← Chapters

အခန်း ၁၁၃၄

Vol. 76 Ch. 1134

အခန်း ၁၁၃၄

Vol. 76 Ch. 1134

အခန်း ( ၁၁၃၄ ) ပစ္စည်းကောင်းတွေကို အလဟသ အဖြစ်မခံနိုင်ဘူး။

"ဒီ... ဒီအငွေ့အသက်က..."

"ဒါက ခရမ်းရောင်ရွှေ ချီလင်ထက် ပိုပြီး အစွမ်းထက်တယ်လို့ ဘာဖြစ်လို့ ခံစားနေရတာလဲ"

"ဧကရာဇ်တစ်ပိုင်း... ဒါက ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်ပဲ"

ထိုက်ရွှမ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။

ကျွင်းရှောင်ယောက် စီးနင်းလာသော မိုးပြာရောင် ဂဠုန်ငှက်ကြီးက ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော် ဖြစ်လာ၏။

ယင်းကြောင့် လက်ရှိ လော့ထျန်းအင်မော်တယ်နယ်မြေကြီးမှ အင်အားစုများနှင့် ကျင့်ကြံသူများအားလုံး တုန်လှုပ်ချောက်ချားသွားတော့သည်။

ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်က စီးတော်သားရဲ ဖြစ်နေသည်။

ယင်းက တွေးကြည့်ရန်ပင် မလွယ်ပေ။

ကျွင်းမိသားစု၏ အခြေခံအုတ်မြစ်က အားကောင်းလွန်းလျှင်ပင် ဤမျှတော့ မဖြစ်သင့်ပေ။

အင်မော်တယ်အင်အားစုများတွင်ပင် ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်က ကျောရိုးများဖြစ်ပြီး အခြေခံအုတ်မြစ်သဖွယ် တည်ရှိမှုများဖြစ်ကြောင်း သိထားကြရမည် ဖြစ်သည်။

ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်ကို မည်သူမျှ နှိမ့်ချ၍မရပေ။

လူတိုင်း၏ အံ့သြတုန်လှုပ်သော အကြည့်များကို သတိပြုမိတော့ ဘုရင်ဖုဖုန်းက နှာခေါင်းရှုံ့လိုက်သည်။ သူက အေးစက်စက်ဖြင့် ပြောလိုက်၏။

"ဟမ့်၊ ဘာတွေ အထူးအဆန်း ဖြစ်နေကြတာလဲ။ ငါ့သခင်က တိုင်းတပါးရဲ့ အန္တိမကပ်ဘေးကြီးကိုတောင် သတ်ခဲ့တာ။ သူက ဘာလဲဆိုတာ သိကြရဲ့လား။ အဲဒါက ဧကရာဇ်တွေထက်တောင် အဆအများကြီး ပိုအစွမ်းထက်တဲ့ တည်ရှိမှုကွ။ သိကြရဲ့လား"

သူ့သခင်က သန်မာလွန်း‌‌သောကြောင့် စီးတော်ဖြစ်ရလျှင်ပင် သူ့အတွက် အရှက်ရစရာ မရှိပေ။

ယင်းက ဘုရင်ဖုဖုန်း၏ အတွေး ဖြစ်သည်။

"တိုင်းတပါးရဲ့ အန္တိမကပ်ဘေးကြီးက ဘာလဲ"

ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများ စိတ်ရှုပ်ထွေးသွားကြသည်။

သို့သော်လည်း၊ အနည်းဆုံးတော့ ဧကရာဇ်များထက် အဆပေါင်းများစွာ အစွမ်းထက်သည်ဟု သူတို့ ကြားခဲ့ရ၏။

ကျွင်းရှောင်ယောက်က ဧကရာဇ်တစ်ပါးထက် သန်မာသောသူကို မည်သို့သတ်နိုင်မည်နည်း။

ဟောက်ယန်မြင့်မြတ်နယ်မြေ၊ ထိုက်ရွှမ်ဂိုဏ်း၊နှင့် ချင်ရှကောင်းကင်ဂူမှ အဆင့်မြင့် ပုဂ္ဂိုလ်များမှာတော့ အမူအရာများ အနည်းငယ် ပြောင်းလဲသွားကြသည်။

ဤအဆင့်မြင့် အကျော်အမော်များက အကြောင်းရာတချို့ကို သိပေသည်။

"ဘယ်လို၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အန္တိမကပ်ဘေးကြီးကို သတ်လိုက်တာလား"

အဆင့်မြင့် အကျော်အမော်များအားလုံး အံ့ဩသွားကြသည်။

ဧကရာဇ်တစ်ပိုင်း အကျော်အမော်ကတော့ စကားကို ကြုံရာကျပန်း ပြောလိမ့်မည်ဟု သူတို့မထင်ပေ။

ယောက်ချီဘက်တွင်...

ယောက်ချီသခင်မ၏ အနီရဲရဲ နှုတ်ခမ်းအစုံက ပွင့်ဟနေသည်။

သူတို့ ယောက်ချီမြင့်မြတ်မြေ၏ အသန်မာဆုံး နောက်ခံကတောင် ဧကရာဇ်တစ်ပိုင်းအဆင့်ထက် မပိုပါ။

ယခုတော့ ကျွင်းရှောင်ယောက်၏ စီးတော်သားရဲပင်လျှင် ဧကရာဇ်တစ်ပိုင်း ဖြစ်နေသည်။

ဤကွာဟချက်က တွေးကြည့်ရန်ပင် မလွယ်ပေ။

တစ်ဖက်မှာလည်း အရိုးစုမိန်းမပျို တုန်လှုပ်သွားသည်။ ယခုမှသာ သူမ၏ ယခင် အတွေးအမြင်များက မည်မျှ မိုက်မဲပြီး ရယ်စရာကောင်းမှန်း သိလိုက်ရလေသည်။

ခရမ်းရောင်ရွှေ ချီလင်လည်း ယခင်ကကဲ့သို့ မောက်မာမှုမျိုး မရှိတော့ပါ။

သူ့မျက်လုံးများက အံ့ဩမှုတို့ ပြည့်နေသည်။ ထို့နောက်တွင် သူက သံသယဖြင့် မေးလိုက်၏။

"ခင်ဗျားက ကျွင်းမိသားစုက ဖြစ်မယ်ထင်တယ်။ ဧကရာဇ်တစ်ပိုင်း အကျော်အမော်ဖြစ်ပြီး ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေရတာလဲ"

ခရမ်းရောင်ရွှေ ချီလင်က ပျက်စီးခြင်းတာအိုသခင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီး ဧကရာဇ်တစ်ပိုင်းမှ ခြေတစ်လှမ်းသာ ဝေးသည်။

သို့သော်လည်း ထိုခြေတစ်လှမ်း၏ ကွာဟချက်က မိုးနှင့်မြေကဲ့သို့ပင်။

သူက မြင့်မြတ်ဝိညာဉ်ဖြစ်သော်လည်း ထိုကွာဟချက်ကို ဖြည့်ဆည်းရန် ခက်ခဲသည်။

"ငါ့သခင်ကို စော်ကားဝံ့မှတော့ မင်း အသက်ရှင်ဖို့ အခွင့်အလမ်းမရှိတော့ဘူး"

ဘုရင်ဖုဖုန်းက အလွန်ပြတ်သားသည်။ သူက အပိုစကားများမပြောဘဲ တိုက်ရိုက် တိုက်ခိုက်လိုက်၏။

သူ့အသက်က ကျွင်းရှောင်ယောက်၏ အတွေးတစ်ခုအပေါ်တွင် မူတည်သည်။

ထို့ကြောင့် အခါအခွင့်သင့်လျှင် ကောင်းစွာပြုမူပြီး သူ၏ သစ္စာစောင့်သိမှုကို ဖော်ပြရလိမ့်မည်။

ထို့ပြင်၊ ကျွင်းရှောင်ယောက်မှ အန္တိမကပ်ဘေးကြီးကို သတ်လိုက်ပြီးနောက်... ဘုရင်ဖုဖုန်းသည် ကျွင်းရှောင်ယောက်၏ စီးတော်သားရဲဖြစ်ရသော်လည်း ရှက်စရာမဟုတ်ဘူးဟု အမှန်တကယ် ခံစားခဲ့ရသည်။

ဘုရင်ဖုဖုန်းက ခရမ်းရောင်ရွှေ ချီလင်ကို တိုက်ရိုက်ဆွဲခေါ်ပြီး ကောင်းကင်သို့ ထိုးတက်သွားသည်။

သူတို့သာ မြေပြင်တွင် တိုက်ခိုက်ပါက ယောက်ချီမြင့်မြတ်မြေတစ်ခုလုံး ပျက်စီးသွားမည်ကို ကြောက်ရပေသည်။

နောက်ဆုံးတွင်၊ ဤသည်က ဧကရာဇ်တစ်ပိုင်းအဆင့် တိုက်ပွဲ ဖြစ်သည်။

"ဝုန်း"

ကောင်းကင်တွင် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။ ကောင်းကင်က ပြိုကျသွားတော့မည်ကဲ့သို့ပင်။

ဘုရင်ဖုဖုန်းက ခပ်ကုပ်ကုပ်သာနေသော်လည်း ကျွင်းရှောင်ယောက်နှင့် ကျွင်းဝူဟွေ့၏ရှေ့တွင်သာ ဖြစ်သည်။

တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်က မြင့်မြတ်ဝိညာဉ်ကျွန်းမှ သတ္တဝါများကို စိုက်ကြည့်နေသည်။

"ယောက်ချီမြင့်မြတ်မြေ၊ ခင်ဗျားတို့ မလှုပ်ရှားကြဘူးလား"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါပေမဲ့..."

ယောက်ချီ အကြီးအကဲကြီးနှင့် အခြားသူများက တုံ့ဆိုင်းနေကြသေး၏။

နောက်ဆုံးတွင်၊ မြင့်မြတ်ဝိညာဉ်ကျွန်းက သူတို့ ထိပါး၍ရသော အရာမဟုတ်ပေ။

"ကောင်းပြီ၊ ငါတစ်ယောက်တည်း ခေါင်းခံမယ်"

"မြင့်မြတ်ဝိညာဉ်ကျွန်းက ဘာလုပ်နိုင်ဦးမလဲ ငါ ကြည့်ချင်မိတယ်"

ကျွင်းရှောင်ယောက်က သူ့အင်္ကျီလက်ကို ဆတ်ခနဲ ခါယမ်းပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။

ဤမြင်ကွင်းကြောင့် လူအများ သက်ပြင်းချလိုက်ကြလေသည်။

ဤကဲ့သို့ လွှမ်းမိုးထားသော ကိုယ်ဟန်အနေထား...

သူက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်၏ နတ်ဘုရားသားတော် ဖြစ်ထိုက်သည်။

"နတ်ဘုရားသားတော်က ပြောနေမှတော့ ငါတို့ ဘာဖြစ်လို့ နောက်ဆုတ်နေရဦးမှာလဲ"

ယောက်ချီသခင်မက ပြောဆိုပြီး ပထမဆုံး လှုပ်ရှားလိုက်သည်။

ယောက်ချီမြင့်မြတ်မြေက မြင့်မြတ်ဝိညာဉ်ကျွန်း၏ စော်ကားခံနေရတာ ကြာပြီ။

ယခုတော့ ကျွင်းရှောင်ယောက်၏ ပံ့ပိုးမှုဖြင့် သူတို့ စိုးရိမ်စရာမလိုတော့ပေ။

ကျန်းစန်းယီနှင့် ပတ်သက်မှုကြောင့်လည်း ကျွင်းရှောင်ယောက်သည် ယောက်ချီမြင့်မြတ်မြေကို အကာကွယ်ပေးနေမည်မှာ သေချာသည်။

ယောက်ချီသခင်မ၊ ယွီချင်းနင်နှင့် အခြားသူများ ပါဝင်လာသောအခါ အခြေအနေက တစ်ဖက်သတ် ဖြစ်လာသည်။

ခရမ်းရောင်ရွှေ ချီလင်သားရဲ မရှိပါက၊ ယောက်ချီသခင်မ တစ်ဦးတည်းက မြင့်မြတ်ဝိညာဉ်ကျွန်း၏ သတ္တဝါများကို ကောင်းစွာကိုင်တွယ်နိုင်ပေသည်။

'သူက မသေတဲ့အပြင် ပိုထက်မြက်ပြီး အံ့ဖွယ်ကောင်းတဲ့ နည်းလမ်းမျိုးနဲ့ ပြန်ပေါ်လာမယ်လို့ မထင်ထားဘူး'

ကျန်းစန်းယီ၏ ဘေးတွင် လှပပြီး သွယ်လျသော မိန်းကလေးတစ်ယောက် ရပ်နေသည်။

သူ၏ ဦးခေါင်းအနောက်ဘက်တွင် နတ်လက်စွပ်ကွင်းကိုးခုက တောက်ပနေ၏။

သူကား ကောင်းကင်ပိုးတောင်ကြားမှ ပိုးမင်းသမီး ဖြစ်သည်။

အဆုံးစွန်ရှေးဟောင်းလမ်းတွင်၊ ပိုးမင်းသမီးက ကျော်ကြားသော အသွင်ပြောင်းခြင်းကိုးခု နတ်ပိုးကောင် ဖြစ်၏။

သို့သော်လည်း ဧကရာဇ်သင်္ချိုင်းကြယ်တွင် ကျွင်းရှောင်ယောက်၏ ဖိနှိပ်ခြင်းခံရကာ ကျန်းစန်းယီ၏ ကျွန်တစ်ဦး ဖြစ်လာခဲ့ရသည်။

"ရှောင်ယောက်က ဘယ်တော့မှ စိတ်မပျက်စေဘူးဆိုတာ ငါသိတယ်"

ကျန်းစန်းယီက လှပစွာ ပြုံးလိုက်သည်။

ယင်းကိုမြင်တော့ ပိုးမင်းသမီး အနည်းငယ် အံ့ဩသွား၏။

ကျန်းစန်းယီသည် ပုံမှန်အားဖြင့် ရေခဲတောင်ကဲ့သို့ မအေးစက်သော်လည်း အေးစက်စက်ရှိနေဆဲ ဖြစ်သည်။ သူက ပြုံးရယ်ခဲပြီး ကျင့်ကြံမှုကိုသာ အာရုံစိုက်နေပေသည်။

ယခုတော့ ကျွင်းရှောင်ယောက်ကို တွေ့လိုက်ရပြီးနောက် လှပစွာပြုံးနေပြီး ချစ်စဖွယ်ကောင်းသော မိန်းမပျိုလေးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုအချိန်တွင်၊ ကောင်းကင်က ပြင်းထန်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။

ခရမ်းရောင်ရွှေ ချီလင်က ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ကောင်းကင်ယံမှ ပြုတ်ကျလာ၏။

သူက ဧကရာဇ်တစ်ပိုင်းနှင့် အနည်းငယ် လိုနေသေးကြောင်း ထင်ရှားသည်။

"အကြီးအကဲ..."

အရိုးစုမိန်းမပျိုက သူ့တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ သူမ၏ မျက်လုံးများတွင်လည်း ကြောက်ရွံ့မှုများ ပေါ်လာ၏။

ခရမ်းရောင်ရွှေချီလင် ရှုံးနိမ့်သွားသောကြောင့် ယခုတစ်ကြိမ်တွင် သူတို့ အန္တရာယ်ရှိနေပြီ။

ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်က အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးကို ထုတ်ယူလိုက်သည်။

"ဒီလို ပစ္စည်းကောင်းတွေကို မဖြုန်းတီးရဘူး"

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။

သူ့အမြင်တွင် မြင့်မြတ်ဝိညာဉ်ကျွန်းမှ သတ္တဝါများက ရတနာပစ္စည်းများ ဖြစ်သည်။

ဤမျှ အဆင့်မြင့်သော နတ်အမှတ်အသားဖြင့် ခရမ်းရောင်ရွှေကို မည်သည့်နေရာတွင် ရှာဖွေရမည်နည်း။ မြင့်မြတ်ဝိညာဉ်များသာလျှင် ဤအဆင့်သို့ရောက်ရှိနိုင်သည်။

ထို့ကြောင့်ပင် ရှေးဦးကာလက၊ ဧကရာဇ်လက်နက်နှင့် အင်မော်တယ်လက်နက်များ သန့်စင်ရန်အတွက် မဟာမြင့်မြတ်ဝိညာဉ်များကို အမဲလိုက်သူများ ရှိခဲ့ဖူးသည်။

ဟုတ်ပေသည်၊ မဟာမြင့်မြတ်ဝိညာဉ်များက သွားရှုပ်ရန် လွယ်ကူတာတော့ မဟုတ်ပေ။ သူတို့ကို အမဲလိုက်ရင်း ကိုယ်တိုင်လည်း သေဆုံးရနိုင်ချေများသည်။

All Chapters