← Chapters

အခန်း ၁၁၃၂

Vol. 76 Ch. 1132

အခန်း ၁၁၃၂

Vol. 76 Ch. 1132

အခန်း ( ၁၁၃၂ ) မြင့်မြတ်ဝိညာဉ် သားရဲ။

ယောက်ချီမြင့်မြတ်မြေ၏ နက်နဲရာအရပ်တွင်... မြူခိုးများနှင့် အမျိုးမျိုးသော နတ်အလင်းများ တောက်ပနေသည်။

အဖြူရောင် ဆံနွယ်များရှိပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လှပသော ပုံရိပ်တစ်ခုက ဖြည်းညှင်းစွာ ထွက်လာ၏။

သူမ၏ အသားအရည်ကလည်း ကြည်လင်ကာ ပန်းချီကားအတွင်းမှ အသက်ဝင်လာသော နတ်သမီးတစ်ပါးကဲ့သို့ပင်။

သူမ၏ အသွင်ပြင်က စကားလုံးများဖြင့် ဖော်ပြရန်ပင် ခက်ခဲသည်။

ထို့ပြင်... သူမနှင့် ပတ်သက်ပြီး အထူးခြားဆုံးအရာက သူမ၏အသွင်ပြင် မဟုတ်ဘဲ ကောင်းကင်ယံမှ လပြည့်ဝန်းကဲ့သို့ သန့်စင်မွန်မြတ်ပြီး‌ ဝေးကွာပုံရသော အငွေ့အသက်မျိုး ဖြစ်သည်။

မဟာတာအို နိယာမများကလည်း သူ့ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသေးသည်။

"ဒါက ကျန်းမိသားစုရဲ့ နတ်ဘုရားမ... လက်ရှိ ယောက်ချီမြင့်မြတ်မြေရဲ့ သူတော်စင်ပဲ။ သူ ပေါ်လာပြီ"

"ဒီလောက် အံ့ဖွယ်ကောင်းတဲ့ တာအိုနိယာမတွေနဲ့ မြင်ကွင်းမျိုး... ကျန်းမိသားစုရဲ့ နတ်ဘုရားမက သန္တောစွမ်းအင်တာအိုသန္ဓေကို ဘယ်အဆင့်အထိ လေ့ကျင့်ခဲ့တာလဲ"

"သူက ဧကရာဇ်သင်္ချိုင်းကြယ်မှာ အနောက်တိုင်း မယ်တော်ဘုရင်မရဲ့အမွေကို ရရှိခဲ့တယ်လို့ ပြောကြတယ်"

ကျန်းစန်းယီ၏ ထွက်ပေါ်လာခြင်းက ပြပွဲကောင်းကိုကောင်း စောင့်ကြည့်နေသည့် ကျင့်ကြံသူများအား ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။

ဤပဋိပက္ခ၏ အရင်းမြစ်က ကျန်းစန်းယီ ရရှိခဲ့သော ဝင်ပေါက်ကိုးခု ကျောက်သန္ဓေကြောင့် ဖြစ်၏။

ဤတွင်၊ ကျန်းစန်းယီက အမှားမလုပ်ခဲ့ပေ။

အရာအားလုံးက ကျောက်ဧကရာဇ်လေး၏ လောဘကြီးမှုသာ ဖြစ်သည်။

ထိုအချိန်မှာ ကျန်းစန်းယီက ပေါ်လာပြီး အရိုးစုမိန်းမပျိုကို ကြည့်လိုက်သည်။

သူ့မျက်နှာလေးမှာ လွန်စွာလှပသော်လည်း ဤအခိုက်တွင် အေးစက်လျက်ရှိ၏။

"နင် ပြောရဲရင် ထပ်ပြောလိုက်စမ်း"

ကျန်းစန်းယီ၏ စိတ်နေစိတ်ထားဖြင့် မြင့်မြတ်ဝိညာဉ်ကျွန်းက ရောက်ရှိလာပြီး ဝင်ပေါက်ကိုးခု ကျောက်သန္ဓေကို လွှဲအပ်ခိုင်းလျှင်ပင် ဂရုစိုက်မည် မဟုတ်ပါ။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကို စော်ကားနေခြင်းကိုတော့ သူမ လုံးဝ သည်းမခံနိုင်ပေ။

ကျွင်းရှောင်ယောက်က သူမ၏ ပြောင်းပြန်အကြေးခွံ ဖြစ်သည်။ ယခုတော့ အရိုးစုမိန်းမပျိုက ထိုအကြေးခွံကို ထိခိုက်လာပြီ။

ထိုစကားကိုကြားတော့ အရိုးစုမိန်းမပျိုက လှောင်ရယ်လိုက်သည်။ သို့သော်လည်း သူ့မျက်လုံးထဲမှာတော့ မနာလိုမှု အရိပ်အယောင်များ ရှိနေလေ၏။

ဟုတ်သည်။ ကျန်းစန်းယီ၏ ရုပ်ရည်... အရှိန်အဝါ အားလုံးက သူမကို မနာလိုစိတ် ဖြစ်ပေါ်စေခဲ့ပေသည်။

သူမက ရုပ်ဆိုးသူများထဲတွင် မပါဝင်သော်လည်း ကျန်းစန်းယီနှင့် နှိုင်းယှဉ်စရာတော့ လုံးဝ မရှိပါ။

"ဘာမှားလို့လဲ၊ ငါ့သခင်က မဟာ မြင့်မြတ်ဝိညာဉ်ရဲ့ အမွေဆက်ခံသူပဲ။ သူမွေးလာပြီးတာနဲ့ ဘုရင်ဖြစ်ဖို့ ရည်မှန်းထားတယ်"

"နောက်ပြီး ကျွင်းရှောင်ယောက်က ကျဆုံးခဲ့လို့ အတိတ်ဖြစ်သွားပြီ"

အရိုးစု မိန်းမပျိုက ပြောလိုက်သည်။

ထိုအချိန်တွင်၊ သူ တုန်လှုပ်သွား၏။

ကျန်းစန်းယီက မြေကြောရှုံ့သကဲ့သို့ သူမ၏ရှေ့တွင် ရုတ်ချည်း ပေါ်လာသည်။

"ဖြန်း"

အလွန်ကျယ်လောင်သော ပါးရိုက်သံကို ကြားလိုက်ရသည်။

"ဖြန်း... ဖြန်း... ဖြန်း"

ပြင်းထန်သော ပါးရိုက်သံများ ဆက်တိုက်ထွက်ပေါ်လာ၏။

နောက်ဆုံးတွင် ဦးခေါင်းပြုတ်ကာ လွင့်စဉ်သွားတော့သည်။

လူတိုင်း ကြက်သေသေသွားသည်။ ဤကဲ့သို့ ဖြစ်လာမည်ဟု မည်သူမျှ မထင်ထားပေ။

"အတင့်ရဲလိုက်တာ"

ဆန်းကျယ်ကောင်းကင်အဓိပဓိအဆင့် မြင့်မြတ်ဝိညာဉ်တစ်ဦးက တားဆီးရန် ဟန်ပြင်လိုက်သည်။

ထိုစဉ်၊ ယောက်ချီဘက်မှာ နောက်ထပ် ရုပ်ပုံနှစ်ခု ပေါ်လာသည်။

ကျန်းစန်းယီ၏ ဆရာ ယွီချင်းနင်နှင့် လက်ရှိ ယောက်ချီမြင့်မြတ်မြေ၏ သခင်မတို့ပင်။

ယောက်ချီသခင်မက ရိုးရှင်းသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက ဆန်းကျယ်ကောင်းကင်အဓိပဓိအဆင့် မြင့်မြတ်ဝိညာဉ်ကို ပြန်လည်တွန်းထုတ်လိုက်၏။

"ပျက်စီးခြင်းတာအိုသခင်"

တွန်းထုတ်ခံလိုက်ရသော မြင့်မြတ်ဝိညာဉ်၏ မျက်လုံးများတွင် လေးနက်မှုတို့ ပေါ်လာသည်။

ထိုအချိန်တွင်၊ ကျန်းစန်းယီက ယောက်ချီဘက်သို့ ပြန်ရောက်သွားလေသည်။

သူမ၏ အဖြူရောင်အဝတ်အစားများက လေထဲတွင် တဖျတ်ဖျတ်လူးလွန့်လှုပ်ရှားနေသည်။ တည်ငြိမ်သော သူ့ပုံစံကိုကြည့်လိုက်ပါက ယခုလေးတင် တစ်စုံတစ်ယောက်ကို ရိုက်နှက်ခဲ့မှန်း မည်သူမျှ သိမည်မဟုတ်ပါ။

အရိုးစုမိန်းမပျို ဒေါသတကြီးဖြစ်သွားသည်။

သူမ၏ ဦးခေါင်းက ပျံလာပြီး မူလနေရာတွင် ဆက်လိုက်၏။

နတ်ရွှေနှင့် အရိုးစုတို့ ပေါင်းစပ်ထားသော မြင့်မြတ်ဝိညာဉ်ဖြစ်ခြင်းကြောင့် သူမ၏ဦးခေါင်း ပြုတ်ကျလျှင်ပင် ပြဿနာမရှိပါ။

သို့ရာတွင်၊ သူမအတွက်တော့ ပိုးစိုးပက်စက် အရှက်ကွဲရခြင်း ဖြစ်သည်။

သူမ၏ ပါးပြင်မှာလည်း လက်ဝါးရာက အထင်အရှား ရှိနေသေးသည်။

အရိုးစုမိန်းမပျိုက နတ်စွမ်းအင်ကို လှုံ့ဆော်ပြီး သူ့ကိုယ်သူ ပြန်လည်ကုသရန် ကြိုးစားလိုက်သည်။

သို့သော်လည်း အပြည့်အဝ ကုသလို့မရကြောင်း သိလိုက်ရ၏။

အကြောင်းမူ၊ သူမ၏ ပါးပြင်ပေါ်မှ ဒဏ်ရာက သာမန်မဟုတ်ဘဲ နိယာမများကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းကြောင့်ပင်။

တစ်နည်းဆိုရသော်၊ ဤဒဏ်ရာက သူမ၏ လက်ရှိစွမ်းအားဖြင့် ကုစားရန် မဖြစ်နိုင်သလောက် ဖြစ်သည်။

"ကျန်းစန်းယီ၊ နင်ငါ့ကို ဘာလုပ်လိုက်တာလဲ"

အရိုးစုမိန်းမပျိုက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

သူမက ကျောက်ဧကရာဇ်လေး၏ နောက်လိုက်တစ်ဦးဖြစ်ပြီး မျိုးစေ့အဆင့် ပါရမီရှင်လည်း ဖြစ်သေးသည်။

ယခုတော့ သူမ၏ ပါးပြင်ကို လူရှေ့သူရှေ့တွင် ရိုက်ခံရသည့်အပြင်၊ ‌ဦးခေါင်းပင်လျှင် ပြုတ်သွားခဲ့ရသည်။ ယင်းက သူမကို ရူးသွပ်စေခဲ့ပေသည်။

"ဒါက ပါးစပ်စည်းကမ်းမရှိလို့ ပညာပေးတာ။ နင်က ရှောင်ယောက်ကို အကဲဖြတ်ဖို့ အရည်အချင်းမရှိဘူး"

ကျန်းစန်းယီက တည်ငြိမ်စွာ ပြောလိုက်သည်။

သူမက တချိန်လုံး တံခါးပိတ်လေ့ကျင့်နေခဲ့သည်။ ယွီချင်းနင်၊ ယောက်ချီမြင့်မြတ်သခင်နှင့် အခြားသူများကလည်း ကျွင်းရှောင်ယောက်အကြောင်း ကျန်းစန်းယီကို မပြောပြခဲ့ပေ။

သို့ရာတွင်၊ ကျန်းစန်းယီက ယောင်ဝါးဝါး ခံစားမိသည်။

သို့သော်လည်း သူမက လုံးဝ မယုံပေ။

ကျွင်းရှောင်ယောက်ကို ထိုကဲ့သို့ အဆုံးဖြတ်မည်ဟု သူ မယုံပါ။

"သူက လူသေ..."

အရိုးစုမိန်းမပျိုကို အံကြိတ်ပြီး ကြည့်လိုက်သည်။

သို့သော်လည်း ကျန်းစန်းယီက‌ အလွန်အေးစက်သော မျက်လုံးများဖြင့် ကြည့်နေကြောင်း မြင်လိုက်ရ၏။

အရိုးစုမိန်းကလေး၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်သွားသည်။

ဤအခိုက်တွင်၊ သူမ အမှန်တကယ် သေရတော့မည်ဟု ခံစားလိုက်ရလေသည်။

"ငါ့မျက်လုံးထဲမှာတော့ နင်က ပုရွက်ဆိတ်လောက်တောင် အရည်အချင်းမရှိဘူး"

"ငါ နင့်ကို မသတ်လိုက်ရတဲ့ အကြောင်းရင်းက... နင့်ရဲ့သခင်ဆိုတာက ဘယ်လောက်တောင် မိုက်မဲပြီး အသုံးမကျသလဲဆိုတာ သိစေချင်သေးလို့ပဲ"

ကျန်းစန်းယီက လျစ်လျူရှုစွာ ပြောလိုက်သည်။ သူက ကျောက်ဧကရာဇ်လေးနှင့် ရင်ဆိုင်ရလျှင်ပင် တုန်လှုပ်နေမည် မဟုတ်ပါ။

ထိုစကားကိုကြားတော့ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ အံ့ဩသွားကြသည်။

"ကျန်းမိသားစုရဲ့ နတ်ဘုရားမက မျိုးစေ့အဆင့် ပါရမီရှင်တွေကိုတောင် ပုရွက်ဆိတ်လို့ သတ်မှတ်နိုင်လောက်အောင် သန်မာနေပြီလား"

"နောက်ပြီးတော့ သူက လှပသလောက် ရဲရင့်တယ်နော်။ ဒီလို ကြီးစိုးတဲ့ မိန်းမလှမျိုးကို ငါ တကယ်သဘောကျတယ်"

ယောက်ချီဘက်တွင်...

ယောက်ချီသခင်မက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"အားလုံးပဲ၊ ဒီကိစ္စက ပြီးပြီ။ နောက်ထပ် ဆွေးနွေးစရာမရှိတော့ဘူး"

"ပြီးပြီလား၊ ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး"

အရိုးစုမိန်းမပျိုက မုန်းတီးစွာ အော်ဟစ်လိုက်၏။

ဤသည်မှာ ကျောက်ဧကရာဇ်လေးက သူတို့ကို ပေးအပ်ထားသောတာဝန် ဖြစ်သည်။ သူတို့က မည်ကဲ့သို့ လက်လျှော့ပြန်သွားရမည်နည်း။

ထိုအချိန်တွင်၊ မြင့်မြတ်ဝိညာဉ်ကျွန်း၏ သတ္တဝါများကြားမှ ခရမ်းရောင်ရွှေ မြင့်မြတ်ဝိညာဉ် ချီလင်က ရှေ့သို့ ထွက်လာသည်။

သူ့တကိုယ်လုံးက ခရမ်းရွှေရောင် အလင်းများ တောက်ပနေ၏။

"ခရမ်းရောင်ရွှေ မြင့်မြင်ဝိညာဉ်"

ခရမ်းရောင်ရွှေချီလင်ကို မြင်လိုက်ရပြီးနောက် ဟောက်ယန်မြင့်မြတ်နယ်မြေ၊ ထိုက်ရွှမ်ဂိုဏ်းနှင့် ချင်ရှကောင်းကင်ဂူမှ အကျော်အမော်များ အသက်ပြင်းပြင်းရှူလိုက်မိကြသည်။

ခရမ်းရောင်ရွှေ မြင့်မြတ်ချီလင်က ခရမ်းရောင်ရွှေနတ်အမှတ်အသားမှ တည်ဆောက်ထားခြင်း ဖြစ်၏။

ဤသည်မှာ ခရမ်းရောင်ရွှေ နတ်အမှတ်အသားများမှ အသွင်ပြောင်းလာသော မြင့်မြတ်ဝိညာဉ် ဖြစ်သည်။

ထို့ထက်၊ သူ့အရှိန်အဝါက ပို၍ အံ့ဖွယ်ကောင်း၏။ သူက ပျက်စီးခြင်းတာအိုသခင် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီး ဧကရာဇ်တစ်ပိုင်းအဆင့်မှ ခြေတစ်လှမ်းသာ ဝေးတော့သည်။

"ဒီခရမ်းရောင်ရွှေချီလင်က ကျောက်ဧကရာဇ်လေးရဲ့ ဖခင်... မြင့်မြတ်ဝိညာဉ်ကျွန်းက မဟာမြင့်မြတ်ဝိညာဉ်ရဲ့ တွဲဖက် မြင့်မြတ်ဝိညာဉ်သားရဲ ဖြစ်ပုံရတယ်"

တွဲဖက် မြင့်မြတ်ဝိညာဉ်သားရဲများမှာ တန်ခိုးကြီးမားသော မြင့်မြတ်ဝိညာဉ် အကျော်အမော်များ၏ဘေးတွင် ဖြစ်ပေါ်လာသည့် မြင့်မြတ်ဝိညာဉ်များ ဖြစ်သည်။

နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးနောက် သူ၏ခွန်အားက သာမန်မဟုတ်မှာတော့ သေချာလှပေသည်။

"ဝင်ပေါက်ကိုးခု‌ ကျောက်သန္ဓေကို လွှဲအပ်ပါ။ မဟုတ်ရင် ဒီနေ့ ယောက်ချီမြင့်မြတ်မြေကို မြေလှန်ရလိမ့်မယ်"

ခရမ်းရောင်ရွှေ မြင့်မြတ်ချီလင်က လျစ်လျူရှုစွာ ပြောလိုက်သည်။

သူသည် မဟာမြင့်မြတ်ဝိညာဉ်၏နောက်သို့ အချိန်အတော်ကြာအောင် လိုက်ပါခဲ့၍ မြင့်မားပြီး ကြီးစိုးသည့် အကျင့်တစ်ခု စွဲနေပြီ ဖြစ်သည်။

ဤတစ်ကြိမ်မှာတော့ သူ၏သခင်လေး ကျောက်ဧကရာဇ်လေးအတွက် အထူး ရောက်ရှိလာခြင်း ဖြစ်ချေသည်။

ယောက်ချီသခင်မ၏ အမူအရာက အနည်းငယ် ပျက်သွားသည်။

သူတို့နှစ်ဦးစလုံးက ပျက်စီးခြင်းတာအိုသခင်များ ဖြစ်ကြသော်လည်း၊ ခရမ်းရောင်ရွှေ မြင့်မြတ်ချီလင်က ပိုအားကောင်း၏။

ထို့ပြင်၊ မြင့်မြတ်ဝိညာဉ်များက တူညီသောအဆင့်တွင် လူသားမျိုးနွယ်ဝင် ကျင့်ကြံသူများထက် အားသာချက်ရှိသည်။

ယွီချင်းနင်မှာလည်း...

သူသည် တစ်ချိန်က ယောက်ချီ၏ ကျောင်းအုပ်ကြီးတစ်ဦး ဖြစ်ခဲ့သည့်တိုင် ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ပြီးနောက် သူမ၏ခွန်အားက အထွတ်အထိပ်နှင့်‌ ဝေးကွာနေသေးသည်။

ယောက်ချီတွင် ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ဦးရှိတာ မှန်သည်။ သို့ရာတွင် သူက နက်နက်ရှိုင်းရှိုင်း အိပ်စက်နေ၏။ သူ့ကို နှိုးလိုပါက တန်ကြေးတစ်ခုကို ပေး‌ဆပ်ရလိမ့်မည်။

ယောက်ချီမြင့်မြတ်မြေက ယခုအခါ ကျဉ်းထဲကျပ်ထဲသို့ ရောက်နေပြီဟု ဆိုနိုင်သည်။

ထိုအချိန်တွင်၊ ကျန်းစန်းယီ ပေါ့ပါးသော ခြေလှမ်းများဖြင့် ရှေ့သို့ ထွက်လာသည်။ သူမ၏ လှပသော မျက်နှာမှာလည်း ကန်ရေပြင်ကဲ့သို့ ငြိမ်သက်နေလေသည်။

"ဆရာ... သခင်မ၊ ဒီကိစ္စက ကျွန်မကြောင့် ဖြစ်ရတာမို့ ကျွန်မတစ်ယောက်တည်းပဲ ဖြေရှင်းပါရစေ"

"မဖြစ်ပါဘူး"

ယောက်ချီသခင်မ၊ မဟာအကြီးအကဲနှင့် အခြားသူများ အားလုံးက ချက်ချင်း တားဆီးလိုက်၏။

ကျန်းစန်းယီကို ခေါ်ယူနိုင်ခဲ့သည်ကပင် သူတို့အတွက် ကံကောင်းခြင်းတစ်ခုဖြစ်နေပြီ ဖြစ်သည်။

အရာအားလုံးကို သူမတစ်ယောက်တည်း မည်ကဲ့သို့ ရင်ဆိုင်ရစေမည်နည်း။

ကျန်းစန်းယီက ပြန်မပြောဘဲ ခေါင်းကိုသာ အနည်းငယ်ခါယမ်းလိုက်သည်။

ထို့နောက် သူမက ရှေ့ကို ခြေတစ်လှမ်းတိုပြီး ပြောလိုက်၏။

"ဝင်ပေါက်ကိုးခု ကျောက်သန္ဓေကို လွယ်လွယ်ကူကူ ရချင်ရင်တော့ မဖြစ်နိုင်ဘူး။ အစွမ်းရှိမယ်ထင်ရင် ကိုယ်တိုင်လာယူလိုက်ပါ"

ခရမ်းရောင်ရွှေ မြင့်မြတ်ချီလင်ကဲ့သို့ အကျော်အမော်တစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါတွင်ပင် ကျန်းစန်းယီက ကြောက်ရွံ့ခြင်း အလျှင်းမရှိပါ။

"မင်းက ကျန်းမိသားစုအထောက်အထားနဲ့ တခြားသူတွေကို ဖိနှိပ်ဖို့ ကြိုးစားနေတာလား"

ခရမ်းရောင်ရွှေ မြင့်မြတ်ချီလင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

ကျန်းစန်းယီ၏ အင်အားသက်သက်ဖြင့် သူတို့ကို ခြိမ်းခြောက်ရန် မဖြစ်နိုင်ပေ။

"ကျုပ် သွားဆုံးမလိုက်မယ်"

မြင့်မြတ်ဝိညာဉ်ကျွန်းဘက်မှ ကောင်းကင်အဓိပဓိငယ်အဆင့် ပညာရှင်တစ်ဦး ထွက်လာသည်။ သူ့တကိုယ်လုံးက ငွေတုံးကဲ့သို့ ငွေရောင်တောက်ပနေ၏။ သူကား ပင်လယ်နက်ငွေ အပိုင်းအစမှ အသွင်ပြောင်းလာသော မြင့်မြတ်ဝိညာဉ် ဖြစ်သည်။

ကောင်းကင်အဓိပဓိငယ်အဆင့် ထိုမြင့်မြတ်ဝိညာဉ်က ကျန်းစန်းယီကို တိုက်ရိုက် ဖိနှိပ်လိုက်၏။

"ဟမ့်၊ ဒီတစ်ခါ နင် ဘာတတ်နိုင်ဦးမလဲ ကြည့်ရသေးတာပေါ့"

အရိုးစုမိန်းမပျို၏ မျက်နှာက ရက်စက်မှုနှင့် ကျေနပ်ဝမ်းမြောက်မှုတို့ ပေါ်လာသည်။

သူမက ကျန်းစန်းယီကို မယှဉ်နိုင်သော်လည်း... ယင်းက ကျန်းစန်းယီကို ပြိုင်ဘက်ကင်းနေပြီဟု မဆိုလိုပေ။

ကျန်းစန်းယီ၏ မျက်လုံးများက ပို၍ အေးစက်လာသည်။ သူမက ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်၏။

သို့သော်၊ ထိုအချိန်တွင်...

ကောင်းကင်ကြီး ပြိုကျသကဲ့သို့ ဧရာမ လက်ကြီးတစ်ဖက်က ကောင်းကင်မှ ရုတ်တရက် ပေါ်လာသည်။

ဧရာမ လက်ကြီးက ကောင်းကင်အဓိပဓိငယ်အဆင့် မြင့်မြတ်ဝိညာဉ်ကို ဖိချလိုက်၏။

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီး မြေကြီး အက်ကွဲသွားသည်။

အောက်ဘက်မှ မြင့်မြတ်ဝိညာဉ်မှာလည်း မြေကြီးထဲသို့ တိုက်ရိုက်နစ်ဝင်သွားပြီး သေသလား၊ရှင်သလား မသိရတော့ပေ။

"မြင့်မြတ်ဝိညာဉ်ကျွန်း၊ မင်းတို့အားလုံး မျိုးဖြုတ်ခံချင်နေကြပြီလား"

အလွန်အေးစက်ပြီး လျစ်လျူရှုထားသော အသံတစ်ခုက ကျယ်လောင်စွာ ပဲ့တင်ထပ်ပြီး ထွက်ပေါ်လာခဲ့သည်။

ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကြောင့် လူအများ အံ့ဩတုန်လှုပ်သွားကြ၏။

ကျန်းစန်းယီကတော့ ထိုအသံကိုကြားရသောအခါ၊ သူမ၏ ခန္ဓာကိုယ်ကလေးက သိမ့်ခနဲ တုန်သွားသည်။ မြင့်မားပြီး ဝေးကွာသော အနေအထားကလည်း ရုတ်တရက် ပျောက်ကွယ်သွား၏။

သူမ၏ မျက်လုံးအိမ်များက စိုစွတ်လာတော့သည်။

အချိန်ရာသီများ မည်မျှပင် ကုန်လွန်သွားခဲ့ပါစေ...

ဤအသံကို သူမ၏ နှလုံးသားက ဘယ်တော့မှ မေ့သွားလိမ့်မည် မဟုတ်ပေ။

All Chapters