မဟာမြင့်မြတ်ဝိညာဉ်ကား အဘယ်နည်း။

၎င်းက မဟာဧကရာဇ်၊ ရှေးဧကရာဇ်တို့နှင့် တန်းတူညီမျှသော တည်ရှိမှု ဖြစ်သည်။တူညီသောအဆင့်တွင် မဟာမြင့်မြတ်ဝိညာဉ်က ခန္ဓာကိုယ်ကြံ့ခိုင်မှု အားသာချက် ရှိ၏။

အကြောင်းမှာ၊ ၎င်းတို့က ကျောက်သန္ဓေမှ တာအိုကို သက်သေပြခဲ့ကြသူများ ဖြစ်နေသောကြောင့်ပင်။

All Chapters