အခန်း ၁၁၃၆
Vol. 76 Ch. 1136
အခန်း ( ၁၁၃၆ ) နွေးထွေးသော အခိုက်အတန့်လေး။
ယောက်ချီမြင့်မြတ်မြေက မူလအတိုင်း ပြန်လည် တည်ငြိမ်သွားပြီသည်။
မြင့်မြတ်ဝိညာဉ်ကျွန်းကို ဤမျှ သနားစရာကောင်းသောပုံစံဖြင့် အဆုံးသတ်သွားမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။
သူတို့ သေသွားလျှင်ပင် ဖြေသာသေးသော်လည်း သတ္တုတုံးများကဲ့သို့ သန့်စင်ခံခဲ့ရသည်။
မြင့်မြတ်ဝိညာဉ်ကျွန်းအတွက်၊ ဤသည်မှာ အရှက်ရဆုံးနည်းလမ်းပင်။
သို့သော်လည်း ကျွင်းရှောင်ယောက်က လုံးဝ ဂရုမစိုက်ပါ။
ယခုအချိန်တွင်၊ သူ့မျက်လုံးထဲမှာ...
အဖြူရောင် ဆံနွယ်ရှည်တို့ဖြင့် လှပသော မိန်းကလေး တစ်ယောက်သာ ရှိသည်။
"ရှောင်ယောက်..."
ကျန်းစန်းယီ၏ မျက်နှာပေါ်တွင် ချိုသာသော အပြုံးတစ်ခု ပေါ်လာသည်။
ဤအပြုံးက ရှည်ကြာသော တောင့်တမှုတို့မှ ပေါ်ပေါက်လာသောအပြုံးမျိုး ဖြစ်၏။
ကျွင်းရှောင်ယောက်က တိတ်တဆိတ် ပျောက်ကွယ်သွားမည့်သူမဟုတ်မှန်း သူ အမြဲတမ်း ယုံကြည်နေခဲ့သည်။
ထို့ကြောင့်ပင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့လေသည်။
ဤအခိုက်တွင်၊ ကျန်းစန်းယီက တစ်ဖက်မှာ ရပ်နေသည်။
သူမက ကျန်းလော့လီကဲ့သို့ ကျွင်းရှောင်ယောက်ကို ချက်ချင်း ပွေ့ဖက်လိုက်ခြင်း မရှိပေ။
ကျန်းလော့လီနှင့်ယှဉ်လျှင်၊ သူမက ချုပ်တီးမှုရှိသည်။
ကျွင်းရှောင်ယောက် ပြန်လာနိုင်သရွေ့ သူမ အလွန်ပျော်နေလိမ့်မည်။
သို့သော်...
ကျန်းစန်းယီကို အံ့အားသင့်ခဲ့ရသည်။
နောက်အခိုက်တွင်၊ ကျွင်းရှောင်ယောက်က ရှေ့သို့တိုးလာပြီး သူမကို ပွေ့ဖက်လိုက်၏။
ကျန်းစန်းယီ တကယ်ကို အံ့အားသင့်သွားသည်။
ကျွင်းရှောင်ယောက်၏ ပင်ကိုယ်စရိုက် တည်ငြိမ်ပြီး အေးစက်ကြောင်း သူမ သိပေသည်။
သူ့ရင်ထဲတွင် ခံစားချက်များ ရှိနေလျှင်ပင် ထုတ်ပြခဲသည်။
သို့သော်...
ကျွင်းရှောင်ယောက်က အနာဂတ်အပိုင်းအစမှ မြင်ကွင်းများကို မြင်တွေ့ထားတာကိုတော့ သူမအနေဖြင့် မသိနိုင်တော့ပေ။
"ရှောင်ယောက်၊ မင်း..."
ကျန်းစန်းယီ၏ လှပသော မျက်နှာလေးက ပန်းနုရောင်သန်းနေသည်။ သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးကလည်း တုန်ယင်နေ၏။
ကျွင်းရှောင်ယောက်က ဘာမျှမပြောပေ။ သူ၏ ရင်ခွင်ထဲတွင် ဦးခေါင်းဝှက်ထားသော ချစ်ရသူ၏ ကိုယ်သင်းနံ့ကို နမ်းရှိုက်လိုက်သည်။
"ရှောင်ယောက်... မင်း အများကြီး ဖြတ်သန်းခဲ့ရမှာပဲ"
လူတိုင်း၏ရှေ့တွင် ပွေ့ဖက်ခံရခြင်းကြောင့် ကျန်းစန်းယီမှာ ရှက်ရွံ့နေသော်လည်း ရုန်းဖယ်ခြင်း မပြုပေ။
ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် တစ်ခုခုရှိနေပုံရကြောင်း သူမ ခံစားနိုင်သည်။
ကျန်းစန်းယီလည်း ကျွင်းရှောင်ယောက်ကို ပြန်လည်ပွေ့ဖက်လိုက်လေသည်။
ကျွင်းရှောင်ယောက်က သူမ ချစ်ရသူ ဖြစ်သည်။
ထိုမြင်ကွင်းကိုမြင်တော့ ယွီချင်းနင်၊ ယောက်ချီသခင်မနှင့် အခြားသူများလည်း ကျေနပ်စွာ ပြုံးလိုက်ကြလေသည်။
ကျန်းလော့လီ၏ မျက်နှာလေးမှာလည်း ကြည်လင်ပြီး အပြုံးတစ်ခု ရှိနေသည်။
ကျွင်းရှောင်ယောက်က သူမ ချစ်ရသူ ဖြစ်သည်။
ကျန်းစန်းယီကလည်း သူမနှင့် အရင်းနှီးဆုံးသူ ဖြစ်၏။
သူတို့ ပျော်ရွှင်စွာ ရှိနေကြသရွေ့ လုံလောက်ပေလိမ့်မည်။
"အဟမ်း... အဟမ်း၊ နတ်ဘုရားသားတော်... ရှင် ကျွန်မတို့ရဲ့ ယောက်ချီမြင့်မြတ်မြေမှာ ဘာဖြစ်လို့ အနားမယူရတာလဲ"
ချိုမြိန်သော ဤအခိုက်အတန့်လေးကို မဖျက်ဆီးလိုသော်လည်း ယောက်ချီသခင်မက ခြောက်ကပ်ကပ်ဖြင့် ချောင်းဟန့်ကာ ပြောလိုက်သည်။
ကျန်းစန်းယီ၏ လှပသော မျက်နှာလေးမှာတော့ ရှက်ရွံ့မှုကြောင့် နီရဲနေတော့သည်။
"ကောင်းပြီ"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။
သူက လွတ်လပ်ပေါ့ပါးပြီး အနည်းငယ်မျှ ရှက်ရွံ့မှုမရှိပေ။
ယောက်ချီသခင်မက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"အားလုံးပဲ... ပြပွဲပြီးပြီမို့ ကျေးဇူးပြုပြီး ပြန်နိုင်ကြပါပြီ"
ဟောက်ယန်မြင့်မြတ်မြေ၊ ထိုက်ရွှမ်ဂိုဏ်းနှင့် ချင်ရှကောင်းကင်ဂူမှ ပညာရှင်များလည်း လက်ယှက်ပြပြီး နှုတ်ဆက်ကာ ထွက်သွားကြလေသည်။
ယောက်ချီမြင့်မြတ်မြေက တည်ငြိမ်သွားပြီမှန်း သူတို့အားလုံး သိကြသည်။
ကျွင်းရှောင်ယောက် ရှိနေသရွေ့၊ ယောက်ချီမြင့်မြတ်မြေလည်း ရှိနေလိမ့်မည်။
"နတ်ဘုရားသားတော်၊ ကျေးဇူးပြုပြီး..."
ယောက်ချီသခင်မက ပြုံးပြလိုက်သည်။
သူမက တန်ခိုးကြီးမားသည့် ပျက်စီးခြင်းတာအိုသခင်တစ်ပါးဖြစ်သော်လည်း အလွန်နှိမ့်ချကာ ကျွင်းရှောင်ယောက်၏ရှေ့တွင် မော်ကြွားမှုမရှိပေ။
"ဒီက အကြီးအကဲ..."
ယောက်ချီသခင်မ ဘုရင်ဖုဖုန်းကိုလည်း ဖိတ်ခေါ်လိုက်သည်။
ဘုရင်ဖုဖုန်းက အနည်းငယ် ခေါင်းညိတ်လိုက်၏။ ယခုတော့လည်း တန်ခိုးကြီးမားသော ဧကရာဇ်တစ်ပိုင်းအဖြစ် သူ၏ ဘုန်းတန်ခိုးနှင့် ယုံကြည်မှုအချို့ကို ပြန်လည်ရရှိလာပြီ။
သူတို့အားလုံး ယောက်ချီမြင့်မြတ်မြေသို့ ဝင်ရောက်သွားကြသည်။
ထိုအခါ ယောက်ချီမှ တပည့်များစွာပေါ်လာပြီး ကျွင်းရှောင်ယောက်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကြလေသည်။
"အဲဒါက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်လား။ အရင်က သူဆုံးသွားပြီလို့ ကောလဟာလတွေ ထွက်ခဲ့သေးတယ်။ ဒီနေရာမှာ သူ့ကို ပြန်ပေါ်လာမယ်လို့ မမျှော်လင့်ထားဘူး"
"အရမ်းချောတာပဲ၊ သူတော်စင်တောင်မှ သူ့ကို စွဲလန်းနေတာ အံ့သြစရာ မရှိတော့ပါဘူး"
ယောက်ချီမှ တပည့်မလေးများက တီးတိုး ပြောဆိုလိုက်ကြသည်။
"ဒီနေ့မှာ နတ်ဘုရားသားတော်ရဲ့ အကူအညီအတွက် ကျေးဇူးတင်မိပါတယ်။ အဲဒီအတွက် ပွဲတစ်ခု ကျင်းပပေးဖို့ စီစဉ်ထားတယ်။ နတ်ဘုရားသားတော်က လက်ခံပေးဖို့ မျှော်လင့်ပါတယ်"
ယောက်ချီသခင်မက ပြောလိုက်သည်။
"ယဉ်ကျေးလွန်းပါပြီ"
ကျွင်းရှောင်ယောက်က ပြုံးပြလိုက်၏။
နောက်ပိုင်းမှာတော့ စားသောက်ပွဲတစ်ခု ကျင်းပခဲ့လေသည်။
ကျွင်းရှောင်ယောက်က တစ်ခွက်၊ နှစ်ခွက်သာ ပေါ့ပေါ့ပါးပါး သောက်လိုက်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ လာရင်းရည်ရွယ်ချက်က ကျန်းစန်းယီကို တွေ့ဆုံရန်သာဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။
စားသောက်ပွဲ ပြီးသောအခါ...
ကျန်းစန်းယီက ကျွင်းရှောင်ယောက်နှင့် ကျန်းလော့လီကို သူမ လေ့ကျင့်လေ့ရှိသော နေရာဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ဤသည်မှာ မြူခိုးများ ဖုံးလွှမ်းနေသော ရတနာနယ်မြေတစ်ခု ဖြစ်သည်။ နိယာမ အပိုင်းအစများ ပြည့်နှက်နေသော ရတနာရေကန်တစ်ခုက ကျွင်းရှောင်ယောက်၏ရှေ့တွင် ပေါ်လာ၏။
ဤကျောက်စိမ်းရေကန်က ယောက်ချီမြင့်မြတ်မြေတွင် အဖိုးတန်ဆုံး ကျောက်စိမ်းရေကန် ဖြစ်သည်။
ယောက်ချီမြင့်မြတ်မြေက ကျန်းစန်းယီကို သူတော်စင်အဖြစ်ခေါ်ယူပြီး အခြေအနေကို အခွင့်ကောင်းယူခဲ့သည်။
သို့ရာတွင်၊ ယောက်ချီမြင့်မြတ်မြေကလည်း ကျန်းစန်းယီအတွက် အကောင်းဆုံး ပံ့ပိုးခဲ့၏။
အကောင်းဆုံးရတနာမြေနှင့် အကောင်းဆုံး အရင်းအမြစ်များကို ကျန်းစန်းယီအား ပေးအပ်ခဲ့သည်။
ထို့ကြောင့်ပင် ကျွင်းရှောင်ယောက်က ယောက်ချီကို ကာကွယ်ပေးခဲ့ခြင်း ဖြစ်ချေသည်။
"မမစန်းယီ"
ဤနေရာတွင် အပြင်လူများ မရှိတော့သဖြင့် ကျန်းလော့လီက ကျန်းစန်းယီ၏ ရင်ခွင်ထဲကို ချက်ချင်း ခိုဝင်သွားသည်။
ဧကရာဇ်သင်္ချိုင်းမှ ထွက်ခွာပြီးကတည်းက မတွေ့ရသည်မှာ၊ ယနေ့မှပင် ပြန်လည်ဆုံတွေ့ရခြင်း ဖြစ်ချေသည်။
"ငါ့ရဲ့ လော့လီလေးက တကယ်ကို လှပလာတာပဲ"
ကျန်းစန်းယီက ကျန်းလော့လီ၏ ဦးခေါင်းကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။
သူ့အတွက်တော့ ကျန်းလော့လီမှာ သူမ၏ ညီမအရင်းကဲ့သို့ပင်။
ကျွင်းရှောင်ယောက်လည်း ဤမြင်ကွင်းကို ကြည့်ပြီး အနည်းငယ်ပြုံးလိုက်သည်။
"ဒါနဲ့လေ... ကိုကိုရှောင်ယောက်က ဘယ်လောက်တောင် အစွမ်းထက်လာသလဲဆိုတာ ပြောပြရဦးမယ်။ သူက ပျက်စီးခြင်းနယ်စပ်မှာလေ..."
ထို့နောက် ကျန်းလော့လီက ပျက်စီးခြင်းနယ်စပ်မှ ကျွင်းရှောင်ယောက်၏ အဖြစ်အပျက်များအကြောင်းကို မရပ်မနား ပြောပြလိုက်လေသည်။
သူမ အနှစ်သက်ဆုံး လူနှစ်ယောက်၏ဘေးတွင် သူ့ကိုယ်သူ ထိန်းချုပ်မထားတော့ဘဲ လုံးဝ စိတ်လွတ်ကိုယ်လွတ် နေခဲ့သည်။
ကျန်းလော့လီ၏ စကားများကိုကြားတော့ ကျန်းစန်းယီမှာ အလွန်အံ့ဩသွားသည်။
ဧကရာဇ်များကြားမှ တိုက်ပွဲ၊ အင်မော်တယ်ဘုရင်၊ အန္တိမကပ်ဘေးကြီး...
ဤသည်မှာ သာမန်လူများ ထိတွေ့နိုင်သော အရာမဟုတ်ပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်က အားလုံးကို တစ်ယောက်တည်း ရင်ဆိုင်ပြီး နောက်ဆုံးမှာ အောင်မြင်ခဲ့သည်။
ကျန်းစန်းယီ၏ နှလုံးသားထဲတွင် ဂုဏ်ယူမှုတို့ ခံစားလိုက်ရသည်။
တချိန်တည်းမှာပင် သူမ၏ နှလုံးသားထဲမှ နာကျင်မှုကို ခံစားလိုက်ရ၏။
သူမက အန္တရာယ်များကို ကျွင်းရှောင်ယောက် တစ်ယောက်တည်း ရင်ဆိုင်ခွင့် ပြုလိုက်ရပြန်ပြီ မဟုတ်လော။
စကားစမြည်ပြောဆိုပြီးနောက် ကျန်းလော့လီက ကျန်းစန်းယီကိုတစ်လှည့် ကျွင်းရှောင်ယောက်ကို တစ်လှည့်ကြည့်လိုက်သည်။
"မမစန်းယီ၊ ရှင်နဲ့ ကိုကိုရှောင်ယောက်မှာ ပြောစရာတွေ အများကြီးရှိဦးမှာပေါ့။ အေးအေးဆေးဆေး ပြောကြနော်"
ကျန်းလော့လီက အနည်းငယ်ပြုံးပြီး လှည့်ထွက်သွား၏။
"လော့လီ၊ မင်း..."
ကျန်းစန်းယီက တစ်ခုခုပြောလိုသော်လည်း တုံ့ဆိုင်းသွားသည်။
"ဘာမှမဖြစ်ပါဘူး"
ကျန်းလော့လီက နောက်ပြန်လှည့်ကြည့်ပြီး ပြုံးပြလိုက်လေသည်။ သူမက ပေါ့ပါးသွက်လက်သော ခြေလှမ်းတို့ဖြင့် ထွက်သွားသည်။
"သူသွားပါစေ"
ကျွင်းရှောင်ယောက်လည်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"ဒီကောင်မလေးက မတွေ့ရတာ နှစ်အတော်ကြာနေပြီးနောက် အတော်လေး ပြောင်းလဲသွားတာပဲ။ သူက ပိုပြီး ရင့်ကျက်လာပေမဲ့ သနားစရာလည်းကောင်းတယ်"
ကျန်းစန်းယီက အနည်းငယ် သက်ပြင်းချလိုက်လေသည်။
ကျွင်းရှောင်ယောက်က ပြုံးပြီး ပြောလိုက်သည်။
"မမစန်းယီ၊ မမက ကျွန်တော်နဲ့ လော့လီအတွက်ပဲ အမြဲ တွေးပေးနေတယ်... ကိုယ့်အတွက်ကော ဘယ်တုန်းက ထည့်စဉ်းစားဖူးလဲ"
ထိုစကားကိုကြားတော့ ကျန်းစန်းယီက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်၏။
"မမအတွက် အရေးမကြီးပါဘူးကွယ်၊ မင်းကို ကူညီနိုင်သရွေ့ ပျော်ရွှင်နေမှာပါ"
"ကံမကောင်းချင်တော့... "
မင်းအနားမှာ ရပ်တည်ပြီး ကူညီဖို့ အရည်အချင်းပြည့်မီနေပြီလို့ ထင်ခဲ့ပေမဲ့... မင်းက ငါနဲ့ အဝေးကြီးကို ရောက်နေပြီ။ အန္တိမကပ်ဘေးကြီးကိုတောင် တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရပြီလေ"
ကျန်းစန်းယီ၏ နှလုံးသားထဲတွင် သက်ပြင်းချနေခဲ့မိသည်။
အနာဂတ်တွင် ကျွင်းရှောင်ယောက်အပေါ်ကို ဆိုးရွားသော အန္တရာယ်များ မကျရောက်စေလိုပါ။
အကယ်၍ ကျရောက်လာလျှင်လည်း ကျွင်းရှောင်ယောက်နှင့်အတူ အဆုံးမဲ့ အမှောင်ထုနှင့် အထီးကျန်မှုကို ရင်ဆိုင်ရန် ဆန္ဒရှိသည်။
သူ ပြင်းပြင်းထန်ထန် ကြိးစားလေ့ကျင့်နေခဲ့ခြင်းကလည်း ကျွင်းရှောင်ယောက်၏အနားတွင် ရပ်တည်ပြီး အရာအားလုံးကို မျှဝေကူညီနိုင်ရန်ပင် ဖြစ်၏။
အချစ်စစ်ဖြင့် ချစ်ကြသူမှန်လျှင် ချိုမြိန်မှုကို အတူခံစားနိုင်ရုံမျှမက...
ဆိုးရွားသော ကံကြမ္မာလှိုင်းများကိုလည်း အတူတူ ရင်ဆိုင်နိုင်စွမ်း ရှိရပေလိမ့်မည်။