← Chapters

အခန်း ၁၁၄၀

Vol. 76 Ch. 1140

အခန်း ၁၁၄၀

Vol. 76 Ch. 1140

အခန်း ( ၁၁၄၀ ) မိတ်ဆွေဟောင်းများနှင့် တွေ့ဆုံခြင်း။

ကျွင်းရှောင်ယောက်သည် ကျွင်းမိသားစု အိမ်သို့ ပြန်လာပြီးနောက်တွင် သူနှင့်ရင်းနှီးသော လူများစွာနှင့် တွေ့ဆုံခဲ့ရသည်။

ဥပမာအားဖြင့်၊ သူ၏ ပထမဆုံး အစေခံ ကျွင်းလင်းလုံ...

ကျွင်းရှောင်ယောက်ကို တွေ့ရသောအခါ ဝမ်းသာလွန်းသဖြင့် ငိုရှာလေသည်။

ပိုင်ယုအာနှင့် စုဇီချုံတို့လည်း ရှိသည်။

အောက်ကမ္ဘာမှ သူ ပြန်ခေါ်လာခဲ့သော နာလန်လော်ရှီးနှင့် ကျွင်းရင်အာတို့လည်း ရောက်လာကြ၏။

ပန်ဝူနတ်ဘုရားမင်းဆက်မှ အကြီးဆုံးမင်းသမီး ဝူမင်ယွဲ့သည်လည်း ကျွင်းရှောင်ယောက် ပြန်ရောက်လာကြောင်း သိရပြီးနောက် ချက်ချင်း ရောက်လာလေသည်။

ဤလူများတွင် ကျွင်းရှောင်ယောက်နှင့် မည်သို့သော ပတ်သက်မှုမျိုး ရှိခဲ့ဖူးသည်ဖြစ်စေ...

ဤအခိုက်မှာတော့ အားလုံး စိတ်သက်သာရာရသလို ခံစားခဲ့ကြရလေသည်။

ထိုအမျိုးသမီးများက ကျွင်းရှောင်ယောက်ထံမှ ဘာကိုမှ မမျှော်လင့်ကြပေ။

ကျွင်းရှောင်ယောက်ကို တွေ့နိုင်သရွေ့ ကျေနပ်သည်။

.........

မျှော်လင့်ထားသည့်အတိုင်းပင်...

ကျွင်းရှောင်ယောက်က ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေသို့ ပြန်လည်ရောက်ရှိလာသည့်သတင်းသည် အချိန်တိုအတွင်း နယ်မြေကြီးတစ်ခုလုံးကို အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့သည်။

ခဏချင်းမှာပင်၊ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးတစ်ခုလုံး ဆူပွက်သွား၏။

မရေမတွက်နိုင်သော လူများက တိုင်းတစ်ပါးတွင် အန္တိမကပ်ဘေးကြီးကို အဆုံးသတ်ခဲ့သည့် သူရဲကောင်းလေးကို မိမိတို့မျက်စိဖြင့် မြင်လိုကြကာ ဧကရာဇ်ပြည်နယ်သို့ ရောက်လာခဲ့ကြသည်။

ကျွင်းမိသားစုကလည်း ကျွင်းရှောင်ယောက် ပြန်လာခြင်းကို ကြိုဆိုရန်အတွက် ကြီးကျယ်ခမ်းနားသော ဧည့်ခံပွဲကို ပြုလုပ်ပေး၏။

ကျွင်းမိသားစုနှင့် မည်သို့ ဆက်ဆံရေးမျိုး ရှိကြသည်ဖြစ်စေ... ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေတွင် ရှိနေကြသော အင်အားစုအားလုံးက ဧည့်ခံပွဲသို့ လက်ဆောင်ကြီးများဖြင့် လူများ စေလွှတ်ခဲ့ကြသည်။

ကျန်းမိသားစုမှ လူများလည်း ပျော်ရွှင်နေကြပြီး ကျွင်းရှောင်ယောက်၏အဖိုး ကျန်းတောက်ရွှီအပါအဝင် အားလုံး ရောက်လာကြလေသည်။

ကျန်းစန်းယီနှင့် ကျန်းလော့လီတို့လည်း သူတို့၏ ဆွေမျိုးကို တွေ့ရသောအခါ ဝမ်းသာပျော်ရွှင်နေခဲ့ကြသည်။

တချိန်တည်းမှာပင် ကျွင်းဧကရာဇ်ခုံရုံးမှ လူများလည်း ရောက်လာကြ၏။

နောက်ဆုံးမှာတော့ ကျွင်းဧကရာဇ်ခုံရုံး၏ ခေါင်းဆောင် ကျွင်းရှောင်ယောက် ပြန်ရောက်လာပြီ။

ရှေးဟောင်း အင်မော်တယ်မျိုးနွယ် ဗျူတီမျိုးနွယ်မှ လီရှန်းနှင့် အခြားသူများ ရောက်ရှိလာကြသည်။

ကြေးအင်မော်တယ်နန်းတော်မှ ဆန်းကျယ်ကောင်းကင်အဓိပဓိအဆင့် အကျော်အမော်လေးဦးဖြစ်သော မျက်ကန်းအဘိုးကြီး၊ ဖန့်ရှို့နျန်း၊ ဒုက္ခိတနှင့် ကြက်တူရွေးတို့လည်း ပေါ်လာကြ၏။

မူလက သူတို့၏မျက်လုံးထဲတွင် အလွန်အားနည်းခဲ့သော ကျွင်းရှောင်ယောက်က ယခုတော့ လျစ်လျူမရှုနိုင်သောအဆင့်သို့ ရောက်လာပြီ။

ဤအတွက် သူတို့အားလုံး သက်ပြင်းချရုံသာ တတ်နိုင်သည်။

မြွေမျိုးနွယ်စုမှ ဘုရင်မမီဒူဇာ၊ ပိလင်နှင့် အခြားသူများလည်း ရှိသေးသည်။

ရှပင်းယွင်၊ ရှချူချင်းနှင့် အလုံးစုံမျိုးနွယ် စီးပွားရေးမဟာမိတ်မှ ရှမိသားစုနှင့် အခြားသူများလည်း ရောက်လာသည်။

ရှေးဟောင်းဘုရားကျောင်းမှ နင်ချန်၊ ရှောင်ရွယ်ရွယ်နှင့် နောက်ဆုံးသော မြင့်မြတ်ခန္ဓာမျိုးဆက်များလည်း ရှိကြသည်။

ကျွင်းရှောင်ယောက်အပြင် ဝူဟူက တစ်ဦးတည်းသော ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဖြစ်၏။

ကျွင်းရှောင်ယောက်မှ ကယ်တင်ခံရပြီးနောက် ဝူဟူသည်လည်း ကျွင်းဧကရာဇ်ခုံရုံး၏ အမာခံပုဂ္ဂိုလ် ဖြစ်လာခဲ့ပေသည်။

ရှေးဟောင်းမြင့်မြတ်ခန္ဓာအနေဖြင့် ဝူဟူ၏ ကျင့်ကြံမှုက ယခုအခါ နတ်ဖန်ဆင်းခြင်းအဓိပဓိအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

သူ၏ ကျင့်ကြံမှုက ပုံမှန်ဆိုလျှင် ဤမျှ မမြန်ဆန်ပေ။ သို့ရာတွင်၊ အသျှင်ခန္ဓာမျိုးရိုး၏ ဖိနှိပ်မှုကြောင့် နှစ်ပေါင်းများစွာ တိုးတက်မှုမရှိဘဲ ရပ်တန့်နေခဲ့သည်။

နောက်ပိုင်းမှာတော့ ကျွင်းရှောင်ယောက်က ပြီးပြည့်စုံသော ရှေးဟောင်းမြင့်မြတ်ခန္ဓာ သွေးအနှစ်သာရ အစက်ငါးဆယ်ကို ပေးအပ်ခဲ့၏။ ၎င်းက အချုပ်အနှောင်ကို ချိုးဖြတ်ထားသော ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ သွေးအနှစ်သာရ ဖြစ်သည်။

လက်ရှိတွင်၊ သူက အချုပ်အနှောင်ကြိုး ဆယ်ချောင်းစလုံးကို မချိုးဖျက်နိုင်သေးပါ။

သို့ရာတွင်၊ သူ၏ လက်ရှိအင်အားဖြင့် အဓိပဓိနယ်ပယ် ခုနစ်ခုတွင် သူ့ကိုယှဉ်နိုင်သူက များများမရှိတော့ပေ။

ကျွင်းရှောင်ယောက်က ဝူဟူကို အလွန် အလေးထားသည်။

နောက်ဆုံးတွင်၊ ဝူဟူက သူပြီးလျှင် ရှေးဟောင်းဘုရားကျောင်း၏ တစ်ဦးတည်းသော ရှေးဟောင်းမြင့်မြတ်ခန္ဓာ မဟုတ်လော။

တချိန်တွင်၊ သူက အရေးပါသော အခန်းကဏ္ဍများတွင် ပါဝင်လာနိုင်သည်။

ထို့နောက် ရန်ယုမန်လည်း ရောက်လာသည်။

သူက နတ်ဆိုးနတ်ဘုရားနန်းတော်၏ နတ်သမီးဖြစ်ပြီး နောက်ပိုင်းတွင် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ ပြန်လာခဲ့ပေသည်။

ခေါင်းကိုးလုံးခြင်္သေ့ကြီးက ကျွင်းရှောင်ယောက်ကို တွေ့လိုက်ရသောအခါ စိတ်လှုပ်ရှားစွာ ခုန်ပေါက်လာသည်။

သူ့ကိုကြည့်ရသည်မှာ ခေါင်းကိုးလုံး ခြင်္သေ့တစ်ကောင်နှင့် လုံးဝမတူဘဲ အိမ်မွေးကြောင်ကလေးနှင့်ပင် တူသေးသည်။

"သခင်၊ သခင်နောက်ဆုံးတော့ ပြန်ရောက်လာပြီ။ သခင်ရဲ့ စီးတော်သားရဲ ပြန်ဖြစ်နိုင်ပြီ"

ခေါင်းကိုးလုံး ခြင်္သေ့ကြီးက ဝမ်းသာအားရ အော်လိုက်သည်။

ထိုအချိန်တွင် မိုးပြာရောင်ငှက်ကြီး ဘုရင်ဖုဖုန်းက မျက်စောင်းခဲပြီး ကြည့်လာသည်။

စီးတော်သားရဲ ဖြစ်ရရေးအတွက် ပြိုင်ဘက်ကတော့ ပေါ်လာပြီ။

"မင်းက သခင်ရဲ့ စီးတော်သားရဲဖြစ်ဖို့ ဘယ်လိုအရည်အချင်းရှိလို့လဲ"

ဘုရင်ဖုဖုန်းက လှောင်ပြောင်ပြောဆိုလိုက်သည်။

"အောင်မယ်၊ ငှက်တစ်ကောင်ကများ ဒီခြင်္သေ့ကို မထီမဲ့မြင်ပြုဝံ့သလား"

ခေါင်းကိုးလုံးခြင်္သေ့၏ ခေါင်း ကိုးလုံးစလုံးက အထင်အမြင်သေးမှုတို့ ပေါ်လာသည်။

ယင်းက ဘုရင်ဖုဖုန်းကို အနည်းငယ် ရူးသွပ်သွားစေသည်။

သူက ဧကရာဇ်တစ်ပိုင်း အကျော်အမော် ဖြစ်၏။

သို့ရာတွင်...

သမိုင်းတွင် သနားစရာအကောင်းဆုံး ဧကရာဇ်တစ်ပိုင်း ဖြစ်နိုင်သည်။

ကျွင်းရှောင်ယောက်လည်း ခေါင်းကိုခါယမ်းကာ ပြုံးလိုက်လေသည်။

ယင်းနောက် ဧည့်ခံပွဲစတင်ခဲ့သည်။ အလွန် ပျော်ရွှင်ဖွယ်ကောင်းသော အချိန်အခါလည်း ဖြစ်ချေသည်။

သာမန် အင်အားစုများက အပြင်ဘက်မှ စားပွဲများတွင်သာ စားသောက်နိုင်ကြသည်။

အတွင်းပိုင်းသို့ ဝင်ရောက်နိုင်သူများက ထိပ်တန်းအင်အားစု သို့မဟုတ် ကျွင်းဧကရာဇ်သို့ ဝင်ရောက်ထားသော အင်အားစုများ ဖြစ်ရမည်။

ဧည့်သည်များကြားတွင် လှပသော အမျိုးသမီးတစ်ဦးလည်း ရောက်ရှိလာသည်။ သူမက စွဲမက်ဖွယ်ကောင်းသည့် မျက်နှာထားဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်နေ၏။

သူမက အမည် မသိထိုက်သော မဟာရှန်မင်းဆက်၏ မင်းသမီးမှတပါး အခြားသူ မဟုတ်ပေ။

ကျွင်းရှောင်ယောက်၏ ဆယ်နှစ်ပြည့်မွေးနေ့ကတည်းက ယခုအချိန်ထိ ပွဲတိုင်းကို တက်ရောက်ခဲ့သည်။

ကျွင်းရှောင်ယောက်က မဟာရှန်မင်းဆက်၏ မင်းသမီးကို တစ်ချက်ကြည့်လိုက်သည်။

သူမကို ပွဲတိုင်းတွင် မြင်ဖူးသော်လည်း သူမ၏နာမည်ကိုတော့ ယခုထိ မသိရသေးပေ။

ကျွင်းရှောင်ယောက်က မဟာရှန်မင်းဆက်၏ မင်းသမီးထံသို့ လျှောက်လာသည်။

"နတ်ဘုရား... နတ်ဘုရားသားတော်..."

မဟာရှန်မင်းဆက်၏ မင်းသမီးက မဝံ့မရဲ နှုတ်ဆက်လိုက်သည်။ သူမ၏ ပါးပြင်နှစ်ဖက်က ပန်းနုရောင်သန်းလာ၏။

"ငါမှတ်မိတယ်၊ မင်းက ကျွင်းဧကရာဇ်ခုံရုံးကို ဝင်ရောက်ခဲ့တဲ့ မဟာရှန်မင်းဆက်ရဲ့ မင်းသမီး မဟုတ်လား"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ဟုတ်ပါတယ်၊ ကျွင်းဧကရာဇ်ခုံရုံးကို ဝင်ရောက်ပြီး နတ်ဘုရားသားတော်အတွက် ထမ်းဆောင်ခွင့်ရတာက မဟာရှန်မင်းဆက်အတွက် ဂုဏ်ယူစရာပါ။ နောက်ပြီး... ကျွန်မက မင်းသမီးတစ်ပါး မဟုတ်တော့ပါဘူး"

မင်းသမီးက ပြောသည်။

"အလို"

ကျွင်းရှောင်ယောက်က မျက်ခုံးပင့်လိုက်၏။

"ကျွန်မက မဟာရှန်မင်းဆက်ရဲ့ ဧကရာဇ်အသစ် ဖြစ်နေပြီ"

မဟာရှန်မင်းဆက်၏ မင်းသမီး... မဟုတ်သေး၊ သူက မဟာရှန်မင်းဆက်၏ ဧကရီ ဖြစ်သင့်သည်။

"အိုး၊ ဂုဏ်ယူပါတယ်"

ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးလိုက်သည်။

မဟာရှန်မင်းဆက်မှ ဧကရီ၏ မျက်နှာက နီရဲသွားလေသည်။

"ဒါနဲ့ မင်းရဲ့နာမည်ကို ငါမသိရသေးဘူး"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

အမှတ်မထင် တွေ့ရသူများဖြစ်လျှင်ပင် နာမည်ကို သိသင့်သေးသည်။

မဟာရှန်မင်းဆက်၏ ဧကရီက ရှက်ရွံ့ဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"နတ်ဘုရားသားတော်၊ ကျွန်မရဲ့ နာမည်က...."

သို့သော်လည်း သူစကားမဆုံးခင် ကျန်းလော့လီက ရောက်လာသည်။ ကျန်းရို့က အရေးတကြီး ပြောစရာရှိနေသည်ဟုဆိုကာ ကျွင်းရှောင်ယောက်ကို ဆွဲခေါ်သွား၏။

မဟာရှန်မင်းဆက်၏ ဧကရီလည်း နေရာတွင်ရပ်ကာ ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့သည်။

သူ့နာမည်ကိုပင် မပြောလိုက်ရပေ။

ကျန်းလော့လီက ကျွင်းရှောင်ယောက်ကို အခန်းတစ်ခုသို့ ဆွဲခေါ်သွားသည်။

အခန်းထဲတွင် ကျွင်းရှောင်ယောက်လည်းရှိနေကြောင်း တွေ့ရ၏။

ကျန်းရို့မှာတော့ မျက်နှာထား ခပ်တည်တည်ဖြင့် ထိုင်နေသည်။

ကျွင်းရှောင်ယောက် နှလုံးခုန်သံ မြန်လာလေသည်။ ကျန်းရို့က သူ့အား ကိုယ့်ဒေါ်လေးကို အပိုင်သိမ်းသည့်အတွက် အပြစ်တင်တော့မည်လော။

သို့ရာတွင်...

ကျန်းရို့က မထင်မှတ်သော စကားကို ဆိုလာသည်။

"ရှောင်ယောက်... အမေ မင်းကိုမေးမှရမယ်။ မင်းဘဝရဲ့ အရေးကြီးတဲ့ ကိစ္စကို ဘယ်အချိန်မှာ ဖြေရှင်းမှာလဲ"

"ဝူဟွေ့လိုမျိုး အပြင်ထွက်ပြီး စွန့်စားချင်ရင်တောင် အမေ မတားပါဘူး"

"ဒါပေမဲ့ မျိုးဆက်ချန်ထားပြီး မင်းအမေအတွက် မြေးလေးတွေတော့ ထားခဲ့သင့်တယ်"

ကျန်းရို့၏ စကားကြောင့် ကျွင်းရှောင်ယောက် အနည်းငယ်ရှက်သွားလေသည်။

သို့သော်လည်း ရှက်ရွံ့နေသော ကျန်းစန်းယီနှင့် ကျန်းလော့လီကို ချစ်မြတ်နိုးစွာဖြင့် တစ်ချက်ကြည့်လိုက်သည်။

ဤတစ်ကြိမ်မှာတော့ သူ ယခင်ကလို ရှောင်ပြေးနေတော့မည် မဟုတ်ပါ။

"အမေ၊ သား ဆုံးဖြတ်ပြီးပါပြီ။ အရင်ဆုံး အချိန်ကောင်းမှာ စေ့စပ်တော့မှာပါ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ကျန်းရို့မှာ ပထမဆုံး အံ့ဩသွားသည်။ ထို့နောက် ကျွင်းရှောင်ယောက်ကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်၏။

သူက ကျွင်းရှောင်ယောက်ကို ငြင်းဆန်နေဦးမည်ဟု ထင်ထားတာ ဖြစ်သည်။

"ရှောင်ယောက်၊ နောက်ဆုံးတော့ မင်း လက်ခံပြီပေါ့"

ကျန်းရို့က ဝမ်းသာသွားလေသည်။

"ကျွန်တော် စဉ်းစားပြီးပါပြီ အမေ။ မမစန်းယီနဲ့ လော့လီကလည်း ကျွန်တော်နဲ့ အတူရှိနေဖို့ သဘောတူကြပါတယ်"

ကျွင်းရှောင်ယောက်က လေးလေးနက်နက် ပြောလိုက်သည်။

ကျန်းရို့လည်း အလွန် ပျော်ရွှင်မိလေသည်။

ကျန်းလော့လီမှာ ယခင်က သူမ ရွေးချယ်ထားသော ချွေးမလောင်း ဖြစ်သည်။

ကျန်းစန်းယီကလည်း ထူးချွန်ထက်မြက်သော မိန်းကလေး ဖြစ်၏။

"ကောင်း‌တယ်... ကောင်းတယ်၊ လော့လီက အမေ သဘောကျတဲ့ ချွေးမပဲ"

"စန်းယီကလည်း အတူတူပါပဲ။ တကယ်ဆိုရင် အမေက စန်းယီနဲ့လည်း သဘောတူပြီးသားလေ။ မင်းတို့နှစ်ယောက် ပေါင်းဖက်မယ်ဆိုရင် မြင့်မြတ်ခန္ဓာတာအိုသန္ဓေ ရရှိနိုင်တာပေါ့"

ကျန်းရို့က ဝမ်းသာအားရ ပြောလိုက်သည်။

"အစ်မကလည်း... ဘာတွေပြောနေတာလဲ"

ကျန်းစန်းယီမှာ အလွန်ရှက်သွားသည်။ သူမ၏ မျက်နှာလေးမှာလည်း နီရဲနေတော့သည်။

"အို... အခုထိ အ‌စ်မလို့ ခေါ်နေသေးသလား။ ရပါတယ်လေ... မကြာခင် မင်းရဲ့ အခေါ်အဝေါ်ကို ပြောင်းရတော့မှာပဲ"

ကျန်းရို့က ပြုံးပြီး ပြောလိုက်သည်။

"ဟားဟားဟား၊ ဒါကတော့ တကယ်ကို သတင်းကောင်းပဲဟေ့"

ထိုအချိန်တွင် ကျွင်းကျန်းထျန်းနှင့် အခြားသော မျိုးနွယ်စု အကြီးအကဲများ ရောက်လာသည်။ ကျန်းစန်းယီနှင့် ကျန်းလော့လီတို့ကိုကြည့်ရင်း ကျေနပ်စွာ ရယ်မောလိုက်ကြ၏။

ကျန်းစန်းယီက ရှက်လွန်းသဖြင့် ကျွင်းရှောင်ယောက်၏ ရင်ခွင်ထဲမှာ ဦးခေါင်းကို မြှုပ်ပစ်လိုက်သည်။

တစ်ဖက်မှာတော့ ကျန်းလော့လီက ပါးချိုင့်လေးများပေါ်အောင် ပြုံးနေတော့သည်။

ကျွင်းရှောင်ယောက်လည်း စိတ်ထဲ ရွှင်လန်းနေကာ ပြုံးလိုက်သည်။

သူ့ပတ်ဝန်းကျင်တွင် သူ ချစ်ရသောသူ၊ ဆွေမျိုးများ၊ မိတ်ဆွေများနှင့် မိသားစုဝင်များ ရှိ၏။

ဤသည်က ချမ်းသာသုခပင် ဖြစ်ရမည်။

'ဒါက ငါ ကာကွယ်ပေးချင်တဲ့ ကမ္ဘာလေးပဲ။ ဘယ်လို မငြိမ်မသက်မှုတွေ... ကပ်ဆိုးတွေကမှ သူတို့ကို ခြိမ်းခြောက်လို့ မရစေရဘူး'

ကျွင်းရှောင်ယောက်က သူ့နှလုံးသားထဲမှ ကျိန်ဆိုလိုက်သည်။

All Chapters